Zalatwah Biscuits & Mr.Good Cake

Zalatwah Biscuits & Mr.Good Cake Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Zalatwah Biscuits & Mr.Good Cake, Business service, 126th Street, 63B Street, Pyigyitagon Township, Mandalay.

မန္တလေးအခြေစိုက် စားသောက်ကုန်ကုမ္ပဏီတစ်ခုဖြစ်ပြီး 1990 ခုနှစ်မှစတင်၍ အရည်အသွေးမြင့် ဘီစကစ်နှင့် Bakery ထုတ်ကုန်များကို ထုတ်လုပ်ဖြန့်ချိလျက်ရှိပါသည်။
Certified Quality
ISO 9001:2015
HACCP
Halal
FDA Approved
Quality • Trust • Taste Since 1990

မြတ်စွာဘုရားရှင် တရားဦးဟောကြားတော်မူသော ဝါဆိုလပြည်နေ့တွင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများ ပွားများအားထုတ်ရင်း အေးချမ်းသေ...
29/07/2026

မြတ်စွာဘုရားရှင် တရားဦးဟောကြားတော်မူသော ဝါဆိုလပြည်နေ့တွင် ဒါန၊ သီလ၊ ဘာဝနာ ကုသိုလ်တရားများ ပွားများအားထုတ်ရင်း အေးချမ်းသော ဓမ္မအရသာကို ပြည့်ဝစွာ ခံစားနိုင်ကြပါစေကြောင်း မေတ္တာရှေ့ထား၍ ဆုမွန်ကောင်းတောင်းလိုက်ရပါသည်။ 🌸🙏
#ဝါဆိုလပြည့် #ဓမ္မစကြာအခါတော်နေ့

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ပဲဖြစ်ဖြစ် စုစုစည်းစည်းနဲ့ ရုပ်ရှင်ကြည့်ရင်းဖြစ်စေ၊ ဂိမ်းဆော့ရင်...
01/07/2026

သူငယ်ချင်းတွေနဲ့ပဲဖြစ်ဖြစ်၊ ချစ်ခင်ရတဲ့ မိသားစုဝင်တွေနဲ့ပဲဖြစ်ဖြစ် စုစုစည်းစည်းနဲ့ ရုပ်ရှင်ကြည့်ရင်းဖြစ်စေ၊ ဂိမ်းဆော့ရင်းဖြစ်စေ စားစရာ မုန့်လေးတစ်ခုခု ပါနေမှ ပိုပြီး မြိန်တယ်မဟုတ်လား ☝🏻
Zalatwah Biscuit ရဲ့ အားသာချက်ကတော့ ဘယ်သူမဆို နှစ်သက်တဲ့ အရသာရှိပြီး စားပြီးရင်း စားချင်အောင် ဆွဲဆောင်နိုင်တာပဲ ဖြစ်ပါတယ်။👏👯‍♀️
Zalatwah နဲ့အတူ တစ်ယောက်နဲ့တစ်ယောက် အပေးအယူမျှမျှနဲ့ ဝေမျှစားသုံးရင်း ပျော်ရွှင်စရာကောင်းတဲ့ အချိန်တွေကို ဖန်တီးလိုက်ပါ။
အရသာမျိုးစုံနဲ့ တွဲဖက်စားသုံးလို့ရတဲ့အပြင် ဈေးနှုန်းကလည်း သင့်တင့်တာကြောင့် ပါတီပွဲလေးတွေပဲဖြစ်ဖြစ်၊ ခရီးသွားတဲ့အခါမှာပဲဖြစ်ဖြစ် မပါမဖြစ် ဆောင်ထားသင့်တဲ့ မုန့်လေးပဲ ဖြစ်ပါတယ်နော်။
𝐙𝐚𝐥𝐚𝐭𝐰𝐚𝐡 𝐁𝐢𝐬𝐜𝐮𝐢𝐭𝐬 & 𝐌𝐫.𝐆𝐨𝐨𝐝 𝐂𝐚𝐤𝐞
☎𝟎𝟗-𝟕𝟗𝟕𝟑𝟖𝟖𝟐𝟏𝟏, 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟎𝟓𝟎𝟎, 𝟎𝟗-𝟕𝟕𝟗𝟓𝟎𝟎𝟎𝟎𝟒
📍𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
#ဇလပ်ဝါ

