Noble Science Bagan Co.,Ltd

Noble Science Bagan Co.,Ltd Food Supplement

🎉ရုံးပိတ်ရက်ကြေညာခြင်း🎉📢၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင်ကျရောက်မည့် (၁၀၅)ကြိမ်မြောက် "အမျိုးသားနေ့"သည် အများပြည်သူရု...
13/11/2025

🎉ရုံးပိတ်ရက်ကြေညာခြင်း🎉

📢၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့တွင်ကျရောက်မည့် (၁၀၅)ကြိမ်မြောက် "အမျိုးသားနေ့"သည် အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် "Noble Science Bagan"ရုံးများ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိပေးအပ်ပါသည်ခင်ဗျာ။




🎆တန်ဆောင်တိုင်ရုံးပိတ်ရက် အသိပေးကြေညာခြင်း🎆🎇၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ "Noble Science Bagan" ရုံးမျာ...
31/10/2025

🎆တန်ဆောင်တိုင်ရုံးပိတ်ရက် အသိပေးကြေညာခြင်း🎆

🎇၂၀၂၅ခုနှစ်၊ နိုဝင်ဘာလ (၁)ရက်နေ့မှ (၄)ရက်နေ့အထိ "Noble Science Bagan" ရုံးများ ပိတ်ထားမည်ဖြစ်ကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။

🎇တန်ဆောင်တိုင်အချိန်ခါသမယမှာ ဘေးဘယာများဝေးကွာပြီး ချစ်ရသောမိတ်ဆွေများ၊ မိသားစုများနှင့်အတူ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာများပို့သလိုက်ရပါတယ်ခင်ဗျာ။


 # ဝန်ထမ်း အလိုရှိသည် (ကုမ္ပဏီတိုက်ရိုက်)📢 Noble Science Bagan Co.,lTd (နေပြည်တော်) တွင် တာဝန်ထမ်းဆောင်ရန်အတွက်🎯Delivery...
19/10/2025

# ဝန်ထမ်း အလိုရှိသည် (ကုမ္ပဏီတိုက်ရိုက်)

📢 Noble Science Bagan Co.,lTd (နေပြည်တော်) တွင် တာဝန်ထမ်းဆောင်ရန်အတွက်
🎯Delivery (Male -2 Posts)
🎯Sale Representative (Male-1 post)
လျှော်က်ထားလိုသူများအနေဖြင့်...
♦️အခြေခံပညာ အထက်တန်း အောင်မြင်ပြီးသူ သို့မဟုတ် တက္ကသိုလ်မှဘွဲ့တခုခုရရှိထားပြီးသူ ဖြစ်ရမည်။
♦️အသက် (၁၈)နှစ် မှ (၃၀) နှစ်ကြား ဖြစ်ရမည်။
♦️နေပြည်တော်မြို့အနီးတ၀ိုက်တွင် ကျွမ်းကျင်စွာ သွားလာနိုင်သူဖြစ်ရမည်။
♦️ပေါင်းသင်းဆက်ဆံရေး ကောင်းမွန်သူ ဖြစ်ရမည်။
♦️ရိုးသားကြိုစားသူ ဦးစားပေးမည်။
💰လစာ - ညှိနှိုင်း

☀️Working Day - Monday to Firday
🕛Working Time - 9:00 am to 5:30 pm
📴Off Day - Sunday and Public Holidays

လျှောက်ထားလိုသူများအနေနဖြင့် (26.10.2025)ရက်နေ့တွင် နောက်ဆုံးထား၍ Onlineမှဖြစ်စေ၊ ဖုန်းဆက်၍ဖြစ်စေ ဆက်သွယ်စုံစမ်းလျှောက်ထားနိုင်ပါတယ်ခင်ဗျာ။

📧[email protected]
📞09-404977709, 09-441022447

📣"ရုံးပိတ်ရက်ကြေညာခြင်း"💁၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့သည်  ဒီပါဝလီ(အစိုးရရုံးပိတ်ရက်)ဖြစ်ပါသဖြင့် "Noble Science Ba...
19/10/2025

