Yan Naing lime trading

Yan Naing lime trading good quality

25/10/2024

Putty powder အတွက် ထုံး order လေး ပါဗျ

Yan Naing မှ အားပေးကျသော Customer များ စိတ်၏ချမ်းသာခြင်း ကိုယ်၏ ချမ်းသာခြင်းနဲ့ပြည့်စုံကျပါစေဗျာ

ဆက်သွယ်ရန်လိပ်စာ- မန်းလေးတိုင်းဒေသကြီး ပုသိမ်ကြီးမြို့နယ် ပြင်ဦးလွင်လမ်းဘေး အုန်းချောရွာ
Ph no - 092036575/ 09962036575/09259090395

ကွမ်းစားထုံးအတွက်နေပြည်တော် order တစ်ခေါက်
12/10/2024

ကွမ်းစားထုံးအတွက်နေပြည်တော် order တစ်ခေါက်

လူကြီးမင်းတို့ စိတ်တိုင်းကျ သယ်ယူနိုင်ရန် စီစဉ်ပေးပါတယ်ခင်ဗျ
23/04/2024

လူကြီးမင်းတို့ စိတ်တိုင်းကျ သယ်ယူနိုင်ရန် စီစဉ်ပေးပါတယ်ခင်ဗျ

22/04/2024

ထုံးကျောက်ကို မီးပြင်းတိုက်လိုက်သောအခါ ကာဗွန်ဒိုင် အောက်ဆိုက်များ ထွက်သွားပြီးလျှင် မဖောက်ထုံး (ကယ်လ်ဆီယမ်အောက်ဆိုက် CaO) ဖြစ်လာသည်။ ဓာတုဗေဒ ညီမျှခြင်းဖြင့် CaCO3 = CaO + CO2 ဟု ဖော်ပြသည်။ ထိုမဖောက်ထုံးတွင် ရေထည့်လိုက်သောအခါ အလွန်ပူလာပြီး ထုံးသည် ကြေမွသွားကာ ဖောက်ထုံး (ကယ််ဆီယမ် ဟိုက်ဒြောက်ဆိုဒ် Ca(OH)2) ဖြစ်သွားသည်။ ယင်းကို ဓာတုဗေဒ ညီမျှခြင်းဖြင့် CaO + H2O = Ca(OH)2 ဟုဖော်ပြသည်။ ရေနှင့် ဖောက်ထုံးပျော်ဝင်ရည်ကို ထုံးရေကြည်ဟုခေါ်သည်။ ထုံးနို့သည် ထုံးရေကြည်နှင့် အရည်မပျော်သော ဖောက်ထုံးအရောဖြစ်သည်။

ထုံးအင်္ဂတေပြုလုပ်လိုသောအခါ မဖောက်ထုံးတွင် ရေထည့် ပြီးနောက် သဲနှင့် ရောစာကျောက်များကို ရော၍ အသုံးပြုနိုင်သည်။ ဖောက်ထုံးနှင့် သဲကို ရော၍လည်း ထုံးသရိုး အဖြစ် အုတ်စီရန်နှင့် နံရံချောရန် အသုံးပြုနိုင်သည်။ ထိုထုံးရောစာ သည် လေထဲမှ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူပြီးလျှင် ထုံးကျောက် (ကယ်လ်ဆီယမ် ကာဗွန်နိတ် CaCO3) အဖြစ် အသွင်ပြောင်းကာ ခြောက်သွားသည့်အခါ အလွန်မာသော အင်္ဂတေကို ရရှိသည်။ ဓာတုဗေဒ ညီမျှခြင်းဖြင့် Ca(OH)2 + CO2 = CaCO3 + H2O ဟု ဖော်ပြသည်။ ထိုကဲ့သို့ ထုံးကျောက်မှ ဖောက်ထုံး၊ ဖောက်ထုံးမှ ထုံးကျောက်အင်္ဂတေ တပတ်လည်ခြင်းကို ထုံးသံသရာလည်သည်ဟု ခေါ်သည်။ ထိုပြင် ထုံးသည် သဲမှ ဆီလီကာနှင့်ပေါင်း၍ ကယ်လဆီယမ်ဆီလီကိတ် အဖြစ်လည်းကောင်း၊ ရွှံ့မှုံ့မှ အလူမီနာနှင့် ပေါင်း၍ ကယ်လ်ဆီယမ် ဆီလီကိတ် အဖြစ်လည်းကောင်း ဓာတ်ပြု အသွင်ပြောင်းသေးသည်။ ထိုပစ္စည်းများက ထုံးအင်္ဂတေကို ပိုမို မာကျောစေသည်။

