Pann Kyar Phyu - foodie

Pann Kyar Phyu - foodie for good foodie

 #မုန့်ကျွဲသဲ လုပ်ရတာ အလွန်လွယ်တယ်..ထုံးရည်ကြည် မသုံးထားဘူး..မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။နိုင်ငံခြ...
03/10/2023

#မုန့်ကျွဲသဲ
လုပ်ရတာ အလွန်လွယ်တယ်..

ထုံးရည်ကြည် မသုံးထားဘူး..
မွှေးပြောင်းကော်မှုန့်ကိုသုံးပြီး ပြုလုပ်ထားတာပါ ။

နိုင်ငံခြားနေသူများ.. corn starch ကိုသုံးနိုင်ပါတယ်။

ပါဝင်ပစ္စည်းများ

၁. မွှေးပြောင်းဖူးမူန့် ၂၅ ဂရမ် ( ထမင်းစားဇွန်း ၂ ဇွန်းခန့်)
၂. နွားနို့ ၂၅၀ မီလီလီတာ ( ၁ လီတာ ရေသန့်ဗူးရဲ့ ၄ ပုံ ၁ပုံ)
၃. ထန်းလျှက်ရည် ပျစ်ပျစ် ၅၀ မီလီလီတာ
၄. ဆားအနည်းငယ်

ပြုလုပ်နည်း
မုန့်ကျိုမည့် အိုးထဲမှာ ပါဝင်ပစ္စည်းတွေ အကုန်ရောထည့်မွှေပီး မီးအပူ အလယ်လတ် နဲ့ ကျိုပါ၊ အိုးကို မီးဘိုပေါင်္ တင်ကတည်း တောက်လျှောက်မွှေပေးနေပါ။ မီးမပျင်းရ။
၃ မိနစ် လောက်ဆို ပျစ်လာဘီ။ နောက်ထပ် ၃-၄ မိနစ်လောက် ထပ်မွှေပေးလိုက်ရင် ရဘီ။
အခဲခံမည့်ခွက်ကို ဆီသုတ်ထားပေးရတယ်။ အခဲခံမည့်ခွက်ထဲ လောင်းထည့်။ အအေးခံ ပါ၊ ခဲသွားရင် ကြိုက်တဲ့အရွယ် လှီးလို့ရဘီ၊ အုန်းသီးမနုမရင့်လေးဖြူးပီး စားပါ၊ ရေခဲသေတ္တာ မခဲတဲ့ အထပ် ထဲမှာ အအေးခံရင် မုန့်သား ပိုကောင်းပါတယ်။

Meemeetofu
************
နောက်တနည်းပါ

မုန့်ကျွဲသဲ

(ပြောင်းကော်မှုန့် 25g
ႏြားနို့ 250ml
ခပ်ပျစ်ပျစ်ကျိုထားတဲ့ထန်းလျှက်ရည် 50g
ဆားအနည်းငယ်တို့ကို အရင်ဖျော်ထားပြီးမှ
မီးအေးအေးနဲ့ အဆက်မပြတ်မွှေပြီး
ကျိုပေးရပါတယ် မုန့်သားညက်ပြီးပျစ်လာတဲ့ခါ
ဆီသုတ်ထားတဲ့ခွက်ထဲထည့်ပြီး အအေးခံပါ
လုံးဝအေးသွားမှ နှစ်သက်သလိုလှီးပါ)
Credit to owner🙏

မြေပဲအကျွတ်ကြော် #အစပ်မပါသောနည်းမြေပဲကို ရေနွေးကြက်သီးနွေးလေးလောင်းထည့် ပွပွမွမွကြိုက်ရင် ဆော်ဒါလေးပါထည့်ပေါ့ ၂ နာရီလောက...
02/10/2023

မြေပဲအကျွတ်ကြော်

#အစပ်မပါသောနည်း
မြေပဲကို ရေနွေးကြက်သီးနွေးလေးလောင်းထည့်
ပွပွမွမွကြိုက်ရင် ဆော်ဒါလေးပါထည့်ပေါ့
၂ နာရီလောက်စိမ်ပီးတာနဲ့ မြေပဲတွေကလေ
appiton teengrow တိုက်လိုက်သလိုပဲရယ်
ရှည်ပီးပွလာလိမ့်မယ်နော် အဲဒါဆိုထွတ်လို့ရပီ

ပီးရင် ရေစစ်

ဆားလေးနဲ့နယ်ပီး ခဏထား

ဆီပေါပေါ မီးအေးအေးနဲ့ကြော်ပေတော့ပဲ။ အဲ အဆက်မပြတ်တော့မွှေပေးဖို့မမေ့နဲ့

မဟုတ်ရင်အကျက်မညီပဲ စားမကောင်းဘူး။ ဆီကပြန်သုံးလို့ရတယ်နော် ပဲတွေအရောင်ပြောင်း
နီမြန်းမြန်းလေးဖြစ်လာရင် ချလိုက်တော့။ နီမှချရင်တော့ တူးသွားမှာနော် သတိ သတိ

ဆော်ဒါမထည့်ရင် ပဲကအရမ်းရှည်မနေဘူး။

ဆော်ဒါမပါလို့ ပဲမလှပေမယ့် ဘေးကင်းကင်း ကလေးလူကြီးမရွေးစားလို့ရပါတယ်

ခုခေတ်ဆီစျေး ပဲစျေးနဲ့တော့ ဟီး လွမ်းနေရသော
ကြက်သွန်ဖြူကြော်ကြိုက်ရင် ဆီစစ်ပီးအေးမှ
ရောလို့ရပါတယ်

Credit May Phyo Thuzar
**********
#အစပ်ပါသောနည်း
#မြေပဲကြော်

မြေပဲကိုပုံမှန်ထက်စားကောင်းစေတဲ့ မြေပဲအကြွပ်ကြော်နည်းလေးကို ပြောပြပေးပါ့မယ့်နော်
တာရှည်အထားခံတဲ့အတွက် အဆင်ပြေပါတယ်

ပြုလုပ်နည်း👇

💜မြေပဲဆံကို ကြော်မဲ့နေ့မရောက်ခင် တစ်ညအလိုရေအေးအေးစိမ်ရပါမယ် ၊မနက်ဖြန်ကြော်ချင် ညထဲကရေစိမ်ထားရမှာပါ ရေကြာကြာစိမ်နိုင်လေ အကောင်းဆုံးပါပဲ
💜ကွမ်းစားထုံးတစ်ဇွန်း ခန့် ၊နှစ်ဇွန်းခန့်ထည့်မွှေပေးပါ

