Bcome စီးပွားဖြစ်သင်တန်း

Bcome စီးပွားဖြစ်သင်တန်း စီးပွားရေးသင်တန်းတက်ဖို့အဆင်မပြေသ?

07/06/2020

🧄

06/06/2020

#အင်္ကျီတစ်ထည် အနည်းဆုံး ၁၀၀၀၀ ကျပ်
#ဘောင်းဘီတစ်ထည် အနည်းဆုံး ၁၂၀၀၀ ကျပ်
#ဖိနပ်တစ်ရံ အနည်းဆုံး ၈၀၀၀ ကျပ်
#ဘီယာတစ်ခါသောက် အနည်းဆုံး ၁၀၀၀၀ ကျပ်
#ဖုန်းတစ်လုံး အနည်းဆုံး ၁၅၀၀၀၀ ကျပ်
#အပြင်မှာ မုန့်တစ်ခါသွားစား အနည်းဆုံး ၁၀၀၀၀ ကျပ်
-
Digital for Business Success – DBS ရဲ့ Facebook Marketing Online သင်တန်း
တစ်သက်စာ ၁၀၀၀၀ ကျပ်

👉 Online shop တစ်ခု စလုပ်လို့ရတယ်
👉 ကိုယ့်စီးပွားရေး လုပ်ငန်းကို Facebook ပေါ် စ တင်လို့ရတယ်
👉 Video file 50 ကျော် + ဆောင်းပါးတွေ ပါမယ်
👉 Live session ကနေ လွှင့်ပြီး ရှင်းပြတာမျိုးတွေလည်း အပိုတွေရှိတယ်
👉 တခြား ငွေဝင်လမ်းကြောင်းတွေလဲ ပြပေးတယ်
👉 Certificate လိုချင်လဲ Quiz ဖြေပြီး ထုတ်လို့ရတယ်

📱 ဖုန်းနဲ့ စလုပ်လို့ရမယ်၊ Laptop ကတော့ Advanced တွေလုပ်မယ်ဆို လိုမယ်
❌ ၁၀၀၀၀ ကျပ်က အပြီးအစီး၊ တစ်ပြားမှ ထပ်ပေးစရာမလိုတော့
💻 Facebook Group ထဲမှာ Video များ ရှိပြီးသားဖြစ်တဲ့အတွက် ငွေသွင်းပြီးတာနဲ့ အဆင်သင့်ဝင်ကြည့်ရုံပဲ

သင်တန်းတက်ဖို့ Chat Box ကနေ Hi လိုက်ရင် (သို့) တစ်ခုခု မန့်ခဲ့ရင် ရပါတယ်
သင်တန်းမှာ ဆုံမယ်နော် 👋

ပါဝင်မယ့် သင်ခန်းစာအားလုံးကို အောက်မှာ ရေးပေးထားပါတယ်
(အတုအပ ဆင်တူရိုးမှား သတိပြုပါ၊ သင်ခန်းစာအားလုံးသည် DBS ၏ အပိုင်များ ဖြစ်ပါတယ်)

✅ Digital Marketing ကို သေချာစွာ နားလည်စေဖို့
Social Media Marketing ဆိုတာဘာလဲ
Search Engine Marketing ဆိုတာဘာလဲ
Display Marketing ဆိုတာဘာလဲ
Email Marketing ဆိုတာဘာလဲ
Video, Influencer, Content Marketing ဆိုတာဘာလဲ
✅ မတူညီတဲ့ Social Media အမျိုးအစားများ
✅ page တစ်ခုကို သေသေချာချာ ဖန်တီးခြင်း
✅ page ကို အပြင်ပန်းဆိုင်ရာ ပြင်ဆင်ရမယ့် အချက် (၄) ချက်
✅ page ရဲ့ Settings ပိုင်းဆိုင်ရာကို သေချာစွာပြင်ဆင်ခြင်း
✅ Facebook Settings: General Settings ကို ပြင်ဆင်ခြင်း
✅ အလိုအလျှောက် Page မှ စကားပြန်ပြောပေးနေမယ့် Messaging Settings
✅ Facebook Settings: Admin တွေခန့်တဲ့ Page Role Settings အကြောင်း
✅ အခြား page Settings များအားလုံး
✅ Facebook ပေါ်မှာ Content တင်ပုံတင်နည်း အမျိုးမျိုး
✅ Facebook ပေါ်မှာ ဈေးဆိုင်ဖွင့်ခြင်း Shop, Services, Events များ တင်ခြင်း
✅ Post တင်ဖို့ Idea တွေ ဖန်တီးနည်း ၁၆ နည်း
✅ ပြိုင်ဘက်ကို စောင့်ကြည့်နည်း ပါဝင်တဲ့ Facebook Insights Overview Tab
✅ ကိုယ့် Page ရဲ့ Like & Reach ကိုစောင့်ကြည့်နိုင်တဲ့ Facebook Insights Likes & Reach Tabs
✅ Insights ရဲ့ Post, People နဲ့ အခြား Tab များအကြောင်း
✅ Customer Service ထိထိရောက်ရောက် လုပ်နည်း
✅ Content Creation အဆင့်မြင့် Post များ ဖန်တီးခြင်း
✅ Canvas နဲ့ ရှယ် Content ဖန်တီးနည်း
✅ Content Idea တွေ အလိုအလျောက် Auto ထွက်စေမယ့် Calendar ရေးဆွဲနည်း
✅ Copywriting: $15 သုံးပြီး ၂၅ သိန်းဖိုးရောင်းရခဲ့တဲ့ အရောင်းကြော်ငြာရေးနည်း
✅ အကောင်းဆုံး ခေါင်းစဉ်ရေးနည်းများ Headline Hack
✅ Facebook Advertising: Facebook တွင် ထိရောက်စွာ ကြော်ငြာခြင်း
✅ မသိမဖြစ်သိရမယ့် Facebook ရဲ့ ကြော်ငြာစည်းကမ်းများ
✅ အချိန်အကြာဆုံး လုပ်ရတဲ့ Audience ရွေးချယ်ခြင်း
✅ Ad Set ထဲမှ Placement နဲ့ Budget & Schedule အကြောင်း
✅ Ads Manager မှာ သိကိုသိရမယ့် အချက် (၃) ချက်
✅ လူတွေသိပ်မသိကြတဲ့ Billing & Payment Settings တွေအကြောင်း
✅ သူတို့မသင်ပေးတဲ့ Custom Audience & Lookalike Audience
✅ ဒါမသိရင် ပိုက်ဆံတွေပိုကုန်မယ် : Campaign Budget Optimization (CBO)
✅ Facebook ရဲ့ အသုံးအဝင်ဆုံး Tool (5) မျိုး
✅ Digital Marketing Plan တစ်ခုကို အဆင့် (၇) ဆင့်ဖြင့် ဖန်တီးခြင်း
✅ Negative Comment တွေလာရင် ဘယ်လိုကာကွယ်ဖြေရှင်းရမလဲ

ဒါ့အပြင် Bonus အဖြစ်

✅ Chatfuel ဖြင့် Chat Bot တစ်ခု တည်ဆောက်ခြင်း
✅ Facebook Algorithm ပြောင်းလဲမှုကိုလိုက်ပြီး ပိုကောင်းအောင် ဘယ်လိုလုပ်မလဲ
✅ Bonus: (31) ရက်စာ Post တင်နိုင်မယ့် Idea များ
✅ Engagement အရမ်းကောင်းစေမယ့် ပို့စ်အမျိုးအစား (၇) ခု
✅Live အမေးအဖြေများ

ဒါတွေ ပါမှာပါ။ ခုပဲ CB က Hi လိုက်ပါ။

24/10/2019

မြန်မာ့ဂျင်းတွေ
Computer level 1 2 3 class
Mobile phone software / haddwere class
English class level 1 2 3 4
Chinese class
ရေခဲမုန့်အမျိုးမျိး သင်တန်း
ကိတ် အမျိုးမျိုး သင်တန်း
ပေါင်မုန့် အမျိုးမျိုး သင်တန်း
ဟင်းမျိုးစုံ ချက် သင်တန်း
အကင် မျိုးစုံ သင်တန်း
ကြော်ငြာ တံဆိပ် ရိုက် သင်တန်း
အီလက်ထရောနစ် သင်တန်း
ဂစ်တာ တီး သင်တန်း
ယမကာဖျော် သင်တန်း
ပန်းထိုး အလှဆင် သင်တန်း
အများကြီးပဲ ပြောမယ် ဆို
တကယ်တန်းကျတော့
ဒီသင်တန်းတွေဆီကနေ
အောင်မြင် နေတာ ခပ် ရှားရှားပါ
တကယ်တန်းအောင်မြင်နေတာ
လက်တွေ့ လုပ်ငန်း အတွေ့အကြုံ ပေးတဲ့ သူတွေသာ
ကားဝပ်ရှော့ဆရာက
သူ့တပည့်တွေ ကို
ဆိုင်မှာ ထားပီးသင်တယ်
ကြာတော့ ဒီအလုပ်ကို
ကိုယ်တိုင် ခွဲနိုင်မယ်
ဒီလို နဲ့ ပညာရှင်များ ဖြစ်သွားကြတာ
အစစအရာရာ ပေါ့
အခုတော့ ဟုတ်ပေါင်
သင်တန်း ခေါ် သင်တန်း ကြေး တောင်း တတ်တဲ့ သူတေလဲပေါ
ပညာတွေ တော့ လူအများစီ
ပျံ့သွားပါရဲ့
မအောင်မြင်ကြဘူး
ဘာကြောင့်လဲ ဆိုတော့
အတွေ့အကြုံ မရှိတော့
မလုပ်ရဲဘူး
မလုပ်ဖြစ်ဘူး
အလုပ်ရဲ့ဖိအားဒဏ်မခံနိုင်ကြဘူး

29/01/2019

ဒီ page က public postများကို အခြားသူများသိစေရန် ဗဟုသုတရစေရန် public ပြန်ယူတင်ထားတာဖြစ်တယ်
ပို့စ်အများစုဟာ copy ယူသုံးထားတာဖြစ်တဲ့အတွက် မူရင်းပိုင်ရှင်များကို Credit ပေးပါတယ်
ပို့စ်တွေရဲ့ အောက်မှာလည်း crd ပေးထားပါတယ်
Page ကို Like လုပ်ကြတဲ့သူတွေကို ကျေးဇူးအရမ်းတင်ရှိပါတယ်

$$$ Financial Freedom ($ ငွေရှာစရာမလိုတဲ့ ငွေကြေးမှလွတ်မြောက်နည်း) ??? ဝင်ငွေရှာနည်း အဓိက ၂ မျိုး ရှိပါတယ်Active Income ...
08/01/2019

$$$ Financial Freedom ($ ငွေရှာစရာမလိုတဲ့ ငွေကြေးမှလွတ်မြောက်နည်း) ???

