Aye Chan Dhamma Channel

Aye Chan Dhamma Channel မြတ်စွာဘုရား၏ အဆုံးမတော်များ ၊ ဆရာတော် သံဃာတော်ကြီးများ၏ အဆုံးမ စကားများကို ဂါရဝပြုပူဇော်ပြန်လည်မျှဝေပါတယ်

🙏🏻✨🙏🏻✨🙏🏻

ကိုယ်ချစ်တဲ့လူ ပျက်စီးလို့ မခံနိုင်ဘူးဆိုရင် …ကိုယ်အချစ်ဆုံးဆိုတဲ့ ကိုယ့်ခန္ဓာကိုယ်ကြီး ပျက်စီးမယ်ဆိုရင် ပိုလို့တောင်ခံန...
04/07/2026

ကိုယ်ချစ်တဲ့လူ ပျက်စီးလို့ မခံနိုင်ဘူးဆိုရင် …

ကိုယ်အချစ်ဆုံးဆိုတဲ့
ကိုယ့်ခန္ဓာကိုယ်ကြီး
ပျက်စီးမယ်ဆိုရင်
ပိုလို့တောင်ခံနိုင်မှာမဟုတ်ဘူး …

အဲ့ကျမှ တကယ်ပူမှာနော် …

ကိုယ်ချစ်တဲ့သူ ပျက်စီးလို့ ပူတဲ့အပူက
ဘာမှမဟုတ်သေးဘူး ..

ကိုယ်အချစ်ဆုံးခန္ဓာ
ပျက်စီးပြီဆိုရင်
အဲ့တာထက် အဆပေါင်းများစွာ
သာလွန်တဲ့ ဒုက္ခကိုဖြစ်စေနိုင်တယ် ။

( သစ္စာရွှေစည်ဆရာတော် )

အနာရောဂါကင်းခြင်းသည်အမြတ်ဆုံး ဆုလာဘ်ဖြစ်သည်။ရောင့်ရဲခြင်းသည်အမြတ်ဆုံး ဥစ္စာဖြစ်သည်။ချစ်ကျွမ်းဝင်သူသည်အမြတ်ဆုံး ဆွေမျိုးဖ...
03/07/2026

အနာရောဂါကင်းခြင်းသည်
အမြတ်ဆုံး ဆုလာဘ်ဖြစ်သည်။

ရောင့်ရဲခြင်းသည်
အမြတ်ဆုံး ဥစ္စာဖြစ်သည်။

ချစ်ကျွမ်းဝင်သူသည်
အမြတ်ဆုံး ဆွေမျိုးဖြစ်သည်။

နိဗ္ဗာန်သည်
အမြတ်ဆုံး ချမ်းသာဖြစ်သည်။

( ပသေနဒီကောသလမင်းဝတ္ထု )

07/05/2026

တရားနာခြင်း အကျိုးငါးပါးလင်္ကာ

မကြားဖူးငြား ၊ တရားများ ၊ နာကြားရပေသည် ။

ကြားဖူးပြီးတာ ၊ ထပ်လို့နာ ၊ သေချာရှင်းပေသည် ။

ယုံမှားကင်းကွာ ၊ ယူဖြောင့်စွာ ၊ စိတ်မှာကြည်လင်သည် ။

တရားနာက ၊ ကျိုးငါးဝ ၊ မုချရပေသည် ။

( ချမ်းမြေ့ဆရာတော်ဘုရားကြီး )

🙏🏻✨🙏🏻✨🙏🏻

28/04/2026

ကုသိုလ်စိတ်မှန်သမျှဟာ
စိတ်ကိုလွတ်လပ်သွားစေတယ် ။
ပေါ့ပါးသွားစေတယ် ။
ကြည်လင်စေတယ် ။
အေးချမ်းစေတယ် ။

တကယ် လွတ်လပ်မှုကိုလိုချင်တယ်ဆိုရင်
ဘယ်ကုသိုလ်မျိုးကိုမဆို
ဖြူစင်တဲ့စိတ်နဲ့ပြုပါ ။