☔️အပြင်မှာ မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့ ညနေခင်းမျိုးမှာ စာအုပ်ကောင်းကောင်းလေးတစ်အုပ်၊ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ရုပ်ရှင်လေး...
28/06/2026

☔️အပြင်မှာ မိုးဖွဲဖွဲလေးတွေ ရွာနေတဲ့ ညနေခင်းမျိုးမှာ စာအုပ်ကောင်းကောင်းလေးတစ်အုပ်၊ ဒါမှမဟုတ် ကိုယ်နှစ်သက်တဲ့ ရုပ်ရှင်လေးတစ်ကားကြည့်ရင်း အနားယူရတာထက် ပိုကောင်းတာ ဘာရှိဦးမလဲ။
အဲဒီလို အေးမြတဲ့ အချိန်လေးမှာ အငွေ့တထောင်းထောင်းထနေတဲ့ လက်ဖက်ရည်လေးတစ်ခွက်နဲ့ Mr. Good ရဲ့ ကိတ်ခြောက်မွှေးမွှေးလေးက သင့်ကို အနွေးထွေးဆုံး ခံစားချက်ကို ပေးစွမ်းနိုင်ပါတယ်။💁🏼‍♀️
ဘဝရဲ့ ရှုပ်ထွေးမှုတွေကို ခဏမေ့ထားပြီး ဒီလိုရိုးရှင်းတဲ့ အရသာလေးကို ခံစားရင်း ကိုယ့်ကိုယ်ကိုယ် အနားပေးလိုက်ပါ။🙌
Mr. Good က သင့်ရဲ့ ငြိမ်းချမ်းတဲ့ အချိန်လေးတွေကို ပိုပြီး အဓိပ္ပာယ်ရှိအောင် ဖြည့်ဆည်းပေးပါလိမ့်မယ်နော်။🥰
𝐙𝐚𝐥𝐚𝐭𝐰𝐚𝐡 𝐁𝐢𝐬𝐜𝐮𝐢𝐭𝐬 & 𝐌𝐫.𝐆𝐨𝐨𝐝 𝐂𝐚𝐤𝐞
☎𝟎𝟗-𝟕𝟗𝟕𝟑𝟖𝟖𝟐𝟏𝟏, 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟎𝟓𝟎𝟎, 𝟎𝟗-𝟕𝟕𝟗𝟓𝟎𝟎𝟎𝟎𝟒
📍𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
#ဇလပ်ဝါ

🍰🍪ဘီစကစ်ကို ဒီတိုင်းစားရတာ ရိုးအီနေပြီဆိုရင် Zalatwah ကို သုံးပြီး အရသာရှိတဲ့ Dessert လေးတွေအဖြစ် ပြောင်းလဲဖန်တီးလိုက်တေ...
26/06/2026

