AAT Business School Mandalay

AAT Business School Mandalay To share the beautiful tips of Business Management updates.

🍽🍴 စ တု ဒိ သာ 🍲🍚🍵
27/11/2021

🍽🍴 စ တု ဒိ သာ 🍲🍚🍵

ကျေးဇူးရှင် ဆရာမကြီး ဒေါ်အေးအေးသန့်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်လိုသည့်မိတ်ဆွေများ၊ တီချယ်ကြီး၏ ကျောင်းသားဟောင်း...
04/10/2021

ကျေးဇူးရှင် ဆရာမကြီး ဒေါ်အေးအေးသန့်ရဲ့ နောက်ဆုံးခရီးကို လိုက်ပါပို့ဆောင်လိုသည့်
မိတ်ဆွေများ၊ တီချယ်ကြီး၏ ကျောင်းသားဟောင်းများကို ညိုးငယ်စွာ အသိပေးအပ်ပါတယ် ခင်ဗျာ။

မှောင်မိုက်သွားတာခြင်းတူပေမယ့် လမ်းပြပေးသူဟာ အမှောင်တွေထဲမှာတောင် ဆက်ပြီး လင်းလက်နေဦးမှာပါ။Oct 3 2021
03/10/2021

မှောင်မိုက်သွားတာခြင်းတူပေမယ့်
လမ်းပြပေးသူဟာ
အမှောင်တွေထဲမှာတောင်
ဆက်ပြီး လင်းလက်နေဦးမှာပါ။

Oct 3 2021

🔷 Software Engineer အဖြစ် ရပ်တည်ကြမည့် လူငယ်များအတွက် ရည်ရွယ်ကျင်းပလျက်ရှိသော SE2020 Software Contest ရဲ႕ အသိပညာ မျှဝေမှ...
07/11/2020

🔷 Software Engineer အဖြစ် ရပ်တည်ကြမည့် လူငယ်များအတွက် ရည်ရွယ်ကျင်းပလျက်ရှိသော SE2020 Software Contest ရဲ႕ အသိပညာ မျှဝေမှု အစီအစဥ်တွင် AAT BUSINESS CENTRE တည်ထောင်သူ တီချယ်ကြီး ဒေါ်အေးအေးသန့် မှ "Value Innovation" ခေါင်းစဉ်ဖြင့် ယနေ့ ည ၉ နာရီ အချိန်တွင် ဟောပြောမှာဖြစ်ပါတယ်။

🔷 AAT ကို ချစ်ခင်ကြသူများ ကြည့်ရှနိုင်ရန်အတွက် AAT Page တွင်လည်း Online Live Stream ထုတ်လွှင့်မည် ဖြစ်ပါကြောင်း ကြိုတင် သတင်းစကား ပါးအပ်ပါတယ်ခင်ဗျာ.....

Date & Time
- - - - - - - - -
🗓 7.11.2020(SATURDAY)
🕰 09:00 PM

🏋️‍♀️ No shame on WORK HARD 🏋️‍♂️=========================        လူတစ်‌ယောက်ရဲ့ ဘဝရှေ့လျှောက် ဘာဖြစ်မလဲရဲ့အစက သူ့ရဲ့အိပ...
03/10/2020

🏋️‍♀️ No shame on WORK HARD 🏋️‍♂️
=========================
လူတစ်‌ယောက်ရဲ့ ဘဝရှေ့လျှောက် ဘာဖြစ်မလဲရဲ့အစက သူ့ရဲ့အိပ်မက်တွေက စပါတယ်။ ဘယ်လို ဘဝမျိုးရချင်တယ်၊ အချိန်တန်ရင် ဘာဖြစ်ချင်တယ်.... အစရှိသဖြင့်ပေါ့။ အဲဒီ အိပ်မက်ဘဝကို တကယ်ရဘို့ ဆိုရင်တော့ မရ ရအောင်ကြိုးစားပြီး လက်တွေ့ အကောင်အထည်ဖော်ခြင်းက နောက်က မဖြစ်မနေ လိုက်ရပါတယ်။ ဘယ်တော့ အကောင်အထည်ပေါ်မှာလဲ ဆိုတဲ့ အချိန်အတိုင်းအတာက ဘယ်လောက် အားထည့်ပြီး ကြိုးစားသလဲ ဆိုတာပေါ်မူတည်ပါတယ်။ ကိုယ်လိုချင်တဲ့ဘဝကို ရဘို့ ကြိုးစားအားထုတ်ခြင်းဆိုတဲ့ ကုန်ကြမ်းကို အစားထိုးစရာ မရှိသေးပါ။

Joy Mangano ဆိုတာ အမေရိကန်နိုင်ငံမှာ သက်ရှိထင်ရှားရှိနေတဲ့ အသက်(၆၄)နှစ်အရွယ် စွန့်ဦးတီထွင် လုပ်ငန်းရှင် အမျိုးသမီးတစ်ဦးပါ။ အိမ်ထောင်ကွာရှင်းထားတဲ့ ကလေးသုံး‌ေယာက်အမေ၊ စားပွဲထိုး၊ လေယာဥ်လက်မှတ် အရောင်းစာရေးမ အစရှိတဲ့ ဝင်ငွေနည်း အလုပ်မျိုးစုံလုပ်ပြီး ရုန်းကန်နေရသူပါ။ ဒါပေမယ့် ငယ်ငယ်ကတည်းက တီထွင်ဆန်းသစ်မှုကို ဝါသနာအလျောက် လုပ်တဲ့ အလေ့အကျင့်ရှိတယ်။ တစ်နေ့ အိမ်သန့်ရှင်းရေးလုပ်ရင်း ကြမ်းတိုက်အဝတ်တွေ ရေမစုပ်လို့ ဒုက္ခ ရောက်ရာကနေ ၁၀၀ %ချည်နဲ့ လုပ်ထားတဲ့ အပေါ့စား ကြမ်းတိုက်တံ အသစ်ကို ထွင်တယ်။ အခက်အခဲတွေ ကြားထဲကဘဲ အလွန်အောင်မြင်ပြီး နောက်ထပ်ပစည်းပေါင်းများစွာ ထပ်မံ တီထွင်ရင်း သန်းကြွယ်သူဌေးမ၊ လုပ်ငန်းရှင် ဖြစ်လာခဲ့ပါတယ်။

