Phyo Thet Aung

Phyo Thet Aung Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Phyo Thet Aung, Business, 35/91, Mandalay.

Way of All Fleshသေခြင်းတရားAfter all these years Young people olderOld people witherSome even disappear ဒီလိုနှစ်ပေါင်းမ...
23/11/2021

Way of All Flesh
သေခြင်းတရား

After all these years
Young people older
Old people wither
Some even disappear

ဒီလိုနှစ်ပေါင်းများစွာ ကြာပြီးတဲ့နောက်
ငယ်ရွယ်တဲ့သူတွေက အသက်တွေကြီး
အသက်ကြီးသူတွေက ချိနဲ့
တချို့ဆို ရှိတောင်် မရှိကြတော့ဘူး

Although it seems slow
One comes and another goes
Like the current flows

အချိန်တွေ နှေးတယ် ထင်ရပေမယ့်
ရေစီးကြောင်းက ရေတွေ
အလျဉ်မပြတ်စီးဆင်းနေသလိုမျိုး
တစ်ယောက်ဆင်း တစ်ယောက်တက်နဲ့ပေါ့

One day I will also be older
Find no use living a precious life in anger
As I will leave all these later

တစ်နေ့ ငါလည်း အသက်တွေကြီးလာဦးမှာဘဲ
တန်ဖိုးရှိလှတဲ့ ဘဝကို ဒေါသတွေနှင့် ကုန်ဆုံးစရာ အကြောင်းမရှိပါဘူးလေ
တစ်နေ့ကျရင် ဒါတွေ ငါ ထားခဲ့ရမှာဘဲ

Our youth, beauty, property
Will be left when it’s coming
None of it can we bring

ငါတို့ရဲ့ ငယ်ရွယ်မှု၊ အလှတရားနှင့် ပိုင်ဆိုင်မှုတွေဆိုတာ
အချိန်ရောက်လာရင် ထားခဲ့ရမှာချည်းဘဲ
အဲဒီထဲက ငါတို့ ယူသွားလို့ရတာ ဘာမှ မရှိဘူး

Someday no one remains
None will ever be the same
Leaving the past in our wake

တစ်နေ့ကျရင် ဘယ်သူမှ ကျန်မှာမဟုတ်သလို
အတိတ်ဆိုတဲ့ အရာကို ငါတို့နောက်မှာ ချန်ရင်း
ဘယ်အရာကမှလည်း အရင်အတိုင်း ဆက်ရှိနေမှာမဟုတ်ဘူး

Only one thing we can change
Live the life with no blame
And make our memories sustain
Even after we passed away

ပြောင်းလဲနိုင်တာဆိုလိို့ တစ်ခုပဲရှိပါတယ်
ဘဝကို ဒုက္ခတွေ ဝေဒနာတွေအတွက် အပြစ်ဖို့မနေဘဲ
သေပြီးတဲ့နောက် လူတွေ ကိုယ့်ကို သတိရနေအောင်တော့ လုပ်နိုင်ပါတယ်

ဒီနေ့ဟာ  ရမ်ချို ,  ဖာဟန် ,  ရာဂျူးတို့သုံးယောက်ကို   ချာတူး (Chatur) က  ဒေါသအိုးပေါက်ကွဲပီး  နောင်အနာဂတ်မှာ  ဘယ်သူက  အသ...
06/09/2021

ဒီနေ့ဟာ ရမ်ချို , ဖာဟန် , ရာဂျူးတို့သုံးယောက်ကို ချာတူး (Chatur) က ဒေါသအိုးပေါက်ကွဲပီး နောင်အနာဂတ်မှာ ဘယ်သူက အသာဆုံးဖြစ်နေမလဲဆိုတဲ့ Challenge လေးကို စတင်ခဲ့တဲ့ 12 နှစ်ပြည့်နေ့ပါ။

ဒီနေရာမှာ , ချာတူးကို လူအများစုက ဘာဖြစ်လို့မုန်းကြလဲဆိုတာကို ကျွန်တော်မတွေးတတ်ဘူး။
ဒါပေမဲ့ , For me Personally အရတော့ ချာတူးဆိုတဲ့‌ကျောင်းသားက တခြားနေရာတွေမှာသာ အကျင့်မကောင်းရင်နေမယ်။
အနည်းဆုံးသူ့ဘ၀မှာတော့ ရည်မှန်းချက်တစ်ခုရှိခဲ့တယ်။
ရမ်ချိုထက်သာကိုသာစေရမယ်ဆိုတဲ့ ရည်မှန်းချက်။

ပီးတော့ , သူရမ်ချိုလောက် ပါရမီမပါဘူး။
ဒါပေမဲ့နော် သူရမ်ချိုကို ဘယ်တော့မှမကြောက်နေခဲ့ဘူး။

အဲ့လိုချာတူးဆီကနေ , ဘာကိုသင်ယူခဲ့ရလဲဆိုတော့ "ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိဖို့" ဆိုတဲ့အချက်‌ကလေး။
ချာတူးက သူ့ကိုယ်သူ Show off လုပ်တာ , ထုတ်ကြွားပြတာတွေအရမ်းများပေမဲ့ ဒီလိုအကျင့်တွေသာမရှိဘူးဆိုရင် ချာတူးဟာ အတုယူစရာ‌တွေ ပိုပီးများလာမှာပါ။

ဥပမာ - Self-Cnfidence , Hardworking , Indomitable Spirit (အနိုင်မခံ အရှုံးမပေးလိုစိတ်) စတာတွေကို အကုန်လုံးချာတူးဆီကနေ သင်ယူနိုင်တာပဲလေ။

ဒီနေ့ကချာတူးရဲ့‌နေ့လေးမို့ ချာတူးကိုပိုအမွှန်းတင်နေပေမဲ့လဲ သူတယောက်ထဲတင်မကပါဘူး။
3 Idiots ဆိုတဲ့ ဇာတ်ကားလေးထဲကနေ သင်ယူနိုင်တာတွေက အများကြီး" ပဲရယ်။

တက္ကသိုလ်‌‌ကျောင်းတွေမှာ ပညာတင်မက , မိသားစု၀င်လို သူငယ်ချင်းအသစ်တွေကိုပါ ရှာလို့ရကြောင်း သင်ပေးခဲ့တဲ့ရာဂျူး ! ʕ•̫͡•ʔ🎉

၀င်ငွေကောင်းဖို့ဆိုတာထက် ကိုယ့်ကိုနေ့စဉ်ပျော်ရွှင်နေစေမဲ့ အလုပ်မျိုးကိုပဲလုပ်ပါလို့ လမ်းပြခဲ့တဲ့ဖာဟန် ! ʕ•̫͡•ʔ🎉

ဘ၀ဟာ အပြေးပြိုင်ပွဲတခုလိုပဲ , မင်းမြန်မြန်မပြေးနေရင် ချနင်းခံခဲ့ရမှာဆိုတဲ့အသိကို သူ့ဘ၀နဲ့ရင်းပီး သင်ပေးခဲ့တဲ့ ကျောင်းအုပ်ကြီး Virus ! ʕ•̫͡•ʔ🎉

ကျောင်းသူ/သားအများစုမှာမှာလဲ မခံမရပ်နိုင်လောက်စရာ ပြသနာတွေစုပုံလာတဲ့အခါ သူတို့လွတ်မြောက်ရာလမ်းအဖြစ် Sui*ide ကို ရွေးချယ်သွားတတ်ကြကြောင်း ပညာ‌ပေးခဲ့တဲ့ Joy Lobo ဆိုတဲ့ ကျောင်းသားလေး ! 💔

ရင်ဆိုင်နေရတဲ့ပြသနာတခုဟာ ဘယ်လောက်ပဲကြီးမားနေပါစေ , မင်းရဲ့နှလုံးသားဆီ "အရာအားလုံး အဆင်ပြေသွားမှာပါ ( All is well )" ဆိုတဲ့စကားလေးတခွန်းကိုသာ ဆက်တိုက်ပြောနေဖို့ သင်ပေးခဲ့တဲ့ရမ်ချို ! ʕ•̫͡•ʔ🎉

