DEEP Accounting & Financial Consultant Firm

DEEP Accounting & Financial Consultant Firm Accounting & Financial Consultant Firm

📄 INVOICE ERROR — စာရွက်တစ်ရွက်ရဲ့ အမှားက ရုံးတစ်ခုလုံးကို ဘယ်လောက်ထိ သက်ရောက်နိုင်လဲ?Invoice တစ်စောင်မှာ“ငွေပမာဏလေးမှား...
10/08/2026

📄 INVOICE ERROR — စာရွက်တစ်ရွက်ရဲ့ အမှားက ရုံးတစ်ခုလုံးကို ဘယ်လောက်ထိ သက်ရောက်နိုင်လဲ?

Invoice တစ်စောင်မှာ
“ငွေပမာဏလေးမှားတာပဲ…”
“Company Name စာလုံးလေးမှားတာပဲ…”
ဆိုပြီး ပေါ့ပေါ့ဆဆ မယူဆသင့်ပါဘူး။

ဘာလို့လဲဆိုတော့ Invoice တစ်စောင်ဟာ ငွေပေးချေမှု၊ စာရင်းသွင်းမှု၊ Stock၊ Tax နဲ့ Financial Report တွေအထိ ဆက်စပ်နေလို့ပါ။

🔎 Invoice မှာ အများဆုံးတွေ့ရတဲ့ Error 5 မျိုး

1️⃣ Amount Error
ပစ္စည်း 10 ခု × 5,000 = 50,000 ဖြစ်ရမယ့်အစား 500,000 ဖြစ်နေခြင်းမျိုး။

2️⃣ Quantity Error
တကယ်ဝယ်ထားတာ 20 ခုဖြစ်ပေမယ့် Invoice မှာ 200 ခု ဖြစ်နေခြင်း။

3️⃣ Date Error
ဝယ်ယူတဲ့နေ့နဲ့ Invoice Date မကိုက်ညီခြင်း။

4️⃣ Supplier / Customer Information Error
Company Name၊ Address၊ Tax Information စတာတွေ မှားယွင်းနေခြင်း။

5️⃣ Duplicate Invoice
Invoice တစ်စောင်ကို နှစ်ကြိမ်စာရင်းသွင်းမိခြင်း။
ဒီလိုဖြစ်ရင် Expense သို့မဟုတ် Payable က အမှန်ထက်ပိုနေသွားနိုင်ပါတယ်။

💡 ဒါကြောင့် Invoice ကို ဘယ်သူစစ်ရမလဲ?
“Accounting က စစ်မှာပဲ” ဆိုပြီး ကိုယ့်တာဝန်မဟုတ်သလို မထားသင့်ပါဘူး။

Invoice တစ်စောင်ကို ပြုလုပ်တဲ့သူ၊ Request လုပ်တဲ့သူ၊ ပစ္စည်းလက်ခံတဲ့သူ၊ Approval ပေးတဲ့သူနဲ့ Accounting — သက်ဆိုင်သူတိုင်းက ကိုယ့်အပိုင်းကိုယ် စစ်ဆေးဖို့ လိုပါတယ်။

✅ Invoice လက်ခံတဲ့အခါ အနည်းဆုံး ဒီ 5 ခုကို Check လုပ်ပါ။

☑️ Company / Supplier Name မှန်လား?
☑️ Invoice Date မှန်လား?
☑️ Quantity မှန်လား?
☑️ Unit Price × Quantity မှန်လား?
☑️ Total Amount မှန်လား?

