Ans Business Software

Ans Business Software Welcome to ANS, one of the best software solution provider in Myanmar. We focus on Business Software as different kinds of Ready and Custom Made Solutions.

FYI
24/06/2017

FYI

🎓🎓🎓 Programming နည်းပညာ ပြိုင်ပွဲ
ပထမဆု = ကျပ် (၃) သိန်း
ဒုတိယဆု = ကျပ် (၂) သိန်း
တတိယဆု = ကျပ် (၁) သိန်း

မြန်မာ့လူငယ်များ နည်းပညာနယ်ပယ်တွင် ပိုမို စိတ်ဝင်စားမှုများ ရှိလာစေရန် ရည်ရွယ်၍ ဤပြိုင်ပွဲကို ကျင်းပပါသည်။

💰💰💰 ပြိုင်ပွဲစည်းမျဉ်းစည်းကမ်းများ

- HTML, PHP, MySQL, JQuery တို့ဖြင့် ယှဉ်ပြိုင်ရမည်။

- မည်သို့သော ပရိုဂရမ်ရေးသားရမည်ကို ပြိုင်ပွဲနေ့တွင် ကြေငြာပေးမည်။

- ပြိုင်ပွဲနေ့တွင် မနက် (၁၀) နာရီမှ ညနေ (၄) နာရီအထိ ယှဉ်ပြိုင်ရမည် ဖြစ်သည်။

- ဝင်ရောက် ယှဉ်ပြိုင်သူများအတွက် ပြိုင်ပွဲအတွင်း နေ့လည်စာ၊ ကော်ဖီ၊ မုန့်များကို အခမဲ့ ကျွေးမွေးမည်ဖြစ်သည်။

- လူတစ်ယောက်ခြင်းသာ ယှဉ်ပြိုင်ခွင့် ရှိသည်။ အသင်းအဖွဲ့အနေဖြင့် ယှဉ်ပြိုင်ခွင့် မရှိပါ။

- နည်းပညာ ဒိုင်လူကြီးများ၏ အဆုံးအဖြတ်ကိုသာ နောက်ဆုံး အတည်ယူမည်ဖြစ်ပါသည်။

🏆🏆🏆 ဆုရရှိသူများနှင့် ပြိုင်ပွဲဝင်သူများထဲမှ ရွေးခြယ်ကာ အလုပ်အကိုင်အခွင့်အလမ်းများ ပေးမည်ဖြစ်ပါသည်။

မည်သူမဆို အခမဲ့ ဝင်ရောက် ယှဉ်ပြိုင်ခွင့်ရှိသည်။ လူဦးရေ ကန့်သတ်ထားပါသဖြင့် စာရင်းပေးသွင်းရန် လိုအပ်သည်။ စာရင်းပေးသွင်းရန်အတွက် မှတ်ပုံတင်ဖြင့် အောက်ပါ လိပ်စာသို့ ရုံးချိန်အတွင်း (မနက် ၉ နာရီမှ ညနေ ၅ နာရီအထိ) လာရောက် လျှောက်ထားနိုင်သည်။

☑ အမှတ် ၅၉ ၊ ပန်းလှိုင်လမ်း (သို့) ဟုမ်းလမ်း (ဟုမ်းလမ်းမှတ်တိုင်)
Orange Supermarket မျက်စောင်းထိုးလမ်း (ကြည့်မြင်တိုင်လမ်းမှ လာလျှင်)
ကြည့်မြင်တိုင်မြို့ နယ် ၊ ရန်ကုန်

☑ ဇွန်လ (၂၆) ရက်နေ့ ညနေ (၅) နာရီတွင် ဖောင်စာရင်းကို ပိတ်မည်ဖြစ်ပါသည်။

☑ ဆက်သွယ်မေးမြန်းလိုပါက ဖုန်း 09-252605671 ~ 5 များသို့ ရုံးချိန်အတွင်း ဆက်သွယ်နိုင်ပါသည်။

