ရွှေမန်း တာယာရောင်းဝယ်ရေး

  • Home
  • Myanmar
  • Mandalay
  • ရွှေမန်း တာယာရောင်းဝယ်ရေး

ရွှေမန်း တာယာရောင်းဝယ်ရေး Tyre Services

 # # #ပစ္စည်းမှန်_ဈေးနှုံးမှန် လို့ လာအားပေးတဲ့  # # ြီး သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ # #     Toyo  4-Pcs
24/10/2023

# # #ပစ္စည်းမှန်_ဈေးနှုံးမှန် လို့ လာအားပေးတဲ့
# # ြီး သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ

# # Toyo 4-Pcs

 # # #ပစ္စည်းမှန်_ဈေးနှုံးမှန် လို့ လာအားပေးတဲ့  # # ြီး သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ # #  Michelin 2-Pcs
19/10/2023

# # #ပစ္စည်းမှန်_ဈေးနှုံးမှန် လို့ လာအားပေးတဲ့
# # ြီး သွားလမ်းသာလို့ လာလမ်းဖြောင့်ပါစေ

# # Michelin 2-Pcs

 # # #မင်္ဂလာရှိသောအချိန်
17/10/2023

# # #မင်္ဂလာရှိသောအချိန်

 # # #ပစ္စည်းမှန် ဈေးမှန်လို့  # # #ရွှေမန်း ကိုလာအားပေးတာတဲ့ # #  Dunlop # # - 980000
14/10/2023

# # #ပစ္စည်းမှန် ဈေးမှန်လို့ # # #ရွှေမန်း ကိုလာအားပေးတာတဲ့

# # Dunlop

# # - 980000

⭕ အင်ဂျင်ဝိုင်လဲဲပြီးရင် မလုပ်မဖြစ် engine oil reset ချပေးခြင်း ⭕Engine oil လဲမယ်ဆိုရင် အများအားဖြင့် ကားရဲ့ အသုံးပြုမှု...
11/09/2023

⭕ အင်ဂျင်ဝိုင်လဲဲပြီးရင် မလုပ်မဖြစ် engine oil reset ချပေးခြင်း ⭕

Engine oil လဲမယ်ဆိုရင် အများအားဖြင့် ကားရဲ့ အသုံးပြုမှု ODO ပေါ်မူတည်ပြီး ကားထုတ်သူ အများစုကတော့ filter နဲ့ oil ကို 3 months or 3000 miles မှာလဲလှယ်ဖို့ recommend ပေးထားပါတယ်။ ဒါဟာလဲ ကားအနေထားပေါ်လဲ မူတည်သေးပါတယ်။ grade များတဲ့ oil ကို အသုံးပြုမယ်ဆိုရင် အနည်းငယ်နောက်ကျပြီးလဲရင်လဲကိစ္စမရှိပါဘူး။ ဒါပေမဲ့ ကားတစ်စီးနဲ့တစ်စီးတော့ ပုံသေတူမှာတော့မဟုတ်ပါဘူး။ ODO များနေရင်၎င်း ရာသီဥတုပူနေရင်၎င်း ( eg; above 40C ) ဆိုရင် engine ကို သေသေချာချာ ရွေးချယ်အသုံးပြုရပါမည်။ 5W20 , 5W30 , 10W30 , 10W40 စတဲ့ oil grade တွေက efi ကားတွေနဲ့ off-road တွေအတွက်အထူးသင့်လျှော်ပါတယ်။

Engine oil လဲပြီးတိုင်း oil pump လုပ်ဆောင်မှု မှန်ကန်အောင် lubrication system အတွက် အမှားအယွင်းမရှိအောင် ပုံမှန်လည်ပတ်စေဖို့ oil reset ချပေးရပါမည်။ တနည်းအားဖြင့် ECU ကို engine lubrication အတွက် normal ဖြစ်နေကြောင်း ကို လှမ်းအသိပေးလိုတဲ့ အတွက်ကြောင့်ဖြစ်ပါတယ်။ အဲ့လိုမှမဟုတ်ရင် engine oil lamp လင်းနေ၍ ECU က engine oil နည်းနေကြောင်း ပုံသေမှတ်ယူကာ engine lubrication နှင့် တခြား စနစ်တွေကို ကန့်သတ်ထိန်းချုပ်လိုက်ခြင်းကြောင့် engine performance ကိုထိခိုက်စေနိုင်ပါတယ်။ တနည်းအားဖြင့် ECM ထဲမှာ engine oil လဲလှယ်လိုက်တဲ့ time travel ကို မှတ်သားထားပေးပြီး အကယ်၍ ကီလို ၅၀၀၀ ဆိုလည်း အဲ့အချိန်ရောက်ရင် oil change light လင်းပေးပါမယ်။ reset မချဘဲ မောင်းနေရင်တော့ ECU က သက်မှတ်ကာလအတိုင်းမသိတော့ဘဲ သူပြချင်တဲ့ အချိန်မှပြရင် အင်ဂျင်ထိခိုက်နိုင်ပါတယ်။ oil chage reset function သည် များသောအားဖြင့် ဥရောပကားများနဲ့ဂျပန်အင်တာနယ်ရှင်နယ်ကားဆတွမှာပါလေ့ရှိပါတယ်။

Oil reset လုပ်ဖို့အတွက် အောက်ပါ sequence တွေကို လေ့လာနိုင်ပါတယ်။
1. IG key ကို ON ပေးပါ။
2. Dashboard နားမှာရှိတဲ့ reset ခလုတ်ကို နှိပ်ပြီး oil life 20% စာပေါ်တဲ့ အထိ ခလုတ်နှိပ်ပြီး ပြောင်းပေးပါ။
3. Oil life စာပေါ်လာရင် reset ခလုတ်ကို 10 sec နှိပ်ထားပေးပါ။
4. Instrument cluster မှာ ကျန်တဲ့ စာတွေပျောက်ပြီး oil life CANCLE ပေါ်လာရင် reset ခလုတ်ကို တချက်ပြန်နှိပ်ပါ။
5. နောက်ပြီး reset ခလုတ်ကို 5sec ထပ်နှိပ်ထားပါ။ Oil life 100% ပေါ်လာရင် ရပါပြီ။

အဲ့ဒါတွေမသိရင်လဲ scan tools ထဲရှိ oil change reset ထဲဝင်ပြီး သူပြောတဲ့ အတိုင်းလုပ်ပေးလိုက်ရင် ရပါပြီ။