ဒါတွေက ကျွန်တော် ဒီဇာတ်ကားလေးထဲကနေ သင်ကြားခဲ့ရတဲ့ အဖိုးတန်သင်ခန်းစာလေးတွေပေါ့။
ဘာရယ်မဟုတ်ပါဘူး။
ဒီနေ့ကလဲ ဒီဇာတ်ကားလေးရဲ့ Memorable Day လေးလို ဖြစ်နေလို့မို့။

September 5 ဆိုတဲ့ ကျောင်းခေါင်မိုးပေါ်က ဒီအမှတ်အသားလေးတစ်ခုကြောင့် , 12 နှစ်အကြာမှာ သူတို့အားလုံးကို နောက်ထပ်တကြိမ် အမှတ်ရရင်း , ကျွန်တော်တို့နိုင်ငံအတွက်လဲ ရမ်ချိုရဲ့ "All is well" (အရာအားလုံး အဆင်ပြေသွားတော့မှာပါ ) ဆိုတဲ့စကားလေးကို လက်ဆောင်ပါးလိုက်ချင်ပါတယ်။

"𝗔𝗹𝗹 𝗶𝘀 𝘄𝗲𝗹𝗹" , 𝗝𝘂𝘀𝘁 𝗸𝗲𝗲𝗽 𝘁𝗲𝗹𝗹𝗶𝗻𝗴 𝘁𝗼 𝘆𝗼𝘂𝗿 𝗵𝗲𝗮𝗿𝘁
"𝗔𝗹𝗹 𝗶𝘀 𝘄𝗲𝗹𝗹" ✨❣️
#Ⓔⓓⓦⓐⓡⓓ

 #တိုးတတ်အောင်မြင်လိုသူတိုင်း #စိတ်ဓာတ်ချနေသူတိုင်းဖတ်ဖို့အရမ်းကောင်းလို့မျှဝေပေးခြင်းပါ👇👇👇👇👇👇👇👇"ကိုယ်ကိုယ်ကိုဆုံးမခြင်း...
21/01/2021

#တိုးတတ်အောင်မြင်လိုသူတိုင်း
#စိတ်ဓာတ်ချနေသူတိုင်းဖတ်ဖို့
အရမ်းကောင်းလို့မျှဝေပေးခြင်းပါ
👇👇👇👇👇👇👇👇

"ကိုယ်ကိုယ်ကိုဆုံးမခြင်း''
📖📖📖📖📖📖📖

အချိန်သည်လည်း အကုန်မြန်၏။
လူတို့သည်လည်း အ့ပြောင်းအလဲမြန်၏။
စိတ်တို့သည်လည်း အပြောင်းအလဲမြန်၏။

Be Strong !!!

ဘယ်အချိန်ဖြစ်ဖြစ် မင်းဘေးမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်နေရာဖြစ်ဖြစ် မင်းရှေ့ မှာ လူတစ်ယောက်
အမြဲရှိနိုင်မှာမဟုတ်ဘူး။ ဘယ်အကြောင်းပြချက်နဲ့ဖြစ်ဖြစ် မင်းအနားမှာ လူတစ်ယောက်အမြဲရှိနိုင်မှာမဟုတ်ဘူး။

Stay like Independent person !!!

ဘယ်သူကမှ မင်းအတွက် အချိန်ပြည့် ရှိနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ကူညီနေပေးနိုင်မှာမဟုတ်ဘူး။ ဘယ်သူကမှ မင်းကို အချိန်ပြည့် ဂရုစိုက်နေပေးနိုင်မှာမဟုတ်ဘူး။

Be Active !!!

ကိုယ့်ကို အမြဲတမ်း ပျော်ရွှင်စေမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကို အမြဲတမ်း ဂရုစိုက်နိုင်တာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုအမြဲတမ်း နားလည်ပေးနိုင်တာ ကိုယ်ပဲရှိတယ်။
ဘယ်သူ့မှမစောင့်နဲ့။
ကိုယ်လုပ်စရာရှိတာကိုယ်လုပ်။
ကိုယ်ကစပြီး အမှားမဖြစ်အောင်နေ။
အနည်းဆုံးတော့ ကိုယ့်လိပ်ပြာကိုယ်လုံတယ်လေ။

Believe Yourself.!!!

ကိုယ့်ကိုယ်ကိုယ်ယုံ။
အပြောင်းအလဲတွေအတွက် စိတ်ဓာတ်မကျနဲ့။
ကမ္ဘာပေါ်မှာ မင်းကိုယ်မင်းကလွဲပြီး ဘယ်သူမှမင်းကို အယုံအကြည်မရှိဘူး။
မင်းကိုယ်မင်းယုံကြည်ပြီဆိုရင်တော့ မင်းကိုသူတို့ယုံကြည်လာလိမ့်မယ်။ ဂရုမစိုက်နဲ့။ ကိုယ်လုပ်စရာရှိတာ ကိုယ်ဆက်လုပ်ပါ။

Forget !!!

မေ့ပါ။ အတိတ်ကအရာတွေကိုမေ့ပါ။ (သင်ခန်းစာတော့ ယူဦးပေါ့) အခြားလူတစ်ယောက်/ပစ္စည်းတစ်ခုအပေါ်မူတည်ခဲ့တဲ့ ပျော်ရွှင်မှုကို မေ့ပစ်ပါ။
အကျိုးမရှိတဲ့ စကားတွေကို မေ့ပါ။
အသွားအပြန်ဆိုတဲ့စကားကို မေ့ပါ။
မင်းစိတ်ဓာတ်ကို ရိုက်ချိုးခဲတဲ့ အရာတွေကို အကုန် မေ့ပစ်ပါ။
ဒီနေ့ကစပြီး မင်းနှလုံးသာဟာ မင်းအတွက်ပဲ ဖြစ်ပါစေ။

Stop !!!

မျှော်လင့်တာတွေကို ရပ်ပါ။
စိတ်ဆင်းရဲနေတာကို ရပ်ပါ။
အတ္တတွေကို ရပ်ပါ။
အခြားတစ်ယောက်အကြောင်း စပ်စုတာကို ရပ်ပါ။
အခြားသူနဲ့ မင်းကိုယ်မင်း နှိုင်းယှဉ်နေတာကို ရပ်ပါ။
နေရာလုနေတာကို ရပ်ပါ။
ဦးတည်ချက်မရှိလွင့်နေတဲ့ စိတ်ကို ရပ်ပါ။
အတွေးပေါင်းမြောက်များစွာကို ရပ်ပါ။

Have Resistance !!!

လောကရဲ့အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
လူတွေရဲ့ အပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
ဘဝရဲ့ မပြောင်းအလဲကို ခံနိုင်ရည်ရှိပါ။
တသတ်မတ်တည်းဆိုတာ ဘယ်နေရာမှမရှိပါဘူး။
ထို့ကြောင့် ခံနိုင်ရည်ရှိပါ။

Accept !!!

မင်းကိုယ်မင်းလက်ခံပါ။
မင်းဘဝကို မင်းလက်ခံပါ။
မင်းအတိတ်ကို မင်းလက်ခံပါ။
အခုလက်ရှိအခြေအနေကို လက်ခံပါ။
မင်းဘေးနားက လူတွေကို အရှိကိုအရှိတိုင်းလက်ခံပါ။

Reject !!!

ငြင်းပါ။
မလုပ်နိုင်တဲ့အရာတစ်ခုအတွက် ငြင်းပါ။
မဖြစ်နိုင်တဲ့ အရာတစ်ခုအတွက် ငြင်းပါ။
စိတ်မပါတဲ့အရာတစ်ခုအတွက် ငြင်းပါ။

Prepare !!!

ပြဿနာတွေကို ရင်ဆိုင်ဖို့ ပြင်ဆင်ပါ။
ဘဝထဲက ဘယ်အရာမဆို စွန့်လွှတ်ဖို့ ပြင်ဆင်ပါ။
ကောင်းတဲ့အရာတွေအတွက် ပြောင်းလဲဖို့ ပြင်ဆင်ပါ။
အခြေအနေပေးရင် ကူညီတတ်ဖို့ ပြင်ဆင်ပါ။

Don't feel so much !!!