ယခုအခါ ထုံးအစား ဘိလပ်မြေကိုသာ ပို၍ အသုံးများလာ ကြသည်။ သို့ရာတွင် အဆောက်အအုံ အဟောင်းများ ပြုပြင်ရာတွင် ရှေးဟောင်းပစ္စည်းများနှင့် လိုက်လျော ညီထွေ ဖြစ်စေရန် ထုံးကို အဓိက အသုံးပြုကြသည်။ ထို့အပြင် ထုံးသည် လူ၏ စွက်ဖက်မှုနည်းသော သဘာဝ ဒြပ်စင် တခု ဖြစ်ပြီး သဘာဝနှင့် သဟဇာတ ရှိမှု၊ ကာဗွန်စားရိတ် နည်းပါးခြင်း တို့ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်မှု လျော့ကျစေရန် ထုံးကို ပြန်လည် အသုံးပြုရန် စိတ်ဝင်စားမှုများ တိုးလာလျက်ရှိသည်။

ထုံးသည် မီးပြင်းကိုခံနိုင်၏။ ထုံးသည် အယ်လ်ကာလီ သတ္တိ အလွန်ပြင်းသောကြောင့် အက်ဆစ်များကို ဓာတ်ပြယ်စေနိုင်သည်။ အယ်ကာလီများတွင် ထုံးသည် ဈေးအပေါဆုံးဖြစ်သည်။ ထို့ပြင် ကော့စတစ်ဆိုဒါ (NaOH)၊ ပိုတက်၊ အသီး အနှံနှင့်အသားများကိုလည်း စားပစ်နိုင်သေးသည်။ ထို့ကြောင့် အညစ်အကြေးများကို ရှင်းပစ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ထုံးကို အဆောက်အအုံနှင့် လမ်းများဆောက်လုပ်ရာ၌လည်းကောင်း၊ ထုံးဖြူဆေးသုတ်ရာ၌ လည်းကောင်း၊ မြေဩဇာများ ပြုလုပ်ရာ၌ လည်းကောင်း အသုံးပြုကြသည်။ ထို့ပြင် သားရေနယ်လုပ်ငန်းတွင် သားရေခွံ များမှ အမွေးများ ကျွတ်အောင် ပြုလုပ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ဖန်သားများပြုလုပ်ရာတွင်လည်း ထုံးကိုအသုံးပြုကြသည်။ မြေဆီလွှာတွင် အချဉ်ဓာတ် ပေါက်လာသောအခါ အချဉ်ဓာတ်ပြယ်စေရန်လည်း ထုံးကိုအသုံးပြုကြသည်။ ပိုးသတ်ဆေး အများအပြားတွင်လည်း ထုံးကိုအသုံးပြုကြသည်။ ထုံးကို သဲနှင့်ရော၍ အပူပြင်းတိုက်ပေးလျှင် အရည်ပျော်၍ ဖန်ရည်တစ်မျိုး ဖြစ်လာသည်။ ထုံးသည် သတ္တုပစ္စည်းအမြောက်အမြားကို ပျော်ဝင်စေနိုင်သည်။ ထို့ကြောင့် သံတွင်းထွက် ပစ္စည်းရိုင်းများမှ သံကို ထုတ်ယူရာတွင် ထုံးကျောက်များကိုထည့်၍ အသုံးပြုကြလေသည်။ ပတ်တီး ပေါင်ဒါများတွင်လည်း ထုံးကို အဓိကထား အသုံးပြုနေကြပါသည်။