💜မနက်ရောက်လျှင် ထုံးရေစိမ်ထားတဲ့ရေကိုလှယ်ပြီး တစ်စေ့ချင်းစီ အခွံ ချွတ်ရပါ့မယ်
💜ရေအေးနဲ့ပြန်ဆေးပါ
💜အိုးကိုရေနွေးတည်ပါ
💜ရေဆူလာရင် အခွံချွတ်ထားတဲ့မြေပဲများကို ထည့်ပြုတ်ရပါမယ် (ကြာချိန်**🔺 ၁မိနစ် ကနေ၂မိနစ်ထိသာ **)
💜ပြီးလျှင်ဆယ်ပြီးရေစစ်ထားပါ
💜ကြော်မဲ့အိုးထဲကို ဆီများများထည့်ပါ
💜ဆီပူလာရင်မြေပဲများထည့်မွှေပေးပါ ဆားထည့်ပါ
💜 ပုံမှန်မီးအနေအထားနဲ့ပဲကြော်ပါ

💜မွှေနေပေးပါ ၄မိနစ်၅မိနစ်အတွင်းမြေပဲကျက်ပါတယ်နော်

💜မြေပဲကျက်ရင်ဆယ်ယူကာအအေးခံပြီးမိမိနှစ်သက်သလို စားလို့ရပါပြီ

မင်မင်ကတော့အချိုမစားချင်လို့ အစပ်လုပ်ကြည့်ပါတယ်
မင်မင်လိုအစပ်စားချင်ရင် 👇

💜ကြက်သွန်ဖြူ ထောင်းထား
💜ငရုတ်ကြမ်းမှုန့်ထောင်းထား
💜ဒယ်အိုးထဲကို ဆီတစ်ဇွန်းလောက်နဲ့ ကြက်သွန်ဖြူကိုဆီသတ်ပါ့မယ် ၊ကြက်သွန်ဖြူကျက်လျှင်မီးပိတ်ပြီး ငရုတ်ကြမ်းမှုန့်ထည့်မွှေပေးပါ၊ ပြီးရင်​ကြော်ထားတဲ့မြေပဲဆံများထည့်မွှေပါ ၊ဆားပေါ့တယ်ထင်ရင်ဆားနည်းနည်းထပ်ထည့်ပါ
💜စပ်စပ်မွှေးမွှေးလေးနဲ့ မြေပဲအကြွပ်ကြော်လေးရပါပြီ

💜အအေးခံပြီးလုံးဝအေးပြီဆိုမှ ဖန်ပုလင်းထဲ ၊ဘူးထဲ ထည့်သိမ်းပါ 🔺
💜မိမိလိုအပ်တဲ့အချိန် အသင့်ထုတ်စားရုံပါ

ရေနွေးလေးသောက်ရင်းစားလို့ရသလို ထမင်းဖြူလေးနဲ့တွဲဖက်စားရင်လည်းအရမ်းအရသာရှိပါတယ်


လိုက်လုပ်ကြည့်ကြပါအုန်းနော်
လုပ်စားပြီးရင်လည်းပိုစ့်အောက်မှာပုံလေးတွေမန့်လို့ရပါတယ်ရှင့် 🙈

ခံတွင်းမြိန်ကြပါစေ

ပူအိုက်နေတဲ့အချိန်မှာ ရေခဲချောင်းအေးအေးလေးတွေ အိမ်မှာ လုပ်စားကြရအောင်😋👍 #ရေခဲချောင်းပြုလုပ်နည်း❣က်ုယ်နှစ်သက်တဲ့အသီးနှံတွ...
02/10/2023

ပူအိုက်နေတဲ့အချိန်မှာ ရေခဲချောင်းအေးအေးလေးတွေ အိမ်မှာ လုပ်စားကြရအောင်😋👍
#ရေခဲချောင်းပြုလုပ်နည်း❣

က်ုယ်နှစ်သက်တဲ့အသီးနှံတွေ စျေးချိ ုနေရင် ရှားပါးတဲ့အခါ

အချိန်ခါမရွေး အသုံးပြုဖို့

ဥပမာ- ထောပတ်သီး -
အတွင်းသားအနှစ် - 500 g
ဗူး နိ့ဆီ - - 100 g
သကြားသန့် - 100 g
ဘလန်ဒါထဲ ထည့်ကြိတ် အနှစ်ကိုယ် ဖန်ပုလင်းထဲ
ထည့် ရေခဲသေတ္တာထဲထည့် ခဲထား
-စတော်ဘယ်ရီသီး -လည်းပေါလာပြီမို့
အနှစ်လုပ် သိမ်းထားနိင်ပါတယ် သန့်သန့်ရှင်းထားပြီး
သုံးမယ်ဆို အချိန်ကြာကြာအထားခံပါတယ်နော် လိုအပ်တဲ့အချိန်
အဆင်သင့်ဖြစ်အောင်လို့ နည်းလေး မျှဝေပေးလိုက်ပါတယ် ရှင်
လေးစားစွာဖြင့် ဒေါ်ဒေါ်စုမွန်အောင်

&&&&&&&&&&
သဘာဝအသီးစစ်စစ်လေး ရေခဲချောင်းသီးစုံအေးအေးလေး
သာစားချင်တယ် တခြားအရသာတွေထည့်ရင် ဝိတ်တက်မှာစိုးတဲ့
ပျိ ုပျိ ုမေမေတွေ အတွက်ပါ အချိ ုအစိမ့်တွေ- မပါတာမို့
rain bow-Fruits ရေခဲချောင်း လေးလုပ်စားရအောင်ပါနော်-
စတော်ဘယ်ရီသီ း - ကီဝီသီး - စပျစ်သီး- နာနတ်သီး
ငှက်ပျောသီး- သရက်သီး-

နှစ်သက်ရာ အသီးတွေသုံးလည်းရပါတယ်
တစ်ခုချင်းဆီ ကြိတ်စက်နဲ့ကြိတ်- ပန်ကန်လုံးလေးတွေတမျိုးဆီ
ကြိတ်ပြီးသားအနှစ်တွေထည့်ပါ-

