Resulting & Coaching

Resulting & Coaching To be a biggest Online Shop In Myanmar

03/02/2022

ခြေအိတ်စွပ်လျက် ည အိပ်တာ ကောင်းလား
*****************************************

ငယ်ငယ်က တောင်ကြီး တခေါက်ရောက်တော့ နယ်ခံ လူကြီးက ညဘက် ခြေအိတ်စွပ်မအိပ်နဲ့ မျက်စိထိခိုက်တတ်တယ်လို့ပြောပါတယ်။

အသက်ငယ်သေးလို့ အအေးဒါဏ် ခံနိုင်တာက တစ်ကြောင်း၊ ခြေအိတ်စွပ်လေ့မရှိတာက
တစ်ကြောင်း အထူးတလည်ရှောင်စရာ မရှိခဲ့ပါ။

ဒါပေမယ့် အေးတဲ့ဒေသမှာ ညဘက် ခြေအိတ် စွပ် မအိပ်ရဘူး ဆိုတဲ့သတိပေးစကားကို အမှတ် အသား ပြုလာခဲ့ပါတယ်။

အသက်ကြီးတဲ့ အခါကျတော့လည်း ခြေအိပ်စွပ်တတ်တဲ့ အလေ့အကျင့် မရှိတာကြောင့် ...

ဆောင်းရာသီ ရောက်လည်း အနွေးထည် ထူထူဝတ် စောင် လုံအောင်ခြုံ ဒီလိုနဲ့ပဲ ည အအေး ကို အံတုခဲ့တာကြာလှပါပြီ။

တစ်နေ့က အသက် ၈၅ နှစ် ရှိတဲ့လူနာ တစ်ယောက် ခြေကျင်းဝတ် ယားလွန်းလို့ ကပ်ကျေးနဲ့ ခြစ်ပစ်တာ အသားတွေ ပွန်းပဲ့ ရောင်ရမ်းကုန်လို့ ဆေးခန်း ရောက်လာပါတယ်။

လူနာက သူ့အနာ ဒါဏ်ရာတွေ ပြမယ်ဆိုပြီး ခြေထောက် ခုတင်ပေါ် တင်လိုက်တော့ ခြေအိတ်စွပ်ထားတာ သတိပြုမိတယ်။

ညအိပ်တဲ့အခါ ခြေအိတ် စွပ်အိတ်သလား မေးတဲ့အခါ စွပ်အိပ်တယ်တဲ့ -

ခြေအိတ် စွပ်ခြင်းနဲ့ ပတ်သက်တဲ့ ငယ်ငယ်က အသိက စိတ်ထဲမှာ ပြူထွက် လာတယ်။

အသက် ၈၅ နှစ် လူကြီး တစ်ယောက် အရွယ်နဲ့ မမျှ သန်သန် မာမာ ရှိနေတာကို သဘောကျ နေတာ ဆိုတော့..

ခြေအိတ် စွပ်အိပ်တဲ့ အလေ့အကျင့်ကြောင့် မျက်စိများ ထိခိုက်သွားခဲ့သော် ဆိုတဲ့ စိုးရိမ် ပူပန်မူက စိတ်ထဲရောက်လာပါတယ်။

ညဘက် ခြေအိတ် စွပ်အိပ်ခြင်းက အန္တရာယ် ကင်း မကင်းသိချင် လာပါတယ်။

အင်တာနက်က ကျန်းမာရေး ဆိုက်တွေထဲ လိုက်ရှာကြည့်
တော့ တွေ့ပါတယ်။

အပြစ်ရယ်လို ဖော်ပြတာ မတွေ့ရပဲ ကောင်းကျိုး တွေ ဖော်ပြတာပဲ တွေ့ရပါတယ်။

● မြန်မြန် အိပ်ပျော်စေတယ်

● လေ့လာမူများအရ ခြေအိတ်စွပ်လျှက် အိပ်ခြင်းက အိပ်ပျော်ဖို့ အထောက်အကူပြုတာ တွေ့ရပါတယ်။

●အိပ်ရာထဲ ခြေအိတ် စွပ်လျှက် အိပ်ရင် ပူလှောင် နေလိမ့်မည်ဟု ထင်စရာရှိပါသည်။

● အမှန်က ဒီလို ခြေအိတ် စွပ်ထားခြင်းက ကိုယ်တွင်း အပူချိန် ထိန်းသိမ်းမူကို အထောက်အကူ ပြုတာ တွေ့ရပါသည်။

●၂၀၀၇ ခုနှစ်က စမ်းသပ်မူ တစ်ခုက ရိုးရိုးခြေအိတ် စွပ်ထားသည် ဖြစ်ဖြစ် , အပူပေးထားတဲ့ခြေအိတ် စွပ်ထားသည်ဖြစ်စေ လျှင်မြန်စွာအိပ်ပျော်စေတာကိုတွေ့ရှိခဲ့ပါတယ်။

■ရှင်းပြချက် •••

●ကိုယ်တွင်း အပူ ဓာတ်က ညဖက်မှာ ကျဆင်းသွားပါတယ်
မနက် ၄ နာရီ လောက်မှာ အနိမ့်ဆုံးကို ရောက်ရှိပါတယ်။

●ပုံမှန် ကိုယ်အပူချိန်က 98.6F ဖာရင်ဟိုက် ဖြစ်ပါတယ်
၂၄ နာရီတလျှောက်မှာ ၁. ၂ ဒီဂရီ အပြောင်းအလဲရှိပါတယ်။