မှတ်ထားရမယ့် အချက်က —
❝Invoice Error ကို Accounting မှာတွေ့မှ ပြင်တာထက်
Invoice မတင်ခင်ကတည်းက စစ်တာက ပိုကောင်းပါတယ်။❞

📌 Small Error → Wrong Record → Wrong Report → Wrong Decision

စာရွက်တစ်ရွက်ရဲ့ အမှားသေးသေးလေးက
နောက်ဆုံးမှာ Management ဆုံးဖြတ်ချက်အထိ သက်ရောက်နိုင်ပါတယ်။

Invoice တစ်စောင်ကို “စာရွက်တစ်ရွက်” လို့မမြင်ဘဲ
“Financial Information တစ်ခု” လို့မြင်တတ်ဖို့ အရေးကြီးပါတယ်။

Your Trusted Business Partner
DEEP

📊 EXPECTATION vs REALITY — Excel VersionExpectation 😎Excel Sheet ဖွင့်လိုက်တယ်…Sales ✅Expense ✅Cash ✅Profit ✅အားလုံးက St...
08/08/2026

📊 EXPECTATION vs REALITY — Excel Version

Expectation 😎

Excel Sheet ဖွင့်လိုက်တယ်…

Sales ✅
Expense ✅
Cash ✅
Profit ✅
အားလုံးက Straight Line နဲ့ Perfect ဖြစ်နေတယ်။
“ဒီလ စာရင်းကတော့ အေးဆေးပဲ…” 😌

Reality 😑

Boss က မေးတယ်—
“Cash က တကယ်လည်း ဒီလောက်ရှိတာလား?”

“ဟုတ်… ဟုတ်မယ်ထင်ပါတယ်…”
အဲ့ဒီနောက်…

Excel Cash = 2,500,000
လက်ထဲက Cash = 2,150,000

Difference = 350,000 😭

ပြီးတော့ စစ်လိုက်တော့—

🧾 Receipt တစ်ခု မသွင်းရသေး
💸 Expense တစ်ခု သွင်းထားပေမယ့် Payment မမှတ်ထား
🏦 Bank Transfer တစ်ခုကို Cash လို့မှတ်ထား

နောက်ဆုံး Excel ကိုကြည့်ပြီး—

“Excel က မှားနေတာမဟုတ်ဘူး…
ငါထည့်ထားတာကိုက မှားနေတာ 🥲”

💡 Basic Accounting မှာ မှတ်ထားရမယ့်အချက်

Excel မှာ Balance ကိုက်ရုံနဲ့ လက်တွေ့မှာ Balance ကိုက်ဖို့ဆိုတာ မသေချာဘူး။

စာရင်းမှန်ဖို့ဆိုရင်
စာရင်းထဲက Amount နဲ့ တကယ်ရှိတဲ့ Amount ကို ပြန်တိုက်စစ်ဖို့လိုပါတယ်။
ဒီလို စာရင်းတိုက်စစ်တာကို Reconciliation လို့ခေါ်ပါတယ်။

သင်သာဆို 350,000 ကွာနေရင်
ဘယ်ကနေစရှာမလဲ? 👇

A️⃣ Cash
B️⃣ Bank
C️⃣ Expense
D️⃣ Receipts
DEEP
Business Solution Firm

Business တစ်ခုက Profit ရနေပေမယ့်... "Cash မလောက်လို့" ပိတ်ရတဲ့ Case တွေ တကယ်ရှိတယ်။ဒါကို "Profitable but Broke" လို့ခေါ်...
05/08/2026

Business တစ်ခုက Profit ရနေပေမယ့်...
"Cash မလောက်လို့" ပိတ်ရတဲ့ Case တွေ တကယ်ရှိတယ်။

ဒါကို "Profitable but Broke" လို့ခေါ်ပါတယ်။ 😨

ဘယ်လိုဖြစ်နိုင်လဲ?

