APEX Money Fx Myanmar

Call Directions Contact the business

APEX Money Fx Myanmar Trade with Precision.

Grow with Confidence.

📈 Forex & Gold Education
💹 Trading Signals & Market Analysis
🤝 IB Support & Account Assistance
🇲🇲 Myanmar Trading Community World Gold ,Oil & Currency

ကမ္ဘာ့ရွှေဈေးကွက် နှင့်နိုင်ငံတကာငွေကြေး ဈေးကွက် ၌ အရောင်းအဝယ်လုပ်ပြီးအကျိုးအမြတ်ရှာလိုသူများကို ဖိတ်ခေါ်ကြိုဆိုပါတယ်ရှင့်

 #မြန်မာ့ရွှေပေါက်စျေးက မကျ
21/07/2026

#မြန်မာ့ရွှေပေါက်စျေးက မကျ

21/07/2026
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဇူလိုင် ၁၆ ရက် ညပိုင်းက သူပြောခဲ့တဲ့ မိန့်ခွန်းကို မထုတ်လွှင့်ပေးခဲ့တဲ့ အမေရိကန် ရုပ်သံလိ...
17/07/2026

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ဟာ ဇူလိုင် ၁၆ ရက် ညပိုင်းက သူပြောခဲ့တဲ့ မိန့်ခွန်းကို မထုတ်လွှင့်ပေးခဲ့တဲ့ အမေရိကန် ရုပ်သံလိုင်းတွေကို လိုင်စင်ပြန်သိမ်းပစ်သင့်တယ်လို့ ပြောလိုက်ပါတယ်။
ရွေးကောက်ပွဲလုံခြုံရေးကို အဓိကထား ပြောကြားခဲ့တဲ့ သူ့ရဲ့ ညပိုင်း အထူးမိန့်ခွန်းထဲမှာ ထရမ့်ပ်က “NBC နဲ့ ABC တို့လို သတင်းတု သတင်းမှားတွေ ထုတ်လွှင့်တဲ့ ရုပ်သံလိုင်းတွေဟာ အခုလို မိန့်ခွန်းမျိုးကို မထုတ်လွှင့်တာဟာ ကြုံခဲတဲ့ကိစ္စဖြစ်သလို စနစ်ကြီး ဘယ်လောက်အထိ ယိုယွင်းပျက်စီးနေလဲ ဆိုတာကို လူတွေမသိစေချင်လို့ တမင်သက်သက် ဖုံးကွယ်ထားတာ” လို့ ထည့်သွင်း စွပ်စွဲ ပြောကြားခဲ့တာပါ။

Photo: Reuters

အပြည့်အစုံကို comment မှာ ဖတ်ရှုနိုင်ပါတယ်။

17/07/2026

World Gold will up to 4022

Jewelry 🤍🇲🇲
16/07/2026

Jewelry 🤍🇲🇲

“အခက်ခဲဆုံး ကာလတွေကို ဖြတ်ကျော်ရတဲ့အခါ”💟 ၁။ ကိုယ့်မှာ 'ရှိ'တာတွေကို အာရုံစိုက်ပါ။စိတ်တွေ ပင်ပန်းဖိစီးလာတဲ့အခါ ကိုယ့်မှာ ...
16/07/2026

“အခက်ခဲဆုံး ကာလတွေကို ဖြတ်ကျော်ရတဲ့အခါ”

💟 ၁။ ကိုယ့်မှာ 'ရှိ'တာတွေကို အာရုံစိုက်ပါ။

စိတ်တွေ ပင်ပန်းဖိစီးလာတဲ့အခါ ကိုယ့်မှာ မရှိတာတွေကိုပဲ စဉ်းစားမိပြီး ဝမ်းနည်းတတ်တယ်။ ပူဆွေးတတ်တယ်။ ကိုယ့်မှာ ရှိနေသေးတာတွေကိုတော့ မေ့လျော့သွားတတ်တယ်။ ငွေကြေးအဆင်မပြေပေမဲ့ မိသားစု ရှိသေးတယ်။ အလုပ်မရှိတော့ပေမဲ့ ခြေ ၂ ဖက်၊ လက် ၂ ဖက်အကောင်းကြီး ရှိသေးတယ်။ ဒါကြောင့် စိတ်ပင်ပန်းပြီး အားငယ်မိတဲ့အခါတိုင်း ဒီအလေ့အကျင့်ကို လုပ်ကြည့်စေချင်တယ်။