သူမအကြောင်းကို “Joy” ဆိုပြီး 20th Century FOX ကတောင် ရုပ်ရှင်ရိုက်ထားပါသေးတယ်။ အဲဒီအထဲမှာ ကျွန်မ သိပ်သဘောကျတဲ့ ဇာတ်ဝင်ခန်းတစ်ခန်းရှိပါတယ်။ သူ့ရဲ့ ကြမ်းတိုက်တံကို စျေးဝယ်စင်တာတစ်ခုရဲ့ ကားပါကင်မှာ နမူနာလုပ်ပြရင်း မိတ်ဆက်နေတုန်း ရဲကလာဖမ်းတော့ အပြေးအလွှား တောင်းပန်ပြီး ထွက်ပြေးဘို့ လုပ်ရပါတယ်။ အဲဒီအချိန်မှာ ခင်ပွန်းဟောင်းရဲ့ ရည်းစားအသစ်က “ရှက်စရာကောင်းလိုက်တာ၊ ဒီသန့်ရှင်းရေး အမျိုးသမီးက ကလေးကို ဒီလိုဘဲ ထိန်းကျောင်းတဲ့ အမေလား” ဆိုပြီး ကဲ့ရဲ့ရှုတ်ချပါတယ်။ သူတို့ သားအမိ အိမ်ပြန်ရောက်တော့ သမီးလေးက အဲဒီလို အပြောခံရတာ ရှက်တယ်လို့ Joy ကို ပြောပါတယ်။ အဲဒီမှာ Joy က သူမရဲ့သမီးလေးကို ဒီလို သင်ပါတယ်။

“ First of all……… if I was a cleaning lady, so what ? There’s no shame on work hard”
“ပထမဆုံး ပြောချင်တာကတော့ တကယ်လို့ မေမေဟာ သန့်ရှင်းရေး အမျိုးသမီးတစ်ယောက် ဖြစ်ခဲ့ရင်တောင် ဘာဖြစ်လဲ။ အလုပ်ကြိုးစားတာဟာ ရှက်စရာမဟုတ်ဘူး” တဲ့။

တိုးတက်ဖွံ့ဖြိုးလာတဲ့ နည်းပညာကြောင့် ပညာရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီးမှာ လုပ်ချင်တာတွေကို အလွယ်တကူရနေကြတော့ ဘာမဆို ထဲထဲဝင်ဝင် အားစိုက်ပြီး ကြိုးစားတဲ့ဘက်မှာ အားနည်းလာကြတာကို တွေ့လာရတယ်။ အလွယ်တကူရတဲ့ ဖြတ်လမ်းနည်းတွေကို သုံးရင်း၊ WORK SMART ဆိုတာနဲ့ ရောပစ်လိုက်ကြတယ်။ တကယ်တော့ စမတ်ကျတယ်ဆိုတာ ပြိုင်ဘက်ထက် အရင်းအမြစ်သုံးတာ ပိုနည်းပြီး ရတဲ့ရလာဒ်က ပိုကောင်း၊ ပိုများအောင် စွမ်းဆောင်နိုင်တဲ့ ကိုယ်ရည်ကိုယ်သွေးကို ဆိုလိုတာပါ။ အလွယ်တကူရတဲ့ ဖြတ်လမ်းနည်းနဲ့ ဒါမှမဟုတ် သူများရဲ့ အတွေးအခေါ် လုပ်ပုံလုပ်နည်းကို မတရားနည်းနဲ့ ကိုယ့်ဟာဖြစ်အောင် ယူသုံးတဲ့ အခွင့်အရေးယူတတ်ခြင်းကို ဆိုလိုတာ မဟုတ်ပါဘူး။

ကိုယ်တိုင်က တစ်ခုခုရဘို့ ရေဆုံး၊ရေဖျားမကြိုးစားဖူးဘဲနဲ့ ဘယ်နည်းက ပိုထိရောက်တယ်ဆိုတဲ့ အတွေးအခေါ်ကို ကိုယ်တိုင်မသိမြင်ဘဲနဲ့ စမတ်ကျတယ်လို့ ပြောလို့ မရပါဘူး။ WORK HARD မလုပ်ဖူးဘဲ WORK SMART ဆိုတာ မရှိနိုင်၊ မဖြစ်နိုင်ပါဘူး။ ပိုဆိုးတာက ရေကုန်ရေခန်း ကြိုးစားနေတဲ့သူတွေကို သူတို့ မတော်လို့ အဲဒီလို ကြိုးစားနေရတာ ဆိုတဲ့ အမြင်နဲ့ ပြုမူဆက်ဆံတာတွေဟာ လူမှုပတ်ဝန်းကျင်မှာ တကယ်မရှိသင့်၊ မဖြစ်သင့်တဲ့ ကိစ္စပါဘဲ။

ဒါကြောင့် အလုပ်ကြိုးစားတာဟာ ရှက်စရာမဟုတ်၊ ဂုဏ်ယူစရာပါ။ အိပ်မက်တွေ အကောင်အထည်ပေါ်ဘို့ အလုပ်ကြိုးစားကြပါစို့လို့။

ကိုးကား။ ။ ၁။ Joy Mangano, Wikipedia
၂။ “Joy” film(2015), 20th Century FOX

🏆ကိုယ်တိုင်လုပ် အောင်မြင်မှု (Self made success)🏆================================       စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေ...
26/09/2020

🏆ကိုယ်တိုင်လုပ် အောင်မြင်မှု (Self made success)🏆
================================
စီးပွားရေးလုပ်ငန်းစလုပ်မယ့်သူတွေ အများဆုံးမေးလေ့ရှိတဲ့ မေးခွန်းက “ဘာအရေးကြီးဆုံးလဲ” ဆိုတဲ့ မေးခွန်းပါဘဲ။ နှုတ်က ထုတ်မပြောပေမယ့် သူတို့ ပြောချင်နေတာက “ငွေက အရေးအကြီးဆုံးလား” လို့ မေးချင်ကြတာပါ။ စီးပွားရေး လုပ်ငန်းလုပ်မယ် စဥ်းစားကတည်းက ငွေရှိမှ ဖြစ်မယ်ဆိုပြီး စုပြီး၊ ဆောင်းပြီး နေကြပြီ။ “ေဈးကွက်လိုအပ်ချက်က အရေးအကြီးဆုံးပါ” လို့ ဖြေရင်လည်း သူတို့ ဆက်မေးတာက “အဲဒါပြီးရင်လည်း ဒုတိယက ငွေဘဲ မဟုတ်လား” ဆိုတာပါ။

