25/12/2022
ဒီတစ်ပတ်မှာတော့ YouTube ဖြစ်ပေါ်လာပုံလေးကို sharingလုပ်ပေးချင်ပါတယ်။
2005ခုနှစ်မှာ သူငယ်ချင်းသုံးယောက်ဖြစ်သူ Jawed Karim, Chad Hurley,Steve Chen တို့ဟာ videoတစ်ပုဒ်ကို onlineပေါ်မှာ shareချင်ခဲ့ကြပါတယ်။ ဒါကြောင့်မလို့ သူငယ်ချင်းသုံးယောက်ဟာ video sharing လုပ်နိုင်မယ့် site တစ်ခုကိုရှာဖွေခဲ့ကြပါတယ်။ ကံမကောင်းစွာနဲ့ တစ်ခုမှရှာမတွေ့ခဲ့ပါဘူး။ ထို့ကြောင့် သူတို့သုံးယောက်ဟာ ကိုယ်ဘာသာ တီထွင်ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ သူတို့ဟာ တစ်ကမ္ဘာလုံးကလူတွေဟာ သူတို့ကိုယ်ပိုင် videos တွေကို မျှဝေပေးနိုင်ပြီး ကြည့်ရှုနိုင်မယ့် website တစ်ခုတီထွင်ဖို့ idea ရခဲ့ကြပါတယ်။ ဒီလိုနဲ့ပဲ YouTube ဆိုတာဖြစ်ပေါ်လာခဲ့တယ်။ သူတို့ရဲ့company ဌာနချုပ်ဟာ Sun Bruno, California မှာ တည်ရှိပါတယ်။ သူတို့သူငယ်ချင်းသုံးယောက်ထဲက တစ်ယောက်ဖြစ်သူ Jawed Karim ဟာ ပထမဆုံး ‘Me at the zoo’ ဆိုတဲ့ 20စက္ကန့်သာကြာမြင့်တဲ့ video တင်ခဲ့ပါတယ်။ YouTube websiteကို မေလ 2005ခုနှစ် အချိန်တိုအတွင်း ဖွင့်လှစ်ခဲ့ပြီးနောက်မှာ တစ်နေ့လျှင် ကြည့်ရှုသူပေါင်း သုံးသောင်းဝန်းကျင် ရှိခဲ့ပါတယ်။ ဒီဇင်ဘာ 15, 2005 မှာ တရားဝင် ကြေညာပြီးနောက်မှာ တစ်နေ့လျှင် 2 million videos views ထိ ဝန်ဆောင််မှုပေးနိုင်ခဲ့ပါတယ်။ 2006 ခုနှစ် နွေရာသီမှာတော့ YouTube ဟာ videos ပေါင်း 100 million ထိနှောင်နှေးမှုမရှိ ဝန်ဆောင်မှု ပေးနိုင်ခဲ့ပါတယ်။ 2021 ခုနှစ်ထိ YouTube ဟာဆိုရင် revenue US$28.8 billion ရှိခဲ့ပါတယ်။
အခုဆိုရင် YouTube ဟာ ကလေးတွေရော လူကြီးလူငယ်မရွေး ပညာရှာဖွေရာ အနုပညာဖျော်ဖြေမှုများ ကြည့်ရှုရန် ကိုယ်နှစ်သက်သည့်များကို အလွယ်တကူ ရှာဖွေနိုင်တဲ့ Google ပြီးရင် ဒုတိယ အသုံးပြုဆုံး ဖြစ်ပြီး အလွန်ကို အကျိုးရှိပြီးအသုံးဝင်လှပါတယ်။ လူငယ်သုံးယောက်ရဲ့ idea ဟာလေးဟာဆိုရင် အံမခမ်း စွမ်းဆောင်နိုင်ခဲ့ပါတယ်။ စာဖတ် ပရိတ်သတ်တွေကိုလည်း ဒီ story လေးဟာ inspired ဖြစ်စေပြီး အတုယူနိုင်စေဖို့ မျှော်လင့်ပါတယ်။
Professional and Personal Development Training Service များ၊
Group Coaching Service, One on One Coaching Service များကို စုံစမ်းလိုပါက
SheInspires page ရဲ့ messenger မှဖြစ်စေ ၊
09 979163619 ကို ဆက်သွယ်ပြီးဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါတယ်ရှင်။