တစ်ချိန်ကျရင် ပြောင်းလဲသွားမယ့်အရာတွေချည်းပဲ။
ကိုယ့်ကိုယ်ကိုယ် အပင်ပန်းမခံပါနဲ့။
ကိုယ့်အကြောင်းသိတာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုသနားမှာ ကိုယ်ပဲရှိတယ်။
ကိုယ့်ကိုယ်ကိုယ်ချစ်ပါ (အတ္တကို မဆိုလို) ။
ကိုယ့်အကြောင်းကိုယ့် စိတ်ဝင်စားပါ။
တစ်ယောက်တည်းနဲ့လည်း အားအင်တွေရှိပါစေ။
Only one....but lion ဆိုတဲ့စကားအတိုင်းလေး....။

Credit မူရင်း
===================

👉''မင်းထက်တော်တဲ့သူ မရှိဘူး''👈
🌻🌻🌻🌻🌻🌻🌻🌻🌻

📖လောကကြီးမှာ~~~
မင်းထက်တော်တဲ့ သူဆိုတာ မရှိဘူး။
မင်းထက်ကြိုးစားနေတဲ့သူတွေပဲ ရှိတယ်။

📖မင်းထက် အရည်အချင်းပြည့်စုံသူဆိုတာမရှိဘူး။
မင်းလိုပဲ အရည်အချင်းပြည့်စုံအောင်
ကြိုးစားနေသူတွေပဲရှိတယ်။

📖မင်းတစ်ယောက်တည်း
စိတ်ညစ်စရာ၊ ပျော်စရာရှိတာမဟုတ်ဘူး။
မင်းလိုပဲ စိတ်ညစ်စရာ၊
ပျော်စရာတွေကြားမှာ
အဆင်ပြေအောင် နေနေရသူတွေချည်းပဲရှိတယ်။

📖မင်းတစ်ယောက်တည်း
မျက်ရည်ကျဖူးတာ မဟုတ်ဘူး
လူဆိုတာ မွေးလာကတည်းက
အငိုနဲ့ စပြီး အငိုနဲ့ အဆုံးသတ်ကြတာ
သဘာဝပဲ။

📖မင်း တစ်ယောက်တည်း
ကျရှုံးဖူးတာ မဟုတ်ဘူး
ဘဝမှာ ရှုံးနိမ့်ခြင်းဆိုတာ ကို
လူသားတိုင်း ခံစားဖူးကြတာချည်းပဲ။

📖မင်း တစ်ယောက်တည်း ဖြစ်ချင်တာတွေ
မဖြစ်ခဲ့ရတာ မဟုတ်ဘူး လူသားတိုင်း
ဖြစ်ချင်တာတွေ သေဆုံးချိန်အထိ
မဖြစ်ခဲ့ရတာတွေ အများကြီး ရှိတယ်။

👉မင်းဘာကြောင့် အားငယ်နေမှာလဲ~~~
👉မင်းဘာကြောင့်တွေဝေနေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ညစ်နေမှာလဲ~~~
👉မင်းဘာကြောင့် စိတ်ဓာတ်ကျနေမှာလဲ~~~
👉မင်းဘာကြောင့် ကြောက်ရွံ့နေရတာလဲ~~~
👉ဘဝရဲ့ စိန်ခေါ်သံတွေကို ဘယ်တော့မှ
အရှုံးမပေးနဲ့

📖မင်းအမေကမင်းကို ဘဝကို
လွယ်လွယ်မယနဲ့ အရှုံးပေးဖို့
အသက်နဲ့ရင်းပြီးမွေးလာခဲ့တာမဟုတ်ဘူး။

📖ခုချက်ခြင်း မင်းမျက်ရည်တွေသုတ်လိုက်။
မနက်ဖန်တိုင်းမှာ မင်းအတွက်
ကံကောင်းခြင်းတွေစီးကြိုနေတယ်
မင်းကြိုးစားလိုက်စမ်းပါ။

📖မင်း လည်း လူ ပဲ
အခြားသူတွေလည်း လူတွေပဲ။

📖လူဆိုတာ မျှော်လင့်ချက်နဲ့
အသက်ရှင်သန်နေတာဆိုရင်
မျှော်လင့်ခြင်း အိပ်မက်ကို
တကယ်လက်တွေ ဖြစ်အောင်
လုပ်နိုင်သူရယ်....
မလုပ်နိုင်သူရယ်ပဲရှိတယ်။

📖အိပ်မက်ကြားမှာ နိုးမထနိူင်ပဲ
သံသရာလည်နေတဲ့သူတော့
မင်း''' မဖြစ်စေနဲံ။

👉''မိတ်ဆွေ''👈

👉သင့်အတွက် စိတ်ခွန်အား၊
အားဆေး🍶တစ်ခွက် ဖြစ်ခဲလျှင်
ပြန်လည်၊ ဝေမျှပေးပါ။

Credit to Original
ပြန်လည်မျှဝေပေးခြင်းဖြစ်ပါသည်
acc/
https://www.facebook.com/profile.php?id=100022830203122

ဆယ်သိန်းလောက် လက်ထဲရှိရင် အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ် ။အဲဒီနေရာ ကျွန်တော်ရောက်ခဲ့ပြီးပါပြီ။မပြေခဲ့ပါဘူး။သိန်းတစ်ရာလောက် လ...
07/01/2021

ဆယ်သိန်းလောက် လက်ထဲရှိရင်
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ် ။

အဲဒီနေရာ ကျွန်တော်ရောက်ခဲ့ပြီးပါပြီ။
မပြေခဲ့ပါဘူး။

သိန်းတစ်ရာလောက် လက်ထဲရှိရင်
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ်။

အဲ့နေရာ ကျွန်တော်ရောက်ခဲ့ပြီးပါပြီ။
သုံးပစ်ချင်စိတ်တွေတအားဖြစ်ခဲ့ပြီး
တော်တော်လေးစိတ်ထိန်းခဲ့ရပါတယ်။

သိန်းတစ်ထောင်လောက် လက်ထဲရှိရင်
အဆင်ပြေမယ်လို့ထင်ခဲ့ဖူးတယ်။

အဲဒီနေရာ ကျွန်တော် ရောက်အောင်ကြိုးစားတယ်။

ညအိပ်မပျော်တော့ပါဘူး။ ဒီဟာကို ဘယ်လိုနေရာမှာ ဘယ်လိုလုပ်ရင် ငွေသေမနေဘဲ အကျိုးအမြတ်ရမလဲ ? ခြံဝယ်လိုက်ရမလား တိုက်ခန်းဝယ်ပြီးငှားရမလား ကုန်ကားတွေဝယ် ရမလားနဲ့ပေါ့ ။

ဆယ်တန်းပြီးရင် စာမလုပ်ရတော့ဘူးဆိုတာ ညာနေတာပါ ဘဝတလျောက်လုံး စာလုပ်နေရပါတယ်။

သိန်းတစ်သောင်းရှိရင် အဆင်ပြေမယ်လို့ ထင်နေပါတယ်။

အဲ့နေရာရောက်နေသူရှိရင် အဆင်ပြေလား ပြောသွားပေးပါအုန်း ••••••••••••••••••••••••••••••••••


စာဖတ်ပြီးသိပ်အထင်ကြီးမနေကြနဲ့အုံး။
ကျွန်တော်လည်းသူများတင်ထားတာတွေ့လို့ Copy ယူလာတာပါ။ တနေ့ထမင်း ၂ နှပ်အချိန်မှန်စားနိုင် အောင်ကြိုးစားနေရတုန်း 😁😁😁

Credit. Original Writer

လူ့လောကမှာ   သင့်အနေနဲ့ အလိမ်ခံရလည်း   ပြုံးနေလိုက်ပါ။   အစော်ကားခံရလည်း   ပြုံးနေလိုက်ပါ။   ယုတ်မာတာ ခံရလည်း   ပြုံးနေလ...
06/01/2021

