31/07/2024
"Types of Herbicides Classification"
ပေါင်းသတ်ဆေးများကို အတန်းအစားခွဲခြားမှုပုံစံများ (ဘာသာပြန်)
Herbicides can be classified in several ways based on their characteristics and modes of action. Here are the main classifications:
ပေါင်းသတ်ဆေးများကို ၎င်းတို့၏ သွင်ပြင်လက္ခဏာနှင့် အဆိပ်သင့်မှုနည်းလမ်းတို့အပေါ် အခြေခံ၍ နည်းလမ်းပေါင်းများစွာဖြင့် အတန်းအစားခွဲခြားနိုင်ပါသည်။ အဓိကအတန်းအစားခွဲခြားမှုများမှာ -
1. Based on Selectivity
၁။ ရွေးချယ်ကာသတ်နိုင်မှုအပေါ် အခြေခံ၍ ခွဲခြားခြင်း
• Selective Herbicides: Target specific types of plants (e.g., broadleaf w**ds) without harming the desired crops.
ရွေးချယ်ပေါင်းသတ်ဆေးများ။ အလိုရှိရာသီးနှံကို မထိခိုက်စေဘဲ သီးသန့်အပင်အမျိုးအစားများကိုသာ ဦးတည်ပစ်မှတ်ထားသည့်ဆေးများ။
• Non-Selective Herbicides: Kill all plants they come into contact with, used for total vegetation control.
ရွေးချယ်မဲ့ပေါင်းသတ်ဆေးများ။ ၎င်းတို့နှင့်ထိတွေ့သော အပင်အားလုံးကို သတ်ပစ်သော၊ သဘာဝပေါက်ပင် အားလုံးကို ထိန်းချုပ်ရန်အတွက် အသုံးပြုသောဆေးများ။
2. Based on Mode of Action
၂။ အဆိပ်သင့်မှုနည်းလမ်းအပေါ် အခြေခံ၍ ခွဲခြားခြင်း
• Contact Herbicides: Kill only the parts of the plant they touch, requiring thorough coverage.
ထိသေပေါင်းသတ်ဆေးများ။ ၎င်းတို့နှင့်ထိတွေ့သော အပင်၏အစိတ်အပိုင်းများကိုသာ သတ်ပစ်သော၊ နှံ့နှံ့ စပ်စပ်လွှမ်းခြုံပက်ဖျန်းမိရန်လိုအပ်သောဆေးများ။
• Systemic Herbicides: Absorbed by the plant and translocated to other parts, killing the entire plant.
ပင်လုံးပျံ့အာနိသင်ရှိပေါင်းသတ်ဆေးများ။ အပင်မှစုပ်ယူပြီး အခြားအစိတ်အပိုင်းများသို့ ရွေ့လျားသွားကာ တစ်ပင်လုံးကို သတ်ပေးသောဆေးများ။
3. Based on Application Timing
၃။ ပက်ဖျန်းချိန်အပေါ် အခြေခံ၍ ခွဲခြားခြင်း
• Pre-Emergence Herbicides: Applied before the w**ds germinate and emerge from the soil.
ပေါင်းပင်မပေါက်မီပက်ဖျန်းရသော ပေါင်းသတ်ဆေးများ။ ပေါင်းပင်များ အညှောင့်မပေါက်မီနှင့် မြေပေါ်၌ပေါ်မလာမီ အသုံးပြုရသောဆေးများ။
• Post-Emergence Herbicides: Applied after the w**ds have emerged and are visible.
ပေါင်းပင်ပေါက်ပြီးမှပက်ဖျန်းရသော ပေါင်းသတ်ဆေးများ။ ပေါင်းပင်များ ပေါ်လာပြီး မြင်သာလာမှ အသုံးပြုရသောဆေးများ။
4. Based on Chemical Family
၄။ ဓါတုဆေးအုပ်စုအပေါ် အခြေခံ၍ ခွဲခြားခြင်း
• Phenoxy Herbicides: e.g., 2,4-D
ဖီနောက်ဆီ ပေါင်းသတ်ဆေးများ။ ဥပမာ။ တူးဖိုး-ဒီ
• Sulfonylureas: e.g., Metsulfuron-methyl
ဆာလ်ဖိုနိုင်းလ် ယူရီးယားများ။ ဥပမာ။ မက်ဆာလ်ဖျူရန်-မီသိုင်းလ်
• Triazines: e.g., Atrazine
ထရိုင်ယာဇင်းများ။ ဥပမာ။ အက်ထရာဇင်း
• Glyphosate: e.g., Glyphosate itself
ဂလိုင်ဖိုဆိတ်။ ဥပမာ။ ဂလိုင်ဖိုဆိတ်ကိုယ်တိုင်
• Others: There are many other chemical families, each with unique properties and modes of action.