ပြိုင်ပွဲအစီအစဉ်
နေ့ရက်။ ။ (၂၇) ရက် ဇွန်လ ၊ ၂၀၁၇ ခုနှစ် (အင်္ဂါနေ့)
အချိန်။ ။ မနက် (၁၀) နာရီမှ ညနေ (၄) နာရီ
နေရာ။ ။ အမှတ် ၅၉ ၊ ပန်းလှိုင်လမ်း (သို့) ဟုမ်းလမ်း (ဟုမ်းလမ်းမှတ်တိုင်)
Orange Supermarket မျက်စောင်းထိုးလမ်း (အောက်ကြည့်မြင်တိုင်လမ်းမှ လာလျှင်)
ကြည့်မြင်တိုင်မြို့ နယ် ၊ ရန်ကုန်

iMyanmarHouse.com
မြန်မာနိုင်ငံ၏ နံပါတ်တစ် အိမ်ခြံမြေ ရောင်းဝယ်ငှား ဝဘ်ဆိုက်

ဘယ်တော့မှ နောက်မကျပါ
05/03/2017

ဘယ်တော့မှ နောက်မကျပါ

02/11/2016

❖ Excel Road Map ❖

Excel ကျွမ်းကျင်သူဖြစ်အောင် ဘယ်လို လေ့လာရမလဲဆိုတာ အမေးများတဲ့အတွက် ကျနော့်ရဲ့ အတွေ့အကြုံနဲ့ ယှဉ်ပြီး Excel Road Map လေး ရေးသားတင်ပြလိုက်ပါတယ်..။

Excel ကို Self Study လေ့လာလိုသူများအတွက် ရည်ရွယ်ပါတယ်..။မည်သူမဆို ပို့စ်ကို ဖတ်ကြည့်ပြီး ကိုယ် ဘယ်နေရာ ရောက်နေပြီလဲ.. ဘာတွေ ဆက်လေ့လာရမလဲ ဆိုတာ မြင်နိုင်အောင် ကြိုးစား ရေးသားထားပါတယ်..။

လေ့လာသင့်တဲ့ သင်ခန်းစာတွေနေရာမှာ ကျနော်ရေးခဲ့တဲ့ ပို့စ်တွေကို ဖော်ပြထားပါတယ်..။ အခြား Resources တွေကိုလဲ နောက်ထပ် ပို့စ်တစ်ခုနဲ့ ရှင်းပေးပါမယ် ခင်ဗျာ...။

******************************************************

▲ Basic ▲

Basic ကို မကျွမ်းကျင်ပဲနဲ့ အဆင့်ကျော်ဖို့ဆိုတာ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး..။ Basic ကို မကျေညက်သေးဘူးဆိုရင်တော့ သင့်လျော်တဲ့

သင်တန်းတစ်ခုတက်ရင်တက်၊ ဒါမှမဟုတ် ထိရောက်တဲ့ Resource ကိုရှာ ပြီး ကိုယ်တိုင် အရင်လေ့လာသင့်ပါတယ်..။ ထပ်ခါတစ်လဲလဲ ကျင့်ဖို့၊ မပျင်းဖို့ အရေးကြီးပါတယ်.။ Basic နဲ့ ပတ်သက်ပြီး ကျနော် တင်ထားတဲ့ အောက်က Video တွေက အများကြီး အထောက်ကူ ဖြစ်နိုင်ပါတယ်..။ လေ့လာကြည့်ပါ..။

1. Excel အား စတင် အသုံးပြုခြင်း
https://goo.gl/hNPFzd

2. အခြေခံ Formatting Techniques များ လေ့လာခြင်း - ၁
https://goo.gl/G88oa1

3. အခြေခံ Formatting Techniques များ လေ့လာခြင်း - ၂
https://goo.gl/h5qFbU

4. Excel တွင် အခြေခံတွက်ချက်မှုများ ပြုလုပ်ခြင်း
https://goo.gl/BqNosp

5. Relative and Absolute References အား လေ့လာခြင်း (လေ့လာဖြစ်အောင် လေ့လာသင့်ပါတယ်..)
https://goo.gl/M6pPiH

6. Find and Replace အား ထိရောက်စွာ အသုံးပြုခြင်း
https://goo.gl/K6TTnh

7. Paste Special တွင် ပါဝင်သည့် Function များ လေ့လာ အသုံးပြုခြင်း
https://goo.gl/m7QKbb

8. Data Filtering အား ထိရောက်စွာ အသုံးပြုခြင်း
https://goo.gl/h4UQdH

******************************************************

▲ Formula & Built-in Functions ▲

Basic ကျွမ်းကျင်ပြီဆိုရင် Formula တွေ၊ အရမ်းကောင်းတဲ့ Conditional Formatting လို Built-in Functions တွေ လေ့လာကြပါမယ်..။