လူ့လောကမှာ
သင့်အနေနဲ့ အလိမ်ခံရလည်း
ပြုံးနေလိုက်ပါ။

အစော်ကားခံရလည်း
ပြုံးနေလိုက်ပါ။

ယုတ်မာတာ ခံရလည်း
ပြုံးနေလိုက်ပါ။

အရမ်းပဲ
သဘောထားကြီးလို့တော့
ဘယ်ဟုတ်ပါ့မလဲ။

ဝဋ် ဆိုတာက
တုန့်ပြန်တဲ့အခါ ပိုပြီး တိကျတယ်လေ။

ပြတ်သားတယ်
မျက်နှာ မလိုက်ဘူး
တောင်းပန်လို့ မရဘူး
ငွေပေးလို့လည်း မရဘူး။

ကိုယ်လုပ်သမျှ
မကောင်းမှုတွေကို တစ်ချိန်ချိန်မှာ
ထပ်တူပြန်ရတာကို
ဝဋ်လည်တယ်လို့ ခေါ်ပါတယ်။

ငါတော့
မကောင်းတာ အကုန်လုပ်တယ်။
ငါတော့
သူ့အပေါ် ဗိုလ်ကျ လိုက်ရပြီ။
ငါတော့
စကားနဲ့ အနိုင်ပိုင်းလိုက်တာ..။

ငါ အမြဲ နိုင်နေတယ် ဆိုပြီး
မာန်တက်နေလို့ မရပါဘူး။

သက်ရောက်မှုတိုင်းမှာ
တန်ပြန် သက်ရောက်မှု ဆိုတာ
ရှိပါတယ်။

ကိုယ်ပြုလိုက်မိတဲ့ ကံတစ်ခုရဲ့
အတိမ် အနက် အလိုက်
ပြန်ပေးဆပ်ကြရတာချည်းပါပဲ။

ယတြာချေ လိုက်လို့
ပ_ပျောက်သွားတယ်ဆိုတဲ့
အထဲမှာ အကုသိုလ်ကံ မပါပါဘူး။

ဒါကြောင့်
ကိုယ်ကြိုက်တာ ကိုယ်လုပ်
ကိုယ်ဖြစ် ကိုယ္ခံ ဆိုသလို...

သူကြိုက်တာ သူလုပ်ပြီး
သူဖြစ် သူခံပါလိမ့်မယ်။

ဘဝမှာ -...[ No.1 ] ပိုက်ဆံစုပါ ။[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။       ...
30/12/2020

ဘဝမှာ -...

[ No.1 ] ပိုက်ဆံစုပါ ။
[ No.2 ] တတ်နိုင်သမျှ ပေးကမ်းပါ ။
[ No.3 ] စိတ်ဓာတ်ကို အဆင့်အတန်းမြင့်မြင့်ထားပါ ။

[ No.4 ] အပေါင်းအသင်းကောင်း များများပေါင်းပါ ။

[ No.5 ] အကောင်းမြင်စိတ် မွေးနိုင်အောင်လုပ်ပါ ။

[ No.6 ] လူတွေရဲ့ ကဲ့ရဲ့မှုကို သိပ်အလေးမထားပါနဲ့ ။

[ No.7 ] အရာအားလုံးဟာ ကိုယ်နဲ့ဆိုင်နေတာ မဟုတ်ပါဘူး
မဖြစ်သေးတာကိုတွေးပြီး မစိုးရိမ်ပါနဲ့ ။
လက်ရှိကာလကို အကောင်းဆုံးနေပါ ။

[ No.8 ] စည်းကမ်းရှိပါ ၊ သပ်သပ်ရပ်ရပ် ဝတ်ဆင်ပါ ။

[ No.9 ] စာများများဖတ်ပါ ။
{ ပိုက်ဆံမရပေမယ့် နှိုင်းလို့မရတဲ့ပညာတွေရပါတယ် }

[ No.10 ] ကိုယ်ထူးချွန်တဲ့အလုပ်ကနေ အောင်မြင်အောင်လုပ်ပါ ။

[ No.11 ] အလုပ်တစ်ခုကို တစိုက်မတ်မတ်လုပ်ပါ ။
အောင်မြင်မှုက အနှေးနဲ့အမြန် ရောက်ပါလိမ့်မယ် ။

[No.12 ] ကျေးဇူးရှိဖူးရင် ကျေးဇူးတရားမမေ့ပါနဲ့ ။

[ No.13 ] ကိုယ်ယုံကြည်ရာ ကိုးကွယ်ပါ ။
ယုံယုံကြည်ကြည် ကိုးကွယ်ပါ ။
{ အကျိုးကျေးဇူးကို တစ်နေ့ခံစားရပါလိမ့်မယ် }

[ No.14 ] ကံကိုမယုံပါနဲ့ ။
{ ကံဆိုတာအလုပ်ပါ ။ အလုပ်ကောင်းရင်ကံကောင်းမယ် }

[ No.15 ] ကိုယ့်ကိုယ်ကို ယုံကြည်မှုအပြည့်ရှိပါ ။
ကိုယ့်ကိုယ်ကိုသာ အားကိုးပါ ။ ။

{ အကောင်းကိုလက်ခံနိုင်သလို
အဆိုးကိုလည်းခံနိုင်အောင် ကြိုးစားပါ } 🚩

ပရော်ဖက်ရှင်နယ်ဆိုတာ--==================ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်၀မှ...
25/12/2020

ပရော်ဖက်ရှင်နယ်ဆိုတာ--
==================

ကျွန်တော်ဟာ ၀ယ်ပြီးခါစ Levi's ကိုဆွဲပြီး Shopping Mall ထဲကထွက်လာတယ်..။ အပေါက်၀မှာ
သူငယ်ချင်းတစ်ယောက်ကို စောင့်နေတုန်း professional သူတောင်းစားတစ်ယောက်
ကျွန်တော့်ကို တွေ့သွားတယ်.။ ကျွန်တော့်ရှေ့မှာ လာရပ်တယ်..။

"ညီလေးရယ်.....သနားပါကွယ်..။ နည်းနည်းလောက် သနားခဲ့ပါ" ကျွန်တော်လည်း ပျင်းပျင်းနဲ့
အိပ်ကပ်ထဲက အကြွေစေ့တစ်စေ့ ထုတ်ပေးလိုက်တယ်.။ ပြီးတော့ သူနဲ့
စကားပြောဖြစ်သွားတယ်.။အဲဒီသူတောင်းစားက အရမ်းစကားပြောလို့ကောင်းတယ်.။
".........ကျွန်တော်က ဒီဘက်တစ်ကြောမှာပဲ တောင်းဖြစ်တယ်.။ သိလား။ ခင်ဗျားကို ကျွန်တော်
အစောတည်းက တွေ့တယ်။ ဒီShopping Mall မှာ Levi's ၀ယ်တည်းက ပိုက်ဆံမနှမျောဘူးဆိုတာ
ကျွန်တော်သိတယ်..............."

ကျွန်တော် အရမ်းအံ့သြသွားပြီး ပြောမိတယ်..."ခင်ဗျား နားလည်တာ များသားပဲ.."

"သူတောင်းစား လုပ်တယ်ဆိုတာလဲ၊ သိပ္ပံနည်းကျ လုပ်ရတယ်ဗျ"လို့သူကပြောတယ်..။

ကျွန်တော်ကြောင်သွားတယ်...။ စိတ်၀င်စားသွားပြီး သူ့ကို "ဘယ်လို သိပ္ပံနည်းကျလဲဗျ၊
လုပ်စမ်းပါဦး"လို့ မေးလိုက်တယ်..။

သူက "ကျွန်တော့်မှာ တစ်ခြား သူတောင်းစားနဲ့ မတူတဲ့အချက် ဘာတွေရှိလဲ ခင်ဗျား အရင် ကြည့်ပါဦး"
လို့ပြန်ပြောတယ်.။

ကျွန်တော် သူ့ကို စေ့စေ့စပ်စပ် အကဲခတ်လိုက်တယ်.။ ဆံပင်တွေ ရှုပ်ပွနေတယ်၊
အင်္ကျီအ၀တ်အစားတွေ
စုတ်ပြတ်နေတယ်.။ အရမ်းပိန်တယ်..။ ဒါပေမယ့် ပေရေမနေဘူး.။