ကျွန်မရဲ့ စွန့်ဦးတီထွင် လုပ်ငန်းရှင်ဘဝ သက်တမ်းမှာ ငွေထက်ပိုပြီး လိုချင်ခဲ့တာကတော့ “သာတူညီမျှ အခွင့်အရေး” ပါ။ “Level playing field” ပေါ့။ အရင်းအမြစ်တွေ၊ လုပ်ပိုင်ခွင့်တွေ၊ အထောက်အပံ့ အကူအညီတွေနဲ့ စီးပွားရေးလုပ်ငန်းကို လုပ်ခွင့် ရခဲ့တဲ့သူတွေ ရှိခဲ့သလို၊ တန်းတူ လုပ်ခွင့် မရခဲ့တဲ့သူတွေ၊ လုပ်ခွင့် မယူခဲ့တဲ့သူတွေ ရှိခဲ့ကြတာဟာ Playing field က Level မဖြစ်ခဲ့လို့ပါ။

ဒီလို မညီမျှတဲ့ အခြေအနေကြားမှာဘဲ မရ ရအောင် ရှင်သန်သွားခဲ့သူတွေလည်း ရှိခဲ့ကြပါတယ်။ သူများအကူအညီတွေ၊ အခွင့်အရေးပေးမှုတွေ မရတဲ့ကြားထဲကဘဲ ကိုယ့်သမိုင်းကို တည်ဆောက်သွားတဲ့ သူတွေကတော့ အဆင်မပြေမှုတွေ ကြုံတွေ့နေရတဲ့ အချိန်တွေမှာ “အဲဒါ ဘယ်သူ့ကြောင့်" ၊ “ဘယ်သူက ဘယ်တုန်းက ဘယ်လို မကူညီခဲ့လို့”၊ “ဘယ်သူ မလုပ်ပေးလို့” ၊ “ဘယ်သူ့မှာ တာဝန် ရှိတယ်” ဆိုပြီး လက်ညှိုးထိုး မနေပါဘူး။ တကယ် အဆင်ပြေချင်တာက “ကိုယ်” ဆိုတော့ အဲဒါ ကိုယ့်ကိစ္စ ကိုယ့်တာဝန်ဘဲလို့ ရဲရဲလက်ခံပြီး တာဝန်ယူသွားကြပါတယ်။

အခက်အခဲတိုင်းကို ကိုယ်တိုင်ရင်ဆိုင်ဖြေရှင်းကျော်လွှားပြီး ရယူခဲ့တဲ့ အောင်မြင်မှုနဲ့ တစ်စုံ တစ်‌ေယာက်ရဲ့ ကူညီပံ့ပိုးမှုကြောင့် ရလာတဲ့ အောင်မြင်မှု နှစ်ခုရဲ့ ဂုဏ်သိက္ခာချင်း၊ ရေရှည်တည်မြဲခြင်း၊ အရသာရှိပုံခြင်းက ကွာခြားလှပါတယ်။ ကိုယ်တိုင်လုပ် အောင်မြင်မှုပေါ့လေ။ အဲဒါနဲ့ပတ်သက်ပြီး (၁၉)ရာစုနောက်ပိုင်း အမေရိကန်နိုင်ငံရဲ့ သမိုင်းမှာ ရှိခဲ့ဖူးတဲ့ ပထမဆုံး အာဖရိကန်နွယ်ဖွား စွန့်ဦးတီထွင် လုပ်ငန်းရှင် အမျိုးသမီး သန်းကြွယ်သူ‌‌ေဌး တစ်‌ေယာက် ဖြစ်တဲ့ မဒမ် စီ‌ေဂျဝါကာ ရဲ့ အကြောင်းလေးကို အနည််းငယ် ပြောပြချင်ပါတယ်။

၁၈၆၇ ခုနှစ်မှာ ငွေဝယ်ကျွန် မိဘ နှစ်ပါးက မွေးဖွားခဲ့ပြီး မွေးချင်း (၇)‌ေယာက်ထဲက (၆)‌ေယာက်မြောက်ပါ။ သူ့ကို မွေးကာနီးလေးတင်ဘဲ ငွေဝယ်ကျွန်တွေ လွတ်လပ်ခွင့် ရသွားတဲ့အတွက် အရှေ့က (၅)‌ေယာက်လို ကျွန် မဖြစ်ခဲ့ပါဘူး။ (၇)နှစ် သမီးဘဝမှာ မိဘနှစ်ပါးလုံး ကွယ်လွန်တယ်။ (၁၄)နှစ်မှာ အိမ်ထောင်ကျတယ်။ သမီးလေးတစ်‌ေယာက်ရပြီး အသက်(၂၀)မှာ မုဆိုးမ ဖြစ်သွားပြီ။ ပညာသင်ခွင့် မရခဲ့တဲ့အတွက် လောက်လောက်လားလား လုပ်ကိုင်စားသောက်စရာဆိုလို့ အခြားအိမ်တွေရဲ့ အဝတ်ကို အငှားနဲ့ လိုက်လျှော်ရတဲ့အခါမှာ စားဝတ်နေရေးက မလုံလောက်တော့ဘူး။

ငွေကြေးအရ မှီခိုမှု ကင်းချင်တဲ့အခါ ကိုယ်တွေ့ အဆင်ပြေခဲ့ဖူးတဲ့ ဆံပင်ပေါက်ဆေး၊ ဆံပင်သန်ဆေးကို ဖော်စပ်ပြီး ကိုယ်ပိုင်လုပ်ငန်း စတင်ခဲ့တယ်။ အာဖရိကန်နွယ်ဖွား အမျိုးသမီးတစ်‌ေယာက်ကို မယုံကြည်ကြတဲ့အတွက် အကူအညီ မရခဲ့တဲ့အပြင် စိတ်အားငယ်စရာတွေ၊ ထိုးနှက်မှုမျိုးစုံ နဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရတယ်။ အဲဒီမှာတင် သူ့ကိုယ်သူဘဲ အားကိုးရတော့မယ်ဆိုတာ မြင်လာခဲ့တယ်။