🔹 Sales တွေရပေမယ့် Customer တွေ ငွေမပေးသေးဘူး (Receivable ကြီးများနေတယ်)
🔹 Supplier ကို ငွေချက်ချင်းပေးရပေမယ့် Customer ဆီက ငွေက ၃၀-၆၀ ရက်ကျမှ ဝင်တတ်တယ်
🔹 Inventory ကို ကြိုဝယ်ထားရလို့ Cash ထဲမှာ ချုပ်နေတယ် (Stock ပုံနေတယ်)
🔹 Loan Repayment၊ Tax Payment Due Date တွေ တစ်ပြိုင်နက် ကျမိတယ်

Profit က Paper ပေါ်မှာ ရှိပေမယ့် Cash က Account ထဲမှာ မရှိဘူး = Business ရပ်နိုင်တယ်

💡 Cashflow ကောင်းအောင် Practical Tipsတွေကတော့
1️⃣ Cash Flow Forecast လုပ်ပါ (Weekly/Monthly)
ရက်စွဲအလိုက် ဘယ်အချိန် ဘယ်လောက် ဝင်မယ်၊ ဘယ်လောက် ထွက်မယ်ဆိုတာ ကြိုမှန်းပါ။ "အံ့သြစရာ" မဖြစ်အောင်။

2️⃣ Receivable Collection ကို Speed လုပ်ပါ
Invoice ထုတ်ပြီးတာနဲ့ ချက်ချင်းပို့ပါ၊ Payment Term တိုတိုထားပါ၊ Overdue ဖြစ်ရင် Follow-up စနစ်တကျ လုပ်ပါ။

3️⃣ Payable ကို အကောင်းဆုံး Timing နဲ့ ချေပါ
Supplier နဲ့ Term ကောင်းကောင်း Negotiate လုပ်ပါ — စောလွန်းလည်း မကောင်းဘူး၊ နောက်ကျလွန်းလည်း Relationship ပျက်နိုင်တယ်။

4️⃣ Cash Reserve/Buffer ထားပါ
အနည်းဆုံး Operating Expense ၂-၃ လစာ Reserve ထားနိုင်ရင် အရေးပေါ်အခြေအနေမှာ ပျာယာခတ်နေစရာ မလိုပါဘူး။

5️⃣ Inventory ကို Over-stock မလုပ်ပါနဲ့
"ဈေးလျှော့ရလို့ များများဝယ်လိုက်တာ" က တစ်ခါတလေ Cash ကို ချုပ်ထားတာနဲ့ အတူတူပါပဲ။

*6️⃣ Profit နဲ့ Cash ကို သီးခြားစီ Track လုပ်ပါ
P&L (Profit) တစ်ခုတည်း မကြည့်ပါနဲ့ — Cash Flow Statement ကိုပါ လစဉ် ပြန်ကြည့်ပါ။

📊 Accountant/Finance Team အတွက် :
13-week (3months) Cash Flow Forecast Template လုပ်ပြီး Management ကို Weekly တင်ပါ။

🧑‍💼 Ownerတွေ အတွက် :
"ငါ ဒီလ Profit ရတယ်" ဆိုတာနဲ့ စိတ်ချမနေပါနဲ့ "ငါ့ Bank Account ထဲမှာ လာမယ့် ၃၀ ရက်အတွက် လိုအပ်တဲ့ Cash ရှိလား" လို့ မေးကြည့်ပါ။

"Revenue is Vanity, Profit is Sanity, but Cash is King" 👑

3 ခုစလုံး ချိန်ညှိတတ်မှ Business တကယ် ခိုင်မာတယ်။

သင့် Business/Team မှာ Cashflow Crunch ကြုံဖူးလား? ဘယ်လို ကျော်ဖြတ်ခဲ့လဲ Comment မှာ Share ကြပါဦး 👇

ရုံးဝန်ထမ်းတိုင်းမှာ "Mode" (၃) မျိုးရှိတယ်... 😂🟢 Monday Mode"ဒီတစ်ပတ်တော့ အလုပ်တွေ အကုန်ပြီးအောင်လုပ်မယ်!"Motivation အပ...
04/08/2026

ရုံးဝန်ထမ်းတိုင်းမှာ "Mode" (၃) မျိုးရှိတယ်... 😂

🟢 Monday Mode

"ဒီတစ်ပတ်တော့ အလုပ်တွေ အကုန်ပြီးအောင်လုပ်မယ်!"

