10/08/2026
📄 INVOICE ERROR — စာရွက်တစ်ရွက်ရဲ့ အမှားက ရုံးတစ်ခုလုံးကို ဘယ်လောက်ထိ သက်ရောက်နိုင်လဲ?
Invoice တစ်စောင်မှာ
“ငွေပမာဏလေးမှားတာပဲ…”
“Company Name စာလုံးလေးမှားတာပဲ…”
ဆိုပြီး ပေါ့ပေါ့ဆဆ မယူဆသင့်ပါဘူး။
ဘာလို့လဲဆိုတော့ Invoice တစ်စောင်ဟာ ငွေပေးချေမှု၊ စာရင်းသွင်းမှု၊ Stock၊ Tax နဲ့ Financial Report တွေအထိ ဆက်စပ်နေလို့ပါ။
🔎 Invoice မှာ အများဆုံးတွေ့ရတဲ့ Error 5 မျိုး
1️⃣ Amount Error
ပစ္စည်း 10 ခု × 5,000 = 50,000 ဖြစ်ရမယ့်အစား 500,000 ဖြစ်နေခြင်းမျိုး။
2️⃣ Quantity Error
တကယ်ဝယ်ထားတာ 20 ခုဖြစ်ပေမယ့် Invoice မှာ 200 ခု ဖြစ်နေခြင်း။
3️⃣ Date Error
ဝယ်ယူတဲ့နေ့နဲ့ Invoice Date မကိုက်ညီခြင်း။
4️⃣ Supplier / Customer Information Error
Company Name၊ Address၊ Tax Information စတာတွေ မှားယွင်းနေခြင်း။
5️⃣ Duplicate Invoice
Invoice တစ်စောင်ကို နှစ်ကြိမ်စာရင်းသွင်းမိခြင်း။
ဒီလိုဖြစ်ရင် Expense သို့မဟုတ် Payable က အမှန်ထက်ပိုနေသွားနိုင်ပါတယ်။
💡 ဒါကြောင့် Invoice ကို ဘယ်သူစစ်ရမလဲ?
“Accounting က စစ်မှာပဲ” ဆိုပြီး ကိုယ့်တာဝန်မဟုတ်သလို မထားသင့်ပါဘူး။
Invoice တစ်စောင်ကို ပြုလုပ်တဲ့သူ၊ Request လုပ်တဲ့သူ၊ ပစ္စည်းလက်ခံတဲ့သူ၊ Approval ပေးတဲ့သူနဲ့ Accounting — သက်ဆိုင်သူတိုင်းက ကိုယ့်အပိုင်းကိုယ် စစ်ဆေးဖို့ လိုပါတယ်။
✅ Invoice လက်ခံတဲ့အခါ အနည်းဆုံး ဒီ 5 ခုကို Check လုပ်ပါ။
☑️ Company / Supplier Name မှန်လား?
☑️ Invoice Date မှန်လား?
☑️ Quantity မှန်လား?
☑️ Unit Price × Quantity မှန်လား?
☑️ Total Amount မှန်လား?
မှတ်ထားရမယ့် အချက်က —
❝Invoice Error ကို Accounting မှာတွေ့မှ ပြင်တာထက်
Invoice မတင်ခင်ကတည်းက စစ်တာက ပိုကောင်းပါတယ်။❞
📌 Small Error → Wrong Record → Wrong Report → Wrong Decision
စာရွက်တစ်ရွက်ရဲ့ အမှားသေးသေးလေးက
နောက်ဆုံးမှာ Management ဆုံးဖြတ်ချက်အထိ သက်ရောက်နိုင်ပါတယ်။
Invoice တစ်စောင်ကို “စာရွက်တစ်ရွက်” လို့မမြင်ဘဲ
“Financial Information တစ်ခု” လို့မြင်တတ်ဖို့ အရေးကြီးပါတယ်။
Your Trusted Business Partner
DEEP