ပုံစံမိုခွက် ထဲ - တစ်ခုဆီ အထပ်ထပ် လောင်းထည့်ပါ
ဒုတ်လေးစိုက်- ခဲခန်းထဲ 5နာရီအခဲခံထားပါ ကာလာစုံလေးနဲ့
သဘာဝအသီးရေခဲချောင်းအေးအေးလေးစားလို့ရပါပြီနော်
ကိုယ်တိုင်လုပ်စားတဲ့နည်းလေးပါ &&&&

လေးစားစွာဖြင့်- ဒေါ်ဒေါ်စုမွန်အောင်
**********

နောက်တစ်နည်း- အသီးးစစ်စစ်လေးတွေ နဲ့အရသာရှိရှိ
ကောင်းကောင်းလေး ထုပ်ရောင်းချင်သူများအတွက်ပါ

နိ့မှုန့် - 160 g

နိ့ဆီ - 1ဗူးးး

သျကား - 160 g

ပြောင်းကော်မှုန့် - 300 g

ဆား - 3 g

ရေ - 2000 g

အသီးများ- ထောပတ်သီး - သရက်သီး - သခွှားမွှေး-
စတော်ဘယ်ရီ - နဂါးမောက်သီး- ငှက်ပျောသီး'-လိုင်ချိ-နာနတ်
ဖရဲသီး- နှစ်သက်ရာ အသီးသုံးပါ

ကာလာတွေ လိုချင် အရောင်ကာလာ အနံ့ထည့်ပါ
စတော်ဆို အနီကာလာ သရက်ဆိုအဝါကာလာ
မထည့်ချင်လည်းရတယ်နော်

ပြုလုပ်နည်း- ရေပွက်ပွက်ဆူကြိုပါ မီးပိတ် သကြားထည့်

မွေ နိ့မှုန့်ထည့်မွှေ - ရေနဲ့ပျစ်ပျစ်ဖျော်ထားတဲ့ပြောင်းကော်မှုန့်

ထည့်မွှေ- အအေးခံထား-

ထောပတ်သီး အနှစ်လုပ်ဖို့ အအေးခံထားတဲ့အရေ အနည်း
ငယ် ယူ ဘလန်ဒါထဲ ထည့်ကြိတ်ပါ

အားလုံးရောလိုက် သမအောင် မစ်ဇာနဲ့မွှေပေးပါ
မရှိရင် ယောင်းမနဲ့ သမအောင်ကြာကြာမွှေပေးပါ
ပြီးရင် မိုခွက်လေးထဲဖြည်းဖြည်းလောင်းထည့်ပါ
ရေခဲထုပ်မည့်အိတ်ထဲလည်းထည့် ခဲခန်းထဲထည့်ခဲပေးပါ
&&&&&&
ဒေါ်ဒေါ်စုမွန်အောင်
****************
နိ့ရေ ခဲချောင်း လုပ်မယ်ဆ်ိုလည်း အသီးမထည့်ပါနဲ့- ရေနေရာမှာ
နွားနိ့ အစစ် - ရယ်ဒီမိတ်နိ့ဗူးးတွေ သုံးပါ

အုန်းသီး ရေခဲချောင်း ဆို - အုန်းသီးအဖတ်ခြစ်ထည့်
ရေအစား အုန်းရေ ရယ်ဒီမိတ်အုန်းနိ့ဗူးသုံးပါ

ဒိန်ချဉ်ရေခဲချောင်းလေး
*******************
ဒိန်ချဉ် - 500 g

ထန်းညက်ကြိုထားပြီးသားအရေ- 20 g

သျကား - 220 g

စတော်ဘယ်ရီသီး - 30 လုံး

ပြောင်းကော်မှုန့် - 100 g

အသီးများ= နှစ်သက်ရာ သုံးပါ
-

ဒိန်ချဉ် - အသီး- ထန်းညက်ရေ- သကြား- တို့ကို ဘလန်ဒါထဲ
ရောကြိတ်ထားပါ

ကတ်စတတ်ပေါင်ဒါ -မရ ရင် ပြောင်းကော်မှုန့်- ရေစိမ်းနဲ့ပျစ်ပျစ်
လက်နဲ့ချေဖျော် ထား ရေဆူဆူ 200 gထဲ ထည့် မွှေ သွက်
သွက်မွှေ ဖိုပေါ်ကချ အအေးခံ

ဘလန်ဒါထဲ' စက်ထဲ အကုန်ပြန်ပေါင်းကြိတ်ပါ ပြီးရင်

ပုံစံ မိုခွက်လေးထဲထည့် ဒုတ်လေးစိုက် ပါ သို့မဟုတ်-

အိတ်ထဲထည့် သရေပင်စီး စက်ဖြင့်ပိတ်ချင်ပိတ် ပါ

ခဲခန်းထဲထည့် ခဲ နိင်ပါပြီ

ဒီနည်းလေးက ရိုးရိုး 50 100တန်လေးတွေ ပါ
သဘာဝအသီး အရသာတွေ မပါဝင်မသုံးထားတာမို့
မနှစ်သက်ပေမယ့် အစ်ကိုအစ်မညီမတွေ တောင်းဆိုထားတာမို့
ရေးရခြင်းပါ နော် '

ရေသန့်- 4 လီတာ

Super sweet - 22 g

C-A အချဉ် - 22 g

S - C အငံ - 11 g

်ကလော ကော် - 1600 g

ပြောင်းကော် - 300 g

SB - 3 g (မသုံးလည်း ရတယ် )

သကွားးး - 600 g

အသုံးပြုလိုသည့်အနံ - 16 g

အသုံးပြုလိုသည့်ကာလာ 1 g

ရေ သန့် - 6 လီတာ

ကော်မွှေဖို့ ရေသန့် - 3 လီတာ

ပြုလုပ်နည်း

ရေ - 4 လီတာ ပွက်ပွက် ဆူအောင်ကြိုပါ
ဆူလာရင် အချိ ု - အချဉ် - အငံ ထည့်ပါ မွှေပေးပါ
ကြေရင် သကြား ထည့်ပါ အရည်ပျော်ပြီး
ပွက်ပွက်ဆူလာသည်အထိ ထား မီးပိတ်

ရေ3လီတာ နဲ့ဖျော်ထားတဲ့ ပြောင်းကော် ကလောကော် မှုန့်တို့ကို
ဇလားကြီးကြီးထဲ သေချာထည့် မွှေ

