Win Min Thant

Win Min Thant To systemize your Business and set up all your Management & Service in your business.

ရှာနေတာကြာပြီ
15/03/2024

ရှာနေတာကြာပြီ

🔔༺✮ 𝙁𝙞𝙣𝙖𝙡 𝘾𝙖𝙡𝙡 𝙛𝙤𝙧 𝙋𝙤𝙬𝙚𝙧𝙛𝙪𝙡 𝙁𝙪𝙩𝙪𝙧𝙚 𝘾𝙀𝙊 𝘽𝙤𝙤𝙩 𝘾𝙖𝙢𝙥 ✮༻📣
(စာရင်းပေးသွင်းရန် နောက်ဆုံးခေါ်ယူခြင်း)
🌲🌲🌲(၃) ရက်သာ လိုပါတော့သည် …🌲🌲🌲

🕊️🕊️21 ရာစုလူငယ်တွေဆိုတာ ဖောက်ထွက်တွေးခေါ်နိုင်စွမ်းတွေများတယ်
လမ်းဟောင်းရိုးရိုးကြီးထက် လမ်းသစ်ထွင်နိုင်စွမ်းတွေပြည့်ဝနေတယ် 🕊️🕊️

❣️တွေးခေါ်ပုံတွေကလည်း ထင်မှတ်မထားလောက်အောင် ဆန်းကြယ်ထက်မြက်နေကြတယ်။

တထွာပြရင် တလံမြင်ရုံမျှမက မိုင်ပေါင်းများစွာထိကို မြင်နိုင်စွမ်းကြတယ်။

🔊 ဒါတွေကြောင့် ဒီ 𝙋𝙤𝙬𝙚𝙧𝙛𝙪𝙡 𝙁𝙪𝙩𝙪𝙧𝙚 𝘾𝙀𝙊 𝘽𝙤𝙤𝙩 𝘾𝙖𝙢𝙥 ကို ယုံကြည်ချက်အပြည့်နှင့် အားသစ်လောင်း အလင်းရောင်ပြပေးဖို့ ဖွင့်လှစ်ပေးလိုက်ပါတယ်။

ကိုယ်တွေရဲ့နေထိုင်ရာ ကမ္ဘာကြီးကို တချိန်မှာ ဉီးဆောင်မှာ ကျွန်မတို့ရဲ့ ကြယ်ပွင့်လေးတွေဘဲ မဟုတ်ပါလားရှင်….

🎯သူတို့ဘဝရဲ့ လမ်းကြောင်းတွေကို သူတို့ကိုယ်တိုင် သိရှိလျှောက်လှမ်း သွားနိုင်ဖို့ အတွက် ဖေဖေ မေမေ ဉီးဉီး ဒေါ်ဒေါ် တို့ ရွေးချယ်မှုမှန်ဖို့ သိပ်ကို အရေးကြီးနေပါပြီ…🎯

🔔ဒီအတွက် 𝙋𝙤𝙬𝙚𝙧𝙛𝙪𝙡 𝙁𝙪𝙩𝙪𝙧𝙚 𝘾𝙀𝙊 𝘽𝙤𝙤𝙩 𝘾𝙖𝙢𝙥 2024 သင်တန်းမှာ အမြန်ဆုံး စာရင်းပေးနိုင်ပြီ..📣

🚨ခု တကြိမ်မှာ သာ ဒီ သင်တန်းကို တက်ရောက်ဖို့ လွဲချော်ခဲ့မယ်ဆိုရင် နောက်တခေါက်ဖွင့်ဖို့ နှစ်ချီပြီး စောင့်ဆိုင်းရမှာ ဖြစ်သလို ခုပေးသွင်းရမယ့် fees နှင့်လည်း ရရှိနိုင်တော့မှာ မဟုတ်တော့ပါဘူး

🚨ခေတ်နှင့် အညီ မြန်ဆန်စွာ တိုးတက်ချင်တဲ့သူများနောက်ကျကျန်မနေခဲ့ချင်သူများအတွက် သင်တန်းဝင်ခွင့်မှာ ( 3 ) ရက်သာ ကျန်ပါတော့တယ်🚨

