Myat-Business Advisor

Myat-Business Advisor ☘️🩵☘️ World Gold ,Oil & Currency

ကမ္ဘာ့ရွှေဈေးကွက် နှင့်နိုင်ငံတကာငွေကြေး ဈေးကွက် ၌ အရောင်းအဝယ်လုပ်ပြီးအကျိုးအမြတ်ရှာလိုသူများကို ဖိတ်ခေါ်ကြိုဆိုပါတယ်ရှင့်

ဓမ္မစကြာအခါတော်နေ့  #ဝါဆိုလပြည့်နေ့ အကြောင်း 🙏🙏🙏ဝါဆိုလပြည့် နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သ...
09/07/2025

ဓမ္မစကြာအခါတော်နေ့
#ဝါဆိုလပြည့်နေ့ အကြောင်း

🙏🙏🙏

ဝါဆိုလပြည့် နဲ့ ပတ်သက်လို့ ဗုဒ္ဓဝင်မှာ သန္ဓေ တောထွက် ဓမ္မစက် မိန့်မြွက်သံချို လဝါဆို တဲ့ ဘုရားဖြစ်စဉ်ဗုဒ္ဓဝင်မှ ထူးခြားသောဝါဆိုလပြည့်နေ့

၁။ ဘုရားလောင်းသိဒ္ဓတ္ထမင်းသား ပဋိသန္ဓေနေသောနေ့ ၂။ ဘုရားလောင်း တောထွက်တော်မူသောနေ့

၃။ ဂေါတမမြတ်စွာဘုရား ဓမ္မစကြာတရား စတင်ဟောတော်မူသော နေ့

၄။ ရေမီးအစုံစုံတို့ဖြင့် တန်ခိုးပြာဋိဟာကို ပြတော်မူသောနေ့

၅။ ဘုရားအဖြစ်ကို ဝန်ခံတော်မူသောနေ့

၆။ တရားရတနာ စတင်ပေါ်သောနေ့ဖြစ်၍

၇။ သံဃာရတနာ စတင်ပေါ်သောနေ့ဖြစ်၍

၈။ ပုထုဇဉ်ခရီးမှ အရိယာခရီးသို့ စတင် ကူးပြောင်းခွင့်ကြုံသောနေ့

၉။ ဧဟိ ဘိက္ခု-ဟူသောစကားကို စတင်ကြားရသောနေ့

ဝါဆိုလပြည့် ဓမ္မစကြာအခါတော်နေ့
ဂေါတမဘုရားလောင်းတော်သည် ပဉ္စဝဂ္ဂီ ၅ ဦးတို့ စွန့်ခွာထွက်သွား ပြီးသည်နောက် တစ်ကိုယ်တည်း တရားကျင့်တော်မူခဲ့ရာ မဟာ သက္ကရာဇ် ၁ဝ၃ ခု၊ ကဆုန်လပြည့်၊ သောကြာနေ့တွင် သဗ္ဗညုတဉာဏ်တော်ကိုရရှိကာဘုရားအဖြစ်သို့ ရောက်တော်မူလေ

ထိုအခါ၊သဟမ္ပတိဗြဟ္မာမင်း၏ လျှောက်ထား တောင်းပန်ချက် အရ-

အဘယ်သူ့ကိုတရားဦး ဟောကြားအံ့နည်းဟု ဆင်ခြင်တော်မူ၏။ ဗုဒ္ဓမြတ်စွာ၏ အာသယာနုသယဉာဏ်၊ ဣန္ဒိယ ပရောပရိယ ဉာဏ်တော်တို့ ဖြင့်ဆင်ခြင်ခြင်းဖြစ်သည်။ ပထမ ဦးစွာဈာန်လမ်းပြခဲ့ဖူးသော အာဠာရရသေ့ ဆရာကိုမြင်၏။

ထိုရသေ့ကား ကွယ်လွန်ခဲ့ပြီဖြစ်သည်။ ထိုမှတစ်ဆင့် ဥဒကရသေ့ဆရာကို မြင်တော်မူလေသည်။ ဥဒက ရသေ့လည်း ကွယ်လွန်ခဲ့ပြီ ဖြစ်၏။