●ခြေအိတ်စွပ်ထားလို့ ခြေထောက် နွေးလာခြင်းက သွေးကြော များ ကျယ်လာစေပါတယ်။

သွေးကြောကျယ်လာပြီး အရေပြားမှတဆင့် အပူစွန့်ထုတ်ပါတယ် - အရေပြား ပူနွေး လာပါတယ်။

● ဒီနည်းနဲ့ ခန္ဓာကိုယ်တွင်း အပူချိန်..
core body temperature ကျဆင်းစေပါတယ်

●အပူချိန် ကျဆင်းခြင်းက ဦးနှောက်ကို ည အချိန်ရောက်ပြီလို့သတင်း ပို့ပါတယ်။
အရေပြား ပူနွေး လာခြင်းက မြန်မြန် အိပ်စေပါတယ်။

●လူ ခန္ဓာမှာ ဇီဝနာရီ biological clock ရှိပါတယ်

ကိုယ်တွင်း အပူချိန် core body temperature ကbiological clock နဲ့ ဆက်စပ်ပါတယ်။

၄င်းတို့ရဲ့ စည်းချက်ကျ လုပ်ဆောင်မူကို circadian rhythm လို့ခေါ်ပါတယ်။

circadian rhythm က အိပ်ချိန်ကို သတ်မှတ်ပါတယ်။
သူ့ကြောင့် လူဟာ ညရောက်လျှင် အိပ်ချင်ပြီး , မနက်ကျနိုးလာတာ ဖြစ်ပါတယ်။

● ကိုယ်အပူချိန်က မနက်ကစပြီး တဖြည့်ဖြည်းတက်လာတာနေ့လည် နောက်ပိုင်းအချိန်မှာ အမြင့်ဆုံး ရောက်လာပါတယ် -

ဒီ အချိန်တွေမှာ လူက နိုးကြားပြီး ဖျတ်လတ်နေပါတယ်။

● လူ အိပ်သွားပြီ ဆိုလျှင် ကိုယ်အပူချိန် ၁.၂ ဒီဂရီ လောက်ကျဆင်းသွားပါပြီ ..
ဒါဟာ ကိုယ်တွင်းအင်္ဂါတွေ အတွက် အပူကို ထိန်းသိမ်းထားလိုက်လို့ ဖြစ်ပါတယ်။

● ခြေအိတ်စွပ်ပြီး အိပ်တဲ့အခါ ဒီ အပူ ထိန်းခြင်းအတွက် အထောက်အကူ ဖြစ်စေပါတယ်။

■ ရေးနော့လက္ခဏာ လျော့ပါးစေတယ်
( Reducing Raynaud's Symptoms )

အလွန်အေးတဲ့အခါ အလွန်ဖိစီးနေတဲ့အခါ ခြေဖျားလက်ဖျားမှာ သွေးကြောတွေ ကျဉ်းကုန်ပြီး သွေးလျှောက် နည်းသွားလို့ ခြေ လက်တွေ ပြာလာပြီး ထုံ ကျဉ် လာတာကို ရေနောရောဂါ ရခြင်း လို့ခေါ်ပါတယ်။

ခြေအိတ် စွပ်အိပ်မယ်ဆိုရင် ဒီလို ရေနော လက္ခဏာ ခံစား ရမူ လျော့စေမှာ ဖြစ်ပါတယ်။

■ အပူပြန်ခြင်းကို ကာကွယ်ပါတယ်( Preventing hot flushes )

●သွေးဆုံးချိန်မှာအမျိုးသမီးများက ချွေးထွက်လွန်ခြင်း ရင်တုန်ခြင်းနဲ့အတူမျက်နှာမှာ အပူတွေထွက်နေတတ်ပါတယ် ၊ ခြေအိတ် စွပ်ပေးခြင်းက ကာကွယ်ပါတယ်။

● လိင်အတွက်ကောင်းတယ်
better s*x popular news story from 2005 အရ အိပ်ချိန်မှာ ခြေအိတ် စွပ်အိတ်တဲ့ စုံတွဲတွေမှာ လိင်ဆက်ဆံမူ ပိုမိုပြီးမြောက်စေကြောင်း တွေ့ခဲ့ရပါတယ်။

ခြေအိတ်စွပ် အိပ်ခြင်းကြောင့် ခြေဖနောင့်ကွဲတာကို သက်သာစေတယ် ။

• ခြေအိတ်က ချောင်ချောင်လည်လည် ဖြစ်ဖို့ လိုပါတယ်။
ချောင်လည်တာ ရွေးချယ် ဝယ်သင့်ပါတယ်။

ခြေအိတ်က တင်းကျပ်နေရင် သွေးလျောက်ခြင်းကိုအနှောက်အရှက် ဖြစ်စေပါတယ်
ထူထဲ နွေးထွေးတဲ့ ခြေအိတ်မှန်သမျှအသုံးပြုနိုင်ပါတယ်။

credit-​ဒေါက်တာမြင့်သိန်း

02/02/2022

တစ်နာရီလောက် ပြင်းပြင်းထန်ထန် သောက
ဖြစ်လိုက်ရပြီဆိုရင် စိတ်တိုလိုက်ရပြီဆိုရင် အဲဒီ
သောက ဖြစ်လိုက်ရတာဟာ ၁၂နာရီလောက်
ပင်ပန်းတဲ့ အလုပ်ကို လုပ်လိုက်ရတာထက်
အားပိုကုန်သွားပါတယ်။

အဲဒါကြောင့်မို့လို့ ဒေါသဖြစ်လိုက်တာနဲ့ချက်ချင်းအဲဒီ
ဒေါသကို ပြန်ကြည့်တဲ့ အလေ့အကျင့်များများလုပ်ပါ။

