30/08/2026
တချို့လူတွေ “ဒီစာအုပ်ကြောင့်
ငါ့ဘဝပြောင်းသွားတယ်” လို့
ပြောတတ်ကြတယ်။
တကယ်တမ်း စာအုပ်တစ်အုပ်က
ဘဝကို တိုက်ရိုက်ပြောင်းပေးတာတော့ မဟုတ်ဘူး။
စာအုပ်ဖတ်ပြီးတာနဲ့
ဝင်ငွေတိုးမလာဘူး။
Relationship တွေ ချက်ချင်းကောင်းမလာဘူး။
ကိုယ့်ပြဿနာတွေလည်း ပျောက်မသွားဘူး။
ဒါပေမယ့် စာအုပ်တစ်အုပ်က
ဘာလုပ်ပေးနိုင်လဲဆိုရင်
Mental Model တစ်ခုကို
ပြောင်းပေးနိုင်တယ်။
Mental Model ဆိုတာ
ကမ္ဘာကြီးကို ဘယ်လိုမြင်မလဲ၊
ပြဿနာတစ်ခုကို ဘယ်လိုနားလည်မလဲဆိုတာကို
ကိုယ့်ဦးနှောက်ထဲမှာ အသုံးပြုနေတဲ့ အတွေးပုံစံတွေပါ။
ဥပမာ—
အရင်က ကျရှုံးမှုတစ်ခုကို
“ငါ မတော်လို့ ဖြစ်တာ” လို့ပဲ မြင်နေခဲ့တယ်။
ဒါပေမယ့် စာအုပ်တစ်အုပ်ကနေ
ကျရှုံးမှုဆိုတာ လူတစ်ယောက်ရဲ့ တန်ဖိုးကို မသတ်မှတ်ဘူး။
Feedback တစ်မျိုးဖြစ်နိုင်တယ်ဆိုတာ နားလည်သွားတဲ့အခါ—
အဲဒီကျရှုံးမှုကို ကြည့်တဲ့ပုံစံ ပြောင်းသွားတယ်။
ကြည့်တဲ့ပုံစံ ပြောင်းသွားရင်
နောက်တစ်ခါ ဆုံးဖြတ်တဲ့ပုံစံလည်း ပြောင်းလာတယ်။
Decision တစ်ကြိမ်တည်းကြောင့်
ဘဝ မပြောင်းပေမယ့်
နှစ်နဲ့ချီပြီး ဆုံးဖြတ်ချက်တွေ ပြောင်းချလာတဲ့အခါ
ကိုယ့်ဘဝရဲ့ Direction ပြောင်းသွားပါတယ်။
ဒါကြောင့် စာအုပ်တစ်အုပ်ရဲ့ တန်ဖိုးက
ဖတ်ပြီး ဘာတွေမှတ်မိလဲဆိုတာနဲ့
သိပ်မဆိုင်ဘူး။
ကိုယ်အရင်က မမြင်ဖူးတဲ့အရာတစ်ခုကို
မြင်နိုင်အောင် လုပ်ပေးလိုက်နိုင်လားဆိုတာက
ပိုအရေးကြီးတယ်။
စာအုပ်တိုင်းကတော့ ဘဝကို မပြောင်းပေးနိုင်ပါဘူး။
တစ်ခါတလေ စာအုပ်တစ်အုပ်ထဲက
စာကြောင်းတစ်ကြောင်း၊
Idea တစ်ခုကပဲ—
ကိုယ်နှစ်ပေါင်းများစွာ ကိုင်ထားခဲ့တဲ့
အတွေးတစ်ခုကို ပြန်မေးခွန်းထုတ်ပြီး
ဘဝကို တဆစ်ချိုးပြောင်းလဲနိုင်တာဖြစ်ပါတယ်။
ဒါကြောင့်လည်း ကိုယ့်ဘဝမှာ အပြောင်းအလဲတစ်ခု စတင်စေနိုင်မယ့်
Idea တွေနဲ့ Knowledge တွေကို ပိုမြန်မြန် ရှာဖွေနိုင်ဖို့ Dream Lab ကို စီစဉ်ပေးထားပါတယ်။
Business, Psychology, Personal Development, Marketing နဲ့
ဘဝကို ပိုကောင်းကောင်း နားလည်စေနိုင်တဲ့
စာအုပ်တွေဆီက Idea တွေကို
နေ့စဉ် အလွယ်တကူ လေ့လာနိုင်ပါတယ်။
Dream Lab
နေ့စဉ် စာတစ်အုပ်ဖတ်ပါ။
www.dreamlab.news