Promotion at Mandalay

Promotion at Mandalay Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Promotion at Mandalay, Wholesale & Supply Store, Mandalay.

အမရပူရ မြို့တည် ဆင်ကြိုရွှေကူ နန်းဦးဘုရား
13/07/2024

အမရပူရ မြို့တည် ဆင်ကြိုရွှေကူ နန်းဦးဘုရား

အိမ်မှာတော့အဲလိုဝယ်ထားလိုက်တာပဲ😍🥰
16/07/2023

အိမ်မှာတော့အဲလိုဝယ်ထားလိုက်တာပဲ😍🥰

👉သင်သိပါသလား...ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီ ပြုလုပ်နိုင်ပါတယ်။👉မုန်တိုင်းကာလ အရေးပေါ် လိုအပ်လျှင် အသုံးပြုနိုင်ရန် မ...
14/05/2023

👉သင်သိပါသလား...ရေသန့်ဘူးခွံဖြင့် အသက်ကယ်အင်္ကျီ ပြုလုပ်နိုင်ပါတယ်။

👉မုန်တိုင်းကာလ အရေးပေါ် လိုအပ်လျှင် အသုံးပြုနိုင်ရန် မျှဝေပေးခြင်းဖြင့် ကူညီပါ။

လူတော်တော်များများကHumble( နှိမ့်ချခြင်း) (မာန်မာန ထောင်လွှားခြင်းမရှိပဲ နှိမ့်ချပြီးနေတတ်သော) ဖြစ်တာနဲ့ အောက်ကျခံ ဖားယာ...
14/05/2023

လူတော်တော်များများက
Humble( နှိမ့်ချခြင်း) (မာန်မာန ထောင်လွှားခြင်းမရှိပဲ နှိမ့်ချပြီးနေတတ်သော) ဖြစ်တာနဲ့ အောက်ကျခံ ဖားယားပြောဆိုတာနဲ့ကို မသဲကွဲကြဘူး...
Humble( နှိမ့်ချခြင်း) ဖြစ်တာက ကောင်းမွန်ယဉ်ကျေးတဲ့မိသားစု အသိုင်းအဝိုင်းကလာပြီး ကောင်းစွာသွန်သင်ဆုံးမခံထားရတာကြောင့် လူတန်းစားမရွေးအပေါ် လေးစားယဉ်ကျေးစွာ ဆက်ဆံတာပါ... တစ်ဖက်လူကို ကြီးမြတ်လွန်းလို့ထင်ပြီး ဒါမှမဟုတ် ကိုယ်ကနိမ့်ကျနေလို့ဆိုပြီးအားငယ် သိမ်ငယ်ပြီး အောက်ကျခံနေတာ မဟုတ်ဘူး...
ဒါကို မသဲကွဲပဲ တလေးတစား မာနထောင်လွှားခြင်းမရှိ ဆက်ဆံပြောဆိုတာကို ငါက သူ့ထက်သာတယ် ... ငါ့အဆင့်က အရမ်းမြင့်နေပြီထင်နေတဲ့ ဘဝင်ရူးတွေက အထက်စီးဆန်ဆန် ပြန်တုံ့ပြန်တော့ ပြုံးမိပါတယ်... ကိုယ့်ရဲ့ Being polite and humble(ယဥ်ကျေးပြီးနှိမ့်ချမှု့ရှိခြင်း) ဖြစ်ခြင်းက သူ့ရဲ့ Insecure dark side(မလုံခြုံခြင်း) တွေကို မြှောက်ပင့်ပေးသလို ဖြစ်သွားခဲ့တာကိုး,,,
အဲလိုလူမျိုးတွေတွေ့ရင် ခြေလှမ်းနောက်ဆုတ်ပြီး နေပါတယ်... လူတိုင်း ချေတတ်တယ်... လူပါးဝတတ်တယ်... မချေကြ မဝကြတာက ကိုယ့်စိတ်ဓါတ်နဲ့ ယဉ်ကျေးမှုအဆင့်အတန်းကြောင့်သာဖြစ်တယ်...
တခြားတစ်ယောက်က သဘောကောင်းတာကို ကိုယ့်ကို လာရောနေတယ် ပေါနေတယ်ထင်ရင် နဲနဲပြန်စဉ်းစားကြည့်စေချင်တယ်.. ကိုယ်က ဘယ်နေရာက ဘာကောင်များ ဖြစ်နေလို့လဲလို့ပါ...
ကိုယ့်ကိုယ်ကို လေးစားရမယ်ဆိုပေမယ့် အရမ်းတော့ အထင်ကြီးလို့ မဖြစ်ပါဘူး... ကိုယ့်အပြုအမူက ကိုယ့်အဆင့်အတန်းဖြစ်နေတတ်တယ်လေ...
Humble (နှိမ့်ချခြင်း) ဖြစ်တာပါ... လူ့အောက်ကျို့နေတာ မဟုတ်ပါဘူး...ကွဲ
ပြားစွာမြင်တတ်ကြပါစေ...

ငါ့အတိုင်းပဲ 🤣🤣🤣
05/05/2023

ငါ့အတိုင်းပဲ 🤣🤣🤣

😄Crd
23/04/2023

😄
Crd

ယေန႔ နံနက္ ပခုကၠဴ သီဟိုဠ္ရွင္ ဘုရားႀကီး တြင္ ေတြ႕ရေသာ လွိုဏ္ခန္းမွာ အခန္း ေလးခန္းပါေသာ ပုံစံေတြ႕ရသည္။အခန္းကူးမ်ားလည္းပါသ...
04/08/2020

ယေန႔ နံနက္ ပခုကၠဴ သီဟိုဠ္ရွင္ ဘုရားႀကီး တြင္ ေတြ႕ရေသာ လွိုဏ္ခန္းမွာ အခန္း ေလးခန္းပါေသာ ပုံစံေတြ႕ရသည္။အခန္းကူးမ်ားလည္းပါသလို အမိုးမ်က္ႏွာက်က္မွာ အခုံးပုံစံ ျဖစ္ေနသည္။ ေပအုတ္မ်ားျဖင့္လုပ္ထားေသာ္ သရြတ္ အေနအထားအရ ျပန္လည္ ျပင္ထားသည့္ ထုံးသရြတ္ ပုံစံလည္း ေတြ႕ရသည္။အသက္ ကိုးဆယ္ေက်ာ္ ပန္းရံဆရာႀကီးႏွင့္ ေဂါပက ႀကီးမ်ားလည္း မသိဟု ဆိုသည္။အထဲမွာ ဘာပစၥည္းမွ မထားသည္ကိုေတြ႕ရသည္။ မိမိအယူအဆ အရေတာ့ ေရွးေရွး ေဂါပက ႀကီးမ်ားသည္ ရန္သူမ်ိဳး ငါးပါး အႏၲရာယ္မွ ေရွာင္နိုင္ရန္ ေျမတိုက္ခန္း လုပ္ထားသည္ဟု ယူဆမိပါသည္။

ယေန႔ နံနက္ ပခုကၠဴ သီဟိုဠ္ရွင္ ဘုရားႀကီး တြင္ ေတြ႕ရေသာ လွိုဏ္ခန္းမွာ အခန္း ေလးခန္းပါေသာ ပုံစံေတြ႕ရသည္။အခန္းကူးမ်ားလည္းပါသလို အမိုးမ်က္ႏွာက်က္မွာ အခုံးပုံစံ ျဖစ္ေနသည္။ ေပအုတ္မ်ားျဖင့္လုပ္ထားေသာ္ သရြတ္ အေနအထားအရ ျပန္လည္ ျပင္ထားသည့္ ထုံးသရြတ္ ပုံစံလည္း ေတြ႕ရသည္။အသက္ ကိုးဆယ္ေက်ာ္ ပန္းရံဆရာႀကီးႏွင့္ ေဂါပက ႀကီးမ်ားလည္း မသိဟု ဆိုသည္။အထဲမွာ ဘာပစၥည္းမွ မထားသည္ကိုေတြ႕ရသည္။ မိမိအယူအဆ အရေတာ့ ေရွးေရွး ေဂါပက ႀကီးမ်ားသည္ ရန္သူမ်ိဳး ငါးပါး အႏၲရာယ္မွ ေရွာင္နိုင္ရန္ ေျမတိုက္ခန္း လုပ္ထားသည္ဟု ယူဆမိပါသည္။

ဧရာဝတီလင္းပိုင္ (သို့မဟုတ္) ခ်စ္စရာအျပဳံးပိုင္ရွင္မ်ားမ်ိဳးတုန္းေပ်ာက္ကြယ္လုနီးပါး သတၱဝါအျဖစ္ သတ္မွတ္ခံထားရၿပီျဖစ္တဲ့ ကၽ...
30/07/2020

ဧရာဝတီလင္းပိုင္ (သို့မဟုတ္) ခ်စ္စရာအျပဳံးပိုင္ရွင္မ်ား

မ်ိဳးတုန္းေပ်ာက္ကြယ္လုနီးပါး သတၱဝါအျဖစ္ သတ္မွတ္ခံထားရၿပီျဖစ္တဲ့ ကၽြန္ေတာ္တို့နိုင္ငံ့ရတနာ "ဧရာဝတီလင္းပိုင္" ေလးေတြဟာ မ်က္ႏွာမွာ အျမဲျပဳံးရယ္ေနတဲ့ဟန္ရွိၿပီး အလြန္ယဥ္ပါးကာ ခုန္ေပါက္ ေရမွုတ္ၿပီး ေပ်ာ္ရႊင္ျမဴးတူးေဆာ့ကစားတတ္တဲ့ ခ်စ္စရာသတၱဝါေလးေတြပဲျဖစ္ပါတယ္

ဒီလိုခ်စ္စရာေကာင္းတဲ့ ဧရာဝတီလင္းပိုင္ေတြဟာ အခ်ိဳ့ေသာမသမာသူတို့ရဲ့ ေရွာ့ခ္တိုက္ သတ္ျဖတ္မွုေၾကာင့္ အေရအတြက္အလြန္တရာနည္းပါလာၿပီျဖစ္ပါတယ္