Motivation အပြည့်နဲ့ စတယ်။

🟡 Wednesday Mode

"အင်း... ဖြည်းဖြည်းချင်းပဲ လုပ်တာပေါ့..."

Coffee တစ်ခွက်၊ ရေတစ်ခွက်၊ Facebook တစ်ချက်...

အလုပ်ကတော့ ရှေ့ကို နည်းနည်းပဲ ရွေ့တယ်။ 🤣

🔴 Friday Mode

"ဒါလေး မပြီးသေးဘူးလား?"

"အခုမှ ပို့လာတာလား?"

"ဒီနေ့ပဲ လိုတာလား?"

စိတ်ထဲကတော့...

"Weekend ကို ဘာလို့ အနှောင့်အယှက်ပေးနေတာလဲ..." 😂

ဒါပေမယ့်...

တနင်္လာနေ့ရောက်ရင်...

အရင်ဆုံး ပြောတဲ့စကားက

"Weekend က မြန်လိုက်တာ..." 🤣

ရုံးဝန်ထမ်းဘဝရဲ့ အကြီးဆုံး Mystery က...

Weekend က ၂ ရက်ပဲရှိပေမယ့်... Monday က ဘာလို့ အရမ်းမြန်ရောက်လာတာလဲ? 😅

သင်တို့ရော တစ်ပတ်တာမှာ ဘယ်လိုMoodတွေနဲ့ ဖြတ်သန်းကြသလဲ? Commentမှာ ဝင်ရေးပေးခဲ့ပါအုံး။

#ရုံးဝန်ထမ်း

🚨 သင့် Warehouse ထဲမှာ "မမြင်ရတဲ့ သူခိုး" ရှိနေနိုင်ပါတယ်။တစ်ရက်မှာ သင့်ရုံးမှာ Inventory Count လုပ်လိုက်တယ်။Stock Card ...
04/08/2026

🚨 သင့် Warehouse ထဲမှာ "မမြင်ရတဲ့ သူခိုး" ရှိနေနိုင်ပါတယ်။

တစ်ရက်မှာ သင့်ရုံးမှာ Inventory Count လုပ်လိုက်တယ်။

Stock Card အရ...
500 pcs ရှိရမယ်။
တကယ်ရေတွက်လိုက်တော့...
472 pcs ပဲရှိတယ်။

"၂၈ ခု ဘယ်ရောက်သွားတာလဲ?"

ပထမဆုံး သံသယဝင်တာက...
❌ ဝန်ထမ်းခိုးသလား?
❌ Supplier လျော့ပို့သလား?
❌ Customer မှားယူသွားသလား?

ဒါပေမယ့်...
စစ်လိုက်တဲ့အခါ ဘယ်သူမှ မမှားထားဘူး။
တကယ်တမ်း ပြဿနာက...Inventory Error.

Inventory Error ဆိုတာ ခိုးယူမှုမရှိဘဲ လုပ်ငန်းရဲ့ Stock Data မှားယွင်းသွားတာကို ဆိုလိုပါတယ်။
ဥပမာ...
📌 Goods Received လုပ်ပြီး System ထဲ မသွင်းထားခြင်း
📌 Sales ဖြစ်ပြီး Stock မလျှော့ထားခြင်း
📌 Wrong Item Code ရိုက်ထည့်ခြင်း
📌 Unit (Box / Piece) မှားသုံးခြင်း
📌 Physical Stock Count မလုပ်တာကြာသွားခြင်း
ဒီလို Error သေးသေးလေးတွေ စုပေါင်းလာတဲ့အခါ...
📉 Inventory Value မှားမယ်။
📉 Cost of Sales မှားမယ်။
📉 Profit မှားမယ်။
📉 ဝယ်ယူရမယ့် ပမာဏပါ မှားသွားမယ်။

အန္တရာယ်အကြီးဆုံးက...

