𝐒𝐋𝐎𝐓 𝐀𝐍𝐃 𝐒𝐏𝐎𝐑𝐓𝐒


𝐒𝐋𝐎𝐓 𝐀𝐍𝐃 𝐒𝐏𝐎𝐑𝐓𝐒 𝙊𝙣𝙡𝙞𝙣𝙚 𝘽𝙚𝙩𝙩𝙞𝙣𝙜 𝙎𝙚𝙧𝙫𝙞𝙘𝙚

အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ဘောလုံးကလပ် အသင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ သူရဲကောင်း ရွန်းနေသူ့ရဲ့ နာမည် အပြည့်အစုံက Wayne M...
20/12/2023

အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ဘောလုံးကလပ် အသင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ သူရဲကောင်း ရွန်းနေ

သူ့ရဲ့ နာမည် အပြည့်အစုံက Wayne Mark Rooney ၊ အင်္ဂလန်ရဲ့ အအောင်မြင်ဆုံး ဘောလုံးကလပ် အသင်း မန်ချက်စတာ ယူနိုက်တက်ရဲ့ သူရဲကောင်း၊ အများက သရဲနီခေါ်တဲ့ မန်ယူရဲ့ သူရဲကောင်း ဖြစ်တာကြောင့် သရဲနီ သူရဲကောင်း လို့ သတ်မှတ်ခံရသူတဦးပါ။

ပြီးခဲ့တဲ့ ဆယ်စုနှစ် ၂ ခု အတွင်း မန်ယူအသင်းရဲ့ သူရဲကောင်း ၃ ဦးရှိပါတယ်။ ပထမဆုံး တဦးက ဒေးဗစ်ဘက်ခမ်း၊ ဒုတိယက စီရော်ဒယ်ဒို (ဒိုလေး)၊ တတိယက ရွန်းနေ တို့ ဖြစ်ပါတယ်။ ရွန်းနေက အခုလည်း အသင်းမှာ သက်တမ်းအကြာဆုံး ကစားသမား တဦးလည်း ဖြစ်ပါတယ်။

မန်ယူအတွက် ဂိုးအများဆုံး သွင်းထားနိုင်သူ ဖြစ်သလို ပြီးခဲ့တဲ့ ၂ နှစ် ကနေစပြီး မန်ယူရဲ့ အသင်းခေါင်းဆောင်၊ အင်္ဂလန် လက်ရွေးစင် အသင်း အတွက်လည်း ဂိုးအများဆုံး သွင်းထားသလို ကလပ် အသင်းအတွက်ရော နိုင်ငံလက်ရွေးစင် အသင်း အတွက်ပါ အသင်းခေါင်းဆောင် ဖြစ်ခဲ့သူပါ။

ဘဝက အသက် ၄၀ မှ စတယ်လို့ ပြောလေ့ရှိပေမယ့် အားကစားသမားတွေ၊ အထူးသဖြင့် ခွန်နဲ့ အားနဲ့ ကစားရတဲ့ လက်ဝှေ့နဲ့ ဘောလုံးလို အားကစားသမားတွေ အတွက်ကတော့ အသက် ၃၀ ဆိုတာ အားကစားလောကရဲ့ နေဝင် ဆည်းဆာချိန်၊ ကစားနိုင်စွမ်းတွေ စတင် ကျဆုံးလာချိန်ပေါ့။

ဒါကြောင့်လည်း သက်တမ်း အကြာကြီး ကစားခဲ့သည့် တိုင်အောင် ကစားအား ကျဆင်းလာလို့ ပွဲထွက်ခွင့် ဆုံးရှုံးလာတဲ့ ရွန်းနေကို မန်ယူကနေလည်း ရောင်းထုတ်ချင်နေသလို ရွန်းနေ ကိုယ်တိုင်ကလည်း မန်ယူမှာ ဆက်နေချင်ပေမယ့် အသင်း ပြောင်းဖို့ အခြေအနေ ဖြစ်လာနေပါပြီ။

နောက်ဆုံးတော့ မန်ယူဟာ အဲဗာတန်ကနေ တိုက်စစ်မှူး လူကာကူကို ရဖို့ အတွက် ရွန်းနေကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းခွင့်ပေးလိုက်ပါတယ်။ ဇူလိုင် ၉ ရက်နေ့ကပဲ ရွန်းနေဟာ အဲဗာတန်မှာ တပတ်ကို လုပ်ခပေါင် ၁ သိန်းခွဲနဲ့ ၂ နှစ် စာချုပ် ချုပ်ပြီး အဲဗာတန်ကို ရောက်ရှိသွားပါပြီ၊ မန်ယူမှာ တပတ် ပေါင် ၃ သိန်းနဲ့ ပရီးမီးယားလိဂ်ရဲ့ လစာအမြင့်ဆုံး ကစားသမားက အဲဗာတန် အသင်းသမိုင်းမှာလည်း လစာအမြင့်ဆုံး ပေးရတဲ့ ကစားသမားထပ် ဖြစ်လာပါတယ်။

