Treasure Light

Treasure Light Product/Service

16/09/2020
04/01/2020
ကျက်သရေ မင်္ဂလာရှိသော နှစ်သစ်ကူးအချိန်အခါသမမှာမိဘ ဆရာ မိတ်ဆွေ သူငယ်ချင်းအပေါင်း  စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း ...
31/12/2019

ကျက်သရေ မင်္ဂလာရှိသော နှစ်သစ်ကူးအချိန်အခါသမမှာမိဘ ဆရာ မိတ်ဆွေ သူငယ်ချင်းအပေါင်း စိတ်၏ချမ်းသာခြင်း ၊ ကိုယ်၏ကျန်းမာခြင်း နှင့် ပြည့်စုံပြီး စီးပွားလာဘ်လာဘများ တိုးပွားကြပါစေကြောင်း Treasure Light Myanmar မှ ဆုမွန်ကောင်း တောင်းလိုက်ပါတယ်ရှင် 🙏🙏🙏

 တန်ဆောင်တိုင်ပွဲတော် အခါသမယလေးမှာ မြန်မာပြည်သူပြည်သားအပေါင်း  စိတ်၏ချမ်းသာခြင်း  ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို...
11/11/2019


တန်ဆောင်တိုင်ပွဲတော် အခါသမယလေးမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့ ဆုမွန်ကောင်းပို့သလိုက်ပါသည် 🙏🙏🙏


တန်ဆောင်တိုင်ပွဲတော် အခါသမယလေးမှာ မြန်မာပြည်သူပြည်သားအပေါင်း စိတ်၏ချမ်းသာခြင်း ကိုယ်၏ကျန်းမာခြင်းနှင့်ပြည့်စုံပါစေလို့ ဆုမွန်ကောင်းပို့သလိုက်ပါသည်🙏🙏🙏

ဗုဒ္ဓဘာသာ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာနေ့မှစ၍ မြန်မာ ပြည်သူပြည်သားအားလုံး ဘေးရန်ကင်းရှင်းကြပါစေလို့ Treasure L...
27/07/2018

ဗုဒ္ဓဘာသာ အထွတ်အမြတ်ထားရာ ဝါဆိုလပြည့်နေ့ ဓမ္မစင်္ကြာနေ့မှစ၍ မြန်မာ ပြည်သူပြည်သားအားလုံး ဘေးရန်ကင်းရှင်းကြပါစေလို့ Treasure Light 💡 မှ ဆုတောင်းပေးလိုက်ပါတယ် 🙏🙏🙏

ကျနော်တို့ ကိုယ်ပိုင်ဘ၀ရဲ့  အဖြစ်အပျက် အချို့တွေ အမှတ်တရအချို့တွေ မေ့ကောင်းမေ့နေကြပါလိမ့်မယ်ဒါပေမယ့်ကျနော်တို့ ဘယ်တော့မှ...
19/07/2018

ကျနော်တို့ ကိုယ်ပိုင်ဘ၀ရဲ့ အဖြစ်အပျက် အချို့တွေ
အမှတ်တရအချို့တွေ မေ့ကောင်းမေ့နေကြပါလိမ့်မယ်
ဒါပေမယ့်
ကျနော်တို့ ဘယ်တော့မှ မမေ့နိုင်တဲ့ နေ့တစ်နေ့ကတော့
နာရီလက်တံတို့ရဲ့ ရွေ့လျားမှုနှင့် အတူ ကျနော်တို့ ရှေ့တည့်တည့် ကို ဆိုက်ရောက်လို့ လာပါပြီ . . .

