Zayar Lin-World Gold & Forex Trading

Zayar Lin-World Gold & Forex Trading Trade Acc နှင့် ပက်သက်တဲ့ Service အစုံအလင်ကို တစ်နေရာထဲမှာ ရရှိနိုင်ပါပြီ
Telegram:

Today 8PM မှာ တစ်လမှာ တစ်ခါဘဲ လာတဲ့ Nonfarm Payrolls Data ထွက်ဖို့ရှိတယ် ဆိုတော့ ည8နာရီ မတိုင်ခင် order တွေ ထွက်ထားဖို့ ...
06/12/2024

Today 8PM မှာ တစ်လမှာ တစ်ခါဘဲ လာတဲ့ Nonfarm Payrolls Data ထွက်ဖို့ရှိတယ်

ဆိုတော့ ည8နာရီ မတိုင်ခင် order တွေ ထွက်ထားဖို့ အကြံပေးချင်တယ်

Data ကြောင့် Acc ပြုတ်မှ မငိုနဲ့နော်

Data မှ Trade ချင်တာဆိုတဲ့ Beginner တွေလဲ အရဲ မစွန့်ကြပါနဲ့

သုံးတတ်ရင် ဆေး မသုံးတတ်ရင်ဘေး မလို့ Take care ur risk and all is well.

ခုလို ကမ္ဘာ့ရွှေစျေးကွက် မှာ အရောင်းအဝယ် လုပ်ချင်တယ် ဆိုရင် ဆက်သွယ်လိုက်ပါ

Tele:
.

World Gold Analysis for Dec 3.
03/12/2024

World Gold Analysis for Dec 3.

29.nov.2024Analysis of World Gold Marketကိုယ့် Trade Accရဲ့ Risk ခံ နိုင်မဲ့ Lot Size ကိုဘဲ သုံးပြီး Trade ကြပါ Trade Ac...
29/11/2024

29.nov.2024

Analysis of World Gold Market

ကိုယ့် Trade Accရဲ့ Risk ခံ နိုင်မဲ့ Lot Size ကိုဘဲ သုံးပြီး Trade ကြပါ

Trade Acc ဖွင့်မယ်ဆို $100 မှ စတင်လို့ရာပြီဗျာ

Tele:

 ွေMarketပိတ်ရက်မှာဘာလုပ်သင့်လဲ?ပထမဆုံးအချက်ကတော့ စိတ်ကို Relax ဖြစ်အောင်လုပ်ပါ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် Life Partner တ...
23/11/2024

ွေMarketပိတ်ရက်မှာဘာလုပ်သင့်လဲ?

ပထမဆုံးအချက်ကတော့ စိတ်ကို Relax ဖြစ်အောင်လုပ်ပါ သူငယ်ချင်းတွေနဲ့ ဖြစ်ဖြစ် Life Partner တွေနဲ့ ဖြစ်ဖြစ် Date ပါ

နောက်ထပ် အရေးကြီးတဲ့ အချက်က တစ်ပတ်လုံးက ရှုံးခဲ့တဲ့ Order တွေကို ပြန်ပြီး ဆန်းစစ်ပါ

ကိုယ့် System ကို ချို့ယွင်းချက် တွေ ရှာပါ

အိပ်ရေးဝအောင် အိပ်ပါ အဲ့တာက အရေးမကြီးဘူး ထင်ရပေမဲ့ တကယ် အရေးကြီးတဲ့ အရာ ပါ Data တွေ ထွက်ရင် တစ်ခါတစ်လေ မအိပ်ရတဲ့ ညတွေ ရှိတဲ့ အတွက် ခုလို အားယားနေတဲ့ အချိန် အိပ်ပါ

ပြီးရင် အရေးကြီးဆုံးကတော့ network ပါ
Trading Community ထဲက Trader တွေ အချင်းချင်း တွေ့ကြည့်ပါ ဆွေးနွေးပါ တိုင်ပင်ပါ
ကိုယ့်ရဲ့ အားသာချက် တွေကို ပိုကျွမ်းကျင်အောင် မြှင့်တင်နိုင်သလို ကိုယ့်အားနည်းချက်များကိုလဲ သူများ အားသာချက်တွေက ရှာတွေ့နိုင်ပါတယ်

Trader တွေ စုပြီး Online gp, gathering တွေမှာ လိုက်စပ်စုပြီး ပညာယူပါ

နောက်ဆုံးအနေနဲ့ Trader တိုင်း ဆရာကောင်းသမားကောင်း တွေ့ပြီး ဂျင်းကောင်တွေ ရှောင်နိုင်ပါစေဗျာ