🧩🧩Powerful Future CEO Boot Camp
Date: 20.3.2024 to 29.3.2024🧩🧩

✨✨သင်တန်းကြေးနဲ့ စားသောက်စရိတ် အခမဲ့ …..🌟🌟

(၁၀) ရက်တာ နေထိုင်ရေးနဲ့ စာရွက်စာတမ်းကြေး ( ၁ ) သိန်းခွဲ ကျပ်မျှသာ ပေးသွင်းရမှာဖြစ်ပါတယ်ရှင်

💥ဒီသင်တန်း အပတ်စဉ် အတွက်သာ ဒီ Price နှင့် သင်ယူတက်ရောက်ခွင့်ရရှိမှာ ပါနော်💥

🗓️သင်တန်းကာလ - ၂၀- ၀၃-၂၀၂၄ မှ ၂၉-၀၃-၂၀၂၄ အထိ- ၁၀ရက်တိတိ စခန်းသွင်းလေ့ကျင့်ခြင်း)

🏠နေရာ-လင်းလက်ကြယ်စင်ဟိန်းကိုယ်ပိုင်အထက်တန်းကျောင်း၊ အမှတ်(၁၀၆၊ဘီ)၊သစ္စာလမ်း၊ရပ်ကွက်ကြီး(၆)၊ပြင်ဦးလွင်မြို့။

စာရင်းပေးသွင်းရန်နောက်ဆုံးရက်-
(၁၇ - ၀၃ -၂၀၂၄)

🎯မှတ်ချက်- အကျိုးရှိထိရောက်စေရန် လူဦးရေ ကန့်သတ်ထားပါသည်။

☎️အသေးစိပ် စုံစမ်းမေးမြန်းလိုလျှင် Page Messenger (or)

𝐏𝐡 𝐧𝐨. - 𝟎𝟗 𝟒𝟓𝟎𝟎𝟏𝟑𝟓𝟎𝟎,
- 𝟎𝟗 𝟑𝟑𝟎𝟔𝟒𝟗𝟕𝟕,
- 𝟎𝟗 𝟒𝟐𝟎𝟕𝟔𝟗𝟗𝟕𝟖

2024 မှာ အတွေးသစ် အမြင်သစ် နဲ့အောင်မြင်သူဖြစ်ချင်ရင်
အခုဘဲ အမြန်ဆုံး ဆက်သွယ်လိုက်ပါ။











#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

အေးဆေးလွယ်ကူအောင်မြင်ဖို့CEO Boot Camp တက်ကြစို့
07/03/2024

အေးဆေးလွယ်ကူအောင်မြင်ဖို့
CEO Boot Camp တက်ကြစို့

09/02/2024

သေချာနားထောင်လိုက်တော့....

Everything is Money ဆိုတဲ့ Concept ကိုအသေးစိတ်ရှင်းပြတာအရမ်းကောင်း။ပြင်ရမှာတွေသိရလို့ ကျေးဇူးပါ Money is Me
06/01/2024

Everything is Money ဆိုတဲ့ Concept ကိုအသေးစိတ်
ရှင်းပြတာအရမ်းကောင်း။
ပြင်ရမှာတွေသိရလို့ ကျေးဇူးပါ Money is Me

ငွေရဲ့အကြောင်းကို သေချာမသိသေးဘဲ ငွေရှာနေဦးမယ်ဆိုရင် ဆက်ပြီးပင်ပန်းနေဦးမှာပါ....
ပိုက်ဆံဆိုတာ ကျွန်မတို့ဘဝရဲ့ အရာရာပါပဲ။
ပိုက်ဆံဆိုတာ ဒိုးပြားဝိုင်းလေး စက္ကူလေးကို ပြောနေတာ မဟုတ်ပါဘူး
သင်ငွေရှာနိုင်တာဟာ သင်နှင့်သင့်မိသားစုကိုကယ်တင်နေတာဖြစ်သလိုကမ္ဘာကြီးနဲ့လူသားတွေကို
ကူညီနေတာလည်းဖြစ်ပါတယ်....

