03/11/2019
အောင်မြင်ရေးနည်းလမ်း ၁၀ ချက်
~~~~~~~~~~~~~~~~~~~~~~
အခက်ခဲဆုံးအလုပ်ကိုပထမဆုံးစတင်လုပ်ကိုင်တတ်တဲ့ အလေ့အကျင့်ကို နေ့စဉ်ပျိုးထောင်ပေးဖို့ပါပဲ၊၊
ဒီအလေ့အကျင့်ကိုထပ်တလဲလဲလုပ်ဆောင်ပေးခြင်းအားဖြင့် ရရှိနိုင်မှာပဲဖြစ်ပါတယ်။ အခြားဘာအလုပ်ကိုမှမစရသေးခင်မှာအရေးအကြီးဆုံးအလုပ်ကိုအရင်ဆုံးပြီးစီးအောင် လုပ်တတ်တဲ့ အကျင့်ကိုပျိုးထောင်ထားရင် အောင်မြင်မှုကိုဧကန်မုချ ရရှိမှာပဲဖြစ်ပါတယ်။
အချိန်ဆွဲနေတာကိုရပ်တန့်ပြီး လုပ်ငန်းဆောင်တာတွေကိုမြန်မြန်ဆန်ဆန်ပြီးစီးနိုင်စေမယ့် နည်းလမ်း ၁၀ နည်း ကို ဖော်ပြလိုက်ပါတယ်။
ဒီစည်းမျဉ်းဥပဒေသတွေကို ပုံမှန်ဖတ်ရှုလိုက်နာပြီးမိမိရဲ့ အသွေးထဲအသားထဲစိမ့်ဝင်တဲ့ အထိအားထုတ်နိုင်ပါက အောင်မြင်တဲ့အနာဂတ်ဘဝကိုပိုင်ဆိုင်နိုင်မှာမလွဲ ဧကန်ပါပဲ၊၊
၁၊၊ အချိန်ဇယားဆွဲပါ
မိမိဘာကိုလိုချင်တယ်ဆိုတာတိတိကျကျသိအောင်လုပ်ပါ။ ကိုယ်လိုချင်တာ ဖြစ်ချင်တာကိုရှင်းရှင်းလင်းလင်းနားလည် ဖို့ကအရေးကြီးပါတယ်။ စတင် မလုပ်ဆောင်ရသေးခင်မှာမိမိရဲ့ပန်းတိုင်နဲ့ လုပ်ဆောင်ရန်ရည်မှန်းချက်တွေကိုချရေးပါ။
၂။ နေ့စဉ်လုပ်ဆောင်စရာများကို ကြိုတင်ရေးဆွဲပါ၊၊ စာရွက်ပေါ်မှာချရေးရင်းစဉ်းစားပါ။
ထိရောက်တဲ့အစီအစဉ်ဆွဲနိုင်ဖို့အတွက် အချိန်ပေးလိုက်ခြင်းဟာ လက်တွေ့အကောင်အထည်ဖော်ဆောင်ရွက်ရာမှာ အဆပေါင်းများစွာ အချိန်ကုန် သက်သာစေပါတယ်၊၊
၃၊၊ ဘာလုပ်လုပ် ၈၀/၂၀ စည်းမျဉ်းကိုကျင့်သုံးပါ။ တကယ်အရေးပါတဲ့လုပ်ဆောင်ချက်၂၀%ဟာ ကျန်၈၀%သော အလုပ်အားလုံးပြီးမြောက်ခြင်းအတွက် ရရှိတဲ့ အကျိုးရလဒ်နဲ့ညီမျှပါလိမ့်မယ်၊၊ ဒါကြောင့် အရေးအကြီးဆုံးဖြစ်နေတဲ့ ၂၀%သော အလုပ်တွေအပေါ်မှာသာအဓိကထားလုပ်ဆောင်ပါ။
၄။ ဖြစ်လာမယ့်အကျိုးဆက်ကိုစဉ်းစားပါ
သင့်ရဲ့အရေးအပါဆုံးနဲ့ ဦးစားပေးလုပ်ရမယ့် အလုပ်ဆိုတာဟာ သင့်ဘဝနဲ့အလုပ်အပေါ် အဆိုးအကောင်း သက်ရောက်မှုအများဆုံးရှိနိုင်မယ့် အလုပ်တွေပါ။ အဲဒီအလုပ်တွေကို ကျန်အလုပ်အားလုံးထက်ပိုပြီး ဦးစားပေးလုပ်ဆောင်ပါ။
၅၊၊ ဥာဏ်ရှိရှိအချိန်ဆွဲနည်းကိုကျင့်သုံးပါ