ထို့နောက်၊ အခြားသော ကျေးဇူးရှိခဲ့ဖူးသူများအား တရားဦး ဟောကြားရန် ကြည့်တော်မူပြန်သည်။
ထိုအခါ ပဉ္စဝဂ္ဂီငါးဦးတို့ကို မြင်တော်မူလေသည်။ သို့သော်လည်း ထို ရသေ့များထံ ချက်ချင်း မကြွပေ။ သုံးရက်သီတင်းသုံး စောင့်ဆိုင်း တော်မူ၏။

ထို့နောက်မှ ဗာရာဏသီအနီးရှိမိဂဒါဝုန်တော သို့ ကြွချီ ခရီးဆက် တော်မူလေသည်။

အစားနည်းသောအကျင့်မှ များသောအကျင့်သို့ ပြောင်းခဲ့သော ကြောင့် ဘုရားမဖြစ်နိုင်တော့ဟု ပဉ္စဝဂ္ဂီတို့ ယူဆခဲ့ကြ၏။

ထို့ကြောင့် ဘုရားလောင်းအားစွန့်ခွါပြီးဗာရာဏသီ၊ မိဂဒါဝုန်တော သို့ ရောက်ခဲ့ကြလေသည်။

မြတ်စွာဘုရားကြွလာသည်ကို ပဉ္စဝဂ္ဂီတို့ မြင်ကြ၏။ ခရီးဦးမကြို၊ ဝတ်မပြုလိုကြတော့ပေ။

သို့ရာတွင် အရှင်မြတ်သည် ဖန်ရည်ဆိုးသင်္ကန်း ဝတ်ရုံလျက်ပင်ဝင် လာတော်မူ၏။

ကိလေသာ ကင်းစင်သဖြင့် အေးချမ်းတင့်တယ် ကြည်ညိုဖွယ်ရှိ၏။

သို့ဖြစ်ရာပဉ္စဝဂ္ဂီတို့သည် ခရီးဦးကြိုကြရ၏။ ရှိခိုးပူဇော်ကြရ၏။ နှုတ်ခွန်းဆက်ကြရ၏။ အချိန်ကား နေမင်းကြီးဝင်လုဝင်ဆဲအချိန်၊ လမင်းကြီးမှာ ပြူလစ်စအခါသမယ ဖြစ်၏။

ဆည်းဆာ ညချမ်း ဖြစ်သည်။

သူတော်မြတ်ဓာတ်ကြောင့် သာယာဖွယ်ကောင်းလှပေ၏။ မိဂဒါဝုန်တောကား ရွှင်ပျအေးမြနေ၏။ ဆိတ်ငြိမ်မှုဖြင့် ပြီးလျက်ရှိ၏။

ထိုအခိုက်တွင် မြတ်စွာ ဘုရားရှင်သည် ပဉ္စဝဂ္ဂီတို့၏ ရှေ့တွင် ထက်ဝယ်ဖွဲ့ခွေနေတော်မူသည်။

ထို့နောက်၊ "ရဟန်းတို့" ဟု ခေါ်ဝေါ်ကာ နှုတ်ခွန်းဆက်တော်မူ လိုက်၏။

ဤကား တရားဦးဟောရန်ဖိတ် ခေါ်သံအစတည်း။

ပဉ္စဝဂ္ဂီတို့သည်သီလစင်ကြယ်ပြီးသူများ ဖြစ်ကြသည်။ ထို့ ပြင်၊ သဒ်ဓါ၊ ဆန္ဒ၊ ဝီရိယစိတ်ထားပြည့်စုံနေပြီးသူများ ဖြစ်ကြ လေရာ မြတ်စွဘုရား၏ စကားအစသည် သူတို့၏ နှလုံးသားဝယ် တရား တည်၍တည်၍ လာလေသည်။
ထိုအချိန်တွင် မြတ်စွာဘုရားက မိမိဘုရား ဖြစ်တော်မူကြောင်း မိန့် ကြား၏။

တရားနာယူကြရန်လည်း တစ်ဆက်တည်း တိုက်တွန်း၏။

သို့သော်မယုံကြည်နိုင်ကြသဖြင့်သုံးကြိမ်သုံးခါ ငြင်းဆန် ကာ နေ ကြ၏။ မြတ်စွာဘုရားသည် ထိုငြင်းဆန်မှုကို ဘုရားဖြစ် ကြောင်း ထပ်မံသိစေပြန်၏။

ပြီးမှ "တရားဦး" ခေါ်ဓမ္မစက္က ပဝတ္တန သုတ္တ ကိုဟောကြား တော်မူ လေသည်။ ထိုတရားတော်၏ အဆုံးဝယ်