🍰🍪ဘီစကစ်ကို ဒီတိုင်းစားရတာ ရိုးအီနေပြီဆိုရင် Zalatwah ကို သုံးပြီး အရသာရှိတဲ့ Dessert လေးတွေအဖြစ် ပြောင်းလဲဖန်တီးလိုက်တော့နော်။
ဥပမာ - ဘီစကစ်ကို အမှုန့်ကြိတ်ပြီး Cheese Cake ရဲ့ အောက်ခံ (Crust) အဖြစ် သုံးတာမျိုး၊ ဒါမှမဟုတ် Pudding ထဲမှာ အလွှာလိုက်စီပြီး ထည့်တာမျိုးပေါ့။☝🏻
တခြားအများကြီးလည်း လုပ်စားလို့ရသေးတယ်နော်။☝🏻
Zalatwah ရဲ့ ထူးခြားတဲ့ အနံ့နဲ့ ကြွပ်ဆတ်မှုက အချိုပွဲရဲ့ အရသာကို ပိုမိုထူးကဲစေမှာ…🥰
အိမ်မှာပဲဖြစ်ဖြစ်၊ ပါတီပွဲလေးတွေမှာပဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်မုန့်လေးနဲ့ ဧည့်ခံချင်တယ်ဆိုရင် Zalatwah Biscuit က သင့်အတွက် အကောင်းဆုံး Ingredient တစ်ခု ဖြစ်နေမှာပါ။
ကဲ…ဒါဆို အခုပဲ သင့်ရဲ့ ဖန်တီးမှုစွမ်းရည်တွေကို ထုတ်ဖော်ပြီး အသစ်အဆန်းတွေကို စမ်းသပ်ကြည့်လိုက်ပါဦး။
𝐙𝐚𝐥𝐚𝐭𝐰𝐚𝐡 𝐁𝐢𝐬𝐜𝐮𝐢𝐭𝐬 & 𝐌𝐫.𝐆𝐨𝐨𝐝 𝐂𝐚𝐤𝐞
☎𝟎𝟗-𝟕𝟗𝟕𝟑𝟖𝟖𝟐𝟏𝟏, 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟎𝟓𝟎𝟎, 𝟎𝟗-𝟕𝟕𝟗𝟓𝟎𝟎𝟎𝟎𝟒
📍𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
#ဇလပ်ဝါ

မကြာမီ ကျောင်းတွေပြန်ဖွင့်တော့မှာဆိုတော့ သားသားမီးမီးတို့ ကျောင်းမုန့်အိတ်ထဲ ဘာထည့်ပေးရမလဲဆိုတာက မေမေတို့အတွက် အလုပ်တစ်ခ...
20/06/2026

မကြာမီ ကျောင်းတွေပြန်ဖွင့်တော့မှာဆိုတော့ သားသားမီးမီးတို့ ကျောင်းမုန့်အိတ်ထဲ ဘာထည့်ပေးရမလဲဆိုတာက မေမေတို့အတွက် အလုပ်တစ်ခုပဲ မဟုတ်လား။ 👧🏻👦🏻

အကြိုက်ချင်းမတူတဲ့ ကလေးတွေအတွက် တစ်ယောက်ချင်းစီ လိုက်ဖြည့်ဆည်းပေးဖို့ဆိုရင် "ဇလပ်ဝါ" က အသင့်တော်ဆုံးပါပဲ။ 👇👇

ဗိုက်ဆာတတ်တဲ့ ကလေးတွေအတွက် အာဟာရလည်းဖြစ်၊ ဆိမ့်အိနေတဲ့🍰 𝐌𝐫. 𝐆𝐨𝐨𝐝 𝐂𝐚𝐤𝐞 လေးတွေက အကြိုက်တွေ့စေမှာဖြစ်ပြီးတော့ သူငယ်ချင်းတွေနဲ့ ဝေမျှစားဖို့ဆိုရင်တော့ 🍪 𝐙𝐚𝐥𝐚𝐭𝐰𝐚𝐡 𝐁𝐢𝐬𝐜𝐮𝐢𝐭𝐬 လေးတွေက အကောင်းဆုံးပေါ့။

ကျောင်းအားလပ်ချိန်မှာ သူငယ်ချင်းတွေနဲ့အတူ ပျော်ပျော်ပါးပါး စားဖို့အတွက်ရော၊ ကျောင်းဆင်းချိန် ဗိုက်ဆာမှာအတွက်ရော "ဇလပ်ဝါ" က အားလုံးရဲ့ 𝐒𝐧𝐚𝐜𝐤 𝐓𝐞𝐚𝐦 ပဲပေါ့။ 😍