ဒေါသဖြစ်တာကို သိတာများလာလေလေ
ယောက်ယက်ခက်တာ ကြောက်တာ စိုးရိမ်တာတွေ တဖြည်းဖြည်း နည်းလာလေလေပါပဲ အဲဒါတကယ် လက်တွေ့လုပ်ကြည့်မှပဲ သိမှာပါ ချက်ချင်းတော့ ဖြစ်
မလာဘူး။

တကယ်ကြိုးစားကြည့်တဲ့ အခါမှာသောကဖြစ်တဲ့စိတ် စိုးရိမ်တဲ့ စိတ်တွေ တဖြည်းဖြည်းချင်း လျော့လာတယ် အေးချမ်းလာတယ် နောက်နေ့မှာ ကိုယ်လုပ်ရမယ့်
ကိစ္စကိုခေါင်းအေးအေးနဲ့ လုပ်နိုင်ပြီးတော့ ပြောစရာ
ရှိတဲ့ ကိစ္စကိုလဲ အေးအေးဆေးဆေး ပြောနိုင်လာ
တယ်။

အရင်ကထက် ကိုယ့်ကိုယ်ကို ယုံကြည့်မှု အများကြီးတိုးလာတယ် စဉ်းစားရဲတယ် အေးအေး ဆေးဆေး
စဉ်းစားတယ် မျှမျှတတ စဉ်းစားတယ် ဆုံးဖြတ်ရဲလာတယ် အရင်တုန်းကတခုခုကို ဆုံးဖြတ်တော့မယ်ဆို
ရင် ငါဆုံးဖြတ်တာ မှန်ရဲ့လား ခြေတုန်ချတုန်ဖြစ်ရ
တာနဲ့တင် နာရီပေါင်းများစွာ ကုန်သွားတာမျိုး မဖြစ်
တော့ဘူး။

အခုတစ်ခုခုကို စဉ်းစားလိုက်ရင်ပဲ ရှင်းရှင်းလင်းလင်း အေးအေးဆေးဆေး စဉ်းစားပြီးတော့ ဆုံးဖြတ်လိုက်
ရင်လဲ ခိုင်မာတဲ့ ဆုံးဖြတ်ချက်ဖြစ်သွားတယ်ပြောစရာဆိုစရာရှိရင်လဲ ခေါင်းအေးအေး စိတ်အေးအေးနဲ့ပဲ
ရှင်းပြလိုက်တယ်။

ဘယ်သူမှ သူတပါး အလိုကျအကို ရာခိုင်းနှုန်း
ပြည့် လိုက်လုပ်မပေးနိုင်ဘူး အဲဒီတော့ ကိုယ်
ဘယ်လောက် ကြိုးစားကြိုးစားရာခိုင်နှုန်းပြည့်
တော့ အလိုကျ မဖြစ်ဘူးလို့ သိလာတယ်။

သတိရှိတဲ့လူဟာ ကိုယ့်ကိုယ်ကို ယုံကြည့်မှုရှိလာ
တယ် သတ္တိလဲ ပိုရှိလာတယ် စိတ်ဓါတ်အင်အားတွေ အသိဥာဏ် အင်းအားတွေ ပိုပိုပြီး တိုးတက်လာတယ် အားရှိလာတယ်။

အဲဒါကြောင့် ဒေါသဖြစ်တာနဲ့ ကိုယ်စိတ်ကို
ကိုယ်ကြည့်ပြီး သိပြီး ချက်ချင်း ငြိမ်းချမ်းအောင်
အေးချမ်းအောင်နေသွားဖို့ပါပဲ...။

=============================
( ကျေးဇူးတော်ရှင် မဟာမြိုင်တောရ ဆရာတော်
ဘုရားကြီး ဦးဇောတိက )

သည်းခံတတ်တဲ့သူနဲ့ပေါင်းသင်းလိုက်တော့ကိုယ်ပါ စိတ်အေးတတ်လာတယ်..ကြင်နာတတ်တဲ့သူနဲ့ပေါင်းသင်းလိုက်တော့ကိုယ်ပါ နှလုံးသားသိမ်မွ...
02/02/2022

သည်းခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စိတ်အေးတတ်လာတယ်..

ကြင်နာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နှလုံးသားသိမ်မွေ့လာတယ်..

တန်ဖိုးထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အရာရာကို တလေးတစား
လုပ်တတ်လာတယ်..

ကိုယ်ချင်းစာတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ စာနာတတ်လာတယ် ။

ပျော်ပျော်နေတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ ပျော်ချင်စိတ်တွေပေါက်လာတယ်..

ကြိုးစားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ တိုးတက်ချင်စိတ်တွေ
မွေးဖွားလာတယ်..

မေတ္တာထားတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ မေတ္တာနဲ့နေတတ်လာတယ်..

သတိရှိတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အသိ သတိတွေနဲ့
နေ့ရက်တိုင်းကို ဖြတ်ကျော်တတ်လာတယ်..

ရိုးသားတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ အစစ်အမှန်တွေကို
ထုတ်သုံးတတ်လာတယ်..

နာခံတတ်တဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ နာခံတတ်လာပြီး
အကောင်း/အဆိုးကိုခွဲခြားနိုင်လာတယ်..

စိတ်နှလုံးကောင်းတဲ့သူနဲ့
ပေါင်းသင်းလိုက်တော့
ကိုယ်ပါ သူတော်ကောင်းစိတ်တွေ
မွေးမြူလာတယ်..