မန်ယူလို အအောင်မြင်ဆုံး အသင်းရဲ့ သက်တမ်းကြာ အအောင်မြင်ဆုံး ကစားသမားရွန်းနေကို အခုချိန် နန်းကျဘုရင် တပါးလို့ သမုတ်တာ မှားမယ် မထင်သလို နောက်ပိုင်းမှာ မှေးမှိန်သွားမယ့် ဘောလုံး သူရဲကောင်းတယောက် လို့လည်း ပြောရမှာပါ။

ရွန်းနေကို ၁၉၈၅ ခုနှစ် အောက်တိုဘာ ၂၄ ရက်နေ့မှာ အင်္ဂလန်နိုင်ငံ၊ လီဗာပူးလ်က ခရောက်တက်မှာ မွေးခဲ့ပါတယ်။ အခု ဆိုရင် အသက် ၃၁ နှစ် ရှိပြီ ဖြစ်ပြီး အရပ် ၅ ပေနဲ့ ၉ လက်မ ရှိတဲ့ ရှေ့တန်းတိုက်စစ်မှူး အဖြစ်ရော အလယ်တန်း ကစားသမား အဖြစ်ပါ ကစားပါတယ်။ မန်ယူရဲ့ အသင်းရဲ့ နံပတ် ၁၀ ကို ဝတ်ဆင်သူပါ။

ပရိုကစားသမား ဘဝကို ၂၀၀၂ ခုနှစ်မှာ အဲဗာတန် အသင်းနဲ့ စတင်ခဲ့ပါတယ်။ ၂၀၀၄ ခုနှစ်ထိအောင် အဲဗာတန်မှာ အကောင်းဆုံး ခြေစွမ်းပြ နေတဲ့ ရွန်းနေဟာ မန်ယူကို အဲဒီနှစ်မှာပဲ ပြောင်းရွှေ့ခဲ့ပါတယ်။ အဲဗာတန် အတွက် ၂ ရာသီ အတွင်းမှာ ပွဲပေါင်း ၆၇ ပွဲ ကစားပြီး ၁၅ ဂိုး သွင်းနိုင်ခဲ့သူပါ။ ၂၀၀၄ ခုနှစ်မှာ မန်ယူကို စပြီး ခြေချခဲ့တဲ့ အချိန်ကနေ အခုချိန်ထိ မန်ယူအတွက် ပွဲပေါင်း ၃၉၃ ပွဲ ကစားခဲ့ပြီး ၁၈၃ ဂိုး သွင်းထားပါတယ်။

နိုင်ငံအသင်း အတွက် ဆိုရင်လည်း ၁၅ နှစ်အောက် အသင်း ကတည်းက စတင် ပါဝင်ကစားပေးခဲ့သူ ဖြစ်ပြီး ၂၀၀၀-၀၁ မှာ အင်္ဂလန် U15 အတွက် ၄ ပွဲ ကစားပြီး ၂ ဂိုးသွင်းတယ်၊ ၂၀၀၁-၀၂ မှာ U17 အသင်းအတွက် ၁၂ ပွဲကစားပြီး ၇ ဂိုး သွင်းတယ်၊ ၂၀၀၂-၀၃ မှာ U19 အသင်းအတွက် ၁ ပွဲ ကစားပေးခဲ့တယ်၊ ၂၀၀၃ ခုနှစ်ကနေ နောက်ပိုင်း လက်ရွေးစင် အသင်းမှာ ရွေးချယ်ခံရပြီး အင်္ဂလန်အတွက် ၁၁၉ ပွဲ ကစားပေးခဲ့သလို ၅၃ ဂိုး သွင်းနိုင်ခဲ့ပါတယ်။