Happy Friday လေးဖြစ်အောင် Analysis ပေးလိုက်မယ် 22.nov.2024Risk ခံနိုင်တဲ့ Lot Size ကိုဘဲ သုံးကြပါ
22/11/2024

Happy Friday လေးဖြစ်အောင် Analysis ပေးလိုက်မယ်

22.nov.2024

Risk ခံနိုင်တဲ့ Lot Size ကိုဘဲ သုံးကြပါ

 ျိတ်ဆက်နိုင်ရန်ရည်ရွယ်သည် Local banking တွေနဲ့ ဇယားရှုပ်မခံနိုင်တဲ့သူတွေ local broker မှာ tradeတာ အဆင်မပြေတဲ့သူတွေအတွက်...
06/02/2024

ျိတ်ဆက်နိုင်ရန်ရည်ရွယ်သည်

Local banking တွေနဲ့ ဇယားရှုပ်မခံနိုင်တဲ့သူတွေ local broker မှာ tradeတာ အဆင်မပြေတဲ့သူတွေအတွက် local broker Spread ဘဲ ရှိတဲ့ Foreign Broker တွေရှိမယ်

USDT နဲ့ ငွေသွင်းငွေထုတ်ရမယ်

ကိုယ်ပိုင် Binance Acc ရှိရင်ပို အဆင်ပြေတယ် မရှိလဲ ငွေသွင်းငွေထုတ် လုပ်ပေးနိုင်တယ်

ကိုယ်တိုင်ငွေသွင်းငွေထုတ်လို့ရမဲ့CRM ပါမယ်

Cash Back Promotion တွေ ရှိမယ်

$100 ကနေစပြီး Acc ဖွင့်လို့ရမယ်

Page CB or Telegram မှလဲ ဆက်သွယ်လို့ ရပါတယ်

Telegram:zaydenlin99

◼️ဒီနေ့ လမ်းမှာ ကားအနီ ဘယ်နစီးတွေ့ခဲ့သလဲ?သင့်ကို ဒီလိုမျိုးမေးလိုက်ရင် သင်ဖြေနိုင်မှာမဟုတ်ပါဘူးဒါပေမဲ့ နောက်တခေါက် အပြင်...
02/02/2024

◼️ဒီနေ့ လမ်းမှာ ကားအနီ ဘယ်နစီးတွေ့ခဲ့သလဲ?
သင့်ကို ဒီလိုမျိုးမေးလိုက်ရင် သင်ဖြေနိုင်မှာမဟုတ်ပါဘူး
ဒါပေမဲ့

နောက်တခေါက် အပြင်ထွက်တဲ့အခါမှာတော့
ကားတွေကို သတိထားမိရုံတင်မဟုတ်ဘဲ
အနီရောင်ကားတွေကို လိုက်ရှာဖို့ ကြိုးစားပါလိမ့်မယ်

အခုလိုဖြစ်စဉ်ကို Psychology မှာ
Red Car Theory လို့ခေါ်ပါတယ်

◼️အနီရောင်ကားတဲ့တူတဲ့ အခွင့်အလမ်းတွေဟာ
ကျနော်တို့ နေ့စဉ်ဘဝ, အဝေးပြေးလမ်းမပေါ်မှာ
အမြဲတမ်း ခေါက်တုံ့ခေါက်ပြန် သွားလာနေကြပါတယ်

ဒါကို ကျနော်တို့ သတိမထားမိသလိုမြင်ဖို့လဲ
မကြိုးစားမိကြပါဘူး

ကံဆိုးမှုတွေ အဆင်မပြေမှုတွေကိုသာ
မြင်နေပြီး Complain တက်နေကြတာများပါတယ်

◼️ business နယ်ပယ်မှာတော့
အဆင်မပြေမှုတွေ ပြဿနာတွေကို
အခွင့်အလမ်းတခုကို မြင်ကြပါတယ်

မြင်သာအောင် ဥပမာ ပြောပြပါမယ်
" အသားငါးတွေက အထားမခံတော့
နေ့တိုင်း ဈေးသွားဝယ်ရတယ်
တနေ့ တနေ့ ဈေးသွားရတာ မောလိုက်တာ "
ဆိုပြီး အိမ်ရှင်မတချို့ Complain တက်ပါတယ်