သူကကျွန်တော့်အတွေးတွေကို စကားသံနဲ့ ဖြတ်လိုက်တယ်..။ "လူတွေက သူတောင်းစားဆို
ရွံကြတယ်ဗျ၊
ဒါပေမယ့် ခင်ဗျားကျွန်တော့်ကို မရွံဘူးဆိုတာ ကျွန်တော် ပြောရဲတယ်..။ အဲဒါက ကျွန်တော်
တစ်ခြားသူတောင်းစားတွေနဲ့ မတူတဲ့အချက်ပဲ..။"

ကျွန်တော် ခေါင်းငြိမ့်၀န်ခံလိုက်တယ်.။ အဟုတ်ကို ရွံစရာမကောင်းပါဘူး..။ မဟုတ်ရင် ကျွန်တော်
ဘယ်လိုလုပ် သူတောင်းစား တစ်ယောက်နဲ့ စကားလက်ဆုံကျနေပါ့မလဲ..။

" ကျွန်တော် SWOT (Strengths, Weaknesses, Opportunities and Threats) ခွဲခြမ်းစိတ်ဖြာနည်းကို
နားလည်တယ်။ ကျွန်တော့်ရဲ့ ပြိုင်ဘက်တွေကြားမှာ ကျွန်တော့်ရဲ့ strength ဟာ
ရွံစရာကောင်းမနေတာပါ။ Opportunities နဲ့ Threats ကတော့ အပြင်က အခြေအနေတွေပါ။ ဒီမြို့မှာ
လူဦးရေများတာတို့၊ မြို့ရဲ့ အင်္ဂါရပ်ကို မြှင့်တင်မှာတို့ပေါ့ဗျာ"

"ကျွန်တော် အသေးစိတ်တွက်ချက်ဖူးတယ်ဗျ။ ဒီနေရာမှာ တစ်နေ့ကို
လူဦးရေ သောင်းဂဏာန်းလောက် ဖြတ်သန်းသွားလာနေတာ.။ ဆင်းရဲတဲ့သူတွေများတယ်။

ဒါပေမယ့် ပိုက်ဆံချမ်းသာတဲ့သူတွေ ပိုများတာပေါ့ဗျာ.. သီအိုရီအရ ပြောရရင် အကယ်၍ ကျွန်တော်ဟာ
တစ်ရက်ကို လူ၁ယောက်ဆီက တစ်ကျပ်ပဲတောင်းဦးတော့၊ ၁လကို သုံးသိန်းလောက်၀င်နိုင်တယ်..။
ဒါပေမယ့် လူတိုင်းက ပေးမှာမဟုတ်ဘူးလေ၊ ပြီးတော့ ကျွန်တော်လည်းတစ်နေ့တည်းနဲ့
လူအဲလောက်အများကြီးဆီက တောင်းဖို့ဆိုတာ မဖြစ်နိုင်ဘူး.။ အဲဒါကြောင့် ကျွန်တော်
ခွဲခြမ်းစိတ်ဖြာရတယ်၊ ဘယ်ဟာတွေကတော့ target customer၊ ဘယ်ဟာတွေကတော့ potential
customers ဆိုတာပေါ့ဗျာ"

သူက တံတွေးမျိုပြီး ဆက်ပြောပြန်တယ်.."ဒီဘက်ပိုင်းမှာ ကျွန်တော့်ရဲ့ target customers က
စုစုပေါင်း ဖြတ်သန်းသွားလာနေတဲ့လူအရေအတွက်ရဲ့ ၃၀ရာခိုင်နှုန်းပေါ့..၊ အောင်မြင်နိုင်ခြေက
၇၀%ရှိတယ်..။ potential customers က ၂၀% ရှိတယ်၊ အောင်မြင်နိုင်ချေက ၅၀%၊ ကျန်တဲ့
၅၀%ကတော့ကျွန်တော် လက်လျှော့ဖို့ ရွေးချယ်လိုက်တယ်.။ ကျွန်တော့်မှာ သူတို့နဲ့ ကံစမ်းနေဖို့
အချိန်မလောက်လို့""အဲဒါဆို ခင်ဗျားရဲ့ customer ကို ခင်ဗျား ဘယ်လို သတ်မှတ်လဲ"
ကျွန်တော် မေးလိုက်မိတယ်..။

"အရင်ဆုံး target customer ကို ပြောပြမယ်။ ခင်ဗျားတို့လို လူငယ်တွေပေါ့၊ ၀င်ငွေရှိတယ်.။
ရက်ရောတယ်။ ဒါ့အပြင် စုံတွေရောပဲ။ သူတို့က တစ်ဖက်သားရှေ့မှာ မျက်နှာပျက်မခံချင်လို့၊
ရက်ရက်ရောရော ပေးတတ်ကြတယ်၊ ဒုတိယအနေနဲ့က တစ်ယောက်တည်းဖြစ်နေတဲ့
မိန်းမလှလေးတွေကို ကျွန်တော်က potential customer လို့ သတ်မှတ်ထားတယ်..။ သူတို့က
ရှုပ်ရှုပ်ယှက်ယှက်တွေကြောက်တတ်ကြတော့၊ အများအားဖြင့် ပေးတတ်ကြတယ်။ အဲဒီ
လူအုပ်စု၂မျိုးလုံးကို အသက် ၂၀ကနေ ၃၀ကြားကို ထားတယ်.။ သိပ်အသက်ငယ်ရင်လည်း
၀င်ငွေသိပ်မရှိတတ်ကြဘူးလေ။ အသက်အရမ်းကြီးရင်လည်း
အိမ်ထောင်ကျပြီးလောက်ပြီ။ ငွေရေးကြေးရေး မိန်းမက ထိန်းချုပ်နေပြီ။ အဲလို လူတွေက
ဘာမှ မျှော်မှန်းစရာ သိပ်မရှိဘူး"

"အဲဒါဆို ခင်ဗျားတစ်နေ့ကို ဘယ်လောက်လောက် ရတတ်သလဲ"ကျွန်တော် မေးလိုက်တယ်.။

"Monday to Friday ကတော့ နည်းနည်း ပါးတယ်ဗျ၊ ဒေါ်လာ၂၀၀လောက်တော့ ရတာပေါ့..။ စနေ၊
တနင်္ဂနွေဆိုရင် လေးငါးရာလောက်တော့ ရတာပေါ့ဗျာ"

"အဲလောက်တောင် များများ ရလား"

ကျွန်တော်နည်းနည်း သံသယရှိနေတာ တွေ့တော့ သူက ကျွန်တော့ကို တွက်ပြတယ်..။"ခင်ဗျားတို့လိုပဲ
ကျွန်တော်လည်း ၁ရက်ကို ၈နာရီ အလုပ်လုပ်တယ်ဗျာ။ မနက် ၁၁နာရီကနေ ည ရနာရီထိ၊
စနေ၊တနင်္ဂနွေလည်း မနားဘူး။ ကျွန်တော် တခါတောင်းတဲ့ ကြာချိန်က ၅မိနစ်ပေါ့။ လမ်းလျှောက်ပြီး
ပစ်မှတ်ရှာတဲ့ အချိန်တွေကို နှုတ်လိုက်ရင်၊ အကြမ်းအားဖြင့် ၁မိနစ်ကို ၁ယောက်၊ဒေါ်လာ ၁ကျပ်နှုန်းနဲ့ရတယ်။
၈နာရီဆိုတော့ဒေါ်လာ ၄၈၀ ရတာပေါ့။ ပြီးတော့မှ အောင်မြင်နိုင်ခြေ ၆၀% (၅၀%+၇၀%)/၂
နဲ့ မြှောက်လိုက်ရင် ၊ ၃၀၀ နီးပါးလောက်ရတာပေါ့။ customer ကို အမြီးဆွဲပြီး
တစ်လမ်းလုံး လျှောက်လိုက်နေလို့ လုံး၀မဖြစ်ဘူး၊ ဘာလို့လဲဆိုတော့ သူသာ ပေးချင်ရင်
အစောတည်းက ပေးပြီးနေပြီလေ။ အဲဒါကြောင့် ဇွတ်လိုက်နေလည်း အောင်မြင်ချင်မှ အောင်မြင်မှာကိုး။
အဲဒါကြောင့် အကန့်အသတ်ရှိတဲ့ အချိန်တွေကို မပေးချင်တဲ့ customer ဆီမှာ
မဖြုန်းပစ်ရဘူး။ နောက်တစ်ယောက် ရှာတာကမှ ဟုတ်သေးတယ်။"