အရာအားလုံးကို သူ့စိတ်ကူး၊ အတွေးအခေါ်နဲ့ ကိုယ့်အားကိုယ်ကိုးပြီး ကြိုးစားခဲ့တာ ၁၉၁၀ ခုနှစ်ကျော်လောက်မှာ ဝန်ထမ်း သုံးသောင်းလောက်အထိ ပညာသင်ပေးပြီး ခန့်ထားနိုင်ခဲ့တဲ့ ကုမ္ပဏီကြီးဖြစ်သွားတယ်။ ကိုယ်တိုင်လည်း ပထမဆုံး အာဖရိကန်နွယ်ဖွား သန်းကြွယ်အမျိုးသမီးအဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်ခဲ့တယ်။

အခုလို သန်းကြွယ်အမျိုးသမီး တစ်‌ေယာက်အဖြစ် အောင်မြင်မှုကို ခက်ခက်ခဲခဲနဲ့ ကိုယ့်အားကိုယ်ကိုးပြီး လက်တွေ့ ရယူပြနိုင်ခဲ့တဲ့ သူမရဲ့ ကိုယ်တိုင်လုပ် အောင်မြင်မှုနဲ့ ပတ်သက်တဲ့ အတုယူ လေးစားဖွယ် စကားလေးတစ်ခွန်းကို မျှ‌ေဝချင်ပါတယ်။

“There is no royal flower-strewn path to success. And if there is, I have not found it for I have accomplished anything in life. It is because I have been willing to work hard.”
“အောင်မြင်မှုဆီရောက်ဘို့ ပန်းခင်းလမ်းဆိုတာ မရှိပါဘူး။ တကယ်လို့ ရှိခဲ့တယ် ဆိုရင်လည်း ကျွန်မ ဖြတ်သန်းခဲ့တဲ့ တလျှောက်မှာ မတွေ့ခဲ့ဖူးဘူး၊ ကိုယ်တိုင်ကလည်း အလုပ် ကြိုးစားချင် နေခဲ့လို့ပေါ့လေ” တဲ့။

ငြင်းဆန်မှုတွေကို ကျော်လွှား၊ အနီးကပ် ထိုးနှက်မှုတွေကို ရင်ဆိုင်ဖြေရှင်းသွားခဲ့တဲ့၊ အောက်ဆုံးအဆင့်ကနေ အမြင့်ဆုံးထိရောက်အောင် တက်လှမ်းနိုင်ခဲ့တဲ့ အမျိုးသမီးတစ်ဦးရဲ့ အားကျဖွယ် စိတ်ဓါတ်ခွန်အားကို လေးစားဂုဏ်ပြုရင်း ... ။

အေးအေးသန့်
စက်တင်ဘာ ၂၆၊ ၂၀၂၀
=============================

ကိုးကား -
“Madam C. J. Walker”, Wikipedia

📌Quote of the Day✒️===============☀️Professional ဟူသည်......
22/09/2020

📌Quote of the Day✒️
===============
☀️Professional ဟူသည်......

🚴‍♀️ဘယ်လောက်‌‌‌ေဝး ေဝး 🚴-=-=-=-=-=-=-=-=-=-=          ပတ်ဝန်းကျင်အခြေအနေက ပြောင်းလဲလာလို့ ကိုယ့်လုပ်ငန်းတွင်း လုပ်ပုံကို...
18/09/2020

🚴‍♀️ဘယ်လောက်‌‌‌ေဝး ေဝး 🚴
-=-=-=-=-=-=-=-=-=-=

ပတ်ဝန်းကျင်အခြေအနေက ပြောင်းလဲလာလို့ ကိုယ့်လုပ်ငန်းတွင်း လုပ်ပုံကိုင်ပုံတစ်ခုခုကို အလိုက်သင့်ဖြစ်အောင် ပြောင်းလဲဖို့ လိုတဲ့အချိန်မှာ လုပ်ငန်းရှင်တွေ၊ ခေါင်းဆောင်တွေ အများဆုံးရင်ဆိုင် ကြုံတွေ့ကြရတာကတော့ Idea Killer တွေပါဘဲ။ “မဖြစ်နိုင်ဘူး” “လုပ်လို့ရမှာမဟုတ်ဘူး” “အရင်က အကောင်းဆုံး လုပ်ခဲ့ပြီးပြီဘဲ၊ မတတ်နိုင်ဘူး” “ဘာလို့ပြောင်းလဲရမှာလဲ” စတဲ့ တုန့်ပြန်မှုမျိုးတွေကို ပေးတတ်တဲ့သူတွေပါ။ အံဩစရာကောင်းတာက အဲဒီ Idea Killer ဆိုတာ တစ်ခါတစ်ရံ ကိုယ်ကိုယ်တိုင်လည်း ဖြစ်နေတတ်တာပါဘဲ။ ကိုယ်လည်း အပြောင်းအလဲတစ်ခုကို ရင်မဆိုင်ချင်ဘူးဆိုရင် မဖြစ်နိုင်တဲ့ဘက်က စ တွေးတော့တာဘဲလေ။

ဒါကြောင့် ကျွန်မ ပြောနေကျစကားရှိတယ်။ “လုပ်လို့ရမှာ မဟုတ်ဘူး” ရဲ့ နောက်ကွယ်မှာ “လုပ်မကြည့်ချင်ဘူး” ဆိုတဲ့ ငြင်းဆန်မှု အဓိပ္ပါယ်သက်ရောက်နေတယ် ဆိုတာပါ... လက်ရှိသာယာနေတဲ့ အနေအထား (Comfort zone) ကနေ ပြန်လည် အစပြုရမယ့် အနေအထား (သို့) ရုန်းကန်လှုပ်ရှားရမယ့် အခြေအနေမျိုးကို ကျော်လွှားဖြတ်သန်းဘို့ ဘယ်သူမှ အလွယ်တကူ မလုပ်ချင်ပါဘူး။

ဒါပေမယ့် ကျွန်မတို့မှာ အခွင့်အလမ်းဆိုတဲ့ စိန်ခေါ်မှုကြီးက တစ်ဖက်မှာ ရှိနေတတ်ပါတယ်။ အဲဒီအရာက တစ်ခါတစ်ရံ သိပ်ဆွဲဆောင်မှု ရှိနေတတ်ပြန်ပါတယ်။ အဲဒါတွေဟာ တစ်ခါတစ်ရံ ငွေနဲ့တန်ဖိုးဖြတ်လို့မရတဲ့ ဂုဏ် သိက္ခာဆိုတာတွေ၊ ကိုယ် ဘယ်သူလဲ ဆိုတာတွေ၊ သူများကို ကျေးဇူးပြုချင်တာတွေ ဖြစ်တတ်ပါသေးတယ်။

