Gold Color online shopping

Gold Color online shopping စောင် ၊ ခြင်ထောင် ၊ ခန်းဝင်ပစ္စည်း နှင့်
လူသုံးကုန်ပစ္စည်း အမျိုးမျိုး ဖြန့်ချီရောင်းဝယ်ရေး ......

မှတ်သားစရာများ သိစေလို့ ..... #မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
04/12/2025

မှတ်သားစရာများ သိစေလို့ .....

#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်

ကိုယ်ဟာ တရင်းတနှီးပြောဆိုဆက်ဆံတတ်တယ်။ရင်းနှီးသွားရင် ပွင့်ပွင့်လင်းလင်းပဲ အရှိကို အရှိတိုင်း ပြောတတ်တယ်။ တစ်ခုခု အမြင်မတ...
01/12/2025

ကိုယ်ဟာ တရင်းတနှီးပြောဆိုဆက်ဆံတတ်တယ်။

ရင်းနှီးသွားရင် ပွင့်ပွင့်လင်းလင်းပဲ အရှိကို အရှိတိုင်း ပြောတတ်တယ်။

တစ်ခုခု အမြင်မတော်တာနဲ့ ချက်ချင်းကူညီဖို့ ကြိုးစားတတ်တယ်။

မိန်းကလေး ယောက်ျားလေးမခွဲ မောင်နှမ အရင်းလို ဖြူဖြူစင်စင်နဲ့ ခင်မင်တတ်တယ်။

လူအများနဲ့လည်း ဖော်ဖော်ရွေရွေ
ပြောဆို ဆက်ဆံတတ်ပါတယ်။

တနည်းအားဖြင့် ပြောရရင်
ကိုယ်ဟာ သိပ်ကို တန်ဖိုး မဲ့နေတဲ့ သဘောကောင်းလွန်းသူကြီးပေါ့။

ကိုယ့်အနေနဲ့ ဘယ်လောက်ထိပဲဖြူစင်ဖြူစင် အရောင်နဲ့မြင်တတ်တဲ့ မျက်လုံးတွေကြားမှာ ကိုယ်ဟာ
အ​ပြစ် ကင်းမနေခဲ့ဘူး။

တချို့ကို စေတနာနဲ့ လိုတာထက်ပိုပြီး ကူညီခဲ့ဖူးတယ်။

လိုတာထက်ပိုပြီး ပြောပြဆုံးမခဲ့ဖူးတယ်။
လိုတာထက်ပိုပြီး စိတ်ပူခဲ့ဖူးတယ်။

ဒီလိုနဲ့ ကိုယ်ဟာ သဘောကောင်းပြီး တန်ဖိုး_မဲ့တဲ့သူအဖြစ်ကို ရောက်မှန်းမသိ ရောက်သွားခဲ့တယ်။

အခုကစ ကိုယ်ဟာ သဘောမကောင်းတော့ပါ။

အခုနောက်ပိုင်း----

စကားကို လိုတာထက်လည်း ပိုမပြောချင်တော့ဘူး။
လူတချို့နဲ့လည်း လိုတာထက်
ပို မရင်းနှီးချင်တော့ဘူး။


fans
#ဘဝ #စာပေ #ဘဝစာပေ
#မေတ္တာဖြင့်ပြန်လည်မျှဝေပါသည်
***********************************

သိနေတဲ့အရာကိုအခင်အမင်ပျက်မှာစိုးလို့မသိချင်ယောင်ဆောင်ပေးရတာလည်း မေတ္တာပဲနာကျင်သွားမှာစိုးလို့စကားလုံးတွေကိုမပြောပဲမြိုသိ...
01/12/2025

သိနေတဲ့အရာကို
အခင်အမင်ပျက်မှာစိုးလို့
မသိချင်ယောင်ဆောင်ပေးရတာလည်း မေတ္တာပဲ

နာကျင်သွားမှာစိုးလို့
စကားလုံးတွေကိုမပြောပဲ
မြိုသိပ်လိုက်ရတာလည်း မေတ္တာပဲ

ပန်းပင်လေးရေလောင်းပေးချင်တာလည်း မေတ္တာပဲ

သေးသေးလေးကအစကူညီပေးချင်တာလည်း မေတ္တာပဲ

တစ်ခါတစ်လေဘာမှမပြောတော့ပဲ
တိတ်ဆိတ်လိုက်တာဟာလည်း မေတ္တာပဲ

သိတယ် မြင်တယ် ကြားတယ် ထိခိုက်နာကျင်
အောင်နည်းမျိုးစုံနဲ့ပြန်ချေပလို့ရတယ် ။

ဒါပေမဲ့ မလုပ်လိုက်ဘူး ဆိုရင် ဒါဟာလည်း မေတ္တာပဲ ..