ကောင်းလှချည်လား။ ဒီသူတောင်းစားမခေဘူးပဲ။ ရုပ်နဲ့တောင်မလိုက်ဘူး။

ပြောတဲ့စကားတွေက ဝါရင့် Marketing Supervisor လားကျနေတာပဲ..။

"ခင်ဗျား ဆက်ပြောပါ။" ကျွန်တော် ပိုစိတ်၀င်စားလာတယ်..။ ဒီနေ့တော့ ပညာတွေရပြီ..။

"တစ်ချို့က သူတောင်းစားဟာ ကံကိုမှီပြီး စားရတယ်လို့ ပြောကြတယ်။ ကျွန်တော်ကတော့ အဲလို
မသတ်မှတ်ဘူး။ ဥပမာ ပြောမယ်ဗျာ..။ မိန်းကလေးပစ္စည်းတွေချည်းပဲ ရောင်းတဲ့ဆိုင်ရှေ့မှာ
အမျိုးသားချောချော၁ယောက်နဲ့၊ ကောင်မလေး ချောချောလေး ၁ယောက်ရပ်နေရင် ဘယ်၁ယောက်ကို
ခင်ဗျား တောင်းမလဲ။" ကျွန်တော်စဉ်းစားလိုက်ပြီး၊ မသိဘူးလို့ ဖြေလိုက်တယ်..။

"ခင်ဗျား ယောက်ျားလေးကို သွားတောင်းသင့်တယ်.။ ဘေးမှာ မိန်းမချောလေး ရပ်နေတော့၊
သူမပေးဘဲ နေရမှာ ရှက်လိမ့်မယ်။ ကောင်မလေးသာ
သွားတောင်လို့ကတော့ ကြောက်ချင်ယောင်ဆောင်ပြီး ဝေးဝေး ရှောင်သွားလို့ရတာပေါ့။"

"ခင်ဗျားကို နောက်ဥပမာ၁ခု ထပ်ပေးမယ်။ တစ်နေ့က shopping mall ၁ခု ရှေ့မှာ ပစ္စည်း၀ယ်ပြီးခါစ
ထွက်လာတဲ့ အထုပ်တွေနဲ့ မိန်းမငယ် ၁ယောက်ရယ်၊ ရေခဲမုန့်စားနေတဲ့ လူငယ်ပိုင်း စုံတွဲ၁တွဲရယ်၊
သပ်သပ်ရပ်ရပ် ၀တ်စားထားတဲ့ laptop အိတ်ဆွဲထားတဲ့ လူငယ်တစ်ယောက်ရယ်ရှိနေတယ်။ ကျွန်တော်
လူတစ်ယောက်ကို သုံးစက္ကန့်စာလောက်ပဲ အကဲခတ်လိုက်တယ်.။ ပြီးတော့ ကောင်မလေးဆီကို
သွားတောင်းလိုက်တယ်။ သူက အိတ်ထဲက အကြွေစေ့ ၂စေ့ကို နှိုက်ပေးပြီး ထူးဆန်းတကြီးကျွန်တော့်ကို
ဘာလိုသူ့မှတောင်းတာလဲလို့ မေးတယ်။ ကျွန်တော်က ဟိုစုံတွဲက ရေခဲမုန့်စားနေကြတာ၊
ပိုက်ဆံနှိုက်ဖို့လက်မအားဘူး၊ ဟို ယောက်ျားကတော့ အရာရှိပိုင်း ကုမ္ပဏီ ၀န်ထမ်းဆိုတော့
အကြွေမပါလောက်ဘူး၊ မင်းကတော့ ခုမှ ပစ္စည်း၀ယ်ပြီးထွက်လာတာဆိုတော့၊ သေချာပေါက်
အကြွေပါမှာကြောင့်လို့ ပြန်ဖြေလိုက်တယ်.။"

ယုတ္တိရှိသား! ကျွန်တော်နားထောင်လေ စိတ်၀င်စားလေ ဖြစ်လာတယ်.။

"သိပ္ပံနည်းကျ တောင်းရမယ်။ နေ့တိုင်း ဂုံးတံတားပေါ် သွားထိုင်နေလို့ ဘယ်ဖြစ်ပါ့မလဲ။
ဂုံးတံတားပေါ်က ဖြတ်ကြတဲ့သူတွေက အလျင်စလိုတွေချည်းပဲ။ ဘယ်သူက ဂုံးတံတားပေါ်အားယားယား
သွားလျှောက်နေမလဲ။ လှေကား တက်လိုက် ဆင်းလိုက်နဲ့ မောကမောသေး၊ ကိုယ့်ကို ကိုယ် ပညာနဲ့
တန်ဆာဆင်ထားရမယ်ဗျ၊ ဗဟုသုတလိုက်စားတာ လူတစ်ယောက်ကို ထက်မြက်လာစေတယ်။
ထက်မြက်တဲ့သူဟာ အဆက်မပြတ် ဗဟုတ်သုတ ရှာမှီးနေမှ လူတော်ဖြစ်လာမှာပေါ့။၂၁ရာစုမှ
အလိုအပ်ဆုံးက လူတော်တွေပဲလေဗျာ"

"တစ်ခါက လူတစ်ယောက် ကျွန်တော်ကို ငွေငါးဆယ်ပေးပြီး တိုက်အောက်ကနေ နီရေ လွမ်းလိုက်တာလို့
အခါ၁၀၀ သွားအော် ပေးရမတဲ့။ ကျွန်တော် တွက်ကြည့်လိုက်တယ်။ တစ်ခါအော်ရင်
ငါးစက္ကန့်လောက်အော်ရမယ်။ ကျွန်တော် တစ်ခါတောင်းတာနဲ့ ညီမျှတယ်။
ရတာကကျတော့ ပြား၅၀ပဲရတယ်။ အဲဒါနဲ့ ကျွန်တော် ငြင်းလိုက်တယ်။"

"ဒီ စိန်းကျိန့်မြို့မှာ သာမာန် သူတောင်းစားဆိုရင် ၁လကို ဒေါ်လာ၈၀၀/တစ်ထောင် ရအောင် တောင်းနိုင်တယ်။
ကံကောင်းရင်တော့ ဒေါ်လာ၂၀၀၀ စွန်းစွန်းရတာပေါ့..။ စိန်းကျိန့် ၁မြို့လုံး သူတောင်းစား အယောက်၁သိန်းမှာ
၁၀ယောက်လောက်ပဲ ၁လကို ဒေါ်လာ၁သောင်းအထက်ရအောင် တောင်းနိုင်တယ်။ ကျွန်တော်က အဲဒီ
၁၀ယောက်ထဲက တစ်ယောက်ပဲ..။ ပြီးတော့ ၀င်ငွေက ငြိမ်တယ်။ အများအားဖြင့် အရမ်းကြီး
အတက်အကျမရှိဘူး။"

မိုက်လှချည်လား။ ကျွန်တော် ဒီသူတောင်းစားကို တော်တော် လေးစားသွားတယ်။

"ကျွန်တော်က ကျွန်တော့်ကို ကျွန်တော် ပျော်ရွှင်တဲ့ သူတောင်းစားလို့ အမြဲပြောတယ်။
အခြားသူတောင်းစားတွေကတော့ ကျွန်တော့်ကို အဲဒါ ပိုက်ဆံများများ
၀င်လို့ပျော်တာလို့ ပြောကြတာပေါ့။
ကျွန်တော်က သူတို့ကို ပြန်ပြောတယ်။ ခင်ဗျားတို့ မှားနေတယ်။ ကျွန်တော့်မှာ ပျော်ရွှင်တက်ကြွတဲ့
စိတ်ရှိနေလို့ ၀င်ငွေများနေတာလို့။"