ဧရာဝတီလင္းပိုင္ေတြဟာ နို့တိုက္သတၱဝါတစ္မ်ိဳးျဖစ္သလို ကိုယ္ဝန္ေဆာင္ရင္ ၁၄ လ ၾကာျမင့္ၿပီး တစ္ႀကိမ္မွာ ၁ ေကာင္သာေမြးဖြားၾကပါတယ္။ ဧရာဝတီလင္းပိုင္တစ္ေကာင္ဟာ ၇ ႏွစ္ကေန ၉ ႏွစ္သားအရြယ္က်မွသာ မ်ိဳးပြားနိုင္တဲ့အရြယ္ေရာက္ရွိပါတယ္။

ထို့ေၾကာင့္ အခုလိုအဖိုးတန္ၿပီး ရွားပါးမ်ိဳးႏြယ္ျဖစ္တဲ့ ဧရာဝတီလင္းပိုင္ေလးေတြကို ထိန္းသိမ္းေစာင့္ေရွာက္ရမယ့္တာဝန္ ကၽြန္္ေတာ္တို့ နိုင္ငံသားတိုင္းမွာ တာဝန္ရွိပါတယ္။

အခုလို ေရွာ့ခ္တိုက္ သတ္ျဖတ္ျခင္းကို မျပဳလုပ္ၾကပါရန္နဲ႔ ကာကြယ္ထိန္းသိမ္းၾကဖို့အတြက္ အခု Post ေလးကို လူအမ်ားသတိထားမိေအာင္ ကူညီေပးၾကဖို့ ေမတၱာရပ္ခံအပ္ပါတယ္ခင္ဗ်

Bixel Creative

မြိုင်မြို့နယ်၊ ဗိမ္မာန်မရွာက အုံတုံပင်ကျောင်းပါ။ နှစ်ပေါင်းနှစ်ရာကျော်ရှိပြီဖြစ်တဲ့ အစောဆုံးသစ်သားဘုန်းကြီးကျောင်းဖြစ်သ...
19/05/2020

မြိုင်မြို့နယ်၊ ဗိမ္မာန်မရွာက အုံတုံပင်ကျောင်းပါ။
နှစ်ပေါင်းနှစ်ရာကျော်ရှိပြီဖြစ်တဲ့ အစောဆုံးသစ်သားဘုန်းကြီးကျောင်းဖြစ်သလို ‌ပုံမှာ မြင်ရတဲ့အတိုင်း ရွှေဇဝါယွန်းတွေ မျက်နှာချက်နှာ အပြည့်ပါ။

အခုပြတာ ကောင်းတဲ့အကွက်လေးတွေရွေးပြတာပါ။ တကယ်က ဒီကျောင်းရဲ့ တောင်ဘက်နံရံ တခြမ်းရဲ့ ၆၀% လောက်က ခြတွေလိုက်နေပါပြီ။
အရေးပေါ်ထိန်းသိမ်းမှု အမြန်ဆုံးမလုပ်ရင်
ရွှေဇဝါယွန်းအပြည့်နဲ့ အနုပညာလက်ရာ မြောက်စွာ ပြုလုပ်ထားတဲ့ အနုပညာလက်ရာတွေ ပျက်စီးပျောက်ဆုံးတော့မှာပါ။
ဒီလို ပျက်စီး ပျောက်ဆုံးသွားရင်ဖြင့်

၁။ ရွှေကိုတောင် အဆောက်အအုံမှာ သုံးနိုင်တဲ့ ကြွယ်ဝမှုကို သက်သေပြစရာ သက်ရှိပြတိုက်ရှိတော့မှာမဟုတ်ပါဘူး။

၂။ ရွှေကို အနုခတ်နိုင်တဲ့ နည်းပညာကို သုံးနိုင်တယ် ဆိုတဲ့ အတတ်ပညာကို ပြစရာ မရှိတော့ပါဘူး။ (ခုခေတ်လံ ရွှေဇဝါယွန်း နဲ့ အလှဆင်ထားတဲ့ ဘုရားတွေ အပြည့်ပါလို့ ကွန်ပလိန်းတက်လာရင် ဖြေစရာရှိပါတယ်။ ဒါဟာ ဒီနေ့လက်ရာမဟုတ်ပါဘူး။ သမိုင်းအမွေအနှစ်တန်ဖိုးပါ ကိန်းအောင်းနေတဲ့ လွန်ခဲ့တဲ့ နှစ်နှစ်ရာက အနုပညာပစ္စည်းပါ။

၃။ တတိယအချက်က အနုပညာလက်ရာပါ။ ဒီကျောင်းမှာ ဆွဲထားတဲ့ ငှက်ပုံတွေဟာ မြန်မာပြည်က ရှိသမျှ ရှေးဟောင်းအနုပညာလက်ရာထဲမှာ အကောင်းဆုံး လက်ရာတွေ ဖြစ်တယ်လို့ ဆရာ ဦးဝင်းကြိုင်က မှတ်ချက်ပေးပါတယ်။

မကွေးတိုင်း‌၀န်ကြီးချုပ်ကလဲ ထိန်းသိမ်းရေးလုပ်ငန်းအတွက် ဆန္ဒရှိဆနပြီ။ ညီလင်းဆက်က လဲ နည်းပညာသုံးပြီး digital Conservation လုပ်ဖို့ကူညီပါမယ်တဲ့။ ကိုလင်းကလဲ structural strengthing လုပ်ဖို့ ကူညီပါမယ်တဲ့။

ဒီကျောင်းရဲ့ Landscape ကိုလဲ ပြင်ရပါမယ်။ အစိုးရကလဲ ဆန္ဒရှိတယ်။ အမ်အေအေကလဲ management and coordination လုပ်ပေးမယ်။ management plan နဲ့ Archaeology report, inventory work, site presentation နဲ့ art inventory and identification တွေလုပ်ပေးမယ်။ ရှေးဟောင်းသုတေသနဦးစီးဌာန (မကွေးဌာနခွဲ) ကလဲ လိုအပ်တဲ့ ခွင့်ပြုချက် နဲ့ အခြား လုပ်ငန်းပိုင်းဆိုင်ရာတွေကို ပူးပေါင်းဆောင်ရွက်ဦးမယ်ဆိုတော့ ဘာလိုသေးလဲ။

ပြောချင်တာက အခုမှ လာတာ လိုတာက ငွေပါ။ 🤪😁 ကျနော်တို့လုပ်မှာ ဒီတစ်ခုထဲမဟုတ် တခြားရှေးဟောင်းနေရာတစ်ခုလဲ ရှိသေးတာမို့ ကုန်ကျမယ့်‌ငွေအားလုံးအတွက် တိုင်းအစိုးရက ထောင်ပံ့ဖို့ ဘတ်ဂျက်ရှိမှာ မဟုတ်ပါဘူး။ အကြောင်းက အုံတုံပင်အပြင် အောင်နန်းရွာမှာ ရှိတဲ့ စေတီအဆူတရာကျော်ကို ရှေးမူမပျက် ပြင်ဆင်ထိန်းသိမ်းမှာ မို့ပါ။

အမ်အေအေအနေနဲ့ တိုင်းအစိုးရကိုတင်ပြပြီး လိုအပ်တဲ့ ငွေပမာဏ္ဍာငွေကို အလှူရှင်များဆီ အလှူခံသွားပါမယ်။ ကျနော်တို့က ပညာရပ်ဆိုင်ရာအသင်းဖြစ်တော့ ယဉ်ကျေးမှုအမွေအနှစ်ဖော်ထုတ် ထိန်းသိမ်းဖို့ ပဲမို့ ဘဏ္ဍာရေးဆိုင်ရာ ကိစ္စကိုတော့ တိုင်းအစိုးရနဲ့ သက်ဆိုင်ရာဌာနရယ် အပြင်က ပုဂ္ဂိုလ်တွေနဲ့ ဘဏ္ဍာရေးအဖွဲ့ဖွဲ့ပြီး အလှူငွေကို ထိန်းသိမ်းဖို့ တိုင်းအစိုးရကို တင်ပြပြီး ဆောင်ရွက်မှာပါ။

ဘုရားတည်တာ ပြင်တာကိုမှ ကုသိုလ်ယူချင်ကြတဲ့ အလှူ‌ရှင်တွေကို ရှေးဟောင်းစံနှုန်းနဲ့အညီ ပြုပြင်ထိန်းသိမ်းတယ်ဆိုတာ ဒီလိုဆိုတာ ပြသပေးမယ့် ဟာဖြစ်တာမို့ ကုသိုလ်လဲရသလို တိုင်းပြည်ရဲ့ ယဉ်ကျေးမှုအတွက် အထောက်အပံ့ဖြစ်မယ့် အလှူမှာ ပါဝင်ဖို့ ကြိုတင်နှိုးဆော် အပ်ပါတယ်။

ယဉ်ကျေးမှုဆိုတာ ခင်များတို့ ကျနော်တို့ရဲ့ အမျိုးသားလက္ခဏာ နဲ့ သမိုင်းဂုဏ်ကို ပြသမယ့်အရာတွေပါ။
အတိတ်ရှိတဲ့ လူမျိုး သမိုင်းရှိတဲ့ လူမျိုးအဖြစ် (ဆရာနေ၀င်းမြင့်စကားငှား‌ပြောရရင်)ခပ်တင်းတင်းပြောနိုင်ဖို့ ဒီလိုစီမံချက်တွေမှာ လှူဒါန်းကြစေချင်ပါတယ်။

ကျောင်းရဲ့ ပျက်စီးမှုကို အောက်က Comment တွေမှာ ကြည့်ပါ။

https://www.facebook.com/100002313436951/posts/2833154240104996/

ၿမိဳင္ၿမိဳ႔နယ္၊ ဗိမၼာန္မရြာက အံုတံုပင္ေက်ာင္းပါ။
ႏွစ္ေပါင္းႏွစ္ရာေက်ာ္ရိွၿပီျဖစ္တဲ့ အေစာဆံုးသစ္သားဘုန္းႀကီးေက်ာင္းျဖစ္သလို ‌ပံုမွာ ျမင္ရတဲ့အတိုင္း ေရႊဇဝါယြန္းေတြ မ်က္ႏွာခ်က္ႏွာ အျပၫ့္ပါ။