#တကယ်တော့
အကြောင်းတရားကောင်းမှ
အကျိုးတရား လှတာပါ ။

23/01/2022

လမ်းလျှောက်ပါ၊လမ်းလျှောက်ပါ၊ဘယ်လိုလျှောက်ကြမလဲ။

လမ်းစလျှောက်တော့မယ်ဆို အရင်ဦးဆုံး မှတ်ထား ရမှာက လမ်းကိုအကြာကြီးလျှောက်တာက ကျွန်တော်တို့ ခန္ဓာကို ယ်က အဆီတွေကို လောင်ကျွမ်းစေတာထက်
ဒူးတွေ့ ခါး
တွေ့ ခြေကျင်းဝတ်တွေ ကိုသာ ပိုပြီး နာကျင်ထိခိုက်စေနိုင်တယ် ဆိုတာ မှတ်သားထားဖို့လိုပါမယ်။လုပ်နေကျမဟုတ်တော့နှလုံးကိုလဲထိခိုက်နိုင်သလို ဆီးချိုလဲရုတ်တရက်ကျတတ်ပါသည်။ ဒီတော့ လမ်းလျှောက်မယ်ဆို ကိုယ့် ဝိတ်ပေါင်ချိန် အတိုင်းအတာနဲ့ ကိုယ် ဘယ်နှမိနစ်လျှောက် ရမယ်ဆိုတာရှိပါတယ်။ ဒီမှာ ကျွန်တော် အကြမ်းအားဖြင့်ဖော်ပြ ပေးထားပါမယ်။
120 lbs မှ 130 lbs ၄၅ မိနစ်
130 lbs မှ 140 lbs ၄၂ မိနစ်
140 lbs မှ 150 lbs ၄၀ မိနစ်
150 lbs မှ 160 lbs ၃၈ မိနစ်
160 lbs မှ 170 lbs ၃၂ မိနစ်
170 lbs မှ 180 lbs ၃၀ မိနစ်
180 lbs မှ 190 lbs ၂၈ မိနစ်
190 lbs မှအထက်များ ၂၅ မိနစ်
ဖော်ပြပါအချိန်တွေအတိုင်း စလျှောက်ရပါမယ်။ ဝိတ်များ လေ လျှောက်ချိန် နည်းလေပါ။ ဘာလို့လည်းဆိုတော့ ခန္ဓာကိုယ် က မတ်တပ်ရပ်လိုက်ပြီဆိုတာနဲ့ ကိုယ့်ရဲ့ အပေါ်ပိုင်း တစ် ခုလုံးကို ခါးရယ် ဒူးရယ်နဲ့ ထိန်းထားပေးရပါတယ်။
ဆီးချိုသမားများသည်မိမိခံနိုင်ရည်အားကိုအမြဲဆန်းစစ်နေသင့်ပါသည်။မိမိသတိမမူမိသောအချိန်တွင် silent killer ဆိုသောထိုရောဂါကမိမိကိုအလဲထိုးအနိုင်ယူတတ်ပါသည်။နောက်တစ်ခုက body weight လဲပုံမှန်ရှိနေသင့်ပါသည်။အများစုသောဆီးချိုသမားများသည်အပင်ပန်းမခံနိုင်ကြပါ။
လမ်းလျောက်မည်ဆိုပါကကျင့်သားရအောင် အထက်ပါအလေးချိန်/အချိန်အတိုင်းစတင်သင့်ပါသည်။အတော်အသင့်ခံနိုင်ရည်ရှိလာပါက အနည်းငယ်စီတိုး၍ မိမိခံနိုင်သလောက် အထိသတ်မှတ်ချက်ထားကာနေ့စဉ်မပျက်မကွက်သော်လည်းကောင်း ရက်ခြားသော်လည်းကောင်း နားရက်နှင့်သော်လည်းကောင်းပြုလုပ်သင့်ပါသည်။အရေးကြီးဆုံးမှာလမ်းလျှောက်စဉ် လေ့ကျင့်ခန်းလုပ်စဉ်များတွင် သကြားလုံး၊သကြားထုပ်၊နို့ဆီထုပ်လေးများဆောင်ထားကာ ဆီးချိုအလွန်အမင်းကျလျှင်ကာကွယ်နိုင်အောင်ဆောင်ထားသင့်သည်။ရေသောက်ခြင်းသည် ဝိတ်ကျရန်နှင့်ကျောက်ကပ်ကိုပို၍ကောင်းမွန်စေပါသည်။

04/01/2022

ရင့်ကျက်လာတာနဲ့အမျှ

၁။ စစ်မှန်တဲ့ သူငယ်ချင်းက ရှားပါးတယ်ဆိုတဲ့အကြောင်း သိလာတယ်။

၂။ မိဘတွေကို ပိုပြီး ကျေးဇူးတင်ရကောင်းမှန်း သိလာတယ် ။

၃။ လူတွေရဲ့ အတော်မသတ်နိုင်တဲ့ လောဘအကြောင်း ပိုပြီးနားလည်လာတယ်။

၄။ လောကကြီးအတွက် တစ်ခုခုပေးဆပ်လိုက်တိုင်း လောကကြီးက ကျွန်တော်တို့ကို ထိုက်တန်တဲ့ ချီးမြှင့်မှုတွေ ပြန်ပေးတယ်ဆိုတာ သိလာတယ်။