💟 ၂။ အတိတ်နဲ့ အနာဂတ်ဟာ သက်သက်စီပဲဆိုတာ သတိပြုပါ။

အတိတ်မှာ မှားခဲ့တာတွေ ရှိမယ်။ ညံ့ခဲ့တာတွေ ရှိမယ်။ မလုပ်သင့်တာတွေ လုပ်ခဲ့မိမယ်။ ညစ်ထေးစွန်းပေနေမယ်။ ဒါပေမဲ့ အနာဂတ်ကတော့ ဘာဆိုဘာမှ မရေးရသေးတဲ့ စာရွက်တစ်ရွက်လိုပဲ။ အတိတ်မှာ ဖြစ်ခဲ့တာမှန်သမျှ အနာဂတ်မှာလည်း ထပ်ဖြစ်လိမ့်မယ်လို့ မမှတ်ယူပါနဲ့။ လက်ရှိပစ္စုပ္ပန်က ကိုယ့်လက်ထဲမှာပါ။ ဘာကိုမဆို ပြောင်းလဲပစ်ဖို့ ကိုယ်တတ်နိုင်ပါတယ်။

💟 ၃။ အခက်အခဲတွေဆိုတာ ပိုသန်မာလာစေဖို့ အခွင့်အလမ်းတွေပါ။

ဘယ်သူမဆို အဆင်ပြေချင်ကြတာချည်းပဲ ဆိုပေမဲ့ သေချာပြန်စဉ်းစားကြည့်ရင် ကိုယ့်ကို ပိုပြီး တိုးတက်လာစေတာ၊ ရင့်ကျက်လာစေတာ၊ သန်မာလာစေတာ အခက်အခဲတွေ၊ အဆင်မပြေမှုတွေ၊ ရှုံးနိမ့်မှုတွေပါ။ ဒါကြောင့် Obstacles မဟုတ်ပါဘူး။ Opportunity to grow သာ ဖြစ်ပါတယ်။

ကိုယ့်ကိုယ်ကိုယ် Application တစ်ခုလို သဘောထားကြည့်မယ်ဆိုရင် ခက်ခဲတဲ့ အခိုက်အတံ့တွေ ဆိုတာ ဒီ App ကို Update လုပ်နေတဲ့ ဖြစ်စဉ်တွေပါပဲ။

💟 ၄။ တစ်ခါတလေ လဲပြိုခွင့်ပေးပါ။

“It’s ok to not be ok.” လူဆိုတော့ ပြိုလဲတဲ့အခါ ရှိမှာပေါ့။ အချိန်ပြည့် သန်မာနေရအောင် စက်ရုပ်မှ မဟုတ်တာ။ ဒါကြောင့် ကာလတစ်ခုတော့ ငိုပါ။ ဝမ်းနည်းပါ။ ပူဆွေးပါ။ ပြီးမှ လုပ်စရာရှိတာတွေ ဆက်လုပ်ပါ။

💟 ၅။ ညဘက်မှာ ဘာတွေပဲ ဖြစ်နေပါစေ၊ မနက်ကျရင်တော့ နေပြန်ထွက်လာမှာပဲ။

ကောင်းတာပဲဖြစ်ဖြစ်၊ မကောင်းတာပဲဖြစ်ဖြစ် အမြဲဖြစ်မနေပါဘူး။ သက်တမ်းကုန်ဆုံးရက် ဆိုတာ ရှိပါတယ်။ ဒါကြောင့် ပျော်စရာနဲ့တွေ့လည်း အပျော်မလွန်နဲ့။ ဘယ်အရာမှ မတည်မြဲဘူး။ ဒုက္ခနဲ့တွေ့လည်း အရှုံးမပေးနဲ့။ ဘယ်အရာမှ မတည်မြဲဘူး။