အခုျပတာ ေကာင္းတဲ့အကြက္ေလးေတြေရြးျပတာပါ။ တကယ္က ဒီေက်ာင္းရဲ့ ေတာင္ဘက္နံရံ တျခမ္းရဲ့ ၆၀% ေလာက္က ျခေတြလိုက္ေနပါၿပီ။
အေရးေပၚထိန္းသိမ္းမႈ အျမန္ဆံုးမလုပ္ရင္
ေရႊဇဝါယြန္းအျပၫ့္နဲ႔ အႏုပညာလက္ရာ ေျမာက္စြာ ျပဳလုပ္ထားတဲ့ အႏုပညာလက္ရာေတြ ပ်က္စီးေပ်ာက္ဆံုးေတာ့မွာပါ။
ဒီလို ပ်က္စီး ေပ်ာက္ဆံုးသြားရင္ျဖင့္

၁။ ေရႊကိုေတာင္ အေဆာက္အအံုမွာ သံုးႏိုင္တဲ့ ႂကြယ္ဝမႈကို သက္ေသျပစရာ သက္ရိျွပတိုက္ရိွေတာ့မွာမဟုတ္ပါဘူး။

၂။ ေရႊကို အႏုခတ္ႏိုင္တဲ့ နည္းပညာကို သံုးႏိုင္တယ္ ဆိုတဲ့ အတတ္ပညာကို ျပစရာ မရိွေတာ့ပါဘူး။ (ခုေခတ္လံ ေရႊဇဝါယြန္း နဲ႔ အလွဆင္ထားတဲ့ ဘုရားေတြ အျပၫ့္ပါလို႔ ကြန္ပလိန္းတက္လာရင္ ေျဖစရာရိွပါတယ္။ ဒါဟာ ဒီေန့လက္ရာမဟုတ္ပါဘူး။ သမိုင္းအေမြအႏွစ္တန္ဖိုးပါ ကိန္းေအာင္းေနတဲ့ လြန္ခဲ့တဲ့ ႏွစ္ႏွစ္ရာက အႏုပညာပစၥည္းပါ။

၃။ တတိယအခ်က္က အႏုပညာလက္ရာပါ။ ဒီေက်ာင္းမွာ ဆြဲထားတဲ့ ငွက္ပံုေတြဟာ ျမန္မာျပည္က ရိွသမ်ွ ေရွးေဟာင္းအႏုပညာလက္ရာထဲမွာ အေကာင္းဆံုး လက္ရာေတြ ျဖစ္တယ္လို႔ ဆရာ ဦးဝင္းႀကိဳင္က မွတ္ခ်က္ေပးပါတယ္။

မေကြးတိုင္း‌၀န္ႀကီးခ်ဳပ္ကလဲ ထိန္းသိမ္းေရးလုပ္ငန္းအတြက္ ဆႏၵရိွဆနၿပီ။ ညီလင္းဆက္က လဲ နည္းပညာသံုးၿပီး digital Conservation လုပ္ဖို႔ကူညီပါမယ္တဲ့။ ကိုလင္းကလဲ structural strengthing လုပ္ဖို႔ ကူညီပါမယ္တဲ့။

ဒီေက်ာင္းရဲ့ Landscape ကိုလဲ ျပင္ရပါမယ္။ အစိုးရကလဲ ဆႏၵရိွတယ္။ အမ္ေအေအကလဲ management and coordination လုပ္ေပးမယ္။ management plan နဲ႔ Archaeology report, inventory work, site presentation နဲ႔ art inventory and identification ေတြလုပ္ေပးမယ္။ ေရွးေဟာင္းသုေတသနဦးစီးဌာန (မေကြးဌာနခြဲ) ကလဲ လိုအပ္တဲ့ ခြင့္ျပဳခ်က္ နဲ႔ အျခား လုပ္ငန္းပိုင္းဆိုင္ရာေတြကို ပူးေပါင္းေဆာင္ရြက္ဦးမယ္ဆိုေတာ့ ဘာလိုေသးလဲ။

ေျပာခ်င္တာက အခုမွ လာတာ လိုတာက ေငြပါ။ 🤪😁 က်ေနာ္တို႔လုပ္မွာ ဒီတစ္ခုထဲမဟုတ္ တျခားေရွးေဟာင္းေနရာတစ္ခုလဲ ရိွေသးတာမို႔ ကုန္က်မယ့္‌ေငြအားလံုးအတြက္ တိုင္းအစိုးရက ေထာင္ပံ့ဖို႔ ဘတ္ဂ်က္ရိွမွာ မဟုတ္ပါဘူး။ အေၾကာင္းက အံုတံုပင္အျပင္ ေအာင္နန္းရြာမွာ ရိွတဲ့ ေစတီအဆူတရာေက်ာ္ကို ေရွးမူမပ်က္ ျပင္ဆင္ထိန္းသိမ္းမွာ မို႔ပါ။

အမ္ေအေအအေနနဲ႔ တိုင္းအစိုးရကိုတင္ျပၿပီး လိုအပ္တဲ့ ေငြပမာ႑ာေငြကို အလႉရွင္မ်ားဆီ အလႉခံသြားပါမယ္။ က်ေနာ္တို႔က ပညာရပ္ဆိုင္ရာအသင္းျဖစ္ေတာ့ ယဉ္ေက်းမႈအေမြအႏွစ္ေဖာ္ထုတ္ ထိန္းသိမ္းဖို႔ ပဲမို႔ ဘ႑ာေရးဆိုင္ရာ ကိစၥကိုေတာ့ တိုင္းအစိုးရနဲ႔ သက္ဆိုင္ရာဌာနရယ္ အျပင္က ပုဂၢိုလ္ေတြနဲ႔ ဘ႑ာေရးအဖြဲ႔ဖြဲ႔ၿပီး အလႉေငြကို ထိန္းသိမ္းဖို႔ တိုင္းအစိုးရကို တင္ျပၿပီး ေဆာင္ရြက္မွာပါ။

ဘုရားတည္တာ ျပင္တာကိုမွ ကုသိုလ္ယူခ်င္ၾကတဲ့ အလႉ‌ရွင္ေတြကို ေရွးေဟာင္းစံႏႈန္းနဲ႔အညီ ျပဳျပင္ထိန္းသိမ္းတယ္ဆိုတာ ဒီလိုဆိုတာ ျပသေပးမယ့္ ဟာျဖစ္တာမို႔ ကုသိုလ္လဲရသလို တိုင္းျပည္ရဲ့ ယဉ္ေက်းမႈအတြက္ အေထာက္အပံ့ျဖစ္မယ့္ အလႉမွာ ပါဝင္ဖို႔ ႀကိဳတင္ႏိႈးေဆာ္ အပ္ပါတယ္။

ယဉ္ေက်းမႈဆိုတာ ခင္မ်ားတို႔ က်ေနာ္တို႔ရဲ့ အမ်ိဳးသားလကၡဏာ နဲ႔ သမိုင္းဂုဏ္ကို ျပသမယ့္အရာေတြပါ။
အတိတ္ရိွတဲ့ လူမ်ိဳး သမိုင္းရိွတဲ့ လူမ်ိဳးအျဖစ္ (ဆရာေန၀င္းျမင့္စကားငွား‌ေျပာရရင္)ခပ္တင္းတင္းေျပာႏိုင္ဖို႔ ဒီလိုစီမံခ်က္ေတြမွာ လႉဒါန္းၾကေစခ်င္ပါတယ္။

ေက်ာင္းရဲ့ ပ်က္စီးမႈကို ေအာက္က Comment ေတြမွာ ၾကၫ့္ပါ။

https://www.facebook.com/100002313436951/posts/2833154240104996/

Original writer

မႏၲေလးေတာင္===========          မႏၲေလးေတာင္၏ အမည္မွာ ေရွးကာလက မင္းကေလးေတာင္ဟု ေခၚေဝၚရင္းျဖစ္သည္။ ေနာက္မွ မႏၲေလးဟူေသာ အမည...
01/05/2020

မႏၲေလးေတာင္
===========
မႏၲေလးေတာင္၏ အမည္မွာ ေရွးကာလက မင္းကေလးေတာင္ဟု ေခၚေဝၚရင္းျဖစ္သည္။ ေနာက္မွ မႏၲေလးဟူေသာ အမည္ျဖစ္သည္။

ေတာင္ကိုးလုံးဝန္းရံ
---------------------------
ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၇၇၆)ေပ၊ ေတာင္ေျခေျမျပင္ အထက္ ေပ(၅၀၀)ျမင့္ေသာ မႏၲေလးေတာင္ကို ေတာင္ကိုးလုံးပတ္ဝန္းရံသည္ဟု ေရွးစာဆို၏။ ၎ေတာင္မ်ားမွာ ေဆးဒန္းေတာင္၊ ဘီလူးမေတာင္၊ ေရႊေတာင္၊ ေငြေတာင္၊ ပတၱျမားေတာင္၊ ဒုတၱာေတာင္၊ ေၾကးနီေတာင္၊ ေရလွည့္ေတာင္၊ ျမင္းသီလာေတာင္မ်ား ျဖစ္သည္ဟု ဆို၏။ အေနာက္ဘက္ေတာင္ ေစာင္းတန္း ထိပ္ေတာင္ဘက္အနီး ျမနႏၵာကန္ေတာ္ႀကီး ေတာင္ဘက္ရွိ ေစတီေတာ္ႏွင့္ ေတာင္ကို ေဆးဒန္းေတာင္ဟု ေခၚသည္။ ယခု ေအာင္ဇမၺဴေက်ာင္း ရွိပါသည္။ အေနာက္ဘက္ေစာင္းတန္းမုခ္အနီး၊ မဟာေခမိကာရာမ၊ သစ္ဆိမ့္တိုက္ဦး ေတာင္နိမ့္ေလးကို ဘီလူးမေတာင္ဟု ေခၚၿပီး ယခု မိဂဒါဝုန္ေက်ာင္း ရွိသည္။ ဘီလူးမေတာင္၏ အေရွ႕ေျမာက္ယြန္းယြန္း အဘယေခမေရႊေတာင္ၾကား ေက်ာင္းတိုက္အေရွ႕ဘက္ ေက်ာက္ေရကန္ႀကီးႏွင့္ ဓမၼာ႐ုံေစတီေတာ္တို့ တည္ရာေတာင္ကို ေငြေတာင္ဟု ေခၚသည္။

