ဆရာမင္းသူရ

ဆရာမင္းသူရ ၃၅လမ်း /၇၁×၇၂ကြား Mandalay
09751089826(viber)/09767817917

15/05/2026

၁၆.၅.၂၀၂၆ 3D
ဘာကြောင့် ရတာလေ မမေးနဲ့
ဆရာလဲထိုးတဲ့ မိတ်ဆွေများ ထိုးရင်
ဆရာ လဲ ပေါက် မိတ်ဆွေလဲ ပေါက်ပေါ့ဗျာ
တစ်ခါ မှ မထိုးဘုဘူး ထိုးလိုက်ပြိး
ဘုရားပေးဆုပေါ့ဗျာ

020
400

🙏🙏🙏

09/05/2026

တကယ် တရားကျင့်တယ်ဆိုတာ
ပုတီးမျိုးစုံ စုတာ၊
ဘုရားပတ်ဖူးတာ၊
ဘုရားကျောင်းတကာရောက်တာ၊
ဘုရားစာကို စက်လို တတွတ်တွတ် ရွတ်နိုင်တာ၊
တရားထိုင်ဖို့ စိတ်အားထက်သန်တာ၊
သက်သတ်လွတ်စားတာ၊
လောကီရေးရာတွေ ရှောင်ပြီး သီးသန့်နေတာ၊
ပရဟိတအလုပ်တွေမှာ ပါဝင်တာတွေပဲ မဟုတ်ပါဘူး။

တကယ့် တရားကျင့်သူဆိုတာ
စိတ်ကို လေ့ကျင့်သူဖြစ်တယ်။

အကြောင်းအကျိုးကို ကြောက်ရွံ့ရိုသေတယ်။

ဗောဓိစိတ္တ (ဉာဏ်အလင်းရဖို့ မျှော်လင့်ချက်) ကို ကျင့်ကြံသူဖြစ်တယ်။

ငါဆိုတာ မရှိ၊ မမြဲခြင်းတရားနဲ့ ဗလာနတ္ထိတရားကို ကျင့်သူဖြစ်တယ်။

တရားကျင့်တယ်ဆိုတာ ပြီးပြည့်စုံမှုကို လိုက်လံဖို့ မဟုတ်ဘဲ မစုံလင်မှု၊ ချို့ယွင်းမှုကို တည်တည်ငြိမ်ငြိမ် လက်ခံပြီး ကရုဏာစိတ်နဲ့ ဖြစ်ပေါ်လာသမျှကို လက်ခံတာ ဖြစ်တယ်။

ကျေးဇူးတရားအကြောင်း အမြဲ ပြောပြီး
စိတ်မှာ မကျေနပ်ဖြစ်မှုတွေ ကိန်းအောင်းနေတာ၊

သက်သတ်လွတ်စားပေမယ့်
ကရုဏာတရား မရှိတာ၊

ငါးလွှတ် ငှက်လွှတ်ပေမယ့်
ပတ်ဝန်းကျင်ကလူကို ခွင့်လွှတ်ဖို့ ခက်ခဲတာ၊

တရားစာကို ထပ်ခါတလဲလဲ ရွတ်ပေမယ့်
လက်တွေ့မှာ မလုပ်ဆောင်နိုင်တာ၊

ဆုံးရှုံးတာကို ကုသိုလ်လုပ်တယ်လို့ သဘောထားပေမယ့် ခံရတဲ့အခါ မကျေမနပ်ဖြစ်တာ၊

ပစ္စည်းဥစ္စာ လှူဒါန်း၊ စွန့်ကြဲ ပေမယ့်
ကိုယ့် လောဘ၊ ဒေါသနဲ့ မသိနားမလည်မှုကို စွန့်လွှတ်ဖို့ ခက်ခဲတာ....

စစ်မှန်တဲ့ကျင့်စဉ်က ... နဂိုကတည်းက ဘာမှမရှိတာမို့ ဘာမှ တွယ်ကပ်နေစရာ မလိုတာပါ။

လူတိုင်းမှာ ကိုယ်ပိုင်သံလိုက်စက်ကွင်းရှိပါတယ်။ ကိုယ်က ဘာဆိုရင် ဘာကိုဆွဲဆောင်ပါတယ်။

ရိုးရှင်းတဲ့ဘဝနဲ့ ကျေနပ်မှု၊ အကောင်းမြင်စိတ်ရှိသူတွေဟာ ကံကောင်းခြင်းနဲ့ ယှဉ်တွဲနေပါတယ်။

အပျက်ဆောင်တဲ့အမြင်၊ သံသယစိတ် ပြည့်နေသူဟာ ကံဆိုးမှုတွေကို ရှောင်ရှားဖို့ ခက်ပါတယ်။