၅။ တစ်ယောက်တည်း အချိန်ဖြုန်းရတာက ပျင်းစရာကောင်းတဲ့ အလုပ်မဟုတ်ကြောင်း သိလာတယ်။

၆။ ချစ်ခြင်းမေတ္တာဆိုတာ အတင်းလုပ်ယူလို့မရတဲ့ ဆုလာဘ်တစ်ခုဆိုတာ သိလာတယ်။

၇။ စိတ်ချမ်းသာကိုယ်ကျန်းမာနေရဖို့က ကျွန်တော်တို့ရဲ့ ပထမဦးစားပေး ဖြစ်ကြောင်း သိလာတယ်။

၈။ လူ့အကြိုက် (၁၀) ခါလိုက်လည်း... မလိုက်တစ်ခါရှိခဲ့ပါမူ ကြီးစွာရန်သူစွဲ မှတ်ယူတဲ့ အကြောင်းလည်း သိလာတယ်။

၉။ တစ်ချို့လူတွေဟာ... တိရစ္ဆာန်ထက်တောင်... ယုတ်မာကောက်ကျစ်ကြပြီး.... လူယုတ်မာကိုလည်း အားပေးထောက်ခံကြသေးတာကိုလည်း သိလာခဲ့တယ်။

၁၀။ တစ်ချို့ လူတွေဟာကောက်ကျစ်.. ယုတ်မာ ရိုင်းစိုင်းနေပါလျက်... စွတ်စွဲခံရ ဆင်းရဲကြတာ ဘာကြောင့်လဲဆိုတာကိုပါ... ကျွန်တော် သိလာတယ်။

၁၁။ ကံနဲ့ ကံအကျိုးပေး... ကို ကျွန်တော် အနည်းငယ် သိလာပြီးနောက်... သူတစ်ပါးမကောင်းကြောင်း... သူတစ်ပါးအတင်းအဖျင်း ပြောလျှင်... ရရှိလာမယ့် အကုသိုလ်ကံ... ကံဆိုးတွေလည်း ကျွန်တော်သိလာခဲ့တယ်။

၁၂။ လောကကြီးမှာ... မဖြစ်သင့်တာ မရှိ... မတရားတာမရှိ... တရားသဘော... အနည်းငယ်လည်း သိလာတယ် ။

၁၃။ အရာရာဟာ.. ဆုပ်ရင်ကွဲတယ်... ကြဲရင်မြဲတယ် ဆိုတဲ့... နိယာမ သဘောကိုလည်း သိလာခဲ့တယ်။

၁၄။ စိတ်နဲ့ရုပ် သာမည ဖြစ်နေတာမို့ ရုပ်လက္ခာကြည့်ပြီး လူတွေရဲ့ အကျင့်စရိုက်ကို ယေဘုယျ အနည်းငယ် ခန့်မှန်းတတ်လာတယ်။

၁၅။ ဘဝကို နောင်တကင်းစွာ ဖြတ်သန်းရင်း အတိတ်ကိုပြန်ကြည့်ရင်းသူတစ်ပါးအပေါ် စိတ်နှလုံး 3ပါး နဲ့ ယုတ်မာလှည့်စားကောက်ကျစ်မှုမရှိ ကိုယ့်ကြောင့် သူတစ်ပါး ထိခိုက်နစ်နာမှုမရှိအောင် နေတတ်လာတယ်။

တကယ်တန်းတော့ ဘဝဆိုတာ အချိန်တိုလေးပါပဲ ခဏလေးလိုဘဲ နေခွင့်ရတဲ့အခိုက်အတန့် ခဏလေးမှာ အမုန်းတွေ အတ္တမာန်မာနတွေ အငြိုးအတေးတွေနဲ့ မရှင်သန်ချင်ပါဘူး
ပိုခွင့်လွှတ်တတ်သူဟာ ပိုမြင့်မြတ်တဲ့သူပါပဲ.

29/12/2021

ငါမဟုတ်တာလုပ်ရင်
ငါ့အမေအရှက်ရလိမ့်မယ်၊
ငါ့အဖေအရှက်ရလိမ့်မယ်၊
ငါ့ရဲ့မိသားစု အရှက်ရလိမ့်မယ်၊
ငါ့ရဲ့ဆွေမျိုးသားချင်းတွေ
ငါ့ရဲ့မိတ်ဆွေတွေ
အရှက်ရလိမ့်မယ်၊
အဲဒီတော့ ပတ်ဝန်းကျင်
အရှက်ရမည့်အလုပ်
ငါမလုပ်သင့်ဘူးလို့၊
လောကကို ကိုယ့်ရဲ့ပတ်ဝန်းကျင်ကို
အလေးထား ဆင်ခြင်သုံးသပ်ပြီး၊
အကုသိုလ်ကို ရှောင်ကြဥ်ရမည်။

#ပါချုပ်ဆရာတော်ကြီး

လူတစ်ယောက် ဆိုင်ထဲဝင်လာတယ် ။ဝတ်ထားတဲ့ အဝတ်အစားကတော့ခပ်နွမ်းနွမ်း အရောင်တောင် သိပ်မထွက်တော့ဘူး ။ရှပ်အင်ကျီကောင်းကောင်းလေး...
21/12/2021

လူတစ်ယောက် ဆိုင်ထဲဝင်လာတယ် ။
ဝတ်ထားတဲ့ အဝတ်အစားကတော့
ခပ်နွမ်းနွမ်း အရောင်တောင် သိပ်မထွက်တော့ဘူး ။
ရှပ်အင်ကျီကောင်းကောင်းလေး
တစ်ထည်လောက်ပြပေးပါတဲ့ ။