အသက် ၉ နှစ်ကတည်းက ရွန်းနေက အဲဗာတန်မှာ လေ့ကျင့်မှုတွေ စခဲ့တယ်၊ ၁၆ နှစ် (၂၀၀၂ ခုနှစ်) မှာ အဲဗာတန် အသင်းမှာ ဝင်ကစားနိုင်ခဲ့တယ်၊ ၂၀၀၄ ခုနှစ်မှာ အဲဗာတန်ကနေ မန်ယူကို ပြောင်းရွှေ့ကြေး ပေါင် ၂၅ ဒသမ ၆ သန်းနဲ့ မန်ယူကို ရောက်လာတယ်၊ ရွန်းနေ မန်ယူမှာ ကစားခဲ့တဲ့ ကာလအတွင်းမှာ ပရီးမီးယားလိဂ်ဆုဖလား ၅ ကြိမ် ရခဲ့တယ်၊ UEFA ချန်ပီယံလိဂ် ၁ ကြိမ်၊ FIFA Club World Cup ၁ ကြိမ်၊ ကွန်ုမြူနတီဒိုင်း ၄ ကြိမ်၊ FA ဖလား ၁ ကြိမ်၊ UEFA ယူရိုပါလိဂ်ဖလား ၁ ကြိမ် ရခဲ့ပါတယ်။

၂၀၁၃ ခုနှစ် စက်တင်ဘာလ အတွင်း ရွန်းနေက မန်ယူ အတွက် ပြိုင်ပွဲစုံဂိုး ၂၀၀ ပြည့်အောင် သွင်းပေးနိုင်ခဲ့တယ်။ လက်ရှိမှာ အသင်းအတွက် ပြိုင်ပွဲစုံ စုုစုပေါင်း ၂၅၃ ဂိုး သွင်းထားပြီး သမိုင်းတလျှောက် ဂိုးသွင်း အများဆုံး စာရင်းမှာ ထိပ်ဆုံးက ရပ်တည်နေပါတယ်။ ဒီစာရင်းမှာ ရွန်းနေက လိဂ်ပွဲသွင်းဂိုး ၁၈၃ ဂိုး၊ FA ပွဲတွေမှာ ၂၂ ဂိုး၊ League Cup မှာ ၅ ဂိုး၊ ဥရောပပွဲတွေမှာ ၃၉ ဂိုး၊ အခြား ပြိုင်ပွဲစုံ ၄ ဂိုး၊ စုစုပေါင်း ၅၅၉ ပွဲမှာ ၂၅၃ ဂိုးသွင်းပြီး ထိပ်ဆုံး ရောက်လာတာပါ။

သူ့နောက်မှာတော့ ဘော်ဘီချာတန်က ပြိုင်ပွဲစုံ ၇၅၈ပွဲမှာ ၂၄၉ဂိုးနဲ့ ဒုတိယ၊ ဒင်းနစ်လောက ပြိုင်ပွဲစုံ ၄၀၄ပွဲမှာ ၂၃၇ဂိုးနဲ့ တတိယတွေ ရှိနေကြပါတယ်။လိဂ်ပွဲတွေမှာအသင်းအတွက် ဂိုးအများဆုံးသွင်းထားသူစာရင်းမှာတော့ ရွန်းနေကအင်္ဂလန် လက်ရွေးစင် ကစားသမားဟောင်းအလန်ရှီးယားရဲ့ နောက်မှာဒုတိယနေရာရပ်တည်နေတာပါ။ ရှှီးယားကတော့ စုစုပေါင်းဂိုး ၂၆၀ သွင်းထားပြီးဘလက်ဘန်းနဲ့ နယူးကာဆယ် အသင်းတွေမှာကစားရင်းသွင်းထားခဲ့တာပါ။

အင်္ဂလန် အသင်းအတွက် ဆိုရင် ၂၀၀၃ ခုနှစ် ဖေဖော်ဝါရီ ကတည်းက လက်ရွေးစင် အသင်းမှာ ကစားပေးနိုင်ခဲ့လို့ အသက် အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ နောက်ပိုင်းမှာတော့ သိအိုဝဲကော့က အဆိုပါ စံချိန်တင် မှတ်တမ်းကို ရွန်းနေထက် အသက်ငယ်ငယ်နဲ့ ကစားပေးနိုင်ခဲ့လို့ မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် အခုချိန်ထိအောင် ရွန်းနေကအင်္ဂလန် အသင်းအတွက် အသက်အငယ်ဆုံးဂိုးသွင်းသမားပါပဲ။