📌 အချိန်ပေးဖတ်ရှု့ပေးတဲ့ အတွက်ဆရာများ ကျေးဇူးပါ 💜🙏

#စက်ပြင်ဆရာညီအကိုတွေ အားလပ်တဲ့အချိန်စာအုပ်ဖတ်ချင်တယ်ဆိုရင် ကားနည်းပညာစာအုပ်ကြီး (၅) အုပ်၀ယ်ဖတ်နိင်ပါတယ်ခင်ဗျာ 🙏
နိင်ငံခြားစက္ကူဈေးတွေ2ဆထိတက်နေပေမယ့်လည်းစာအုပ်ဈေးမတက်ဘဲမူရင်းဈေးအတိုင်းရောင်းပေးနေပါတယ်ခင်ဗျာ🙏

#ဒီဇယ်အင်ဂျင်နှင့်ကွန်မွန်းရေးစာအုပ်
https://m.facebook.com/story.php?story_fbid=667128985455614&id=100064755550366&mibextid=Nif5oz

& Sensorကား၀ပ်ရှော့နည်းပညာများစာအုပ်
https://www.facebook.com/100064755550366/posts/551421737026340/

#အော်တိုဂီယာ ဗားဘော်ဒီစာအုပ်
https://m.facebook.com/story.php?story_fbid=1013562349431096&id=127119418075398

& ECUစာအုပ်
https://www.facebook.com/127119418075398/posts/1109230133197650/

#စက်ပြင်ဆရာလက်စွဲစာအုပ်
https://www.facebook.com/127119418075398/posts/1074605609993436/

မြန်မာလိုစက်ပြင်စာအုပ်ကောင်းများကိုမှာယူမယ်ဆိုပါရင်09796756476 09784710458 သို့ဆက်သွယ်မှာယူနိင်ပါတယ်ခင်ဗျာ

🙏ထမင်းရှင်စက်ဆရာများရဲ့ဂုဏ်ကျေးဇူးကိုအမြဲသတိတရဦးညွှတ်လျက်ပါခင်ဗျာ🙏

အောက်ပါ တယ်လီဂရမ်လင့်ကိုလည်း ဂျိုင်းပြီး အဖိုးတန်ဆောင်းပါး ၊ ပုံတွေ ၊ စာအုပ်တွေ ရယူနိုင်ပါတယ်ခင်ဗျာ
https://t.me/+X2wga8MUZlw4M2Vl (ဂရု)
https://t.me/automechanicsbook14 (ချန်နယ်)

ဘရိတ်ဆီ လဲသင့်နေပြီဆိုတာ သင်သိနိုင်မယ့် အချက် (၅) ချက်ကားဘရိတ်ဆိုတာ ကားမှာပါတဲ့ အစိတ်အပိုင်းများစွာထဲကမှ အရေးကြီးဆုံး အစ...
07/09/2023

ဘရိတ်ဆီ လဲသင့်နေပြီဆိုတာ သင်သိနိုင်မယ့် အချက် (၅) ချက်

ကားဘရိတ်ဆိုတာ ကားမှာပါတဲ့ အစိတ်အပိုင်းများစွာထဲကမှ အရေးကြီးဆုံး အစိတ်အပိုင်းတခုဆိုတာ ကားမောင်းသူတိုင်း သိထားပြီးဖြစ်မှာပါ ။ ကျနော်တို့ ခရီးသွားမယ်ဆိုတိုင်း ၊ ကားကို ပုံမှန်ပြုပြင်တဲ့အခါတိုင်း ကားအင်ဂျင်ဝုိင် ကားဂီယာဝုိင်တွေ ၊ ကားမှာပါတဲ့ Coolant တွေ ၊ ကားရဲ့ အောက်ပိုင်း ( Suspension) ပိုင်းတွေကို အထူးအလေးပေး စစ်ဆေးပြီး အင်ဂျင်ဝုိင်တွေလဲတာ ၊ ကားအောက်ပိုင်း ဘရိတ်ရှူးတွေလဲတာ အစရှိတဲ့ လိုအပ်ချက်တွေကို ပြုပြင်တတ်ကြပေမယ့် ကားဘရိတ်စနစ်ရဲ့ အရေးကြီးဆုံး ဘရိတ်ဆီတွေကိုတော့ သေချာစစ်ဆေးပြီး အသစ်လဲလှယ်တာ မရှိသလောက်ရှားပါတယ် ။ ဒီနေ့ ကားမှာပါတဲ့ ဘရိတ်ဆီရဲ့ အရေးပါပုံ လေးကို နည်းနည်းပြောပြချင်ပါတယ် ။

ဘရိတ်ဆီဆိုတာဘာလဲ ?

ဘရိတ်ဆီဆိုတာကတော့ အလွယ်ကူဆုံးနဲ့ အရိုးရှင်းဆုံးပြောရရင် glycol-ether ဆိုတဲ့ Chemical ကိုအခြေခံပြီးဖွဲ့စည်းတည်ဆောက်ထားတဲံ ဟိုက်ဒရောလစ်ဆီ ( Hydraulic Oil ) တမျိုးပါပဲ ။ ကျနော်တို့ လက်ရှိကားတွေမှာ အသုံးပြုနေကြတဲ့ Brake Fluid ( ဘရိတ်ဆီ) တွေကတော့ DOT 3 နဲ့ DOT 4 အမျိုးအစား ဘရိတ်ဆီတွေဖြစ်ပါတယ် ။ DOT ဆိုတဲ့ အဓိပ္ပါယ်ကတော့ အမေရိကန် နိုင်ငံက Department Of Transportation ကိုရည်ညွှန်းတာဖြစ်ပြီး သူတို့နိုင်ငံရဲ့ The Federal Motor Vehicle Safety Standards (FMVSS) နဲ့ အညီထုတ်လုပ်ထားတဲ့ Grade 3 ,4 အမျိုးအစား ဘရိတ်ဆီတွေကို DOT 3 , DOT 4 လို့ခေါ်ဆိုတာဖြစ်ပါတယ် ။

ဥပမာအားဖြင့် ကားကို 100 Km/hour လောက်နဲ့ မောင်းနှင်နေတဲ့အချိန် ရုတ်တရက်ဘရိတ် Pedal ကို နင်းလိုက်တဲ့အခါ ဘရိတ် Pedal ကနေတဆင့် Master Cylinder ( ဘရိတ်ဆုံ) တွေ ၊ ABS Accumulator တွေကို တွန်းအားဖိအားတွေဖြစ်စေပြီး အဲ့ဒီကနေတဆင့် ဘရိတ်ဆီတွေကို ဘရိတ်ဆုံတွေထဲက ဘရိတ် Piston တွေဆီကို အလျှင်မြန်ဆုံးနည်းနဲ့ အထစ်အငေါ့မရှိပေးပို့ထပ်ဆင့် ဖိအားပေးမှသာ ကားက ဘရိတ်မိပြီး ကားကို အချိန်တိုအတွင်း အရှိန်သတ် ထိန်းချုပ်နိုင်မှာပါ ။