၁၉၇၃ ခုနှစ်တုန်းက တကယ့်ဖြစ်ရပ်မှန်ကို အခြေခံပြီး Disney က ပြန်ရိုက်ထားတဲ့ Secretariat ဆိုတဲ့ ရုပ်ရှင်ကားထဲမှာ Penny ဆိုတဲ့ အိမ်ရှင်မ တစ်‌ေ‌ယာက်ဟာ အမွေဆက်ခံရတဲ့ မြင်းမွေးမြူရေးခြံကြီးကို ဆက်လက်လုပ်ကိုင် ထိန်းသိမ်းဘို့ ဖြစ်လာပါတယ်။ အမွေဆက်ခံရတဲ့အထဲမှာ ‌ေဒါ်လာခြောက်သန်း အကြွေးပါ ပါတယ်။ အမွေက မောင်နှမ နှစ်‌ေယာက်ဆက်ခံရတာပါ။ အကိုဖြစ်သူက ဒီမွေးမြူရေးခြံကို စိတ်မဝင်စားတဲ့ အတွက် ရောင်းပြီး အကြွေးဆပ်၊ ပိုတာကို ခွဲ‌ေဝယူမယ်လို့ အဆိုပြုတယ်။ Penny ရဲ့ အမျိုးသားကလည်း မြို့ပေါ်မှာ အခြေကျနေတဲ့ မိသားစုကိုခွဲပြီး ဒီခြံဆက်လုပ်ဘို့ တောမှာ လာနေမယ့် Pennyကို သဘောမတူဘူး။

Penny က မိန်းကလေးဆိုပေမယ့် ဖခင်ကြီး မြတ်နိုးတဲ့ ခြံရယ်၊ မြင်းတွေရယ်ကို မရောင်းရက်ဘူး။ သေတမ်းစာအရ ခြံကိစ္စ နဲ့ပတ်သက်ရင် မောင်နှမ နှစ်‌ေယာက်လုံး အတူတူဆုံးဖြတ်ရမယ် ဆိုပေမယ့် မြင်းတွေနဲ့ ပတ်သက်တဲ့ ဆုံးဖြတ်ချက်ကတော့ Penny တစ်ဦး တည်းဘဲ ဆုံးဖြတ်ရမှာ ဖြစ်တယ်။

Penny က ခြံကို မရောင်းဘို့နဲ့၊ မြင်းတွေကို အသုံးချပြီး အကြွေးဆပ်ဘို့ အကြံရတယ်။ မွေးထားတာ ပြိုင်မြင်းတွေချည်းဘဲ။ အဲဒီထဲမှာ “Secretariat” လို့ သူနာမည်ပေးထားတဲ့ မြင်းလေးက မျိုးရိုးအရ ဆုဖလားပိုင်ရှင် ဖြစ်နိုင်တယ်။ Pennyရဲ့ Idea က ဒီမြင်းလေးကို အတော်ဆုံး ထရိန်နာနဲ့ လေ့ကျင့်မယ်။ အတွေ့အကြုံအရှိဆုံး ‌ေဂျာ်ကီနဲ့ ပြိုင်ပွဲဝင်မယ်။ (၃)ပွဲ ဆက်တိုက်နိုင်ရင် အကြွေးဆပ်ရမယ့်ငွေကိုတောင် ကျော်သွားမယ် လို့ ဆိုတယ်။ အဲဒီအချိန်မှာ လုပ်ငန်းတူ တစ်‌ေယာက်က Secretariat ကို ‌ေဒါ်လာ (၇)သန်း ပေးဝယ်နေတယ်။ အကိုနဲ့ ‌ခင်ပွန်းဖြစ်သူ နှစ်‌ေယာက်ဟာ Idea Killers တွေပေါ့။ Secretariat ကို ရောင်းလိုက်ရင် ဘာRisk မှ ယူစရာ မလိုဘဲ အေးအေးဆေးဆေး အကြွေးပြေလည်သွားမယ်။

Pennyက လက်ရှိ အကြွေး ပြေလည်တာလေးကိုဘဲ မကြည့်ဘူး။ ရေရှည် အကျိုးစီးပွား အတွက်ရော၊ ခြံရဲ့ ဂုဏ်သိက္ခာရော၊ ဖခင်ကြီးရဲ့ နာမည်အတွက်ရော စဥ်းစားပြီး သူ့Idea ကိုဘဲ လက်ခံဘို့ တောင်းဆိုတဲ့ ဇာတ်ဝင်ခန်းထဲက စကားလေးကို မျှ‌ေဝချင်တာပါ။ သူ့အကိုက သူ့အဖေ လုပ်ခဲ့တာတွေဟာ ပြီးသွားပြီ။ ပြန်ရစရာ ဘာမှ မရှိတော့ဘူး။ ခုကိစ္စ ပြေလည်ဘို့ဘဲ အရေးကြီးတယ်လို့ ဆိုချိန်မှာ... Penny က...
“This isn't about going back, it's about life being ahead of you and you run at it! Because you never know how far you can go unless you run.”

ကျွန်မ သိပ်သဘောကျမိတဲ့ စကားလေးပါ။ ပြီးခဲ့တာတွေကို ပြန်ရဘို့ မဟုတ်ပါဘူး။ ရှေ့လျှောက် ဘယ်လိုသွားမလဲ စဥ်းစားတဲ့အခါမှာ ဘယ်လောက်‌ေဝ‌းေဝးသွားနိုင်သလဲဆိုတာ မသွားကြည့်သေးဘဲ မသိနိုင်ပါဘူး။ မလုပ်ကြည့်ရသေးဘဲ မဖြစ်နိုင်ပါဘူး၊ မရနိုင်ပါဘူးလို့ ကိုယ့်ကိုယ်ကို ဆင်ခြေမပေးမိအောင် သတိပေး ဆင်ခြင်ရင်း......