အ တယ် ၊ နုံ တယ် ၊ မသိဘူး
မထင်ပါနဲ့

မေတ္တာကလွဲပြီးဘာမှပေးစရာမရှိလို့
ငြိမ်နေလိုက်တာပါ။
(lewe)

တောင်းပန်သင့်တဲ့လူတွေကိုလည်း တောင်းပန်ခဲ့ပြီကျေးဇူးတင်သင့်တဲ့လူတွေကိုလည်း ကျေးဇူးတင်ခဲ့ပြီချစ်တဲ့လူကိုလည်း ချစ်ကြောင်းပြ...
27/11/2025

တောင်းပန်သင့်တဲ့လူတွေကိုလည်း တောင်းပန်ခဲ့ပြီ
ကျေးဇူးတင်သင့်တဲ့လူတွေကိုလည်း ကျေးဇူးတင်ခဲ့ပြီ
ချစ်တဲ့လူကိုလည်း ချစ်ကြောင်းပြောခဲ့ပြီ
ဒီလောက်ဆို နောင်တကင်းကင်းနဲ့ဆက်ရှင်သန်ဖို့လုံလောက်ပါပြီ။

💭 || 25.1.2025

လူတွေကို သံယောဇဉ်ဖြတ်တိုင်း အကြောင်းရင်းက မုန်းလို့ ၊ မနာလိုလို့ မဟုတ်ဘူး “တချို့လူတွေက သစ္စာမရှိဘူး တချို့လူတွေက ကိုယ့်...
25/11/2025

လူတွေကို သံယောဇဉ်ဖြတ်တိုင်း အကြောင်းရင်းက မုန်းလို့ ၊ မနာလိုလို့ မဟုတ်ဘူး “

တချို့လူတွေက သစ္စာမရှိဘူး
တချို့လူတွေက ကိုယ့်ကိုအသုံးချတတ်တဲ့လူတွေ
တချို့လူတွေက ကိုယ့်ကို အားလျော့စေတဲ့သူ
စိတ်ဓာတ်ကျအောင် ဆွဲချနေတဲ့လူတွေ
တချို့သူတွေက မျက်နှာ နှစ်ဖက်
လျှာနှစ်ခွနဲ့ သူတွေ
တချို့လူတွေက အရမ်းချိုသာပြီး ကောင်း နေပေမဲ့ ကိုယ့်ကိုချစ်လို့မဟုတ်နေဘူး …..

လူတိုင်းကိုဘဝမှာ အဆုံးထိရှိစေချင်လို့မရဘူး အပင်အသက်ရှင်ဖို့ ဆက်ဒီထက်ပိုကြီးထွားဖို့ မကောင်းတဲ့ အရွက်တွေ အခက်တွေကို ညှပ်ထုပ်ပစ်ရသလိုဘဲ ဖယ်ထုတ်ပစ်သင့်တဲ့သူတွေကိုလဲ အားမနာဘဲ ဖယ်ထုတ်ပစ်ရမှာဘဲ

ဒါကြောင့် ဘဝမှာတချို့လူတွေကို အဆက်အသွယ်ဖြတ်လိုက်တယ် ဆိုတာက ကိုယ့်အတွက် စိတ်သက်သာရာရဖို့ နေလို့ ကောင်းဖို့ Energy ကာကွယ်ဖို့ဘဲဖြစ်တယ် ။

အသက်အရွယ်တခုရောက်လာလေလေ Social Circle ကျဉ်းလာလေလေ ပိုစိတ်ချမ်းသာရလေလေ ကိုယ့် ဘဝကြီးပိုကောင်းလာလေလေဆိုတာ ခံစားလာရတယ် ။

ချစ်တဲ့

Pann Sabal

▪️ဘယ်အရာကိုမှ မပေးပဲနဲ့မယူမိပါစေ နဲ့ တောင်းမှရလာတဲ့ အရာတွေဆိုတာ စေတနာမပါဘူး မေတ္တာမပါဘူး ဒါကြောင့် ယူရတာလည်း အဆင်မပြေဘူး...
22/11/2025

▪️ဘယ်အရာကိုမှ မပေးပဲနဲ့မယူမိပါစေ နဲ့ တောင်းမှရလာတဲ့ အရာတွေဆိုတာ စေတနာမပါဘူး မေတ္တာမပါဘူး ဒါကြောင့် ယူရတာလည်း အဆင်မပြေဘူး နောက်ပြီး အဲ့ဒီအရာတွေကလည်း အကြာကြီးမခံဘူး
အပေါ်ယံသက်သက်ပါ။