ကဲ... ကျောင်းမဖွင့်ခင်ကတည်းက သားသားမီးမီးတို့ အကြိုက်ဆုံး ဇလပ်ဝါမုန့်လေးတွေကို အိမ်မှာ ကြိုတင်ဆောင်ထားလိုက်ရအောင် မေမေတို့ရေ... 🍱✨

𝐙𝐚𝐥𝐚𝐭𝐰𝐚𝐡 𝐁𝐢𝐬𝐜𝐮𝐢𝐭𝐬 & 𝐌𝐫.𝐆𝐨𝐨𝐝 𝐂𝐚𝐤𝐞
☎𝟎𝟗-𝟕𝟗𝟕𝟑𝟖𝟖𝟐𝟏𝟏, 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟎𝟓𝟎𝟎, 𝟎𝟗-𝟕𝟕𝟗𝟓𝟎𝟎𝟎𝟎𝟒
📍𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

#ဇလပ်ဝါ

ကျောင်းတွေလည်း ပြန်ဖွင့်ပြီဆိုတော့ သားသားမီးမီးတို့ ကျောင်းဆင်းချိန် ကျောင်းမုန့်ဈေးတန်းမှာ အပြေးအလွှား ရှာပြီးဝယ်စားကြမ...
17/06/2026

ကျောင်းတွေလည်း ပြန်ဖွင့်ပြီဆိုတော့ သားသားမီးမီးတို့ ကျောင်းဆင်းချိန် ကျောင်းမုန့်ဈေးတန်းမှာ အပြေးအလွှား ရှာပြီးဝယ်စားကြမယ့် မုန့်က ဘာဖြစ်မလဲ?🤔💭

ကလေးတွေ အကြိုက်ဆုံးဖြစ်သလို သန့်ရှင်းလတ်ဆတ်မှုအတွက်လည်း မိဘတွေ ရင်အေးရတာ "ဇလပ်ဝါ" မုန့်မျိုးစုံပါပဲဗျာ🥰✨

မုန့်တစ်ခုကို စားတဲ့အခါ ပထမတစ်ကိုက်ကစပြီး နောက်ဆုံးတစ်ကိုက်ထိ အာဟာရပြည့်ဝနေဖို့ အရေးကြီးပါတယ်။💯🌾

"ဇလပ်ဝါ"ရဲ့ မုန့်မျိုးစုံကတော့ ချို၊ ဆိမ့်၊ ကြွပ်ရွ စတဲ့ အရသာပေါင်းစုံကို အကောင်းဆုံး၊ အသန့်ရှင်းဆုံး ကုန်ကြမ်းတွေနဲ့သာ သေသေချာချာ ဖန်တီးထားတာမို့ တစ်ကိုက်ချင်းစီမှာ စစ်မှန်တဲ့ အရသာကို ခံစားရစေမှာပါ။🤤🔥

ဒါကြောင့်လည်း ကျောင်းမုန့်ဈေးတန်းနဲ့ ဈေးဆိုင်တွေမှာ ကလေးတွေ အလုအယက် အပြေးအလွှား ရှာဝယ်ကြတာပေါ့။🏃‍♂️💨

ကဲ....ဒီတော့ နူးညံ့တဲ့ နို့စိမ်းကိတ် (ဒါမှမဟုတ်) ကိတ်စိုလေးတွေရဲ့ အိစက်မှုကို ကလေးတွေအတွက် ကျောင်းမုန့်ဘူးထဲ ထည့်ပေးမလား၊ ထောပတ်နံ့မွှေးတဲ့ မုန့်ကြွပ်တွေရဲ့ တကြွပ်ကြွပ်အသံကို အိမ်မှာ အဆာပြေကျွေးမလား၊ အရသာမျိုးစုံ ကွတ်ကီးလေးတွေနဲ့ပဲ သားသားမီးမီးတို့ကို ပျော်ရွှင်အောင်လုပ်ပေးမလား အခုပဲ စိတ်ကြိုက်ရွေးချယ်လိုက်တော့နော် 👇👇