ပတၱျမားေတာင္
---------------------
ေရႊေတာင္၊ ေငြေတာင္ တို့၏ ေျမာက္ဘက္တြင္ ယခင္က ဦးရဲကန္ဟု တြင္ေသာ ေရကန္ႀကီးတစ္ကန္ ရွိၿပီး ယခု ေရေပးေရး စီမံကိန္း ေရကန္ႀကီး ျဖစ္ေနပါသည္။ ယင္းေရကန္၏ ေျမာက္ဘက္တြင္ ပတၱျမားေတာင္ ရွိပါသည္။ ပတၱျမားေတာင္မွာ ေစာင္းတန္း၊ ေလွကား၊ မုခ္ဦး၊ တန္ေစာင္း၊ ေက်ာင္းတို့ျဖင့္ သိုက္ၿမိဳက္စည္ကားလွေပ၏။ မႏၲေလးေတာင္ဆင္းကားလမ္းအတိုင္း လိုက္သြားလၽွင္ ေတာင္၏ အေရွ႕ေျမာက္ ေထာင့္တြင္ တိုက္သူႀကီးဘုရား ရွိ၏။ ထိုအရပ္ကား ဒုတၱာေတာင္ျဖစ္ပါသည္။ ယခု ဖားေအာက္ေတာရ တည္ရွိပါသည္။ ကားလမ္းအတိုင္း ဆက္ေလၽွာက္လၽွင္ တပ္ဦးရိပ္သာေက်ာင္းကို ေတြ႕ရပါသည္။ တပ္ဦးရိပ္သာေက်ာင္းအေရွ႕ဘက္က ေစတီတစ္ဆူ တည္ထားေသာ ေတာင္ကို ေၾကးနီေတာင္ဟု ေခၚပါသည္။ ယခု မိုးေလဝသ ငလ်င္ တိုင္းတာေရးစခန္း တည္ရွိပါသည္။

မႏၲေလးဘိုးဘိုးႀကီး
-------------------------
၎မွ ေတာင္ဘက္ယြန္းယြန္းတြင္ မိုးေရမ်ား ေတာင္ေပၚမွ က်လာေသာအခါ လၽွိုေျမာင္ႀကီးမ်ားအတြင္း လွည့္ပတ္စီးဆင္းေသာ ေနရာရွိပါသည္။ ထိုေနရာရွိ ေစတီတည္ထားေသာ ေတာင္ကို ေရလွည့္ေတာင္ဟု ေခၚပါသည္။ ေတာင္ဘက္သို့ဆက္သြားလၽွင္ ေစတီေလးတစ္ဆူႏွင့္ ေတာင္ပူစာေလး ရွိျပန္ပါေသး၏။ ထိုေတာင္ကို ျမင္းသီလာေတာင္ ဟုေခၚၾကသည္။ တခ်ိဳ့က မင္းသီလာေတာင္ဟု ဆိုပါသည္။ ျမင္းသီလာေတာင္၏ အနီးတြင္ မႏၲေလးဘိုးဘိုးႀကီးနတ္ကြန္း ရွိပါသည္။

ေစာင္းတန္းေလးသြယ္
-------------------------------
မႏၲေလးေတာင္ကို တက္ရာ၌လည္း ေတာင္တန္း ေလးသြယ္ ရွိသည္။ မႏၲေလးဘက္မွလာလၽွင္ ေတာင္ေတာ္၏ ေတာင္ဘက္မ်က္ႏွာတြင္ပင္ ေစာင္းတန္းႏွစ္သြယ္ ရွိပါသည္။ ႀကီးမားခံ့ထည္လွေသာ အုတ္အဂၤေတ ျခေသၤ့ႀကီး ႏွစ္ေကာင္ တည္ထားသည့္ ေစာင္းတန္းမွတက္လၽွင္ သံတန္ေစာင္းျပာသာဒ္ အခန္းေပါင္း (၃၅၆)ခန္း ရွိၿပီး ေအာက္ေျခေတာ္ရာ အထက္ေျခေတာ္ရာႏွင့္ ျပည္လုံးခ်မ္းသာ ရပ္ေတာ္မူ ဘုရားႀကီးမ်ားကို စတင္ဖူးရပါသည္။ ရပ္ေတာ္မူဘုရားႀကီးကို ေရႊရပ္ေတာ္ဟုလည္း ေခၚၾကၿပီး ဘုရားႀကီး၏ ဂႏၶကုဋိပတ္လည္တြင္ မႏၲေလးပန္းခ်ီေက်ာ္ ဦးေစာေမာင္၏ နိပါတ္ေတာ္ ပန္းခ်ီကားမ်ား ရွိပါ၏။ ထို့ေနာက္ စိုင္တေမာ့၊ ဗ်ာဒိတ္ေပး၊ ဦးခႏၲီဇရပ္မွသည္ ႏွစ္က်ိပ္ ရွစ္ဆူဘုရား၊ အ႐ုဏ္ခံဘုရား၊ ျခေသၤ့မင္း၊ ဆင္မင္း၊ ဆတ္မင္း၊ ၾကက္မင္း၊ ငုံးမင္းဘုရားမ်ား။ ထို့ေနာက္ စႏၵမုခိေစတီမွလည္း ဆုေတာင္းျပည့္ဘုရားသို့ ဖူးေျမာ္နိုင္၏။

မႏၲေလးဘိုးဘိုးႀကီးနတ္နန္း တည္ရွိေသာ အေရွ႕ဘက္ေစာင္းတန္းမွတက္လၽွင္မူ အတိုဆုံးျဖစ္ၿပီး အခန္းေပါင္း (၂၅၀) ရွိပါသည္။ ဘိုးဘိုးႀကီးနတ္နန္းမွ ဓာတ္ေတာ္တိုက္၊ ထိုမွ ဆုေတာင္းရဘုရား၊ ျပည္ေတာ္ေအးဘုရား၊ ဗ်ာဒိတ္ေပး၊ နဂါး႐ုံ၊ ဦးခႏၲီဇရပ္မွတစ္ဆင့္ ဆုေတာင္းျပည့္ရင္ျပင္သို့ တက္ေရာက္နိုင္၏။ ဤေစာင္းတန္းႏွစ္သြယ္မွာ ယခင္ကတည္းက လူအတက္မ်ားသည့္ ေစာင္းတန္းမ်ား ျဖစ္ပါသည္။

သစ္ဆိမ့္တိုက္ဘက္မွ တက္ေသာ အေနာက္ဘက္ေစာင္းတန္းမွာမူ ေရွးလက္ရာ အုတ္ျခေသၤ့ေဟာင္းႀကီး ႏွစ္စီးရွိ အေနာက္ဘက္ေစာင္းတန္းသည္ ဒုတိယအရွည္ဆုံးေစာင္းတန္းျဖစ္ၿပီး အခန္းေပါင္း (၃၈၁)ခန္း ရွိပါသည္။ အေနာက္ဘက္ ေစာင္းတန္းသည္ ဆုေတာင္းျပည့္ေစတီသို့ ေတာက္ေလၽွာက္ တက္ေရာက္နိုင္၏။ ၾကားတြင္ တစ္ဝက္တစ္ဝဂူဘုရား တစ္ဆူရွိပါသည္။ ေစာင္းတန္းေလးသြယ္အနက္ အရွည္ဆုံးေစာင္းတန္းမွာ ေျမာက္ဘက္ေစာင္းတန္းျဖစ္ၿပီး အခန္းေပါင္း (၉၄၂)ခန္း ရွိပါသည္။ ေျမာက္ဘက္ ေရႊက်င္ဂိတ္ဘက္ ေစာင္းတန္းဦးတြင္ မေရႊဥနတ္နန္း ရွိပါသည္။

ဆူးငွက္

---------------------------------------------------------------------

မႏၱေလးေတာင္
===========
မႏၲေလးေတာင္၏ အမည္မွာ ေရွးကာလက မင္းကေလးေတာင္ဟု ေခၚေဝၚရင္းျဖစ္သည္။ ေနာက္မွ မႏၲေလးဟူေသာ အမည္ျဖစ္သည္။

ေတာင္ကိုးလံုး၀န္းရံ
----------------------
ပင္လယ္ေရမ်က္ႏွာျပင္အထက္ (၇၇၆)ေပ၊ ေတာင္ေျခေျမျပင္ အထက္ ေပ(၅၀၀)ျမင့္ေသာ မႏၲေလးေတာင္ကို ေတာင္ကိုးလံုးပတ္၀န္းရံသည္ဟု ေရွးစာဆို၏။ ၄င္းေတာင္မ်ားမွာ ေဆးဒန္းေတာင္၊ ဘီလူးမေတာင္၊ ေ႐ႊေတာင္၊ ေငြေတာင္၊ ပတၱျမားေတာင္၊ ဒုတၱာေတာင္၊ ေၾကးနီေတာင္၊ ေရလွည့္ေတာင္၊ ျမင္းသီလာေတာင္မ်ား ျဖစ္သည္ဟု ဆို၏။ အေနာက္ဘက္ေတာင္ ေစာင္းတန္း ထိပ္ေတာင္ဘက္အနီး ျမနႏၵာကန္ေတာ္ႀကီး ေတာင္ဘက္ရွိ ေစတီေတာ္ႏွင့္ ေတာင္ကို ေဆးဒန္းေတာင္ဟု ေခၚသည္။ ယခု ေအာင္ဇမၺဴေက်ာင္း ရွိပါသည္။ အေနာက္ဘက္ေစာင္းတန္းမုခ္အနီး၊ မဟာေခမိကာရာမ၊ သစ္ဆိမ့္တိုက္ဦး ေတာင္နိမ့္ေလးကို ဘီလူးမေတာင္္ဟု ေခၚၿပီး ယခု မိဂဒါ၀ုန္ေက်ာင္း ရွိသည္။ ဘီလူးမေတာင္၏ အေရွ႕ေျမာက္ယြန္းယြန္း အဘယေခမေ႐ႊေတာင္ၾကား ေက်ာင္းတိုက္အေရွ႕ဘက္ ေက်ာက္ေရကန္ႀကီးႏွင့္ ဓမၼာ႐ံုေစတီေတာ္တို႔ တည္ရာေတာင္ကို ေငြေတာင္္ဟု ေခၚသည္။