ကမ္ဘာပေါ်မှာ မတူကွဲပြားခြားနားတဲ့ ဟိုက်ဒရောလစ်ဆီ (Hydraulic Oil ) အမျိုးအစားပေါင်းများစွာ ရှိတဲ့ အထဲကမှ ဘာကြောင့် ဘရိတ်ဆီတွေကို သီးသန့်တီထွင်ဖန်တီးပြီး ကားတွေ မော်တော်ဆိုင်ကယ်တွေမှာ အသုံးပြုရသလဲဆိုရင်တော့ ဘရိတ်ဆီဟာ အခြားဟိုက်ဒရောလစ်ဆီတွေနဲ့ မတူကွဲပြားခြားနားတဲ့ ဂုဏ်သတ္တိ တွေ ရှိဖို့လိုအပ်လို့ပါပဲ ။

ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကတော့

1. Viscosity (စေးပြစ်နှုန်း) တည်ငြိမ်ရပါမယ် ။ ပူတဲ့အချိန်မှာဖြစ်ဖြစ် ၊ အေးတဲ့အချိန်မှာဖြစ်ဖြစ် ဘရိတ်ဆီရဲ့ စေးပြစ်နှုန်း မပြောင်းလဲဘဲ တည်ရှိရပါမယ် ။ ဒါမှဘရိတ်ဖမ်းတဲ့အခါ ချောချောမွေ့မွေ့ လျှင်လျှင်မြန်မြန် အလုပ်လုပ်နိုင်မှာပါ ။
2. Boiling Point (ရေဆူမှတ်) မြင့်မားရပါမယ် ။ ပုံမှန်အားဖြင့် ရေဟာ 100 ံC မှာ ဆူပြီး ၊ ဘရိတ်ဆီတွေ ရဲ့ ရေဆူမှတ်က DOT 3 မှာဆို 205 °C (401 °F) ရှိပြီး DOT 4 မှာဆိုရင်တော့ 230 °C (446 °F) လောက်ထိရှိပါတယ် ။ ဘရိတ်ဆီတွေဟာ ဒီလို ရေဆူမှတ်မြင့်မှလည်း ဘရိတ်ဖမ်းလိုက်တဲ့အခါ တခုနဲ့ တခုပွတ်တိုက်ပြီး အပူချိန်မြင့်တက်လာမယ့် Brake Drum တွေ ၊ Brake Shoe တွေနဲ့ အတူတွဲဖက်အလုပ်လုပ်ဆောင်နိုင်မှာဖြစ်ပါတယ် ။
3. Corrosion (သံချေးတက် ပွန်းစားမှု) သက်သာစေရပါမယ် ။ ဘရိတ်စနစ်မှာ ဘရိတ်ဆီနဲ့ အမြဲထိစပ်နေတဲ့ အစိတ်အပိုင်းတွေဖြစ်တဲ့ Brake Piston တွေ ၊ Master Cylinder တွေ ၊ ABS Control Valve တွေကို သံချေးတက်ပွန်းစားမှု မဖြစ်စေဖို့လည်းလိုအပ်ပါတယ် ။ နောက် သံချေးတက် ပွန်းစားမှုတွေကို ဖြစ်စေမယ့် Moisture ဆိုတဲ့ ရေခိုးရေငွေ့တွေ ဒီဘရိတ်စနစ်ထဲ အမြောက်အများ တိုက်ရိုက် ၀င်မလာအောင်လည်း ကာကွယ်ပေးနိုင်ရပါမယ် ။
4. Compressibility (ဖိသိပ်ခံနိုင်မှု) တည်ငြိမ်ရပါမယ် ။ အပူချိန်အမျိုးမျိုးပြောင်းလဲနိုင်တဲ့ ပတ်၀န်းကျင် အခြေအနေမှာ ဘရိတ်ဆီတွေရဲ့ ဖိသိပ်ခံနိုင်မှု တည်ငြိမ်ရပါမယ် ။ ဒါမှ ဘယ်လိုအခြေအနေမှာမဆို ဘရိတ်နင်းလိုက်တဲ့အခါ ဘရိတ် Pedal ရဲ့ အနေအထားတည်တည်ငြိမ်ငြိမ်ရှိမှာဖြစ်ပါတယ် ။
ဒီအချက်တွေက ဘရိတ်ဆီတွေမှာရှိရမယ့် ဂုဏ်သတ္တိတွေဖြစ်ပြီး ၊ DOT 4 အဆင့် ဘရိတ်ဆီက DOT 3 ထက် အပူချိန်ခံနိုင်ရယ် ၊ ဖိအားဒဏ်ခံနိုင်ရည်တွေ ပိုများပါတယ် ။ ဒါကြောင့်နောက်ပိုင်းကားတွေမှာ DOT 4 Grade တွေကို သုံးစွဲလာကြတာဖြစ်ပါတယ် ။

ဒီ DOT 3 , 4 Grade ဘရိတ်ဆီတွေရဲ့ အားနည်းချက်တခုက ပတ်၀န်းကျင်ထဲမှာရှိတဲ့လေထုထဲက ရေခိုးရေငွေ့တွေက ဘရိတ်ဆီထဲကို တဖြည်းဖြည်း ရောနှော၀င်ရောက်လာတာပါ ။ အချိန်ကြာလာတာနဲ့အမျှ ဘရိတ်ဆီထဲမှာ ရေခိုးရေငွေ့ တွေပါ၀င်လာပြီး ဘရိတ်ဆီတွေ ညစ်ပတ်လာပြီး ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေ ကျဆင်းလာတတ်ပါတယ် ။ ဘရိတ်ဆီတွေရဲ့ လေထုထဲက ရေစုပ်ယူမှု ပမာဏက တနှစ်ကို ၂ ရာခိုင်နှုန်းလောက်ရှိပါတယ် ။ ကျနော်တို့ ဘရိတ်ဆီအဖုံးကိုဖွင့်တဲ့အချိန် ၊ ဒါမှမဟုတ်ဘရိတ်ဆီအဖုံးမှာ ပါတဲ့ Seal လေးတွေမလုံတဲ့အချိန်တွေမှာ ပတ်၀န်းကျင်ထဲက လေထုကို ဘရိတ်ဆီက စုပ်ယူပါတယ် ။ ဒါကြောင့် ကမ္ဘာပေါ်က ကားထုတ်လုပ်တဲ့ ကုမ္ပဏီတွေက ကားတွေကို Km (32,000) ဒါမှမဟုတ် 2 နှစ်အကြာ မောင်းနှင်ပြီးတိုင်း ဘရိတ်ဆီတွေကို စစ်ဆေး လဲလှယ်ပေးသင့်ပါတယ်လို့ အကြံပြုပေးထားကြပါတယ် ။
ဘယ်အချိန်မှာ ကျနော်တို့ ဘရိတ်ဆီတွေကို လဲသင့်သလဲ ?

