𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫 - 𝐄𝐚𝐠𝐞𝐫 𝐍𝐚𝐲 𝐌𝐲𝐨

  • Home
  • Myanmar
  • Mandalay
  • 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫 - 𝐄𝐚𝐠𝐞𝐫 𝐍𝐚𝐲 𝐌𝐲𝐨

𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫 - 𝐄𝐚𝐠𝐞𝐫 𝐍𝐚𝐲 𝐌𝐲𝐨 Financial & FinTech Training
(2)

26/08/2026

ကော်ဖီဆိုင်မှာ ကိုယ့်ဘေးတားက ဝိုင်းက ပြောနေတာ
ကံကောင်းအောင်လို့ ဘယ်ဘုရားစာ၊ ဘယ်သုတ်ကိုရွတ်၊ ဘာခံပြီးမှ ရွတ်ဆိုပြီး၊

မဟုတ်ရင် လူထိတာတဲ့။
ဘယ်သူဆို အဲလိုလုပ်လို့ ကျွမ်းထိုးမှောက်ခုံဖြစ်တာ ဆိုပြီး

ဒီအတွေးအခေါ် ဘယ်ကနေ လာတာလည်း ကျနော် စဥ်းစားမိတယ်။ ဘေးနားက ညီလေးကိုလည်း ပြောမိတယ်။

ကျနော်တို့ နားလည်ရမှာက ဘုရားစာ ရွတ်တာအားလုံးသည် ဘုရားကို ဘုရားဟောခဲ့တဲ့အဆုံးအမတွေကို ရွတ်ပြီး ပူဇော်တာ။

ဒီလောက် အခြေခံအဆင့်ကို ကျနော်တို့ နားလည်ရမယ်။ ဘာရချင်လို့၊ ညာရချင်လို့ လိုချင်မူနဲ့တော့ မရွတ်သင့်ဘူး။ စိတ်ရှင်းရှင်းလေးနဲ့ ပူဇော်ချင်တဲ့ စိတ် သဒ္ဓါအားနဲ့ ပူဇော်ရုံသက်သက် ပူဇော်ပါ။

ပြီးရင်ဘာရွတ်ရင် ဘေးဖြစ်မယ်ဆိုတဲ့ အတွေး သေးသေးလေးတောင် မတွေးနဲ့။ ဘုရားက ငါ ပြောခဲ့တဲ့ တရားတွေကို ပူဇော်ရင် ဘာဖြစ်မယ်ဆိုတဲ့အရာမျိုး လုံးဝမှ မရှိဘူး။ အဲလိုမဟုတ်ပဲ ကိုယ့်စိတ်က အဆိုးလို ရှိနေရင် အဲဒါက နတ်ကိုးကွယ်မူအတွေး၊ မှီရိုးဖလာကနေ လာတဲ့ အတွေးမျိုးတွေပဲ ဖြစ်လိမ့်မယ်။
ဖျောက်သင့်တယ်။

ပြီးရင် အဓိဋ္ဌာန်တွေ လုပ်ကြတယ်။ အရမ်းကောင်းတယ်။ သို့သော် ရွတ်ပြီး ပြီးသွားတာပဲဆိုတဲ့ စိတ်မျိုးတော့ မဖြစ်သင့်ဘူး။ စိတ်ထဲကနေ နှစ်နှစ်ကာကာ သဒ္ဓါအားနဲ့ ပူဇော်တာမျိုး ဖြစ်သင့်တယ်။
ဤကုသိုလ်ကောင်းမူလည်း နိဗ္ဗာန် အထောက်အပံ့ဖြစ်ပါစေသတည်းလို့ ပဲ ဖြစ်သင့်တယ်။

လောကုတ္တရာအတွက်တောင် အကျိုးအရမ်းထူးတာ။ လောကီအတွက်က မထူးစရာ မရှိဘူးလေ။

ကိုယ့်လူတွေဆို ပြောဖြစ်တယ်။
ဘုရားကန်တော့ရင်တောင် ဘုရားက ကိုယ့်ရှေ့ သပိတ်လေး ပိုက်ပြီး မတ်တပ်ရပ်နေတယ်။ ကိုယ်က ဘုရားရဲ့ ရှေ့ဖမိုးလေးကို နဖူးလေးနဲ့တိုက်ပြီး ကန်တော့နေတယ်။ အဲလိုမျိုးကို စိတ်ထဲရောက်အောင် ပုံဖော်ပြီး ကန်တော့လို့