▪️ပြောချင်တာက လူတစ်ယောက်ဆီက
Attention ရဖို့၊အချစ်၊ဂရုစိုက်မှုနဲ့၊သံယောဇဉ်၊သစ္စာရှိမှု၊သိတတ်မှု၊နားလည်မှုတွေကို ကိုယ့်ကိုပေးဖို့ မတောင်းဆိုတာ အကောင်းဆုံးပါ။

▪️ကိုယ့်အပေါ်ကို စေတနာရှိတဲ့သူ၊မေတ္တာရှိတဲ့သူက အရာရာပြည့်စုံနေမှမဟုတ်ဘူး ဘာလေးပဲ ပေးရ၊ပေးရ ကိုယ်ချစ်ရတဲ့သူ ပျော်စေတယ်ဆိုရင် ကျေနပ်နေတတ်တာပါ။

▪️ဒါကြောင့် မပေးရင် မယူနဲ့ မျှော်လင့်ချက်လည်းမထားနဲ့ အလိုက်မသိလို့လဲ မသိရကောင်းလားဆိုပြီး စိတ်မပျက်နဲ့ ဘယ်အရာပဲဖြစ်ဖြစ် ကိုယ်နဲ့မထိုက်ရင် ဘယ်လောက်ပဲ အနီးဆုံးမှာရှိနေပါစေ အကြောင်းအမျိုးမျိုးကြောင့် ဝေးရတာပါပဲ။

▪️ကျွန်မ ဖတ်ဖူးတဲ့ ဘာသာပြန်စာစုလေးတစ်ခုလိုပေါ့ "ပန်းအိုးလေးကို မြတ်နိူးလို့ဝယ်လာပြီး ကိုယ့်အပိုင် ဆိုတဲ့စိတ်တစ်ခုထဲနဲ့ သိမ်းထားလို့ ဒီပန်းအိုးလေးက လှပစွာပွင့်လန်း ရှင်သန်နေမှာမဟုတ်ဘူးတဲ့ "ရေလောင်း၊ပေါင်းသင်ခြင်း စတဲ့ဂရုစိုက်မှုမရှိရင်တော့ နွမ်းခြောက်ပြီး သေသွားမှာပါ။

▪️ဒီလိုပဲ လူတစ်ယောက်ကိုချစ်ရင် ချစ်တယ်ဆိုတဲ့တစ်ခုထဲနဲ့မလုံလောက်ဘူး ဝဇီကံနဲ့ချစ်ရင်၊ကာယကံဆိုတဲ့ Action ပါရတယ်၊မနောကံဆိုတဲ့ စိတ်ခံစား လုံခြုံမှုပေးနိုင်ရတယ် ဒါမှ မြတ်နိူးလို့ အပိုင်းသိမ်းခဲ့တဲ့ ပန်း‌အိုးလေးလို သိမ်းထားရုံနဲ့ ဆက်ပြီးရှင်သန်နိုင်ဖို့ ဖြစ်နိူင်ပါ့မလား ?

▪️ စချစ်ပြီးရင် ဆက်ချစ်ဖို့လည်း လိုအပ်သလို နားလည်မှုတွေနဲ့ တစ်ယောက်ရဲ့နှလုံးသားကို တစ်ယောက်ကမြင်နိူင်ဖို့လည်းလိုပါတယ်။

လေးစားစွာဖြင့်
{ရာမညမြေ}
19.11.2025

'သူစိမ်းတော့ မဆိုထားနဲ့လူရင်းတွေတောင်ရွှေငွေမရှိရင် လမ်းတွေ့တာတောင်မမြင်ချင်ယောင်ဆောင်သွားတာအရွယ်ရှိတုန်းမှာ အလုပ်လုပ်ပါ...
22/11/2025

'သူစိမ်းတော့ မဆိုထားနဲ့
လူရင်းတွေတောင်
ရွှေငွေမရှိရင် လမ်းတွေ့တာတောင်
မမြင်ချင်ယောင်ဆောင်သွားတာ

အရွယ်ရှိတုန်းမှာ အလုပ်လုပ်ပါ
ငွေရှာပါ ငွေရှိလာရင်
ချစ်သူခင်သူတွေ ပေါများပြီး
စကားတိုင်းကလည်း အရာရောက်တာပါ။

ငွေမရှိရင် မိသားစုထဲမှာတောင်
မျက်နှာငယ်ရတယ်။

ဘယ်လောက်ကောင်းတဲ့ အတွေးအခေါ်
အကြံဉာဏ်တွေ ဖြစ်နေပါစေ
သင့်က ငွေမရှိရင်
သင့်ဆီက တန်ဖိုးရှိတဲ့ အဲ့လိုအရာတွေကို
ဘယ်သူကမှ တန်ဖိုးထားကြမှာ မဟုတ်ဘူး။