မြန်မာနိုင်ငံတွင် ထုံးကျောက်ကို နေရာအနှံ့အပြား၌ တွေ့ရပေသည်။ ထုံးကျောက်မှ ထုံးကို ထုတ်ယူသုံးစွဲမှု အများဆုံးမှာ ဘိလပ်မြေ စက်ရုံကြီးများ ဖြစ်သည်။ မော်လမြိုင်မြို့ အရှေ့တောင်ဘက်ရှိ ကျိုက်မရောရွာတွင်လည်း ရာသီအလိုက် ထုံးလုပ်ငန်းကို လုပ်ကိုင်ကြသည်။ မန္တလေး၊ စစ်ကိုင်း၊ မြစ်ကြီးနား၊ ကျောက်ဆည်၊ ရွှေဘိုနှင့် အောက်ချင်းတွင်းခရိုင်များတွင် ထုံးလုပ်ငန်းများကို လုပ်ကိုင်ကြသည်။

to Wikipedia

ကဲဗျာ.. ခေတ်အလီလီတွေပြောင်းလဲလာခဲ့ပီဗျ ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့ တဲ့ရှေးပန်ရံဆရာကြီးများကတော့ ကွန်ကရစ် ဖျော်...
25/05/2023

ကဲဗျာ..

ခေတ်အလီလီတွေပြောင်းလဲလာခဲ့ပီဗျ
ရှေးထုံးလဲ မပယ်နဲ့ ဈေးသုံးလဲ မလွယ်နဲ့ တဲ့
ရှေးပန်ရံဆရာကြီးများကတော့ ကွန်ကရစ် ဖျော်လျှင် ထုံးမပါလျှင်အပျက်မြန်သည်ဟုကြားဖူးနားဝါးရှိသဗျ‌ဗျာ သို့ပေမယ့်လဲ ဘိလပ်မြေတွေကတစ်နှစ်ထပ်တစ်နှစ် ကောင်းလာကြပါတယ်ဗျာ ထို့ကြောင့်လဲ ထုံး၏အရေးပါမှုတွေက တစ်နှစ်ထက်တစ်နှစ် ကျဆင်းလာခဲ့တာပေါ့ဗျာ

သို့ပေမယ်လဲ့ ထုံးသုံးတဲ့သူများလဲရှိသေးသောကြောင့် ထုံးရိုင်း နဲ့ ထုံးအိပ် များကိုရောင်းခွင်းပြုပါအုန်းခင်ဗျ

ထုံးရိုင်း (မဖောက်ထုံး)1 ပေ = 180000

ထုံးအိပ် ဈေးနှုန်းများ

7 ပိဿာ အိတ် = 1700

9 ပိဿာအိတ် =2000

10 ပိဿာအိတ် = 2350

ထုံးအိတ်များကိုလူကြီးမင်းတို့စိတ်က်ြုက် ပိဿာများအလိုက်လဲမှာယူနိုင်ပါတယ် ခင်ဗျာ

လက်ကားယူလျှင် ဈေးနှုန်းအနဲငယ်ပြောင်းလဲပေးပါမည်။

နေရပ်လိပ်စာ-
မန်းလေး-ပြင်ဦးလွင်လမ်း အုန်းချော ကျေးရွာ

Ph- 092036575 / 09962036575

Calcium carbonate with Ai
24/05/2023

Calcium carbonate with Ai

19/02/2022

Address

Mandalay

Telephone

+959962036575

Website

Alerts

Be the first to know and let us send you an email when Yan Naing lime trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Yan Naing lime trading:

Share