📣"ရုံးပိတ်ရက်ကြေညာခြင်း"

💁၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၂၀)ရက်နေ့သည် ဒီပါဝလီ(အစိုးရရုံးပိတ်ရက်)ဖြစ်ပါသဖြင့် "Noble Science Bagan"ရုံးများ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာ အသိပေးအပ်ပါသည်ခင်ဗျာ။

🙏ဟိန္ဒူဘာသာဝင်များ၏ အထွဋ်အမြတ်ထားရာ ဘာသာရေးပွဲတော်နေ့တွင် ဟိန္ဒူဘာသာဝင်မိသားစုများအားလုံး စိတ်နှလုံးပျော်ရွှင်ချမ်းမြေ့ပြီး ကျန်းမာချမ်းသာကြပါစေကြောင်း ဆုတောင်မေတ္တာပို့သလိုက်ပါတယ်ခင်ဗျာ။



🎆သီတင်းကျွတ်ရုံးပိတ်ရက်အား  အသိပေးကြေညာခြင်း🎆🪔၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ "Noble Science Bagan" ရုံ...
03/10/2025

🎆သီတင်းကျွတ်ရုံးပိတ်ရက်အား အသိပေးကြေညာခြင်း🎆

🪔၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၄)ရက်နေ့မှ (၇)ရက်နေ့အထိ "Noble Science Bagan" ရုံးများ ပိတ်ထားမည်ဖြစ်ကြောင်း ရိုသေလေးစားစွာ အသိပေးအပ်ပါသည်။

🪔ဝါလကင်းလွတ် သီတင်းကျွတ်အခါသမယမှာ ဘေးဘယာများဝေးကွာပြီး ချစ်ရသောမိတ်ဆွေများ၊ မိသားစုများနှင့်အတူ ပျော်ရွှင်ကျန်းမာစိတ်ချမ်းသာစွာဖြင့် ဖြတ်သန်းနိုင်ကြပါစေကြောင်း ဆုတောင်းမေတ္တာများပို့သလိုက်ရပါတယ်ခင်ဗျာ။


#သီတင်းကျွတ်

🌧️(၁၉) ဇူလိုင် မမေ့နိုင်🌧️🌧️၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သည့် (၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီး...
18/07/2025

🌧️(၁၉) ဇူလိုင် မမေ့နိုင်🌧️

🌧️၂၀၂၅ ခုနှစ် ဇူလိုင်လ (၁၉) ရက်နေ့တွင်ကျရောက်သည့် (၇၈) ကြိမ်မြောက် အာဇာနည်နေ့တွင် ကျဆုံးလေပြီးဖြစ်သော ဗိုလ်ချူပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများကို ရိုသေလေးစားစွာဖြင့် ဦးညွှတ် ဂါရဝပြုအပ်ပါသည်။🙏



🥰Lady Nurse လေးတွေ ပြန်လာပါပြီ🥰💪ကုန်ကြမ်းသွင်းဖို့ အခက်အခဲပေါင်းများစွာထဲက ကြိုးစားထားပါတယ်....🥰စိတ်ရှည်သည်းခံပြီး စောင်...
13/07/2025

🥰Lady Nurse လေးတွေ ပြန်လာပါပြီ🥰

💪ကုန်ကြမ်းသွင်းဖို့ အခက်အခဲပေါင်းများစွာထဲက ကြိုးစားထားပါတယ်....