သင်သာ ငွေရှိနေပါစေ
သင့်ဆီက တောင်စဉ်ရေမရာ စကားကိုတောင်
အလေးအနက် နားထောင်ပေးကြပါလိမ့်မယ်။

ဒါကြောင့် ထပ်ပြီးတော့ မှာချင်ပါတယ်။
အရွယ်ရှိတုန်းမှာ အလုပ်လုပ်ပါ
ငွေရှာပါ ငွေရှိလာရင်
ချစ်သူခင်သူတွေ ပေါများပြီး
စကားတိုင်းကလည်း အရာရောက်တာပါ။

ငွေမရှိပေမယ့် တချို့သူတွေက
အတွေ့အကြုံရှိတယ်
အကြံဉာဏ်ကောင်းတယ်။

အဲ့ဒီသူတွေရဲ့
အကြံဉာဏ်တွေ ပြောစကားတွေကို
အလေးနက်ထားပါ။

ဘာကြောင့်လဲဆိုတော့
တချို့ အတွေ့အကြုံတွေက
ငွေနဲ့ ဝယ်လို့ မရနိုင်ပါဘူး။

21/11/2025



20/11/2025

ကိုယ့်မိသားစုဝင်ကို နိမ့်ချဆက်ဆံမိတာဟာ ....

ဘဝမှာ ကြုံတွေ့သမျှ အရာအားလုံးဟာ ယာယီမျှသာဖြစ်ပါတယ်။ ပျော်စရာတွေနဲ့ တွေ့ရတဲ့အခါ ပျော်ရွှင်ခြင်း အနှစ်သာရကို အပြည့်ဝခံစားပ...
18/11/2025

ဘဝမှာ ကြုံတွေ့သမျှ အရာအားလုံးဟာ
ယာယီမျှသာဖြစ်ပါတယ်။

ပျော်စရာတွေနဲ့ တွေ့ရတဲ့အခါ
ပျော်ရွှင်ခြင်း အနှစ်သာရကို အပြည့်ဝခံစားပါ ၊
ချစ်ခြင်းမေတ္တာနဲ့ ထိတွေ့ရတဲ့အခါ
သံသယကင်းစွာ ချစ်မြတ်နိုးပါ ၊
သို့သော် ထိုအရာများဟာ
Expire Date ရှိကြောင်းကိုလည်း
လက်ခံနိုင်ဖို့ကြိုးစားပါ ၊

အခက်ခဲတွေ ၊ ဒုက္ခတွေနဲ့ ကြုံရတဲ့အခါမှာလည်း
ဒါဟာ ယာယီသာဖြစ်ကြောင်း သတိရပါ..
ဒါဟာ ဘဝရဲ့ အစိတ်ပိုင်းတစ်ခုသာ ဖြစ်ပါတယ် ၊

ဒီအရာတွေဟာ ထာဝရတည်မြဲနေမှာ မဟုတ်ပဲ
ပိုကောင်းတဲ့နေ့တွေ ၊ ပျော်စရာတွေဟာ
မကြာမီပြန်လည်ရောက်ရှိလာမယ်ဆိုတာယုံကြည်ပါ…။ ။

💛💛


#𝓡𝓔𝓛𝓐𝓧

🙏အလ-ိမ်မခံရစေဖို့ .....🙏Preorder တွေ မရောင်းတာ အရမ်းကြာနေပါပြီ သယ်ရတာလည်း မလွယ်သလို ရောင်းဖို့အတွက် ဈေးတွေ လည်း မကိုက်လိ...
07/09/2025

🙏အလ-ိမ်မခံရစေဖို့ .....🙏
Preorder တွေ မရောင်းတာ အရမ်းကြာနေပါပြီ သယ်ရတာလည်း မလွယ်သလို ရောင်းဖို့အတွက် ဈေးတွေ လည်း မကိုက်လို့ preorder တွေ မရောင်းတာပါ အခုခေတ်ကာလမှာ ဒီပစ္စည်းမျိုးတွေ ငွေကြိုလွှဲဆို မဝယ်ပါနဲ့ရှင့်

ကိုယ့်ဆီဝယ်နေကျ ဖောက်သည်တွေ ကိုယ်မရောင်းတော့ အလိ-မ်-ခံရတိုင် တစ်ကယ် ရင်ထဲ မကောင်းဘူး ကိုယ်လည်း အခု အခြေနေ အကြောင်းကြောင်း ကြောင့် မရောင်းပေးနိုင်လို့ အားနာရပါတယ်ရှင့်

လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ 🙏🙏🙏

Address

Mandalay
05021

Telephone

+959422303088

Alerts

Be the first to know and let us send you an email when Gold Color online shopping posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share