20/01/2022
Broker အကြောင်းသိကောင်းစရာများ
🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸🔸
Forex Marketမှာ ရင်းနှီးမြှုပ်နှံပြီးအရောင်းဝယ်လုပ်မယ့်သူတွေအတွက် Broker ဆိုတာဘာလဲနဲ့ ဘယ်လိုBrokerအမျိုးစားရှိလဲဆိုတာပြောပြပေးသွားပါ့မယ်
🔸Broker ဆိုတာဘာလဲ ?
BrokerဆိုတာTrader တွေကို ဒီ Forex Market ထဲမှာ ကမ္ဘာရွှေ၊ ရေနံ တွေအပြင် တခြားနိုင်ငံတကာမှာ ရှိနေတဲ့ ငွေကြေးအသီးသီးကို Traderတို့ စက္ကန့်ပိုင်းအတွင်း ဝယ်ချင်တဲ့အချိန် ဝယ်နိုင်ဖို့ (သို့မဟုတ်) ရောင်းချင်တဲ့အချိန် ရောင်းနိုင်ဖို့ ဆောင်ရွက်ပေးတဲ့ ကြားခံပွဲစား ကုမ္ပဏီတွေပဲ ဖြစ်ပါတယ်။
အမျိုးစားအားဖြင့် Broker က
1)Dealing Desks Broker(DD) နှင့်
2)No Dealing Desks Broker(NDD) ဆိုပြီး နှစ်မျိုးရှိပါတယ်။
🔸Dealing Desks Broker(DD)
Dealing Desks Broker(DD)ကို တနည်းအားဖြင့် Market Markers လို့လည်းခေါ်ကြပါတယ်။ Dealing Desks Broker တွေက Traderရောင်းချင်ရင်ဝယ်ထားပြီး Traderက ဝယ်ချင်တဲ့အခါပြန်ရောင်းပေးတာမျိုးပါ။
ဒီ Broker အမျိုးအစားကတော့ Trader မြတ်ရင် Broker က ရှုံးပြီးTrader ရှုံးရင်တော့ Brokerက မြတ်တဲ့ အမျိုးအစားမျိုးဖြစ်ပါတယ် ။
သူ့ရဲ့အားသာချက်ကတော့ Trader တွေကုန်ကျတဲ့စရိတ် တနည်းအားဖြင့် Broker Companyကိုပေးရတဲ့ Spread ၊ Swap Fee နဲ့ Commission စတဲ့ကုန်ကျစရိတ်တွေက ပုံမှန်No Dealing Desks Broker Companyတွေထက် အရမ်းနည်းပါးပါတယ်။
Dealing Desks Company မှာ Professional Trader အများစုပဲ အရောင်းဝယ်လုပ်ကြပြီး Company နဲ့ Pro Trader တွေ Amount များများနဲ့အားပြိုင်ကြပါတယ်။ ဒါပေမေ့ဒီလို Broker Company type မျိုးတွေမှာ ခုမှစတင်မဲ့ Trader တွေအတွက် လုံးဝမ Tradeသင့်ပါဘူး။ဒီအချက်ကသူ့ရဲ့ အားနည်းချက်ပါ။
Dealing Desks Broker Company မှန်းသိသာထင်ရှားစေတဲ့အချက်ကတော့ သူဟာ Amount နည်းနည်း၊ တနည်းအားဖြင့် Deposit ပမာဏနည်းနည်းနဲ့ Trade လို့ရတာပါ။ တချို့ Company တွေက 1$ လောက်ကစလို့ရပါတယ်။ 1$/2$/10$/100$ စတဲ့ Deposit နည်းနည်းနဲ့ Trade Account ဖွင့်လို့ရမယ်ဆိုရင် သတိထားသင့်ပါတယ်။ ဘာကြောင့်ဆို လူကြီးမင်းတို့အကောင့်ကအရှုံးဒဏ်မခံနိုင်ပဲ အကောင့်ပြုတ်နိုင်ပါတယ်။ နောက်ဆုံးမမေ့သင့်တဲ့အချက်ကတော့ ဒီBroker အမျိုးစားဟာ လူကြီးမင်းတို့ရောင်းရင် Company ကဝယ်ပြီး လူကြီးမင်းတို့ ဝယ်ရင် Company ကရောင်းပေးတဲ့အမျိုးစားဖြစ်တဲ့အပြင် ကိုယ်ရှုံးရင် Company မြတ်မှာပြီး ကိုယ်ရှုံးလျှင် Company မြတ်မယ်ဆိုတဲ့အချက်ပါ။