ဝင်ငွေရှာနည်း အဓိက ၂ မျိုး ရှိပါတယ်

Active Income (ကိုယ်အလုပ်လုပ်ခြင်းမှ ရငွေ)
Passive Income ((ကိုယ်မလုပ်ပဲ တခြားသော လုပ်ငန်းတွေကို ရင်းနှီးမြုပ်နှံမှုမှ ရရှိငွေ)

F - F ငွေကြေးရှာဖွေမှုမှ လွတ်မြောက်ဖို့ဆိုရင် Active ဝင်ငွေအပြင် Passive ဝင်ငွေကို ပိုရှာဖို့ လိုအပ်မှာဖြစ်ပါတယ်။

အသုံးစရိတ်ထက် - ဝင်ငွေများနေရင် ရေရှည်မှာ တဖြည်းဖြည်း ဝင်ငွေရှာမှု လွှတ်မြောက်လာမှာဖြစ်ပါတယ်။

ငွေကြေးစီမံတဲ့အခါမှာလည်း အသုံးပြုနေရတဲ့ လိုအပ်ချက် = လိုချင်မှုကြား မျှတစွာ အသုံးပြုရမှာဖြစ်ပါတယ်

Necessary မဖြစ်မနေသုံးရတဲ့ငွေရှိမယ်
Saving ရေရှည်အတွက် စုရမဲ့ငွေရှိမယ်
Education ပညာရဖို့ သုံးရတဲ့ငွေရှိမယ်
Play အထွေထွေကိစ္စမှာ သုံးရတဲ့ငွေရှိမယ်
အစသဖြင့် ငွေကြေးကို စနစ်တကျ ပိုင်းခြားပြီး စီမံသုံးဖို့ လိုအပ်ပါတယ်။

(Spender ငွေသုံးတဲ့သူဖြစ်နေမလား - Saver ငွေကြေးစုစောင်းသူဖြစ်နေမလား - Investor ငွေကြေးရင်းနှီးမြုပ်နှံသူဖြစ်နေသလား) ဆန်းစစ်ပြီး ရေရှည်မှာ Financial Freedom ဖြစ်အောင် စီမံရမှာဖြစ်ပါတယ်။
ဘယ်အခြေအနေမှာပဲ ဖြစ်ဖြစ် လူတိုင်းငွေရှာနေရတဲ့ ရည်ရွယ်ချက်က အသုံးစရိတ်ထက် ဝင်ငွေက ပိုလျှံဖို့နဲ့ ရေရှည်ဘဝလုံခြုံဖို့ပဲဖြစ်ပါတယ်

Passive Income ရေရှည်မှာ ငွေရှာခြင်းမှ လွတ်မြောက်မှု ဖြစ်စေဖို့ နည်းလမ်းများစွာရှိနိုင်တယ်

- နှစ်စဉ်ဝင်ငွေရစေတဲ့ Stock ရှယ်ယာတွေမှာ ရင်းနှီးမြုပ်နှံထားတာမျိုး
- တခြားသော Franchise အကျိုးတူ လုပ်ငန်းခွဲထူထောင်တာမျိုး
- အလားအလာရှိတဲ့ အိမ်ခြံမြေမှာ ရင်းနှီးမြုပ်နှံထားတာမျိုးတွေ
- အင်တာနက် Website လို လုပ်ငန်းမျိုးတွေမှ ပုံမှန်ဝင်ငွေ ရနေတာမျိုး
- ပုံမှန်ဝင်ငွေရှိစေတဲ့ လုပ်ငန်းတွေကို ထူထောင်လုပ်ကိုင်ထားတာမျိုး

Passive Income ရှာဖွေနည်းတွေ များစွာရှိနိုင်ပါသေးတယ် - ငွေကြေးရှာဖွေမှုမှ လွှတ်မြောက်ဖို့ အရေးကြီးတာတော့ (System စနစ်တခုကို ထူထောင်ပြီး လုပ်ငန်းလည်ပတ်ထားနိုင်ရမယ်) စနစ်မှ ငွေပုံမှန်ဝင်နေမယ် - ဝင်လာတဲ့ငွေကိုလဲ တိုးပွားအောင် ပြန်လည်ရင်းနှီးမြုပ်နှံပြီး Passive Business Income ခိုင်မာအောင် ကြိုးစားရမှာဖြစ်ပါတယ်။

F - F ငွေကြေးရှာဖွေမှုမှ လွတ်မြောက်ဖို့ဆိုရင်

(အသုံးစရိတ်ထက် ပိုအောင်ငွေရှာဖို့ရယ်)
(ရလာတဲ့ငွေကို ပြန်လည်ရင်းနှီးမြုပ်နှံဖို့နဲ့)
(ရင်နှီးမြုပ်နှံထားတဲ့ ငွေမှ အပိုဝင်ငွေရဖို့ ငွေကြေးစီမံမှုလိုအပ်တယ်
ငွေကြေးမှ လွတ်မြောက်စေဖို့ ကိုယ်ငွေရှာဖို့အပြင် တခြားသော ပုံမှန်ဝင်ငွေရစေတဲ့ လုပ်ငန်းတွေကို စဉ်းစားပြီး ရင်းနှီးမြုပ်နှံဖို့ အတွေးရနိုင်စေပါ

Millionaire Mind (စင်္ကာပူ) သင်တန်းမှာ >>> မနက် ၉ နာရီ မှ ည ၁၀ နာရီအထိ အားစိုက်ပြီး လေ့လာထားပါတယ်။ ကျွန်တော် အခါအားလျှော်စွာ မျှဝေပေးသွားပါရစေ 🙂

သင်တန်းမှ တခုရလိုက်တာက အကယ်၍ သင့်ပိုင်တဲ့ ငွေ $$ တစုံတရာကို (မီးရှုံ့) မယ်ဆိုပါတော့ - ဘယ်လိုဖြစ်သွားနိုင်မလဲ ???
ငွေအပေါ်မှာ အရမ်းမမက်မောမိစေဖို့နဲ့ ငွေမရှာချင်တဲ့စိတ် (ဒီနှစ်ခုကြား) မျှတကြိုးစားရလိမ်မယ်

ငွေကို တခြားထံမှ Taker အယူတခုတည်း မဟုတ်စေပဲ - တခြားသူတွေအတွက် Giver ပေးနိုင်သူဖြစ်အောင်လဲ ကြိုးစားရမှာဖြစ်ပါတယ်

ငွေကြေးအတွက်... စဉ်းစားစရာတခုကတော့
Money make You (ငွေက ကိုယ့်ကိုပြုလုပ်စေမှာလား)
You make Money (ကိုယ်က ငွေကို ပြုလုပ်မှာလား) ဒါဟာ ငွေကြေးလွှတ်မြောက်မှုရဲ့ လမ်းစဖြစ်ပါစေ

ငွေကြေးကို ဖန်တီးပေးနိုင်သူဖြစ်ပါစေ 🙂

လေးစားလျှက်
Crd2 Zin Phyo Paing
Business Institute

Retail is detail ပါ။လက်လီ အရောင်းဆိုင်များ၊ အရောင်းတိုးတက်ဖို့အတွက် Cross Sell နဲ့ Up sell ကို ၊ အရောင်းညီငယ်၊ညီမငယ်များ...
05/01/2019

Retail is detail ပါ။

လက်လီ အရောင်းဆိုင်များ၊ အရောင်းတိုးတက်ဖို့အတွက် Cross Sell နဲ့ Up sell ကို ၊ အရောင်းညီငယ်၊ညီမငယ်များအတွက် မျှဝေလိုက်ပါတယ်။

မိမိအရောင်းဆိုင်ထဲ ဝင်လာတဲ့ ဝယ်သူတွေကို အရောင်း ညီငယ်၊ညီမငယ်များ အနေနဲ့ Cross selling, Up selling ရောင်းတက်ရင် အရောင်းတွေပိုမိုတိုးတက်နိုင်ပါတယ်။

Retail ရောင်းချခြင်းသည်၊ Personal selling ဖြစ်ပါတယ်။ ဝယ်သူဖောက်သည်ကို မိမိ ရောင်းလိုတဲ့ဘက်ဆွဲခေါ်သွားတက်ဖို့လိုပါတယ်။
(ဇွတ်အတင်းကြီးတော့ မကောင်းဘူးပေါ့။အကြံပြုတာ မျိုး ဥပမာ - ဒါလေးနဲ့ဒါလေးဆို ပိုကောင်းတယ် ဆိုတာမျိုးပါ)

Cross Sell - ဝယ်သူကို အကြံပြုရမှာပါ။ ဥပမာ - မိမိအရောင်းဆိုင်က TV ရောင်းတယ်ဆိုပါစို့။ TV ရောင်းပြီးရင် ၊ အင်တာနာလေး ဝယ်ဖို့ အကြံပြုတာမျိုးပါ။ ရေခဲသေတ္တာရောင်းပြီးရင် Safeguard ပါ ဝယ်ဖို့ အကြံပြုတာမျိုးပါ။ မုန်ဟင်းခါးဆိုင်မှာ မုန်ဟင်းခါးဝယ်စားရင် အကြော်ထည့်အုံးမလားဆိုတာမျိုးပေါ့။ ၂ခုရောင်းရတော့ ၂ခု အပေါ်မှာ ၂ခါမြတ်တာပေါ့။ အရောင်းငွေပမာဏလည်း တက်စေပါတယ်။

Up sell - ဆိုတာက ပိုပြီးတန်ဖိုးမြင့်တာကိုရောင်းတာပါ။
ဥပမာ - 32" TV ရိုးရိုးလာဝယ်တယ်ဆိုပါစို့။ 32" Smart ရဲ့ အားသာချက်တွေပြောပြပြီး ၊ Smart TV ကိုရောင်းတာမျိုးပါ။ တစ်ခါက ဆိုင်တစ်ဆိုင်မှာ မိတ်ဆွေ၃ယောက်နဲ့ ထမင်းသွားစားတယ်။ ခေါက်ဆွဲကြော်တစ်ပွဲမှာပါတယ်။ စားပွဲထိုးက ပွဲကြီးဆိုပိုတန်ကြောင်း ၊ အခြားဟင်းပွဲများပါမှာရင် ၃ဦးကောင်းကောင်းစားနိုင်ကြောင်းပြောပါတယ်။ ဒါ Up selling လုပ်တာပါ😁

Retail is detail ပါ။

ဒီပိုစ်ကိုကြိုက်ရင် Like လုပ်ပေးပါ။ မိတ်ဆွေတွေလည်း သိစေချင်ရင် Share ပေးပါ။ တစ်ခုခုပြောစရာရှိရင် Comment မှာရေးထားပေးပါ။

လက်လီဆိုင်များ အရောင်းတိုးတက်ပါစေ။

ချစ်ခြင်းများစွာဖြင့်
Crd2ကိုအောင်စည်လင်း
(၂၅.၀၂.၁၈)

အောင်မြင်မှုအတွက် မရှိမဖြစ် 4Sအောင်မြင်မှုကို မက်မောတောင်းတသူ၊အောင်မြင်မှုအတွက် ပြင်ဆင်နေတဲ့သူတွေဟာ သာမန်သူတွေလို နေထိုင်လိ...
05/01/2019