အဲဒီနေ့ကတော့ July 19thရက်နေ့
ဗိုလ်ချုပ်အောင်ဆန်း နဲ့ အတူ မြန်မာနိုင်ငံရဲ့ လွတ်လပ်ရေး ခေါင်းဆောင်ကြီး (၉)ဦး
ရက်စက်စွာ လုပ်ကြံခဲ့ရတဲ့ အာဇာနည် နေ့ပါပဲဗျာ . . . .
မြန်မာနိုင်ငံသူ နိုင်ငံသားတွေရဲ့ နှလုံးသားထဲမှာ သံမှို စွဲထားတဲ့နေ့လေးပေါ့။
မိသားစုတစ်စု ၊ ရပ်ကွက်တစ်ခု ၊ ရွာတစ်ရွာ ၊ မြို့တစ်မြို့ ၊ နိုင်ငံတစ်နိုင်ငံ ၊ တောအုပ်တစ်အုပ်
အစရှိ ဖြင့် အမျိုး မျိုးသောပုံစံ နှင့် တည်ရှိ နေတဲ့ လောကကြီးအတွက်
ရှေးပညာရှိကြီး တွေရဲ့ စကားတစ်ခွန်းရှိတယ် ဗျာ
အဲဒါကတော့ သစ်တစ်ပင်ကောင်းတော့ ငှက်တစ်သောင်းနားတဲ့
ကျနော်တို့ မြန်မာပြည်သူ ပြည်သားတွေ အမှတ်ရနေကြတဲ့ July 19th ကတော့
အဲဒီငှက်တစ်သောင်းနားလောက်တဲ့ သစ်ပင်ကြီးတွေ လဲဖြိုခံရတဲ့ နေ့ပဲဗျာ
အဲဒါကြောင့် . . . . .
အသက်ကို ပဓာန မထား ၊ ကိုယ်ကျိုးစီးပွားကို မငှဲ့ကွက် ၊ မိမိ မိသားစုအရေးထက် တိုင်းပြည်အရေးကို
ဦးထိပ်ထားပြီး မြန်မာပြည်လွတ်လပ်ရေးကို ယူဆောင်ပေးခဲ့တဲ့ အာဇာနည်ခေါင်းဆောင်ကြီးများရဲ့
လေးစားအတုယူဖွယ် စိတ်ဓာတ်နဲ့ သတ္တိ တို့ကို
"Treasure Light " မှ ဂုဏ်ပြု ကြိုဆိုလိုက်ပါတယ်ဗျာ . . . . .
# Treasure Light LED Panel Light

03/07/2018

စစ်မှန်တဲ့ အလင်းရောင် အတွက် Treasure Light 💡

စစ်မှန်သော အလင်းရောင် အတွက် Treasure Light 💡အရည်အသွေး မကောင်းတဲ့ LED မီး ဝယ်မိပြီး ခဏ ခဏ ကျွမ်းလို့ စိတ်ပျက်နေပါသလား ??✔...
29/06/2018

စစ်မှန်သော အလင်းရောင် အတွက် Treasure Light 💡

အရည်အသွေး မကောင်းတဲ့ LED မီး ဝယ်မိပြီး ခဏ ခဏ ကျွမ်းလို့ စိတ်ပျက်နေပါသလား ??

✔️Treasure Light ကိုသာ သတိရလိုက်ပါ။

Treasure Light အမှတ် တံဆိပ် LED Panel Light သည် အရည်အသွေးကောင်းမွန်သော ပစ္စည်းများဖြင့် ထုတ်လုပ်ထားပြီး နောက်ဆုံးပေါ် ခေတ်မှီ နည်းပညာ များကို အသုံးပြုထားသောကြောင့် ရေရှည် အသုံးခံပြီး သာမာန် လင်းအားထက် (2) ဆ ပိုမိုလင်းမှုကြောင့် လူကြီးမင်းတို့၏ စိတ်ချမ်းသာမှုနဲ့ စိတ်လုံခြုံမှုကို အပြည့်အဝ ပေးစွမ်းနိုင်မှာပါ။

Power - 6W , 9W , 12W , 18W , 24 W
Voltage-85 ~265 V
Frequency-50~60Hz
Lumens -80lm/ W
Colour-3000K , 6500K
Warranty - one year