နှစ်တစ်နှစ်ရဲ့ အစဟာ သိပ်ကို အရေးကြီးပါတယ်။ နှစ်အစမှာ ကောင်းတာတွေ လိုချင်တာတွေကို လုပ်ဆောင်ရပါတယ်၊ ဒါမှသာ တနှစ်ပတ်လုံး လိုချင်တာတွေ နဲ့ ပြည့်နေတတ်ပါတယ်။

ပိုက်ဆံက Energy ဆိုတာ သေချာလက်မခံနိုင်ဘူးဆိုရင် ငွေတွေ ကိုယ့်ဆီလာဖို့ ခက်ခဲနေဦးမှာပါ....

ငွေဆိုတာ ငါပဲ လို့ ‌မသိသေးသရွေ့ ငွေရှာနည်းလျှိ့ဝှက်ချက်တွေကို မြင်နိုင်မှာ မဟုတ်သေးပါဘူး

တချိုလူတွေက ပြောတယ် ငွေဟာ ဒုတိယ ဘုရားသခင်တဲ့ ၊ ငွေ ရှိရင် အရာရာ ပြည့်စုံတယ်တဲ့။ ဒါ့ကြောင့် ငွေတွေ ဘယ်လိုဝင်လာအောင် လုပ်ရမလဲဆိုတာ တီချယ် “ ခင်” က လမ်းပြ ကူညီပေးချင်ပါတယ် ။

ဒါကြောင့် ဒီ ၂၀၂၄ နှစ်သစ်ရဲ့ ၇ ရက်နေ့ညမှာ Money Channel ဖွင့်ပြီး တစ်နှစ်တာအတွက် ငွေရှာလွယ်ကူမယ့်နည်းလမ်းတွေကို (လက်တွေ့ စီးမျောရင်း နှစ်သစ်ကို အဓိပ္ပါယ် အပြည့်နဲ့ စတင်လိုက်)
ကြရအောင်နော်

#2024

ပြုံးရုံလေးပဲပြုံးနေလိုက်။အမုန်းတွေ မင်းဆီမရောက်တော့ဘူး။
02/11/2023

ပြုံးရုံလေးပဲပြုံးနေလိုက်။
အမုန်းတွေ မင်းဆီမရောက်တော့ဘူး။

ပဲ့တင်သံ
06/09/2023

ပဲ့တင်သံ

🌟ပဲ့တင်သံ🌟

လူတွေက ပြောကြတယ်နော်။

" ငါ သူ့အပေါ် ဒီလောက်ချစ်တာ~.......

" သူ့အပေါ် ဒီလောက်ကောင်းပေးထားတာကို "....

" ငါ့အပေါ် ဒီလိုလုပ်ရက်တယ်" ဆိုပြီး

ပေါက်ကွဲသံတွေ ကြားဖူးတယ်မဟုတ်လား။

အဲ့လိုဘာလို့ ခံစားရလည်းဆို​တော့...... ..

✨ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်✨

ဆိုတဲ့ ဆောင်ပုဒ်လေးကို တကယ်နားမလည်သေးလို့ပါ။

ကိုယ်က အရမ်းချစ်တယ်..
အရမ်းကောင်းတယ်..
ပြန်မရဘူးလို့ သတ်မှတ်လိုက်တာက....
သူ့ဆီကပဲ ပြန်ရချင်နေလို့ပါ။

တကယ်တော့ သူ့ဆီကမရလည်း လောကကြီးက ပြန်ပေးနေပါတယ်။

ကိုယ်ရဲ့ ဆန္ဒက သူ့ဆီကပဲ ရရမယ်ဆိုတဲ့ အတ္တလေးတွေပါသွားတော့ တခြားသူဆီက ရနေတာကို မမြင် မသိတော့တာပါ။