"ငွေဆုံးရှုံးနေတာကိုတောင် မသိလိုက်တာ" ပါပဲ။

Inventory Management က Stock ရေတွက်ရုံ မဟုတ်ပါဘူး။
မှန်ကန်တဲ့ Inventory Data က မှန်ကန်တဲ့ Business Decision တွေရဲ့ အခြေခံဖြစ်ပါတယ်။

💬 သင့်လုပ်ငန်းမှာ Inventory Count လုပ်တဲ့အချိန် Stock က Report နဲ့ မကိုက်ဖူးတဲ့ အတွေ့အကြုံရှိလား?

DEEP
Business Solution Firm

"ဒီလတော့ အောင်မြင်ပြီ..."ကိုမင်းက ဖုန်းကိုင်ပြီး page ကို ကြည့်လိုက်တယ်။Order Notification တွေ တောက်လျှောက်တက်န...
03/08/2026

"ဒီလတော့ အောင်မြင်ပြီ..."
ကိုမင်းက ဖုန်းကိုင်ပြီး page ကို ကြည့်လိုက်တယ်။
Order Notification တွေ တောက်လျှောက်တက်နေတယ်။
Messenger မှာ Customer တွေ စာလာနေတယ်။
Delivery သမားကလည်း တစ်နေ့ကို သုံးခေါက်လောက် လာယူနေရတယ်။
ဝန်ထမ်းတွေကလည်း
"Boss... ဒီလ Record Break ပဲ။" ဆိုပြီး ပျော်နေကြတယ်။
ကိုမင်းလည်း ယုံကြည်ချက်အပြည့်နဲ့ ပြုံးလိုက်တယ်။
"ဒီနှစ်တော့ ဆိုင်အသစ်တောင် ဖွင့်လို့ရတော့မယ်။"
________________________________________
လကုန်ရောက်တော့...
Supplier တစ်ယောက် ဖုန်းဆက်လာတယ်။
"အစ်ကို... အရင်လ Invoice လေး ငွေရှင်းပေးပါဦး။"
နောက် Supplier တစ်ယောက်...
"Boss... Payment Date ကျော်နေပြီနော်။"
ဝန်ထမ်းလစာပေးရမယ့်နေ့လည်း ရောက်လာတယ်။
ဆိုင်ခန်းငှားခ...
Internet Bill...
Electricity...
Delivery Charges...
Advertising Cost...
Tax...
အားလုံးက တစ်ရက်တည်းလိုလို ဝင်လာတယ်။ ကိုမင်း ဘဏ်အကောင့်ဖွင့်ကြည့်လိုက်တယ်။ Cash Balance ကိုမြင်ပြီး ခဏလောက် တိတ်သွားတယ်။
"မဖြစ်နိုင်ဘူး...
ဒီလ ရောင်းအား အများကြီးတက်တာကို ပိုက်ဆံတွေက ဘယ်ရောက်သွားတာလဲ..."
သူ့မှာ အတွေးများစွာနဲ့ တစ်နေကုန် စိတ်နဲ့ ကိုယ်မကပ်...
________________________________________
နောက်နေ့ Accountant ကို ခေါ်လိုက်တယ်။
"ကျွန်တော် မသိတော့ဘူးဗျာ...ရောင်းအားကတော့ အကောင်းဆုံးလပဲကို...
ဒါပေမယ့် Cash မရှိဘူး။"
Accountant က ဘာမှမပြောဘဲ Laptop ဖွင့်လိုက်တယ်။ Financial Report တစ်စောင် ထုတ်ပေးလိုက်တယ်။
"အကို...ဒီ Report ကို တစ်ချက်ကြည့်ပါ။"