အောင်မြင်မှုအတွက် မရှိမဖြစ် 4S
အောင်မြင်မှုကို မက်မောတောင်းတသူ၊အောင်မြင်မှုအတွက် ပြင်ဆင်နေတဲ့သူတွေဟာ သာမန်သူတွေလို နေထိုင်လို့မရပါဘူး။ဘ၀အတွက်ပြင်ဆင်စရာရှိတာ ၊လိုအပ်ချက်ရှိတာမှန်သမျှကို ပြင်ဆင်ဖြည့်စွက် မှတ်သားနေရပါတယ်။ဒီတစ်ခါအောင်မြင်တဲ့သူတစ်ယောက်ဖြစ်ဖို့လိုအပ်တဲ့ အတိုကောက်မှတ်သားဖွယ်ရာ 4S အကြောင်းကိုတင်ပြချင်ပါတယ်။
Smart
အောင်မြင်ဖို့အတွက် Smart ဖြစ်ဖို့လိုအပ်ပါတယ်။ဈေးကြီးပေးဝယ်မှ Smart ကျတာမျိုးမဟုတ်ပဲ ရှိနေတာနဲ့လှအောင်ဝတ်ဆင်တက်ဖို့လိုပါတယ်။ကိုယ့်ရဲ့ Personality ကောင်းမွန်နေတာဟာ အောင်မြင်ဖို့အတွက်များစွာအထောက်အကူဖြစ်စေပါတယ်။ကိုယ့်ရဲ့နှလုံးသားကို ဖြူစင်အောင်ထားသလို အနေအထိုင်သပ်ရပ်သန့်ရှင်းဖို့က အောင်မြင်ဖို့အတွက်အဓိကလိုအပ်ချက်ပါ။
Sweet
ချိုသာသောစကားဆိုတက်သူအများစုကို လူတွေကချစ်ခင်နှစ်သက်လေ့ရှိကြပါတယ်။ စကားပြောကောင်းခြင်းက သင့်အတွက် သူတစ်ပါးကိုဆွဲဆောင်ရာမှာ များစွာအထောက်အကူပြုသလို စကားပြောချိုသာခြင်းကလည်း သင့်ကိုလူများစွာကချစ်ခင်နှစ်သက်စေမှာဖြစ်ပါတယ်။ ဟန်လုပ်ပြောဆိုနေခြင်းမဟုတ်တဲ့ ချိုသာသောပြောဆိုမှုများဟာသင့်အတွက်အောင်မြင်မှုလမ်းစ ကိုဖွင့်ပေးနိုင်မှာဖြစ်ပါတယ်။
Smile
သုံးစက္ကန့်အတွင်းတစ်ဖက်သားကိုယ့်ဘက်ပါအောင်ဆွဲဆောင်စေတဲ့နည်းကတော့ ချိုမြိန်လှပသောအပြုံးပေးလိုက်နိုင်တာပဲဖြစ်ပါတယ်။ လူတိုင်းကို အမြဲအမှတ်တရရှိနေစေဖို့ သင့်နှုတ်ခမ်းထက်မှာ အပြုံးတစ်ပွင့် ဖန်ဆင်းပေးဖို့လိုပါတယ်။ အောင်မြင်မှုအတွက် မဟုတ်ရင်တောင်မှသင့်ကျန်းမာရေးအတွက် သင်ဟာနေ့စဉ်ပြုံးနေဖို့လိုအပ်လှပါတယ်။
Skill
ကျွမ်းကျင်မှုဆိုတဲ့နေရာမှာ အောင်မြင်မှုအတွက်အဓိကကျတဲ့ ပေါင်းသင်းဆက်ဆံရေးကျွမ်းကျင်လိမ်မာမှုကိုဆိုလိုပါတယ်။ လူတိုင်းနဲ့လိုက်လျောညီထွေးစွာ ပေါင်းသင်းတက်တဲ့သူက အောင်မြင်မှုကိုအချိန်တိုတွင်းခူးဆွတ်နိုင်ပါတယ်။ ကိုယ်ပိုင်ခံယူချက်နဲ့ တစ်ပါးသူအပေါ်လေးလေးစားစား ဆက်ဆံတက်ခြင်းဟာ အောင်မြင်သူတွေအတွက် မရှိမဖြစ်လိုအပ်ချက်ပဲဖြစ်ပါတယ်။

ကျွန်တော်တို့...- လုပ်မယ်ဆိုပြီး မလုပ်ဖြစ်တာတွေရှိနေရင်- ဝိတ်ချမယ်ဆိုပြီး စိတ်မထိန်းနိုင်သေးရင်- ဒီလတော့ အလုပ်လုပ်တော့မယ...
31/12/2018

ကျွန်တော်တို့...
- လုပ်မယ်ဆိုပြီး မလုပ်ဖြစ်တာတွေရှိနေရင်
- ဝိတ်ချမယ်ဆိုပြီး စိတ်မထိန်းနိုင်သေးရင်
- ဒီလတော့ အလုပ်လုပ်တော့မယ်လို့ တွေးပြီး မလုပ်ဖြစ်သေးရင်
- အရက်ဖြတ်မယ်လို့ တွေးပြီး မဖြတ်နိုင်သေးရင်
- အချိန်ဆွဲတာကို ဘယ်လို ဖြေရှင်းရမှန်းမသိသေးရင်

ဘဝမှာ လက်ရှိထက် ပြောင်းလဲမှုလေး တခုခုတော့ အနည်းဆုံး မြင်ချင်လာပြီဆိုရင်...

ဒီ ၁၀ ရက်တာ သင်တန်းလေးကို မရရအောင် Join ပါ။

အာမခံ နဲ့ သင်ပေးပါတယ်။

ကိုယ် တကယ် လိုက်လုပ်ဖြစ်ဖို့ အာမခံပါ...

အကျင့်ဆိုး ရှိသူမို့ Join တာ မဟုတ်ဘဲ...
ဒီ အကျင့်တွေ ပြောင်းလဲသွားရင် ကိုယ့်ဘဝဟာ လက်ရှိထက် အများကြီး ပိုမိုကောင်းလာမယ်လို့ ယုံကြည်ထားသူများအတွက် သီးသန့် သင်တန်းပါ...

ကိုယ့် ဘဝအတွက် ကိုယ် ဆုံးဖြတ်ချက်တခု ပြတ်ပြတ်သားသား ချပြီး ဒီ ၁၀ ရက်ကို လိုက်လံ လေ့ကျင့်လိုက်ပါ။

တခါမှ မကြုံရဖူးတဲ့ ပြောင်းလဲမှုတွေ တွေ့ရပါမယ်...

ဒီ သင်တန်းကို သင်တန်းသားပေါင်း ၅၀၀ ကျော် တက်ရောက်ပြီးစီးပြီး...
တကယ့် အကျင့်ကောင်း ရလာဒ်ကောင်းတွေ အများကြီး ထွက်ပြီး ပါပြီ

ကျွန်တော် ကိုယ်တိုင် လက်တွေ့ ကျင့်သုံးပြီး ရလာတဲ့၊ သိလာတဲ့ အသိပညာ ပေါင်း များစွာကို စစ်ထုတ်ပြီးမှ ၁၀ရက်တာ Design ဆွဲပေးထားတာပါ..

လက်တွေ့သုံးကျင့်ကြံပြီးမှ ဆုံးဖြတ်ပါလို့ အရင် တောင်းဆိုပါတယ်..

‍‍
လာမယ့် သောကြာနေ့မှာ ၁၀ရက်တာ အကျင့်ပြောင်းသင်တန်း ပြန်ဖွင့်ပါမယ်။
Crd2SuccessUpSize
‍‍‍‍‍‍ ‍‍
တက်ရောက်ချင်သူများ အောက်မှာ မန့်သွားပါ။ ကျွန်တော် CB ကနေ ဆက်သွယ်ပါ့မယ်..
‍‍‍‍‍‍ ‍‍
ကျောင်းသားများ စကားသံ....
==========================
အစကတော့ကျနော် နှစ်ရှည်လများလုပ်လာခဲ့တဲ့အကျင့်ဆိုးတွေဒီ၁၀ရက်ဆိုတဲ့အချိန်လေးနှင့်ဘယ်လိုလုပ်ပီးပြောင်းမှာလဲဆိုတဲ့စိတ်နှင့်မယုံကြည်ခဲ့ဘူး
ဒါပေမယ့်ဒီသင်တန်းကိုတက်ပီးတဲ့အချိန်မှာ အကျင့်ဆိုးတော်တော်များများကိုပြောင်းလဲနိုင်ခဲ့တယ်စိတ်ခွန်အားတွေလဲအများကြီးရခဲ့တယ် တကယ်တက်သင့်တဲ့သင်တန်းတစ်ခုပါ
( ~ Khaing Zin Thaw)
‍‍‍‍‍‍ ‍‍
++++

ဒီသင်တန်းကိုစတွေတုန်းကonlineကသင်တာဆိုတော့သင်ရတာအရမ်းအဆင်မပြေလောက့်ဘူးထင်တာတက့်ကြည့်ပြီးတော့မှပဲဆရာနဲ့အသေးစိတ့်ကအစတိုင်ပင်လို့ရတာသိရတယ်သင်တန်းမတက့်ခင်ကရှိတဲ့အကျင့်ဆိုးတွေကိုပြောင်းပြီးအကျင့်ကောင်းတွေကိုအစားထိုးလုပ့်လာနှိုင်တဲ့အတွက့်လဲဝမ်းသာတယ်နောင်လာမည့်ကျောင်းသားများလဲဆရာပြောတဲအတိုင်းလုပ့်ပြီးအကျင့်ဆိုးများကိုပြောင်းလဲနှိုင်ပါစေ
(~ Aung Moe Hein)
‍‍‍‍‍‍ ‍‍
++++

ဒီသင်တန်းတက်ဖြစ်လိုက်တာအရမ်းအကျိုးရှိပာတယ်။သင်တန်းမတက်ခင်အကျင့်ဆိုးပျောက်အောင်ဘယ်လိုသင်မလဲဆိုတာစိတ်ဝင်စားပြီးတက်ဖြစ်ခဲ့တယ်။

ကိုယ့်ကိုယ်ကိုတော့အကျင့်ဆိုးမရှိဘူးထင်တတ်ကြတာဘဲလေ။သင်တန်းတက်ပြီးတော့(သင်တန်းတက်ရင်း)ကိုယ့်အကျင့်တွေမြင်လာပြီးပြောင်းရမဲ့အချက်တွေပြောင်းရမဲ့ပုံစံတွေကိုဆရာသင်ခန်းစာကနေအများကြီးသိလာမြင်လာပြီးပြောင်းတတ်လာတယ်။ကိုယ့်အခြေနေကအရင်နဲ့မတူတော့ဘဲပိုပြီးယုံကြည်မှု့ရှိလာတယ်။ပြိုပီးစိတ်ဓါတ်တွေတက်လာတယ်။PLAN ချပြီးဘယ်လိုအလုပ်လုပ်ရမယ်ဆိုတဲ့အချက်ကတော့တန်ဖိုးမဖြတ်နိုင်အောင်ရလိုက်တဲ့အကျိုးကျေးဇူးပါဘဲ။ကိုယ့်ဘဝတိုးတက်ချင်သူတိုင်းတက်သင့်တဲ့သင်တန်းပါ။တက်ရင်းနဲ့ကိုယ့်လိုအပ်ချက်တွေမြင်လာပြီးပြုပြင်ရမဲ့နည်းလမ်းတွေရရှိလာမှာမို့ ဒီသင်တန်းကိုတက်ဖို့ တိုက်တွန်းပါရစေ။
(~ Hnin Hnin)
‍‍‍‍‍‍ ‍‍
++++