သင်ကိုယ်တိုင်အရာအားလုံးကိုမလုပ်နိုင်တဲ့အတွက် တကယ်အကျိုးဖြစ်ထွန်းစေမယ့် အလုပ်အနည်းငယ်အပေါ် အချိန်ပိုပေးနိုင်အောင် အကျိုးရလဒ်နည်းတဲ့အလုပ်တွေကိုရည်ရွယ်ချက်ရှိရှိရွေ့ဆိုင်းတတ်ဖို့လိုပါတယ်။
၆။ ADCDE နည်းလမ်းကို လိုက်နာပါ။
စာရင်းပြုစုထားတဲ့အလုပ်တွေကိုမစတင်ခင် ပြီးမြောက်တဲ့အခါပြန်ရမယ့်အကျိုးကျေးဇူးနဲ့ အရေးပါမှုအလိုက် ဘယ်အလုပ်ကို ဦးစားပေးလုပ်ဆောင်ရမလဲ ဆိုတာကို အချိန်ယူစဉ်းစားပြီး အစဉ်လိုက် သတ်မှတ်ပါ။ ဒီနည်းလမ်းက အရေးအကြီးဆုံးအလုပ်တွေကို ဦးစားပေးလုပ်ဖြစ်စေပါတယ်။
A. လုပ်က်ိုလုပ်ရမည်။
B. လုပ်သင့်သည်။
C. လုပ်ဖို့ကောင်းသည်။
D. အလုပ်ကို အခြားသူအား ခွဲဝေပေးသင့်သည်။
E. ရှင်းထုတ်သင့်သည်။
၇။ ၃ ခုရွေးခြင်းနိယာမ
သင့်အလုပ်အတွက် ၉ဝ% လောက်အထိအထောက်အကူပြုအကျိုးဖြစ်ထွန်းစေမယ့် အလုပ် ၃ ခုကိုရွေးချယ်သတ်မှတ်ပါ။ ပြီးရင် အဲဒီ သုံးခုကိုပဲ အရင်ဆုံးပြီးအောင်လုပ်ဖို့ အာရုံထားပါ။ ဒီလိုလုပ်ခြင်းဖြင့် သင့်မိသားစုနဲ့ ကိုယ်ပိုင်ဘဝအတွက် အချိန်ပိုပေးနိုင်လာပါလိမ့်မယ်။
၈။ လိုအပ်သည်များကို သေချာပြင်ဆင်ပြီးမှ အလုပ်စလုပ်ပါ
အလုပ်မစခင် အလုပ်အတွက်လိုအပ်နိုင်တဲ့အရာအားလုံး သင့်လက်ထဲမှာရှိနေပါစေ။ စာရွက်စာတမ်းတွေ၊ သတင်းအချက်အလက်တွေ၊ တန်ဆာပလာတွေ၊ အလုပ်နဲ့ သက်ဆိုင်တဲ့ အရာတွေ၊ ဖုန်းနံပါတ်တွေစသဖြင့် သင်လိုအပ်တဲ့ အရာတွေကိုစုစည်းထားပါ။ ဒါမှသာ အချိန်မလစ်ဟင်းစေရဘဲ အလုပ်ကို စတင်နိုင်ကာ ပြီးဆုံးသည်ထိ အဆင်ပြေပြေလုပ်ဆောင်နိုင်ပါလိမ့်မယ်။
၉။ တစ်ကြိမ်မှာ ခြေလှမ်းတစ်လှမ်းပဲလှမ်းပါ။
တစ်ဆင့်ချင်းစီ ဆက်တိုက်ပြီးအောင်လုပ်ဆောင်သွားရင် အလုပ်ကဘယ်လောက်ပဲ ခက်ခဲရှုပ်ထွေးနေပါစေ ပြီးမြောက်အောင် သင်လုပ်ဆောင်နိုင်ပါလိမ့်မယ်။
၁၀။ သင့်အလုပ်အတွက် အဓိကလိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို အမြဲတိုးတက်အောင် လုပ်ပါ။
သင့်အတွက် အဓိကအရေးကြီးတဲ့ အလုပ်တွေမှာပိုပြီး နှံ့စပ်ကျွမ်းကျင်လေလေ ၊ အလုပ်ကို ပိုပြီးမြန်မြန်စတင်နိုင်ကာ အချိန်ပိုစောပြီး အလုပ်ပြီးမြောက်လေပဲ ဖြစ်ပါတယ်။
Ref : Peter Chee & Brian Tracy
Credit : original trans
မေတ္တာများစွာဖြင့်