အပြောကောင်းချက်ဗျာ

"တောင်းတယ်ဆိုတာ ကျွန်တော့်အလုပ်ပဲဗျ။ အဲဒီတော့ အလုပ်ကပေးလာတဲ့ ပျော်ရွှင်မှုလေးတွေကို
ခံစားတတ်ရတယ်.။ မိုးရွာတဲ့နေ့ လူသွားလူလာနည်းတဲ့အခါ၊ တခြား သူတောင်းစားတွေက
ညည်းတဲ့သူညည်း အိပ်တဲ့သူ အိပ်နေကြတယ်။ အဲလို လုပ်လို့ လုံး၀မဖြစ်ဘူးဗျ။ စိတ်ထဲကနေ ဒီမြို့ရဲ့
အလှကို ခံစားရမယ်..။ ညအလုပ်သိမ်းလို့ အိမ်ပြန်တဲ့အခါ မိန်းမနဲ့
ကလေးကို ခေါ်ပြီး စျေးလေးဘာလေးပတ်၊ အစားလေးဘာလေးစားပေါ့၊ ညရှုခင်းလေးခံစားရင်း
တစ်မိသားစုလုံး ပျော်ပျော်ပါးပါးပေါ့..။ အဲလိုဆိုရင် ဒီဘ၀ အသက်ရှင်ရတာ
အဓိပ္ပါယ်မမဲ့တော့ဘူးပေါ့ဗျာ။
အကယ်၍များ လုပ်ငန်းတူတွေ့လို့ တစ်ခါတစ်လေလည်း အကြွေလေး ဘာလေး ပစ်ပေးလိုက်တာပေါ့။
သူတို့ ပျော်ပျော်ရွှင်ရွှင်နဲ့ ကျေးဇူးတင်စကားပြောရင်း ထွက်သွားတာကို တွေ့တော့လည်း ကိုယ့်ကို
ကိုယ် ပြန်မြင်နေသလိုပေါ့"

"ခင်ဗျားက မိန်းမနဲ့ ကလေးနဲ့?" ကျွန်တော်အလန့်တကြားမေးလိုက်မိတယ်။
လမ်းသွားလမ်းလာတွေတောင် ငဲ့ကြည့်သွားကြတယ်။

"ကျွန်တော်မိန်းမက အိမ်ရှင်မ တာ၀န်ကို အပြည့်ယူထားတယ်။ ကလေးက မူလတန်းတက်နေပြီ။
ကျွန်တော် ဖူထျန် ရပ်ကွက်ဘက်မှာ တိုက်ခန်းလေးတစ်ခန်း installment နဲ့ ၀ယ်ထားတယ်.။
၁၀နှစ်ခွဲပေးရမယ်.။ နောက် ၆နှစ်ဆို ကြေပြီဗျ.။ ကျွန်တော် ကြိုးစားမှဖြစ်မယ်။ ကျွန်တော့သားလေး
ကြီးလာရင် တက္ကသိုလ်မှာ Marketing Major ယူခိုင်းရမယ်။ ပြီးရင် အဖေ့အမွေဆက်ခံပြီး
ကျွန်တော့်ထက်သာတဲ့
သူတောင်းစားဖြစ်အောင် ကြိုးစားခိုင်းရမယ်.။"

"လွန်ခဲ့တဲ့ ၅နှစ်တုန်းက PROFIBUS ဆိုတဲ့ ကုမ္ပဏီမှာ Market planning လုပ်ခဲ့ဖူးတယ်။ လွန်ခဲ့တဲ့
၂နှစ်တုန်းကတော့ Sales Manager အဖြစ် promotion ရတယ်ဗျ။ ၁လကို ဒေါ်လာ၅၀၀၀နဲ့ပေါ့..။

အဲချိန်တုန်းက
၁သောင်းကျော်တန် Samsung Laptop ၁လုံးကို installment နဲ့ ၀ယ်ခဲ့တယ်။ ၁လကို
၂၀၀၀သွင်းရတယ်။ သေမလိုရှင်မလိုပဲဗျာ..။ နောက်တော့ ကျွန်တော် စဉ်းစားတယ်။
ဒီလိုသာဆက်သွားရင်တော့ ၁သက်လုံး လူမွှေးလူတောင် ပြောင်မှာ မဟုတ်ဘူးလို့။ အဲဒါနဲ့
အလုပ်ထွက်လိုက်တာ။ ပြီးတော့ ကျွန်တော်ဒီမြို့ကို ပြောင်းလာပြီး သူတောင်းစားလာလုပ်နေတာ။

ကျွန်တော်က အဆင့်မြင့် သူတောင်းစားတစ်ယောက်ဖြစ်ချင်တာဗျ.. "

သူ့စကားလည်း ဆုံးရော ကျွန်တော် စိတ်လှုပ်ရှားစွာနဲ့ ပြောလိုက်မိတာက..."ကျွန်တော့်ကို
တပည့်အဖြစ်လက်ခံနိုင်မလားဗျာ...."

📗"ဒါဆို အမြန်ဆုံးပြင်ဆင်လိုက်ပါ"📗  👉‍ ဘ ဝ မှာ  အကြိမ်ကြိမ် ဒဏ်ရာရခဲ့ဘူးပေမယ့်  မနာကျင်တတ်ခဲ့ဘူး ဆိုရင်  မင်း သခင်္န်းစာ ...
14/12/2020

📗"ဒါဆို အမြန်ဆုံးပြင်ဆင်လိုက်ပါ"📗

👉‍ ဘ ဝ မှာ
အကြိမ်ကြိမ် ဒဏ်ရာရခဲ့ဘူးပေမယ့်
မနာကျင်တတ်ခဲ့ဘူး ဆိုရင်
မင်း သခင်္န်းစာ မရသေးဘူး။

👉 ဘ ဝ မှာ
အကြိမ်ကြိမ်နာကျင်ခဲ့ရပေမယ့်
အတွေး အခေါ်တွေ
မပြောင်းလဲသေးဘူးဆိုရင်
မင်း မဆင်ခြင်တတ်သေးဘူး။

👉 ဘ ဝ မှာ
အကြိမ်ကြိမ် မှားခဲ့ဘူးပေမယ့်
အမှားတွေထဲမှာပဲ
သာယာနေဆဲ ဆိုရင်
မင်း နောင်တ မရသေးဘူး။

👉 ဘ ဝ မှာ
အကြိမ်ကြိမ် အခက်အခဲ့တွေ
ကြုံခဲ့ဘူးပေမယ့် ပိုင်ဆိုင်နေသေးတဲ့
အချိန်တွေကို အကျိုးရှိရှိ
အသုံးချဖို့ စိတ်မကူးဘူး ဆိုရင်
မင်း တန်ဖိုး မသိသေးဘူး။

👉 ဘ ဝ မှာ
အကြိမ်ကြိမ် ဒုက္ခရောက်ခဲ့ဖူးပါစေ
အဲ့ဒီ ဒုက္ခထဲက လွတ်မြောက်ဖို့အတွက်
ကံကြမ္မာက လူတိုင်းကို
အနည်းဆုံး တစ်ကြိမ်
အခွင့် အရေး ပေးတယ်။

👉 ဒါကိုလည်း ကြိုးစားဖို့
ပျင်းရိနေဦးမယ် ဆိုရင်
မင်းဟာ ဒုက္ခပင်လယ်ထဲက
ဘယ်တော့မှ မလွတ်မြောက်နိုင်တော့ဘူး

👉 ဘ ဝ မှာ
ဘယ်သူတွေ ဘာပဲပြောပြော
မင်း ဂရုမစိုက်တတ်ဘူး ဆိုရင်
ဘဝရဲ့ နေဝင်ချိန်ကိုတော့
မင်း ဂရုစိုက်ပါ............။

"စိတ်ချမ်းသာချင်ရင်         စိတ်ကောင်းထား"♥♥♥♥♥♥♥   "Be goodhearted    if you wish to be happy"  _______________ လူတွေကစ...
09/12/2020

"စိတ်ချမ်းသာချင်ရင်
စိတ်ကောင်းထား"
♥♥♥♥♥♥♥

"Be goodhearted
if you wish to be happy"
_______________

လူတွေက
စိတ်ချမ်းသာမယ်ထင်ပြီးတော့
ငွေနောက်ကိုလိုက်တယ်...

ငွေတော့ရတယ်
စိတ်ချမ်းသာမှုတော့မရဘူး။

Humans are in hot pursuit of money in the hope that they would feel blissful. In spite of their attainment of money, they are not happy.