Line သုံးရင်းအချိန်ကုန်နေမယ့်အတူတူ ဒီသင်တန်းလေးက်ုတက်ကြည့်ရင်ကောင်းမယ်။ ဘယ်လိုနေနေ အတွေ့အကြုံရတယ်ဆိုပြီိးသင်တန်းကိုတက်ဖြစ်ခဲ့တယ်။ သင်တန်းတက်ပြီးတော့ ကိုယ့်ဆီမှာရှိတဲ့အကျင့်ဆိုးတွေကို ပိုမြင်လာတယ်။ ပြောင်းလဲချင်လာတယ်။ အရင်က ပြောင်းလဲချင်စိတ်သာရှိခဲ့တာ အချိန်တွေဆြွဲပီးနေ့ရွှေ့ ညရွေနဲ့ တကယ်မပြောင်းဖြစ်ခဲ့ဘူး.. .အခုကျတကယ်ကို နည်းနည်းစီ ပြောင်းဖြစ်လာတယ်... အကျင့်ဆိုးတွေကိုလည်းပိုပြီးသတိထားမိလာတယ်။.နေ့တိုင်းကိုယ်သုံးနေကျ အချိန်ထဲက နည်းနည်းလေးပဲ ဖြစ်ဖြစ်ပေးပြီး်ဒီသင်တန်းကို တက်ကြည့်ပါ. အကျိုးရှိလာမှာပါ. ကိုယ့်အတွက်အကျိုးရှိတာတွေကိုသိလာမှာပါ.
( ~ Nan May PhooAung)
‍‍‍‍‍‍ ‍‍
++++
၁၀ရက်တာအကျင့်ပြောင်းသင်တန်းလေးကိုတတ်ဖြစ်ပါတယ်။
သင်တန်းလေးကတကယ်ကိုကောင်းတဲ့သင်တန်းလေးပါ။
စိတ်အားတတ်ကြွစေတဲ့သင်တန်းမျိုးမဟုတ်ပဲလက်တွေ့လုပ်နည်းသင်တန်းလေးပါ။လက်တွေ့လုပ်ခန်းတွေကစနစ်ကျလွန်းလို့
အကျင့်ဆိုးတွေကိုမယုံနိုင်လောက်အောင်အလွယ်တကူပြောင်းနိုင်ပါတယ်။နောက်တတ်မယ့်သင်တန်းသားတွေကိုညွန်းဆိုချင်ပါတယ်။ဒီသင်တန်းလေးကိုတတ်ဖြစ်အောင်တတ်ကျပါမိမိရဲ့အကျင့်ဆိုးတွေကိုဘဝတစ်လျောက်လုံးအသုံးပြုနိုင်တဲ့
နည်းစနစ်တွေသင်ပေးတဲ့အတွက်အရမ်းကိုကောင်းလို့တတ်ဖြစ်အောင်တတ်ကျပါလို့ညွန်းဆိုပါရစေ။
(~ Zaw Toe Paing)
‍‍‍‍‍‍ ‍‍
++++
သင်တန်းမတက်ခင်တုန်းက သမီးက အချိန်လည်းအရမ်းဆွဲတတ်ပီး..social mediaကို အရမ်းသုံးမိပါတယ်...ဒါကြောင့် ဒီအကျင့်ဆိုးတွေကို အရမ်းပြုပြင်ချင်မိတယ်...ဆရာ့သင်တန်းကို တွေ့ရတော့ အရမ်းစိတ်ဝင်စားလို့ တက်လိုက်တယ်... Day 1 ကနေစပီး Day 10ထိ ဆရာညွှန်ကြားတဲ့အတိုင်း သေသေချာချာ စိတ်နှစ်ပီး လိုက်လုပ်ခဲ့ပါတယ်... ဆရာ့နည်းလမ်းတွေက အရမ်းကောင်းပါတယ်... သေချာလိုက်လုပ်ရင် ဒီအကျင့်ဆိုးတွေကို လုံးဝဖယ်ရှားနိုင်မှာပါ... ဒီအကျင့်ဆိုးတွေပျောက်သွားမှလည်း ကိုယ့်ဘဝက အရင်ကထက် ပိုတိုးတက်လာနိုင်မှာပါ...ခုတော့ အချိန်တွေကို ကောင်းတဲ့ဘက်မှာ အသုံးချလာနိုင်ပါပြီ.. ဆရာ့ကျေးဇူးကြောင့်ပါ... ဒီကနေပဲ ဆရာ့ကို ဦးချကန်တော့လိုက်ပါတယ်ဆရာ ရှင့် ...
(~ Saung Kyel Sin)
‍‍‍‍‍‍ ‍‍
++++
10 Day Habit Change
ဒီသင်တန်းလေးဟာသမီးကိုလမ်းမှန်ရောက်အောင်အချိန်ကိုတန်ဖိုးထားတတ်အောင်လမ်းပြပေးတဲ့သင်တန်းလေးပါ
သင်တန်းမတတ်ခင်ကဆိုအချိန်ဆွဲတတ်တာတွေပျင်းတာတွေကိုသိနေရက်သားနဲ့မပြင်နိုင်ခဲ့ဘူး
ခုဆိုသမီးဘေးပတ်ဝန်းကျင်မှာရှိတဲ့သူတွေကိုအံ့သြစေတတ်လဲ
လောက်တဲ့အထိပြောင်းလဲနိုင်ခဲ့တယ်နောက်ပြီး
ဆရာပြောတဲ့စကားလုံးတိုင်ကသမီးအတွက်Activeဖြစ်တယ်
ဒီသင်တန်းလေးကလူငယ်တွေတတ်သင့်တဲ့သင်တန်းလေးပါ
တတ်လဲတတ်စေချင်တယ်တတ်ဖို့လဲတိုက်တွန်းပါတယ်
အချိန်အများကြီးပေးစရာမလိုဘဲတတ်လို့ရတဲ့သင်တန်းလေးပါ
ဆရာပြောတဲ့အတိုင်းသာလိုက်နာမယ်ဆိုတကယ်အောင်မြင်ပါတယ်။ဆရာပြောတဲ့*အချက်ပြ တစ်ခုခုခုအစားထိုး ကျေနပ်မူရှိ*ဒီစကားလေးကအရမ်းတန်ဖိုးရှိပါတယ်။
သမီးကိုလမ်းပြပေးတဲ့ဆရာကိုအရမ်းကျေးဇူးတငိပါတယ်
ဆရာလဲအောင်မြငိမူအများကြီးရပါစေ။
(~ Nant Chaw Su)
‍‍‍‍‍‍ ‍‍
++++
ကျွန်တော့်မှာနှစ်ပေါင်းများစွာကမပြင်နိုင်ခဲ့တဲ့အကျင့်ဆိုးတခုရှိတယ်။နည်းလမ်းမျိုးစုံနဲ့ပြောင်းလဲဖို့ကြိုးစားခဲ့တယ်မအောင်မြင်ခဲ့ဘူးဒီသင်တန်းကိုတွေ့တော့တက်ဖြစ်အောင်တက်ခဲ့တယ်သင်ခန်းစာတွေကိုလည်းနေ့စဉ်ပုံမှန်လိုက်လုပ်ခဲ့တယ်ကျွန်တော့ရဲ့လိုချင်မှုပြင်းပြတဲ့စိတ်ရယ်သင်တန်းမှာပါတဲ့ယုံကြည်ချက်၃ချက်ရယ်ဆရာ့ရဲ့စနစ်တကျနဲ့လက်တွေ့ကျတဲ့သင်ကြားမှုတွေရယ်ပေါင်းစပ်လိုက်တော့အကျင့်ဆိုးတခုကိုယတိပြတ်ပြောင်းလဲနိင်ခဲ့တယ်ဆရာ့ကိုအထူးပဲကျေးဇူးတင်ပါတယ်
(~ Kyaw Swar)
‍‍‍‍‍‍ ‍‍
++++
အကျင့်ပြောင်းသင်တန်းမတက်ခင်ကတည်းက ဆရာကိုသူရရဲ့ 2minutes အစီအစဉ်ကိုနားထောင်ဖြစ်ခဲ့ပါတယ် သင်တန်းမတက်ခင်ကတော့ ကိုယ့်ကိုယ်ကို ဆိုးလှတဲ့အကျင့်တွေကို ငါတကယ်ပြောင်းနိုင်ပါ့မလားလို့  မယုံမရဲဖြစ်ခဲ့ပါတယ် တက်ကြည့်လိုက်တော့ ၃ရက်မြောက်နေ့ မှာပဲ ကိုယ့်စိတ်သာမက နေထိုင်မှူပုံစံကိုပါသတိထားမိလာတယ် ၁၀ရက်တာကုန်ဆုံးသွားတဲ့နောက်မှာ ကိုယ်လုပ်နိုင်တယ် ပြောင်းနိုင်တယ်လို့  အသေအချာ ယုံကြည်ပြီး လက်တွေ့ လုပ်ဆောင်နိုင်ခဲ့ပါတယ်
၁၀ရက်သင်တန်းဆိုပေမဲ့ ဘ၀တလျှောက်လုံးအတွက် အဖိုးထိုက်တန်လွန်းတဲ့ သင်ခန်းစာတွေနဲ့  လမ်းညွှန်မှူတွေကိုပေးခဲ့တဲ့ ဆရာ ကိုသူရကို အထူးကျေးဇူးတင်ပါတယ်
(~ Padauk Wah)
‍‍‍‍‍‍ ‍‍
++++

သင်တန်းမတက်ခင်က ကိုယ့်စိတ်ကို မနိုင်ခဲ့ဘူး.. အကျင့်ဆိုးတွေကများပီး လူကဖြစ်ချင်တိုင်းဖြစ်နေတယ်.. သင်တန်းတက်ပီးတော့ တော်တော်ပြောင်းလဲသွားတယ်..အကျင့်ဆိုးတွေကို စနစ်တကျပြုပြင်နိုင်လာတယ်.. အကျင့်ဆိုးတွေပြုပြင်ရုံတင်မကဘူး.. အကျင့်ကောင်းတွေကိုအမြဲလုပ်ဖြစ်လာတယ်..
ကိုယ့်ဆီမှာရှိတဲ့ ကိုယ့်ဘဝကိုဆွဲချနေတဲ့ အကျင့်ဆိုးကို ပြုပြင်ပြောင်းလဲချင်တဲ့သူတွေ တက်ကြည့်ပါ လို့်အကြံပြုချင်တယ်.. ပိုက်ဆံ၁သောင်းဆိုတာ ကိုယ်သုံးတဲ့ဖုန်းဘေလောက်တောင်မရှိပါဘူး..သင်တန်းကနေ ရလိုက်တာတွေကတော့ ကိုယ့်ဘဝအတွက် အကျိုးရှိတဲ့ဟာတွေ..
ဒီလိုသင်တန်းမျိုးဖွင့်ပေးတဲ့ ကိုသူရကိုလည်း ကျေးဇူးအထူးပါ လို့..
(~ Sai HlaingWin Han)
‍‍‍‍‍‍ ‍‍
‍‍‍‍‍‍ ‍++++
သင်တန်းသား ကို ဇော်###x ရဲ့ Feedback ပါ... (နာမည်မတင်ပါနဲ့ဆိုလို့ပါ... :D)
- သင်တန်းမတက်ခင် Page မှာ တင်နေကျ Live တွေကြည့်ပြီး ဗဟုသုတအများကြီးရပါတယ်။Page ထဲ ဝင်ကြည့်ရာက ဒီသင်တန်း ကိုတွေ့ တယ် သင်တန်းရဲ့ Feedback တွေလည်း အရမ်းကောင်းတာတွေ့ တယ် သင်တန်းကြေးကလည်း ဖုန်း Bill ဖြည့်သလောက် ရှိတော့ စုံစမ်းပြီး တက်ဖြစ်တယ်
- သင်တန်းတက်ပြီး ခဏချင်းပင် သင်တန်းတက်တာ မှန်ပြီ ခံစားရတယ်။ သင်တန်းကြေးနဲ့ တောင် မတန်ဘူးပြောရလောက်အောင် ဗဟုသုတတွေ နည်းလမ်းတွေကကောင်းလွန်းပါတယ်
- မတက်ခင်ကတော့ ကိုယ့်အကျင့်ကိုပြောင်းချင်တာပဲသိတယ် (ဆရာပြောသလိုဆို ကလေးကို အတင်းဒါမလုပ်နဲ့ လုပ်ခိုင်းနေသလိုပါပဲ)
- တက်ပြီးနောက် ကိုယ့်အကျင့်ကို နားလည်လာတယ် ဘယ်လိုနည်းတွေနဲ့ ပြောင်းလဲရမယ် သိလာတယ် (ခဏလေးမဟုတ်ဘဲ ရေရှည်ပြောင်းလဲနိုင်တာပါ)
- သင်တန်းတက်မလို့ စဉ်းစားရင်း ဒီ Feedback လေးတွေ့ တယ်ဆို ချက်ချင်းသင်တန်းစုံစမ်းပြီး တက်လိုက်ပါ တကယ်ကောင်းတဲ့သင်တန်းတခုလို့ ပြောပါရစေ..