📞Contact us : 09 778885800 , 09 778886800

 #ဘာအတွက် စာဖတ်မှာလဲလူငယ်တစ်ယောက် ကျွန်တော့်ကို ခုလို ပြောဖူးပါတယ်။- "ဆရာက စာဖတ်ကြပါလို့ အမြဲတိုက်တွန်းတယ်နော်။ ဒါပေမဲ့ ...
26/06/2018

#ဘာအတွက် စာဖတ်မှာလဲ

လူငယ်တစ်ယောက် ကျွန်တော့်ကို ခုလို ပြောဖူးပါတယ်။
- "ဆရာက စာဖတ်ကြပါလို့ အမြဲတိုက်တွန်းတယ်နော်။ ဒါပေမဲ့ ကျွန်တော် စာအုပ်တွေဖတ်လာတာ နှစ်ပေါင်းမနည်းတော့ဘူး။ ကျွန်တော် ဝယ်ထားတဲ့ စာအုပ်တွေလည်း အိမ်မှာ မနည်းဘူး။ စာအုပ်အတော်များများဆိုရင် ကျွန်တော် ဖတ်လွန်းလို့ အလွတ်နီးပါးတောင် ရနေပြီ။ ဒါပေမဲ့ ဆရာရယ်၊ ကျွန်တော့်ဘဝဟာ ဒုံရင်းဒုံရင်းပါပဲ။ မကြီးပွား မအောင်မြင်ပါဘူးဆရာ။ အဲဒါ ဘာကြောင့်လဲ"

သူ့လိုမျိုး လူငယ်အတော်များများမှာလည်း ခံစားနေကြရတယ်ဆိုတာကို ကျွန်တော် သိပါတယ်။ သူ့မေးခွန်းကို Bob Proctor ရဲ့ "You were born rich" စာအုပ်ထဲက အောက်ပါစာသားလေးနဲ့ ဖြေပြချင်ပါတယ်။

No amount of Reading or Memorizing will bring you the success you seek. It is only the Undestanding and Application of the ideas in the book that will make the difference for you.

စာတွေ ဘယ်လောက်ပဲ ဖတ်ဖတ်၊ ခေါင်းထဲမှာ ဘယ်လောက်ပဲ မှတ်မှတ် အဲဒါတွေဟာ သင့်ကို အောင်မြင်မှုရစေမှာ မဟုတ်ပါဘူး။ ဖတ်ထားတာကို နားလည်ပြီး လက်တွေ့အသုံးချမှသာ အောင်မြင်မှုကို ရစေမှာပါ။

ဒီစကားလေးဟာ တော်တော်မှန်ပါတယ်။ တက္ကသိုလ်က ဆရာကြီးတွေ၊ ပါမောက္ခကြီးတွေလောက် စာဖတ်သူ၊ ဖတ်ထားတဲ့ စာတွေကို နောကျေသူရှိပါ့အုံးမလား။ ဒါပေမဲ့ သူတို့ ဖတ်ထားတာကို လက်တွေ့အသုံးချဖို့ထက် သူများတွေကို သင်ပြပေးဖို့ကိုပဲ အားသန်ကြတယ်။ ဒါကြောင့် သူတို့ဟာ ငွေကြေးအရ မချမ်းသာကြဘူး။ ချမ်းလည်း မချမ်းသာချင်ကြဘူး။ သူတို့ စာသင်ပေးရတဲ့ ဘဝမှာ ကျေနပ်ပျော်ရွှင်နေကြတယ်။ ဒါပေမဲ့ သူ့တပည့်တွေ တချို့ကတော့ သူသင်ပေးလိုက်တဲ့ နည်းတွေကို လက်တွေ့အသုံးချရင်း ကြီးပွားအောင်မြင်သွားသူတွေ ရှိကြပါတယ်။

