16/03/2024
Everyone စိတ်ကိုရွှင်ရွှင်လန်းလန်းထားပေးပါ
ကိုယ်လက်သန့်စင်ပြီး မင်္ဂလာရှိအောင်နေပါနော်
မမြင်ရတဲ့စွမ်းအင်တွေကို Positive Mindset နဲ့ လက်ခံပေးပါ
လေးညှင်းပွင့်လေးသုံး၍လည်း ငွေခေါ်ကြပါနော်
အားလုံးပဲ ကံကောင်းကြပါစေ 🙏🏼🙏🏼🙏🏼
လေးညှင်းပွင့်ဖြင့် ငွေခေါ်နည်း
ခုတလော ငွေဝင်နည်းလေးတွေဝေမျှပါလို့ပြောလို့ လည်း
post မတင်တာကြာတော့ ငွေခေါ်နည်းတွေထဲက တစ်ခုဖြစ်တဲ့
လေးညှင်းပွင့်ကိုသုံးပြီး ငွေခေါ်နည်းလေးကိုဝေမျှပေးလိုက်ပါတယ်....
ဒီနည်းလေးဟာ အရမ်းကိုရိုးရှင်းပြီးလုပ်ရတာလည်းလွယ်ကူပါတယ်....
လေးညှင်း (Clove) ကိုရပ်ကွက်ထဲက ကုန်ခြောက်ဆိုင် ၊ ကုန်စုံဆိုင်တွေလည်း အလွယ်တကူဝယ်လို့ရသလို ပရဆေးဆိုင်တွေမှာလည်းဝယ်လို့ရပါတယ်...
Ocean/ City Mart တို့မှာလည်းဝယ်လို့ရတာကြောင့်
ဒီနည်းလေးကိုရေးပေးဖြစ်တာပါ....
နည်းလေးကတော့....
အရောင်းအဝယ်ကောင်းချင်သူများ/စျေးရောင်းနေသူများ
ပစ္စည်းတွေရောင်းမထွက်ပါက လေးညှင်းပွင့်လေးကို ပစ္စည်းတွေကြားမှာထားပေးပါ.....
( အပွင့်အရေအတွက်မသတ်မှတ်ထားပါ)
တပတ် တခါတော့လုပ်ပေးပါ...
ထင်မထားလောက်အောင်အရောင်းသွက်လာပါမယ်နော်....
Online မှအရောင်းအဝယ်လုပ်နေသူများကတော့ လေးညှင်းပွင့်ကို လေးညှင်းပွင့်လေး 5 ပွင့်ကို အိတ်ထဲထည့်ကာ ဆောင်ထားပါ...
မနက်တိုင်း အိတ်ဖြင့် ဖုန်းကိုပုတ်ကာ မိမိလိုရာဆုတောင်းပါ...
အရောင်းအဝယ် ငွေကြေးလာဘ်လာဘတွေပွင့်ပါလိမ့်မယ်....
မိမိအိမ်ခြံမြေဆိုင်ခန်းမှာ လာဘ်ပိတ်နေတယ်လို့ထင်ရင်တော့ လေးညှင်းပွင့် ပြုတ်ရည်ဖြင့်သာ နေရာအနှံ့ပတ်ဖြန်းပါတော့....
ပြုတ်ရည်သာသုံးပါရန်....
တလတကြိမ်လုပ်လို့ရပါတယ်....
ငွေဝင်ချင်ရင်တော့ ပိုက်ဆံအိတ်ထဲမှာ လေးညှင်းပွင့် 3 ပွင့်ထည့်ကာဆောင်ထားပါ....
စန်းကျနေတယ်ထင်ပါက လေးညှင်းပွင့်ပြုတ်ရည်နှင့်ခေါင်းလျှော်ပေးပါ....အနံစွဲတာမကြိုက်သူများကတော့ ပြီးရင်တော့ရေနဲ့ပြန်လျှော်ပေါ့နော်.....
စန်းကောင်းမှ လာဘ်ကောင်းတာမလို့ စန်းဟာလည်းအရေးကြီးလှပါတယ်....
လုပ်ရလွယ်တဲ့နည်းမို့လို့ လူတိုင်းလိုက်လုပ်ကြည့်ပါနော်....
ယခုနည်းလေးကို မိမိနှစ်သက်ရာ နေ့ရက် အချိန်မှစပြီးလုပ်လို့ရပါတယ်....
Credit to the owner