အေးအေးသန့်
စက်တင်ဘာ ၁၉၊ ၂၀၂၀

💜💕_We💗 Love 💗AAT_ 💕💜==========================AAT ကို ချစ်ခင်ကြသော လုပ်ငန်းရှင်တွေရဲ့ ရင်ထဲက စကားသံလေးတွေကို အလျဥ◌်းသင့်...
17/09/2020

💜💕_We💗 Love 💗AAT_ 💕💜
==========================
AAT ကို ချစ်ခင်ကြသော လုပ်ငန်းရှင်တွေရဲ့ ရင်ထဲက စကားသံလေးတွေကို အလျဥ◌်းသင့်သလို ဖေါ်ပြသွားပါမယ်ခင်ဗျာ...

အမည် ။ ။ ဒေါ်မေဇာအောင်
ရာထူး ။ ။ MD
လုပ်ငန်း ။ ။ Rose မုန့်ထုတ်လုပ်ရေး

💜 ကျွန်မတို့ရဲ့ မိရိုးဖလာ မိသားစုစီးပွားရေးလုပ်ငန်းကို System ကျကျလည်ပတ်နိုင်ဖို့ ကြိုးစားနေချိန်မှာ AAT page ကနေ Financial Planning သင်တန်းကြော်ငြာလေးဖတ်မိပြီး ကိုယ်လိုချင်တာတွေ ဖြစ်ချင်တာတွေနဲ့ ကွက်တိဖြစ်နေလို့ တက်ဖြစ်သွားတာပါ။

💜 ဒီသင်တန်းတက်ရတဲ့ ရည်ရွယ်ချက်က ကိုယ့်လုပ်ငန်းအတွက် Budget Plan/Financial Plan ကိုကိုယ်တိုင်ဆွဲတတ်ဖို့ မျှော်မှန်းခဲ့တာဖြစ်ပါတယ် (၂) ရက်တာသင်တန်းအပြီးမှာတော့ ကိုယ်မျှော်မှန်းထားတဲ့ Financial Plan ထွက်လာတဲ့အပြင် လုပ်ငန်းအတွက်လိုအပ်တဲ့ Sale Policy, Purchase Policy နဲ့ Credit Term တွေပါ ဆွဲပြီးသားဖြစ်သွားပါတယ်။ Cash Flow ငွေလည်ပတ်စီးဆင်းမှုတွေ သေချာစီမံလာနိုင်တယ်။ Profit & Loss (အမြတ်/အရှုံး)မှာ ဘယ်အပိုင်းကို အရင်ကြည့်ရမလဲဆိုတဲ့ Main Point ကိုသိလာတယ်။ Accounting နဲ့ Finance ရဲ့ ကွဲပြားပုံကိုလည်း တိတိကျကျသိလာတယ်။

💜 အကြိုက်ဆုံးကတော့ Game ကစားရင်းနဲ့ မိမိလုပ်ငန်းအတွက်လိုအပ်ချက်တွေ၊ အားနည်းချက်တွေ၊ အားသာချက်တွေ၊ သင်ခန်းစာယူစရာတွေ၊ ပြင်ဆင်စရာတွေကို သတိထားတတ်အောင် ဆက်စပ်စဉ်းစား မြင်တတ်သွားအောင် ဆွဲခေါ် သင်ပြသွားတာပါပဲ။ အဲ့ဒီအတွက်လည်း ဆရာမကြီးကို မလေးစားပဲ မနေနိုင်အောင်ကိုပါပဲ။

💜 သင်တန်းက (၂) ရက်ပဲ ဆိုပေမယ့် ကျွန်မအတွက်တော့ တန်ဖိုးမဖြတ်နိုင်တဲ့ Finance နဲ့ပတ်သက်တဲ့ အသိပညာတွေ စီမံခန့်ခွဲမှုတွေ ရရှိလိုက်ပါတယ်။ ဒါကြောင့်လည်း သင်တန်းတက်ပြီး သိပ်မကြာပါဘူး သိန်းရာချီကျော် ဆုံးရှုံးနိုင်မှုကနေ လွတ်မြောက်ခဲ့ပါတယ်။

💜 ရင်းနှီးထားတဲ့ တစ်ကျပ်တိုင်းကနေ ဆုံးရှုံးမှု အနဲဆုံးနဲ့ အမြတ်ငွေ အများဆုံးရရှိနိုင်အောင် ဘယ်လိုတွေ စီမံခန့်ခွဲရမလဲဆိုတာ သိခဲ့ရလို့၊ ဒီပညာတွေကို မျှဝေပေးတဲ့ Teacher ကြီး‌ေဒါ်အေးအေးသန့်ကို ကျေးဇူးတင်မိပါတယ်။

🎯Family type business ?🎯Company type business ?====================အခုခေတ်မှာ Family type(မိသားစုပုံစံ) စီးပွားရေးလုပ်ငန...
16/09/2020

🎯Family type business ?
🎯Company type business ?
====================
အခုခေတ်မှာ Family type(မိသားစုပုံစံ) စီးပွားရေးလုပ်ငန်းတွေ တစ်နေ့တစ်ခြားများပြားလာပါတယ်။ တစ်ပိုင်တစ်နိုင်ကနေအတော်အသင့်ကြီးမားတဲ့ လုပ်ငန်းကြီးတွေ အထိပါဝင်ပါတယ်။ တချို့က လက်ရှိ Family type ကနေ ကုမ္ပဏီပုံစံ (Company type)ကို ကူးပြောင်းလာခဲ့ကြပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ စီးပွားရေး အခြေအနေဟာ SME( Small and Medium Enterprises ) လို့ခေါ်ကြတဲ့ အလတ်စားနဲ့ အသေးစားစီးပွားရေးလုပ်ငန်းတွေ အပေါ်မှာ အများကြီးမှီခိုနေတဲ့အတွက် Family Type စီးပွားရေးလုပ်ငန်းတွေဟာ တိုင်းပြည်စီးပွားရေးရဲ့ အသက်သွေးကြောလို့တောင် ဆိုနိုင်ပါတယ်။ စျေးကွက်စီးပွားရေးခေတ်မှာ ကုမ္ပဏီတွေအများကြီး ပေါ်ထွက်လာတာကြောင့် Company type စီးပွားရေးလုပ်ငန်းတွေများပြားလာပေမယ့်လည်း Family type စီးပွားရေးလုပ်ငန်းတွေဟာ တိုင်းပြည်အတွက် အရေးကြီးတဲ့ အရာဖြစ်နေဆဲပါ။ တိုင်းပြည်အတွက် အရေးပါလှတဲ့ Family type စီးပွားရေးလုပ်ငန်းတွေ အနာဂတ်မှာ Company type ကိုဘယ်လိုပြောင်းသင့်တဲ့အကြောင်း Family type စီးပွားရေးလုပ်ငန်းတွေလည်ပတ်ပုံအကြောင်းကို AAT Business Centre မှ ဆရာမဒေါ်အေးအေးသန့်နဲ့ တွေ့ဆုံ မေးမြန်းခဲ့တာတွေထဲမှာ တစ်ချို့ကိုကောက်နုတ်တင်ပြလိုက်ပါတယ်။
--------------------------------------------------------------------------