ကိုမင်း ကြည့်လိုက်တော့...Salesရလဒ်တွေက အရမ်းလှနေတယ်။
ဒါပေမယ့်...
Gross Profit က မထင်ထားသလောက် မကျန်ဘူး။ Operating Expenses က ပိုများနေတယ်။
Accounts Receivable ကလည်း တက်နေတယ်။ Inventory ကလည်း Stock အများကြီးကျန်နေတယ်။
________________________________________
Accountant က ရှင်းပြတယ်။
"အကို...ရောင်းအားကောင်းတယ်ဆိုတာ Customer တွေ ဝယ်တယ်ဆိုတဲ့ အဓိပ္ပာယ်ပဲ။
ဒါပေမယ့်...
Customer အများစုက Credit နဲ့ ဝယ်ထားတယ်။ ပိုက်ဆံက မရသေးဘူး။ ပြီးတော့...
Sale တက်အောင်ဆိုပြီး Discount တွေ အများကြီးပေးထားတယ်။ Facebook Ads Budget ကို နှစ်ဆတိုးသုံးထားတယ်။
Delivery Fee တွေလည်း Company က အကုန်ခံထားတယ်။ Stock တွေလည်း များကြီးဝယ်ထားတာကြောင့် Cash တွေ ပိတ်နေတယ်။"
________________________________________
အဲ့ဒီအချိန်မှာ ကိုမင်း သဘောပေါက်သွားတယ်။ သူက တစ်လလုံး Sales Dashboard(အရောင်းရလဒ်)ကိုပဲ ကြည့်ခဲ့တယ်။
Financial Report ကို တစ်ခါမှ သေချာမကြည့်ခဲ့ဘူး။ Revenue တက်တာကို အောင်မြင်တယ်လို့ ထင်ခဲ့တယ်။
Cash Flow ကိုတော့ မကြည့်ခဲ့ဘူး။ Profit Margin ကိုလည်း မတွက်ခဲ့ဘူး။
Expense Analysis ကိုလည်း စိတ်မဝင်စားခဲ့ဘူး။
________________________________________
Accountant က နောက်ဆုံး စကားတစ်ခွန်း ပြောလိုက်တယ်။
"အကို Business တစ်ခုကို သတ်နိုင်တာက ရောင်းအားမကောင်းတာ မဟုတ်ဘူး...
ကိုယ့်ငွေ ဘယ်သွားနေမှန်း မသိတာပါ။"
အဲဒီနေ့ကစပြီး...
ကိုမင်းက နေ့တိုင်း Sales Report မကြည့်တော့ဘူး။ Weekly Cash Flow Report ကို အရင်ကြည့်တယ်။
Monthly Profit Analysis ကို ကြည့်တယ်။ Expense တွေကို Category အလိုက် စစ်တယ်။
Accounts Receivable ကို Follow Up လုပ်တယ်။
သုံးလအကြာ...
ရောင်းအားက အရင်လောက် မတက်တော့ပေမယ့် လကုန်တိုင်း Cash ကျန်လာတယ်။
Supplier တွေကို အချိန်မီ ငွေရှင်းနိုင်တယ်။ ဝန်ထမ်းလစာလည်း နောက်မကျတော့ဘူး။
အဲဒီအချိန်မှာ သူနားလည်သွားတဲ့ အရာတစ်ခု ရှိတယ်။
"Business ကို ကြီးထွားစေတာ Sales မဟုတ်ဘူး... Financial Decisions တွေပဲ။"