ကုသိုလ်မှန်သမျှဟာ
မဂ် ဖိုလ် နိဗ္ဗာန်ကို ရဖို့အတွက်
အထောက်အပံ့ဖြစ်ပါတယ် ။

ဆရာတော်ဦးဇောတိက
( မဟာမြိုင်တောရ )

🙏🏻✨🙏🏻✨🙏🏻

ကုသိုလ်မျိုးစုံ နေ့စဉ်ပွါးများနိုင်ကြပါစေ 🙏🏻✨🙏🏻✨🙏🏻
27/04/2026

ကုသိုလ်မျိုးစုံ နေ့စဉ်ပွါးများနိုင်ကြပါစေ

🙏🏻✨🙏🏻✨🙏🏻

74 likes, 1 comment. "မင်္ဂလာမနက်ခင်းလေးမှာ ကုသိုလ်တရားတွေပွားများနိုင်ကြပါစေ #ဆရာတော်ဦးဇောတိက"

https://psee.io/8z4bvsမကောင်းမှုရှောင်ကောင်းမှုဆောင်ဖြူအောင်စိတ်ကိုထား🙏🏻✨🙏🏻✨🙏🏻
26/04/2026

https://psee.io/8z4bvs

မကောင်းမှုရှောင်

ကောင်းမှုဆောင်

ဖြူအောင်စိတ်ကိုထား

🙏🏻✨🙏🏻✨🙏🏻

47 likes, 3 comments. "မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထား #သစ္စာရွေစည်ဆရာတော်အရှင်ဥတ္တမ"

16/03/2026

ယုံကြည်မှုနှင့် အသိဉာဏ် မျှတမှု

#တရားတော်

11/03/2026

တို့လျှင် လောကဧည့်သည်ပါတကား

#ဧည့်သည်

#သံဝေဂ

#တရားတော်

ကိုယ်ပိုင်အရည်အချင်းတွေကို ကြိုးစားဖော်ထုတ်နေခြင်းက ဘဝမှာ ပျော်စရာအကောင်းဆုံးပါ 🙏🏻✨🙏🏻✨🙏🏻 #ဆရာတော်ဦးဇောတိက #တရားတော်
09/03/2026

ကိုယ်ပိုင်အရည်အချင်းတွေကို ကြိုးစားဖော်ထုတ်နေခြင်းက ဘဝမှာ ပျော်စရာအကောင်းဆုံးပါ

🙏🏻✨🙏🏻✨🙏🏻

#ဆရာတော်ဦးဇောတိက

#တရားတော်



07/03/2026

ယုံကြည်မှု သဒ္ဓါတရားမရှိသူ၏ရှေ့၌
သဒ္ဓါတရားအကြောင်းပြောလျှင်
ထိုသူနားခါး၏ .. မပြောသင့်

သီလမရှိသူ၏ရှေ့၌
သီလအကြောင်း ပြောလျှင်
ထိုသူနားခါး၏ .. အကုသိုလ်များ၏

ဗဟုသုတနည်းသူ၏ရှေ့၌
ဗဟုသုတအကြောင်းမပြောနှင့်

နှမြှောတတ်သူ၏ရှေ့၌
ပေးကမ်းခြင်းအကြောင်း မပြောနှင့်

ပညာမရှိသူ၏ရှေ့၌
ပညာအကြောင်း မပြောနှင့်

ပုဂ္ဂိုလ်ကိုကြည့်ပြီးမှပြောသင့်၏ ..
စကားကမှန်သော်လည်း တဖက်သူက နားလည် လက်ခံနိုင်မှ ထိုစကားသည် အကျိုးရှိ၏

သစ္စာရွှေစည်ဆရာတော်

စကားတို့၏အစွမ်းတရားတော်

🙏🏻✨🙏🏻✨🙏🏻

Address

Street
Mandalay
11041

Website

Alerts

Be the first to know and let us send you an email when Aye Chan Dhamma Channel posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share