ဒါနဲ့ ကျနော်လည်း စျေးအလယ်အလတ်တန်းစားထဲက
ရှပ်အင်ကျီတစ်ထည် ယူပြီးတော့ပြတယ် ။
အင်ကျီကို ဖြန့်ကြည့်တယ် ။
ကော်လံတွေ တံဆိပ်တွေ အသားတွေကိုင်ကြည့်တယ်
ပြီးတော့ အဲ့လူကပြောတယ် ။
ဒီထက်ကောင်းတာ ရှိသေးလား အကို
ကျနော်မကြိုက်လို့ပါတဲ့ ။
ကျနော်ပြပေးတဲ့ ရှပ်အင်ကျီဟာ
အဲ့လူအနေအထားနဲ့ဆိုရင်တောင်
တော်တော်လေး စျေးကြီးနေပြီး ။

ကျနော်ဘာမှ မပြောပါဘူး
သူ Request လုပ်တဲ့အတိုင်း
အသားလဲကောင်း စျေးလည်းကြီး
လူသိများတဲ့ Brand ထဲက အင်ကျီတစ်ထည်
ထပ်ထုပ်ပြတယ် ။
အင်ကျီကြည့်ပြီးတော့ သဘောကျသွားတယ်
ထင်ပါတယ် ။ အပြုံးတချက် သူ့မျက်နှာပေါ်မှာ
ပေါ်လာတယ် ။ ဒါနဲ့ မဝံ့မရဲနဲ့
ကျနော်ကိုကြည့်ပြီး စျေးဘယ်လောက်လဲလို့မေးတယ်

၈ သောင်းပါဗျ ။
မလျော့တော့ဘူးလား အကိုတဲ့
သူထပ်မေးတယ် ။

လျော့လို့မရလို့ပါဗျား ။ Brand ဆိုတော့
တခွန်းစျေးပါဗျ ။ ကျနော် သူဘာဆက်လုပ်မလဲ
စောင့်ကြည့်တယ် ။

အဲ့လူက သူ့အိပ်ကပ်နိုက်လိုက်တယ် ။
၅ ထောင်တန် ၃ ရွတ် ၄ ရွတ်လောက် ထွက်လာတယ်
ကျန်တာက ၁ ထောင်တန်လေးတွေ ၅ ရာတန်လေးတွေပေါ့ ။ အိပ်ထဲရှိတာ အကုန်နိုက်ထုပ်ပြီး
ပိုက်ဆံကူရေပေးပါအုံးဗျာတဲ့ ။
ပိုက်ဆံတွေ အားလုံးရေကြည့်တော့
၇ သောင်းကျော်လေးပဲရှိတယ် ။
ခဗျားပိုက်ဆံ မပြည့်ဘူးဗျ ။ ၈ ထောင်လောက်လိုနေသေးတယ် ။
အဲ့လူက မျက်နှာငယ်လေးနဲ့ ကျနော်ကိုကြည်လိုက်
အင်ကျီလေးကို ကြည့်လိုက်နဲ့ ။

ဒါပေမယ့် အဲ့လူ ကျနော်ကိုကြည့်တဲ့ အကြည့်မှာ
သူ့မျက်လုံးကနေ စကားတွေအများကြီး
ပြောနေတာကို တွေ့ရတယ် ။
ကျနော် အရမ်းစိတ်ဝင်စားသွားတယ် ။
လူပုံစံက ခပ်နွမ်းနွမ်းဝတ်ထားတဲ့
အဝတ်အစားက အရောင်မထွက်
ဝယ်တဲ့အင်ကျီက လူကုံထံတွေဝတ်တဲ့
အင်ကျီ ။

ကျနော်သိချင်တဲ့ စိတ်ကို မအောင့်နိုင်တဲ့အဆုံးမှာ
သူ့ကိုမေးခွန်းတစ်ခု မေးလိုက်တယ် ။
ခဗျားဘာဖြစ်လို့ ဒီအင်ကျီကို
ဝယ်ရတာလဲ...?
ကျနော့်မေးခွန်းက စည်းဘောင်ကျော်မှန်း
ကျနော်သိတယ် ။ ဒါပေမယ့်
ကျနော် မေးသင့်တယ်ထင်လို့ပါ ။
အဲ့လူက ပြန်ဖြေတယ် ။

ကျနော်က Driver ပါ ။
သူဌေးတစ်ယောက်ရဲ့ ကားကိုမောင်းပါတယ် ။
ဒီနေ့ ကျနော့်သူဌေး မွေးနေ့ဆိုတော့
သူ့ကို အင်ကျီလက်ဆောင် ကောင်းကောင်းလေး
ပေးချင်လို့ပါတဲ့ ။
သူ့ကြည့်ရတာ ရှိစုမဲ့စုလေးတွေ ချစ်ချုပ်ပြီး
ယူလာပုံရတယ် ။
သူဌေးကို အကောင်းဆုံးဆိုတာလေး ပေးချင်တဲ့
ဆင်းရဲသားတစ်ယောက်ရဲ့ သူဌေးပေါ်မှာထားတဲ့
စတေနာ ။
ကိုယ်တိုင်တောင် ဝယ်မဝတ်ရက်ဘူး ။
ကျနော်လည်း သူ့စိတ်ဓာတ်ကို
လေးစားသွားတယ် ။ သနားတာနဲ့
အေးဗျား ယူသွားလိုက် ။ လိုတဲ့ပိုက်ဆံကို
ကျနော့်လစာထဲကပဲ ဖြတ်ခိုင်းလိုက်မယ် ။

