Loon Pyan

Loon Pyan အင်ဂျင်ဝိုင်လိုအပ်လာတိုင်း လွန်းပျံ ကို သတိရလိုက်ပါ

❗❗❗WE'RE HIRING❗❗❗
18/07/2026

❗❗❗WE'RE HIRING❗❗❗

🌧️ မုတ်သုံရာသီမှာ ခရီးမထွက်ခင် သင့်ကားကို စစ်ဆေးသင့်တဲ့ အချက် (၇) ချက်ရာသီမရွေး ခရီးထွက်လေ့ရှိတဲ့ မိတ်ဆွေတို့အတွက် မိုးတ...
16/07/2026

🌧️ မုတ်သုံရာသီမှာ ခရီးမထွက်ခင် သင့်ကားကို စစ်ဆေးသင့်တဲ့ အချက် (၇) ချက်

ရာသီမရွေး ခရီးထွက်လေ့ရှိတဲ့ မိတ်ဆွေတို့အတွက် မိုးတွင်းကာလမှာ ခရီးထွက်မယ်ဆို သင့်ကားကို ဒီ Checklist လေးနဲ့ အရင်စစ်ဆေးထားပါ။

ဒီအချက် (၇) ချက်ကို ကြိုတင်စစ်ဆေးထားခြင်းဖြင့် လမ်းခရီးမှာ ဖြစ်ပေါ်နိုင်တဲ့ ယာဉ်ချို့ယွင်းမှုနဲ့ အန္တရာယ်တွေကို လျှော့ချနိုင်ပါတယ်။

🚗 1. Engine Oil စစ်ဆေးပါ။
✔️ အင်ဂျင်ဝိုင်အလုံအလောက်ရှိရဲ့လား?
✔️ သတ်မှတ်ကီလို (သို့) အချိန်ကျော်လွန်ပြီး အင်ဂျင်ဝိုင်လဲဖို့အချိန်ရောက်နေပြီလား?
အင်ဂျင်ဝိုင်ကောင်းကောင်းရှိမှ အင်ဂျင်စွမ်းဆောင်ရည်ကလည်း အကောင်းဆုံးဖြစ်နေမှာပါ။

🛞 2. တာယာအခြေအနေ စစ်ပါ။
✔️ တာယာတိုက်စားမှုများပြီး တာယာပါးခြင်း ရှိ၊မရှိ စစ်ဆေးပါ။
✔️ တာယာလေစစ်ဆေးပါ။ မဖြစ်မနေ လေချိန်ပါ။
မိုးရွာတဲ့လမ်းပေါ်မှာ တာယာကောင်းမွန်မှ ကားမချော်ဘဲ ပိုမိုလုံခြုံစွာ မောင်းနှင်နိုင်မှာပါ။

🛑 3. Brake System စစ်ဆေးပါ။
✔️ဘရိတ်ကောင်းကောင်းအလုပ်လုပ်ရဲ့လား ?
✔️ ဘရိတ်ဆီလုံလောက်ရဲ့လား?
စိုစွတ်တဲ့လမ်းမှာ ဘရိတ်စနစ် ကောင်းမွန်နေဖို့က လုံခြုံရေးအတွက် အရေးကြီးပါတယ်။

🌧️ 4. Wiper & Windshield စစ်ပါ။
✔️ Wiper(မှန်သုတ်တံ) ကောင်းကောင်း သုတ်ပေးနိုင်သေးလား?
✔️ ကားရှေ့မှန်သန့်ရှင်းနေရဲ့သား?
မြင်ကွင်းရှင်းလင်းမှ မိုးထဲမှာ လုံခြုံစွာ မောင်းနှင်နိုင်မှာပါ။

💡 5. ကားမီးများ စစ်ဆေးပါ။
✔️ ရှေ့မီး
✔️ နောက်မီး
✔️ အချက်ပြမီး
မိုးသည်းတဲ့အချိန်မှာ ကိုယ်တိုင် လမ်းကိုမြင်နိုင်ဖို့နဲ့ အခြားယာဉ်တွေက ကိုယ့်ကားကို မြင်နိုင်ဖို့ ကားမီးတွေ ကောင်းမွန်နေရပါမယ်။