◼️ ဒီ ပြဿနာကို အခွင့်အလမ်းတခုလို့
မြင်ပြီး ဖြေရှင်းဖို့ ကြိုးစားကြည့်ရအောင်

၁.ဘာလို့ နေ့တိုင်းဈေးသွားရတာလဲ?
အသားတွေက အထားမခံဘဲ ပုတ်သိုးသွားလို့ ။
၂. ဘာလို့ ပုတ်သိုးရတာလဲ?
ရာသီဥတုကြောင့် ရာသီဥတုပူရင် ပုတ်သိုးတယ် ။
၃. ရာသီဥတုကြောင့်ဆိုရင် ဒါကို ပြင်လို့ရလား?
မရဘူး ။
( Artificial weather ဘက်သွားရင် ရှုပ်မှာဆိုးလို့
မရဘူးလို့ပဲ ယူပါမယ် )

၄. ဘာကြောင့် ပုတ်သိုးရတာလဲ?
အပူချိန်ကြောင့်
၅. အပူချိန်ကို ပြင်လို့ရလား?
ရတယ် အေးစေတဲ့ ပစ္စည်းကို သုံးမယ်
၆. အေးစေးတဲ့ ပစ္စည်းတွေက ဘာတွေလဲ?
ရေခဲ၊ ရေခဲပုံး

◼️အဲ့ကနေပြီးတော့ ဆက်ပြီး စဉ်းစားသွားရင်
"ရေခဲသေတ္တာသည် နေ့တိုင်း
ဈေးမဝယ်ရအောင်လုပ်ပေးနိုင်တယ်" ဆိုတဲ့
အဖြေတခုကိုရပါတယ်

ပိုပြီး စိတ်ဝင်စားဖို့ကောင်းတာက
အဖြေက တခုထဲမဟုတ်ပါဘူး
နောက်ထပ် အဖြေတခုက Delivery Service ပါ

◼️ Jack Ma ပြောခဲ့တဲ့ စကားလေးတခွန်းရှိပါတယ်
" Opportunity is always in a place where
people complain . If you solved one of the complains, that's your opportunity " တဲ့

ပြဿနာဆိုတာ နေရာတိုင်းမှာရှိပါတယ်
Complain တက်နေကြ လူကို
ဆက်ပြီး complain တက်ခွင့် ပေးလိုက်ပါ

သင်ကတော့ အဲ့ဒီ ပြဿနာကို
အဖြေရှာပေးနိုင်တဲ့ လူဖြစ်အောင်လုပ်ပါ
အခက်အခဲတွေကို
အခွင့်အလမ်းအဖြစ် မြင်တတ်ပါစေ

 #ကမ္ဘာကြီးရဲ့နောက်ဆုံးနေ့ကိုရောက်တော့မှာလား?ခုလတ်တလောမှာ ဆိုရင်တော့ Meta(Facebook Company)  ရဲ့ ခေါင်းကိုင်ဖခင်ကြီး Mar...
09/01/2024

#ကမ္ဘာကြီးရဲ့နောက်ဆုံးနေ့ကိုရောက်တော့မှာလား?

ခုလတ်တလောမှာ ဆိုရင်တော့ Meta(Facebook Company) ရဲ့ ခေါင်းကိုင်ဖခင်ကြီး Mark Zuckerberg က အမေရိကန်နိုင်ငံ ဟာဝါအီမြို့ မှာ Underground Bunker တစ်ခုကို ဒေါ်လာ Million ပေါင်းများစွာကုန်ကျခံပြီး ဆောက်လုပ်နေတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒီBunker ကြီးကို အမေရိကန်ဒေါ်လာ 100Millions Dollars နီးပါး အကုန်အကျခံပြီးတော့ကို ဆောက်လုပ်နေတာပါ။

နိုင်ငံတော်တော်များများမှာတော့ Underground Bunker ဆိုတာကို စစ်ဖြစ်တဲ့အခါတွေ မုန်တိုင်းတွေ စသဖြင့် ကမ္ဘာ့ကပ်ဘေးအန္တရာယ် တွေနဲ့ စစ်ဘေး တွေကနေ ကာကွယ်ဖို့အတွက် မြေကြီးတွေ အောက်မှာ ဆောက်လုပ်လေ့ရှိတဲ့ မြေအောက်ခန်း ဗုံးခိုကျင်းတွေ လိုမျိုးပါ။

ဒီလို ဒေါ်လာ 100Millons နီးပါးဆောက်လုပ်နေတဲ့ Mark Zuckerberg ရဲ့Bunker ထဲမှာဆိုရင် ရေ ၊မီး ၊ စားနပ်ရိက္ခာ ၊ လျှပ်စစ် အစရှိတဲ့အခြေခံလိုအပ်ချက်တွေကိုပါ ထည့်သွင်းတည်ဆောက် နေတာဖြစ်ပါတယ် ။