အဲချိန် ဘာအတွေးမှ ဝင်မလာတော့ဘူး၊ ဘာဆို ဘာအတွေးမှ မရှိတော့ အဲအချိန်ခဏလေးက ငြိမ်းချမ်းလိုက်တာ။
ဒါက နည်းတဲ့ ကုသိုလ် မဟုတ်ဘူးနော်။
ကျနော်ဆို အဲလိုပဲ ကန်တော့ဖြစ်တယ်။

မေတ္တာပို့လည်း ထို့နည်းအတူပဲ
မျက်စိလေးမိတ်ပြီး ဘေးရန်ကင်းကွာ ကျန်းမာ ချမ်းသာ ပါစေ ကို တစ်လုံးချင် ပီပီသသ ဆိုပြီး၊
ကိုယ်ပို့လိုက်တဲ့ မေတ္တာကြောင့် အားလုံး ငြိမ်းချမ်းနေတာမျိုးကို ပုံဖော်ပြီး ပို့တယ်။

ဘုရားဟောခဲ့တဲ့ ဘယ်ဂါတာ၊ တရားတော်တွေကို မဆို ရွတ်ပြီး ပူဇော်တာဟာ ခိုက်တာမျိုး၊ ခံရတာ လုံးဝ မရှိပါဘူး။ ဒီလို ဖြစ်နေတဲ့ယုံကြည်မူ၊ အတွေးတွေ ထေရဝါဒ ဗုဒ္ဓဘာသာဆို ဖျောက်သင့်တယ်။

ဒါက ကိုယ် နားလည်ထားသလောက် သေးသေးလေးပြောတာပါ။
စိတ်ထဲကနေ ယုံယုံကြည်ကြည် သဒ္ဓါအားနဲ့ ကောင်းတာ လုပ်နေတာပဲ၊ ဆိုးစရာ အကြောင်းမှ မရှိတာ။

26/08/2026

✅ ဒီည ကမ္ဘာ့ရွှေတက်မလား ??

ယနေ့ည 7:00 Pmမှာ US ရဲ့ ဈေးကွက်ပေါ် အလှုပ်အခက်ဖြစ်စေမဲ့ သတင်းရှိပါတယ်။

ဒီည ထွက်လာမဲ့ သတင်းတွေသာ ဆက်ဆိုးခဲ့မယ်ဆို
ရွှေက -4700.$ zone ဖောက်ပြီး၊ တစ်အောင်စဈေး -
4860.$ zone လောက်ထိ ဆက်လာနိုင်ပါတယ်။ လက်ရှိ အချိန်ထိ ရွှေက အတက်လားရာမှာ ရှိနေတာပါ။

သို့သော် ရွှေက တော်တော် တက်ခဲ့ပြီးပြီးလို့လည်း ပြောလို့ရပါတယ်။ သတင်းဆိုးခဲ့ရင်တော့ အတက်ပဲ ပြပြီး၊ အကျအား ပြန်ယူကာ၊ လုံလောက်တဲ့ အားတစ်ခု တစ်အောင်စ - 4560.$ zoneလောက်ထိ ယူပြီးမှ ဆက်တက်တာမျိုးလည်း ဆက်ဖြစ်နိုင်ပါတယ်။

ဆိုတော့ - 4700.$ zone ဖော်တယ်ဆိုအနည်းဆုံး 4730/4780 လောက်ထိတော့ လာထိဦးမှာပါဗျ။
၉လပိုင်- 20ရက်ကနေ 24ရက်ထိ ရန်ကုန်မြို့မှာလူတွေ့သင်တန်း ရှိပါမယ်ဗျ။

အကျိုးအမြတ် ကြီးကြီးရကြပါစေ။

#နေမျိုး ( #𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥𝐀𝐝𝐯𝐢𝐬𝐨𝐫 )
ကမ္ဘာ့ရွှေ၊ နိုင်ငံတကာ ငွေကြေး၊ စတော့ ရှယ်ယာ ရောင်း/ဝယ်ရေး သင်တန်း ။ ့

25/08/2026

ကမ္ဘာ့ရွှေကတော့ ဒီမနက်ပဲ တစ်အောင်စ အမြင့်ဆုံးဈေး - 4700.$ ဝန်းကျင်ထိ တက်လာခဲ့ပါတယ်။
လက်ရှိကတော့ 4625.$ zone ပါ။
လက်ရှိတော့ အကျအား သာပါဦးမယ်။
အကျလည်း ရေတိုပဲဖြစ်ပါမယ်။