မီးပြန်ဖွင့်- ဖျော်ထားတဲ့ ကော်မှုန့်တွေ ကိုယ်
လောင်းထည့် သေချာခပ်မြန်မြန် နှံ့့စပ် သမအောင် 5မိနစ်ခန့်
မွှေ ပြီးရင် ဖို ပေါ်ကချ

နော်ထပ်-ရေသန့် သီးသန့် 6 လီတာ ဆူအောင်ကြို
ခပ်နွေးနွေးမှာ ကြိုထားတဲ့အိုးထဲ အကုန်ရောလိုက်ပါ

အအေးခံထားပါ အေးသွားပြီဆိုမှ
မိမိနှစ်သက်အသုံးပြုမည့် အနံ့ ကာလာ ထည့်ပါ မွှေပါ

လိမ္မော်- စပါကလင် -နာနတ်-ဇီး-သစ်ခွ- စတော်ဘယ်ရီ -
စပရိုက်စ်- သံပရာ-ဘလူးဘယ်ရီ- မိမိ နှစ်သက်ရာသုံး ပါ

အအေးကုန်ကြမ်းရောင်းတဲ့ဆိုင်တွေမှာ အိတ်ဆိုဒ်စုံရှိပါတယ
အဆင်ပြေ် နှစ်သက်တာရွေးချယ် လုပ်ပါ
အိပ်ထဲထည့် စက်နဲ့ပိတ်လည်းရတယ်
သရေပင်စီးလည်းအဆင်ပြေပါတယ်
အခဲခန်းထဲ ထည့်ခဲ့ပါ
အထုပ်ပေါင်း ပျမ်းမျှနှုန်း ၂၀၀ လောက်ရပါမယ်
ဗူးထဲထည့်ပြီးလည်း အပေါ်ကစက်နဲ့ပိတ် အသုံးပြုနိင်ပါတယ်

ကျေးဇူးတင်ပါတယ် အခွင့်ခါ ပေးလို့အချိန်ရ ရင်
ပြုလုပ်ရလွယ်ကူတဲ့ နည်းလေးတွေ ရေးပေးပါအုံးမည်ရှင်

Credit: ဒေါ်ဒေ ါ်စုမွန်အောင်

ငွေထမင်းပါဝင်ပစ္စည်းကောက်ညှင်း         ၄ ခွက် (ပလတ်စတစ် ဆန်ချိန်ခွက်)အုန်းနို့                  ၂ ခွက်သကြား             ...
30/09/2023

ငွေထမင်း

ပါဝင်ပစ္စည်း
ကောက်ညှင်း ၄ ခွက် (ပလတ်စတစ် ဆန်ချိန်ခွက်)
အုန်းနို့ ၂ ခွက်
သကြား ၁၅ ကျပ်သား
ဘိန်းစေ့ စားပွဲဇွန်း ၂ ဇွန်း
ဆီ အနည်းငယ်
ဆား လက်ဖက်ရည်ဇွန်း ၁ ဇွန်း

ပြုလုပ်နည်း
၁။ ကောက်ညှင်းကို ရေ ၂ ခါလောက်ဆေးပြီး ၆နာရီခန့်ရေစိမ်ပါ။ ရရင်ရေ ၂ ခါလောက် ခပ်ဖွဖွပြန်ဆေးပြီး ရေစစ်ထားပါ။
၂။ ကောက်ညှင်းချက်ဖို့အတွက် အကျက်မြန်တဲ့ ထမင်းပေါင်းအိုးကို သုံးပါတယ်။ အိုးထဲကို ရေစစ်ထားတဲ့ ကောက်ညှင်း၊ ဆား၊ သကြား၊ အုန်းနို့ ၂ ခွက်၊ ရေ ၁ ခွက်တို့ကိုထည့်ပြီး ချက်ပါ။ အရသာနှံ့ဖို့အတွက် ပွက်ပွက်ဆူတဲ့အခါ ၁ ချက် ၂ ချက်လောက်တော့မွှေပေးပါ။
၃။ ကောက်ညှင်းကျက်ရင် အအေးခံပါ။ မုန့်ဖုတ်မည့်ဘန်းကို မုန့်မကပ်ဖို့အတွက် ဆီအနည်းငယ်သုတ်ပါ။ oven ကိုလည်း ၂၀၀ ဒီဂရီမှာထားပြီး ၁၀မိနစ်လောက်ကြိုပြီး အပူပေးပါ။
၄။ ကောက်ညှင်းများကို မုန့်ဘန်းထ ဲအထူအပါးညီအောင်ဖြန့်ထည့်ပါ။ ဘိန်းစေ့များကို မုန့်မျက်နှာပြင်မှာ ဖြူးပါ။
၅။ အပေါ်မီး၊ အောက်မီးနဲ့ ဘန်းကို oven ရဲ့ အလယ်အဆင့်မှာ ထားပြီး ၁၀ မိနစ်ဖုတ်ပါ။ အပေါ်မီးသီးသန့်နဲ့ ဖုတ်ဖို့အတွက် ဘန်းကို အပေါ်မီးအနီးရွှေ့ထားပြီး နောက်ထပ် ၁၀ မိနစ်ထပ်ဖုတ်ပါ။ အချိန်လည်းစေ့လို့ မုန့်သား အပေါ်ယံမျက်နှာပြင်လေး ရွှေရောင်သန်းလာရင် အအေးခံပြီး ဓားကို ဆီသုတ်ကာ မိမိနှစ်သက်သလို အရွယ်လေးများလှီးပါ။
ကောက်ညှင်းအနေအထားပေါ် မူတည်ပြီး ရေကို လိုတိုး၊ ပိုလျော့ပြုလုပ်ပေးနိုင်ပါတယ်။ အချိုမကြိုက်ပါက သကြားကိုလည်း လျော့ထည့်ပေးပါနော်။
Credit .ဟင်းကောင်းလက်ရာ
Credit photo မူရင်းဝေမျှပေးသူ

Spicyအစပ်နှစ်ပြုလုပ်နည်း🔥🔥🔥Spicyအစပ်နှစ်ပြုလုပ်ရန်ပါဝင်ပစ္စည်းများခရမ်းချဉ်သီး                              ၅၀သားငရုပ်သီ...
29/09/2023