Zuckerberg တစ်ယောက်တည်း ဒီလို Bunker ကို ဆောက်နေတာလား ဆိုတော့လဲ မဟုတ်ပြန်ပါဘူး ။ အခြားအခြားသောBillionaire တွေ ဖြစ်ကြတဲ့ Paypal Company ၊ Open Ai Company ၊ အမေရိကန်သမ္မတ Joe Bidon နဲ့ တစ်ခြား သော Total Billionaire 15 ယောက်ကလဲ ဒီလို Bunker တွေ ကိုယ်စီ ဆောက်လုပ်နေကြတယ်လို့ သတင်းတွေ ထွက်နေပါတယ်။

ဒါ့အပြင် အရေးကြီးဆုံးအချက်က အဲ့ဒီ့ Bunker တွေကို 2024 ရဲ့ ဆောင်းရာသီမတိုင်ခင် အပြီးသတ် ဆောက်လုပ်ဖို့ ကြိုးစားနေကြကြောင်းကိုလဲ သတင်းတွေ ထွက်နေပါတယ်။

ဒီလိုမျိုး ကမ္ဘာ့ အချမ်းသာဆုံး လူတွေက Underground Bunker တွေကို တစ်ချိန်တည်းမှာ ဆောက်ဖို့ ဝိုင်းကြိုးစားနေတာဟာ
ကျွန်တော်တို့ သာမန်လူတွေ မသိနိုင်တဲ့ကိစ္စတွေကို သိနေကြလို့ဘဲ ဖြစ်တယ်လို့ မှတ်ချက်ချနိုင်ကြပါတယ် ။

ဒီသတင်းဟာ နိုင်ငံတော်တော်များများမှာ ပြန့်နှံ့နေပြီးတော့ တကယ်လဲ စဥ်းစားစရာ ကိစ္စ တစ်ခု ဖြစ်နေပါတယ် ။

အထူးသဖြင့် နည်းပညာပိုင်းက Billionaire တွေ ပါဝင်နေတယ်လို့ သိထားရပြီး စီးပွါးရေးပျက်ကပ်ကြောင့်လား ၊ World War လား၊ AI တွေကြောင့်လား ၊ သဘာဝကပ်ဘေးကြီးလာတော့မှာ မလို့လား ဆိုတာ သေချာမသိပေမဲ့ ဒီလို ကမ္ဘာ့အချမ်းသာဆုံးသူတွေ မြေအောက်အိမ်တွေကို တစ်ချိန်ထဲမှာ ဆောက်လုပ်နေတယ် ဆိုတာနောက်ကွယ်မှာ တစ်ခုခုရှိနေတာကတော့ သေချာသလောက် ရှိနေပါတယ် ။

ဒီလိုလူတေက ကျွန်တော်တို့ မသိတာတွေကို သိထားကြပြီး ခုလိုလုပ်နေကြတာက ပုံမှန်မဟုတ်ပါဘူး။

Personally အရဆိုရင်တော့ စစ်ရေးကြောင့်နဲ့ သဘာဝဘေးအန္တရာယ် ကြောင့် တစ်ခုခု ကြီးကြီးမားမား ဖြစ်လာနိုင်မယ် လို့ ထင်ပါတယ် ။

Solar Storm လား ၊ နိုင်ငံတစ်ချို့မှာ ငလျင်အကြီးအကျယ်လှုပ်ပြီး 5နှစ်ကနေ 10နှစ်အထိ ကြာနိုင်မယ့် Climate Change လား ၊ World War ကြီး အကြီးအကျယ် လာတော့မှာလား ဆိုတာကတော့ စောင့်ကြည့်မှဘဲ သိနိုင်ပါတော့မယ်။

တော်တော်များများကတော့ ဒီသတင်းကို
'' Build by billionaires to survive the end of the World ‘’ လို့ ခေါင်းစဥ် တပ်နေကြပါတယ်။

ဒီစာကိုဖတ်နေတဲ့ မိတ်ဆွေတွေရော ဘယ်လိုဆက်ဖြစ်လာနိုင်မလဲ ဘယ်လိုအရာကြောင့်လဲ Comment မှာ ဝင်ရောက် ဆွေးနွေးခဲ့ လို့ရပါတယ်ဗျာ။

Address

Mandalay Financial Center (80st/bet 27x28)
Mandalay

Telephone

+959766686110

Website

Alerts

Be the first to know and let us send you an email when Zayar Lin-World Gold & Forex Trading posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share