🔋 6. Battery အခြေအနေစစ်ဆေးပါ။
✔️ စက်နှိုးတဲ့အခါ အားနည်းသလို ဖြစ်နေလား?
✔️ Battery အား ကောင်းမွန်ရဲ့လား?
Battery အားနည်းနေပါက မိုးရွာတဲ့နေ့တွေမှာ ကားစက်နှိုးမရတာ၊ ကားဝပ်တာမျိုး ဖြစ်နိုင်ပါတယ်။ ခရီးမထွက်ခင် Battery အခြေအနေကို ကြိုတင်စစ်ဆေးထားတာက ပိုစိတ်ချရပါတယ်။

🎒 7. Emergency Kit ယူသွားပါ။
✔️ ထီး
✔️ ဓာတ်မီး
✔️ ဆေးအိတ် (First Aid Kit)
✔️ ကားဆွဲကြိုး (Tow Rope)
✔️ ဖုန်းအားသွင်းကြိုး
✔️ ပါဝါဘဏ်

မိုးရာသီမှာ လမ်းခရီးအတွင်း မမျှော်လင့်ထားတဲ့ အခြေအနေတွေ ဖြစ်ပေါ်နိုင်တာကြောင့် အရေးပေါ်သုံးပစ္စည်းလေးတွေ ဆောင်ထားခြင်းက ခရီးကို ပိုစိတ်ချရစေပါတယ်။
💬 မိုးရာသီမှာ ခရီးထွက်ဖို့ စီစဉ်ထားရင် ဒီ Checklist လေးကို အရင်စစ်ဆေးပြီးမှ လုံခြုံစိတ်ချစွာ ထွက်ခွာလိုက်ပါ။

လွန်းပျံ အဆင့်မြင့်အင်ဂျင်ဝိုင် ဖြန့်ချိရေး ဖုန်းနံပါတ်များ--- (MDY)
Address: 82 Street, Bet 26*27 Street,Mandalay.
02- 4068693, 02- 4060456, 02- 4023930, 02- 4072552, 09- 2001896, 09- 766500777, 09- 766500888, 09- 766500999, 09- 448800750

Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ--- (MDY)
09- 766500111, 09- 766500222, 09-766500333

ဒီနေ့မှာတော့ လူအများဆုံး မေးလေ့ရှိတဲ့ မေးခွန်းလေးတစ်ခုကို မိတ်ဆွေတို့အတွက် မျှဝေပေးချင်ပါတယ်။"အင်ဂျင်ဝိုင်ကို သတ်မှတ်ကီလ...
13/07/2026

ဒီနေ့မှာတော့ လူအများဆုံး မေးလေ့ရှိတဲ့ မေးခွန်းလေးတစ်ခုကို မိတ်ဆွေတို့အတွက် မျှဝေပေးချင်ပါတယ်။

"အင်ဂျင်ဝိုင်ကို သတ်မှတ်ကီလိုပြည့်မှ လဲသင့်တာလား? ဒါမှမဟုတ် သတ်မှတ်အချိန်ပြည့်ရင် လဲသင့်တာလား?"

အဖြေကတော့ နှစ်ခုလုံးကို ထည့်သွင်းစဉ်းစားသင့်ပါတယ်။
အင်ဂျင်ဝိုင်ဟာ အသုံးပြုတဲ့ ကီလိုမီတာ များလာတာနဲ့အမျှ စွမ်းဆောင်ရည် အရည်အသွေးကျဆင်းလာတတ်ပါတယ်။ တစ်ဖက်မှာလည်း မောင်းနှင်မှုနည်းပြီး အသုံးပြုမှုနည်းရင်တောင် အချိန်ကြာလာတာနဲ့အမျှ အင်ဂျင်အပူချိန်၊လေထဲက အောက်ဆီဂျင်နဲ့ အစိုဓာတ်တို့ရဲ့ သက်ရောက်မှုကြောင့် ဆီရဲ့ အရည်အသွေးက တဖြည်းဖြည်း ကျဆင်းလာနိုင်ပါတယ်။
အကြမ်းဖျင်းအားဖြင့်—
Mineral Oil – 3,000–5,000 km (သို့မဟုတ်) 3လ မှ 6လ
Semi-Synthetic Oil – 5,000 km ပတ်ဝန်းကျင် (သို့မဟုတ်) 6 လခန့်
Fully Synthetic Oil – 7,000–12,000 km (သို့မဟုတ်) 6လမှ 12 လအတွင်း