🔹 အခုခေတ်မှာ Company type စီးပွားရေးလုပ်ငန်းတွေများလာပါတယ်။ Family type စီးပွားရေး လုပ်ငန်းတွေအနေနဲ့ လုပ်ငန်းကို ပိုမိုပြီးထိထိရောက်ရာက်ဖြစ်အောင် Company type ပုံစံနဲ့ လုပ်တာပိုကောင်းမယ်လို့ ဆရာမ ယူဆပါသလား။

✔ မိသားစုပုံစံက ကောင်းတယ်၊ ကုမ္ပဏီပုံစံက ကောင်းတယ်ဆိုတာမျိုး မရှိပါဘူး။ အဲဒီ နှစ်ခုစလုံးမှာ သူ့အားသာချက်၊ အားနည်းချက် ကိုယ်စီရှိကြပါတယ်။ မိသားစုပုံစံ စီးပွားရေးငယ်လေးတွေမှာ ဖွဲ့စည်းထားတဲ့ အဆင့်တွေ နည်းတာကြောင့် သတင်းအချက်အလက် သိရတာြမန်တယ်။ ပွင့်ပွင့်လင်းလင်း ထိထိရောက်ရောက် ပြောဆိုဆက်ဆံကြတယ်။ ဒါကြောင့် ‌ေဈးကွက်နဲ့ လိုက်လျောညီထွေ ဖြစ်စေဘို့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ထိရောက်၊ မြန်ဆန်မှုရှိတယ်။ ချလိုက်တဲ့ ဆုံးဖြတ်ချက်ကိုလည်း အကောင်အထည်ဖေါ်တဲ့သူတွေက လူရင်းတပည့်တွေဖြစ်တာကြောင့် မဖြစ် ဖြစ်အောင် အကောင်အထည်ဖေါ်ပေးကြတယ်။ လုပ်လို့ ကိုင်လို့ ချောတယ်ပေါ့လေ။ ဒါကတော့ ဖွဲ့စည်းပုံအရပါ။

သက်တမ်းတစ်ခုရောက်လာလို့ လက်ရှိဝန်ထမ်းတွေက ပိုမြင့်မားတဲ့လိုအပ်ချက်တွေ ရှိလာတဲ့ အခါ လုပ်ငန်းရဲ့ စွမ်းဆောင်ရည် ပိုမြင့်မှ ဖြည့်ဆည်းပေးနိုင်မယ် ဆိုတာကို သဘောပေါက်ဖို့ လိုတာပါ။ အဲဒီအခါမှာ ပိုစွမ်းဆောင်နိုင်တဲ့ အဖွဲ့အစည်းဖြစ်အောင် တို့ချဲ့ဖွဲ့စည်းရပါမယ်။ အဲဒါရဲ့ နောက်ဆက်တွဲအနေနဲ့ အသစ်ဝင်လာတဲ့ သူတွေက ရှိနှင့်ပြီးသားလူတွေလို မလုပ်တတ်တဲ့အတွက် မှန်းထားသလောက် မစွမ်းဆောင်နိုင်တာ ဖြစ်တတ်ပါတယ်။ ပြောရရင်တော့ မိသားစုလုပ်ငန်းက ကျစ်ကျစ်လျစ်လျစ်ရှိတယ်။ ကြီးထွားဘို့ကျတော့ ပြင်ဆင်ဘို့လိုတယ်။ အခက်အခဲ ဖြစ်နိုင်တယ်။ ကောင်းခြင်း၊ ဆိုးခြင်း အကုန်လုံး ပိုင်ရှင်မှာဘဲ တာဝန်ရှိတာပါ။

ကုမ္ပဏီပုံစံ စီးပွားရေးလုပ်ငန်း ဆိုတာကျတော့ လုပ်ရင် အတူတူလုပ်မယ်၊ ကောင်းကျိုး၊ ဆိုးကျိုး အတူတူခံစားကြမယ် ဆိုပြီး အစကတည်းက ဒီလမ်းကို အတူတူလျှောက်မယ့်သူတွေနဲ့ ဖွဲ့စည်းပြီးမှ လုပ်ကြတာပါ။ ဒီလုပ်ငန်းပုံစံမှာကျတော့ အလုပ်ဖြစ်ဘို့အတွက် ကျွမ်းကျင်မှု လိုအပ်ချက်၊အရင်းအမြစ် သုံးစွဲပုံ ကွာြခားချက်ကိုလိုက်ပြီး အုပ်စုငယ်လေးတွေ ဖွဲ့ကြပါတယ်။ အဲဒီအုပ်စုတွေကဘဲ လုပ်ငန်းတစ်ခုလုံးကို ချိန်ညှိပြီး ဦးဆောင်ကြရပါတယ်။ လုပ်ငန်းဖြစ်မြောက် အောင်မြင်ခြင်းက ပါဝင်ဆင်နွှဲနေတဲ့ လူတစ်ဦးတိုင်းရဲ့ တာဝန်ပါ။

ဒီသဘောလေးကို မေ့ထားပြီး ဝင်လုပ်တဲ့သူတွေက အထက်လူကြီးဆီက ညွှန်ကြားချက်ကိုစောင့်၊ နာရီကြည့် အလုပ်လုပ်ပြီး ဟိုဌာန၊ ဒီဌာန၊ ဟိုလူ၊ ဒီလူ ဆိုပြီး လက်ညှိုးထိုး အပြစ်တင်တဲ့သူတွေနဲ့ ဖွဲ့စည်းမိရင်တော့ ကုမ္ပဏီလုပ်ငန်းတည်ထောင်တဲ့ အကျိုးရလာဒ်ကို ရမှာ မဟုတ်ပါဘူး။