==============================

#သင်ကြားမှုပုံစံ

Onlineသင်တန်းဖြစ်တဲ့အတွက် တစ်နေ့ကို မိမိအားလပ်ချိန်(ဘယ်အချိန်ဖြစ်ဖြစ်) ၁၅ မိနစ်လောက်သာ ထားပေးရင်လုံလောက်ပါတယ်။ သင်တန်းသားထံကို
မနက် 9-10 နာရီ အတွင်း Day1..Day2... နေ့အလိုက် သင်ခန်းစာများကို video file, mp3, လေ့ကျင့်ခန်းများဆိုပြီး FB (Messenger ) မှတဆင့် အလွယ်တကူလေ့လာနိုင်အောင် တိုက်ရိုက်ပေးပို့ပေးမှာဖြစ်ပါတယ်။
(အားလပ်ချိန်မှာ ဝင်ရောက်သင်ယူရုံပါပဲ)

သင်ခန်းစာများကို မသိလိုက်မှာ မမီလိုက်မှာ စိုးရိမ်စရာမလိုပါဘူး။
Online ဖြစ်တဲ့အတွက်လည်း မိမိရဲ့ မကောင်းတဲ့အကျင့်များကို အခြားသင်တန်းသားများကို သိအောင်ပြောနေစရာမလိုပါဘူး။

သင်တန်းသားများကို နေ့တိုင်းအနီးကပ် အကျင့်တွေကို အချက်ကျကျပြောင်းလဲပေးသွားမှာပါ။ မကောင်းဘူးဆိုတာ သိသည့်တိုင်အောင် နှစ်ရှည်လများစွာ မိမိဘာသာ ပြောင်းလဲလို့မရသေးသော အကျင့်ဆိုးများဖယ်ရှားကာ အကျင့်ကောင်းများ အစားထိုးပြောင်းလဲဖို့က ၁၀ရက် အတွင်း ကူညီပေးမှာဖြစ်ပါတယ်။
သင်တန်းကြေးက ဖုန်းဘေလ်တောင်မရှိပါ။

အကျင့်ပြောင်းသင်တန်းကို ကြာသပတေးနေ့ညနေမှာ စာရင်းလက်ခံခြင်း ပိတ်ပါမယ်ခင်ဗျာ။
=============================
#၁၀ရက်အတွင်းသင်ကြားပေးမဲ့အကြောင်းအရာများ

Day 1 - အကျင့်ရှာဖွေခြင်း
Day 2 - အကျင့်ရွေးချယ်ခြင်း
Day 3 - အကျင့်လေ့လာခြင်း
Day 4 - အကျင့်ပြောင်းစီစဉ်ခြင်း
Day 5 - စတင်ပြောင်းလဲခြင်း
Day 6 - စီစဉ်ခြင်း
Day 7 - စမ်းသပ်ခြင်း
Day 8 - တာဝန်ယူခြင်း
Day 9 - အကျင့်ဇယား
Day 10 - အနာဂတ်အစီအစဉ် တို့ဖြစ်ပါတယ်..
===============================

အကျင့်နဲ့ဆိုင်တဲ့ အကြံဉာဏ်တွေယူပြီး နေ့စဉ် စနစ်တကျ ပြောင်းလဲသွားချင်တယ်ဆိုရင်တော့ သင်တန်းကြေး ၂၀၀၀၀ ကျပ်ပါ။

သင်တန်းကြေး= ၂ သောင်းကျပ် (Guide)
သင်တန်းကြေး = ၁ သောင်းကျပ် (Self-study)
သင်ကြားရက် = ၁၀ ရက်
သင်ကြားမည့် ပုံစံ = FB Group မှတဆင့်
==============================
‍‍‍‍ သင်တန်းတက်ရောက်မယ့်သူများကို ဘဏ်လိပ်စာ အကြောင်းကြားပေးပါ့မယ် ခင်ဗျာ
============================
တကယ် ပြောင်းလဲချင်သူများသာ တက်ပါ ခင်ဗျာ..
တက်ရောက်ချင်သူများ အောက်မှာ မန့်သွားပေးပါ...
Comment မှတဆင့် သင်တန်းအသေးစိတ်ကို တိုက်ရိုက် မေးမြန်းနိုင်ပါတယ်ခင်ဗျာ..

31/12/2018

သင်​တန်း​ကြေးသက်​သက်​သာသာဖြင့်​တက်​နိုင်​​သော ဆပ်​ပြာသင်တန်း​လေးပါ
အမျိုးသမီးသီးသန့်​ပညာဒါနသင်​တနိး

ပညာဒါန အိမ်​တွင်းတပိုင်​တနိုင်​သင်​တန်း​လေးအပ်​လို့ရပါပီ​နော်

- ရင်း​နှီး​ငွေနည်းပါးပီး အိမ်​တွင်းတပိုင်​တနိုင်​အလုပ်​လုပ်​မလား
- အိမ်​အသုံးစရိတ်​​လျော့ချမလား
- သားသားမီးမီး​လေ​တွေထိနိး​နေရလို့ အပြင်​အလုပ်​လုပ်​ဖို့ခက်​ခဲ​နေ​သော
မေ​မေများ အိမ်​တွင်းတပိုင်​တနိုင်​​လေးလုပ်​ပီး ဝင်​​ငွေမရှာချငိဘူးလား
- မိမိစိတ်​ကြိုက်​ပြုလုပ်​ထား​သော ပစ္စည်း​လေး​တွေကို ဘုန်းကြီး​ကျောင်း
မိဘမဲ့​ဂေဟာ​တွေမှာ ကိုယ်​တိုင်​မလှူချင်​ဘူးလား
- ရုံးဝန်​ထမ်းများအ​နေနဲ့ ရုံးပိတ်​ရက်​​တွေမှာ အိမ်​တွင်းတပိုင်​တနိုင်​​လေးလုပ်​ပီး
အပိုဝင်​​ငွေမရှာချင်​ဘူးလား
- ကိုယ်​တိုင်​လုပ်​handmade​လေး​တွေကို သူငယ်​ချင်း မိတ်​​ဆွေများကို
လက်​​ဆောင်​မ​ပေးချင်​ဘူးလား

မိမိကိုယ်​တိုင်​လုပိ ကိုယ်​တိုင်​စိတ်​ကြိုက်​သုံး ဝင်​​ငွေလည်းတိုး​စေ​သော​ကြောင့်
ကုန်​ကြမ်း​ကြေး​လေးသာယူထား​သော သင်​တနိး​လေးကိုအမြန်​စာရင်းသွင်းပီး တက်​ကြပါစို့​နော်​.. စာ​တွေ့အပြင်​ လက်​​တွေ့ပိုင်း​တွေပါပါလို့ စိတ်​ဝင်​စားစရာ​တွေအများကြီး​နော်

သင်​ကြား​ပေးမည်းဘာသာရပ်​များ.......အမျိုး​ပေါင်း ၂၀ ​ကျော်​သင်​ကြား​ပေးမည်​ဖြစ်​သည်​..
သဘာဝအသီးအနှစ်​များ၊အမှုန့်​၊အရည်​များဖြင့်​ပြုလုပ်​ထား​သော
သဘာဝမျက်​နှာသစ်​ဆပ်​ပြာခဲများ..
မုန့်​လာဥ၊ခရမ်းချဉ်​သီး၊နွားနို့၊ဆနွင်း၊​ကော်​ဖီ၊​ထောပတ်​သီး၊သံပုရာသီး စသဖြင့်​.
ခေါင်း​လျှော်​ရည်​ ၂မျိုး
ရေချိုးဆပ်ပြာ၃မျိုး
ဘက်​စုံသုံးဆပ်​ပြာဆီ
လက်​​ဆေးဆပ်​ပြာအဆီ၂မျိုး
ပန်​ကန်ဆေးဆပ်​ပြာအဆီ၂မျိုး
ရေမလိုလက်​သန့်​​ဆေးရည်​(handgel)
Coffee Scrub
အလှဖ​ယောင်းတိုင်
မှန်​ကြည်​​ဆေး
ဆပ်​ပြာအမှုန့်​ ၂မျိုး
ဆပ်​ပြာခရင်
PaperSoap
ကား​ရေ​မွှေးဆီ
Lotion ၂မျိုး
နှုတ်​ခမ်းနီ
နို့ဆပ်​ပြာ
ဆေးဆပ်​ပြာ
အသားဖြူဆပ်ပြာ
Day&Night Cream
lipScrub လုပ်​နည်း

အခြားဆပ်​ပြာလုပ်​နည်းများစွားကိုသင်​​ပေးမှာပါရှင့်
သင်​တန်း​ကြေးက၁၀၀၀၀ကျပ်​ပါရှင့်
ပြီးရင်​ ဖုန်းကာဗာလုပ်​နည်း ခရင်​မ်​ဖုန်းကာဗာလုပ်​နည်း ဆွဲကိုးနားကပ်​လက်​​ကောက်​ပိုက်​ဆံ လုပ်​နည်းများကို
မေတ္တာလက်​​ဆောင်​အ​နေနဲ့သင်​​ပေးမှာပါရှင့်

Send a message to learn more

19/12/2018

စိတ်ညစ်လား။ ပြုံးလိုက်ပါ။ ခဏနေရင် ပျော်လာပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနည်းနေလား။ အသက်၀၀ရှုသွင်းလိုက်၊ ခါးကိုမတ်မတ်ထားလိုက်ပါ။ ယုံကြည်မှုတွေ ပြန်တက်လာလိမ့်မယ်။

စိတ်က ခန္ဓာကိုယ်ကိုလွှမ်းမိုးတယ်။ ခန္ဓာကိုယ်ကို စိတ်ကလွှမ်းမိုးတယ်။ အောင်မြင်ချင်ရင် အောင်မြင်သူလို ကျင့်ကြံနေထိုင်ရသတဲ့။
Crd2ZeyaThu

 #သုံးမိနစ်ပဲစောင့်@@@@@@@သုံးမိနစ်ပဲစောင့် လို့ ပြောလိုက်တာနဲ့ ပိတ်သတ်ကြီးက အိမ်သာကျော်ဇင်လေးကို ပြေးမြင်လိုက်တာပဲမလား ...
18/10/2018

#သုံးမိနစ်ပဲစောင့်
@@@@@@@

သုံးမိနစ်ပဲစောင့် လို့ ပြောလိုက်တာနဲ့ ပိတ်သတ်ကြီးက အိမ်သာကျော်ဇင်လေးကို ပြေးမြင်လိုက်တာပဲမလား … ခွန်းချိုလည်း သူ့ပဲ ပြေးမြင်တာပါပဲ၊ အပျိုတုန်းကဆို လွှတ်ချစ်ဖို့ကောင်းတဲ့သူလေး၊ သရုပ်ဆောင်တာလေးလည်းမဆိုးတဲ့အပြင် သူ့အသံလေးက တစ်မျိုးထူးခြားနေတာမလား ….