#အောင်မြင်ရေးနည်းလမ်းများ
Zaw Gyi Font
~~~~~~~~~~
ေအာင္ျမင္ေရးနည္းလမ္း ၁၀ ခ်က္
~~~~~~~~~~~~~~~~~~~~~~
အခက္ခဲဆုံးအလုပ္ကိုပထမဆုံးစတင္လုပ္ကိုင္တတ္တဲ့ အေလ့အက်င့္ကို ေန႔စဥ္ပ်ိဳးေထာင္ေပးဖို႔ပါပဲ၊၊
ဒီအေလ့အက်င့္ကိုထပ္တလဲလဲလုပ္ေဆာင္ေပးျခင္းအားျဖင့္ ရရွိနိုင္မွာပဲျဖစ္ပါတယ္။ အျခားဘာအလုပ္ကိုမွမစရေသးခင္မွာအေရးအႀကီးဆုံးအလုပ္ကိုအရင္ဆုံးၿပီးစီးေအာင္ လုပ္တတ္တဲ့ အက်င့္ကိုပ်ိဳးေထာင္ထားရင္ ေအာင္ျမင္မႈကိုဧကန္မုခ် ရရွိမွာပဲျဖစ္ပါတယ္။
အခ်ိန္ဆြဲေနတာကိုရပ္တန႔္ၿပီး လုပ္ငန္းေဆာင္တာေတြကိုျမန္ျမန္ဆန္ဆန္ၿပီးစီးနိုင္ေစမယ့္ နည္းလမ္း ၁၀ နည္း ကို ေဖာ္ျပလိုက္ပါတယ္။
ဒီစည္းမ်ဥ္းဥပေဒသေတြကို ပုံမွန္ဖတ္ရႈလိုက္နာၿပီးမိမိရဲ့ အေသြးထဲအသားထဲစိမ့္ဝင္တဲ့ အထိအားထုတ္နိုင္ပါက ေအာင္ျမင္တဲ့အနာဂတ္ဘဝကိုပိုင္ဆိုင္နိုင္မွာမလြဲ ဧကန္ပါပဲ၊၊
၁၊၊ အခ်ိန္ဇယားဆြဲပါ
မိမိဘာကိုလိုခ်င္တယ္ဆိုတာတိတိက်က်သိေအာင္လုပ္ပါ။ ကိုယ္လိုခ်င္တာ ျဖစ္ခ်င္တာကိုရွင္းရွင္းလင္းလင္းနားလည္ ဖို႔ကအေရးႀကီးပါတယ္။ စတင္ မလုပ္ေဆာင္ရေသးခင္မွာမိမိရဲ့ပန္းတိုင္နဲ႔ လုပ္ေဆာင္ရန္ရည္မွန္းခ်က္ေတြကိုခ်ေရးပါ။
၂။ ေန႔စဥ္လုပ္ေဆာင္စရာမ်ားကို ႀကိဳတင္ေရးဆြဲပါ၊၊ စာရြက္ေပၚမွာခ်ေရးရင္းစဥ္းစားပါ။
ထိေရာက္တဲ့အစီအစဥ္ဆြဲနိုင္ဖို႔အတြက္ အခ်ိန္ေပးလိုက္ျခင္းဟာ လက္ေတြ႕အေကာင္အထည္ေဖာ္ေဆာင္ရြက္ရာမွာ အဆေပါင္းမ်ားစြာ အခ်ိန္ကုန္ သက္သာေစပါတယ္၊၊
၃၊၊ ဘာလုပ္လုပ္ ၈၀/၂၀ စည္းမ်ဥ္းကိုက်င့္သုံးပါ။ တကယ္အေရးပါတဲ့လုပ္ေဆာင္ခ်က္၂၀%ဟာ က်န္၈၀%ေသာ အလုပ္အားလုံးၿပီးေျမာက္ျခင္းအတြက္ ရရွိတဲ့ အက်ိဳးရလဒ္နဲ႔ညီမၽွပါလိမ့္မယ္၊၊ ဒါေၾကာင့္ အေရးအႀကီးဆုံးျဖစ္ေနတဲ့ ၂၀%ေသာ အလုပ္ေတြအေပၚမွာသာအဓိကထားလုပ္ေဆာင္ပါ။
၄။ ျဖစ္လာမယ့္အက်ိဳးဆက္ကိုစဥ္းစားပါ
သင့္ရဲ့အေရးအပါဆုံးနဲ႔ ဦးစားေပးလုပ္ရမယ့္ အလုပ္ဆိုတာဟာ သင့္ဘဝနဲ႔အလုပ္အေပၚ အဆိုးအေကာင္း သက္ေရာက္မႈအမ်ားဆုံးရွိနိုင္မယ့္ အလုပ္ေတြပါ။ အဲဒီအလုပ္ေတြကို က်န္အလုပ္အားလုံးထက္ပိုၿပီး ဦးစားေပးလုပ္ေဆာင္ပါ။
၅၊၊ ဥာဏ္ရွိရွိအခ်ိန္ဆြဲနည္းကိုက်င့္သုံးပါ