ရာထူးနောက်ကိုလိုက်တယ်၊ရာထူးတွေတော့ရတယ်၊စိတ်ချမ်းသာမှုတော့
ဘယ်ရောက်သွားမှန်းတောင်
မသိတော့ဘူး။

Certain people are hotly after office. They achieve the departmental positions they wish for, yet they are at a loss where happiness has vanished.

ကျော်ကြားမှုနောက်ကို
လိုက်တယ်...
ကျော်ကြားလာတယ်...
စိတ်ချမ်းသာမှုကတော့
ကြာလေဝေးလေဖြစ်သွားတယ်...

Some persons hunt fame.
They get renowned, nonetheless happiness and peace of mind have got farther away from them with time.

ကိုယ့်ရဲ့အချိန်နဲ့အင်အားဟာ
အကန့်အသတ်ရှိပါတယ်...
တစ်ခြားကိစ္စတွေကို
ဦးစားပေးတာများလွန်းသွားရင်
စိတ်ချမ်းသာမှုအတွက်
အချိန်နဲ့အင်အားမကျန်တော့ဘူး။

Your time and strength are limited.
If you have prioritized other affairs far too much, there's no time and strength left for happiness.

အသက်တွေကြီးသွားမှ
ကျန်းမာရေးမကောင်းတော့မှ
ငါစိတ်ချမ်းသာအောင်
မနေရသေးပါလားသိရင်
အသိနောက်ကျသွားမယ်။

It would be too late for you if you knew that you have still not lived a happy life only when you are way advanced in age and no longer in the pink of health.

ဉာဏ်နည်းတဲ့သူဟာ
ရုပ်ပိုင်းဆိုင်ရာ
ရာထူး၊အာဏာ၊ပစ္စည်းဥစ္စာတွေကို
ဦးစားပေးတယ်။

A person of scanty wisdom gives priority to physical belongings like office, authority and property.

ဉာဏ်ပညာရင့်ကျက်တဲ့သူကတော့
စိတ်ပိုင်းကို
ဦးစားပေးတယ်။

A person of great wisdom
prioritizes mentality, though.

30/11/2020

#ကျရှုံးချိန်မှာခေါင်းမော့ပါ
#ကြိုးစားချိန်မှာနှုတ်လုံပါ
#အောင်မြင်ချိန်မှာမာန်ချပါ
#ပြည့်ဝချိန်မှာမျှဝေပါ

_ ကြိုးစားနေတဲ့အချိန်မှာ သည်းခံပါ

_ကျရှုံးနေတဲ့အချိန်မှာ ရဲရင့်ပါ။
_အောင်မြင်တဲ့အချိန်မှာ တည်ငြိမ်ပါ။

_ပြုံးနေပေမယ့် နာကျင်ရတဲ့ရက်တွေရှိတယ်။
_အပေါ်ယံလေးနဲ့ အရာရာကိုမဝေဖန်ချင်ပါနဲ့။
_လူတိုင်းမှာ သောကကိုယ်စီနဲ့ ပျော်သလိုနေနေကြတာပါ။

_ဘဝမှာ အခက်ခဲတွေနဲ့ရင်ဆိုင်ရတဲ့အခါ
ဘာလို့လဲလို့ မေးခွန်းထုတ်မနေပဲ
ဘယ်လိုကြိုးစားရမလဲဆိုတာ စဉ်းစားလိုက်ပါ။

_ရည်မှန်းချက်တွေပျက်ရင် ဘဝတစ်ခုလုံး ပျက်စီးသွားနိုင်တယ်
_ဒါကြောင့် အခက်ခဲတွေနဲ့ ဘယ်လိုပဲကြုံတွေ့နေပါစေ
ရည်မှန်းချက်တွေမပျက်ပါစေနဲ့။

_အားတင်းထား ဘဝနဲ့ရင်းပြီး ရလိုက်တဲ့သင်ခန်းစာတွေက
ခံရတဲ့အချိန်မှာ ခါးသီးပေမယ့်
တချိန်ချိန်မှာ ချိုမြိန်လာမှာပါ။

_မှန်မှန်မှားမှား ဆင်းရဲရင်တော့ ခံရမယ်။
_ချိုချိုခါးခါး မကျန်းမာရင်တော့ သောက်ရမယ်။
_လိုလိုမလိုလို ပတ်ဝန်းကျင်ဆိုတော့ ပေါင်းရတယ်။
_ကောင်းကောင်းမကောင်းကောင်း အလုပ်သဘောရတော့ ပြုံးရတယ်။

_မင်းဒုက္ခရောက်နေချိန်မှာ ဘယ်သူ့ကိုမှ အသနားမခံပါနဲ့
ရုန်းထွက်နိုင်အောင်ကြိုးစားပါ။
_စိတ်ဓာတ်ကျတိုင်း ဤစာကိုဖတ်ပါ
သင့်ဘဝတွက် ခွန်းအားဖြစ်စေလိမ့်မယ်။

_ကိုယ့်တန်ဖိုးကို နားမလည်တဲ့လူတွေကို
အချိန်ကုန်ခံမနေပါနဲ့။
_ကိုယ့်ပေါ်မှာတန်ဖိုးထားတဲ့ လူတွေကိုအချိန်ပေးရအုံးမယ်။

_လူကိုမကြည့်နဲ့. မူကိုကြည့်။
_ရုပ်ကိုမကြည့်နဲ့. အလုပ်ကိုကြည့်။
_အပြောမကြည့်နဲ့. မနောကိုကြည့်။

_အတူမြင်ပေမယ့် အမြင်မတူတဲ့အခါ
အဓိပ္ပါယ် ဟာ လွဲမှားနေအုံးမှာပါ။

တချို့က    လခ ၂သိန်းလောက်အတွက်လုပ်နေချိန်တချို့က ၆သိန်းလောက်ရနေပြီတ ချို့က ၆သိန်းလောက်နဲ့ပျော်နေချိန် တချို့က၁၀သိန်းဝန်း...
06/11/2020

တချို့က လခ ၂သိန်းလောက်အတွက်လုပ်နေချိန်

တချို့က ၆သိန်းလောက်ရနေပြီ
တ ချို့က ၆သိန်းလောက်နဲ့ပျော်နေချိန်
တချို့က၁၀သိန်းဝန်းကျင်ရှာနေနိုင်ပြီ
တချို့က ၁၀သိန်းဝန်ကျင်ရှာနိုင်ချိန်မှာ
တချို့က ၁၅သိန်း၊ သိန်း၂၀ရှာနေနိုင်ပြီ
တချို့က သိန်း၃၀ ၄၀..........
လ၁လကုန်တာခြင်းတူပေမဲ့ လုပ်နိုင်စွမ်းနဲ့ ရပိုင်ခွင့်တွေကွာကုန်ပြီ။
အသက်တွေကြီးလာတာချင်းအတူတူ စုဆောင်းမှုနဲ့ရင်းနှီးမြုတ်နှံမှုတွေကွာလာကြပြီ........လုပ်နိုင်စွမ်းရှိတဲ့ငယ်ရွယ်ချိန်မှာပိုရုန်းကန်ပါစွန့်စားပါ....စိတ်ကူးအိမ်မက်တွေအကောင်ထည်ဖေါ်ပါ။

သတိ💭💭💭
သင့်အသက်ကြီးလာနေပါပြီ။
Comfort Zone (သက်တောင့်သက်သာရှိတဲ့နယ်ပယ်)မှာပဲ
မပျော်ပါနဲ့။ ရုန်းထွက်ပါ။ စွန့်စားပါ။
သင်လိုချင်တဲ့ဘဝကိုသင်ကိုယ်တိုင်ဖန်တီးပါ။
ဝန်ထမ်းလုပ်မယ်ဆိုလည်း အရာရောက်ပြီး အရေးပါတဲ့သူဖြစ်ပါစေ။
ကိုယ်ပိုင်စီးပွားရေးလုပ်မယ်ဆိုလဲ ဝီရိယနှင့်အမျှာ်အမြင်ရှိပါစေ။✨✨✨

Address

35/91
Mandalay
WETTYUI

Telephone

+959427929029

Website

Alerts

Be the first to know and let us send you an email when Phyo Thet Aung posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Phyo Thet Aung:

Share

Category