UEFA ယူရို ၂၀၀၄ ပြိုင်ပွဲမှာ ရွန်းနေ ပါဝင်ကစားခဲ့ပြီး ၄ ဂိုးသွင်းနိုင်ခဲ့လို့ ယူရိုပြိုင်ပွဲမှာ အသက်အငယ်ဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်နေပါတယ်။ ဒါအပြင် ၂၀၀၆၊ ၂၀၁၀ နဲ့ ၂၀၁၄ ခုနှစ် ကမ္ဘာ့ ဖလားပြိုင်ပွဲတွေမှာလည်း ပါဝင်ခဲ့ပြီး အသင်း အတွက် အကောင်းဆုံးကစားသမား အဖြစ် မှတ်တမ်းတင်ထားနိုင်ဆဲပါ။

အင်္ဂလန်ရဲ့ အကောင်းဆုံး ကစားသမားဆုကို ၂၀၀၈၊ ၂၀၀၉၊ ၂၀၁၄ နဲ့ ၂၀၁၅ ခုနှစ်တွေမှာ ရွေးချယ်ခံထားရပါတယ်။ နိုင်ငံအသင်း အတွက် ၁၁၉ ပွဲ ကစားထားပြီး ၅၃ ဂိုး သွင်းထားလို့ လက်ရွေးစင် အသင်း အတွက် ဂိုးအများဆုံး သွင်းထားသူ အဖြစ် ရပ်တည်နေသလို နိုင်ငံအသင်း အတွက် ကစားပေးမှုမှာတော့ Peter Shilton ရဲ့ နောက်မှာ ၁၁၉ ပွဲနဲ့ ဒုတိယ အများဆုံး ကစားပေးထားတာပါ။

ရွန်းနေက ဒေါသကြီးသူတဦး၊ စိတ်မထင်ရင် မထင်သလို ကြမ်းကြမ်းတမ်းတမ်း ကစားတတ်သူ၊ နာမည်ကျော် အင်္ဂလန် ကစားသမား ဒေးဗဒ်ဘက်ခမ်းနဲ့ အတူ နိုင်ငံအတွက် ကိုယ်စားပြု ကစားပွဲ ၂ ပွဲမှာ အနီကတ် ၂ ခါ အပြခံထားရဖူးပါတယ်။

၂၀၀၉-၁၀ ဘောလုံးရာသီမှာ ရွန်းနေကို PFA Player’s Player of the Year ဆုနဲ့ FWA Footballer of the Year ဆုတွေ ပေးအပ်ခဲ့တာလည်း တွေ့ရပါတယ်။ ပရီးမီးယားလိဂ်ရဲ့ တလတာ အကောင်းဆုံး ကစားသမားဆုကို ၅ ကြိမ်ရဖူးတယ်၊ စတီဗင်ဂျရတ်လို ဝါရင့်ကစားသမားတဦးကနေ သူ့ထက် ပိုကောင်းတဲ့ ကစားသမားပါလို့ မှတ်ချက် ပေးခံရတဲ့ တဦးတည်းသော ကစားသမားလည်း ဖြစ်ပါတယ်။

သူဟာ ၂၀၁၁ ခုနှစ်အတွက် FIFA Ballond’Or ဆု အတွက် ဆန်ကာတင် ၅ ဦးစာရင်းမှာလည်း ပါခဲ့တယ်၊ FFPro World 11 အမည်စာရင်းမှာလည်း ပါခဲ့ပါတယ်။ BBC ရဲ့ Match of the Day ကနေပေးအပ်တဲ့ Goal of the Season ကိုလည်း ရဖူးတယ်၊ ဒီဆုကို မန်စီးတီးနဲ့ ကစားတဲ့ပွဲမှာ Bicycle Kick နဲ့ ဂိုးသွင်းနိုင်ခဲ့လို့ ရရှိခဲ့တာပါ။
ရွန်းနေအကြောင်း ပြောမယ်ဆိုရင် အများကြီး ကျန်နေပါသေးတယ်၊ အခုပြောခဲ့တာက သူရဲ့ တောက်ပတဲ့ အချိန် အခိုက်အတန့်လေးတွေကို ပြန်လည် ပြောပြတာပါ။ နောင် အဆင်ပြေရင်တော့ ပိုပြီး ပြည့်စုံအောင် ပြောပြပါဦးမယ်။

ကိုးကား www.en.m.wikipedia.org/wiki/Wayne Roney

Address

Mandalay

Website

Alerts

Be the first to know and let us send you an email when 𝐒𝐋𝐎𝐓 𝐀𝐍𝐃 𝐒𝐏𝐎𝐑𝐓𝐒 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to 𝐒𝐋𝐎𝐓 𝐀𝐍𝐃 𝐒𝐏𝐎𝐑𝐓𝐒:

Share

Category