⚠️ သတိပြုရန် — အထက်ဖော်ပြပါအချက်အလက်တွေဟာ ယေဘုယျအားဖြင့် ယူဆချက်သာဖြစ်ပါတယ်။ သင့်ကား/ဆိုင်ကယ်အတွက် အတိအကျ Oil Change Interval ကို သိလိုပါက ထုတ်လုပ်သူရဲ့ Owner's Manual မှာ ဖော်ပြထားတဲ့ အကြံပြုချက်ကို ဦးစားပေးလိုက်နာဆောင်ရွက်သင့်ပါတယ်။
💡 မှတ်ချက်
အင်ဂျင်ဝိုင်လဲဖို့အတွက် ကီလိုပြည့်တာတစ်ခုတည်းကိုပဲ မစောင့်ပါနဲ့။ ကီလိုမပြည့်သေးပေမယ့် သတ်မှတ်အချိန်ပြည့်သွားရင်လည်း လဲလှယ်ပေးသင့်ပါတယ်။
အင်ဂျင်ဝိုင်ကို အချိန်မှန်လဲလှယ်ပေးတာက အင်ဂျင်ကိုကောင်းမွန်စွာ ကာကွယ်ပေးပြီး အင်ဂျင်သက်တမ်းပိုရှည်စေတဲ့ အရေးကြီးတဲ့ ထိန်းသိမ်းမှုတစ်ခု ဖြစ်ပါတယ်။

“အင်ဂျင်ဝိုင်လဲမယ်ဆိုရင် Brand အမျိုးအစား စုံလင်စွာ ရရှိနိူင်တဲ့ "လွန်းပျံ"ကို သတိရလိုက်ပါ။”

လွန်းပျံ အဆင့်မြင့်အင်ဂျင်ဝိုင် ဖြန့်ချိရေး ဖုန်းနံပါတ်များ--- (MDY)
Address: 82 Street, Bet 26*27 Street,Mandalay.
02- 4068693, 02- 4060456, 02- 4023930, 02- 4072552, 09- 2001896, 09- 766500777, 09- 766500888, 09- 766500999, 09- 448800750

Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ--- (MDY)
09- 766500111, 09- 766500222, 09-766500333

အင်ဂျင်ဝိုင် Brand အမျိုးအစားစုံလင်စွာ ရရှိနိုင်တဲ့ "လွန်းပျံ" မှာ ဘာကြောင့် ဝယ်သင့်လဲ?လိုရာခရီးကို စိတ်သွားတိုင်း ကိုယ်...
12/07/2026

အင်ဂျင်ဝိုင် Brand အမျိုးအစားစုံလင်စွာ ရရှိနိုင်တဲ့ "လွန်းပျံ" မှာ ဘာကြောင့် ဝယ်သင့်လဲ?