Spicyအစပ်နှစ်ပြုလုပ်နည်း🔥🔥🔥
Spicyအစပ်နှစ်ပြုလုပ်ရန်ပါဝင်ပစ္စည်းများ
ခရမ်းချဉ်သီး ၅၀သား
ငရုပ်သီးအနီတောင့် ၁ပိသာ
ကုလားအော်သီး အတောင့်၂၀
ထန်းလျက်ရည်(မုန့်လုပ်ထန်လျက်ခဲ)၂၅ကျပ်သား
မန်ကျီးနှစ် ၁၀သား
ငရုတ်စိမ်းမှုန့် ၃ကျပ်သား
ကြက်သွန်ဖြူ အမွှာကြီး၆မွှာ
ငရုပ်ကောင်း
ပဲငံပြာရည်အကျဲ အနည်းငယ်
ဆား အနည်းငယ်
ဆီ ၂ကျပ်ခွဲသား
ပြုလုပ်ပုံ
ပထမဦးစွာခရမ်းချဉ်သီးဆော့လေးအရင်လုပ်ထားပါ
ခရမ်းချဉ်သီးဆော့ပြုလုပ်ရန်အတွက်
အရင်ဦးဆုံးမန်ကျီးသီးကိုရေသန့်စင်ပြီးစိမ်ထားပေးပြီးမုန်လုပ်ထန်လျက်ကိုပါ‌ရေမြုပ်ရုံ‌လေးစိမ်‌ထားပါ။ ပြီးပါက Blander ထဲခရမ်းချဉ်သီးအားထည့်၍ကြေညက်တဲ့ထိကြိတ်ပေးပါ။ ကြေညက်လာပါကကျိူမည့်အိုးထဲလောင်းထည့်ပြီးစိမ်ထားသောမန်ကျီးနှစ်ကိုဇကာနဲ့စစ်ယူကာခရမ်းချဉ်သီးနှစ်ထည့်ထားသောအိုးထဲပေါင်းထည့်ထားပြီးထန်လျက်ရည်ကို‌ကျိူပါ။ ကြွက်မြီးတန်းလာပြီဆိုရင်အမှိုက်တွေကိုဇကာနဲ့စစ်ပြီးခရမ်းချဉ်သီးနှစ်မန်ကျီးနှစ်ရောထားသောအိုးထဲထည့်၍ဇကာစိပ်စိပ်ဖြင့်အနှစ်ညက်ညက်လေးရအောင်ထပ်စစ်ပါ။ အားလုံးစစ်ပြီးရောပြီးလို့အနှစ်ညက်ညက်ကလေးရလာပြီဆိုရင်မီးဖိုပေါ်တင်ပြီးကျိူပေးပါ။ ပျစ်လာပြီဆိုရင်ကြက်သွန်ဖြူညက်ညက်လေးဖစ်အောင်ထောင်းထည့်မွှေပြီးဖိုပေါ်ကချထားပါ။
ဒုတိယအဆင့်အနေဖြင့်
ငရုပ်အနီတောင့် နဲ့ ကုလား‌အော်သီးကို Blander ထဲထည့်၍ကြေညက်တဲ့ထိကြိတ်ပြီးဇကာစိပ်စိပ်နဲ့ထပ်ပြီးစစ်ပေးပါ။ ပြီးပါကရရှိလာသောငရုပ်အနှစ်ထဲကိုငရုပ်အစိမ်မှုန့်အားဆီသတ်ပြီးထည့်ပါ။ ပြီးလျင်ဆီနဲ့ငရုပ်အနှစ်တသားထဲဖစ်အောင်ထိချက်ပေးပြီးပထမပြုလုပ်ထားသောခရမ်းချဉ်သီးဆော့အားလောင်းထည့်၍ ပဲငံပြာရည်အကျဲ၊ဆား၊ငရုပ်‌‌ကောင်း ကိုလိုသ‌လောက်ထည့်ပြီးငရုပ်အနှစ်နဲ့ခရမ်းချဉ်သီးဆော့အားသမအောင်ရောမွှေပေးပါ။ အပျစ်အကျဲကိုလိုချင်တဲ့အနေထားရောက်ရင်မီးဖိုပေါ်ကချ၍အအေးခံပြီးကြိုက်နှစ်သက်သလိုသုံးဆောင်နိုင်ပါပြီရှင်❤️❤️❤️
အမှားယွင်းတစုံတရာရှိခဲ့ရင်တောင်းပန်ပါတယ်ရှင်🙏🙏🙏
မှတ်ချက် ။ ။ကြာရှည်အထာခံရန်ရေခဲသေတ္တာထဲတွင်ထားပါကြာရှည်ခံဆေးမသုံးသည့်အတွက်👍👍👍
Crd

စားတော်ပဲပြုတ်နည်းလေး..😍လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ...
28/09/2023

စားတော်ပဲပြုတ်နည်းလေး..😍
လွယ်လွယ် ကူကူ ရိုးရိုးရှင်းရှင်း ပါပဲ။ အရင်ဆုံး ရေနွေးနဲ့ ရေအေးကို ကြက်သီးနွေးလေး ရောစပ်ပါ။ ရေထဲ လက်နှစ်ကြည့်လိုက်ရင် ကိုယ့်လက် အပူခံနိုင်တဲ့ အနေအထားလေးပေါ့။ ပြီးရင် အဲ့ဒီရေထဲ စားတော်ပဲကို ၃နာရီကြာအောင် ရေစိမ်ပါ။

၃နာရီပြည့်ရင် ဆယ်ပြီး စကာလေးနဲ့ ရေစစ်ပြီး အပေါ်က အဝတ်ပါးလေး အုပ်ထားပါ ။ မနက်တကြိမ် ညတကြိမ် ရေလောင်းပေးပါ။

နောက်နေ့ဆို ပဲညှောင့်လေးတွေ ပေါက်လာပါပြီ ။ အညောင့်လေးများ ရှည်မှကြိုက်ရင်နဲနဲထပ်စောင့်လိုက်ပေါ့နော်။ဒါဆို ပဲပြုတ်လို့ ရပါပြီ။