𝐙𝐚𝐥𝐚𝐭𝐰𝐚𝐡 𝐁𝐢𝐬𝐜𝐮𝐢𝐭𝐬 & 𝐌𝐫.𝐆𝐨𝐨𝐝 𝐂𝐚𝐤𝐞
☎𝟎𝟗-𝟕𝟗𝟕𝟑𝟖𝟖𝟐𝟏𝟏, 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟎𝟓𝟎𝟎, 𝟎𝟗-𝟕𝟕𝟗𝟓𝟎𝟎𝟎𝟎𝟒
📍𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

#ဇလပ်ဝါမုန့်မျိုးစုံ #ကျောင်းမုန့်ဈေးတန်း #မန္တလေး

01/06/2026

🍫✨ Chocolate Lover တွေအတွက် သတင်းကောင်း!

Crunchy Chocolate Cookie + Milk Cream ကို တစ်ကိုက်တည်း ခံစားချင်ရင်တော့ ANORA Chocolate Sandwich Cookie ကို စမ်းကြည့်လိုက်ပါ! 😍

🤎 Chocolate အရသာပြင်းပြင်း
🤎 Creamy Filling အပြည့်
🤎 တစ်ကိုက်စားလိုက်တာနဲ့ ထပ်စားချင်စေမယ့် Taste

Snack Time, Coffee Time, Movie Time ဘယ်အချိန်ပဲဖြစ်ဖြစ် ANORA နဲ့ဆို Perfect! 🍪☕

မကြာခင် စျေးကွက်ထဲရောက်ရှိလာတော့မှာပါ😍

☎️ 09779500004,09797388211

#ဇလပ်ဝါဘီစကစ် #ကွတ်ကီး #ဘီစကစ်

တစ်နေ့တာလုံး အလုပ်တွေနဲ့ လုံးပန်းနေရတဲ့အခါ...⌚ တခါတလေ စကားလုံးတွေထက် စိတ်ကိုအနားယူရစေမယ့်အရသာတစ်ခုက ပိုပြီးအားအင်ဖြစ်စေပ...
31/05/2026

တစ်နေ့တာလုံး အလုပ်တွေနဲ့ လုံးပန်းနေရတဲ့အခါ...⌚
တခါတလေ စကားလုံးတွေထက် စိတ်ကိုအနားယူရစေမယ့်
အရသာတစ်ခုက ပိုပြီးအားအင်ဖြစ်စေပါတယ်။

အလုပ်စားပွဲပေါ်မှာ အမြဲရှိနေကျ🍪 "ဇလပ်ဝါ"မုန့်လေးတွေက
စားစရာတစ်ခုဆိုတာထက်ပိုပါတယ်။

အားယူဖို့လိုနေတဲ့အချိန်မှာ
🍰 နူးညံ့တဲ့𝐌𝐫.𝐆𝐨𝐨𝐝ကိတ်လေးရဲ့အရသာနဲ့
တကြွပ်ကြွပ် ဘီစကစ်လေးက မင်းလုပ်နိုင်ပါတယ်လို့
တိတ်တဆိတ် အားပေးနေသလိုပါပဲ။💪

ဒါကြောင့် အရည်အသွေးကို အလေးထားတတ်တဲ့ သင့်အတွက်
"ဇလပ်ဝါ"နဲ့အတူ အမောဖြေလက်ဆောင်အဖြစ် ရယူလိုက်ပါ။