လိုရာခရီးကို စိတ်သွားတိုင်း ကိုယ်ပါအောင် ပို့ဆောင်ပေးနေတဲ့ သင့်ကားအတွက် အင်ဂျင်ဝိုင်လဲဖို့ စဉ်းစားနေပြီဆိုရင် ဒီစာကို အဆုံးထိ ဖတ်လိုက်ပါ။ အရာရာ ကွဲပြားဆန်းကျယ်လှတဲ့ လောကကြီးမှာ မတူညီတဲ့ ကားအမျိုးအစားတွေအတွက် ရွေးချယ်ရမယ့် အင်ဂျင်ဝိုင် အမျိုးအစားကလည်း အများကြီးရှိပါတယ်။
ကားတစ်စီးနဲ့တစ်စီးရဲ့ အင်ဂျင်စွမ်းဆောင်ရည်နဲ့ လိုအပ်ချက်တွေ မတူညီသလို အသုံးပြုသင့်တဲ့ အင်ဂျင်ဝိုင်အမျိုးအစားကလည်း ကွဲပြားပါတယ်။ ဒါကြောင့် သင့်ကားနဲ့ ကိုက်ညီတဲ့ အင်ဂျင်ဝိုင်ကို မှန်မှန်ကန်ကန် ရွေးချယ်နိုင်ဖို့အတွက် Brand အမျိုးအစားစုံလင်စွာရရှိနိုင်တဲ့ ‌နေရာကနေ ဝယ်ယူဖို့က အရေးကြီးပါတယ်။
Myanmar Loon Pyan Co.Ltd သည် ၂၀၀၃ ခုနှစ်မှ စတင်၍ အထက်မြန်မာပြည်တစ်ဝှမ်းတွင် Premium Grade Lubricants များကို ဖြန့်ဖြူးရောင်းချပေးလျက်ရှိပြီး Customer များ၏ ယုံကြည်အားပေးမှုနှင့်အတူ ၂၃ နှစ်ကျော် ရပ်တည်လာခဲ့သော ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။

လွန်းပျံကို ရွေးချယ်သင့်တဲ့ အဓိက အကြောင်းရင်းများ

✅ အင်ဂျင်ဝိုင် Brand အမျိုးအစားစုံလင်စွာ ရရှိနိုင်ခြင်း၊
✅ သင့်ကားအမျိုးအစားနှင့် ကိုက်ညီသော အင်ဂျင်ဝိုင်အမျိုးအစားကို အကြံပြုရွေးချယ်ပေးနိုင်ခြင်း၊
✅ အရည်အသွေးစိတ်ချရသော Product များကို ယုံကြည်စိတ်ချစွာ ဝယ်ယူနိုင်ခြင်း၊
✅ Distributor & Showroom ဖြစ်သောကြောင့် Brand အမျိုးမျိုးကို တစ်နေရာတည်းတွင် အလွယ်တကူ ရွေးချယ်ဝယ်ယူနိုင်ခြင်း၊
✅ နှစ်ပေါင်း ၂၃ နှစ်ကျော် အတွေ့အကြုံဖြင့် ကားချစ်သူများ၏ ယုံကြည်မှုကို တည်ဆောက်ထားသော ကုမ္ပဏီဖြစ်ခြင်း။

သင့်ကားရဲ့ အင်ဂျင်စွမ်းဆောင်ရည်ကို အကောင်းဆုံး ထိန်းသိမ်းနိုင်ဖို့အတွက် သင့်ကားနဲ့ ကိုက်ညီတဲ့ အင်ဂျင်ဝိုင်အမျိုးအစားကို ရွေးချယ်ဖို့ လွန်းပျံ Showroom သို့ လာရောက်တိုင်ပင်ပြီး စိတ်ချယုံကြည်စွာဝယ်ယူနိုင်ပါတယ်။

လွန်းပျံ အဆင့်မြင့်အင်ဂျင်ဝိုင် ဖြန့်ချိရေး ဖုန်းနံပါတ်များ--- (MDY)
Address: 82 Street, Bet 26*27 Street,Mandalay.
02- 4068693, 02- 4060456, 02- 4023930, 02- 4072552, 09- 2001896, 09- 766500777, 09- 766500888, 09- 766500999, 09- 448800750

Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ--- (MDY)
09- 766500111, 09- 766500222, 09-766500333

❗❗❗ Attention Please ❗❗❗              WE'RE HIRING!!!
02/06/2026

❗❗❗ Attention Please ❗❗❗
WE'RE HIRING!!!