ဒီနေရာမှာ စဉ်းစားစရာတစ်ခုရှိပါတယ်..။
ကဏ္ဍ တစ်ခုချင်းစီကို ပြည့်ပြည့်စုံစုံ Advanced အထိသုံးနိုင်အောင် လေ့လာပြီးမှ နောက် ကဏ္ဍတစ်ခုကို ရွှေ့မလား။

ဒါမှမဟုတ် ပထမတစ်ခေါက်မှာ ကဏ္ဍအသီးသီးကို Basic to Intermediate လောက်ထိပဲ အရင် လေ့လာပြီး ကျေနပ်ပြီဆိုမှ ဒုတိယ တစ်ခေါက်မှာ အားလုံးကို Advanced Level လေ့လာမလားပေါ့။

ကျနော့်အနေနဲ့ ဒုတိယ နည်းလမ်းကို အားပေးချင်ပါတယ်..။ ပထမနည်းလမ်းက တစ်ခုချင်းစီမှာ အချိန်အတော်ကြာသွားနိုင်တဲ့အတွက် ရှေ့မရောက်ဘူးထင်ရပြီး စိတ်လျှော့သွားနိုင်ပါတယ်..။ ပြီးတော့ အချို့ Function တွေက အခြေခံလောက်သုံးနိုင်ရင်ပဲ အရမ်းကို ထိရောက်တဲ့အတွက် ဒီနည်းလမ်းကို အလေးပေးချင်ပါတယ်..။

******************************************************

ဒါဆို ပထမ တစ်ခေါက်မှာ ဘာတွေ သိအောင် လေ့လာမလဲ ?

1) ပထမဆုံး Basic Math Function လေးတွေ နဲ့ Operator Precedence ကို လေ့လာထားတာ အကျိုးများပါမယ်..။

Sum, Max, Min,Count, Average - http://goo.gl/c2f5Nb
AverageA - http://goo.gl/8WQJqF
CountA, CountBlank - http://www.myanmarexcel.com/counta-countblank
Operator Precedence in Excel Formulas - https://goo.gl/ppc9t6

2) Logical Functions တွေက မသိမဖြစ် အရမ်းအရေးကြီးပါတယ်..။ လွယ်ပေမယ့် ကျေညက်အောင် အများကြီးလေ့ကျင့်ထားရပါမယ်..။

IF - http://goo.gl/npfBrs
IF & OR - http://goo.gl/ZfqVTW
IF & AND - http://goo.gl/Wr4tbu
IFERROR - http://goo.gl/6g1fAy

3) Conditional Calculations တွေကလဲ မသိမဖြစ်ပါပဲ။ အရမ်းအသုံးဝင်ပါတယ်..။

Sumif & Sumifs - http://goo.gl/mKbu9i
Averageif & Averageifs - http://goo.gl/mPC0mt
Countif & Countifs - http://goo.gl/euSNsq

4) Lookup Functions များကလဲ Database သမားများအတွက် မသိမဖြစ်ပါ။ အရမ်းကောင်းပါတယ်..။

Vlookup & Hlookup - http://goo.gl/CxxYfd
Index - http://goo.gl/gyfiDo
Match - http://goo.gl/TKrvNh
Index Match Match Vs Vlookup - http://goo.gl/oWpecp

5) လွယ်ကူပြီး အသုံးဝင်တဲ့ Text Functions နဲ့ Date and Time Functions များကိုလဲ လေ့လာရပါမယ်..။