ပတၱျမားေတာင္
-----------------
ေ႐ႊေတာင္၊ ေငြေတာင္ တုိ႔၏ ေျမာက္ဘက္တြင္ ယခင္က ဦးရဲကန္္ဟု တြင္ေသာ ေရကန္ႀကီးတစ္ကန္ ရွိၿပီး ယခု ေရေပးေရး စီမံကိန္း ေရကန္ႀကီး ျဖစ္ေနပါသည္။ ယင္းေရကန္၏ ေျမာက္ဘက္တြင္ ပတၱျမားေတာင္ ရွိပါသည္။ ပတၱျမားေတာင္မွာ ေစာင္းတန္း၊ ေလွကား၊ မုခ္ဦး၊ တန္ေစာင္း၊ ေက်ာင္းတို႔ျဖင့္ သိုက္ၿမိဳက္စည္ကားလွေပ၏။ မႏၲေလးေတာင္ဆင္းကားလမ္းအတိုင္း လိုက္သြားလွ်င္ ေတာင္၏ အေရွ႕ေျမာက္ ေထာင့္တြင္ တုိက္သူႀကီးဘုရား ရွိ၏။ ထိုအရပ္ကား ဒုတၱာေတာင္ျဖစ္ပါသည္။ ယခု ဖားေအာက္ေတာရ တည္ရွိပါသည္။ ကားလမ္းအတိုင္း ဆက္ေလွ်ာက္လွ်င္ တပ္ဦးရိပ္သာေက်ာင္းကို ေတြ႕ရပါသည္။ တပ္ဦးရိပ္သာေက်ာင္းအေရွ႕ဘက္က ေစတီတစ္ဆူ တည္ထားေသာ ေတာင္ကို ေၾကးနီေတာင္ဟု ေခၚပါသည္။ ယခု မိုးေလ၀သ ငလ်င္ တုိင္းတာေရးစခန္း တည္ရွိပါသည္။

မႏၲေလးဘိုးဘိုးႀကီး
---------------------
၄င္းမွ ေတာင္ဘက္ယြန္းယြန္းတြင္ မိုးေရမ်ား ေတာင္ေပၚမွ က်လာေသာအခါ လွ်ိဳေျမာင္ႀကီးမ်ားအတြင္း လွည့္ပတ္စီးဆင္းေသာ ေနရာရွိပါသည္။ ထိုေနရာရွိ ေစတီတည္ထားေသာ ေတာင္ကို ေရလွည့္ေတာင္ဟု ေခၚပါသည္။ ေတာင္ဘက္သို႔ဆက္သြားလွ်င္ ေစတီေလးတစ္ဆူႏွင့္ ေတာင္ပူစာေလး ရွိျပန္ပါေသး၏။ ထိုေတာင္ကို ျမင္းသီလာေတာင္ ဟုေခၚၾကသည္။ တခ်ိဳ႕က မင္းသီလာေတာင္ဟု ဆိုပါသည္။ ျမင္းသီလာေတာင္၏ အနီးတြင္ မႏၲေလးဘိုးဘိုးႀကီးနတ္ကြန္း ရွိပါသည္။

ေစာင္းတန္းေလးသြယ္
------------------------
မႏၲေလးေတာင္ကို တက္ရာ၌လည္း ေတာင္တန္း ေလးသြယ္ ရွိသည္။ မႏၲေလးဘက္မွလာလွ်င္ ေတာင္ေတာ္၏ ေတာင္ဘက္မ်က္ႏွာတြင္ပင္ ေစာင္းတန္းႏွစ္သြယ္ ရွိပါသည္။ ႀကီးမားခံ့ထည္လွေသာ အုတ္အဂၤေတ ျခေသၤ့ႀကီး ႏွစ္ေကာင္ တည္ထားသည့္ ေစာင္းတန္းမွတက္လွ်င္ သံတန္ေစာင္းျပာသာဒ္ အခန္းေပါင္း (၃၅၆)ခန္း ရွိၿပီး ေအာက္ေျခေတာ္ရာ အထက္ေျခေတာ္ရာႏွင့္ ျပည္လံုးခ်မ္းသာ ရပ္ေတာ္မူ ဘုရားႀကီးမ်ားကို စတင္ဖူးရပါသည္။ ရပ္ေတာ္မူဘုရားႀကီးကို ေ႐ႊရပ္ေတာ္ဟုလည္း ေခၚၾကၿပီး ဘုရားႀကီး၏ ဂႏၶကုဋိပတ္လည္တြင္ မႏၲေလးပန္းခ်ီေက်ာ္ ဦးေစာေမာင္၏ နိပါတ္ေတာ္ ပန္းခ်ီကားမ်ား ရွိပါ၏။ ထို႔ေနာက္ စိုင္တေမာ့၊ ဗ်ာဒိတ္ေပး၊ ဦးခႏၲီဇရပ္မွသည္ ႏွစ္က်ိပ္ ရွစ္ဆူဘုရား၊ အ႐ုဏ္ခံဘုရား၊ ျခေသၤ့မင္း၊ ဆင္မင္း၊ ဆတ္မင္း၊ ၾကက္မင္း၊ ငံုးမင္းဘုရားမ်ား။ ထို႔ေနာက္ စႏၵမုခိေစတီမွလည္း ဆုေတာင္းျပည့္ဘုရားသို႔ ဖူးေျမာ္ႏုိင္၏။
မႏၲေလးဘိုးဘိုးႀကီးနတ္နန္း တည္ရွိေသာ အေရွ႕ဘက္ေစာင္းတန္းမွတက္လွ်င္မူ အတိုဆံုးျဖစ္ၿပီး အခန္းေပါင္း (၂၅၀) ရွိပါသည္။ ဘိုးဘိုးႀကီးနတ္နန္းမွ ဓာတ္ေတာ္တိုက္၊ ထိုမွ ဆုေတာင္းရဘုရား၊ ျပည္ေတာ္ေအးဘုရား၊ ဗ်ာဒိတ္ေပး၊ နဂါး႐ံု၊ ဦးခႏၲီဇရပ္မွတစ္ဆင့္ ဆုေတာင္းျပည့္ရင္ျပင္သို႔ တက္ေရာက္ႏုိင္၏။ ဤေစာင္းတန္းႏွစ္သြယ္မွာ ယခင္ကတည္းက လူအတက္မ်ားသည့္ ေစာင္းတန္းမ်ား ျဖစ္ပါသည္။
သစ္ဆိမ့္တုိက္ဘက္မွ တက္ေသာ အေနာက္ဘက္ေစာင္းတန္းမွာမူ ေရွးလက္ရာ အုတ္ျခေသၤ့ေဟာင္းႀကီး ႏွစ္စီးရွိ အေနာက္ဘက္ေစာင္းတန္းသည္ ဒုတိယအရွည္ဆံုးေစာင္းတန္းျဖစ္ၿပီး အခန္းေပါင္း (၃၈၁)ခန္း ရွိပါသည္။ အေနာက္ဘက္ ေစာင္းတန္းသည္ ဆုေတာင္းျပည့္ေစတီသို႔ ေတာက္ေလွ်ာက္ တက္ေရာက္ႏိုင္၏။ ၾကားတြင္ တစ္၀က္တစ္၀ဂူဘုရား တစ္ဆူရွိပါသည္။ ေစာင္းတန္းေလးသြယ္အနက္ အရွည္ဆံုးေစာင္းတန္းမွာ ေျမာက္ဘက္ေစာင္းတန္းျဖစ္ၿပီး အခန္းေပါင္း (၉၄၂)ခန္း ရွိပါသည္။ ေျမာက္ဘက္ ေ႐ႊက်င္ဂိတ္ဘက္ ေစာင္းတန္းဦးတြင္ မေ႐ႊဥနတ္နန္း ရွိပါသည္။

ဆူးငွက္

မန္တလေးတောင်
===========
မန္တလေးတောင်၏ အမည်မှာ ရှေးကာလက မင်းကလေးတောင်ဟု ခေါ်ဝေါ်ရင်းဖြစ်သည်။ နောက်မှ မန္တလေးဟူသော အမည်ဖြစ်သည်။

တောင်ကိုးလုံးဝန်းရံ
---------------------------
ပင်လယ်ရေမျက်နှာပြင်အထက် (၇၇၆)ပေ၊ တောင်ခြေမြေပြင် အထက် ပေ(၅၀၀)မြင့်သော မန္တလေးတောင်ကို တောင်ကိုးလုံးပတ်ဝန်းရံသည်ဟု ရှေးစာဆို၏။ ၎င်းတောင်များမှာ ဆေးဒန်းတောင်၊ ဘီလူးမတောင်၊ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဒုတ္တာတောင်၊ ကြေးနီတောင်၊ ရေလှည့်တောင်၊ မြင်းသီလာတောင်များ ဖြစ်သည်ဟု ဆို၏။ အနောက်ဘက်တောင် စောင်းတန်း ထိပ်တောင်ဘက်အနီး မြနန္ဒာကန်တော်ကြီး တောင်ဘက်ရှိ စေတီတော်နှင့် တောင်ကို ဆေးဒန်းတောင်ဟု ခေါ်သည်။ ယခု အောင်ဇမ္ဗူကျောင်း ရှိပါသည်။ အနောက်ဘက်စောင်းတန်းမုခ်အနီး၊ မဟာခေမိကာရာမ၊ သစ်ဆိမ့်တိုက်ဦး တောင်နိမ့်လေးကို ဘီလူးမတောင်ဟု ခေါ်ပြီး ယခု မိဂဒါဝုန်ကျောင်း ရှိသည်။ ဘီလူးမတောင်၏ အရှေ့မြောက်ယွန်းယွန်း အဘယခေမရွှေတောင်ကြား ကျောင်းတိုက်အရှေ့ဘက် ကျောက်ရေကန်ကြီးနှင့် ဓမ္မာရုံစေတီတော်တို့ တည်ရာတောင်ကို ငွေတောင်ဟု ခေါ်သည်။