🥰စိတ်ရှည်သည်းခံပြီး စောင့်ပေးသူများနှင့် ယုံကြည်စိတ်ချစွာ အစဉ်အမြဲဝယ်ယူအားပေးကြပါသော Customersများကို ကျေးဇူးတင်ပါတယ်ခင်ဗျာ။



📢ရုံးပိတ်ရက် ကြေညာခြင်း🌕၂၀၂၅ခုနှစ်၊ ဇူလိုင် (၉)ရက်နေ့တွင်ကျရောက်မည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည်အများပြည်သူရု...
08/07/2025

📢ရုံးပိတ်ရက် ကြေညာခြင်း

🌕၂၀၂၅ခုနှစ်၊ ဇူလိုင် (၉)ရက်နေ့တွင်ကျရောက်မည့် ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)သည်အများပြည်သူရုံးပိတ်ရက်ဖြစ်ပါသဖြင့် "Noble Science Bagan" ရုံးများ ပိတ်ထားမည်ဖြစ်ကြောင်း လေးစားစွာအသိ​ပေးအကြောင်းကြားအပ်ပါသည်ခင်ဗျာ။

🙏ဝါဆိုလပြည့်နေ့ (ဓမ္မစကြာအခါတော်နေ့)မှာ ကိုယ်စိတ်နှလုံး ရွှင်လန်းပြီး ကောင်းမှုကုသိုလ်များ ပွားများနိုင်ကြပါစေကြောင် ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်ခင်ဗျာ။ 🙏



🕌ကုရ်ဘာနီအီးဒ် (အစ်နေ့)🕌🙏အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားသော ကုရ်ဘာနီအီးဒ် (အစ်နေ့)တွင်အစ္စလာမ်ဘာသာဝင်မိတ်ဆွေများအားလုံ...
06/06/2025

🕌ကုရ်ဘာနီအီးဒ် (အစ်နေ့)🕌

🙏အစ္စလာမ်ဘာသာဝင်များ အထွတ်အမြတ်ထားသော ကုရ်ဘာနီအီးဒ် (အစ်နေ့)တွင်
အစ္စလာမ်ဘာသာဝင်မိတ်ဆွေများအားလုံး အလ္လာရှင်မြတ် ကောင်းချီးပေးဆောင်ခြင်းခံရပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်ခင်ဗျာ🙏




🦠ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာ...
25/05/2025

🦠ပိုးက၅ရက်ဆိုသူ့အလိုလိုသေတယ်

နောက်ဆုံးတွေ့ရှိချက် ( ပါမောက္ခဦးသိန်းဝင်း )💪

၁။ Stay home ဆိုပေမယ့် ကိုယ့်အိမ်သားတစ်ယောက်မှာရှိနေရင်အကုန်ကူးဖို့များတယ်။
🔹အထူးသဖြင့် ... အိမ်ကျဉ်းပြီး အခန်းနည်းရင် အပြင် (open air) မှာ ကိုဗစ်က မအောင်းနိုင်ဘူး။

၂။ air borne ဆိုပေမယ့် တစုံတယောက်ကနှာချေလိုက်မှ အမှုန် droplet လေးတွေက လေထဲမှာကြာကြာနေတာပါ။
🔹Mask တို့ Face Shield တို့တပ်ထားရင် လုံခြုံတယ်။
🔹ကိုဗစ်ဟာအတောင်ပံနဲ့ လျှောက်ပျံနေတာ မဟုတ်ဖူး။

၃။ ကိုဗစ်ပိုးဟာ နှာခေါင်း၂-ပေါက်၊ ပါးစပ်၊ မျက်စိ၂-လုံးကဘဲဝင်နိုင်တယ်။
🔹ခြေထောက်ကနေ၊ကျောကုန်းကနေ မ၀င်နိုင်ဘူး။
🔹Mask တပ်ဖို့၊ face shieldတပ်ဖို့ဘဲ အရေးကြီးတယ် ။

၄။မျက်ကပ်မှန်သုံးတဲ့လူတွေ အခုကာလမှာရိုးရိုးမျက်မှန်သုံးပါ။
🔹မျက်စိကိုအကာအကွယ်ရတဲ့အပြင် မျက်လုံးထဲလက်ထည့်စရာမလိုဘူး။