Left, Right, Mid - http://goo.gl/AkDMh7
Len - http://goo.gl/i9dAzL
UPPER , LOWER , PROPER - http://goo.gl/8Tp8oU
Date and Time - http://goo.gl/68mvqF
Year, Month, Day & Hour, Minute, Second - http://goo.gl/sEzTBK

6) Conditional Formatting နဲ့ Data Validation တို့လို အရမ်းကောင်းတဲ့ Built in Function တွေကိုလဲ လေ့လာရပါမယ်..။ Basic လောက်သိရုံနဲ့ အရမ်းကောင်းတဲ့ Function တွေပါ။

Data Validation
http://goo.gl/SdFRAj

Conditional Formatting
https://goo.gl/s1Ufsp

7) Pivot Table ကို အခြေခံ သုံးနိုင်တာနဲ့ အရမ်းကို ထိရောက်တဲ့ Analysis တွေ ရပါတယ်..။ မသိမဖြစ်ပါပဲ။
http://goo.gl/RfV53x

အပေါ်က သင်ခန်းစာတွေ လေ့လာနေဆဲမှာ Essential Tips & Tricks တွေကို ဒီလင့်ကနေ ကြုံသလို လေ့လာနေလိုက်ပါ။
http://www.myanmarexcel.com/tips-and-tricks

ဒီလောက်ထိ လေ့လာပြီးပြီဆိုရင်တော့ လုပ်ငန်းမှာ တော်တော်ကို ထိထိရောက်ရောက်သုံးနေနိုင်ပါပြီ။

******************************************************

ကဲ အခု ဒုတိယ အခေါက်မှာ ဘာတွေ ဆက်လေ့လာမလဲ ကြည့်ရအောင်..။

1) Int, Round Functions, Trunc, Quotient, Mod စတဲ့
အသုံးအရမ်းတည့်တဲ့ Maths Functions တွေ ဆက်လက်လေ့လာသင့်ပါတယ်..။ သင်ခန်းစာတွေ Update လုပ်ပြီး ပြန်တင်ပေးပါမယ်..။

2) Cell Range တွေကို အမည်ပေးပြီး အသုံးပြုခြင်းက အရမ်းအရေးကြီးပါတယ်..။
http://www.myanmarexcel.com/name-a-range

3) Logical Function ( IF, AND, OR ) တွေကို အခြား Function တွေနဲ့ တွဲစပ်အသုံးပြုဖို့ လေ့ကျင့်ရမယ်..။ Array အနေနဲ့ ရေးသားနည်းတွေ လေ့လာရမယ်..။

အခြား Functions တွေနဲ့ တွဲစပ်အသုံးပြုတာကိုတော့ ကျနော်တင်ထားတဲ့ All in One – Collection ထဲက အပိုင်း (၃) Case Studies တွေထဲမှာ တော်တော်များများပါပါတယ်..။
https://www.facebook.com/myanmarexcel/posts/490983637760587

IF Array ရေးနည်း နမူနာကိုတော့ ဒီလင့်မှာ လေ့လာနိုင်ပါတယ်..။
https://goo.gl/WUyrYr

4) Conditional Calculation ( Countifs, Sumifs, Averageifs ) စတာတွေကို Wildcard နဲ့ တွဲစပ်အသုံးပြုရင် အရမ်း အစွမ်းထက်ပါတယ်..။ https://goo.gl/mJIaGF

Formula ထဲမှာ သာမာန် Cell range အစား Table Range ပေးနည်း၊ Sumifs, Countifs တွေမှာ Item တစ်မျိုးထက်ပို တွက်ချက်နည်း၊ Sumifs,Counitifs အစား Sum Array အသုံးပြုနည်းစတာတွေကို ဆက်လက် လေ့လာရပါမယ်..။
ဒီအတွက် သင်ခန်းစာတွေ ကျနော် မကြာခင် ပို့စ်တင် ရှင်းပြပေးပါမယ် ..။