အခု ဒီနေ့တော့ တီဗီမှာ လာလာနေတဲ့ သူ့ကြော်ငြာ သုံးမိနစ်ပဲစောင့် ဆိုတဲ့အကြောင်းလေး ပြောပြမလို့၊ အသင့်စားခေါက်ဆွဲခြောက်အကြောင်းလေ …..
ဘယ်လိုလဲ …. နားထောင်မှာလား …..

အသင့်စားခေါက်ဆွဲခြောက် (Instant noodle) လို့ ပြောလိုက်တာနဲ့ သူ့မှာထူးခြားမှုတွေပါလာပြီ၊ ဒါဟာ ရိုးရိုးခေါက်ဆွဲခြောက်တွေနဲ့ မတူဘူးဆိုတာမျိုးသဘောသွားက နာမည်မှာတင်ပါလာတဲ့သဘောပဲ၊ အသင့်စား (Instant) ဆိုတဲ့ ဝိသေသပုဒ်က ဒီလိုကွဲပြားမှုကို ညွှန်းဆိုနေတာ၊ ဒီစကားလုံး၊ ဒီဂုဏ်ပုဒ်ကိုပဲ အိမ်သာကျော်ဇင်ရဲ့ သုံးမိနစ်ပဲစောင့် ဆိုတာလေးက ကိုယ်စားပြုနေတာ၊ ရိုးရိုးခေါက်ဆွဲခြောက်နဲ့ အသင့်စားခေါက်ဆွဲခြောက်တို့ရဲ့ အဓိက ကွာခြားချက်က ချက်ပြုတ်ပြင်ဆင်ဖို့ လိုအပ်တဲ့အချိန်ပဲ၊ အသင့်စားခေါက်ဆွဲခြောက်က အိမ်သာကျော်ဇင်လေး ပြောသလို သုံးမိနစ်ပဲ၊ အခြားခေါက်ဆွဲခြောက်တွေကျတော့ ဒီလောက်နဲ့ မရဘူး။ အဲ့ဒါက အသင့်စားခေါက်ဆွဲခြောက်တွေရဲ့ အလှတရားတစ်ခုပဲ၊ ဆက်ပြောပြမယ်။

အသင့်စားခေါက်ဆွဲခြောက်လို့ပြောလိုက်တာနဲ့ အတော်များများမျက်စိထဲမှာ လိမ်တွန့် လိမ်တွန့် လေးထောင့်ခေါက်ဆွဲခြောက်တုံးလေးရယ်၊ ဟင်းခတ်အမွှေးအကြိုင်ထုပ်လေးရယ်၊ ဆီအနှစ်လို အထုပ်လေးရယ်ကို ပလပ်စတစ်အိတ်ထဲမှာ ထည့်ထားတဲ့ အထုပ်လေးတွေကို အရင်ဆုံးပြေးမြင်မိကြမှာပဲ၊ ဟုတ်တယ်လေ၊ ဒါတွေက အများစုကိုး၊ ဒါ့အပြင် စားဖို့ပြင်ဆင်ရာမှာ စားသုံးသူကို ဒိထက်ပိုမိုလွယ်ကူ အဆင်ပြေအောင် ထည့်စရာခွက်ပါ တပါတည်းပါအောင်လုပ်ပေးထားတဲ့ အသင့်စား ခေါက်ဆွဲခြောက်ဘူးတွေလည်း ရှိတယ်လေ၊ အချို့ဆို ဇွန်းလေးတွေတောင် တွဲထည့်ပေးတတ်ကြသေးတယ်၊ အဲ့လိုဘူးတွေထဲမှာဆိုရင် ဘူးထဲမှာ ခေါက်ဆွဲခြောက်အပြင် အထုပ်လေးနဲ့မဟုတ်ဘဲ ကြက်သွန်မိတ်၊ မှို၊ ကြက်သွန်ဖြူတို့လို ဟင်းခတ်အသီးအရွက်ခြောက်လေးတွေလည်း ပါတတ်တယ်၊ အမှုန့်တွေကတော့ အထုပ်ကလေးနဲ့ ထည့်ကြတာပါပဲ။

ဒီနေရာမှာလည်း ထူးခြားမှုတစ်ခု ရှိသေးတယ် အိမ်သာကျော်ဇင်ကို အိတ်နဲ့ထည့်တာဖြစ်ဖြစ်၊ ဘူးနဲ့ ခွက်နဲ့ ထည့်တာဖြစ်ဖြစ် အထဲက ခေါက်ဆွဲခြောက်တုံးက လေးထောင့်ဖြစ်ဖြစ် အဝိုင်းတုံးဖြစ်ဖြစ် သူတို့မှာ ဘုံတူညီချက်တစ်ခု ရှိသေးတယ်၊ ဘူ သတိထားမိလဲ၊ ပြောပြမယ်၊ ဘာတံဆိပ်နဲ့ လာလာ၊ ဘယ်လိုပဲ ထုပ်ပိုးသည်ဖြစ်စေ အထဲက ခေါက်ဆွဲခြောက်က အကုန် လိန်တွန့် လိန်တွန့်လေးတွေချည်းပဲ၊ ဟုတ်တယ်မလား၊ ဒီအသင့်စားခေါက်ဆွဲခြောက်ထုတ်တဲ့ ကုမ္ပဏီတွေ တစ်ခုနဲ့တစ်ခု ဇာတ်တိုက်ပြီး ညှိထားကြတာတော့ ဟုတ်ဟန်မတူဘူး၊ အကြံအစည်တစ်ခုခုတော့ ရှိရမယ် … ကောင်းမှကောင်းးးး

ဟုတ်တယ်နော်၊ ရန်အောင်နဲ့ မေသန်းနုလား နန္ဒာလှိုင်လား သေချာမမှတ်မိတော့ဘူး၊ သူတို့ကြော်ငြာတဲ့ စွန်ညီနောင် စွန်မင်းတံဆိပ်နဲ့ ခေါက်ဆွဲဆိုတာမျိုးက အသင့်စားအမျိုးအစားမဟုတ်တဲ့ ရိုးရိုးခေါက်ဆွဲခြောက်တွေလေ၊ သူတို့က ဖြောင့်ဖြောင့်စင်းစင်းအချောင်းပုံစံနဲ့၊ မတူဘူး၊ မတူတာရယ် တူနေကြတာတွေရယ်မှာလည်း အကြောင်းတရားတွေရှိတယ်၊ အသင့်စားခေါက်ဆွဲခြောက်တွေ အကုန်တွန့်နေတာက အားအားယားယား တွန့်ချင်လို့ တွန့်နေကြတာ မဟုတ်ဘူး၊ အကြောင်းရှိသယ်။ စကားမစပ် ဒီပို့စ်ရေးလို့ ခေါက်ဆွဲခြောက်တံဆိပ်တွေ ကြော်ငြာဝင်နေတယ် ထင်မနေနဲ့၊ သူတို့ကြော်ငြာတွေ အားကောင်းလွန်းလို့ ခွန်းချိုတို့စိတ်ထဲ စွဲကျန်နေလို့ မှတ်မိနေတာ၊ စောနက ပြောတဲ့ ခေါက်ဆွဲကြော်ငြာသီချင်းကလည်း စာသားလေးတွေက လန်းတယ်၊ စားပြီးရင်လည်း ထပ်စားချင်တုန်းပဲ …… ဆိုလား၊ ဒီကြော်ငြာသီချင်းလာရင် သရုပ်ဆောင်မင်းသမီးကို ကြည့်ကြည့်ပြီး ဂလု နေရတယ်၊ စားချင်လာတာ ဆိုတာများလေ၊ ခေါက်ဆွဲ ပြောပါတယ် ……

အဲ့ဒီတော့ ပြောရမယ်ဆိုရင် အသင့်စားခေါက်ဆွဲခြောက်ရဲ့ အဓိက အလှတရားက ရေနွေးရှိရုံနဲ့ အချိန်တိုအတွင်း စားသောက်လို့ရခြင်းပဲ၊ အဲ့ဒီတော့ တစ်ကိုယ်ရည် တစ်ကာယသမားတွေ၊ အဆောင်နေ ကျောင်းသား ဝန်ထမ်း လုပ်သားတွေ နဲ့ တကူးတက ချက်ပြုတ်စားသောက်ဖို့ အချိန်မရတဲ့သူတွေနဲ့ ငပျင်းတွေအတွက် ဒီလို အသင့်စားခေါက်ဆွဲခြောက်တွေဟာ မဖြစ်မနေ ဆောင်ထားကြရတဲ့ အဖော်မွန်လေး ဖြစ်လို့နေလေရဲ့၊ ဟုသယ်မလား၊ လူဒိုင်း လူဒိုင်းလည်း စားဖူးကြမယ်ထင်ပါ့၊ ပိန့်ညောင်လည်း အခြေအနေအရ မကြာခန ဆွဲဖူးသပေါ့။