🔸No Dealing Desks Broker(NDD)
No Dealing Desks Broker (NDD) ကတော့ပထမတခု Dealing Desksနဲ့ ကွာခြားပြီးဆန့်ကျင်ဘက်သဘောကိုသွားပါတယ်။ပြီးတော့သူကမှ Real Broker Company ပါ။
ဒီBroker အမျိုးအစား ကတော့Trader ရှုံးမှ Broker မြတ်တဲ့ ပုံစံမျိုးမဟုတ်ဘဲဈေးကွက်ထဲမှာရှိတဲ့ ရောင်းသူ နဲ့ ဝယ်သူ များကို စက္ကန့်ပိုင်းအတွင်း အရောင်းအဝယ်တစ်ခု ဖြစ်သွားအောင်တိုက်ရိုက် ချိတ်ဆက်ပေးတဲ့ Broker အမျိုးအစားဖြစ်ပါတယ်။
ဒါ့ကြောင့် Traderတို့ရဲ့ အနိုင်အရှုံးဟာ Broker နှင့်သက်ဆိုင်ခြင်း မရှိတော့ပါဘူး။
No Dealing Desks (NDD) မှာ
1. Electronic Communication Network (ECN) နှင့်
2. Straight Through Processing (STP) ဆိုပြီး Process (2) မျိုးနဲ့သွားပါတယ် ။
1. Electronic Communication Network (ECN)
ECN ကတော့ လူကြီးမင်းတို့ အရောင်းဝယ်လုပ်လိုက်တဲ့ဈေးနှုန်း နဲ့ Lot size အတိုင်း အခြားတစ်ဦးမှ အဲ့ဈေးနှုန်းနဲ့ Lot size အတိုင်းပဲ ရောင်းဝယ်လိုက်သည်ကို ရောင်းသူဝယ်သူ link ချိတ်ပေးပြီး ရောင်းဝယ်လုပ်ပေးတာပါ။ အားနည်းချက်က စက္ကန့်အနည်းငယ်စောင့်ရပါတယ်။ အဲ့ဈေးမတွေ့တဲ့အချိန် Company ကဝယ်ရောင်းလုပ်ပေးထားပြီး 2ယောက်တွေ့တဲ့အချိန်မှ Auto linkချိတ်ပေးလိုက်တာပါ။
2. Straight Through Processing (STP)
STP ကလည်း ECN လိုရောင်းသူဝယ်သူ link ချိတ်ပေးပြီး အရောင်းဝယ်လုပ်ပေးတာမျိုးပါပဲ။ ECN နဲ့ ကွာခြားချက်အရမ်းမများပါဘူး သို့ပေမဲ့ သူကတော့ Process ကိုချက်ချင်းလုပ်ဆောင်ပေးပြီး အရမ်းမြန်ပါတယ်။
No Dealing Desks(NDD) ရဲ့အားနည်းချက်ကတော့ Dealing Desks (DD) နဲ့ပြောင်းပြန်ဖြစ်ပြီး Trader တွေကုန်ကျတဲ့စရိတ် တနည်းအားဖြင့် Broker Companyကိုပေးရတဲ့ Spread ၊ Swap Fee နဲ့ Commission စတဲ့ကုန်ကျစရိတ်တွေက ပုံမှန် Dealing Desks Broker Companyတွေထက် အနည်းငယ်မဆိုသလောက်လေး ပိုပေးရပါတယ်။
အားသာချက်ကတော့ ခုမှစTradeမဲ့ Beginners တွေအတွက်အသင့်တော်ဆုံးပါ။ ဒါ့အပြင် No Dealing Desks (NDD) Broker Company အများစုက Deposit Amount နည်းနည်းနဲ့ Trading Account ဖွင့်လို့မရပါဘူး။ ဒါမှလည်း လူကြီးမင်းတို့ အကောင့်ဟာ အရှုံးဒဏ်ခံနိုင်ပြီး အမြတ်ပြန်ရှာလို့ရမှာပါ။
🔸Broker Company ရွေးချယ်မယ်ဆိုရင် ဘာတွေလိုအပ်ပါသလဲ ?