အင်ကျီထုပ်လေးယူပြီး ဆိုင်ထဲက မထွက်ခင်မှာ
သူ ကျနော်ကို တချက်ကြည့်တယ် ။
သူ့ အကြည့်တွေထဲမှာ ကျနော့်ကို
အရမ်းကျေးဇူးတင်ပါတယ် ဆိုတဲ့
စကားလုံးထက်ပိုတဲ့ စကားတွေ
အများကြီးပါနေတယ် ။ ကျနော်သူ့ကို
တချက်ပြုံးပြလိုက်တယ် ။
ဆိုင်ထဲထွက်သွားတဲ့ အဲ့လူရဲ နောက်ကျောပြင်လေးကို
ကြည့်ပြီး ခေါင်းလေးတညိတ်ညိတ်နဲ့
ကျနော် ကျန်ခဲ့တယ် ။

မှတ်မှတ်ရရ နောက်ထပ် ၂ ပတ်လောက်ကြာတော့
ကျနော့်ဆိုင်ရှေ့ ကားတစ်စီးထိုးရပ်လာတယ် ။
သန့်သန့်ပြန့်ပြန့် ဝတ်ထားတဲ့ လူတစ်ယောက်
ကားပေါ်က ဆင်းလာတယ် ။ ချိုင်းကြားမှာ
ပိုက်ဆံအိပ်ကြီး တစ်လုံးညှပ်လို့ ။
အင်ကျီဝယ်မလို့ဆိုပြီး ကျနော့်ကိုပြောတယ် ။

အကောင်းစားအင်ကျီ Brand တွေ
ကျနော်ထုပ်ပြတယ် ။ ဒီအင်ကျီတွေက
စျေးကြီးတယ် ။
စျေးပေါတဲ့အထဲက ပြပေးတဲ့ ။
ဒါနဲ့ ကျနော်လည်း စျေးအပေါစားထဲက
အင်ကျီထုပ်ပြတယ် ။ သူကြိုက်တာတွေ့တယ် ။
ဒါဘယ်လောက်လဲ...??
၆ ထောင်ပါခဗျ အေး အဲ့ဒါယူမယ်ကွာ
အုပ်လိုက်ထည့်ထားတဲ့ ပိုက်ဆံအိပ်ကြီးထဲက
၁ သောင်းတန် တစ်ရွတ်ထုပ်ပေးတယ်
ပိုတဲ့ ၄ ထောင်ပြန်အမ်းလိုက်တယ် ။ ဒါနဲ့
ကျနော်ပြောလိုက်တယ်..အင်ကျီက
အကို့ဆိုဒ် မဟုတ်ဘူးနော် ။ သိတယ်
ငါ့အတွက် မဟုတ်ဘူး ။ ငါ့ Driver အတွက်တဲ့ ။

ဒီနေ့ သူ့မွေးနေ့ဆိုတော့
အင်ကျီလက်ဆောင်ပေးမလို့ ။ ဒါနဲ့ ကျနော်လည်း
ကားထဲက Driver ကို လှမ်းကြည့်တော့
ပြီးခဲ့တဲ့ ၂ ပတ်လောက်က သူ့ သူဌေးအတွက်
ဆိုပြီး ၈ သောင်းတန်အင်ကျီ လက်ဆောင်လာဝယ်သွားတဲ့ Driver လေး ဖြစ်နေတယ်.။
ကျနော့်စိတ်ထဲ မကောင်းလိုက်တာဗျား ။

လူလူချင်းတူပေမဲ့ တစ်ဦးက တစ်ဦးပေါ်
ထားတဲ့ စေတနာမတူဘူးဆိုတာ
သဘောပေါက်လိုက်တယ်.....။ ။

ဒီစာလေးဖတ်ပြီး အသိတစ်ခုရပါစေ ။

# # # # # # # # # # # # # # # #

: ဒေါ်စံဌာနီထွန်း

20/12/2021

ချမ်းသာချင်ရင် ••••အလုပ် ၂ခု အနည်းဆုံးလုပ်ပါ

အောင်မြင်ချင်ရင်•••အလုပ်တစ်ခုထဲကိုပဲဇောက်ချပြီးလုပ်ပါ

အောင်မြင်တဲ့သူနဲ့ပေါင်းရင်•••အောင်မြင်ချင်တဲ့စိတ်ဖြစ်မယ်

ငွေရှာတတ်တဲ့သူနဲ့ပေါင်းရင်•••••ငွေရှာတတ်မယ်

ပျင်းရိညီးတွားတတ်တဲ့သူနဲ့ပေါင်းရင်•ကိုယ်ပါလူပျင်းဖြစ်မယ်

ပြသနာရှာတတ်တဲ့သူနဲ့ပေါင်းရင်•••••ပြသနာတွေကိုပဲရမယ်

ကိုယ့်ဘဝမှာ မိတ်ဆွေအပေါင်းအသင်းကောင်းတွေဆိုတာ

များများရှိနေဖို့ကိုလိုအပ်တယ်

ဘယ်လိုလူမျိုးတွေကိုပဲ
ရွေးချယ်ပြီးပေါင်းသင်းသင့်သလည်း ဆိုတာ

ကိုယ်ရဲ့ရွေးချယ် ပေါင်းသင်းတတ်မှုက မှန်ကန်နေဖို့လိုတယ်

Credit...

ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့ အချိန် တစ်ယောက် ထဲ နေပါ....ကိုယ့်မှာ ပိုက်ဆံ မရှိရင် လက်ဖက်ရည် ဆိုင် ၊ထိုင် ပြီ တခြား သူ တွေ င...
29/10/2021

ကိုယ့်မှာ ပိုက်ဆံ မရှိတဲ့ အချိန်
တစ်ယောက် ထဲ နေပါ....