ရေနွေးကို အရင်ဆုံး ဆူအောင် တည်ပါ ။ မုန့်လုပ် ထန်းလျက်အညို ၂ခဲ ရေနွေးထဲ ပျော်သွားအောင် မွှေပေးပြီးရင် ပဲထည့်ပြုတ်ပါ ။ ဆားဆော်ဒါ လဖက်ရည် ဇွန်းတဝက် ထည့်ပါ ။

သကြား ဟင်းစားဇွန်း တဝက်ထည့်ပါ ။ ဆီ ဟင်းစားဇွန်း ၁ဇွန်းလောက် ထည့်ပါ ။ ဆား ဇွန်းဖျားနဲ့ နည်းနည်းထည့်ပါ ။ ပဲနဲ့ရေကို အတိဖြစ်အောင် ထည့်ပါ။ ရေပို မထည့်မိပါစေနဲ့ ။ ရေခမ်းလာရင် တချို့က ပဲကို စကာနဲ့ စစ်ပြီး ရေနွေးငွေ့နဲ့ ပြန်တည်ကြတယ်။

ရေခမ်းသွားရင် ထမင်းအိုးနှပ်သလို မီးအေးနဲ့ ရေခမ်းအငွေ့ ထွက်အောင် ထားပါတယ်။ စိတ်ထဲ ပိုမွှေးတယ်လို့ ထင်တယ်။ ပဲကို ပေါင်းအိုးခွက်နဲ့ ၂ခွက်ဆို အများကြီးရပါတယ်။ ပဲပြုတ်နေစဉ် ဇွန်းနဲ့ မမွှေနဲ့နော် ။ ပဲက မကျက်ပဲ ဆတ်တောက်ကြီး ဖြစ်တတ်ပါတယ်။

အရိအရွဲလေးများကင်းစင်ပြီးပြောင်တင်းနေသောပဲပြုတ်နူးအိအိလေးရပါပြီ။အဆင်ပြေကြပါစေနော်။
လေးစားလျှက်..
crd to original uploader ပန်းခရေ...
crd to all photographer

မင်မင်လို ကော်ဖီဂျိုးလေးတွေရှိလားရှင့် ☕မချိုပဲ ကော်ဖီအရသာအပြည့်အဝခံစားရမယ့် ကော်ဖီစေ့ပုံ ချိုချဉ်လေးတွေအရမ်း trand ဖြစ်...
17/09/2023

မင်မင်လို ကော်ဖီဂျိုးလေးတွေရှိလားရှင့် ☕
မချိုပဲ ကော်ဖီအရသာအပြည့်အဝခံစားရမယ့် ကော်ဖီစေ့ပုံ ချိုချဉ်လေးတွေ
အရမ်း trand ဖြစ်နေတာနော်
ကော်ဖီချစ်သူဖြစ်ပီးဘဒါလေးသာဆောင်မထားရင် ကော်ဖီကို သစ္စာဖောက်ရာကျတော့မပေါ့ 😛

ကဲ! လူသားဆန်လိုက်ရအောင်နော့🤩
အလုံး ၁၂၀ပါတစ်ထုပ် ၆၀၀၀ကျပ် 😍

ဒါလေးတွေရပါတယ် အလုံး ၁၂၀ ပါအထုပ် တစ်ထုပ် ၆၀၀၀ ပါနော် ☕
17/09/2023

ဒါလေးတွေရပါတယ်
အလုံး ၁၂၀ ပါအထုပ် တစ်ထုပ် ၆၀၀၀ ပါနော် ☕

ကော်ဖီအနံ့ကြိုက်ရင်ဖြစ်ဖြစ် ကော်ဖီသောက်ရတာအရမ်းကြိုက်ရင်ဖြစ်ဖြစ်ဝယ်ကိုဝယ်စားကြည့်သင့်သောကော်ဖီသကြားလုံး☕🤎

dan"ကကော်ဖီအမြဲမသောက်ဖြစ်ဘူး၊သောက်ရင်လည်းကော်ဖီအေးလောက်ပဲသောက်ဖြစ်တာများတယ်။ဒါပေမယ့်ကော်ဖီအနံ့ကိုတော့အရမ်းအရမ်းကိုကြိုက်တယ်။နောက်ပြီး dan"ကအချိုရဲရဲတွေလည်းအမြဲတမ်းမစားသလို အများကြီးလည်းမစားနိုင်လို့စားလေ့မရှိဘူးမလို့ဒီသကြားလုံးလေးနဲ့တော်တော်အဆင်ပြေတယ်။

ဒီအခုပုံထဲကကော်ဖီစေ့ပုံသကြားလုံးတွေကtommy & tin ဆိုတဲ့သကြားလုံးတွေကိုinspiredပြီးထုတ်ထားတာလေးတွေပါ။သူ့အရသာကမချိုပဲမွှေးမွှေးလေးနဲ့စားကောင်းတယ်ဆိုပြီး(aunty htun eaindra bo)တင်ပြီးမကြာဘူးos group တွေမှာနံမည်ကြီးထဲကဝယ်စားမယ်ဆိုပြီးမစားဖြစ်ရာကနေလွန်ခဲ့တဲ့တစ်ပတ်လောက်ကမှအသိကလက်ဆောင်ပေးမှပဲစားဖြစ်သွားတယ်။

ဒီdan"ပုံရိုက်ထားတဲ့ထဲကဟာလေးတွေကနဂိုမူလဟာကိုtayote ကinspiredယူပြီးထုတ်ထားတဲ့အပြည်ဖာလိုက်လာတာလေးတွေပါ။သူကflovour 8မျိုးလာတယ်။နဂိုသူ့original မှာflavour 5မျိုးပဲလာတယ်။အဲ့5မျိုးပဲလာတာကplastic boxလေးတွေနဲ့japanကလာတယ်ပြောတယ်။

ဒီ8မျိုးကတော့tayoteကinspiredယူပြီးပြန်ထုတ်တာပေမယ့် ဈေးလည်းသက်သာပြီးအရသာလည်းကောင်းရှာတယ်။

ပုံမှန်candyတွေလိုမျိုးလုံးဝမချိုဘူး အချိုဆုံးဆိုတဲ့ဟာကတောင်မချိုဘူးလို့ပြောလို့ရတယ်။စိမ့်ပြီးကော်ဖီနံ့လေးကိုသင်းပြီးမွှေးတာအရမ်းသဘောကျတာပဲ။