အရှင်ကောဏ္ဍညသည် လူသားများ အနက် ပထမဦးဆုံး သောတာပ တ္တိဖိုလ်၌ တည်လေ၏။

ထိုနေ့သည် ဝါဆိုလပြည့်နေ့ ဖြစ်၏။

ထို့နောက်တဖန်၊ ဒေသနာကိုဟောပြတော်မူရာ ဝါဆိုလပြည့်ကျော်

(၁) ရက်နေ့၌ အရှင်ဝပ္ပ၊

(၂) ရက်နေ့၌ အရှင်ဘဒ္ဒိယ၊

(၃) ရက်နေ့၌ အရှင်မဟာနာမ်၊

(၄) ရက်နေ့၌ အရှင်အဿဇိ တို့သည် အသီးသီးသောတာပန် တည် ကြလေကုန်၏။

ပဉ္စဝဂ္ဂီအားလုံးပင် "ဧဟိဘိက္ခု" ရဟန်း အဖြစ်ရောက်ကြလေသည်
ထိုနေ့ကို လည်း"ရဟန္တာနေ့" ဟု ဗုဒ္ဓဘာသာဝင်တို့ သတ်မှတ်ယူ ကြကုန်သည်။

ဝါဆိုလပြည့်နေ့ကိုမူ တရားဦး"ဓမ္မစကြာ" ဟောကြားသောနေ့ ဖြစ်၍ "ဓမ္မစကြာနေ့" ဟု ယနေ့အထိဗုဒ္ဓဘာသာဝင်တို့ အလေးအမြတ်ပြုခဲ့ကြပေသည်။🙏🙏🙏

Crd

တန်ဖိုးရှိသော ဘဝနေနည်း ( မကြာမကြာ ဖတ်ပေးပါ )----------------------------------ပြင်မယ်ဆို ..ကိုယ်ကျင့်တရားကို အကောင်းဆုံး...
04/07/2025

တန်ဖိုးရှိသော ဘဝနေနည်း ( မကြာမကြာ ဖတ်ပေးပါ )
----------------------------------
ပြင်မယ်ဆို ..ကိုယ်ကျင့်တရားကို အကောင်းဆုံးဖြစ်အောင် ပြင်ဆင်ပါ။

နေမယ်ဆို ...အမှန်တရားနဲ့ အနီးဆုံးမှာနေပါ။
ရှာမယ်ဆို...နှလုံးသားထဲက အလှတရားကိုရှာပါ။

ချည်မယ်ဆို...သိက္ခာကို ကိုယ့်တန်ဘိုးနဲ့ ချည်နှောင်ပါ။
သိမ်းမယ်ဆို ...ကျေးဇူးတရားကို သိမ်းထားပါ။

စွန့်မယ်ဆို...မကောင်းတဲ့ အကျင့်ကို စွန့်လွှတ်ပါ။
ပေးမယ်ဆို...တန်ဖိုးဖြတ်မထားတဲ့ မေတ္တာကို ပေးပါ။

ပျော်မယ်ဆို...ဘောင်မကျော်ခင်အထိပဲ ပျော်ပါ။
တွေးမယ်ဆို...စိတ်ညစ်စရာ မရောက်ချိန်အထိပဲ တွေးပါ။

မှားမယ်ဆို... နောက်လှည့် ပြန်ခွင့်ရှိတဲ့အထိပဲ မှားပါ။
နောင်တရမယ်ဆို...ဘာမှမလုပ်ခင် အရင်စဉ်းစားပါ။

မူရင်းရေးသားသူအားလေးစားလျက်

🤗 " သန်မာဖို့ ဒဏ်ရာလိုတယ်" 🙁မပြည့်စုံတဲ့ဘဝမို့ လောကဓံရဲ့ ရိုက်ချက်တွေကို သူများတွေထက် ၊ခပ်ပြင်းပြင်း ခံရတယ်။ နှိမ်ချဆက်ဆ...
03/07/2025