ကိုယ့်မှာ ပိုက်ဆံ မရှိရင် လက်ဖက်ရည် ဆိုင် ၊
ထိုင် ပြီ တခြား သူ တွေ ငါ ရှင်း လိုက်မယ် ၊
သူရှင်း လိုက်မယ် ပြော နေ ချိန် .
မျက်နှာ ငယ်လေး နဲ့ မင်း၊
ကြည့် နေရ လိမ့် မယ် .....

ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို စားပါအုံး လို့၊
ပြော တဲ့ လူ တွေ ရဲ့ အသံ ကို ၊
ဝတ်ကျေ တန်းကျေ အသံ လောက် ပဲ ၊
မင်း ကြား ရလိမ့်မယ် ....

ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို ၊
တစ်ခု ပေး တစ်ခု ကျွေး ပြီး၊
ပညာသား ပါ တဲ့ လူ တွေ က ၊
မင်း ကို ပညာသား ပါ ပါ တခုခု၊
ပြန် ခိုင်းတာ ခံ ရတတ် တယ်....

ကိုယ့် မှာ မရှိတဲ့ အချိန် မင်း ကို ၊
ဘယ်သူ မှ ကြိုဆို နေ ကြမှာ မဟုတ်ဘူး

အဲ့လူ တွေ ကို လဲ အပြစ် မတင်လိုက်ပါနဲ့၊

မင်း လဲ အပြစ် မရှိပါဘူး

လောက နိယာမ သဘာဝကိုက၊

ဘယ်သူမှ လွန်ဆန်လို့မရပါဘူး

ကိုယ့် မှာ မရှိရင်
တစ်ယောက်ထဲ နေခြင်း ဟာ ၊
မျက်နှာ မငယ်ရတော့ ပါဘူး ...

မျက်နှာ ငယ်ခံ ပြီး စားရတာ ထက် ၊
အငတ် ခံ လိုက်တာ က ပို ပြီ အဆင်ပြေပါတယ် ...

ကိုယ့် ကို မကြိုဆို မယ့် ဘယ်နေရာ မှ ၊
မသွား မိ စေ နဲ့၊

ကိုယ့် အတွက် ဝန်လေး စေမယ် ထင်ရင်၊
ဘယ်သူ မှ မသိအောင် ရှောင် ထွက်လိုက် ပါ...

အတတ် နိုင် ဆုံး တစ်ယောက် ထဲ နေ ကြည့်၊
ရှေ့ ဆက် အတတ်နိုင်ဆုံး အကောင်းဆုံး ကြိုးစား ၊

ပိုက်ဆံ ရအောင်ရှာ ကိုယ့် မှာ ရှိလာ ပြီ ဆို ကိုယ့် လို ၊
ခံစား ဖူး တဲ့ လူ တွေ ကို ကိုယ်ချင်စာ၊
ဖေး မ ကူညီ ပေးလိုက်ပါ....

ဆရာလယ်တွင်းသားစောချစ်

ကြီးပွားနိုင်သည့်သားသမီးများ========================ဖတ်ကြည့်နော်...(၁)မိဘကို အတူတူအိမ်မှာထားခြင်း။(၂)မိဘကိုအဝတ်လျှော်ဖွတ...
23/08/2021

ကြီးပွားနိုင်သည့်သားသမီးများ
========================
ဖတ်ကြည့်နော်...

(၁)မိဘကို အတူတူအိမ်မှာထားခြင်း။

(၂)မိဘကိုအဝတ်လျှော်ဖွတ်ပေးရခြင်း။

(၃)မိဘကိုသားသမီးကပြန်လာလျှင် ခြံတံခါးဖွင့်ပေးရခြင်း။

(၄)မိဘကိုထမင်းချက်ပြုတ်ကျွေးမွေးရခြင်း။

(၅)မိဘကိုတတ်နိုင်သလိုမျိုး ငွေပေးခြင်း။

(၆)မိဘအမှားပြုလျှင် ၊
လူရှေ့သူရှေ့ဆူပူ အပြစ်မတင်ခြင်း။

(၇) မိဘက ဘုရားရှိခိုးလျှင်
သာဓု ခေါ်ဆိုခြင်း

(၈)မိဘကို ...
မောင်နှစ်မလို သဘောထားဆက်ဆံခြင်း။

(၉)မိဘကို ပေးကမ်းခြင်း။

(၁၀)မိဘစကားကို ..
အလေးထားခြင်း။

မိဘဆိုတာ အစားထိုး မရနိုင်တဲ့
တန်ဖိုး အကြီးဆုံး ရတနာပါ ။

တစ်နေ့တစ်ခြား အိုလာတဲ့ အဖေအမေ့ကို
လိုတာထက်ပိုပြီး ဂရုစိုက်ကြပါ ။

ကိုယ့် သားသမီးတွေအတွက်နဲ့ပဲ
အချိန်တွေ မကုန်ပါစေနဲ့ .....

ကိုယ့်ကို မွေးဖွားပြီး ကျွေးမွေးပြုစု ၊
လုပ်ကျွေးခဲ့တဲ့ မိဘတွေအတွက်လည်း ၊
ပြုစုဖို့ အချိန်လေးတွေပေးလိုက်ပါဦး

©®....
လေးစားစွာဖြင့်
🍂 Pan Lay 🍂

Address

58Street, Bet 104 Street & 105 St
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Website

Alerts

Be the first to know and let us send you an email when Resulting & Coaching posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share