22/04/2026
ဖုန်းစိမ်းတစ်ခုကနေဖုန်းတွေခေါ်နေတာmessageတွေဝင်နေလို့Recordingဖမ်းထားပီး ပြန်ခေါ်ပေးမိတာ ကျွန်မတို့ပညာရေးဝန်ထမ်းဘဝရဲ့ ပထမဆုံးတာဝန်ကျခဲ့တဲ့ကျောင်းလေးရှိရာ ကိုးကန့်ရွာ🥺လေးကနေ ဖုန်းတွေခေါ်နေကြတယ်
နိုင်ငံရေးအခြေနေတွေဖြစ်ထားတော့ သူတို့ရဲရဲတင်းတင်းစကားမပြောရဲကြဘူး ဆရာမကိုသတိရလို့တဲ့🥺ကျွန်မကလေးတွေနဲ့ရွာထဲကလူတွေဝိုင်းပီးဖုန်းပြောကြတယ်
ကိုးကန့်စာသင်ကျောင်းသီးသန့်ဖြစ်နေပေမဲ့ဆရာမနင့်ပုံပန်းချီဆွဲထားတာတို့ကျောင်းမှာခုထိချိတ်ထားဆဲဖြစ်ကြောင်း🥺🥹 ဆရာမနင့်ပစ္စည်းတွေအကုန်ငါတို့ရွာကသိမ်းထားပေးကြောင်း၊ နိုင်ငံကြီး အေးချမ်းသွားတဲ့အချိန်တို့လူမျိုးတွေကြားမြန်မာစာသင်ကျောင်းတွေပြန်ဖွင့်ခဲ့ရင် နင်ပြန်လာစေချင်ကြောင်း ရွာသူကြီးကဝင်ပြောတော့🥹🥺ဝမ်းနည်းမိတယ်
အစစအရာရာဂရုစိုက်ပြီး တစ်ချိန်ကြရင်ပြန်ဆုံနိုင်ကြဖို့ ကျန်းမာအောင်နေကြဖို့ကျွန်မကမှာတော့ ရွာသူကြီးက ဆရာမနောက်ကြ ပြန်လာနှော🙈🥺ပြောရင်းဖုန်းကျသွားတယ်
အော် မေတ္တာဆိုတာရောင်ပြန်ဟပ်တာပါလား🥺