1. ABS မီးတွေ ၊ Parking Brake ( Hand Brake ) မီးတွေလင်းလာတဲ့အခါ
ကျနော်တို့ ကားတွေမှာ အသုံးပြုနေတဲ့ ဘရိတ်ဆီတွေ ညစ်နွမ်းလာတဲ့အခါ ၊ ရေပါ၀င်မှု နှုန်းများလာတဲ့အခါ ဒီဘရိတ်ဆီတွေနဲ့ တွဲဖက်အလုပ်လုပ်နေတဲ့ ABS Motor တွေ ၊ Accumulator တွေ Solenoid Valve တွေ ချို့ယွင်းလာတတ်ပါတယ် ။ အဖြစ်များတာကတော့ Pressure မတောင့်နိုင်တာ ၊ ABS System Malfunction ဖြစ်တာ အစရှိတဲ့ Error တွေ တက်လာတတ်ပါတယ် ။ ဒီလိုဖြစ်လာနိုင်တာမို့ ဘရိတ်ဆီ မလဲတာကြာလို့ ဒီလို ABS မီးတွေ ၊ Parking Brake မီးတွေလင်းလာတယ်ဆိုရင် ဘရိတ်ဆီလဲသင့်ပါတယ် ။ တချို့ကားတွေမှာဆိုရင် ABS Accumulator ပြဿနာတက်လာတဲ့အခါ ဘရိတ်ဆီလဲပြီး စမ်းသုံးကြည့်ရင်း ကောင်းသွားတာတွေ တောင်ရှိပါတယ် ။

2. ဘရိတ်ပုံမှန် မဟုတ်တဲ့အခါ
ဘရိတ်ဖမ်းလိုက်တဲ့အခါ ၊ ဘရိတ်နင်းလိုက်တဲ့အခါ ၊ ဘရိတ်ခြေနင်းက ပုံမှန်မဟုတ်ဘဲ ၊ မာနေတာ ၊ ဒါမှမဟုတ် ပျော့ကျသွားတာ ၊ ရှောသွားတာမျိုးဆိုရင် ဘရိတ်ဆီအခြေနေကို စစ်ဆေးပြီး ၊ ဘရိတ်ဆီ မကောင်းတော့ဘူးဆိုရင် အသစ်လဲလှယ်သင့်ပါတယ် ။ အပြင်ကားလောကမှာ အဖြစ်များဆုံး ရောဂါလက္ခဏာ တွေပါ ။

3. ဘရိတ်ဆုံကနေ အသံထွက်လာတဲ့အခါ
အခုနောက်ပိုင်း ABS စနစ်နဲ့ တွဲဖက်လုပ်ကိုင်တဲ့ ဘရိတ်ဆုံတွေမှာ ဘရိတ်ဆီမကောင်းတဲ့အခါ ၊ ဘရိတ်ဆီ ညစ်သွားတဲ့အခါ ဘရိတ်ဆုံကနေ အသံထွက်တာမျိုးတွေ ကြုံတွေ့ရတတ်ပါတယ် ။ ဘရိတ်နင်းလိုက်တိုင်း ဘရိတ်ဆုံကနေ အသံထွက်လာတာ ၊ ဒါမှမဟုတ် ဘရိတ်ဆုံကနေ မော်တာမောင်းသလို အသံတွေထွက် လာတာဆိုရင်တော့ ဘရိတ်ဆီကိုစစ်ဆေးပြီး ဘရိတ်ဆီမကောင်းဘူးဆိုရင် လဲလှယ်ပေးရမှာဖြစ်ပါတယ် ။

4. ဘရိတ်ဆီ အရောင်ညစ်လာတဲ့အခါ
ဒါကတော့ သိသာထင်ရှားတဲ့ အရာပါ ၊ ကားမောင်းတဲ့သူ တော်တော်များများလည်း ဘရိတ်ဆီအဖုံးဖွင့်ပြီး ဘရိတ်ဆီကောင်းမကောင်း ကြည့်တတ်ကြပါတယ် ။ ဘရိတ်ဆီရဲ့ ပုံမှန်အရောင်က အကြည်ရောင်လေးပါ ။ ဘရိတ်ဆီအဖုံးကို ဖွင့်စစ်ဆေးကြည့်တဲ့အခါ ဘရိတ်ဆီအရောင်ပြောင်းနေတာ ၊ အရမ်းပြစ်သွားတာမျိုးတွေ ဖြစ်နေတယ် ဆိုရင်တော့ ဘရိတ်ဆီကို အမြန်ဆုံးလဲလှယ်ပေးရတော့မှာပါ ။ ဘာဖြစ်လို့လဲဆိုရင်တော့ ဘရိတ်ဆီ အရောင်ပုံမှန်ဖြစ်နေတယ်ဆိုရင်တောင်မှ ဘရိတ်ဆီရဲ့ Power အပြည့်ရှိမရှိ မသေချာနိုင်ပေမယ့် ဘရိတ်ဆီတွေ လုံး၀ညစ်နေပြီဆိုရင်တော့ ဘရိတ်ဆီမှာ ရှိရမယ့် ဂုဏ်သတ္တိတွေ လုံး၀မရှိတော့တာ သေချာနေလို့ပဲဖြစ်ပါတယ် ။
5. ဘရိတ်ကပ်ပြီး ညှော်နံ့ထွက်တဲ့အခါ
ကျနော်ကိုယ်တိုင် ဒီလိုအဖြစ်မျိုး ကြုံခဲ့ဖူးပါတယ် ။ ဘရိတ်ဆီမသန့်တာ ထည့်လိုက်မိလို့ ၊ လမ်းမှာ ဘရိတ်ဆုံ တွေက ဘရိတ်မပြန်ဘဲ ဘရိတ်ရှုးတွေကပ်နေလို့ ညှော်နံ့တွေထွက်တာ ကြုံဖူးပါတယ် ။ ဘရိတ်ဆီ တွေ အကုန် ဖောက်ထုတ် ၊ ဘရိတ်ဝါရှာတွေ ဖြုတ်လဲ ၊ ဘရိတ် Piston တွေဆေးကျော ၊ ဘရိတ်ဆီတွေပါ အကုန်အသစ် လဲလှယ် ပေးလိုက်မှ အားလုံး အိုကေသွားပါတယ် ။
ဒီအချက်တွေက ဘရိတ်ဆီနဲ့ ပတ်သတ်ပြီး အဖြစ်များဆုံး ရောဂါလက္ခဏာအခြေနေတွေပါ ။ ဒါတွေမိတ်ဆွေတို့ ကားတွေမှာဖြစ်လာတယ်ဆိုရင်တော့ Brake Fluid Tester တွေနဲ့ အမြန်ဆုံးစစ်ဆေးပြီး မကောင်းဘူးဆိုရင် လဲလှယ်ရမှာပါ ။ မလဲလှယ်ဘဲ အသုံးပြုနေမယ် ဆိုရင်တော့ ဘရိတ်ဆီတွေထဲ ရေခိုးရေငွေ့ပါ၀င်မှုများလာပြီး ဘရိတ်ဆီရဲ့ ဂုဏ်သတ္တိတွေကျဆင်းလာကာ ဘရိတ်နင်း လိုက်တဲ့အခါ ဘရိတ်ပျော့ဆင်းသွားတာ ၊ ဘရိတ်ရှောသွားတာ ၊ ဘရိတ်မာပြီး မမိတာ ၊ ဘရိတ်နင်းလိုက်တဲ့အချိန် အသံထွက်တာ ၊ ဘရိတ် Piston တွေ ဂျမ်းဖြစ်တာ ၊ သံကြေးတက်တာ ၊ ဘရိတ်ဖမ်းလိုက်တဲ့ အချိန် ညှော်နံ့ထွက်တာ Master Cylinder တွေ ၊ ABS Accumulator တွေ အစရှိတဲ့ ဘရိတ်နဲ့ ပတ်သတ်တဲ့ ပစ္စည်းတွေပျက်စီးပြီး ဘရိတ် ပြဿနာတွေ ကြုံတွေလာရမှာဖြစ်ပါတယ် ။ ဘရိတ်ပြဿနာဆိုတာ တကယ်တော့ ယာဉ်မောင်းသူနဲ့ ယာဉ်ကိုပါ အန္တရာယ်ရှိစေတဲ့ ပြဿနာပါပဲ ။