ဒါကြောင့် ဖြစ်ပျက်သမျှဟာ ကိုယ့်နှလုံးသားရဲ့ ရောင်ပြန်ဟပ်မှုတွေပါ။

ပန်းတွေပွင့်ရင် လိပ်ပြာတွေ လာပါလိမ့်မယ်။ ကိုယ်ကောင်းရင် ကံကြမ္မာက ကောင်းတာတွေ စီစဉ်ပေးပါလိမ့်မယ်။

--- မျှဝေပါတယ်

💌
#နိုင်းနိုင်းစနေ

01/05/2026

၁၃၈၈ ခုနှစ် ဘာ အတားစားနှစ်ဖြစ်မလဲ???
ဆရာမင်းသူရ ထံ ဗေဒင်မေးမြန်သူများ
09751089826 (Viber)ဆက်သွယ်ပါ
နေနံအလိုက် တစ်နှစ်စာဟောစာတမ်း လင့်(Link)
👇

===============--------
https://www.facebook.com/share/p/1B6KvBhASh/

{  ကဆုန်လပြည့် ဗုဒ္ဓနေ့  }ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့(၁) ဗျာဒိတ်ခ...
30/04/2026

{ ကဆုန်လပြည့် ဗုဒ္ဓနေ့ }

ကဆုန်လပြည့်နေ့အကြောင်း သိကောင်းစရာ

🙏ဖွား ၊ ပွင့်၊ ဟော၊ စံ၊ ဗျာဒိတ်ခံ ကဆုန်လပြည့်နေ့

(၁) ဗျာဒိတ်ခံယူသည့်နေ့ =
လေး အသင်္ချေကမ္ဘာတစ်သိန်း အစ
ကဆုန်လပြည့်နေ့

(၂) ဘုရားမွေးသည့်နေ့ =
မဟာသက္ကရာဇ် (၆၈)ခု၊
ကဆုန်လပြည့် (သောကြာနေ့)🙏(ဘီစီ ၆၂၃)

(၃) ဘုရားဖြစ်သည့်နေ့ =
မဟာသက္ကရာဇ် (၁၀၃)ခု၊
ကဆုန်လပြည့် (ဗုဒ္ဓဟူးနေ့)။🙏(ဘီစီ ၅၈၈)

(၄) ဗုဒ္ဓ၀င်အကျဉ်းဟောသည့်နေ့ =
မဟာသက္ကရာဇ် (၁၀၄)ခု၊
ကဆုန်လပြည့်နေ့🙏 (ဘီစီ ၅၈၇)

(၅) ပရိနိဗ္ဗာန်စံသည့်နေ့ =
မဟာသက္ကရာဇ် (၁၄၈)ခု၊
ကဆုန်လပြည့် (အင်္ဂါနေ့)🙏(ဘီစီ ၅၄၃)

🙏ကဆုန်လပြည့်
ဗုဒ္ဓနေ့အကြောင်းသိကောင်းစရာများ

၁။ ကဆုန်လပြည့်နေ့သည်
ဗုဒ္ဓဘာသာဝင်တို့၏
နေ့ထူးနေ့မြတ်ကြီးဖြစ်ပါသည်။
ကဆုန်လပြည့်နေ့၏ ထူးခြားချက်မှာ
(ဗျာဒိတ်, ဖွားမြင်, ဗောဓိပင်,
စံဝင် နိဗ္ဗာန်နန်း) ဆိုသည်နှင့်အညီ
သုံးလောကထွတ်ထား
သဗ္ဗညုမြတ်စွာဘုရားနှင့်စပ်၍....

🙏ဗျာဒိတ်ခံယူသောနေ့

🙏ဖွားမြင်တော်မူသောနေ့

🙏ဘုရားဖြစ်တော်မူသောနေ့

🙏ပရိနိဗ္ဗာန်စံတော်မူသောနေ့

ဤထူးခြားချက်လေးမျိုးတို့နှင့်
တိုက်ဆိုက်နေပါသည်။
ဤကဲ့သို့ ထူးခြားချက်လေးမျိုးနှင့်
ပြည့်စုံသောကြောင့် ဤနေ့ကို
`🙏ကဆုန်လပြည့်ဗုဒ္ဓနေ့ ဟု
အမွှန်းတင် ခေါ်ဆိုကြပါသည်။

၂။ ဤကဆုန်လပြည့်နေ့ တွင်
မာရ်နတ်ရန်ကို အောင်မြင်တော်မူသောကြောင့်
ဤနေ့ဤရက်ကို
`ကဆုန်လပြည့် မာရ်အောင်နေ့အဖြစ်
ဗုဒ္ဓဘာသာဝင်တို့၏ စိတ်အစဉ်တွင်
စွဲမြဲ၍နေကြပါသည်။