သင္ကိုယ္တိုင္အရာအားလုံးကိုမလုပ္နိုင္တဲ့အတြက္ တကယ္အက်ိဳးျဖစ္ထြန္းေစမယ့္ အလုပ္အနည္းငယ္အေပၚ အခ်ိန္ပိုေပးနိုင္ေအာင္ အက်ိဳးရလဒ္နည္းတဲ့အလုပ္ေတြကိုရည္ရြယ္ခ်က္ရွိရွိေရြ႕ဆိုင္းတတ္ဖို႔လိုပါတယ္။
၆။ ADCDE နည္းလမ္းကို လိုက္နာပါ။
စာရင္းျပဳစုထားတဲ့အလုပ္ေတြကိုမစတင္ခင္ ၿပီးေျမာက္တဲ့အခါျပန္ရမယ့္အက်ိဳးေက်းဇူးနဲ႔ အေရးပါမႈအလိုက္ ဘယ္အလုပ္ကို ဦးစားေပးလုပ္ေဆာင္ရမလဲ ဆိုတာကို အခ်ိန္ယူစဥ္းစားၿပီး အစဥ္လိုက္ သတ္မွတ္ပါ။ ဒီနည္းလမ္းက အေရးအႀကီးဆုံးအလုပ္ေတြကို ဦးစားေပးလုပ္ျဖစ္ေစပါတယ္။
A. လုပ္က္ိုလုပ္ရမည္။
B. လုပ္သင့္သည္။
C. လုပ္ဖို႔ေကာင္းသည္။
D. အလုပ္ကို အျခားသူအား ခြဲေဝေပးသင့္သည္။
E. ရွင္းထုတ္သင့္သည္။
၇။ ၃ ခုေရြးျခင္းနိယာမ
သင့္အလုပ္အတြက္ ၉ဝ% ေလာက္အထိအေထာက္အကူျပဳအက်ိဳးျဖစ္ထြန္းေစမယ့္ အလုပ္ ၃ ခုကိုေရြးခ်ယ္သတ္မွတ္ပါ။ ၿပီးရင္ အဲဒီ သုံးခုကိုပဲ အရင္ဆုံးၿပီးေအာင္လုပ္ဖို႔ အာ႐ုံထားပါ။ ဒီလိုလုပ္ျခင္းျဖင့္ သင့္မိသားစုနဲ႔ ကိုယ္ပိုင္ဘဝအတြက္ အခ်ိန္ပိုေပးနိုင္လာပါလိမ့္မယ္။
၈။ လိုအပ္သည္မ်ားကို ေသခ်ာျပင္ဆင္ၿပီးမွ အလုပ္စလုပ္ပါ
အလုပ္မစခင္ အလုပ္အတြက္လိုအပ္နိုင္တဲ့အရာအားလုံး သင့္လက္ထဲမွာရွိေနပါေစ။ စာရြက္စာတမ္းေတြ၊ သတင္းအခ်က္အလက္ေတြ၊ တန္ဆာပလာေတြ၊ အလုပ္နဲ႔ သက္ဆိုင္တဲ့ အရာေတြ၊ ဖုန္းနံပါတ္ေတြစသျဖင့္ သင္လိုအပ္တဲ့ အရာေတြကိုစုစည္းထားပါ။ ဒါမွသာ အခ်ိန္မလစ္ဟင္းေစရဘဲ အလုပ္ကို စတင္နိုင္ကာ ၿပီးဆုံးသည္ထိ အဆင္ေျပေျပလုပ္ေဆာင္နိုင္ပါလိမ့္မယ္။
၉။ တစ္ႀကိမ္မွာ ေျခလွမ္းတစ္လွမ္းပဲလွမ္းပါ။
တစ္ဆင့္ခ်င္းစီ ဆက္တိုက္ၿပီးေအာင္လုပ္ေဆာင္သြားရင္ အလုပ္ကဘယ္ေလာက္ပဲ ခက္ခဲရႈပ္ေထြးေနပါေစ ၿပီးေျမာက္ေအာင္ သင္လုပ္ေဆာင္နိုင္ပါလိမ့္မယ္။
၁၀။ သင့္အလုပ္အတြက္ အဓိကလိုအပ္တဲ့ ကၽြမ္းက်င္မႈေတြကို အျမဲတိုးတက္ေအာင္ လုပ္ပါ။
သင့္အတြက္ အဓိကအေရးႀကီးတဲ့ အလုပ္ေတြမွာပိုၿပီး ႏွံ့စပ္ကၽြမ္းက်င္ေလေလ ၊ အလုပ္ကို ပိုၿပီးျမန္ျမန္စတင္နိုင္ကာ အခ်ိန္ပိုေစာၿပီး အလုပ္ၿပီးေျမာက္ေလပဲ ျဖစ္ပါတယ္။
Ref : Peter Chee & Brian Tracy
Credit : original trans
ေမတၱာမ်ားစြာျဖင့္
#ေအာင္ျမင္ေရးနည္းလမ္းမ်ား