ဆိုင်ကယ်ချစ်သူများအတွက် အရည်အသွေးမြင့်ဆိုင်ကယ်အင်ဂျင်ဝိုင်များစွာကို နှစ်ပေါင်း (၄၀) ကျော် ထုတ်လုပ်ဖြန့်ချိလာခဲ့တဲ့ အမှတ...
14/05/2026

ဆိုင်ကယ်ချစ်သူများအတွက် အရည်အသွေးမြင့်ဆိုင်ကယ်အင်ဂျင်ဝိုင်များစွာကို နှစ်ပေါင်း (၄၀) ကျော် ထုတ်လုပ်ဖြန့်ချိလာခဲ့တဲ့ အမှတ်တံဆိပ်ဟာ elf ပါ ။

အဆင့်မြင့် UNI-PRO Formula ကို အသုံးပြုပြီး ထုတ်လုပ်ထားတာကြောင့် သုံးစွဲနေတဲ့ အချိန်တစ်လျှောက်လုံးမှာ ဆီသား အထူ၊အပါး ပြောင်းလဲမှုရှိမှာမဟုတ်ပဲ အကောင်းဆုံး စွမ်းဆောင်ရည်ကို ရရှိနေမှာပဲ ဖြစ်ပါတယ် ။

ELF Moto 4 Pro ဟာ ကိုယ့်ရဲ့ဆိုင်ကယ်လေးကို အချိန်တိုင်း ကာကွယ်စောင့်ရှောက်ပေးမဲ့ အရည်အသွေးမြင့် အင်ဂျင်ဝိုင် ဖြစ်ပါတယ် ။ (ဂီယာဘီးများအတွက် အသုံးပြုရန် သင့်လျော်ပါတယ် )

နိူင်ငံတကာစံနှုန်းများအနေနဲ့ကတော့ API SG, JASO MA ဖြစ်ပါတယ် ။

ကဲ....ဒီတော့ နေ့ရက်တိုင်းမှာ ကိုယ်သွားလိုရာကို မညဉ်းမငြူပဲ အမြဲတမ်းလိုက်ပို့ပေးတဲ့ ကိုယ့်ရဲ့ ချစ်စရာကောင်းတဲ့ ဆိုင်ကယ်လေးကို elf ဆိုင်ကယ်အင်ဂျင်ဝိုင်လေးနဲ့ ဂရုစိုက်လိုက်ကြပါစို့လားဗျာ.....

လွန်းပျံ အဆင့်မြင့်အင်ဂျင်ဝိုင် ဖြန့်ချိရေး ဖုန်းနံပါတ်များ---
02- 4068693, 02- 4060456, 02- 4023930, 02- 4072552, 09- 2001896, 09- 766500777, 09- 766500888, 09- 766500999, 09- 448800750

Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ---
09- 766500111, 09- 766500222, 09-766500333

မင်္ဂလာပါ ခင်ဗျာ....MAF အင်ဂျင်ဝိုင်နှင့် စက်ဆီချောဆီအမျိုးအစားပေါင်းများစွာကို တစ်နေရာတည်းမှာ လက်လီ လက္ကားစိတ်တိုင်းကျ ...
04/05/2026

မင်္ဂလာပါ ခင်ဗျာ....

MAF အင်ဂျင်ဝိုင်နှင့် စက်ဆီချောဆီအမျိုးအစားပေါင်းများစွာကို တစ်နေရာတည်းမှာ လက်လီ လက္ကားစိတ်တိုင်းကျ ၀ယ်ယူနိူင်ပါတယ် ခင်ဗျာ....🤩

💙ဆိုင်သို့လာရောက်ကြည့်ရှု၍ဖြစ်စေ အောက်ပါဖုန်းနံပါတ်များသို့ဆက်သွယ်၍ဖြစ်စေ စိတ်တိုင်းကျ ၀ယ်ယူအားပေးနိူင်ပါတယ် ခင်ဗျာ....💙

လွန်းပျံ အဆင့်မြင့်အင်ဂျင်ဝိုင် ဖြန့်ချိရေး ဖုန်းနံပါတ်များ--- (MDY)
02- 4068693, 02- 4060456, 02- 4023930, 02- 4072552, 09- 2001896, 09- 766500777, 09- 766500888, 09- 766500999, 09- 448800750

Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ--- (MDY)
09- 766500111, 09- 766500222, 09-766500333

Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ---- (YGN)
09-762377770, 09-762377771, 09-762377772

မင်္ဂလာပါ ခင်ဗျာ....ပစ္စည်းပြတ်နေတဲ့ Castrol လေးတွေ ပြန်လည်ရောက်ရှိလို့လာပါပြီ....အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ဆိုင်ကယ်၊...
26/04/2026

မင်္ဂလာပါ ခင်ဗျာ....