ယနေ့ကားဘရိတ်စနစ်တွေဟာလည်း ခေတ်မီဘရိတ်စနစ် တွေဖြစ်တာမို့ ဘရိတ်ဆီလဲလှယ်တဲ့နေရာမှာလည်း ဟိုးအရင်ခေတ်ဟောင်းနည်းတွေနဲ့ မတူဘဲ ဘရိတ်စနစ် ထဲမှာ လေခိုတာ ၊ လေကျန်တာမျိုးမဖြစ်ရလေအောင် ခေတ်မီ Diagnostic စက်တွေ နဲ့ Air Bleeding လုပ်တာ ၊ ဘရိတ်ဆီ သီးသန့်လဲလှယ်တဲ့ စက်တွေနဲ့ သေသေချာချာ စနစ်တကျလဲလှယ်မှ ဘရိတ်နဲ့ ပတ်သတ်တဲ့ အန္တရာယ်တွေ ပြဿနာတွေ ကင်းဝေးစေ မှာဖြစ်ပါတယ် ။

ဒါကြောင့် ကားကျန်းမာရေးစစ်ဆေးတိုင်း ကပ်ကျော်သွားတတ်တဲ့ မိတ်ဆွေတို့ရဲ့ ယာဉ်နဲ့ ယာဉ်မောင်း သူတွေ လုံခြုံစိတ်ချရမှုရဲ့ အရေးကြီးဆုံး ၊ အရေးပါဆုံး ဘရိတ်စနစ်ရဲ့ ဘရိတ်ဆီတွေကို အမြန် ဆုံးစစ်ဆေးပြုပြင် လဲလှယ်ဖို့ အကြံပြုတိုက်တွန်းချင်ပါတယ်ခမျာ ။

စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/Prime125/posts/3056093228022744
ကားဝါယာရိန်း အွန်လိုင်း သင်တန်းများတက်ရောက်လိုပါက
https://www.facebook.com/Prime125/posts/592592393064455
Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
Lynn Za Nee ( P.T.U )

Hybrid Car ထဲရေဝင်တယ်ဆိုရင် (ခုရက်ပိုင်း မိုးတွေ တအားကောင်းလို့ ဒါလေးတွေ သတိထားပါ) မိုးတွင်းကာလရောက်ပြီဆို Hybrid Car (ဓ...
11/08/2023

Hybrid Car ထဲရေဝင်တယ်ဆိုရင် (ခုရက်ပိုင်း မိုးတွေ တအားကောင်းလို့ ဒါလေးတွေ သတိထားပါ)

မိုးတွင်းကာလရောက်ပြီဆို Hybrid Car (ဓာတ်ခဲကား) လေးတွေ ကျနော်တို့အလုပ်ရုံကို တော်တော်များများ ရောက်လာတတ်ကြပါတယ် ။ Honda Civic တွေ , Insight တွေပေါ့ ။ ဘာဖြစ်လို့ရောက်လာတာလဲဆိုရင် IMA မီးလင်းလာလို့ ချက်မီးလင်းလာလို့ ၊ ဒိုင်ခွက်ထဲ မီးအစုံလင်းလာလို့ ဆိုပြီးရောက်ရောက်လာပါတယ် ။

Error Code တွေစစ်ကြည့်လိုက်ရင်တော့ IMA နဲ့ပတ်သတ်တဲ့ Error Code တွေ တခု နှစ်ခုကနေ လေးငါးခု အမျိုးမျိုးပေါ်လာတတ်ပါတယ် ။ အဲ့လိုဖြစ်လာပြီဆို ဘာလုပ်ရမလဲ ဗျာမများဘဲ ၊ IMA Battery ရှိတဲ့ နောက်ခန်းထဲ စစ်ကြည့်လိုက်ပါ ။ မိုးတွင်း IMA မီးလင်းလို့ ရောက်လာတဲ့ ကားအစီး ၁၀ စီးဆို ၈ စီးလောက်က IMA ဘတ္ထရီခန်းထဲ ရေ၀င်ပြီး ရေကူးကန်ဖြစ်ပြီးရောက်လာတဲ့ကားတွေက များပါတယ် ။ ဒါမျိုးဖြစ်လာရင် ဟိုဟာလဲစမ်း ဒီဟာလဲစမ်းလုပ်မနေဘဲ ။