5) Advanced Lookup တွေကိုလဲ ကြေညက်အောင် လေ့လာရပါမယ်.။ လိုချင်တာကို Lookup Array နဲ့ ရေးသားပြီး ရှာနိုင်ရပါမယ်..။
(ကျနော်ရေးထားတဲ့သင်ခန်းစာတွေ ရှိပါတယ်..။ ပြန်ရှာပြီး ဒီနေရာမှာ Update လုပ်ပေးပါမယ်..။)

6) လေ့လာဖို့ ကျန်နေသေးတဲ့ အစွမ်းထက်တဲ့ Text Functions တွေနဲ့ Date and Time Functions တွေကို ဆက်လက်လေ့လာသင့်ပါတယ်..။ ဥပမာ DATEDIF ဆိုရင် မသိမဖြစ်လို့ ဆိုရမှာပါ..။

Trim & Clean - http://goo.gl/uzNJd4
Find & Search - http://goo.gl/aQaibf
Workday - http://goo.gl/YZyu7U
Workday.intl - http://goo.gl/JOnspB
Networkdays - http://goo.gl/0M4tJ5
DateDif - http://goo.gl/10IoRf

7) Conditional Formatting နဲ့ Data Validation တို့ကို စိတ်ကြိုက် အသုံးပြုနိုင်ရပါမယ်..။ သူ့မှာ ပါတဲ့ Function တွေ အားလုံး နားလည်ပြီး လိုသလို အသုံးချနိုင်ရမယ် ၊ ဒါ့အပြင် ကိုယ်ပိုင် Formula တွေ ရေးပြီး Customize လုပ် ခိုင်းနိုင်ရပါမယ်.. ။

ဥပမာအနေနဲ့ ဒီသင်ခန်းစာတွေကို လေ့လာကြည့်ပါ၊ အများကြီး ဆက်လေ့လာဖို့ ကျန်ပါသေးတယ်..။ အလျဉ်းသင့်သလို ရေးသားပေးပါမယ်..။

သတ်မှတ်ရက်ရောက်သည့်အခါ Date Alarm အနေဖြင့် ကာလာ ပေါ်စေရန် http://goo.gl/zYtguQ

Dependent Data Validation
http://goo.gl/Zhcfvo

ထည့်သွင်းပြီးသော Data များ ထပ်မံမထည့်သွင်းစေရန် (Preventing Duplicated Entry)
https://goo.gl/tgf9cr

8) Pivot Table ကို Advanced Level အသုံးပြုနိုင်ပြီး Chart , Graph တွေကို လိုသလို Customize လုပ်နိုင်ရပါမယ်..။ Dashboard တွေ ရေးသားနည်း ဆက်လက် လေ့လာရပါမယ်..။
Dashboard အတွက် သင်ခန်းစာတွေ ဆက်သင်ပေးပါမယ်.။ Chart, Graph နဲ့ ပတ်သက်လို့ ဒီလင့်မှာ အတိုင်းအတာတစ်ခုအထိ လေ့လာနိုင်ပါတယ်.။

ဒါတွေ လေ့လာနေဆဲမှာပဲ ကျနော်ရေးသားထားတဲ့ All in One Collection ထဲက Case Studies တွေ၊ Tips and Tricks တွေကို ဆက်လက် လေ့လာနေသင့်ပါတယ်..။ ကျနော် အပေါ်မှာ ဖော်ပြဖို့ ကျန်ခဲ့တဲ့ Subtotal, What if Analysis, 3D Formulas, Consolidate စတာ တွေကိုလဲ ဆက်လက်လေ့လာနေရပါမယ်..။ ( All in One Collection မှာ တော်တော်များများရှိပြီးသားတွေပါ..။)

အခုထိ အေးဆေး ဖြစ်သွားပြီဆိုရင်တော့ Macro Recording ကို ကျွမ်းကျင်စွာ အသုံးချနိုင်အောင် လေ့လာသင့်ပါတယ်..။ ပြီးရင် Active X Controls, Form Controls တွေကို လိုသလို အသုံးချနိုင်အောင် လေ့ကျင့်ရပါမယ်. ။
ဒီအတွက်လဲ ကျနော် သင်ခန်းစာတွေ ရေးပါဦးမယ်..။