ပတ္တမြားတောင်
---------------------
ရွှေတောင်၊ ငွေတောင် တို့၏ မြောက်ဘက်တွင် ယခင်က ဦးရဲကန်ဟု တွင်သော ရေကန်ကြီးတစ်ကန် ရှိပြီး ယခု ရေပေးရေး စီမံကိန်း ရေကန်ကြီး ဖြစ်နေပါသည်။ ယင်းရေကန်၏ မြောက်ဘက်တွင် ပတ္တမြားတောင် ရှိပါသည်။ ပတ္တမြားတောင်မှာ စောင်းတန်း၊ လှေကား၊ မုခ်ဦး၊ တန်စောင်း၊ ကျောင်းတို့ဖြင့် သိုက်မြိုက်စည်ကားလှပေ၏။ မန္တလေးတောင်ဆင်းကားလမ်းအတိုင်း လိုက်သွားလျှင် တောင်၏ အရှေ့မြောက် ထောင့်တွင် တိုက်သူကြီးဘုရား ရှိ၏။ ထိုအရပ်ကား ဒုတ္တာတောင်ဖြစ်ပါသည်။ ယခု ဖားအောက်တောရ တည်ရှိပါသည်။ ကားလမ်းအတိုင်း ဆက်လျှောက်လျှင် တပ်ဦးရိပ်သာကျောင်းကို တွေ့ရပါသည်။ တပ်ဦးရိပ်သာကျောင်းအရှေ့ဘက်က စေတီတစ်ဆူ တည်ထားသော တောင်ကို ကြေးနီတောင်ဟု ခေါ်ပါသည်။ ယခု မိုးလေဝသ ငလျင် တိုင်းတာရေးစခန်း တည်ရှိပါသည်။

မန္တလေးဘိုးဘိုးကြီး
-------------------------
၎င်းမှ တောင်ဘက်ယွန်းယွန်းတွင် မိုးရေများ တောင်ပေါ်မှ ကျလာသောအခါ လျှိုမြောင်ကြီးများအတွင်း လှည့်ပတ်စီးဆင်းသော နေရာရှိပါသည်။ ထိုနေရာရှိ စေတီတည်ထားသော တောင်ကို ရေလှည့်တောင်ဟု ခေါ်ပါသည်။ တောင်ဘက်သို့ဆက်သွားလျှင် စေတီလေးတစ်ဆူနှင့် တောင်ပူစာလေး ရှိပြန်ပါသေး၏။ ထိုတောင်ကို မြင်းသီလာတောင် ဟုခေါ်ကြသည်။ တချို့က မင်းသီလာတောင်ဟု ဆိုပါသည်။ မြင်းသီလာတောင်၏ အနီးတွင် မန္တလေးဘိုးဘိုးကြီးနတ်ကွန်း ရှိပါသည်။

စောင်းတန်းလေးသွယ်
-------------------------------
မန္တလေးတောင်ကို တက်ရာ၌လည်း တောင်တန်း လေးသွယ် ရှိသည်။ မန္တလေးဘက်မှလာလျှင် တောင်တော်၏ တောင်ဘက်မျက်နှာတွင်ပင် စောင်းတန်းနှစ်သွယ် ရှိပါသည်။ ကြီးမားခံ့ထည်လှသော အုတ်အင်္ဂတေ ခြင်္သေ့ကြီး နှစ်ကောင် တည်ထားသည့် စောင်းတန်းမှတက်လျှင် သံတန်စောင်းပြာသာဒ် အခန်းပေါင်း (၃၅၆)ခန်း ရှိပြီး အောက်ခြေတော်ရာ အထက်ခြေတော်ရာနှင့် ပြည်လုံးချမ်းသာ ရပ်တော်မူ ဘုရားကြီးများကို စတင်ဖူးရပါသည်။ ရပ်တော်မူဘုရားကြီးကို ရွှေရပ်တော်ဟုလည်း ခေါ်ကြပြီး ဘုရားကြီး၏ ဂန္ဓကုဋိပတ်လည်တွင် မန္တလေးပန်းချီကျော် ဦးစောမောင်၏ နိပါတ်တော် ပန်းချီကားများ ရှိပါ၏။ ထို့နောက် စိုင်တမော့၊ ဗျာဒိတ်ပေး၊ ဦးခန္တီဇရပ်မှသည် နှစ်ကျိပ် ရှစ်ဆူဘုရား၊ အရုဏ်ခံဘုရား၊ ခြင်္သေ့မင်း၊ ဆင်မင်း၊ ဆတ်မင်း၊ ကြက်မင်း၊ ငုံးမင်းဘုရားများ။ ထို့နောက် စန္ဒမုခိစေတီမှလည်း ဆုတောင်းပြည့်ဘုရားသို့ ဖူးမြော်နိုင်၏။

မန္တလေးဘိုးဘိုးကြီးနတ်နန်း တည်ရှိသော အရှေ့ဘက်စောင်းတန်းမှတက်လျှင်မူ အတိုဆုံးဖြစ်ပြီး အခန်းပေါင်း (၂၅၀) ရှိပါသည်။ ဘိုးဘိုးကြီးနတ်နန်းမှ ဓာတ်တော်တိုက်၊ ထိုမှ ဆုတောင်းရဘုရား၊ ပြည်တော်အေးဘုရား၊ ဗျာဒိတ်ပေး၊ နဂါးရုံ၊ ဦးခန္တီဇရပ်မှတစ်ဆင့် ဆုတောင်းပြည့်ရင်ပြင်သို့ တက်ရောက်နိုင်၏။ ဤစောင်းတန်းနှစ်သွယ်မှာ ယခင်ကတည်းက လူအတက်များသည့် စောင်းတန်းများ ဖြစ်ပါသည်။

သစ်ဆိမ့်တိုက်ဘက်မှ တက်သော အနောက်ဘက်စောင်းတန်းမှာမူ ရှေးလက်ရာ အုတ်ခြင်္သေ့ဟောင်းကြီး နှစ်စီးရှိ အနောက်ဘက်စောင်းတန်းသည် ဒုတိယအရှည်ဆုံးစောင်းတန်းဖြစ်ပြီး အခန်းပေါင်း (၃၈၁)ခန်း ရှိပါသည်။ အနောက်ဘက် စောင်းတန်းသည် ဆုတောင်းပြည့်စေတီသို့ တောက်လျှောက် တက်ရောက်နိုင်၏။ ကြားတွင် တစ်ဝက်တစ်ဝဂူဘုရား တစ်ဆူရှိပါသည်။ စောင်းတန်းလေးသွယ်အနက် အရှည်ဆုံးစောင်းတန်းမှာ မြောက်ဘက်စောင်းတန်းဖြစ်ပြီး အခန်းပေါင်း (၉၄၂)ခန်း ရှိပါသည်။ မြောက်ဘက် ရွှေကျင်ဂိတ်ဘက် စောင်းတန်းဦးတွင် မရွှေဥနတ်နန်း ရှိပါသည်။

ဆူးငှက်

---------------------------------------------------------------------

မန္တလေးတောင်
===========
မန္တလေးတောင်၏ အမည်မှာ ရှေးကာလက မင်းကလေးတောင်ဟု ခေါ်ဝေါ်ရင်းဖြစ်သည်။ နောက်မှ မန္တလေးဟူသော အမည်ဖြစ်သည်။

တောင်ကိုးလုံးဝန်းရံ
----------------------
ပင်လယ်ရေမျက်နှာပြင်အထက် (၇၇၆)ပေ၊ တောင်ခြေမြေပြင် အထက် ပေ(၅၀၀)မြင့်သော မန္တလေးတောင်ကို တောင်ကိုးလုံးပတ်ဝန်းရံသည်ဟု ရှေးစာဆို၏။ ၄င်းတောင်များမှာ ဆေးဒန်းတောင်၊ ဘီလူးမတောင်၊ ရွှေတောင်၊ ငွေတောင်၊ ပတ္တမြားတောင်၊ ဒုတ္တာတောင်၊ ကြေးနီတောင်၊ ရေလှည့်တောင်၊ မြင်းသီလာတောင်များ ဖြစ်သည်ဟု ဆို၏။ အနောက်ဘက်တောင် စောင်းတန်း ထိပ်တောင်ဘက်အနီး မြနန္ဒာကန်တော်ကြီး တောင်ဘက်ရှိ စေတီတော်နှင့် တောင်ကို ဆေးဒန်းတောင်ဟု ခေါ်သည်။ ယခု အောင်ဇမ္ဗူကျောင်း ရှိပါသည်။ အနောက်ဘက်စောင်းတန်းမုခ်အနီး၊ မဟာခေမိကာရာမ၊ သစ်ဆိမ့်တိုက်ဦး တောင်နိမ့်လေးကို ဘီလူးမတောင်ဟု ခေါ်ပြီး ယခု မိဂဒါဝုန်ကျောင်း ရှိသည်။ ဘီလူးမတောင်၏ အရှေ့မြောက်ယွန်းယွန်း အဘယခေမရွှေတောင်ကြား ကျောင်းတိုက်အရှေ့ဘက် ကျောက်ရေကန်ကြီးနှင့် ဓမ္မာရုံစေတီတော်တို့ တည်ရာတောင်ကို ငွေတောင်ဟု ခေါ်သည်။

ပတ္တမြားတောင်
-----------------
ရွှေတောင်၊ ငွေတောင် တို့၏ မြောက်ဘက်တွင် ယခင်က ဦးရဲကန်ဟု တွင်သော ရေကန်ကြီးတစ်ကန် ရှိပြီး ယခု ရေပေးရေး စီမံကိန်း ရေကန်ကြီး ဖြစ်နေပါသည်။ ယင်းရေကန်၏ မြောက်ဘက်တွင် ပတ္တမြားတောင် ရှိပါသည်။ ပတ္တမြားတောင်မှာ စောင်းတန်း၊ လှေကား၊ မုခ်ဦး၊ တန်စောင်း၊ ကျောင်းတို့ဖြင့် သိုက်မြိုက်စည်ကားလှပေ၏။ မန္တလေးတောင်ဆင်းကားလမ်းအတိုင်း လိုက်သွားလျှင် တောင်၏ အရှေ့မြောက် ထောင့်တွင် တိုက်သူကြီးဘုရား ရှိ၏။ ထိုအရပ်ကား ဒုတ္တာတောင်ဖြစ်ပါသည်။ ယခု ဖားအောက်တောရ တည်ရှိပါသည်။ ကားလမ်းအတိုင်း ဆက်လျှောက်လျှင် တပ်ဦးရိပ်သာကျောင်းကို တွေ့ရပါသည်။ တပ်ဦးရိပ်သာကျောင်းအရှေ့ဘက်က စေတီတစ်ဆူ တည်ထားသော တောင်ကို ကြေးနီတောင်ဟု ခေါ်ပါသည်။ ယခု မိုးလေ၀သ ငလျင် တိုင်းတာရေးစခန်း တည်ရှိပါသည်။