သူ့အရသာ8မျိုးကိုdan"နံမည်တွေတစ်ခုစီတပ်ထားပေးတယ်။အချိုlevel လည်းသိရအောင်ဘေးမှာမြှားလေးနဲ့ မချိုတာကနေချိုတာကိုစီထားပေးတယ်။

အရသာကတော့အကုန်လုံးကcoffeeအရသာလေးကိုမှနည်းနည်းပိုချိုတာစိမ့်တာလောက်ပဲကွာတယ်ဆိုတော့အများကြီးတော့ပြောပြစရာမရှိဘူး။

မနက်ခင်းတွေဖြစ်ဖြစ်ညနေခင်းတွေဖြစ်ဖြစ်ကော်ဖီမသောက်ရရင်တစ်ခုခုလိုနေသလိုဖြစ်တဲ့သူတွေဆိုဒီcoffee bean-shaped candyလေးတွေနဲ့တော်တော်အဆင်ပြေလိမ့်မယ်။

အိတ်ဆောင်ခံတွင်းနံ့သင်းဖို့ဆောင်ထားရင်လည်းအဆင်ပြေတယ်။အချိန်တော်တော်ကြာကြာကိုသူ့ကော်ဖီနံ့ကခံတွင်းမှာစွဲတယ်။

သူကအရမ်းမချိုဘူးဆိုပေမယ့် များများစားလို့အဆင်မပြေဘူး။ caffeine ဓာတ်များတယ်။dan"စားကောင်းကောင်းနဲ့အလုံးနှစ်ဆယ်ကျော်လောက်ဆက်တိုက်စားလိုက်တာ ရင်တော်တော်တုန်သွားတယ် ကတုန်ကယင်တွေပါဖြစ်:3

သူကဘူးလေးတွေနဲ့ကတော့flavourတစ်မျိုးစီကို5000 အထက်လောက်ရောင်းကြတယ်။ဒီအပြည်ကတော့တစ်ထုပ်100ပါတာကိုမှ3500လောက်ပဲရှိလို့တန်တယ်။

အခုဆိုosတော်တော်များများမှာလည်းရနေပြီဖြစ်လို့ skincareတွေ cosmetics တွေဝယ်ရင်းလမ်းကြုံလေးဝယ်စားကြည့်ကြည့် ကော်ဖီအနံ့အရသာကြိုက်တဲ့သူ အချိုအရမ်းမကြိုက်တဲ့သူတွေဆိုကြိုက်မှာသေချာတယ်။

dan"ကကော်ဖီဆိုသိပ်ခါးတာမကြိုက်တဲ့သူမလို့8မျိုးမှာအကြိုက်ဆုံးကတော့ထိပ်ဆုံးက4မျိုးပဲ။ချိုမြမြစိမ့်စိမ့်မွှေးမွှေးလေးတွေမလို့dan"အကြိုက်နဲ့တော့ကွက်တိပဲ။

CAUTION : ကိုယ်ပိုင်စိတ်ကူးစိတ်သန်းဖြင့်ရိုက်ထားသောပုံမှpage"logo" အား "လုံးဝလုံးဝလုံးဝ" crop/ဖြတ်ပြီးသုံးစွဲခွင့်မပြုပါ။

your trusted friend,

Dan.



ငါးပေါင်မုန့်လုပ်နည်း- .ပေါင်မုန့်ကင်စက်ငါးပေါင်မုန့် ပြုလုပ်နည်းနှင့်ပါဝင်ပစ္စည်းများ....ပါဝင်ပစ္စည်းများမှာ1.ဂျုံ  - 1...
17/09/2023

ငါးပေါင်မုန့်လုပ်နည်း- .ပေါင်မုန့်ကင်စက်
ငါးပေါင်မုန့် ပြုလုပ်နည်းနှင့်
ပါဝင်ပစ္စည်းများ....
ပါဝင်ပစ္စည်းများမှာ
1.ဂျုံ - 150 g (ကိတ်ဂျုံလဲရ)
2.ကြက်ဥ- တလုံး
3.ငှက်ပျောသီးမှည့် - တစ်ခြမ်း
4.နွားနို့ -200 မီလီ(နို့ဆီဆို 100g)
5.သကြား -50 g
6.ဆီ/ထောပတ် -20 g
7.Baking Powder - 5 g
8.Baking Soda - 5 g
9.ဆား -အနည်းငယ်

ပြုလုပ်နည်း
1.group A
ဂျုံ/Baking Powder/Baking Soda အားလုံးရောပြီး စစ်ပါ။.
2.group B
ငှက်ပျောသီး၊ကြက်ဥ၊နွားနို့၊ဆား၊
သကြား၊ဆီ ထဲ့မွှေပါ။.
3. Aနှင့် B ကိုရောမွှေပါ။ အနည်းဆုံး 1/2နာရီခန့်နှပ်ထားပါ။ နို့ဆီလို ပျစ်ပျစ်ကလေး မွမွကလေးဖြစ်နေပါစေ။ ညဖက်လုပ်ပီးရေခဲသေတ္တာ ထဲ ထဲ့ထားလို့ရပါတယ်။.
4.ငါးမိုလ်ကို မီးဖိုပေါ်တွင် 1မိနစ်ခန့်
အပူပေးပါ။ ပူလာလျှင်
ဆီ/ထောပတ်သုတ်ပီး၊ ငါးနှစ်ခြမ်းစလုံးတွင်မုန့်သားလောင်းထည့်ပါ။အပြည့်မထဲ့ရ။ ဌာပနာအတွက် နဲနဲနေရာချန်ပါ။.
5.မုန့်သားမကျက်တကျက် အနေအထားတွင် ယို၊အသား၊အာလူး စသည့် အသင့်လုပ်ထားသောဌာပနာအနည်းငယ်ထဲ့ပါ။ နှစ်ခြမ်းအုပ်လိုက်ပါ။..
6..မီးဖိုပေါ်တွင် ဟိုဘက်/ဒီဘက် 2 မိနစ်ခန့် အပူပေးပါ။ အိုးအပြင်သို့ထွက်နေသောမုန့်အစအန အစွန်းထွက်များဖယ်ထုတ်ပါ။
ငါးပေါင်မုန့်လေး စားရန်အသင့် ရပါပီနော်။.
အဆင်ပြေကြပါစေ။

