18/12/2017
လူတစ်ယောက်ဟာ အရာရာမှာ ထူးချွန်
ဖို့ မဖြစ်မနေလိုအပ်တယ်လို့တော့ မိမိ
တစ်ဦးတစ်ယောက်ထဲရဲ့ အမြင်အရ လုံးဝ
မထင်မိပါဘူး။ မိမိရဲ့ အားသာချက်တစ်ခုကို
ရအောင် အရင်ရှာဖွေပြီး အဲ့ဒီအားသာချက်
ကို အရောင်တင်တာက ပိုပြီး ယုတ္တိရှိတဲ့လုပ်
ရပ်လို့မြင်မိတယ်။ အရာရာမှာတော်ရင်တော့
ကောင်းတာပေါ့။ ဒါပေမယ့် အဲ့ဒါက လူအများ
စုအတွက် မဖြစ်နိုင်ပါဘူး။
ဝါသနာပါတာတွေကတော့ အများကြီးပေါ့။
ကျွန်တော်ဆိုရင် သီချင်းဆိုခြင်း၊ စနူကာထိုး
ခြင်း၊ ဂစ်တာတီးခြင်း၊ စာရေးခြင်း စာဖတ်ခြင်း
အင်္ဂလိပ်စကားလေ့လာခြင်း၊ ရုပ်ရှင်ကြည့်ခြင်း
စတာတွေ အကုန်ဝါသနာပါတယ်။ ဒါပေမယ့်
သီချင်းဆိုဖို့ကလည်း အသံက ပုံမလာ၊ ကီး
တောင် မနည်းဝင်အောင်ဆိုရတယ်၊ ဂစ်တာ
ကလည်း ပုံမှန်တီးဖြစ်တယ်ကို မရှိဘူး။
ဝါသနာတွေထဲက ယုတ္တိအရှိဆုံး ၊ မိမိနဲ့
အလိုက်ဖက်ဆုံး ဝါသနာကို ရွေးထုတ်ရပါ
တယ်။ ကျွန်တော်က စာဖတ်တာ၊ စာရေး
တာ၊ အင်္ဂလိပ်စာသင်တာကို ရွေးထုတ်လိုက်
တယ်။ အဲ့ဒီအပေါ် ဖိပြီးလေ့လာတယ်။
တဖြေးဖြေးနဲ့ တိုးတက်လာတယ်။အဲ့ဒါတွေ
နဲ့အသက်မွေးဝမ်းကြောင်းပြုလာနို်င်တယ်။
အကယ်၍ ကျွန်တော်က နှစ်ပေါင်း၂၀၀
လောက် အသက်ရှည်မယ့်သူဆိုရင်တော့
ကျွန်တော့်ဝါသနာတွေ အားလုံးကို အချိန်
ပေးပြီး လုပ်ဖြစ်မှာပါ။ ဒါပေမယ့် အများဆုံး
နေရာ ၈၀၊ ၉၀ ပေါ့။ ဒီတော့ Time က
အကန့်အသတ်ရှိလာတယ်။ အဲ့ဒီတော့
ဖြစ်ချင်တာတွေထဲက ယုတ္တိအရှိဆုံးအရာ
တွေကို ဦးစားပေးပြီး အရောင်တင်ရတယ်။
Priority (ဦးစားပေး) လုပ်ရမယ့် အရာတွေ
ကို ခွဲထုတ်တတ်လာတယ်။
ဘောလုံး တစ်သင်းအောင်မြင်တယ်ဆိုတာ
တိုက်စစ်မှုး တစ်ဦးထဲကြောင့် မဟုတ်ပါဘူး။
သူ့နေရာနဲ့သူထူးချွန်တဲ့ ကစားသမားတွေ
ကြောင့်ပါ။ မိမိတာဝန်ယူရတဲ့နေရာကို
ထူးထူးချွန်ချွန် စွမ်းဆောင်ပြနိုင်သူတွေပါ။
နေရာတော်တော်များများ ကစားနိုင်ပြီး
နာမည်ကြီးတဲ့သူဆိုတာ လက်ချိုးရေလို့
ရပါတယ်။ သူတို့က များသောအားဖြင့်
ပါရမီရှင်တွေဖြစ်နေတတ်ပါတယ်။ ကိုယ်က
ရော...ပါရမီရှင်ပဲလား....အကုန်လုံးတော်
အောင် ကြိုးစားမယ်ဆိုလည်း ကျွန်တော်
ကတော့ မတားပါဘူး။ သင့်ဘဝရဲ့ အချိန်
အားလုံးကို သင်ပဲပိုင်ပါတယ်။ ဒီစာက
အဲ့ဒီအချိန်တွေကို ဘယ်လို အသုံးချမလဲ
ဆိုတာ တစ်ချက်လောက် ပြန်စဉ်းစားဖို့
တိုက်တွန်းတဲ့စာပါ