ဒီတော့ ကုမ္ပဏီပုံစံစီးပွားရေးလုပ်ငန်းမှာ ဖွဲ့စည်း၊ ခွဲခြားပြီး သူ့နေရာနဲ့သူ သတ်သတ်မှတ်မှတ် တာဝန်ရှိတယ်။ ဒါပေမယ့် စွမ်းဆောင်နိုင်စွမ်း နည်းတဲ့အခါနဲ့ အလုပ်သိပ်မဖြစ်တဲ့ အခါမျိုးတွေမှာ အားလုံးက ကုန်ကျစရိတ်တွေချည်းဘဲ။

အဓိက ကတော့ ဘယ်လိုပုံစံကောင်းသလဲဆိုတာက တည်ထောင်သူရဲ့ ရေရှည် ရည်မှန်းချက် ပန်းတိုင်နဲ့ ဦးဆောင်စီမံနိုင်တဲ့ စွမ်းရည်ပေါ်မှာဘဲ မူတည်တာပါ။ မိသားစုလုပ်ငန်းဖြစ်ဖြစ်၊ ကုမ္ပဏီဖြစ်ဖြစ် လိုချင်တဲ့အကျိုးအမြတ်ရဘို့ စွမ်းဆောင်ရာမှာ ကျစ်လျစ်စွာ တာဝန်ခွဲ‌ေဝ ပေးထားတဲ့ ပုံစံ ဖြစ်ဘို့ လိုတာပါ။


🔹 Family type စီးပွားရေးလုပ်ငန်းတွေအနေနဲ့ ဘယ်လိုအခြေအနေဆိုရင် company type ကိုပြောင်းလဲသင့်တယ်လို့ ဆရာမယူဆပါသလဲ။

✔ လုပ်ငန်းတစ်ခုကို မိသားစုပုံစံနဲ့ စ လုပ်တယ်။ လုပ်ရင်းနဲ့ တဖြည်းဖြည်း growth ကိုမြင်လာတယ်။ ကိုယ်ဝင်လုပ်ရင် market share (စျေးကွက်ဝေစု)လည်း ကောင်းကောင်း ရနိုင်တယ်။ ပြီးတော့ ကိုယ့်မှာ နာမည်ကောင်းလည်းရှိမယ်ဆိုရင် ကုမ္ပဏီပုံစံကို ပြောင်းချင်ရင် ပြောင်းလို့ရနိုင်ပါတယ်။

🔹 တချို့ Family type စီးပွားရေးလုပ်ငန်းတွေ ဘာကြောင့် company type မပြောင်းဘဲ family type အတိုင်းဆက်လုပ် နေတယ်လို့ ဆရာမယူဆပါသလဲ။

✔ မိသားစုပုံစံကို လက်ရှိလုပ်နေတဲ့ သူတွေက သူတို့ရဲ့ skill(ကျွမ်းကျင်မှု)၊ scope သွားချင်တဲ့အတိုင်းအတာ၊ capacity(လုပ်နိုင်စွမ်း) က ဘယ်လောက်ရှိသလဲ၊ အဲဒီပေါ်မူတည်ပြီး လုပ်နေရတယ်။ တစ်ချို့က growth ကိုမမြင်ဘူး၊ လက်ရှိအနေအထားကိုလည်း ကျေနပ်နေတဲ့အတွက် မပြောင်းလဲတာလည်းရှိတယ်။

🔹 Family type စီးပွားရေးလုပ်ငန်းတွေအနေနဲ့ လုပ်ငန်းကိုအကောင်းဆုံးဖြစ်အောင် ဘယ်လိုထားသင့်တယ်လို့ ဆရာမယူဆပါသလဲ။

✔ ဘယ်လုပ်ငန်းမဆို သူ့ရဲ့vision(အနာဂတ်အမြင်) နဲ့ resource( အရင်းအမြစ်) ကို enviroment(ပတ်ဝန်းကျင်) နဲ့ ချိန်ဆပြီး အမြဲတမ်း လုပ်နေရမှာ။ perfect ဖြစ်တဲ့ HR system ဆိုတာဘယ်မှာမှ မရှိဘူး။ ကမ္ဘာမှာရော မြန်မာနိုင်ငံမှာရောပဲ အခြေခိုင်ပြီး set-up ဖြစ်ပြီးသားဆိုတဲ့ ကော်ပိုရေးရှင်းကြီးတွေတောင်မှ time to time restructure(ပြန်လည်ဖွဲ့စည်းမှု) လုပ်နေရတယ်။ အရေးကြီးတာက adapt(ပတ်ဝန်းကျင် အခြေအနေကိုလိုက်ပြီးပြောင်းလဲ) လုပ်နိုင်ဖို့ပဲလိုတယ်။

🔹 ဆရာမအနေနဲ့ family type စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်ပြီး ဘယ်လိုအကြုံပြုချင်ပါသလဲ။

✔ Family type စီးပွားရေးလုပ်ငန်းတွေအနေနဲ့ growth ကို လိုချင်ရင် လက်ရှိအခြေအနေမှာ အကောင်းဆုံး ပြင်ဆင်ထားပါ။ ပြင်ဆင်တယ်ဆိုတာ လူထပ်ခန့်တာကို ပြောတာမဟုတ်ဘူး။ ကိုယ့်လုပ်ငန်း ကျစ်ကျစ်လျစ်လျစ်ဖြစ်အောင်လုပ်ပြီးတော့ အဘက်ဘက်က ready ဖြစ်အောင် ပြိုင်ရင်နိုင်မည့်ဗျူဟာ ချမှတ်ထားတာ၊ ကိုယ့်အားသာချက်ကို ပိုကောင်းအောင် အာရုံစိုက်တာ၊ စနစ်တကျဖွဲ့စည်းတာတွေကို ပြင်ဆင်ထားပါလို့ ပြောကြားလိုပါတယ်။

Address

373, 80th Street, Bet. , 38th & 39th Street, Mahar Aung Myay Township
Mandalay
000-1234

Opening Hours

Monday 09:00 - 21:00
Tuesday 09:00 - 21:00
Wednesday 09:00 - 21:00
Thursday 09:00 - 21:00
Friday 09:00 - 21:00
Saturday 09:00 - 21:00
Sunday 09:00 - 21:00

Telephone

0991037676

Website

Alerts

Be the first to know and let us send you an email when AAT Business School Mandalay posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share