တကယ်တော့

✅ Everything is Give and Take ပါနော်။

အရာရာတိုင်းမှာ တစ်ခုခုရရင် တစ်ခုပေးဆပ်ရစမြဲပါ။

တစ်ခုခု ပေးဆပ်လိုက်ရတိုင်းလည်း တစ်ခုခုပြန်ရနေပါတယ်

ဆိုတဲ့ လောကနိယာမကို သတိမပြုမိသေးတာဖြစ်မှာပါ။

✨ကိုယ်ပြုသောကံ ပဲ့တင်သံ ကိုယ့်ထံပြန်လာမည်✨ဆိုတဲ့ဆောင်ပုဒ်လိုပါပဲ။

ကိုယ်ကကောင်းတာတွေပြုရင် ကောင်းကျိုးတွေရပြီး၊ မကောင်းတာတွေပြုရင် မကောင်းတာတွေပြန်ရတတ်တာမို့...

✅ကိုယ်လိုချင်တဲ့ အရာကိုပဲ ကိုယ်လုပ်ပါ။

✅ကိုယ်ကကောင်းတာတွေလိုချင်ရင် ကောင်းတာတွေပဲလုပ်ပါ။ ကောင်းကျိုးပြန်ရမှာ ဧကန်မလွဲပါဘဲ။

☘️ပြန်ရမည့် ပဲ့တင်သံတွေ ချိုမြပါစေ☘️


#ပဲ့တင်သံ
#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

03/09/2023

Real Success

အကောင်းစွမ်းအင်ဆိုတာ
22/08/2023

အကောင်းစွမ်းအင်ဆိုတာ

🌈⚡️အပြုသဘောဆောင် အမြင့်ဆုံးစွမ်းအင်⚡️🌈
(Highest Positive Energy)
ရဖို့အချက်များ......

✨✨You attract what you give out.✨✨

🌲 ကိုယ်ပေးလိုက်တိိုင်း
ကိုယ်ပြန်ရတာဖြစ်ပါတယ်။
လောကမှာ ကိုယ်ဆွဲဆောင်တဲ့အရာကို
ရတာဖြစ်ပါတယ်။ ကိုယ့်ဘဝအတွက်
ကောင်းတဲ့အရာတွေကို ဆွဲဆောင်မိသလို
တစ်ခါတစ်လေမှာ မကောင်းတာတွေကိုလဲ
ဆွဲဆောင်မိနေတတ်ပါတယ်။

🧘🏼‍♀️ "ကောင်းတဲ့အရာတွေဖြစ်လာဖို့ကတော့
အချိန်တိုင်း သတိကပ်တဲ့ အလေ့အကျင့်
ရှိဖို့လိုပါတယ်"
အဓိကမိမိလိုချင်တဲ့ အရာတွေကို
အာရုံစူးစိုက်နေမယ်ဆိုရင် 'Highest Positive Energy' ရနိုင်ပါတယ်။

🏵️အပြုသဘောဆောင်တဲ့ စွမ်းအင်တွေရဖို့အတွက်.......

☘️ ကျေးဇူးတင်တတ်ခြင်း
☘️ ကျေးဇူးဆပ်တတ်ခြင်း
☘️ အကောင်းမြင်ခြင်း
☘️ မေတ္တာထားခြင်း
☘️ မေတ္တာပွားခြင်း
☘️ စိတ်ငြိမ်းချမ်းခြင်း
☘️ မိမိကိုယ်ကိုယုံကြည်မှုရှိခြင်း
☘️ မိမိ ဘာသာ ပေါ်မှာ သက်ဝင်ယုံကြည်ခြင်း
☘️ ပျော်ရွှင်ခြင်း
☘️ ခွင့်လွှတ်ခြင်း
☘️ ကူညီတတ်ခြင်း
☘️ အားပေးကူညီခြင်း
☘️ ဟန်ချက်ညီမျှခြင်း
☘️ လက်ခံနိုင်ခြင်း
☘️ တီထွင်ခြင်း
☘️ အတုယူခြင်း
တွေဟာ Highest Positive Energy
ကိုရရှိစေပါတယ်။