၅။အပြင်ကပြန်လာတိုင်း အဝတ်လျှော်ရေချိုးဖို့မလိုဘူး။
🔹အဝတ်လဲပြီး အဟောင်းကို ကြွပ်ကြွပ်အိတ်ထဲထည့်ထားလိုက်ပါ။
🔹အားမှလျှော်။ မလျှော်လဲ (၅)ရက်ကြာရင်ပိုးကအလိုလို သေသွားလိမ့်မယ်။

၆။ အရေးကြီးတာက 👇👇
🔹အော်ကျယ်ပြောနေတဲ့လူ..
🔹ချောင်းဆိုးနေတဲ့ နှာချေနေတဲ့ လူတွေကိုဝေးဝေးကရှောင်ပါ။

၇။အိမ်ထဲမှာ ပိုးနည်းနည်းပါးပါးရောက်နေရင်လည်း ကိစ္စမရှိဘူး။
🔹၅-ရက်ဆို ပိုးက သူ့အလိုလိုသေတယ်။
🔹ရွရွလျှောက်ပြေးနေတာမဟုတ်ဘူး။
🔹သူ့ဖာသာသူကပ်နေတာ။
🔹ကိုယ်ကလက်နဲ့ယူပြီး နှာခေါင်းနိုက်၊ မျက်စိပွတ်၊ ပါးစပ်နိုက်မှဝင်ကုန်တာ။
🔹ဒါကြောင့် လက်ဆေးခိုင်းတာ။

၈။ လေဝင်လေထွက်ကောင်းဖို့ ပို အရေးကြီးတယ်။
🔹ပြူတင်းပေါက်ဖွင့်ပြီး ပန်ကာဖွင့်ထားတာကအလုံပိတ်ပြီး အဲကွန်းဖွင့်ထားတာထက်ပိုကောင်းတယ်။
🔹ပညာပေးဆောင်းပါးများကို မျက်ခြည်မပြတ်ဖတ်ရှုပြီးနောက်ဆုံးတွေ့ရှိချက်များကို အခြေပြု၍ရေးသားပါသည်။
🔹ကပ်ဆိုးကြီးကိုကျော်လွှားနိုင်ပြီး အားလုံးကျန်းမာချမ်းသာကြပါစေ။

ါမောက္ခဦးသိန်းဝင်း

"ကိုဗစ်ကူးစက်နှုန်းသည် တုပ်ကွေးထက် ခုနှစ်ဆပိုများသည်ဟု ကျွမ်းကျင်သူများ ဆို"ကျန်းမာရေးပညာရှင်အချို့သည် စနေနေ့တွင် COVID-...
21/05/2025

"ကိုဗစ်ကူးစက်နှုန်းသည် တုပ်ကွေးထက် ခုနှစ်ဆပိုများသည်ဟု ကျွမ်းကျင်သူများ ဆို"

ကျန်းမာရေးပညာရှင်အချို့သည် စနေနေ့တွင် COVID-19 ကူးစက်မှုအခြေအနေကို ထောက်ပြလျက်၊ လက်ရှိကူးစက်မှုနှုန်းသည် ရာသီတုပ်ကွေးထက် ခုနှစ်ဆနီးပါးပိုမိုများပြားနေကြောင်း ဖော်ပြခဲ့သည်။

ဆူလာလွန်ကွန်းတက္ကသိုလ် (Chulalongkorn University) မှ ကထိက ပါမောက္ခ ဒေါက်တာသီရဝရတနာရတ်က ၎င်း၏ Facebook စာမျက်နှာတွင် ဖော်ပြချက်အရ၊ COVID-19 သည် လွန်ခဲ့သော တစ်ပတ်အတွင်း ပြည်သူများတွင် အဖျားရောဂါဖြစ်ပွားမှုကို အများဆုံးဖြစ်စေသော ကူးစက်ရောဂါဖြစ်ခဲ့သည်။