💟 ၆။ မဖြစ်သေးတာကို တွေးပူခြင်းက ၂ ခါ ရှုံးစေတယ်။

ဖြစ်မလာခဲ့ရင် တွေးပူခဲ့ရတာ အလကားပဲ။ ပင်ပန်းတာပဲ အဖတ်တင်တယ်။ ဖြစ်လာခဲ့တော့ရော တွေးပူခဲ့လို့ ဘာများထူးသွားလဲ။ ကြိုပြီး ပူလောင်ရတာတောင် ပိုသေးတယ်။

မှတ်ထားပါ။ ပြဿနာတွေဆိုတာ တွေးပူရုံနဲ့ မသက်သာသွားဘူး။ ဖြစ်လာနိုင်တာတွေအတွက် ခေါင်းအေးအေးနဲ့ ကြိုတင်ပြင်ဆင်ထားခြင်းကသာ အကူအညီ ဖြစ်တာပါ။

💟 ၇။ ပြီးပြည့်စုံတဲ့ ဘဝဆိုတာ မရှိဘူး။

ဆိုရှယ်မီဒီယာပေါ်မှာတော့ ကောင်းတာတွေပဲ တင်ကြတာပေ့ါ။ ဒီအခါ ကိုယ့်ဘဝရဲ့ အစစ်အမှန်နဲ့ သူများဘဝရဲ့ Highlights တွေကို သွားယှဉ်မိတတ်တယ်။ အဲဒါက အခက်အခဲတွေ ကြုံနေရချိန်မှာ လူကို ပိုပြီး စိတ်ဓါတ်ကျစေတယ်။ ဒါကြောင့် ဘယ်သူမဆို ကိုယ်စီကိုယ်စီ ဘဝရဲ့ အစိတ်အပိုင်းတစ်ခုခုမှာတော့ ရုန်းကန်နေကြရတာချည်းပဲ ဆိုတာကို မမေ့ဖို့ လိုပါတယ်။

💟 ၈။ ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။

အခက်အခဲတိုင်းကိုတော့ မဆိုလိုပါဘူး။ သို့သော် တချို့သော ကိစ္စတွေကတော့ ရုတ်တရက်ဆို ဒုက္ခဆင်းရဲလို့ ထင်ရပေမဲ့ ကိုယ့်အတွက် ပိုကောင်းဖို့ ဖြစ်လာတာတွေလည်း ရှိတတ်တယ်။ အိမ်ထောာင်ကွဲပြီးမှ ချစ်ခြင်းမေတ္တာကို ပိုတန်ဖိုးထားတတ်လာတာမျိုး၊ သေလုနီးနီး ဖြစ်ပြီးမှ ဘဝအမြင်တွေ ပြောင်းကုန်တာမျိုး၊ အလုပ်ပြုတ်သွားတော့မှ ကိုယ်တကယ်ရူးသွပ်တဲ့ အလုပ်ကို လုပ်ခွင့်ရတာတွေမျိုး စသဖြင့်ပေါ့။

💟 ၉။ ရယ်မောခြင်းသည် အကောင်းဆုံးဆေးတစ်ခွက်

ဒုက္ခရောက်နေပါတယ်ဆိုမှ ဘယ်လိုရယ်မလဲ။ နေရာတကာ ဟာသလုပ်နေဖို့တော့ ပြောတာ မဟုတ်ပါဘူး။ ဒါပေမဲ့ အရာရာတိုင်းမှာ Serious မထားပါနဲ့။ ရယ်စရာရှိ ရယ်ပါ။ ပေါ့ပေါ့ပါးပါး သဘောထားသင့်တဲ့နေရာ သဘောထားပါ။ Sense of humor ဟာ ဘဝအခက်အခဲတွေကို ရင်ဆိုင်ရာမှာ အများကြီး အထောက်အကူ ဖြစ်ပါတယ်။

16/07/2026

Good Morning ☀️

16/07/2026

World Gold - $4038

Local -$(96-94)

XAUUSD downside 📊Selling pressure 👈🏻‼️
15/07/2026

XAUUSD downside 📊
Selling pressure 👈🏻‼️

Address

YGN
Mandalay

Telephone

+959976885362

Website

Alerts

Be the first to know and let us send you an email when APEX Money Fx Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to APEX Money Fx Myanmar:

Shortcuts

Share