မန္တလေးဘိုးဘိုးကြီး
---------------------
၄င်းမှ တောင်ဘက်ယွန်းယွန်းတွင် မိုးရေများ တောင်ပေါ်မှ ကျလာသောအခါ လျှိုမြောင်ကြီးများအတွင်း လှည့်ပတ်စီးဆင်းသော နေရာရှိပါသည်။ ထိုနေရာရှိ စေတီတည်ထားသော တောင်ကို ရေလှည့်တောင်ဟု ခေါ်ပါသည်။ တောင်ဘက်သို့ဆက်သွားလျှင် စေတီလေးတစ်ဆူနှင့် တောင်ပူစာလေး ရှိပြန်ပါသေး၏။ ထိုတောင်ကို မြင်းသီလာတောင် ဟုခေါ်ကြသည်။ တချို့က မင်းသီလာတောင်ဟု ဆိုပါသည်။ မြင်းသီလာတောင်၏ အနီးတွင် မန္တလေးဘိုးဘိုးကြီးနတ်ကွန်း ရှိပါသည်။

စောင်းတန်းလေးသွယ်
------------------------
မန္တလေးတောင်ကို တက်ရာ၌လည်း တောင်တန်း လေးသွယ် ရှိသည်။ မန္တလေးဘက်မှလာလျှင် တောင်တော်၏ တောင်ဘက်မျက်နှာတွင်ပင် စောင်းတန်းနှစ်သွယ် ရှိပါသည်။ ကြီးမားခံ့ထည်လှသော အုတ်အင်္ဂတေ ခြင်္သေ့ကြီး နှစ်ကောင် တည်ထားသည့် စောင်းတန်းမှတက်လျှင် သံတန်စောင်းပြာသာဒ် အခန်းပေါင်း (၃၅၆)ခန်း ရှိပြီး အောက်ခြေတော်ရာ အထက်ခြေတော်ရာနှင့် ပြည်လုံးချမ်းသာ ရပ်တော်မူ ဘုရားကြီးများကို စတင်ဖူးရပါသည်။ ရပ်တော်မူဘုရားကြီးကို ရွှေရပ်တော်ဟုလည်း ခေါ်ကြပြီး ဘုရားကြီး၏ ဂန္ဓကုဋိပတ်လည်တွင် မန္တလေးပန်းချီကျော် ဦးစောမောင်၏ နိပါတ်တော် ပန်းချီကားများ ရှိပါ၏။ ထို့နောက် စိုင်တမော့၊ ဗျာဒိတ်ပေး၊ ဦးခန္တီဇရပ်မှသည် နှစ်ကျိပ် ရှစ်ဆူဘုရား၊ အရုဏ်ခံဘုရား၊ ခြင်္သေ့မင်း၊ ဆင်မင်း၊ ဆတ်မင်း၊ ကြက်မင်း၊ ငုံးမင်းဘုရားများ။ ထို့နောက် စန္ဒမုခိစေတီမှလည်း ဆုတောင်းပြည့်ဘုရားသို့ ဖူးမြော်နိုင်၏။
မန္တလေးဘိုးဘိုးကြီးနတ်နန်း တည်ရှိသော အရှေ့ဘက်စောင်းတန်းမှတက်လျှင်မူ အတိုဆုံးဖြစ်ပြီး အခန်းပေါင်း (၂၅၀) ရှိပါသည်။ ဘိုးဘိုးကြီးနတ်နန်းမှ ဓာတ်တော်တိုက်၊ ထိုမှ ဆုတောင်းရဘုရား၊ ပြည်တော်အေးဘုရား၊ ဗျာဒိတ်ပေး၊ နဂါးရုံ၊ ဦးခန္တီဇရပ်မှတစ်ဆင့် ဆုတောင်းပြည့်ရင်ပြင်သို့ တက်ရောက်နိုင်၏။ ဤစောင်းတန်းနှစ်သွယ်မှာ ယခင်ကတည်းက လူအတက်များသည့် စောင်းတန်းများ ဖြစ်ပါသည်။
သစ်ဆိမ့်တိုက်ဘက်မှ တက်သော အနောက်ဘက်စောင်းတန်းမှာမူ ရှေးလက်ရာ အုတ်ခြင်္သေ့ဟောင်းကြီး နှစ်စီးရှိ အနောက်ဘက်စောင်းတန်းသည် ဒုတိယအရှည်ဆုံးစောင်းတန်းဖြစ်ပြီး အခန်းပေါင်း (၃၈၁)ခန်း ရှိပါသည်။ အနောက်ဘက် စောင်းတန်းသည် ဆုတောင်းပြည့်စေတီသို့ တောက်လျှောက် တက်ရောက်နိုင်၏။ ကြားတွင် တစ်ဝက်တစ်ဝဂူဘုရား တစ်ဆူရှိပါသည်။ စောင်းတန်းလေးသွယ်အနက် အရှည်ဆုံးစောင်းတန်းမှာ မြောက်ဘက်စောင်းတန်းဖြစ်ပြီး အခန်းပေါင်း (၉၄၂)ခန်း ရှိပါသည်။ မြောက်ဘက် ရွှေကျင်ဂိတ်ဘက် စောင်းတန်းဦးတွင် မရွှေဥနတ်နန်း ရှိပါသည်။

ဆူးငှက်

 #မႏၲေလးဝန္းက်င္သမိုင္းဝင္ေနရာမ်ား #ဓါတ္ေတာ္ေတာင္ ဓါတ္ေတာ္ေတာင္က မႏၲေလးျမိဳ ့ေတာင္ဖက္၂၇ မိုင္ခန္ ့သာ ရွိတဲ ့ ေက်ာက္ဆည္နယ...
06/04/2020

#မႏၲေလးဝန္းက်င္သမိုင္းဝင္ေနရာမ်ား

#ဓါတ္ေတာ္ေတာင္
ဓါတ္ေတာ္ေတာင္က မႏၲေလးျမိဳ ့ေတာင္ဖက္
၂၇ မိုင္ခန္ ့သာ ရွိတဲ ့ ေက်ာက္ဆည္နယ္ ဘယ္လင္းရႊာ အေရွ ့ဖက္မွာ
ရွိတာပါ ေက်ာက္ဆည္အဝင္ ဘယ္လင္းကို မန္းေလးကေန ၁၈ မိုင္ေလာက္ ေဝးျပီး ဘယ္လင္းကေန ဓါတ္ေတာ္ေတာင္ကို ၁၀ မိုင္ခရီး ရွိပါတယ္ လမ္းေကာင္းပါတယ္

ဒီကေန ့ မႏၲေလးဝန္းက်င္ကို အလည္လာျကတဲ ့ အေဝးဧည့္ေတြအသာထား မန္းကလူ ေတြေတာင္ အားလပ္ရက္ေတြမွာ ျပင္ဦးလြင္တက္တာ ၆ မိုင္ ၇ မိုင္မွာ အပန္းေျဖတာ အင္းဝသြားတာ စစ္ကိုင္းမင္းကြန္းကူးျကတာ
သာမ်ားျပီး ဒီဓါတ္ေတာ္ေတာင္ကို မေရာက္ျဖစ္ျက သတိမမူမိျက

ယုတ္စြ အဆံုး ေက်ာက္ဆည္ဖက္ အလည္သြားျကရင္ေတာင္
မဟာေရႊသိမ္ေတာ္နဲ ့ ေရႊသာေလ်ာင္း ( ေက်ာက္ဆည္ေတာင္ ) ေပၚတတ္ျပီး ျမတ္ေလးဆူ ေက်ာက္သေဘာၤတို ့ပဲသြားျကတယ္

တခ်ိဳ ့ဆို စြန္ရဲအင္းသြားျက ျကာပန္းခင္းျကီးနဲ ့ ဓါတ္ပံုရိုက္ျက ေလွစီးျက ေပါ့ ဒါေပမဲ ့ အဲ့ဒီစြန္ရဲအင္းကေန မိနစ္ ၃၀ ခရီးမေဝးလွတဲ ့

ဓါတ္ေတာင္ေတာင္ကို မသြားျက တခ်ိဳ ့က ေတာ့ ရွိမွန္းပင္မသိျက
ဒီလို နဲ ့ သပၸါယ္လွတဲ့ ေလ်ာင္းေတာ္မူဘုရားျကီးနဲ ့ ေက်ာက္ခတ္ပန္းဆြဲေတြနဲ ့ ဆန္းျပားတင့္တယ္လွတဲ ့ ဓါတ္ေတာ္ဂူ
က အလွေတြ မေတြ ့ျမင္နိုင္ျကေတာ့

#ဓါတ္ေတာ္ေတာင္က ေျမျပင္ကေန ၁၁၂၉ ေပခန္ ့ျမင့္ျပီး
ေတာင္တက္ ေစာင္းတန္းမရွိပဲ ေက်ာက္ေလွကားထစ္ ေလးေတြနဲ ့ အလြယ္တကူတတ္နိုင္ပါတယ္ လိုဏ္ဂူက ထံုးေက်ာက္ဂူျဖစ္ျပီး
ပင္းတယ ဂူလို ေက်ာက္ပန္းဆြဲေတြနဲ ့ အရမ္းကို လွပတာပါ

ပြင့္ေတာ္မူေသာ ဘုရား ၄ ဆူနွင့္တကြ ရဟႏၲာအရွင္သူျမတ္မ်ားဟာ ဒီဂူမွာ သီတင္းသံုးဖူးျပီး ဓါတ္ေတာ္မ်ားလည္း ကိန္းဝပ္စံပါယ္ေတာ္မူလို ့ ဓါတ္ေတာ္ေတာင္လို ့ အမည္တြင္ပါတယ္
လိုဏ္ဂူေတာင္ဖက္ေဘးက သြားတဲ့အခါ
ေတာင္ေပၚမွာ သိျကားမင္းဖန္ဆင္းတဲ ့ နတ္ေရကန္ရွိျပီး
ေတာင္ေျခမွာလည္း ေတာင္ေျခေစာင္းတန္းေဘးမွာ သဘာဝေရထြက္ေတြျဖစ္တဲ ့ #သေျပေရထြက္
#ကတိုးေရထြက္တို ့ရွိပါတယ္ သေျပေရထြက္က သေျပပင္ေျခရင္းေျမေအာက္ကေန သဘာဝအေလ်ာက္ ေရပန္းထြက္ပါတယ္ ေရွးယခင္က တည္းကဘုရားဖူးလာ ပရိတ္သတ္မ်ား နားေနျပီး ေရျကည္ေရေအး ခပ္ယူေသာက္သံုးနိုင္ဖို ့ နဂါးေတြက န ဂါးျပည္က ေရေျကာယူျပီး ေရထြက္ေစခဲ့ပါသတဲ ့
ကတိုးေရထြက္က ေတာ့ ေတာင္ေျခကေန ၂ ဖာလံုခန္ ့ေဝးျပီး
ေျမေအာက္ သံုးေနရာက ေန ေရမ်ား ပြက္ထြက္လွ်ံျကေနတာ
အခုေတာ့ အုတ္ကန္ျကီးေတြတည္ေဆာက္ျပီးေရေတြကို အသံုးျပဳနိုင္ဖို ့ ့စုစည္းေပးထားပါတယ္