အခြား။ တစ်မျိုးချင်းစီတွင် တစ်မူထူးခြားသည့် ဂုဏ်သတ္တိများနှင့် အဆိပ်သင့်မှုနည်းလမ်းရှိသော အခြား ဓါတု အပ်စုများ အများအပြား ရှိပါသည်။
5. Based on Persistence
၅။ တာရှည်ခံမှုအပေါ် အခြေခံ၍ ခွဲခြားခြင်း
• Persistent Herbicides: Remain active in the soil for an extended period, providing long-term w**d control.
တာရှည်ခံသော ပေါင်းသတ်ဆေးများ။ မြေထဲ၌ တိုးချဲ့ကာလတစ်ခုအထိ အာနိသင်ဆက်လက်တည်ရှိပြီး ပေါင်းသတ်နိုင်မှုတာရှည်သောဆေးများ။
• Non-Persistent Herbicides: Break down quickly in the environment, requiring more frequent applications.
တာရှည်မခံသော ပေါင်းသတ်ဆေးများ။ သဘာဝဝန်းကျင်တွင် လျင်မြန်စွာပြိုကွဲပြီး မကြာခဏပက်ဖျန်းပေးရန်လိုအပ်သောဆေးများ။
6. Based on Formulation
၆။ ဖေါ်စပ်ပုံအပေါ် အခြေခံ၍ ခွဲခြားခြင်း
• Liquid Herbicides: Applied as sprays.
အရည်ပုံစံပေါင်းသတ်ဆေးများ။ ဆေးစက်အမှုန်အမွှားအဖြစ် ပက်ဖျန်းအသုံးပြုကြ။
• Granular Herbicides: Applied as granules, often for soil incorporation.
အခဲငယ်ပုံစံပေါင်းသတ်ဆေးများ။ အခဲငယ်အဖြစ်၊ ရံဖန်ရံခါ မြေတွင်းသို့ထည့်သွင်းခြင်းအတွက် အသုံးပြုကြ။
7. Based on Target Weeds
၇။ ဦးတည်ပစ်မှတ်ပေါင်းပင်အမျိုးအစားအပေါ် အခြေခံ၍ ခွဲခြားခြင်း
• Broadleaf Herbicides: Target broadleaf w**ds.
ရွက်ပြန့် (ရွက်ဝိုင်း) ကိုသတ်သော ပေါင်းသတ်ဆေးများ။ ရွက်ပြန့် (ရွက်ဝိုင်း) ပေါင်းပင်များကိုသာ ဦးတည်ချက်ပစ်မှတ်ထား။
• Grass Herbicides: Target grassy w**ds.
မြက်သီးသန့်သတ်ဆေးများ။ မြက်မျိုးရင်းဝင်ပေါင်းများကို ဦးတည်ချက်ပစ်မှတ်ထား။
• Sedge Herbicides: Target sedges.
မုံညင်းသီးသန့်သတ်ဆေးများ။ မုံညင်းများကိုသာ ဦးတည်ချက်ပစ်မှတ်ထား။
These classifications help in selecting the right herbicide for specific w**d problems and crop protection needs.
ဤ (ပေါင်းသတ်ဆေးများကို) အတန်းအစားခွဲခြားနည်းများက သီးသန့်ပေါင်းပြဿနာများနှင့် သီးနှံကာကွယ်ရေးဆိုင်ရာလိုအပ်ချက်များအတွက် မှန်ကန်သည့်ပေါင်းသတ်ဆေးကို ရွေးချယ်ရာတွင် အကူအညီရစေပါသည်။
30-07-2024,
6:33 PM
Credit: ခေတ်မီ စိုက်ပျိုးရေး နည်းပညာများ
Photo Credit