22/09/2021
ပါမစ်မြေကွက်ဝယ်ပြီဆိုတာနဲ့ ခိုင်လုံမှုရှိအောင် ဘာတွေလုပ်ဆောင်ထားသင့်သလဲ?
_--------++++++++
မြေချပါမစ်ကိုင်ထားသူတို့ရဲ့သောက
📢📢📢
အိမ်ခြံမြေဝယ်ကြတော့မယ်ဆိုရင် မြေအမျိုးအစားအကြောင်း အနှစ်ချုပ်သိထားဖို့လိုပါတယ်။ အိမ်ခြံမြေလို့ပြောလိုက်တာနဲ့ လက်ရှိ အရောင်းအဝယ်အများဆုံးဖြစ်နေတဲ့ စလစ်မြေနဲ့ပါမစ်မြေအကြောင်းရှင်းပြပေးချင်ပါတယ်။
စလစ်ဆိုတာ လက်တစ်ဝါးခန့်ရှိတဲ့ စာရွက်လေးပါ။
————————————————————
စလစ်မြေဆိုတာကတော့ မြို့ပြနဲ့ အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနက ထုတ်ပေးထားတာရှိတယ်။ နယ်မြို့တွေမှာဆိုရင်တော့ မြေစာရင်းဦးစီးဌာနကို လူသိများခဲ့တဲ့ လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာနက ထုတ်ပေးတယ်။ လက်ဝါးလောက်ရှိတဲ့ စာရွက်ကလေးပါဘဲ။ စာရွက်လေးမှာတော့ မြေကွက်ရသူရဲ့ အမည်၊ မှတ်ပုံတင်၊ အဘအမည်ရေးထားတာတွေ့ရမယ်။ ပြီးတော့ ဌာနရဲ့ အရာရှိ လက်မှတ်နဲ့ စည်းတံဆိပ်အဝိုင်းပါမယ်။ အချို့စလစ်တွေဆိုရင် ရဝက ဥက္ကဌ လက်မှတ်နဲ့ စည်းတံဆိပ်အဝိုင်းရိုက်ပေးထားတာတွေ့ရတယ်။ အဲဒီလိုတာဝန်ရှိ သူရဲ့့ လက်မှတ်ထိပ်နားမှာ ချထားပေးတဲ့ မြေကွက်အမှတ်၊ မြေတိုင်းရပ်ကွက် အမှတ်/ကွင်းအမှတ် ရေးပေးထားတဲ့ ဖြတ်ပိုင်းစာရွက်လေးပါ။ နောက်တစ်ရွက်က ငွေသွင်းပြေစာပါ။
စလစ်က ပါမစ်မြေဖြစ်လာပုံ
————————————————
အဲဒီစာရွက်ကိုမှ ပါမစ်ဖြစ်ကြောင်း ဓာတ်ပုံ (၃) ပုံနဲ့ မြေကွက်ရသူ မှတ်ပုံတင်/ နိုင်ငံသားကတ်ပြား၊ မိတ္တူ၊ အိမ်ထောင်စုလူဦးရေစာရင်းတင်ပြပြီး အဲဒီထုတ်ပေးတဲ့ဌာနမှာ လျှောက်ထားရတယ်။ ခွင့်ပြုချက်ရပြီဆိုရင် သတ်မှတ်တဲ့ငွေသွင်းရတယ်။ မြေနေရာအကျယ်အဝန်းအလိုက် သောင်းဂဏန်းကနေ သိန်းဂဏန်အထိ ငွေသွင်းရတယ်။ ဒါမှ မြေချပါမစ်ထုတ်ပေးတာပေါ့။
ပါမစ်ရဲ့ အာသာချက်၊ ဂရန်မလုပ်ချင်တဲ့အချက်
—————————————————————————
မြေချပါမစ်ရရင် အနှစ် (၆၀) ဂရန်မလုပ်ဘဲ ကိုင်ထားတတ်ကြပါတယ်။ အရောင်းအဝယ်လုပ်တဲ့အခါမှာ အရစ်ကတိစာချုပ်နဲ့ ချုပ်ဆို့ပြီး အလွယ်တကူဝယ်ယူနိုင်တဲ့အတွက်ကြောင့် လူအများ ကြိုက်နှစ်သက်ကြပါတယ်။ ဘာကြောင့်လည်းယူတယ်။ ပြီးတော့ ရဲ့စခန်းမှာထပ်ဆင့်ထောက်ခံချက်တောင်းယူတယ်။ ရပ်ကွက်နဲ့ ရဲစခန်းထောက်ခံချက်ပြပြီး မြေချပါမစ်ပျောက်ဆုံးကြောင်း တရားရုံးမှာကျမ်းကျိန်တယ်။