ဒီအသင့်စားခေါက်ဆွဲခြောက်ရဲ့ ထူးခြားတဲ့သဘာဝလေးတွေရဲ့ လျို့ဝှက်ချက်အကြောင်း အခု ရှင်းပြမယ်၊
အခြားခေါက်ဆွဲခြောက်တွေကိုစားဖို့ ဆိုရင် ပြုတ်ရတယ်၊ ပြုတ်ချိန်လည်း အထိုက်အလျောက်ပေးရတယ်၊ အိမ်သာကျော်ဇင်လေးကို စားမယ်ဆိုရင် သုံးမိနစ်ပဲစောင့်ရမယ်၊ ရေနွေးလေး ရှိဖို့ပဲလိုတယ်။ ဘာကွာတာလဲ၊ ထုတ်လုပ်တဲ့ နည်းစဉ်နဲ့ ဖော်မြူလာမှာ ကွာသွားတာက လျို့ဝှက်ချက်ပဲ၊ ဒီလျို့ဝှက်ချက်ကို စတင်ရှာဖွေစမ်းသပ်တွေ့ရှိပြီး ကမ္ဘာပေါ်မှာ အသင့်စားခေါက်ဆွဲခြောက်ကို စတင်ထုတ်လုပ်ရောင်းချခဲ့သူကတော့ ဂျပန်တရုတ်ကပြား မိုမိုဖုကု အန်ဒို ဆိုတဲ့ ဂျပန်လူမျိုး၊ သူက အမျိုးမျိုးစမ်းသပ်ပြီးတဲ့နောက် ပထမဆုံး အသင့်စားခေါက်ဆွဲခြောက်ကို ၁၉၅၈ ခုနှစ်မှာ ဈေးကွက်တင် ရောင်းချခဲ့တယ်၊ ရာမန် လို့ ဂျပန်လိုခေါ်တဲ့ ကြက်သားရာမန်ပေါ့၊ ရိုးရိုးခေါက်ဆွဲကိုကျ ဂျပန်လို ဆောဘ လို့ခေါ်တယ်၊ အခုလက်ရှိအချိန်မှာသာ ဒီအသင့်စားခေါက်ဆွဲခြောက်က ဈေးသက်သာပြီး လူတိုင်း လက်လှမ်းမီနေတာ၊ စပေါ်ခါစက သူက ရိုးရိုးသာမန်ခေါက်ဆွဲထက် ခြောက်ဆလောက်တောင်ဈေးကြီးခဲ့တာ၊ တတ်နိုင်တဲ့ ရေပေါ်ဆီတွေသာ စားနိုင်ကြတာမျိုးရယ်။

အိမ်သာကျော်ဇင်ခေါက်ဆွဲခြောက် ပြုလုပ်နည်းက အခြားခေါက်ဆွဲခြောက်လုပ်နည်းတွေနဲ့ မရိုးစွဲတူတယ်လို့ ပြောလို့ရပေမဲ့ အဓိက ကွာခြားတဲ့အချက်က အစိမ်းခြောက်နဲ့ အကျက်ခြောက်ကွာတာလို့ပြောလို့ရတယ်၊ ပဲမှုန့်အစိမ်းမှုန့်နဲ့ အကျက်မှုန့် ကွာသလိုမျိုးပဲ ဆိုပါတော့၊ အိမ်သာကျော်ဇင်ခေါက်ဆွဲခြောက်က ကျက်ပြီးသားအခြောက်၊ သူက ကြော်ထားတာ၊ မေသန်းနုခေါက်ဆွဲခြောက်က အစိမ်းခြောက်၊ ကျက်ပြီးသားခေါက်ဆွဲခြောက်မို့လည်း ရေနွေးစိမ်လိုက်တာနဲ့ ပြန်ပွလာပြီး အလွယ်အသင့် စားလို့ရတာ။ ဒီလို အကျက်ခြောက်က အာရှတလွှားမှာ လုပ်လေ့ရှိတဲ့အမျိုး၊ အမေလိကားဖက်က အိမ်သာကျော်ဇင်တွေမှာတော့ အစိမ်းခြောက်နဲ့ လုပ်တာလည်း ရှိတော့ရှိတယ်။

အိမ်သာကျော်ဇင်ရဲ့ လျို့ဝှက်ချက်က ဂျုံနယ်တဲ့ အချိန်မှာကတည်းကစတယ်၊
ဂျုံမှုန့်ရွေးချယ်မှုကို ပြောရရင် အိမ်သာကျော်ဇင် အမျိုးအစားအလိုက် ရိုးရိုးသာမန်ဂျုံမှုန့်တွေ သုံးတာရှိသလို ဒရယ်ဂျုံ လို့ခေါ်တဲ့ ပန်းဂျုံကို သုံးတာတွေလည်းရှိတယ်၊ အဓိက က ဂျုံမှာပါဝင်တဲ့ အသားဓာတ်ရာခိုင်နှုန်း၊ အနည်းဆုံး ၈ ရာခိုင်နှုန်းကျော်ကနေ ၁၃ ရာခိုင်နှုန်းအတွင်းရှိတဲ့ ဂျုံမှုန့် အမျိုးအစားဖြစ်ဖို့လိုတယ်။ ဒါမှ နယ်ထားတဲ့ ဂျုံသားက ခေါက်ဆွဲ နန်းဆွဲလို့ကောင်းတယ်၊ ပြီးတော့ ဒီခေါက်ဆွဲကို အခြောက်ခံတဲ့ အခါ အကျိုးအကြေနည်းတယ်။ ပြီးတော့ ဒီလို အသားဓာတ်များတဲ့ဂျုံကိုသုံးထားတော့ စောနကပြောတဲ့ ကြော်တဲ့အချိန်မှာ ဆီအစုပ်နည်းတယ်၊ ဆီအစုပ်နည်းမှ ကြာကြာအထားခံတယ်၊ ဈေးကွက်ထဲမှာ အိမ်သာကျော်ဇင်တွေ ဆီချေးစော်နံတာ သက်သာမယ်။

ကဲ … နယ်ပြီ … ဂျုံ
ဂျုံမှုန့်ကို ရေနဲ့ ရောနယ်တယ်၊ ဒီနေရာမှာ ရေအတိုင်းအဆက အတော်အရေးပါတယ်၊ ရေပမာဏက ဂျုံမှုန့်အလေးချိန်ရဲ့ ၃၀ ရာခိုင်နှုန်းကနေ ၃၈ ရာခိုင်နှုန်းကြားရှိသင့်တယ်၊ ဒါမှ ဒီနယ်ထားတဲ့ဂျုံလုံး၊ နန်းဆွဲဖို့ ကြိတ်တဲ့အခါ ဂျုံပြားက ကိုင်ရတွယ်ရ အဆင်ပြေတယ်၊ ဒါပေမဲ့ ဒီဂျုံသားထဲကရေက ခေါက်ဆွဲကို ခြောက်အောင်ပြန်လုပ်တဲ့အဆင့်ကျတော့ ပြန်ထွက်သွားတာပါပဲ၊ နည်းနည်းပဲကျန်တယ်၊ ခေါက်ဆွဲခြောက်အောင်လုပ်တဲ့နည်း ၂ နည်းထဲမှာ ကြော်လိုက်တာကလည်း နည်းလမ်းတစ်ခုပဲ၊ အိမ်သာကျော်ဇင်နဲ့ မေသန်းနုက အဲ့ဒီနေရာမှာကွာတယ်။
နောက်တစ်ခုက ဂျုံနယ်တဲ့အခါ ဆားထည့်နယ်တယ်၊ ဆားကြောင့်ဂျုံသားက ကြိတ်တဲ့ နန်းဆွဲတဲ့ဒဏ်ကို ပိုခံနိုင်ရည်ရှိသလို ခေါက်ဆွဲသား နူးညံ့မှုနဲ့ ကြုံ့ဆန့်နိုင်မှု အားပိုကောင်းလာတာ၊ အိမ်သာကျော်ဇင်ကို ရေနွေးစိမ်ပြီး စားလို့အဆင်ပြေတဲ့ အနေအထားရောက်လာတဲ့အခါ ခေါက်ဆွဲလိမ်တွန့်တွန့်လေးတွေက စပလိမ်လေးတွေလို ဆွဲကြုံ့နိုင်တဲ့သဘာဝလေး ရှိလာတာကို ပိတ်သတ်ကြီး သတိထားမိကြတယ်မလား၊ တူနဲ့ညှပ်စားတဲ့အခါ ကောင်းကောင်းမညှပ်မိလို့ ပန်းကန်ထဲ ပြန်ပြုတ်ကျရင် ဖလွတ်ဆိုပြီး စပလိမ်လေးလို ရုန်းသွားတာမှုတ်လား၊ မေသန်းနုတို့ကျတော့ ဒီလိုမျိုးဆို အေးဆေး ရှောခနဲပဲကျတာ၊ အဲ့ဒါ အိမ်သာကျော်ဇင်မှာ ဆားကို ခပ်လေးလေးထည့်ထားလို့၊ မေသန်းနုထက် ငံတယ်၊ အိမ်သာကျော်ဇင်တစ်ထုပ်၊ တစ်ခွက်မှာပါတဲ့ဆားက လူတစ်ယောက် တစ်နေ့တာ လိုအပ်တဲ့ဆားဓာတ်ပမာဏရဲ့ ထက်ဝက်ကျော်လောက်တောင်ပါတယ်၊ ဒီတော့ ပြောရရင် တစ်နေ့ အိမ်သာကျော်ဇင် ၂ ထုပ်စားရင် ဒီလူမှာ ဆားအဝင်က လိုအပ်တာထက်ပိုသွားတယ်၊ ဒါကြောင့် သွေးတိုးရှိတဲ့ အဖိုးကြီးတွေ အိမ်သာကျော်ဇင်နဲ့ မတည့်ဘူး၊ ထိန်းစား၊ မေသန်းနုလောက်တော့ ရသေးတယ်။

ဂျုံနယ်တဲ့အခါ ထည့်မည့်ရေထဲကို ဆော်ဒါလိုဟာမျိုးလည်းထည့်ရသေးတယ်၊ ဒါကိုလည်း တနည်း ဆားအုပ်စုဝင်လို့ပဲ မှတ်ရမယ်၊ အဲ့လို ဆားနဲ့ ဓာတ်ဆားတွေထည့်ရတာက အိမ်သာကျော်ဇင်ကို ပိုးမွှားဖျက်ဆီးလို့ ပျက်စီးသွားမှာကို ကာကွယ်နိုင်တာကြောင့်လည်းပါတယ်၊ ဒါ့အပြင် ဒီဆားတွေနဲ့ ဂျုံမှာပါတဲ့ ဂလူတန်လို့ခေါ်တဲ့ အသားဓာတ်နဲ့ ဆားနဲ့တွေ့ပြီး ဒီဂလူတန်တွေက ခေါက်ဆွဲသားမှာ နုညံ့ပြီး ကပ်စေးစေးဖြစ်တဲ့ အာနိသင်ရတယ်၊ ခေါက်ဆွဲကိုစားလိုက်ရင် ထုပ်ထုပ် ထုပ်ထုပ်လေးနဲ့ အိနေတာ အဲ့ဒါကြောင့်၊ ပြီးတော့ ခေါက်ဆွဲသားလေးက ဝါတာတာဖြစ်လာတာ သူတို့ကြောင့်ပဲ၊ ဂျုံမှုန့်ရဲ့ အော်လဂျင်နယ်အရောင်က အဖြူရောင်ပေမဲ့ ဒီဆားတွေနဲ့ တွေ့တဲ့အခါ ဂျုံမှုန့်ထဲမှာ ငုပ်လျိုးနေတဲ့ အဝါရောင်ပေးနိုင်တဲ့ ဓာတ်သဘောတွေက ထတောက်လာတာ။