လူအများစုက Sales ကိုပဲ အာရုံစိုက်ကြပါတယ်။
ဒါပေမယ့် လုပ်ငန်းတစ်ခု ရေရှည်တည်တံ့ဖို့ဆိုရင် အနည်းဆုံး ဒီ Report (၄) မျိုးကို ပုံမှန်ကြည့်သင့်ပါတယ်။
✅ Profit & Loss Report – တကယ်အမြတ်ရနေလား?
✅ Cash Flow Report – ငွေဝင်၊ ငွေထွက် ဘယ်လိုဖြစ်နေလဲ?
✅ Accounts Receivable Report – ဘယ် Customer တွေက ငွေမရှင်းသေးလဲ?
✅ Expense Analysis – ဘယ်နေရာမှာ ငွေယိုစိမ့်နေလဲ?
Financial Report ဆိုတာ Accountant အတွက် စာရွက်မဟုတ်ပါဘူး။
Owner က ဆုံးဖြတ်ချက်မှန်မှန်ချနိုင်ဖို့ အသုံးပြုရတဲ့ လမ်းညွှန်မြေပုံပါ။

DEEP
Business Solution Firm

31/07/2026

"စာရင်းကိုင်က ကောင်းပါတယ်... ဒါပေမယ့် Report ကို ကျွန်တော်/ကျွန်မ နားမလည်ဘူး။"

ဒီစကားကို အလုပ်ရှင်တော်တော်များများ မပြောဖြစ်ကြပေမယ့် စိတ်ထဲမှာတော့ ရှိနေတတ်ပါတယ်။
လတိုင်း Financial Report ရတယ်...
စာမျက်နှာတွေအများကြီး...
ကိန်းဂဏန်းတွေအများကြီး...

ဒါပေမယ့်...

"အခု လုပ်ငန်းက အမြတ်တက်နေလား?"
"ဘာကြောင့် ငွေသားအမြဲပြတ်နေတာလဲ?"
"ဘယ်ကုန်ကျစရိတ်ကို လျှော့သင့်တာလဲ?"
"ဘယ်ဆုံးဖြတ်ချက်ကို အရင်ချသင့်တာလဲ?"

ဒီမေးခွန်းတွေရဲ့ အဖြေကို Report ထဲမှာ မမြင်ရဘူး။

ပြဿနာက...
စာရင်းကိုင်က Accounting Language နဲ့ တင်ပြနေတယ်။
အလုပ်ရှင်ကတော့ Business Language နဲ့ နားလည်ချင်နေတယ်။

အဲဒီ Gap လေးတစ်ခုကြောင့်...
Report ရှိပေမယ့် ဆုံးဖြတ်ချက်မချနိုင်ဘူး။
ကိန်းဂဏန်းရှိပေမယ့် ဦးတည်ချက်မမြင်ရဘူး။

ထိုနည်းတူပဲ....

"ဒီ Report မဟုတ်ဘူး... ငါလိုချင်တာ ဒီလိုမဟုတ်ဘူး။"

အဲဒီစကားကို ကြားဖူးတဲ့ Accountant တစ်ယောက်ဆိုရင်...
အဲဒီခံစားချက်ကို ကောင်းကောင်းနားလည်မှာပါ။

Report တစ်စောင်ပြီးအောင် နေ့တွေ၊ ညတွေ အချိန်ပေးတယ်။
Data တွေစစ်တယ်။ ကိန်းဂဏန်းတွေ တိုက်တယ်။

ဒါပေမယ့်...
အလုပ်ရှင်က ကြည့်ပြီးပြောတာက...

"ဒီလို Report မဟုတ်ဘူး..."

ဘာလိုချင်တာလဲ မရှင်းဘူး။ဘယ်လိုပြင်ရမလဲ မသိဘူး။
ပြင်လိုက်တိုင်း "မဟုတ်သေးဘူး" ဆိုတဲ့ အဖြေပဲ ပြန်ရတယ်။

ဘာလို့လဲ?

တကယ်တော့...
Owner လိုချင်တဲ့ Business Information နဲ့
Accountant ပြင်ဆင်နေတဲ့ Financial Report ကြားမှာ Gap ရှိနေတာပါ။

ဒီ Gap ကြောင့်...
❌ အလုပ်တွေ ထပ်ခါထပ်ခါ ပြန်လုပ်ရတယ်။
❌ ယုံကြည်မှု လျော့လာတယ်။
❌ "ငါလုပ်တာ မကောင်းလို့လား?" ဆိုတဲ့ စိတ်ဖိစီးမှုတွေ ဖြစ်လာတယ်။
❌ Report​ကြည့်ပေမယ့် ဆုံးဖြတ်ချက်မချနိုင်ဘူး။
စတဲ့ ပြဿနာတွေဟာ လုပ်ငန်းရှင်ဘက်ကရော ဝန်ထမ်းဘက်ကပါ ကြုံလာရတတ်ပါတယ်။