24/08/2026

ယနေ့ နံနက် Asia Market အဖွင့်မှာတော့ ရွှေက တစ်အောင်စဈေး - 4656.$ zone ထိ တက်ခဲ့ပါတယ်ဗျ။

✅မနက်ဖြန်တွက် ကမ္ဘာ့ရွှေ ရွှေက ပြီးခဲ့သော ရက်သက်တစ်ပတ် ၃ပတ်အတွင်းမှာ တစ်အောင်စဈေး - 4020.$ zone ကနေ လက်ရှိ အမြင့်ဆုံး - ...
23/08/2026

✅မနက်ဖြန်တွက် ကမ္ဘာ့ရွှေ

ရွှေက ပြီးခဲ့သော ရက်သက်တစ်ပတ် ၃ပတ်အတွင်းမှာ တစ်အောင်စဈေး - 4020.$ zone ကနေ လက်ရှိ အမြင့်ဆုံး - 4630.$ zone ထိ အတက်အား တစ်အောင်စကို - 610.$ ထိ တက်ခဲ့ပါတယ်။

၃လလောက် ကျခဲ့သော အကျအားကို 3wk လောက်နဲ့ ပြန်တက်ခဲ့တာပါ။

မနက်ဖြန်တော့ အတက်အား ပိုသာပါတယ်။
လက်ရှိ ဈေးကွက်အပိတ်ဈေး - 4606.$ ကနေ 4660.$ လောက်ထိ ဆက်တက်နိုင်ပါတယ်ဗျ။

USD Index weak နေတာရယ်၊ တဖြည်းဖြည်း ကျဆင်းလာခဲ့သော US Economic Data, တွေကြောင့် US ငွေကြေးဖောင်းပွမူနှုန်းဆက်တိုးလာခဲ့ပြီး အတိုးနှုန်းက ဆက်တိုးလာနိုင်ခြေ များပါတယ် ဗျ။

ဒါကြောင့် ရွှေရဲ့ အတက်အား မပြီးသေးတာပါဗျ။

#နေမျိုး ( #𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥𝐀𝐝𝐯𝐢𝐬𝐨𝐫 )
ကမ္ဘာ့ရွှေ၊ နိုင်ငံတကာ ငွေကြေး၊ စတော့ ရှယ်ယာ ရောင်း/ဝယ်ရေး သင်တန်း ။

21/08/2026

ယနေ့ သောကြာနေ့ ကမ္ဘာ့ရွှေ အမြင့်ဆုံး - 4602.$ zone အထက်ထိ တက်လာခဲ့။ များမကြာမီ ပြောထားသော ဈေးတန်းတွေ လာထိနိုင်။

20/08/2026

ယနေ့ Asia Market မှာတော့ ရွှေက တစ်အောင်စဈေး - 4530.$ ဝန်းကျင်ထိ အမြင့်ဆုံး တက်လာခဲ့။ ဆက်၍လည်း တက်ဦးမှာပါ။

19/08/2026

ကမ္ဘာ့ရွှေ လက်ရှိတစ်အောင်စကို - 4470.$ zone ရောက်။ ဒီလမကုန်ခင် -4700.$ နီးနီး မြင်တွေ့ရနိုင်။

18/08/2026

✅ ကမ္ဘာ့ရွှေ

ဒီတစ်ကြိမ် ကျလာခဲ့ရင်တော့ 4360 zone , 4310 zone အဲဈေးတန်းတွေက အနိမ့်ဆုံးဖြစ်လာနိုင်တယ် ဗျ။
(( လာဖို့တော့ လွယ်တော့ မလွယ်တော့ဘူးဗျ။ ))

ဒီတစ်ကြိမ်အတက်က တစ်အောင်စဈေး - 4450 zone ဖောက်တာနဲ့ 4560/4630 zone လောက်ထိကို ဝုန်းဆိုပြီး လာနိုင်ပါတယ် ဗျ။

ဘာကြိုက်လဲဆို လက်ရှိဈေး - 4390 zone အဝယ်ပဲ ကြိုက်ပါတယ်။

USD Index Point ဆက်ပြီး ကျနေတာရယ်၊ လာမည့် အတိုးနှုန်းက Rate Cut လုပ်နိုင်ခြေ များနေတာကြောငိ့ ရွှေက အတက်ပိုပြီး တွန်းအားပေးနေတာပါ။