ဒီ အသင့်စားခေါက်ဆွဲကို ရေနွေးစိမ်ပြီးတော့ ရလာတဲ့ ခေါက်ဆွဲသားနဲ့ မေသန်းနုခေါက်ဆွဲခြောက်ကို ပြုတ်လိုက်လို့ ရလာတဲ့ ခေါက်ဆွဲ ၂ ခု ရုပ်ပိုင်းဆိုင်ရာဂုဏ်သတ္တိ၊ အမြင်အာရုံမှာ ဘယ်လိုကွာသလဲ သတိထားမိကြလား၊ အိမ်သာကျော်ဇင်လေးက မျက်နှာပြင်လေးက ဝင်းပြောင်ပြီး အလင်းရောင်ကို ပိုပြန်တယ်၊ အဝါရောင်ခြင်းတူရင်တောင် မေသန်းနုထက် ပိုတောက်ပြောင်တယ်၊ ဟုတ်တယ်မလား၊ နောက်ရုပ်ဂုဏ်သတ္တိတစ်ခုအနေနဲ့က အိမ်သာကျော်ဇင်က နုတယ်၊ စားလိုက်ရင်လည်း ထုပ်ထုပ် ထုပ်ထုပ်နဲ့ နေတယ်၊ စပလိမ်လေးလို ရုန်းနိုင် ဆန့်နိုင်လည်း ရှိတယ်၊ အဲ့ဒါတွေအားလုံးက စလုံးရေး စတဲ့ ဖော်မြူလာနဲ့ ဂျုံနယ်ခြင်းအဆင့်ကတည်းက အစပြုတယ်။

ဒီလိုဖြစ်ဖို့အတွက်က ဒါပဲလားဆိုတော့ မဟုတ်သေးဘူး၊ ကျန်သေးတယ်။
ဂျုံနယ်တဲ့အထဲမှာ အာလူးမှုန့်နဲ့ ကော်မှုန့်လည်း သူ့အချိုးကျ ထည့်ရသေးတယ်၊ အဲ့ဒါတွေက အိမ်သာကျော်ဇင်ရဲ့ နူးညံ့မှုကိုသာမက သူပြောတဲ့ လျို့ဝှက်ချက်တစ်ခုဖြစ်တဲ့ သုံးမိနစ်ပဲစောင့် ဆိုတာ သူတို့တွေပါနေလို့၊ ရေနွေးနဲ့ စိမ်လိုက်တဲ့အခါ ခေါက်ဆွဲသားက ရေကို စုပ်ယူပြီး အလွယ်တကူပွလာတာက ဒီလိုပါဝင်ပစ္စည်းတွေကြောင့် ဖြစ်သလို ခေါက်ဆွဲကို ခြောက်အောင်ကြော်လိုက်တဲ့အချိန်မှာ နောင်တစ်ချိန်မှာ ပြန်ဝင်လာမဲ့ရေအတွက်လည်း သူတို့က လမ်းကြိုခင်းပေးထားတဲ့ သဘောတရားတွေပါတယ်။ ဒါတွေကို အထောက်အပံ့ပြုဖို့ထည့်တဲ့ နောက်တစ်ခု ရှိသေးတယ်၊ ဖော့စဖိတ်ဆိုတဲ့ဟာ၊ သူက အစားအသောက်ထပ်ဖြည့်ပစ္စည်း (Food additive) တစ်ခု၊ ခေါက်ဆွဲသား နူးညံ့ပျော့အိဖို့ထည့်တာပဲ၊ ဂျုံနယ်မည့်ရေထဲ ထည့်ဖျော်ပြီး သုံးတာ၊ ဂျုံအလေးချိန် စုစုပေါင်းရဲ့ အပုံ ၁၀၀၀ ပုံ တစ်ပုံလောက်ထည့်တယ်။

နောက်ဆုံးပြောစရာတစ်ခု ကျန်တာက ကြော်တဲ့ဆီ၊
ဘာဆီနဲ့ကြော်ကြသလဲ ဗေဒင်မေးမနေနဲ့၊ အကြော်ခံတဲ့ စားအုန်းဆီပဲ၊ တစ်ထုပ်စာ တစ်ဘူးစာ တွန့်လိမ်ကောက်ကွေး ခေါက်ဆွဲပုံလေးတွေကို ဆီပူထဲ ဖြတ်သန်းသွားတဲ့နည်းနဲ့ ကြော်ကြတယ်၊ ကြော်လိုက်တော့ ခေါက်ဆွဲက ကျက်သွားသလို ခြောက်လည်းခြောက်သွားတယ်၊ ခေါက်ဆွဲသားထဲကိုလည်း ဆီတွေ စိမ့်ဝင်သွားတယ်၊ အစပိုင်းမှာ ပြောသလို ဂျုံက အသားဓာတ်များရင် ဆီစုပ်ယူမှုနည်းတယ်ဆိုပေမဲ့ ပါတဲ့ကစီဓာတ်တွေ အာလူးမှုန့် ကော်မှုန့်တွေနဲ့ ပေါင်းလိုက်ရင် ဆီကတော့စုပ်တာပဲ၊ ခေါက်ဆွဲသားပမာဏရဲ့ ၂၀ ရာခိုင်နှုန်းကျော်ကျော်လောက်အထိကို စုပ်နိုင်တယ်၊ ဒီတော့ ဆီလျှော့စားရမည့် ခန္ဓာကိုယ်ကျန်းမာရေးအခြေအနေ ရှိသူတွေအနေနဲ့လည်း အိမ်သာကျော်ဇင်ကို သတိထားသင့်တယ်၊ အမြင်မှာ ခြောက်ပေမဲ့ အတွင်းသားမှာ ဆီပါတယ်။

ကဲ …. ဒါလောက်ပါပဲ။
အိမ်သာကျော်ဇင်ကို တွန့်လိမ်ကောက်ကွေး ပုံစံဖြစ်အောင်လုပ်ထားတာက တစ်ပွဲစာ တစ်ထုပ်စာ ဖြတ်တောက်ပုံသွင်းလုပ်ရတာ လွယ်အောင်အပြင် ကြော်တဲ့အခါ ခေါက်ဆွဲတစ်မျှင်ခြင်း ပတ်ချာလည်ဆီနဲ့တွေ့နိုင်ပြီး အကျက်ညီအောင်ရယ်၊ ရေနွေးနဲ့ ပြန်စိမ်တဲ့အခါကျတော့လည်း အနူးအနပ်ညီအောင်အတွက်လည်းပါတယ်။

အိမ်သာကျော်ဇင်ကို ရေနွေးစိမ်ပြီး အနံ့အရသာအတွက်ထည့်တဲ့ အထုပ်လေးတွေကတော့ အမျိုးမျိုးပေါ့၊ အခြေခံ ဟင်းခတ်အမွှေးအကြိုင်နဲ့ ကြက်သား၊ ပုစွန် အနံ့အရသာပေးပစ္စည်းတွေပေါ့၊ အထုပ်ပေါ်မှာ ကြက်ပေါင်ပုံကြီးပြထားလို့ အထုပ်ထဲမှာ ကြက်ပေါင်ကြီး ပါလာမယ် မှတ်မနေနဲ့၊ ကြက်သားအနံ့အရသာပဲပါတာ၊ အနံ့အရသာ ဆိုရာမှာလည်း အသားကနေ အဆီအနှစ်ထုတ်ထားတဲ့ သဘာဝအနံ့အရသာတွေရှိသလို လူလုပ်အနံ့အရသာတွေလည်း ရှိတယ်။ အထုပ်ပေါ် ဘူးပေါ် တံဆိပ်ပေါ်မှာ စားသုံးသူကို ထင်ယောင်ထင်မှားဖြစ်စေလောက်တဲ့အထိ ဖော်ပြချက်မျိုးကိုတော့ တားမြစ်ရမှာပေါ့၊ ဒါပေမဲ့လည်း ဒါမျိုးဆိုတာ သူခိုး ပုလိပ် စိန်ပြေးတမ်း ဆော့ရသလိုမျိုးပါပဲ။

နောက်ဆုံးတစ်ခုအနေနဲ့ အိမ်သာကျော်ဇင်ဘူးတွေထဲမှာပါတတ်တဲ့ ဟင်းသီးဟင်းရွက်ခြောက်တွေအကြောင်း၊
အဲ့ဒီအခြောက်ဖတ်လေးတွေက ရေနွေးနဲ့စိမ်လိုက်တဲ့အခါ ပြန်ပွလာပြီး လတ်လတ်ဆတ်ဆတ်နဲ့ တစ်ထပ်တည်း မတူသော်လည်း ကြက်သွန်မိတ်ကလည်း ကြက်သွန်မိတ်စိမ်းစိမ်းလေးအတိုင်း၊ ကြက်သွန်ဖြူခြောက်တို့ မှိုခြောက်တို့ကလည်း သူ့သဘာဝလောက်နီးနီးလေးတွေ ပြန်ဖြစ်လာကြတယ်၊ ဘာလို့လဲ၊ တခြားဟာတွေ ထားပါတော့၊ ကြက်သွန်မိတ်က အခြောက်ကနေ ပြန်ပွပြီး အစိမ်းရောင်လေးအတိုင်းပြန်ဖြစ်လာတာက မထူးဆန်းဘူးလား၊ ကြက်သွန်မိတ်ကို အခြောက်လှန်းလိုက်ရင် ညိုမည်းသွားရမှာမဟုတ်ဘူးလား၊ အခုတော့ အစိမ်းလေးအတိုင်းကို ခြောက်သွားတာ၊ ဒါ အခြောက်ခံတဲ့ နည်းပညာတစ်ခုပဲ၊ ညီညီမောင့်ကို သွားမမေးနဲ့တော့၊ ခွန်းချိုပဲ ပြောပြလိုက်မယ်၊ သဘာဝ ဟင်းသီးဟင်းရွက်တွေကို အပူပေးအခြောက်ခံနည်းကိုသုံးရင် ကလိုရိုဖီးလို သဘာဝအစိမ်းရောင်ပေးတဲ့ဓာတ်တွေက အရောင်ပျောက်သွားတယ်၊ ညိုသွား မည်းသွားတတ်တယ်၊ အပူကြောင့်၊ အဲ့ဒီတော့ အပူမပါတဲ့ အခြောက်ခံနည်းကိုသုံးတယ်၊ လေဟာနယ်အခြောက်ခံနည်းအပြင် သူ့ထက်ကောင်းတဲ့ အေးခဲအခြောက်ခံနည်းတွေကိုသုံးပြီး ဒီဟင်းသီးဟင်းရွက်တွေကို အခြောက်ခံလိုက်တဲ့အခါ သဘာဝအရောင် ပျောက်မသွားဘူး၊ ဒါလေးပါပဲ။

ချုပ်ရရင် လွယ်တယ် မြန်တယ် သက်သာတယ် ကုန်ကျစရိတ်နည်းတယ် ကရိကထနည်းတယ်ဆိုပေမဲ့ ဆိုဒီယမ်ဓာတ်နဲ့ ဆီပါဝင်မှုများလို့ သွေးတိုး နှလုံးအဆီဖုံးသမားတွေနဲ့တော့ သိပ်မတည့်ဘူး၊
ဘာတွေပြောနေနေ ကိုယ့်ဒေါသနဲ့ကိုယ် အိမ်သာကျော်ဇင်လေးကိုမှ စားချင်နေတယ်ဆိုရင်လည်း ဒီမယ် ကိုယ့်လူ …..
သုံးမိနစ်ပဲစောင့် ….

Credit
(ပိန်ညောင်
၁၈ အောက်တိုဘာ ၂၀၁၈
နေပြည်တော်)

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when Bcome စီးပွားဖြစ်သင်တန်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Bcome စီးပွားဖြစ်သင်တန်း:

Share