🤗 " သန်မာဖို့ ဒဏ်ရာလိုတယ်" 🙁

မပြည့်စုံတဲ့ဘဝမို့
လောကဓံရဲ့ ရိုက်ချက်တွေကို
သူများတွေထက် ၊ခပ်ပြင်းပြင်း ခံရတယ်။

နှိမ်ချဆက်ဆံခံရတဲ့ နာကျင်မှုတွေ၊
တန်းတူမဆက်ဆံခံရတဲ့သိမ်ငယ်မှုတွေ။

ဒီလောက်နဲ့ တော်ပါတော့လို့ ဘယ်သူ့ကို
ရှိခိုးပြီး တောင်းပန်ရမလဲ မသိခဲ့ဘူး။

ဘယ်သူကမှ ကိုယ့်ဒဏ်ရာကို
မြင်အောင်မကြည့်ပေးခဲ့ကြဘူး။
ထိုးနှက်ဖို့ပဲ အသင့်ဖြစ်နေတဲ့သူတွေမှာ
ကိုယ်ချင်းစာစိတ်မရှိဘူး။

ဆွဲချဖို့ပဲ အသင့်ပြင်နေတဲ့လက်မှာ
ငဲ့ညှာမှုတွေ မရှိဘူး။
ငါဟာ တစ်သက်လုံး အနိုင်ရဦးမယ်။
ငါဟာ တစ်သက်လုံး အထက်စီးကပဲ
နေရဦးမယ်လို့ လွဲမှားစွာ ခံယူနေပုံပါပဲ။

ငိုနေရင်း ကျရှုံးနေရင်းနဲ့ပဲ
မာကြောတတ်လာတယ်။
နားနဲ့ကြားရသမျှကို ရင်ဘတ်ထဲ ထည့်ပြီး
အစိုင်အခဲတစ်ခုအဖြစ် ပြောင်းလဲရတယ်။

နောက်ထပ် မငိုချင် တော့ဘူး။ ခံစားမှုတွေက
မျက်ရည်အဖြစ်ပြောင်းသွားရင် စိတ်ပျော့သွားမှာစိုးတယ်။

နာမည်ဖြေမိပါ။စိတ်ရှိ

ငါဟာ ဒီအချိန်မှာ ခေါင်းငုံ့နေရမယ်။
ဒါပေမဲ့ တစ်သက်လုံးတော့ဒီအတိုင်းကြီး မနေဘူး။
တစ်နေ့ကျရင် ငါက သူတို့ထက်သာရမယ်။

အဖွား ခဏခဏ ပြောဖူးတဲ့ ဆုံးမ စကား။
ဒီလိုနဲ့ နေတတ်လာတယ်။ ဖြေတတ်လာတယ်။

သူက အခုထိ မပြိုလဲသေးဘူးလား ဆိုတဲ့
အသံတွေ ပြန်ကြားရတော့
ကိုယ့်ကိုယ်ကိုယ် ချီးကျူးမိတယ်။

ဒဏ်ရာတွေဟာ
အမာရွတ် ဖြစ်နေပြီထင်တယ်။
လဲကျဖို့ထက် သန်မာပြဖို့
စိတ်အားထက်သန်လာတယ်။
ဘယ်လက်ကိုမှ အားကိုးတကြီး
မဆုပ်ကိုင်တော့ဘူး။

ဘယ်မျက်ဝန်းဆီကမှ
ကြင်နာမှုကို မပျော်တော့ဘူး။
သန်မာပြဖို့လုံလောက်တဲ့ ဒဏ်ရာတွေရခဲ့ပြီ။
ဆက်လက်ကြံ့ခိုင်ဖို့ပဲ လိုတော့တာ။

 #မင်္ဂလာနံနက်ခင်း 🍁*****************   🍁🍁အရှေ့ဆီက နေရောင်ဖြာ       မင်္ဂလာပါ နံနက်ခင်း          ဝေနေခပင်း စိတ်ချမ်းသာလိ...
03/07/2025

#မင်္ဂလာနံနက်ခင်း 🍁
*****************
🍁🍁အရှေ့ဆီက နေရောင်ဖြာ
မင်္ဂလာပါ နံနက်ခင်း
ဝေနေခပင်း စိတ်ချမ်းသာလို့
ဘေးဘယာ ဝေးစေသား
ဆုပန်ချွေပွား🙏

 #ဧဝရတ်တောင်နီပေါနိုင်ငံက ဧဝရတ်တောင် Mount Everest ( ကမ္ဘာ့အမြှင့်ဆုံး) ...တောင်တက်သမားပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီ တောင...
28/06/2025