အဲဒီလို ရပ်ကွက်၊ ရဲစခန်းနဲ့ တရားရုံးကျမ်းကျိန်တင်ပြပြီး မြို့တော်ခန်းမ မြေစီမံဌာနမှာ ပါမစ်ပျောက်နဲ့ ဂရန်သစ်လျှောက်ယူတတ်ကြတယ်။ ဂရန်စာအုပ်ထွက်လာတာနဲ့ လျော့ဈေးနဲ့ နောက်တစ်ဦးကိုရောင်းလိုက်တယ်။ အဲဒါကို မူရင်းပါမစ်ကိုင်ထားသူက ဘာမှမသိဘူး။ ပါမစ်ပျောက်နဲ့ ဂရန်သစ်လျှောက်သူကို မြေစီမံဌာနက အလွယ်တကူထုတ်ပေးလိုက်တာတော့မဟုတ်ပါ။
လူသိရှင်ကြားကြော်ငြာပြီးမှ ထုတ်ပေးတဲ့ ဂရန်သစ်
——————————————————————————
ဂရန်သစ်လျှောက်တဲ့ မြေကွက်နဲ့ပတ်သက်လို့ ကန့်ကွက်လိုသူများရှိပါက (၇) ရက်အတွင်း ကန့်ကွက်နိုင်တယ်ဆိုတာကို ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာမှာ ကြော်ငြာပေးတယ်။ ကန့်ကွက်ရန်ရှိမရှိ ကြော်ငြာကို သတင်းစာအပြင် မြေကွက်တည်ရှိတဲ့ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးရုံးမှာလည်း ကြော်ငြာပေးတယ်။ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာလည်း ကြောငြာချက်စာကို ကပ်ထားပေးတယ်။
ဒီလို ကြေငြာချက်ထုတ်ထားပေမဲ့လို့ ပါမစ်မူရင်းကိုတော့ သူကမသိရင် ကန့်ကွက်ချက်မတင်ပြနိုင်ဘူး။ ဒါကြောင့် ဂရန်သစ် လျှောက်ထားသူက အမှန်ပိုင်ရှင်ဖြစ်တယ်လို့ ယူဆပြီး ၊ မြေစီမံဌာနက ဂရန်သစ်ထုတ်ပေးလိုက်မိတယ်။ အဲဒါကို မူရင်းကိုင်ထားသူက မသိရှာဘူး။ သတင်းစာလည်းမဖတ်တော့ ဘယ်သိမှာလဲ။ နောက်မှ သတိရလို့ မိမိမြေကွက်သွားကြည့်တဲ့အခါ မြေကွက်ပေါ်မှာ အခြားသူတွေက အိမ်တွေဆောက်ပြီး အထိုင်ကျနေပါပြီ။
အဲဒီအချိန်မှာ ပါမစ်မူရင်းကိုင်ထားသူဟာ မြေစီမံဌာနမှာ ဂရန်သစ်သွားလျှောက်ကြတယ်။ မြေစီမံဌာနက ပါမစ်ပျောက်ဂရန်ကို ပယ်ဖျက်ပြီး မူရင်းရှိတဲ့သူကို ဂရန်သစ်ပြန်ထုတ်ပေးရတယ်။ ဒါပေမဲ့ မြေကွက်ထဲမှာ အိမ်ဆောက်နေတဲ့ လူတွေကလည်း ၊ ပိုက်ဆံပေးပြီးဝယ်ထားတာဆိုတော့ ဖယ်မပေးကြဘူး။
အဲဒီတော့ ပါမစ်ပျောက်နဲ့ဂရန်သစ်လျှောက်တဲ့လူကို ရှာပြီး တရားစွဲအနိုင်ရတာနဲ့ မြေကွက်ပေါ်မှာရှိတဲ့ သူတွေကို မြေကွက်အတွင်းမှဖယ်ရှာပေးစေလိုမှုနဲ့ တရားစွဲရပြန်တယ်။ အဲဒီနစ်နာသွားတဲ့သူတွေကလည်း သူတို့လိုရောင်းသွားတဲ့သူကို ငွေရလိုမှု တို့ လိမ်လည်မှုတို့နဲ့ တရားစွဲကြရတာပေါ့။
အဲဒါကြောင့် ပါမစ်မူရင်းကိုင်ထားခဲ့ရင် (၃) လအတွင်း ခြံစည်းရိုးကာပါ။ (၆)လအတွင်းအိမ်ဆောက်ပါလို့အိုးအိမ်က စည်းကမ်းချက်တွေထုတ်ပေးထားရတာပေါ့။ ဒါဆိုရင် မြေချပါမစ်ကိုင်ထားသူတို့ရဲ့ သောကကိုမြင်သာလောက်ပါပြီလေ။
စာဖတ်သူများသောကကင်းဝေနေ နိုင်ကြပါစေ။
Crd: ရှေ့နေမောင်ကောင်းဖေ
ဥပဒေ - Law