➡️ ဒါကြောင့် အကောင်းမြင်၊
ကျေးဇူးတင်ပါ။
မေတ္တာတရားတွေကိုမျှဝေ
နိုင်သလောက်မျှဝေပါ။

➡️ မိမိဆီကို မြင့်မားတဲ့စွမ်းအင်တွေ
အဆက်မပြတ်ရရှိနေပါလိမ့်မယ်။

အားလုံးကိုချစ်တဲ့
Success Smart Creator❤️

#သူရသစ္စာ

#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

11/08/2023

သင်လေ့ကျင့်ပြင်ရမည်။

သတိဟူသည် အောင်မြင်ကြောင်းတရား
10/08/2023

သတိဟူသည် အောင်မြင်ကြောင်းတရား

🌿အရာရာ သတိ 🌿

💝ကုသိုလ်ကောင်းမှု ပြုဖို့ဆို စေတနာကောင်းမှ ၊

💝စေတနာကောင်းဖို့ဆို သတိလိုပါတယ်။

💝သတိမပါ ဉာဏ်ဗလာ။
သတိမကောင်း ဉာဏ်မကောင်း။
သူတော်ကောင်းဆိုတာ
သတိကပ်နေသူကို ပြောတာပါ။🤗🤗🤗

#ပညာမင်းခေါင်
#ပုံဖော်လှမ်းကိုင်သင့်ပန်းတိုင်

စိုးရိမ်တယ် ညီမလေးရယ် 🤔ညီမလေးရေ မမတစ်ခုလောက်ပြောချင်တယ်ကွယ် ။ မိန်းကလေးဆိုတာ ကိုယ့်ဘာသာ လေးစားမှုထားရတယ်။ကိုယ့်ကိုကိုယ်လည...
12/10/2020

စိုးရိမ်တယ် ညီမလေးရယ် 🤔

ညီမလေးရေ မမတစ်ခုလောက်ပြောချင်တယ်ကွယ် ။
မိန်းကလေးဆိုတာ ကိုယ့်ဘာသာ လေးစားမှုထားရတယ်။
ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှုရှိပါကွယ်။

မိန်းကလေးတစ်ယောက်....

ရိုးရိုးသားသားနေရင်...
မိန်းကလေးပီသရင်....
ကိုယ်တတ်ကျွမ်းရမည့်ကိစ္စတွေ ကိုယ်တတ်ကျွမ်းရင်
ဣနြေ္ဒရရနေတတ်ထိုင်တတ်ရင်....
ခေတ်နဲ့အညီ ရင်ဘောင်တန်းတယ်ဆိုပြီး လော်လီမနေရင်
ရည်းစားတွေ ဟောတစ်ယောက် ဟောတစ်ယောက် မတွဲနေရင်

စမီးလှလား?
ကျမကို ချစ်ရင် အသဲလေးတွေပေးသွား....
အဖက်လုပ်ခှဲ့ဦး...
မတ်မတ်ချောတယ်မလား....
FA ဆိုတော့ အားငယ်တယ်....
V day နီးလာပေမဲ့ ချောကလက်ပေးမည့်သူမရှိတော့😔
.....................အဲ့လိုစာသားတွေလိုင်းးပေါ်တက်ရေးပြီး

အသနားခံနေစရာမလိုပါဘူးကွယ်။

ကိုယ်ဘာသာ ဖွံ့ဖြိုးတိုးတက်အောင်...
မိဘစိတ်ချမ်းသါအေါင်ထားနိုင်ရင်....
မိဘအားကိုးရအေါင်လုပ်ကိုင်ပေးရင်...
ဣနြေ္ဒရရနေထိုင်တတ်ရင်...
ပိုရင့်ကျက်အောင်နေရင်...
ကိုယ်ပိုင်စွမ်းအါးနဲ့ ရိုးရိုးသါးသါး လုပ်ကိုင်စားနေရင်...