#ဧဝရတ်တောင်

နီပေါနိုင်ငံက ဧဝရတ်တောင် Mount Everest ( ကမ္ဘာ့အမြှင့်ဆုံး) ...
တောင်တက်သမားပေါင်း ၃၀၀ ကျော်သေဆုံးခဲ့ပြီ
တောင်ထက်မှာ အမှိုက်များနှင့် တောင်တက်သမားများရဲ့ အလောင်းများ ယနေ့ထိ ကျန်ရှိနေဆဲပါ...ဧဝရတ်တောင်မှ အဖြာဖြာစွယ်ကျလာတော့ တောင်တန်းကြီးများကို Himalayan ဟိမဝန္တာတောင်တန်းဟု ခေါ်သည်
ဟိမဝန္တာတောင်အစွယ်များကျရောက်သောနိုင်ငံများမှာ၊ ဘူတန်နိုင်ငံ၊တရုတ်နိုင်ငံ၊ အိန္ဒိယ၊နီပေါ၊ပါကစ္စတန်၊ ရခိုင်ရိုးမ...
အလံနီပြထားသောနေရာသည် အလောင်းများတည်နေရာဖြစ်သည်။

Photo

ထိုင်းဝန်ကြီးချုပ် ဖဲ့ထောင်းထန်း ရှင်နာဝပ်က သူ့အစိုးရဟာ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းဖို့ ကမ္ဘောဒီးယားနိုင်ငံအ...
25/06/2025

ထိုင်းဝန်ကြီးချုပ် ဖဲ့ထောင်းထန်း ရှင်နာဝပ်က သူ့အစိုးရဟာ နိုင်ငံဖြတ်ကျော်မှုခင်းတွေကို နှိမ်နင်းဖို့ ကမ္ဘောဒီးယားနိုင်ငံအပေါ် ပိုမိုတင်းမာတဲ့ စည်းမျဥ်းကို ကျင့်သုံးသွားမယ်လို့ ဇွန် ၂၃ ရက် မှာ ပြောကြားခဲ့ပြီး ဒေသတွင်းမှာ တရားမဝင် အွန်လိုင်းလိမ်လည်မှုစင်တာတွေ တိုးပွားလာမှုကို ကိုးကားပြီးတော့ ‘တရားမ၀င်တဲ့ လုပ်ရပ်တွေကို တန်ပြန် အရေးယူသွားမယ်’လို့လည်း ကြေညာခဲ့ပါတယ်။
အပြည့်အစုံ ကွန်မန့်မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။
#ကမ္ဘောဒီးယား #နိုင်ငံဖြတ်ကျော်မှုခင်း #ထိုင်းဝန်ကြီးချုပ်

25/01/2024

25 . 1 . 2024
ပြာသိုလပြည့် (အမေများနေ့)ကမ္ဘာပေါ်မှာရှိတဲ့ အမေများသက်ရှည်ကျန်းမာစွာနေထိုင်
ကြပါစေလို့ဆုတောင်းဂါရဝပြုအပ်ပါသည်🤍🙏

08/10/2023

Opening Gap[_]
W.G opening price-1850
Friday market closed price-1831

ကိုယ်လိုချင်တာရအောင်မယူနိုင်တာကိုယ်နဲ့ပဲဆိုင်တယ်။​ကိုယ်အသုံးမကျတာ ကိုယ်နဲ့ပဲ ဆိုင်တယ်။ ကိုယ့်ဘဝ ကိုယ်တာဝန်အပြည့်ယူပါ။ဟို...
27/09/2023

ကိုယ်လိုချင်တာရအောင်မယူနိုင်တာ
ကိုယ်နဲ့ပဲဆိုင်တယ်။​
ကိုယ်အသုံးမကျတာ
ကိုယ်နဲ့ပဲ ဆိုင်တယ်။
ကိုယ့်ဘဝ ကိုယ်တာဝန်အပြည့်ယူပါ။
ဟိုလူ့အပြစ်တင်၊ ဒီလူ့အပြစ်တင်
အပြစ်တင်တတ်တဲ့စိတ်ကို ဖျောက်ပါ။
လူအများစုက ဆဲရင်းဆဲရင်း
ဆင်းရဲ ဆင်းရဲသွားတတ်ကြတယ်တဲ့။
စိတ်ဆင်းရဲ၊ ကိုယ်ဆင်းရဲ။

Phyo Paing @ Derek

😁😁😁😁

#မှန်လိုက်တာ

19/08/2023

Address

MDY
Mandalay

Telephone

+959976885362

Website

Alerts

Be the first to know and let us send you an email when Myat-Business Advisor posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Myat-Business Advisor:

Share