04/06/2026
"ယတြာတွေစုံ၊ ဗေဒင်ဆရာငို"
ဖြစ်နေသူများအတွက် အင်္ဂဝိဇ္ဇာပညာခန်းလာ အစွမ်းထက် ပဉ္စပွတ်၊ အညွှန့်၊ ဆပွတ် လက်တွေ့ယတြာ (၃) မျိုးကို မွေးနံအလိုက်
ဖော်ပြပေးလိုက်ပါတယ်။
(ပြုလုပ်ရမည့်အချိန် - သတ်မှတ်ရက်များ၏ နံနက် ၅ နာရီတွင် ဘုရား၌ ကပ်လှူ၍ ဂုဏ်တော် (၉) ပါး ပုတီး ၁ ပတ်စိပ်ပြီး ဆုတောင်းရန်)
၁။ တနင်္ဂနွေသားသမီး
ပဉ္စပွတ် (ဆုတောင်းပြည့်) : ကြာသပတေးနေ့ ➡️ ပျားရည်ဆမ်းဆွမ်း(၁)ပွဲ၊ရေချမ်း (၁) ခွက်၊ ဆီမီး (၁) တိုင်
အညွှန့်(ကံပွင့်)တနင်္လာနေ့➡️ကံ့ကော်ညွှန့်(၉)ညွှန့်။
ဆပွတ်(အတိုက်အခိုက်အောင်):သောကြာနေ့ ➡️ သရက်သီးသနပ်ဆွမ်း။
၂။ တနင်္လာသားသမီး
ပဉ္စပွတ် (ဆုတောင်းပြည့်) : သောကြာနေ့ ➡️ သစ်သီး/သနပ်တင်ထားသောဆွမ်း။
အညွှန့် (ကံပွင့်) : အင်္ဂါနေ့ ➡️ ဇီးညွှန့် (၉) ညွှန့်။
ဆပွတ် (အတိုက်အခိုက်အောင်) : စနေနေ့ ➡️ သစ်သီး/သနပ်တင်ထားသောဆွမ်း။
၃။ အင်္ဂါသားသမီး
ပဉ္စပွတ် (ဆုတောင်းပြည့်) : စနေနေ့ ➡️ နို့ဆွမ်း (၁) ပွဲ၊ ရေချမ်း (၁) ခွက်၊ ဆီမီး (၁) တိုင်။
အညွှန့် (ကံပွင့်) : ဗုဒ္ဓဟူးနေ့ ➡️ ရွက်လှညွှန့် (၉) ညွှန့်။
ဆပွတ် (အတိုက်အခိုက်အောင်) : တနင်္ဂနွေနေ့ ➡️ သရက်သီးသနပ်ဆွမ်း။
၄။ ဗုဒ္ဓဟူးသားသမီး
ပဉ္စပွတ် (ဆုတောင်းပြည့်) : တနင်္ဂနွေနေ့ ➡️ အုန်းဆွမ်း (၁) ပွဲ၊ ရေချမ်း (၁) ခွက်၊ ဆီမီး (၁) တိုင်။
အညွှန့် (ကံပွင့်) : ကြာသပတေးနေ့ ➡️ ပေါက်ညွှန့် သို့မဟုတ် ပေါက်ပန်းဖြူညွှန့် (၉) ညွှန့်။
ဆပွတ် (အတိုက်အခိုက်အောင်) : တနင်္လာနေ့ ➡️ သရက်သီးသနပ်ဆွမ်း။
၅။ ကြာသပတေးသားသမီး
ပဉ္စပွတ် (ဆုတောင်းပြည့်) : တနင်္လာနေ့ ➡️ ကိတ်မုန့်ဆွမ်း (၁) ပွဲ၊ ရေချမ်း (၁) ခွက်၊ ဆီမီး (၁) တိုင်။
အညွှန့် (ကံပွင့်) : သောကြာနေ့ ➡️ သီးညွှန့် (သို့မဟုတ်) သီဟိုဠ်ညွှန့် (၉) ညွှန့်။
ဆပွတ် (အတိုက်အခိုက်အောင်) : အင်္ဂါနေ့ ➡️ သရက်သီးသနပ်ဆွမ်း။
၆။ သောကြာသားသမီး
ပဉ္စပွတ် (ဆုတောင်းပြည့်) : အင်္ဂါနေ့ ➡️ ဆီဆမ်းဆားဖြူးဆွမ်း (၁) ပွဲ၊ ရေချမ်း (၁) ခွက်၊ ဆီမီး (၁) တိုင်။
အညွှန့် (ကံပွင့်) : စနေနေ့ ➡️ ထန်းညွှန့် (သို့မဟုတ်)ဒေါနညွှန့် (၉) ညွှန့်။
ဆပွတ် (အတိုက်အခိုက်အောင်) : ဗုဒ္ဓဟူးနေ့ ➡️ သရက်သီးသနပ်ဆွမ်း။
၇။ စနေသားသမီး
ပဉ္စပွတ် (ဆုတောင်းပြည့်) : ဗုဒ္ဓဟူးနေ့ ➡️ လက်ဖက်ဖြူးဆွမ်း (၁) ပွဲ၊ ရေချမ်း (၁) ခွက်၊ ဆီမီး (၁) တိုင်။
အညွှန့်(ကံပွင့်):တနင်္ဂနွေနေ့ ➡️ အုန်းညွှန့်(၉)ညွှန့်။
ဆပွတ် (အတိုက်အခိုက်အောင်) : ကြာသပတေးနေ့ ➡️ သရက်သီးသနပ် ဆွမ်း။
မှတ်ချက်။ အတိုက်အခိုက်ကိစ္စများအတွက်
ဆပွတ်နေ့တွင် လှူဒါန်းရမည့် သရက်သီးသနပ်ဆွမ်းအစား ပဲသနပ်ဆွမ်း (ကုလားပဲဆီပြန်ချက်တင်ထားသောဆွမ်း) ကိုလည်း အစားထိုးလှူဒါန်းနိုင်ပါသည်။
#ဆရာကြီးအောင်ခန့်ဟိန်း
#ဂါထာ #ယတြာ