𝐙𝐚𝐥𝐚𝐭𝐰𝐚𝐡 𝐁𝐢𝐬𝐜𝐮𝐢𝐭𝐬 & 𝐌𝐫.𝐆𝐨𝐨𝐝 𝐂𝐚𝐤𝐞
☎𝟎𝟗-𝟕𝟗𝟕𝟑𝟖𝟖𝟐𝟏𝟏, 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟎𝟓𝟎𝟎, 𝟎𝟗-𝟕𝟕𝟗𝟓𝟎𝟎𝟎𝟎𝟒
📍𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲

#ဇလပ်ဝါ

⬇️အောက်က အခြေအနေလေးကို ဖတ်ပြီး သင့်ရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ရွေးချယ်ပေးပါဦးနော်။"သင်ဟာ ဇလပ်ဝါဘီစကစ်မုန့...
27/05/2026

⬇️အောက်က အခြေအနေလေးကို ဖတ်ပြီး သင့်ရဲ့ တုံ့ပြန်မှုက ဘယ်လိုဖြစ်နိုင်မလဲဆိုတာ ရွေးချယ်ပေးပါဦးနော်။
"သင်ဟာ ဇလပ်ဝါဘီစကစ်မုန့်ကို လက်ဖက်ရည်ထဲ နှစ်စားဖို့ ပြင်နေတုန်း... မုန့်ဖတ်လေးက ပြတ်ပြီး လက်ဖက်ရည်ခွက်ထဲ ကျန်ရစ်ခဲ့တယ်ဆိုရင်..."
(၁) ဇွန်းနဲ့ အမြန်ဆုံး ဆယ်ယူပြီး ပါးစပ်ထဲ အရောက်ထည့်မယ်။
(၂) နောက်ထပ် မုန့်တစ်ချပ်နဲ့ ထပ်နှစ်ပြီး အောက်ကမုန့်ဖတ်ကိုပါ ကပ်ပါလာအောင် ကြိုးစားမယ်။
(၃) လက်ဖက်ရည်ကိုပဲ တစ်ကျိုက်တည်း အကုန်သောက်ချလိုက်မယ်။
(၄) ဘေးဘီကို ကြည့်တယ်... ဘယ်သူမှမမြင်ရင် လက်နဲ့ပဲ နှိုက်စားလိုက်မယ်။
🤣အသည်းယားစရာ ဒီအဖြစ်အပျက်မျိုး ကြုံဖူးတဲ့သူတွေ ရှိကြလား? ကိုယ်ဆိုရင်ရော ဘယ်နံပါတ်ကို ရွေးမလဲဆိုတာ 𝐂𝐨𝐦𝐦𝐞𝐧𝐭 မှာပြောပြခဲ့ပါဦးနော်!
𝐙𝐚𝐥𝐚𝐭𝐰𝐚𝐡 𝐁𝐢𝐬𝐜𝐮𝐢𝐭𝐬 & 𝐌𝐫.𝐆𝐨𝐨𝐝 𝐂𝐚𝐤𝐞
☎️𝟎𝟗-𝟕𝟗𝟕𝟑𝟖𝟖𝟐𝟏𝟏, 𝟎𝟗-𝟕𝟗𝟐𝟎𝟎𝟎𝟓𝟎𝟎, 𝟎𝟗-𝟕𝟕𝟗𝟓𝟎𝟎𝟎𝟎𝟒
📍𝐌𝐚𝐧𝐝𝐚𝐥𝐚𝐲
#မွှေးရနံ့ #ကွတ်ကီး

Address

126th Street, 63B Street, Pyigyitagon Township
Mandalay
05063

Opening Hours

Monday 09:00 - 18:00
Tuesday 09:00 - 18:00
Wednesday 09:00 - 18:00
Thursday 09:00 - 18:00
Friday 09:00 - 18:00
Saturday 09:00 - 18:00
Sunday 09:00 - 18:00

Telephone

+959797388211

Website

Alerts

Be the first to know and let us send you an email when Zalatwah Biscuits & Mr.Good Cake posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Zalatwah Biscuits & Mr.Good Cake:

Shortcuts

Share