• ငွေသွင်းငွေထုတ်စနစ်ကိုမေးပါ။ မည်သို့ငွေသွင်းရပြီး မည်သို့ငွေပြန်ထုတ်ပေးသည်ကိုမေးမြန်းပါ။ ဒါ့အပြင် ငွေသွင်းငွေထုတ်လျင်မြန်မှုရှိ၊မရှိ မည်မျှကြာသည်ကိုမေးပါ။
• လူကြီးမင်းတို့ငွေနဲ့ပတ်သတ်ပြီး Company ရဲ့အာမခံမှုကိုမေးပါ။ စာချုပ်စာတမ်းနှင့်တကွ ပြုလုပ်ပေး၊မပေး မေးမြန်းပါ။
• ဘယ်လိုဝန်ဆောင်မှု ပြန်ပေးလဲမေးမြန်းပါ။ ကြားခံ Broker သပ်သပ်ပဲလား(သို့) မိမိအတွက် ဘယ်လို support ပေးသလဲ နှင့် ဘယ်လို ဝန်ဆောင်မှုတွေပေးလဲမေးပါ။
• မိမိဘာကို Trade ချင်သလဲ ? မိမိ Trade ချင်တဲ့ Currency Pair တွေအကုန်လုံးကို Broker က ထောက်ပံ့ပေးနိုင်လား ကြည့်ရပါမယ်။
• ဘယ်လို Trading Platform သုံးတာလည်း ကြည့်ရပါမယ်။
• လူကြီးမင်း ရင်းနှီးမြှုပ်နှံလိုသော ငွေပမာဏကို Broker Company ဘက်မှလက်ခံနိုင်လားမေးပါ။
• ခိုင်မာသော Company ဟုတ်မဟုတ် လေ့လာပါ။
• နောက်ဆုံးအချက်အနေနဲ့ Dealing Desks လား No Dealing Desks လားမေးရပါမယ်။
ဒီလောက်ဆိုရင် ရင်းနှီးမြှုပ်နှံမဲ့ Trader များအနေနဲ့လည်း သင့်လျော်ရာ ကိုယ်နဲ့ကိုက်ညီမဲ့ Broker Company ကိုရွေးချယ်နိုင်ပြီး လူကြီးမင်းတို့အတွက် အကျိုးရှိစေမယ်လို့မျှော်လင့်ပါတယ်ရှင့်။
Ref;
ူလိုလျှင်CrdပေးပြီးMentionဖို့မေတ္တာရပ်ခံပါတယ်ရှင့်။
💯ကမ္ဘာ့ရွှေ၊ မြန်မာ့ရွှေ နှင့် ငွေကြေး စျေးကွက်များကို အချိန်နှင့် တစ်ပြေးညီ သိလိုလျှင် Page ကို Like and Follow လေး လုပ်ပေးပါနော်
https://www.facebook.com/အနို-ကမ္ဘာ့ရွှေနှင့်နိုင်ငံတကာငွေကြေးဈေးကွက်အကြံပေး-101757782364478/
လေ့လာဖတ်ရှုပေးပါသော လူကြီးမင်းတို့အား အထူးပင်ကျေးဇူးတင်ပါသည်။📩
(အနို_ကမ္ဘာ့ရွှေအကြံပေး)
#09969678581
⛪မန္တလေးရုံးလိပ်စာ (၁)
58Bလမ်း၊ ၁၀၃နှင့်၁၀၄ ကြား၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
⛪မန္တလေးရုံးလိပ်စာ (၂)
၆၂(A) လမ်း၊ ၁၀၃*၁၀၃(A) ကြား၊ မြို့သစ်ရပ်၊ ချမ်းမြသာစည်မြို့နယ်၊ မန္တလေးမြို့။
🏩ရန်ကုန် ရုံးလိပ်စာ
အခန်းနံပါတ်(905), SoHo Business Tower 9လွှာ- ဗိုလ်မြတ်ထွန်းလမ်း, အောက်ဘလောက်, ဗိုလ်တစ်ထောင်မြို့နယ်, ရန်ကုန်မြို့။
gold and currency
,
#ရွှေဈေး #ဒေါ်လာဈေး