Professional Accountant ဆိုတာ Report ထုတ်တတ်ရုံနဲ့ မလုံလောက်ပါဘူး။
Owner ဘာသိချင်နေလဲဆိုတာ နားလည်ပြီး၊ ဆုံးဖြတ်ချက်ချနိုင်တဲ့ Report ကို တင်ပြတတ်ရပါမယ်။

Accountant ကလည်း အလုပ်လုပ်နေတယ်၊ Owner ကတော့ စိတ်မချရသေးဘူး။
ဘယ်မှာလဲ အလုပ်ဖြစ်မှု.....?

Financial Report က စာရင်းပြရုံအတွက် မဟုတ်ပါဘူး။
လုပ်ငန်းကို ဘယ်လိုရှေ့ဆက်ရမလဲဆိုတာ ဆုံးဖြတ်ချက်ချဖို့ပါ။
Report ကောင်းတစ်စောင် ​ဖြစ်ဖို့ဆိုတာ...
ကိန်းဂဏန်းတွေ များနေဖို့မလိုပါဘူး။
အလုပ်ရှင်က ၅ မိနစ်အတွင်း နားလည်ပြီး ယုံကြည်စိတ်ချစွာ ဆုံးဖြတ်ချက်ချနိုင်ဖို့ပဲ လိုတာပါ။

ဒီသင်တန်းမှာတော့...

✅ အလုပ်ရှင်တကယ်လိုချင်တဲ့ Financial Information က ဘာလဲ?
✅မိမိလိုချင်တဲ့ Reportမျိုးရအောင် ဝန်ထမ်းတွေကို နားလည်အောင် ဘယ်လို Guide Line ချရမလဲ?
✅ Report ကို Decision ချနိုင်တဲ့ ပုံစံနဲ့ ဘယ်လိုတင်ပြမလဲ?
✅ Owner နဲ့ Accountant ကြား Communication Gap ကို ဘယ်လိုလျှော့ချမလဲ?
✅ Financial Report ကို လုပ်ငန်းတိုးတက်ဖို့ အသုံးချနိုင်တဲ့ Tool အဖြစ် ဘယ်လိုပြောင်းမလဲ? ဆိုတဲ့ အကြောင်းအရာတွေကို နားလည်လွယ်မယ့် Myanmar Versionနဲ့ သင်ကြားပေးမှာဖြစ်တဲ့အတွက်.....

- လက်ရှိလုပ်ငန်း စာရင်းနယ်ပယ်မှာ တာဝန်ယူနေတဲ့ ဝန်ထမ်းတွေ
- Owner / CEO, Operation Manager, Supervisor တွေ
- Cashier တွေ
- Accountant တွေ
- Store Keeper / Inventory Controller တွေ အားလုံးအတွက် လုပ်ငန်းခွင်အတွင်း ကြုံတွေ့နေရတဲ့ Gapတွေကို ဖြေရှင်းနိုင်သွားပါလိမ့်မယ်။

ဒါကြောင့်.....
📩 သင့်လုပ်ငန်းမှာလည်း ဒီလို Gap ရှိနေတယ်ဆိုရင် ဒီသင်တန်းက အဖြေတစ်ခု ဖြစ်နိုင်ပါတယ်။

သင်တန်းကြေး✅ - 350,000/person
Early Birds Fees✅ - 200,000/person
ဝန်ထမ်းဖြစ်လျှင်✅ - 150,000/person

❗လူဦးရေအကန့်သတ်ဖြင့်သာ❗

သင်တန်းရက်၊ တည်နေရာနှင့် အချိန်တို့ကို Page Chat Boxမှတစ်ဆင့် မေးမြန်းနိုင်ပါတယ်။

Address

65B Street & 109St
Mandalay

Website

Alerts

Be the first to know and let us send you an email when DEEP Accounting & Financial Consultant Firm posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share