ပစ္စည်းပြတ်နေတဲ့ Castrol လေးတွေ ပြန်လည်ရောက်ရှိလို့လာပါပြီ....အိမ်စီးကား၊ လုပ်ငန်းသုံးကား၊ ဆိုင်ကယ်၊ အော်တိုဘီး အားလုံးအတွက် အစုံရှိပါတယ်....ပစ္စည်းအသစ်အနေနဲ့ SAE 0W20 (3.5)L ရနိူင်ပါတယ် ။

မှာယူလိုပါက အောက်ပါဖုန်းနံပါတ်များကို ဆက်သွယ်၍
၀ယ်ယူရရှိနိူင်ပါတယ်ခင်ဗျာ....🤩🤩

လွန်းပျံ အဆင့်မြင့်အင်ဂျင်ဝိုင် ဖြန့်ချိရေး ဖုန်းနံပါတ်များ--- (MDY)
02- 4068693, 02- 4060456, 02- 4023930, 02- 4072552, 09- 2001896, 09- 766500777, 09- 766500888, 09- 766500999, 09- 448800750

Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ--- (MDY)
02- 4071696, 02- 4075398, 09- 766500111, 09- 766500222, 09-766500333

Myanmar Loon Pyan Co.Ltd ရုံး ဖုန်းနံပါတ်များ---- (YGN)
09-762377770, 09-762377771, 09-762377772

မြန်မာတို့ရဲ့ တန်ဖိုးထားရာ နှစ်သစ်အချိန်အခါသမယဖြစ် တဲ့ မြန်မာ့သက္ကရာဇ် ၁၃၈၈ ခုနှစ်ရဲ့ နှစ်ဆန်းတရက်နေ့မှာ မြန်မာပြည်သူပြည...
17/04/2026

မြန်မာတို့ရဲ့ တန်ဖိုးထားရာ နှစ်သစ်အချိန်အခါသမယဖြစ် တဲ့ မြန်မာ့သက္ကရာဇ် ၁၃၈၈ ခုနှစ်ရဲ့ နှစ်ဆန်းတရက်နေ့မှာ မြန်မာပြည်သူပြည်သားတိုင်းသာမက အသက်ရှိသမျှ‌သောသက်ရှိလေးတွေအားလုံး ကျန်းမာချမ်းသာကြပါစေ ☺️

✨တနှစ်ပတ်လုံး ဘေးအန္တာရယ်တွေ ကင်းရှင်းကြပါစေ
✳️စိတ်ချမ်းသာ၍ ကိုယ်ကျန်းမာစွာ ရှိကြပါစေ
🌟နေရာအသီးသီးမှာအောင်မြင်မှုများ ပိုင်ဆိုင်နိူင်ကြပါစေ
💲စီးပွါးလာဘ်လာဘများ တိုးတက်ကြပါစေ

☺️ပြောင်းလဲမှုတွေ မြန်ဆန်များပြားလွန်းတဲ့ ယခုလိုအချိန်တွေမှာ ယခုနှစ်သစ် (၁၃၈၈)ခုနှစ်မှာလည်း နေ့ရက်တိုင်းမှာ အကောင်းဆုံးရှင်သန်နိုင်ကြပါစေ ။
“ ပြန်မရနိုင်တဲ့အချိန်တွေကို တန်ဖိုးထားပြီး ပျော်ရွှင်မှုများကိုလည်း မျှဝေခံစားနိူင်ကြပါစေ "

ပျော်ရွှင်စရာနှစ်သစ် ဖြစ်ပါစေကြောင်း ဆုတောင်းမေတ္တာပို့သပါတယ်ခင်ဗျာ ☺️♥️

Address

82 Street, Bet 26 X 27 Street
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959766500888

Alerts

Be the first to know and let us send you an email when Loon Pyan posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Loon Pyan:

Shortcuts

Share