၃။ ဝိသာခါနက္ခတ်နှင့်ယှဉ်၍
ဖွားမြင်တော်မူခြင်း၊
ပရိနိဗ္ဗာန်စံတော်မူခြင်းများကို အကြောင်းပြု၍
ကဆုန်လပြည့်နေ့ကို
`ဝိဆခ်ဒေးဟု ခေါ်ဆိုကြပါသည်။
ဝိသာခါဒေးဟု ဆိုလိုပါသည်။

၄။ ဗုဒ္ဓဘာသာဝင်တို့သည်
ဘုရားဖြစ်သော နေ့ထူးနေ့မြတ်ကို
အာရုံပြု၍ ကဆုန်လပြည့်နေ့၌
ပရိဘောဂစေတီထိုက်သော
ဗောဓိပင်ကို ရေသွန်းလောင်းလေ့ ရှိကြပါသည်။

၅။ ဗောဓိပင်သည်
သဗ္ဗုညုတဉာဏ်တော်ကိုရ၍
ဘုရားဖြစ်တော်မူရာဌာနဖြစ်ခြင်း၊
ဖွားဖက်တော် ၇ ပါးတွင်
စာရင်းဝင်ဖြစ်ခြင်းတို့ကြောင့်
ထူးခြားသော သစ်ပင်တစ်မျိုး ဖြစ်ပါသည်။
ဤကဲ့သို့ မြတ်စွာဘုရားနှင့်
တိုက်ရိုက်ဆက်စပ်၍
ဗောဓိပင်၌ ရေသွန်းလောင်းခြင်းအစဉ်အလာကို
ခေတ်အဆက်ဆက် ပြုလုပ်လာခဲ့ကြပါသည်။

၆။ မြန်မာ့ရိုးရာ ၁၂ ရာသီပွဲတော်များအနက်
ကဆုန်လပြည့်နေ့ ညောင်ရေသွန်းပွဲတော်ကို
ရိုးရာပွဲတော်အဖြစ် အစဉ်အလာ
သတ်မှတ်ခဲ့ကြပါသည်။

၇။ အသနဗောဓိယမထေရ်၏
အလောင်းသည် တိဿဘုရားရှင်၏
ဗောဓိပင်ကို စိုက်ပျိုးပူဇော်ရသော
ကုသိုလ်ကြောင့် နတ်ပြည်၌ဖြစ်ရခြင်း၊
စကြာမင်းဖြစ်ရခြင်း၊
အပါယ်ဘေးမှလွတ်ကင်းရခြင်းအကျိုးများကို
ခံစားရကြောင်း (ထေရာပဒါန်)
ကျမ်းဂန်၌ ဟောကြားထားပါသည်။

၈။ ဂန္ဓောဒကတိဿမထေရ်၏
အလောင်းသည် ပဒုမုတ္တရဘုရားရှင်၏
ဗောဓိပင်ကို နံ့သာရေဖြင့်
သွန်းလောင်းသောကုသိုလ်ကြောင့်
နတ်ပြည်၌ဖြစ်ရခြင်း၊ အနာရောဂါမရှိခြင်း၊
သောကကင်းဝေးခြင်း
စသောအကျိုးများကို ခံစားရပါသည်။

၉။ အထက်ပါအကြောင်းအရာများကို နှလုံးသွင်း၍
ဗုဒ္ဓဘာသာဝင်သူတော်စင်များအနေဖြင့်
နှစ်စဉ်နှစ်စဉ် ကဆုန်လပြည့်နေ့ရောက်တိုင်း
ဗုဒ္ဓရုပ်ပွား ဥဒ္ဒိဿစေတီတော်များကို
အနေကဇာတင် ဗုဒ္ဓအဘိသေက
မင်္ဂလာသဘင် ဆင်ယင်ကျင်းပ၍
ကုသိုလ်အထူးကို ဆည်းပူးလေ့ရှိကြပါသည်။

🙏ကျောင်းကန်ဘုရားသို့သွား၍
ဒါန သီလ ဘာဝနာအမွေကို ပြုလုပ်၍
ကဆုန်လပြည့် ဗုဒ္ဓနေ့ကို အမှတ်တရ ဆင်နွှဲကြပါသည်။

အစ်ကိုတော်ကြီး တောင်တွင်းကြီးမဟာတံခွန်

သိဖို့ အရှက်သိက္ခာ နာမလည်သူတွေ့
29/04/2026

သိဖို့ အရှက်သိက္ခာ နာမလည်သူတွေ့

မဂ်လာပါ မိတ်ဆွေများခင်ဗျာ
10/04/2026

မဂ်လာပါ မိတ်ဆွေများခင်ဗျာ

 #ဗေဒင်
06/04/2026

#ဗေဒင်

05/04/2026

Address

34st/35 Street/71st/72st ( Chanayetharzan)
Mandalay
05021

Telephone

+959751089826

Website

Alerts

Be the first to know and let us send you an email when ဆရာမင္းသူရ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share