Customer ကို အချိန်တောင်းပြီး ရေနစ်ထားတဲ့ နေရာကတွေ အကုန်ဖြုတ် အခင်းတွေ လျှော် အခြောက်လှမ်း ၊ တစ်စီးလုံးရေမကျန်အောင် သန့်ရှင်းရေးလုပ် ၊ Socket တွေပါ ဆေးရည်နဲ့ဆေး လေနဲ့မှုတ် ၊ လိုအပ်ရင် IMA Battery Module တစ်ခုလုံးဖြုတ်ပြီး လေမှုတ် သန့်ရှင်းရေးလုပ်ရင် ၉၀ ရာခိုင်နှုန်းလောက် ကားတွေ အကုန်ကောင်းပါတယ် ။ အဲ့လိုမဟုတ်ဘဲ ရေတွေ၀င်နေတာ မရှင်းဘဲ ကျန်တာတွေ လုပ်နေရင် အချိန်သာ ကုန်သွားမယ် ကားမကောင်းနိုင်ပါ ။

IMA Battery Pack တွေကလည်း ကိုင်နေကြမဟုတ်ရင် ၊ မကျွမ်းကျင်ရင် ရမ်းမလုပ်သင့်ပါ ။ High Voltage မို့ အန္တရာယ်ရှိပါတယ် ။

နောက် ဒီ ဓာတ်ခဲကားစီးသူတွေကို ပြောချင်တာက ကိုယ်က Insight တို့ Civic တို့လို Hybrid ကားတွေစီးတယ်ဆိုရင် နောက်ဖုန်းထဲက ရေဆင်းရေတံလျောက်က လိုင်နာလေးကို သတိထားပါ ။ ဒီကားတွေမှာ ရေ၀င်လာတဲ့ ကားအကုန်နီးပါးက ဒီနေရာလေး ဟနေလို့ ၊ မလုံလို့ ၊ ကျွတ်ထွက်နေလို့ ရေ၀င်တာတွေကြီးပါပဲ ။ အောက်ကပုံမှာပြထားပါတယ် ။ ဒီတော့ ဒီနေရာလေးကို စစ်ဆေးကြည့်ပါ ။ မလုံရင် လုံအောင်လုပ်ပါ ။ မဟုတ်ရင် ရေ၀င်ပါမယ် ။ ရေ၀င်တာမသိလို့ ပုံထဲကလို ရေကူးကန်ဖြစ်နေရင် ပြဿနာရှိပါတယ် ။ အချိန်မီမပြုပြင်ရင် အပျက်အစီးများပြီး ငွေကုန်ကြေးကျများနိုင်ပါတယ် ။

နောက် ဒါမျိုး ပြဿနာဖြစ်လာလို့ ဘယ်ဆိုင်မှာ ပြင်ပြင် အချိန်ပေးပြီး သေချာပြင်ပါ ။

ချက်ခြင်းကောင်းသွားမယ် ၊ ချက်ခြင်းပြီးမယ်ဆိုတာမျိုးဆို အဲ့ဒါဂျင်းပါ ။ ဒီပြဿနာက သေချာသန့်ရှင်းရေးလုပ် ရေပြောင်မှ စိတ်ချလက်ချ ကောင်းပါမယ် ။ ဒါတောင် မောင်းစမ်းတာ ၊ စက်ထိုးပြီး သေချာအထပ်ထပ်စစ်တာတွေလုပ်ရပါမယ် ။ မဟုတ်ဘဲ ချက်ခြင်းပြီးချင်ဇောနဲ့ ချက်ခြင်းပြီးဆိုင်တွေမှာ လုပ်ရင် ရေကျန်ပြီး Socket တွေသံကြေးလိုက် ၊ အညှိတက်ရင် Error တွေ တမျိုးပြီး တမျိုး မရိုးရအောင် လာပါလိမ့်မယ် ။ ဒါကြောင့် သေချာအချိန်ပေးပြီး စနစ်တကျပြုပြင်တဲ့ ဆိုင်မှာ အပ်ပြီး သေချာပြုပြင်လိုက်ပါ ။

ဓာတ်ခဲကားလေးတွေ စီးမယ်ဆို ဒီအချက်လေးတွေ မမေ့ပါနဲ့ ။ အဲ မိုးတွင်းမဟုတ်လည်း ဒီလိုင်နာလေးတွေ ကျွတ်ကျဲနေရင် ကားရေဆေးရင်းလည်း ကားထဲ ရေကူးကန်ဖြစ်နိုင်ပါသေးတယ်ခမျာ ။
သိသူတွေ ကျော်သွားပြီး ၊ မသိသေးသူတွေ ဖော်စားနိုင်ကြပါစေ ။

စာဖတ်သူ မိတ်ဆွေညီကိုမောင်နှများအားလုံး နည်းပညာဗဟုသုတကြွယ်ဝကြပါစေ ။
Lynn Za Nee (P.T.U)
စာဖတ်သူမိတ်ဆွေညီကိုမောင်နှမအားလုံး နည်းပညာဗဟုသုတ ကြွယ်ဝကြပါစေ။
ကားနဲ့ပတ်သတ်သော နည်းပညာပေါင်းများစွာ ဒီပေ့စ်မှာ လာရောက်လေ့လာနိုင်ပါတယ် ။
Prime Auto Technology ကထုတ်ထားတဲ့ ကားဝါယာရိန်း နှင့်ပတ်သတ်သော နည်းပညာစာအုပ်များ ဝယ်ယူလိုပါက
https://www.facebook.com/Prime125/posts/3056093228022744
ကားဝါယာရိန်း အွန်လိုင်း သင်တန်းများတက်ရောက်လိုပါက
https://www.facebook.com/Prime125/posts/592592393064455
Prime Auto Technology ရဲ့ Telegram Channel ကို Join ပြီး နည်းပညာများလာရောက် လေ့လာနိုင်ပါတယ်ခမျာ ။
https://t.me/Primeautotechnology
Lynn Za Nee ( P.T.U )

 #ကားတစ်စီး ကို စီးနင်းမယ် မောင်းနင်မယ် ဆိုရင် ဒီလောက်တော့ သိထားရမယ် .....ကားအောက်ပိုင်းက မြည်သံတွေ .....1. စတီယာရင်အကွေ...
04/08/2023

#ကားတစ်စီး ကို စီးနင်းမယ် မောင်းနင်မယ် ဆိုရင် ဒီလောက်တော့ သိထားရမယ် .....

ကားအောက်ပိုင်းက မြည်သံတွေ .....