ဒီအထိ ပြီးရင်တော့ တော်တော်ကို ဟုတ်သွားပါပြီ။ တကယ်ကို Professional ကျကျ အသုံးချနိုင်ပြီ။

******************************************************

ဆက်လေ့လာစရာမကျန်တော့ဘူးလားဆိုတော့လဲ အများကြီး ကျန်ပါသေးတယ်..။
Excel ရဲ့ များပြားစွာသော Formula တွေကို ဆက်လက်လေ့လာမယ်၊ ဒါမှ မဟုတ် နောက်ထပ် အဆင့်မြင့် ဘာသာရပ်တစ်ခုကို ဆက်လက်အထူးပြု လေ့လာမယ် စသဖြင့် ပေါ့။

ဥပမာ
Excel Financial Modelling တွေ ကို လေ့လာမလား ?

VBA Programming ကို လေ့လာပြီးကိုယ်ပိုင် Excel Functions တွေ ရေးသားနည်း၊ အဆင့်မြင့် Dashboard ရေးသားနည်း၊ Database Project ရေးသားနည်းတွေ လေ့လာမလား ?

Excel 2010 က စတင် အသုံးပြုလို့ရတဲ့ Power BI ( Power Query, Power View, Power Pivot) စတာတွေကို ဆက်လက်လေ့လာမလား ?

စသဖြင့် Specialize လုပ်လေ့လာစရာတွေကတော့ အများကြီး ကျန်ပါသေးတယ်..။
အခု ပို့စ်က အတော်ရှည်နေပြီဆိုတော့ Specialize လုပ် ဆက်လက်လေ့လာရမယ့် Subject တွေကိုတော့ နောက်ပို့စ်တစ်ခုနဲ့ ထပ်ရှင်းပြပေးပါမယ်..။

ကျနော့်သင်ခန်းစာတွေကလွဲပြီး English / Myanmar Excel သင်ခန်းစာတွေ လေ့လာနိုင်တဲ့ Websites, Pages များ အကြောင်းလဲ ပို့စ်တစ်ခုနဲ့တင်ပါဦးမယ်..။

******************************************************

အခုတင်ပြခဲ့တာက ကျနော် တစ်ယောက်တည်းရဲ့ အယူအဆဖြစ်လို့ လုံးဝ အမှန်အတရား၊ အကောင်းဆုံး လို့ မဆိုလိုပါဘူး..။ အတွေ့အကြုံ အပေါ် ကို အခြေ ခံပြီး အကောင်းဆုံး အကြံပေးခြင်းတာ ဖြစ်ပါတယ် ခင်ဗျာ..။

Excel ကို အကျွမ်းကျင်ဆုံး အသုံးပြုနိုင်ကြပါစေ ခင်ဗျာ..။

MEET
www.myanmarexcel.com

about facebook
23/09/2016

about facebook

16/08/2016

Eric Ligman, Microsoft Director of Sales Excellence Blog

12/07/2016
Credit to original uploader
03/06/2016

Credit to original uploader

 Photoshop ဆိုင်ရာ သင်ခန်းစာ စာအုပ်များနှင့် ကွန်ပျူတာ အင်တာနက်ဆိုင်ရာ စာအုပ်များကို အများသူငှာ အဆင်ပြေစွာလေ့လာနိုင်ရန် ရည်ရွယ်၍ စုစည်းတင်ဆက်ပေးလိုက်ပါတယ်... တစ်အုပ်ချင်းစီဒေါင်းယူနိုင်သလို 150MB စီ ခွဲ၍ Zip ဖိုင်လ်လိုက်လည်းဒေါင်းယူနိုင်ပါတယ်။ ဖိုင်လ်ဆိုက်ဒ် ပမာဏကတော့ 1.5GB ရှိပါတယ်..။  ကျနော်စုဆောင...

Useful tips
13/05/2016

Useful tips

for speed
11/05/2016

for speed

For your reference
28/04/2016

For your reference

Address

21st Street, Between 80th & 81st Street
Mandalay

Telephone

+959451012344

Website

Alerts

Be the first to know and let us send you an email when Ans Business Software posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share