ဒီအကြောင်းကို ဆွေးနွေးပွဲတစ်ခုမှာ ပြောပြတော့ လူငယ်တစ်ယောက်က ခုလို မေးပါတယ်။
- "ဆရာပြောပြတာက နည်းပညာစာအုပ်တွေ၊စီးပွားရေးပညာ၊ အောင်မြင်ရေးနည်း (တက်ကျမ်း) စာအုပ်တွေဆိုရင်တော့ အဲဒီစာအုပ်မှာ ပါတဲ့ နည်းတွေ အသိတွေကို လက်တွေ့ အသုံးချဖို့ဆိုတာ ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ ကျွန်တော် ဖတ်တဲ့ စာအုပ်တွေက ဝတ္ထုတို ဝတ္ထုရှည် ရသစာအုပ်တွေပါ။ အဲဒီစာအုပ်တွေမှာ ဘာလုပ်ရမယ်ဆိုတဲ့ နည်းတွေ မရေးပြထားပါဘူး။ အဲဒီတော့ ရသစာအုပ်တွေ မဖတ်သင့်ဘူးလို့ ဆရာ ဆိုလိုတာလား"

ကျွန်တော် ခုလို ပြန်ဖြေလိုက်ပါတယ်။
- "မဆိုလိုပါဘူး။ ရသစာအုပ်တွေမှာ သင်ကြီးပွားအောင်မြင်ချင်ရင် ဘာတွေလုပ်ပါလို့ တိုက်ရိုက်မရေးပြကြပါဘူး။ ဒါပေမဲ့ အဲဒီစာအုပ်တွေဖတ်ရင် ချစ်ခြင်း မုန်းခြင်း၊ စေတနာ အကြင်နာစတဲ့ ခံစားချက်တွေကို ရစေတယ်။ ဥပမာကွာ၊ ငါ ငယ်ငယ်တုန်းက ဝတ္ထုစာအုပ်တွေ ဖတ်တယ်။ အဲဒီထဲက ဆင်းရဲသားကောင်လေးဟာ သူ့ရည်းစားက သူ့ကို ဆင်းရဲလို့ သူချစ်ရေးဆိုတာကို လက်မခံလို့ ကောင်လေးဟာ မခံချင်စိတ်နဲ့ ကြိုးစားရင်း အရမ်းကို ကြီးပွားအောင်မြင်သွားတယ်။ ငါလည်း သူ့ကို အားကျပြီး ရိုးရိုးသားသားနဲ့ ကြိုးစားလာတယ်။ ဒါလည်း ရသစာအုပ် ဖတ်ခြင်းရဲ့ အကျိုးပါပဲ"
- ဒါကြောင့်လည်း လူငယ်တွေက ဘယ်လို့ စာအုပ်ဖတ်ရမလဲလို့ မေးလာရင် ငါ့အဖြေက ဘယ်စာအုပ်ဖြစ်ဖြစ် ဖတ်ပါ။ ဒါပေမဲ့ ဖတ်တဲ့ စာအုပ်ထဲက ငါအသုံးချနိုင်မယ့် နည်းတွေ၊ ပညာတွေ၊ အသိ၊ ရသခံစားချက်တွေကို တွေ့အောင် ရှာဖတ်မယ်။ တွေ့တာကို လက်တွေ့အသုံးချမယ်ဆိုရင် အကောင်းဆုံးပါပဲ"

ဗန်းမော်သိန်းဖေ
၃၀-၀၅-၂၀၁၈

Address

Mandalay
100104

Opening Hours

Monday 08:30 - 18:00
Tuesday 08:30 - 18:00
Wednesday 08:30 - 18:00
Thursday 08:30 - 18:00
Friday 08:30 - 18:00
Saturday 08:30 - 18:00
Sunday 08:30 - 18:00

Telephone

+959778885800

Website

Alerts

Be the first to know and let us send you an email when Treasure Light posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Treasure Light:

Share