1. စတီယာရင်အကွေ့တွေမှာ ရှေ့ဘီးတွေက "တောက်တောက်" မြည်တာဒူးဆစ်အသံပါ

2. 50-60 km/h မှာ "လေယာဉ်ပျံသံ" လိုမျိုးကြားလာရရင် Hub Ball ပဲ။

3. ဘရိတ်နင်းရင်"တောက်တောက်"မြည်တာက ဘရိတ်ရှုးချောင်နေတာ ( ရှုးထိန်းကလစ် စစ်ကြည့်ရန် )။

4. ဘရိတ်မှေးထားတဲ့အချိန် စထွက်တဲ့အချိန် တကျွီကျွီမြည်တာက ဘရိတ်ရှုးအသားနဲ့ ဒရမ်မျက်နှာပြင်ကြောင့်။

5. ကားဘယ်ညာယိမ်းတဲ့အချိန် တဂျောက်ဂျောက်မြည်တဲ့အသံက လင့်နဲ့ခွဲဘွတ်ကြောင့်ဖြစ်ပါတယ် ( အသံတော်တော်ဆိုးတယ် )။

6. အောက်ပိုင်းက ကလုတ်ကလုတ်အသံထွက်နေတယ်၊ ဘရိတ်မှေးထားရင်ပျောက်တယ်ဆိုတာက ဘရိတ်ပင်ချောင်နေတာ။

7. ကားကအရှိန်တစ်ခုရောက်လာချိန်မှာ တစ်စီးလုံးတုန်လာတာ၊ ရှေ့ယက်ကားတွေမှာဆိုရင် အတွင်းဒူးဆစ်ခွက်တွေစားနေတာကြောင့် အဖြစ်များတယ်။

8. စတီယာရင်ဂန်းဘွတ်စားနေရင် ညာမောင်းဆိုရင် ဘယ်ဘက်က ဂန်းရှပ်ဖ် ရိုက်သံကြားရ၊ ဘယ်မောင်းဆို ညာဘက်က ကြားရတယ်။

9. ချိုင့်ထဲကျတိုင်း တဒုန်းဒုန်းတဒိုင်းဒိုင်းဖြစ်နေတာကတော့ ရှော့ဘားတွေ ထောက်တန်းဘွတ်တွေ ရှော့ဘားအထိုင်တွေ မကောင်းတာကြောင့်ဖြစ်တတ်ပါတယ်။

10. စတီယာရင်လှည့်တိုင်း ညီးသံထွက်နေတာကတော့ ပါဝန်ပန့်ကြောင့်ဖြစ်ပါတယ်။

11. တိုင်းရော့၊ မိန်းလုံး၊ ဘောဂျွိုင်းအသံတွေမြည်နေတာကတော့ ဒီအတိုင်းခွဲရခက်တယ် ဘီးဖြုတ်စစ်ကြည့်ရင်တော့ သိသာပါတယ်။

သာယာငြိမ့်ညောင်းစွာ ကားမောင်းနိုင်ကြပါစေဗျာ။

မူရင်းရေးသားသူအားလေးစားစွာဖြင့် Credit
ပေးပါသည်

27/06/2023

♦ ဘီးဆီက တဒုတ်ဒုတ် ၊ ဘရိတ်နင်းရင် တဒိန်းဒိန်း hub ball bearing (ဟပ်ဘော) ပြစ်ချက်များ ♦
________________________________________
ကားကြီးဖြစ်ဖြစ် ကားလေးဖြစ်ဖြစ် ဝှီးဘယ်ရာရင် (or) ဟပ်ဘောတွေက အရမ်း အရေးပါလှပါတယ်။ ကားဟပ်ဘောတွေမကောင်းရင် ကားအောက်ပိုင်းပြဿနာကြီးကြီးမားမားရှိနိုင်ပါတယ်။ ကားဟပ်ဘောတွေရဲ့ သက်တမ်းက မိုင် ၇၅၀၀၀ နဲ့ ၁၀၀,၀၀၀ ကြားဖြစ်ပါတယ်။ အိမ်စီးကားတွေထက် ပါဆင်ဂျာတွေမှာ ဟပ်ဘောတွေ ပိုစားတက်ပါတယ်။ အဓိကပြဿနာက ဟပ်ဘောအတွင်းပိုင်းတွေ အမဲဆီခမ်းပြီး ပျက်စီးကုန်တာမျိုးကြောင့် ဟပ်ဘောအသစ်တွေ ထပ်လဲလှယ်ရတာမျိုးရှိပါတယ်။
ဟပ်ဘောထဲရှိ ဘောစီလေးတွေသည် အချိန်ကြာလာတဲ့အခါ ဂျန့်ဖြစ်ပြီး မရွေ့လျားတော့တာမျိုး၊ အမဲဆီခမ်းသောကြောင့် ဟပ်ဘောတွေ ဂျန့်ဖြစ်တာမျိုးတို့သည် ဟပ်ဘောပျက်တဲ့ လက္ခဏာမျိုးတွေဖြစ်ပါတယ်။
ဟပ်ဘောတွေ မကောင်းရင် ကားမှာ ဒီလိုအချက်တွေ ကြုံလာရမယ်။
▶ တာယာတွေ စားလာမယ်။
▶ ကားဘီအတွင်းက ကျိတ်သံတွေထွက်လာမယ်။ (မောင်းရင်းဆူညံလာမယ်)
▶ စတီယာရင်တုန်လာမယ်။
▶ ကားဘေးဆွဲသွားမယ်။ (တိုက်ရော့မကောင်းရင်လဲဖြစ်ပါတယ်)
▶ ကားအလိုင်းမင်းမမှန်တော့ဘူး။
▶ ABS စနစ်တွေ ပျက်စီးပါမယ်။
Wheel bearing (hub ball) မှာပါတဲ့ seals တွေ lubed တွေသည် ပုံမှန်အားဖြင့် no need maintenance ပါ။
ဒါပေမဲ့ ရေထဲဖြတ်မောင်းတာမျိုး ၊ ရွံညွှန်ထဲ အသွားအလာများတဲ့ ကားတွေဆိုရင် hub ball က ပုံမှန်ထက် service life တိုတာမျိုးရှိပါတယ်။ ဘာကြောင့် အဲ့လိုဖြစ်တာလဲဆိုရင် ကားဟပ်ဘောထဲကို ရွံစတဲ့ အညစ်​ကြေးစိမ့်ဝင်ပြီး ပျက်တာမျိုးဖြစ်ပါတယ်။ ပုံမှန် လမ်းချောမှာ မောင်းတဲ့ ကားတွေကတော့ hub ball သက်တမ်းရှည်ပါတယ်။ ကားလေးမှာဆိုရင် taxi ဆွဲတဲ့ ကားတွေက သက်တမ်းတိုလေ့ရှိပါတယ်။ ကားကြီးတွေမှာဆိုရင် ကုန်ကားတွေနဲ့အိပ်စပတ်ကားတွေက hub ball ပျက်လေ့ရှိပါတယ်။ နောက်ဆုံး hub ball မကောင်းရင် TC / ABS တို့ပါ အလုပ်ကောင်းကောင်းလုပ်မှာမဟုတ်ပါဘူး။ ABS မီးတွေလင်းလာမယ်။ TC စနစ်တွေ အလုပ်မလုပ်တော့ပါဘူး။
Credit to AutoMechanicBook

တရားဝင်လူသတ်သမားများ....Tyreဟာသူ့ကိုအသုံးပြု​နေချိန်မှာလူ့အသက်နဲ့သက်ဆိုင်ပါတယ်။ ဒီအတွက် Tyre Manufacture ​တွေဟာ standard...
25/06/2023

တရားဝင်လူသတ်သမားများ....