ဒီကြားထဲ စစ်ရေး Breaking News ဝင်လာရင်တော့ လားရာ တစ်မျိုး ပြောင်းနိုင်ပါတယ်။
အကျဆိုရင်တောင် အဲအကျက ရေတိုပါပဲဗျ။

#နေမျိုး ( #𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥𝐀𝐝𝐯𝐢𝐬𝐨𝐫 )
ကမ္ဘာ့ရွှေ၊ နိုင်ငံတကာ ငွေကြေး၊ စတော့ ရှယ်ယာ ရောင်း/ဝယ်ရေး သင်တန်း ။

spyware တိုက်ခိုက်ခံရသူတွေကို Apple သတိပေးစာ ပို့နေ ကိုယ့် iPhone မှာ ပုံထဲကလို noti တက်လာရင် အဆင့်မြင့် spyware ရဲ့ ပစ်...
15/08/2026

spyware တိုက်ခိုက်ခံရသူတွေကို Apple သတိပေးစာ ပို့နေ

ကိုယ့် iPhone မှာ ပုံထဲကလို noti တက်လာရင် အဆင့်မြင့် spyware ရဲ့ ပစ်မှတ်ထားခံရတာ ဖြစ်နိုင်ပါတယ်။

Apple က နိုင်ငံပေါင်း ၁၁၀ ကျော်က ဖောက်သည်တွေဆီ နည်းပညာမြင့် ထောက်လှမ်းရေးဆော့ဖ်ဝဲလ် spyware တိုက်ခိုက်မှုရှိကြောင်း သတိပေးချက်တွေ ပို့နေပါတယ်။ noti ပို့တဲ့ ပုံစံက iPhone lock screen ပေါ်မှာ push noti အနေနဲ့ တိုက်ရိုက် ပို့ပေးတာပါ။

noti ထဲမှာ "သင့် iPhone ကို ပစ်မှတ်ထားတဲ့ ကြေးစား spyware တစ်ခု Apple က ထောက်လှမ်းတွေ့ရှိထားပါတယ်။ သင့်အချက်အလက်နဲ့ ဖုန်းကို ကာကွယ်ဖို့ လုပ်နိုင်တဲ့အချက်လေး ရှိပါတယ်။" ဆိုပြီး ပြောထားပါတယ်။

spyware တိုက်ခိုက်မှုကို Apple ရဲ့ စနစ်က ထောက်လှမ်းရရှိထားတယ် ဆိုပေမယ့် ဘယ်အဖွဲ့အစည်း ဘယ်ဆော့ဖ်ဝဲလ်ရဲ့ လက်ချက်ဖြစ်တယ် ၊ လူဘယ်လောက်ဆီကို noti ပို့နေတယ်လို့တော့ မသိရသေးပါဘူး။ ဒီ noti က ကိုယ့်ဖုန်း hack ခံလိုက်လို့ အချက်အလက်တွေ ပါသွားတာ မဟုတ်သေးပေမယ့် ဖုန်းကို ကာကွယ်ဖို့ ချက်ချင်း လုပ်ရတော့မှာပါ။

Apple ကတော့ Lockdown Mode ဖွင့်ထားဖို့ အကြံပေးပါတယ်။ ဒီ mode က မက်ဆေ့ချ်တွေ ၊ FaceTime ဖုန်းခေါ်တာနဲ့ ဓါတ်ပုံ albums တွေ မျှဝေတာ ပိတ်ထားပေးမှာပါ။ Lockdown Mode ဖွင့်ထားချိန် ဖုန်းကို အောင်အောင်မြင်မြင် hack နိုင်ခဲ့တာမျိုး ဒီနေ့အထိ မရှိသေးဘူးလို့ ပြောပါတယ်။

၂၀၂၁ ကနေ ဒီနေ့အထိ Apple ဟာ ဒါမျိုး spyware သတိပေးချက်တွေကို နိုင်ငံပေါင်း ၁၅၀ ကျော်အထိ ပို့ပေးခဲ့ပြီး ဖြစ်တယ်လို့ ဆိုပါတယ်။

Address

Mandalay

Alerts

Be the first to know and let us send you an email when 𝐅𝐢𝐧𝐚𝐧𝐜𝐢𝐚𝐥 𝐀𝐝𝐯𝐢𝐬𝐨𝐫 - 𝐄𝐚𝐠𝐞𝐫 𝐍𝐚𝐲 𝐌𝐲𝐨 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share