လိပ်ပြာလုံပါတယ်။ ဘယ်သူ့မှ အားကိုးနေစရာ
အသနားခံနေစရာ မလိုပါဘူးကွယ်...
ကိုယ့်ဘာသာ တန်ဘိုးထားနေရင်...
ကိုယ့်ကိုတန်ဘိုးထားချစ်မဲ့ ယောင်္ကျားကောင်းတစ်ယောက်က
ကိုယ်အတွက်ပေါ်လာမှာပါ။

ကိုယ်တင်လိုက်တဲ့ status တွေက
ကိုယ့်အခြေအနေ
ကိုယ့်စိတ်အဆင့်အတန်း
ကိုယ့်လိုအပ်ချက်တွေကို ဖေါ်ပြနေတယ်ဆိုတာ သိလား ညိမလေး..
အဲ့လိုဆိုရင် လူ့မုဆိုးတွေက ဝန်းရံလာလိမ့်မယ်။
အဲ့ဒါကို သာယာမနေနဲ့ ညီမလေး။
ညီမလေး နောက်ဆက်တွဲဖြစ်လာမဲ့
အခြေအနေတွေကို မြင်အောင်ကြည့်နော်

စိတ်အေးချမ်း ကြည်လင်စရာ ကုသိုလ်ရေးတွေလုပ်ချင်လုပ်
ဘဝတိုးတက်ရေး အချိန်ပိုလေးမှာ အားထုတ်အားထုတ်
လူကြီး၊ မိဘ၊ ဆရာသမားအရိပ်မှာ ခိုလှုံချင် ခိုလှုံ
အကျိုးရှိမဲ့ စာအုပ်တွေ ဖတ်ချင်ဖတ်
ပိုကောင်းတဲ့ အနေထားရောက်မဲ့ သင်တန်းတွေ တက်ချင်တက်
ကေါင်းတဲ့ဘက်ကို သွားမည့် တစ်ခုခုလုပ်ပစ်လိုက်ညီမလေး

ညီမလေး အခြေအနေဆိုးတွေ ဆက်ဖြစ်သွားမှာ....
စိုးရိမ်တယ် ညီမလေးရယ်။

Tr.Thant
# MSCI

16/08/2020

လူတွေ ကိုယ့်ကို ဘယ်လိုမြင်ကြသလဲ ?

မျောက်လို့ပြောရင်....
အရမ်းဆော့တဲ့၊ ငြိမ်ငြိမ်မနေတတ်တဲ့၊
မျက်စိနောက်စရာ သတ္တဝါလို့ ပြေးမြင်တတ်ကြပါတယ်။

တစ်နေ့လုံး ငြိမ်ငြိမ်မနေတာလားဆိုတော့လည်း မဟုတ်ပါဘူး။ သူငြိမ်နေတဲ့ အခိုက်အတန့် ရှိတာပါပဲ။

ဒါဆို ဘာလို့ အဲ့လိုမြင်တာလဲ ?...
အဲ့လိုမြင်လောက်အောင် နေတဲ့အချိန်တွေများနေလို့ပါ။ တကယ်တော့ သူလည်း အချစ်ခံ သတ္တဝါလေးပဲလို့ မေ့သွားရလောက်အောင် သူဆိုးတာတွေက များနေပြီး ချစ်စရာကောင်းတာက နည်းနေလို့ပါ။

နောက်တစ်ခုက ကျနော်တို့လူတွေမှာ ကောင်းတာနဲ့ ဆိုးတာဆို.....ဆိုးတာကို ပိုမြင်ကြတာပဲဆိုတော့ ကိုယ့်ကို လူတွေဘယ်လိုမြင်လဲဆိုတာ စဉ်းစားကြည့်ရင် ......

အင်း...

ကျနော် အနေအထိုင်၊ အပြောအဆို ဆင်ခြင်မှ ဖြစ်မယ်။

Tr Thant( MSCI)

Address

N0:38, Back Of Sasanathakkatho , Mahar Nadi Street, Near Queen Cafe, Mdy
Mandalay
951

Telephone

09420769978

Website

Alerts

Be the first to know and let us send you an email when Win Min Thant posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share