ကလေးငယ်များ၊ လူငယ်များ၊ အလုပ်လုပ်နိုင်သည့်လူကြီးများမှသည် အသက်ကြီးသူများအထိ အသက်အပိုင်းအခြားအားလုံးတွင် COVID-19 သည် ကူးစက်မှု၏ အဓိကအကြောင်းရင်းအဖြစ် ဆက်လက်ရှိနေသည်။

လွန်ခဲ့သော တစ်ပတ်အတွင်း ဆေးရုံများတွင် ကုသမှုခံယူနေရသည့် လူနာစာရင်း (ဆေးရုံတက်/အပြင်လူနာ) သည် ၄၃,၂၁၃ ဦးအထိ ရှိခဲ့ပြီး၊ ယခင်တစ်ပတ်ထက် ၃၅.၅% မြင့်တက်လာခြင်းကို စာရင်းများက ဖော်ပြသည်။ ကချင္သာဘူရီ၊ သုဝဏ္ဏဘူမိ (သို့) ဘန်ကောက်မြို့ ဘန်ကောက်နိုးခရိုင်တို့တွင် သေဆုံးမှု ၃ ဦး မှတ်တမ်းတင်ခဲ့သည်။

COVID-19 နှင့် တုပ်ကွေးရောဂါကို နှိုင်းယှဉ်ကြည့်ပါက၊ COVID-19 ၏ ကူးစက်နှုန်းသည် စုစုပေါင်းအားဖြင့် ၇ ဆနီးပါး (အသက်အပိုင်းအခြား အချိုး ၇:၁) ပိုမိုမြင့်မားသည်။ အသက် ၀–၄ နှစ်ကလေးများတွင် ၄:၁၊ ၅–၁၉ နှစ်အရွယ်များတွင် ၃:၁၊ တက္ကသိုလ်တက်ရွယ် နှင့် အလုပ်လုပ်နိုင်သည့်လူကြီးများ (၂၀–၅၉ နှစ်) နှင့် အသက် ၆၀ အထက်လူကြီးများတွင် ၁၀:၁ အထိ ကူးစက်နှုန်း ကွာခြားမှုရှိကြောင်း လေ့လာတွေ့ရှိရသည်။

source:

🙏🏻၂၀၂၅ခုနှစ်၊ မေလ (၁၁)ရက်နေ့တွင်ကျရောက်သော မင်္ဂလာရှိသော "ကဆုန်လပြည့်" ဗုဒ္ဓအခါတော်နေ့မှာ မိဘပြည်သူများအားလုံး ကောင်းမှု...
10/05/2025

🙏🏻၂၀၂၅ခုနှစ်၊ မေလ (၁၁)ရက်နေ့တွင်ကျရောက်သော မင်္ဂလာရှိသော "ကဆုန်လပြည့်" ဗုဒ္ဓအခါတော်နေ့မှာ မိဘပြည်သူများအားလုံး ကောင်းမှုကုသိုလ်များပြုလုပ်၍ စိတ်ရောကိုယ်ပါ ချမ်းသာကျန်းမာကြပါစေကြောင်း ကျွန်တော်များ "Noble Science Bagan" မိသားစုမှ ဆုတောင်းမေတ္တာများပို့သလိုက်ပါတယ်ခင်ဗျာ။🙏🏻

#ညောင်ရေသွန်းပွဲတော်
#ကဆုန်လပြည့်နေ့

#ဗုဒ္ဓအခါတော်နေ့

Address

No. D1, 35(B) Street, Between 70 X 71 Street, Mahar Aung Myay Township
Mandalay

Opening Hours

Monday 09:00 - 17:30
Tuesday 09:00 - 17:30
Wednesday 09:00 - 17:30
Thursday 09:00 - 17:30
Friday 09:00 - 17:30
Saturday 09:00 - 17:30

Telephone

+959404977709

Website

Alerts

Be the first to know and let us send you an email when Noble Science Bagan Co.,Ltd posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Noble Science Bagan Co.,Ltd:

Share