Tyreဟာသူ့ကိုအသုံးပြု​နေချိန်မှာလူ့အသက်နဲ့သက်ဆိုင်ပါတယ်။ ဒီအတွက် Tyre Manufacture ​တွေဟာ standard reference test tire (SRTT) အတိုင်းပြုလုပ်ပြီး test standard ပြည့်မီ​ကြောင်းapproval ​တွေရယူကြပါတယ်။ အများသိကြတာက "DOT" symbol ဖြစ်ပါတယ်။ Ture မှာ DOT နံပါတ်နဲ့ Symbol ပါရင်စိတ်ချရပါတယ်။ ဒါဟာ U.S. Department of Transportation (DOT) National Highway Traffic Safety Administration (NHTSA) tire safety standards ပြည့်မီ​ကြောင်းဖြစ်ပြီးဒါပါမှာ US မှာ​ရောင်းချခွင့်ရမှာဖြစ်ပါတယ်။ တာယာဝယ်ရင် DOT standard (or) ECE certificate ရှိမရှိ​လေ့လာပါ။ ECE က ECE stands for 'Economic Commission for Europe' ဖြစ်ပြီး Europe standard ပြည့်မီပါမယ်။

တာယာ Quality ပြည့်မီပြီး​နောက်ထပ်အ​ရေးကြီးတာက Date of Manufacture ပါ။ တာယာဟာထုတ်လုပ်တဲ့ခုနှစ်က​နေ ၅နှစ်အတွင်းအ​ကောင်းဆုံးဖြစ်ပါတယ်။ တာယာdate ​​လျော့တာနဲ့အမျှ​စျေး​လျော့ပါတယ်။ ဥပမာ အသုံးများတဲ့သူအ​နေနဲ့အိမ်သုံးဆိုရင် 2019 date ကိုဝယ်ပါရင် 2021 date တာယာထက် ​စျေး ၄၀% ခန့်သက်သာပြီးစိတ်ချစွာ ၃နှစ်ခန့်သုံးနိုင်ပါတယ်။ Date ​အောကိသွားရင်..ဥပမာ ၂၀၁၇ dateTyre ​တွေအ​နေနဲ့ စွန့်ပစ်ရုံလဲလှယ်ရုံသာရှိပါမယ်။

တာယာ Date ပြင်ခြင်း

တာယာ Date ​လျော့တာကိုDate ပြင်ပြန်ရောင်းခြင်း
ဥပမာ တန်ဖိုးကြီးတာယာတွေမှာ​တွေ့ရတာများပါတယ်
နိုင်ငံခြားသားမိတ်​ဆွေတစ်​ယောက်က​ပြောတယ် မင်းတို့ဆီတာယာတွေက​စျေးဘာလို့ပေါ​နေတာလဲ?

2018 Date tyre​တွေနိုင်ငံခြားမှာ​စျေးက ​ပေါလွန်းလှပါတယ်။ Tyre တင်သွင်းစဥ် ဥပ​ဒေအကာအကွယ်မရှိပါ။
DATE ​ပေါ်မှာဘာမှစည်းကြပ်မှုမရှိပါ။ ဒီအတွက်date ပြင်​ရောင်းမဲ့သူတွေအတွက်အတားအစီးမရှိပါ။ အမှန်အကန်တင်သွင်းသူ​တွေအတွက်လဲယှဥ်​ရောင်းလို့ကိုမရနိုင်ပါ။

Date ​လျော့တာကိုပြင်တာထက်ဆိုးတာဟာ Date ​အောက်တဲ့တာယာတွေကိုပြင်တာပါ။ ဒါက​တော့အမှိုက်ပုံထဲက​နေအသက်သွင်းပြင်းလူသတ်တဲ့အဆင့်ပါ။

တာယာ Date ပြင်တာအမျိုးသမီး​အများစုမသိနိုင်ပါ။ ​နောက်ပိုင်းကြည့်တတ်လာတယ်။ဒါ​ပေမဲ့​နောက်ပိုင်းစက်ပြင်(စက်ရုံ​တွေကပြင်လာချိန်) ခွဲလို့ခက်လာပါပြီ။
(ပုံမှာ​လေ့လာပါ) ​တော်​တော်များများကခံရပါတယ်။ အဓိက​စျေးကြည့်ကြတာပါ။ ​စျေး​တွေပါတ်​မေးတယ်။ တာယာ brand တူ Date တူရင်​ပေါတဲ့​နေရာလဲကြပါတယ်။ အသိ​တွေထဲကြုံရတာအများကြီးပါ။ ပုံပို့​ပေးတယ်။ အစ်ကို့ဆီက​စျေးများတယ်...ကိုယ်ကသိ​နေပြီ။

စီးပွား​ရေးမှာ မှန်ကန်တဲ့​စျေးကွက်​ဝေစုကိုမျှတစွာပြိုင်ဆိုင်ခြင်းသာပြုလုပ်လိုပါတယ်။ ဆိုင်မှာလဲလာ​ရောင်းပါတယ်။ကုန်သည်က​ပြော​ရောင်းပါတယ်။ခွဲမရပါ။ ကျွန်​​တော်လုံးဝမဝယ်ပါ။ ​မ​ရောင်းပါ။ စျေးကြီး/​စျေးကွာလို့မ​​ရောင်းရလဲတခြားရှိတာ​လေး​ရောင်းပြီသာ​နေပါ​တော့မည်။ ကျွန်​တော်​ငွေရှာရလွယ်မှန်းအမြတ်များမှန်းသိပါသည်။လူသတ်သူအ​ထောက်အပံ့မဖြစ်လိုပါ။

Credit - ​အောင်မြင်မိုး Tyre78

မှ ပြန်လည်မျှဝေလိုက်ပါသည်။

Address

Mandalay
05033

Website

Alerts

Be the first to know and let us send you an email when ရွှေမန်း တာယာရောင်းဝယ်ရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ရွှေမန်း တာယာရောင်းဝယ်ရေး:

Share