ဘယ္လင္းအေရွ ့ဖက္က ရဲရမန္းေတာင္ေျကာမွာ ဓါတ္ေတာ္ေတာင္ ႏြားလည္ေကာက္ေတာင္ မဆိတ္ေတာင္ သံေတာ္ျမြက္ေတာင္ ေတြရွိျပီး

ပန္ဝန္းက်င္က သိပ္သာယာပါတယ္

ေက်ာက္ဆည္အေရွ ့ဖက္က ေတာင္တန္းေတြကို #ရဲရမန္းေတာင္တန္းေဒသ လို ့ ေခၚျပီး ကညင္ သစ္မာနဲ ့ သန္း ဒဟတ္ေတြ ထူထပ္လွတဲ ့ ရဲရမန္းေတာင္ပါ ( အခုေတာ့ ကုန္ျပီေပါ့ေလ )

အဲ့ဒီေတာင္တန္း အစုမွာ ဓါတ္ေတာ္ေတာင္လည္းပါပါတယ္

ဓါတ္ေတာ္ေတာင္ဘုရားပြဲက တေပါင္းလဆန္း ၁၂ ရက္ေန ့ကေန လျပည့္အထိ ျဖစ္ပါတယ္

AungThat oo

 #တမုတ်မြို့ဟောင်းနှင့်  #တမုတ်ရှင်ပင်ရွှေဂူဘုရား မန္တလေးတောင်ဖက် ကပ်လျက်မှာ မြို့ဟောင်းတွေ တမျှော်တခေါ် တသီတတန်း တွေ့နိ...
30/10/2019

#တမုတ်မြို့ဟောင်းနှင့် #တမုတ်ရှင်ပင်ရွှေဂူဘုရား မန္တလေးတောင်ဖက် ကပ်လျက်မှာ မြို့ဟောင်းတွေ တမျှော်တခေါ် တသီတတန်း တွေ့နိုင်ပါတယ်
အမရပူရ စစ်ကိုင်း အင်းဝ ပင်းယ
မက္ခရာ မြင်းစိုင်း ပင်လယ် မိုင်းမော
မှာ အစ ပုဂံကင်းတပ်မြို့ဟောင်းများ ခံလူး ရငုန် ပနန် နဲ့
တမုတ် မြို့တွေပါ

အဲ့ဒီအထဲက တမုတ်မြို့ဟောင်းကတမုတ်ရှင်ပင်ရွှေဂူဘုရားဟာ ကျောက်ဆည်မြို့နားက ကြောင်ပန်းကုန်း ။ညောင်ပင်ဇောက် ငယ်တိုး ကျေးရွှာနားမှာ တည်ရှိပြီး ပုဂံခေတ်က အနော်ရထာမင်းကြီးက လယ်တွင်း ၁၁ ခရိုင်မှာ ရွှေဂူဘုရား ၉ ဆူ တည်ထားတော်မူ တဲ့အထဲက တဆူဖြစ်ပါတယ်

ပုဂံခေတ် နရပတေ့ စည်သူမင်းလက်ထက်မှာ အနော်ရထာမင်းတည်ထားတော်မူတဲ့ မူလစေတီတော် အထွဋ်တင် တထပ်ဂူဘုရားငယ်ဟာ ယိုယွင်းနေတဲ့အတွက် ကွမ်းတောင်ပေါက် နှစ်ထပ် ဂူဘုရားအဖြစ် ပြောင်းလည်းပြီး ပြုပြင်တည်ထားတော် မူပြန်ပါတယ်

ပင်းယခေတ် ရောက်တဲ့အခါမှာ ဥစ္စနာမင်းကြီးက အပေါ်ကနေမူလစေတီတော် သိမ်တော်တို့ကို ငုံပြီး ပင်းယဟန် စေတီတော်တထပ် လူဒါန်းတော်မူပြန်ပါတယ်
သက္ကရာဇ် ၇၁၈ ခုနှစ် ပင်းယ ခေတ်မှာပဲ ပင်းယဘုရင် ဆင်ဖြူရှင်ကျော်စွာမင်းက ဘုရားကျွန် ကံကြွေးနှင့်တကွ ဥယျဉ်လယ်ယာတို့ကို လူဒါန်းပြီး စည်ပင်စေခဲ့တာပါ

ပင်းယခေတ်နောက်ပိုင်းမှာ ပြုပြင်ထိမ်းသိမ်းသူ မရှိခဲလို့ ဘုရားကုန်းတော်ဟာ ပျက်စီးပြီး တောချုံအတိ ဖုံးလွှမ်းနေခဲ့ ရပါတယ်

ခရစ်နှစ် 1915 ခု မှာ ကြောင်ပန်းကုန်းရွှာနေ ဦးစံထွားက
ပျက်စီးနေတဲ့ အုတ်ပုံကုန်းတော်ကြီး အပေါ်မှာ ဉာဏ်တော် ၂၁ ပေ အမြင့်ရှိ ၉ တောင်ပြည့် စေတီတော်ကို တည်ထား ကိုးကွယ်ခဲ့ပြန်တာပါ

ခရစ်နှစ် 1993 ခုမှာ ဆရာတော် ဘဒ္ဒန္တ စန္ဒောဘာသ သီတင်းသုံးပြီး တော်ချုံတွေကို ရှင်းလင်းခုတ်ထွင်ရာမှ
မူလစေတီတော်ရဲ့ မြောက်မုခ်ကို စတွေ့ပါတယ်ဒီလိုတွေ့ရတော့

ဆရာတော်ရဲ့ဦးဆောင်မူ့နဲ့ ကုန်းတော်ကြီး တခုလုံး ရှင်းလင်းရာ မှာ မူလစေတီတော်ရဲ့ မုခ် ပစ္စယာ ပန္နက်တွေ အများအပြားတွေ့ရှိလာတော့
ယဉ်ကျေးမူ့ဝန်ကြီးဌာနကို ရှေးမူမပျက်ပြင်ဆင်ခွင့် တောင်းခံကြပါတော့တယ် ဝန်ကြီးဌာန က2008 ခုနှစ်မှာ ခွင့်ပြုတာ ကြောင့် 2009 ခုနှစ်မှာ ရှေးဟောင်းစံ အတိုင်းတူးဖော်ခြင်းကို စတင်ပါတော့တယ်

အဲ့ဒီနှစ်မှာပဲ အင်္ဂတေ ပန်းတော့ ဗိသုကာ အပြောက်အမွမ်းတွေနဲ့ ခမ်းနားလွန်းလှ တဲ့ မြောက်ဖက်မျက်နှာလှည့်နှစ်ထပ် စေတီတော်ကြီး ပေါ်ထွက်လာပါတော့တယ်

စေတီတော် ကီး တဆူလုံးပေါ်ထွန်းလာတဲ့အခါ အတွင်းအပြင် ပုဂံခေတ်လက်ရာ ပန်းတမော့များ နံရံဆေးရေး ပန်းချီများ စဉ့်ကွင်းများ ငါးရာ့ငါးဆယ် နိပါတ် ရုပ်ကြွများ နဲ့ဇာတ်တော်နံပါတ်စဉ်များလေးမျက်နှာမုခ်ဦးတံကဲ အံဘနန်းလက်ရာတွေ တွေ့ရတာပါ တမုတ်ရွှေဂူဘုရားကြီးက
ပု ဂံခေတ်ဦး ပုဂံနှောင်းပိုင်း ပင်းယခေတ်နှင့် ပျူအရိုးအိုးတွေပါ ယဉ်ကျေးမူ့တန်ဖိုး အလွန်မြင့်မားတဲ့အတွက်

နိုင်ငံတော်အစိုးရ ယဉ်ကျေးမူ့ ဝန်ကြီးဌာနက နေ

မန္တလေးတိုင်း ကျောက်ဆည်မြို့နယ်ရှိ တမုတ်ရှင်ပင် ရွှေဂူကြီး စေတီတော် တည်ရှိရာ ပရိဝုဏ်ကို ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေ ပုဒ်မ ၄ ပုဒ်မခွဲ (က) အရ ပြည်ထောင်စု အစိုးရအဖွဲ့၏ သဘောတူညီမှုဖြင့် ရှေးဟောင်းအထိမ်းအမှတ်အဆောက်အအုံတည်ရှိရာဇုန် ( Ancient Monumental Zone ) အဖြစ် ယဉ်ကျေးမှုဝန်ကြီးဌာန အမိန့်ကြေညာစာအမှတ် ၁၁၇/၂၀၁၅ ဖြင့် မြန်မာသက္ကရာဇ်၁၃၇၇ခုနှစ်၊တန်ဆောင်မုန်းလပြည့်ကျော် ၁၅ရက်နေ့၊ခရစ်သက္ကရာဇ် ၂၀၁၅ခုနှစ် ဒီဇင်ဘာလ ၁၁ရက်နေ့တွင်အတည်ပြု သတ်မှတ်လိုက်ပါတယ်

တမုတ်ရှင်ရွှေဂူဘုရားကြီးက မန္တလေးမြို့မှ တောင်ဖက် မိုင် ၃၀ ခန့်အကွာ ကျောက်ဆည် အနောက် / အနောက်မြောက်ဖက်မှာတည်ရှိပါတယ်

Credit Aung Thatoo

Address

Mandalay

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

09-7777 00 361

Website

Alerts

Be the first to know and let us send you an email when Promotion at Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share