မုန့်ပေါင်းလုပ်နည်း—————————* မုန့်ပေါင်း ပူပူ ချိုချိုလေး လုပ်စားကြရအောင်နော်** လုပ်နည်းလေးက လွယ်လွယ်လေးပါ*ပါဝင်ပစ္စည်း...
13/09/2023

မုန့်ပေါင်းလုပ်နည်း
—————————

* မုန့်ပေါင်း ပူပူ ချိုချိုလေး လုပ်စားကြရအောင်နော်*
* လုပ်နည်းလေးက လွယ်လွယ်လေးပါ*

ပါဝင်ပစ္စည်းများ
————————
၁။ဆန်မှုန့်-၆ ဇွန်း
၂။ကောက်ညှင်းမှုန့်-၂ ဇွန်း
၃။ဆား-လက်ဖက်ရည်ဇွန်း တစ်ဝက်
၄။ရေနွေး-၄ ဇွန်းခန့်
၅။ထန်းလျက်-၄ ခဲ

ပြုလုပ်နည်း
——————
- ကောက်ညှင်းမှုန့် ဆန်မှုန့်နဲ့ ဆားကို နှံ့အောင်မွှေပေးပါ

- ရေနွေးကို တစ်ဇွန်းစီထည့်လိုက် နယ်လိုက် လုပ်ပေးပါ

- ဆန်မှုန့်အခဲလေးတွေကို လက်နဲ့ဆုပ်ချေပြီး ဇကာစစ်ချလို့ ရရင် ရပါပြီ
- (ဒီနေရာမှာ ရေက အတိအကျကြီး မလိုပါဘူးနော် လိုတိုးပိုလျှော့ လုပ်နိုင်ပါတယ်)

- ဆန်မှုန့်အခဲလေးတွေကို ဇကာတိုက်ချပါ

-အစာအတွက် ထန်းလျက်ခဲလေးတွေကို မကြေ့တကြေထောင်းပါ

- ပေါင်းမယ့်ခွက်လေးတွေကို ဆီလေးနည်းနည်းသုတ်ပါ

- ဇကာတိုက်ထားတဲ့ အမှုန့်တစ်ဇွန်းအရင်ထည့်ပါ ပြီးရင် ထန်းလျက်ထောင်းထားတာ တစ်ဇွန်းထည့်ပါ

-အပေါ်ကနေ အမှုန့် နှစ်ဇွန်းခန့် အစာမြုပ်အောင် ထည့်ပါ

- ကဲ အမှုန့်လေးတွေ ကုန်အောင် တစ်ခွက်ပြီးတစ်ခွက် ထည့်ပြီးရင်တော့ ရေနွေးဆူဆူမှာ ၁၀ မိနစ်ပေါင်းပေးပါ

*အခုဆို မုန့်ပေါင်းချိုချို အိအိလေး ရပါပြီရှင်*


#မုန့်ပေါင်း

"အချိုမှုန့် ကြက်သားမှုန့်အစားထိုး ဟင်းခတ်မှုန့်လေးလုပ်ကြည့်ရအောင်"ကျန်းမာရေးနဲ့မညီညွတ်လို့ အချိုမှုန့်ရော ကြက်သားမှုန့်...
15/06/2022

"အချိုမှုန့် ကြက်သားမှုန့်အစားထိုး ဟင်းခတ်မှုန့်လေးလုပ်ကြည့်ရအောင်"

ကျန်းမာရေးနဲ့မညီညွတ်လို့ အချိုမှုန့်ရော ကြက်သားမှုန့်ရော မစားချင်ပါဘူးဆိုတဲ့ အိမ်ရှင်မတွေအတွက် ကျန်းမာ ရေးနဲ့လဲ ညီညွတ်မယ်၊ လုပ်ရတာလဲ လွယ်ကူတဲ့ဟင်းခတ်မှုန့်ပြုလုပ်နည်းလေးကို ဖော်ပြပေးလိုက်ပါတယ်။

ပါဝင်တဲ့ပစ္စည်းတွေက
(၁) ကန်စွန်းဥ ၅၀ သား
(၂) ကြက်သွန်နီ ၂၀ သား
(၃) ကြက်သွန်ဖြူ ၅ ကျပ်သား
(၄) ဆား ထမင်းစားဇွန်း ၁ ဇွန်း
(၅) သကြား ထမင်းစားဇွန်း ၃ ဇွန်း
(၆) အုန်းထန်းလျက် ၅ လုံး
(၇) ငြုပ်ကောင်း ထမင်းစားဇွန်း ၁ ဇွန်း

ပြုလုပ်နည်းကတော့
*****

(၁) ကန်စွန်းဥ၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူ တို့ကို ခြစ်နှင့်ပါးပါးခြစ်ပြီး နေပူပူတွင်ခြောက်အောင်လှန်းပါ။

(၂) ခြောက်သွားပြီဆိုရင်တော့ မီးအေးအေးလေးနဲ့ မွှေးပြီး
ကြွပ်ရွနေအောင်လှော်ပါ။

(၃) ကန်စွန်းဥ ကြက်သွန်မွှေးနံ့လေးထွက်လာပြီဆိုရင် ဆား၊ သကြား၊ ငြုပ်ကောင်းထည့် ခဏမွှေပြီး အအေးခံပါ။

(၄) ပြီးရင် ကြိတ်စက် (Blander) ထဲကို ထုချေထားတဲ့ ထျန်းလျက်ခဲရယ် လှော်ပြီးအအေးခံထားတဲ့ ကန်စွန်းဥ တွေရယ်ထည့်ပြီး ကြိတ်ပါ။

(၅) ကြိတ်ပြီးရင်တော့ အအေးခံပြီး လေလုံဗူးထဲ ထည့်သိမ်းလို့ရပါပြီ။

ခုဆိုရင်တော့ ကျန်းမာရေးနဲ့ညီညွတ်တဲ့ သက်သက်လွတ် ကန်စွန်းဥဟင်းခတ်မှုန့် ပြုလုပ်နည်းလေးအ တိုင်း ပြုလုပ်စားသုံးပြီး ကျန်းမာ ပျော်ရွှင်သောဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ

Crd to original uploader

Address

Myitnge
Mandalay
000

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 08:00 - 17:00
Sunday 08:00 - 17:00

Telephone

+959766163182

Website

Alerts

Be the first to know and let us send you an email when Pann Kyar Phyu - foodie posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Pann Kyar Phyu - foodie:

Share