29/10/2024
သိမ်ဖျင်းတဲ့ စကား ၊ မမှန်တဲ့ စကား ၊ ကြမ်းတမ်း
တဲ့ စကား ပြောတဲ့နေ့ဟာ ...
နက္ခတ်မကောင်းတဲ့နေ့ မင်္ဂလာမရှိတဲ့နေ့ပါပဲ ... ။
ပရိနိဗ္ဗာန် ပြုခါနီးမှာ နတ်ဗြဟ္မာတွေဟာ ...
နတ်ပန်းနံ့သာ တူရိယာ တေးသံတွေ နဲ့
မြတ်စွာဘုရားကို အကြီးအကျယ် ပူဇော်ကြတယ် ။
ဒါပေမဲ့ မြတ်စွာဘုရားက ငါဘုရားကို
အမြင့်မြတ် ဆုံးသော ပူဇော်မှု နဲ့ ပူဇော်ခြင်း
မမည်ပါဘူးတဲ့ ... ။
လောကုတ္တရာ တရားကိုးပါး အားလျော်တဲ့ ...
ပဋိပတ် နဲ့ ပူဇော်မှ ငါဘုရားကို ပူဇော်တယ် ၊
အရိုအသေပြုတယ်၊ မြတ်နိူးတယ်လို့ မည်ပါတယ် ။
နောင် အာမိသတွေ နဲ့ ပူဇော်ပွဲကြီးတွေ လုပ်လိမ့်မယ် ... ။
ကျင့်တဲ့သူ ရှိမှာ မဟုတ်ဘူး ... ။
သတိပဋ္ဌာန် ပွားများတဲ့ ယောဂီဟာ
သတိ လက်လွတ် ဖြစ်မနေရပါဘူး ... ။
မွန်မြတ်တဲ့ သူတော်ကောင်းတွေဆိုတာ ...
လောဘ ဒေါသ မောဟ မာန ဣသာ မစ္ဆရိယ
အစရှိတဲ့ ညစ်နွမ်းတဲ့ စိတ်ကလေးတစ်ခု ဖြစ်မှာတောင် ရှက်ကြပါတယ် ... ။
ပုဗ္ဗေ စ ကတပုညတာ
ရှေးကပြုဖူးတဲ့ကောင်းမှုရဲ့ အကျိုးဆက် အနေနဲ့
လေးပါဒ တစ်ဂါထာ ကြားရုံဖြင့်
မဂ်ဖိုလ်တရားတွေကို သိမြင်နိူင်ကြပါတယ် ... ။
သေပြီး အမျှဝေရင် မရဖို့က 99% လောက်
သေချာတယ် ...။ ဒါကြောင့် အမျှရဖို့ စိတ်မကူးနဲ့ ။
ဒီဘဝနဲ့ သံသရာကို အဆုံးမသတ်နိူင်သေးရင်
မိမိမှာ အဆင့်မြင့်တဲ့ ကံတွေကို ထူထောင် ထားဖို့ လိုပါတယ် ... ။
ဒီ ခြေလက်တွေဟာ ,
ကောင်းမှုကုသိုလ် ကံတွေ လုပ်ဖို့ ၊
ဒီ ပါးစပ်က ,
ကောင်းမှု ကုသိုလ်တွေ နဲ့ စပ်တာတွေ ပြောဖို့ ၊
ဒီ စိတ်က ,
ကောင်းမှု ကုသိုလ်ကံတွေဖြစ်အောင် ပြုစု ပျိုးထောင်ဖို့ ဒီလိုပဲဖြစ်သင့်တယ် ... ။ ဖြစ်ရမယ် ။
မုသားစကား ပြောတဲ့ ရဟန်း ...
ရဟန်း တရားမရှိတဲ့ အတွက် ...
သူများလှူတဲ့ ဆွမ်းစား နေတာကို မီးခဲမြိုတယ် လို့ ရှေး ဆရာတော်ကြီးများက ... ဆုံးမ ကြတယ် ... ။
ရဟန်းလို့ အမည်ခံရင် ရဟန်းတရား ရှိရမယ် ... ။
မရှိရင် ရာဇဂြိုဟ်ပြည် ကောင်းကင် ထက်က
ပြိတ္တာတွေလို ဖြစ်မယ် ... ။
သူတော်ကောင်းမှန်ရင် မိမိစိတ်ဆင်းရဲမဲ့ ...
သူတစ်ပါးစိတ်ဆင်းရဲမဲ့ ...
မိမိ . သူတစ်ပါးစိတ်ဆင်းရဲမဲ့ စကားမျိုးမပြောသင့်ပါဘူး ... ။
ကံတွေဆိုတာ အရိယာမဂ် နဲ့ မှ ပယ်ဖျက် လို့ ရတာပါ ... ။
နိဗ္ဗာန် မရမချင်း အထိ လိုက်အကျိုး ပေးကြလိမ့်မယ် ... ။
ဒါကြောင့် ကံတွေကို စင်စင်ကြယ်ကြယ်
ထူထောင်ထားဖို့ လိုပါတယ် ... ။
သီလ ဖြူဖြူစင်စင် နဲ့ ကျင့်ဆောင်နေတဲ့ ...
သူတော်ကောင်းတွေကို ရည်စူးပြီး ...
ဆွမ်း သင်္ကန်း ကျောင်း ဆေးတို့ကို ထောက်ပံ့ လှူဒါန်းနေကြတာပါ ... ။
ဒီသူတော်ကောင်းတွေကို လှူရင် ...
အဆင့်မြင့်တဲ့ ဘဝတစ်ခုကိုရမှာ ပဲလို့ ရည်မှန်းပြီး လှူ ကြတာပါ ... ။
သီလတွေ ပျက်နေတဲ့ သူတွေ ဆို လှူကြပါ့မလား။
ရတနာသုံးပါးရဲ့ ဘုန်းရိပ်မှာ ခိုလှုံနေပြီး ...
ရတနာသုံးပါးရဲ့ မကောင်းကို မပြောမိအောင် နေရမယ် ... ။
ပြောမိရင် ပြောသူရဲ့ အကျိုး စီးပွား ဆုတ်ယုတ်မယ် ... ။
လူဟာ လူနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ် ပဋိပတ်
ရဟန်းဟာ ရဟန်းနဲ့ ထိုက်တန်တဲ့ ကျင့်ဝတ် ပဋိပတ် ကျင့်ကြရမယ် ... ။
ဒါမှ တည်ကြည်တဲ့ စိတ်ဓာတ်တွေ ရရှိ ကြမယ် ။
ဒါမှ လောကမှာ ရဲရင့် တည်ကြည်စွာ လှည့်လည် သွားလာ နိူင်ကြလိမ့်မယ် ... ။
#ကျေးဇူးတော်ရှင်
#ဖားအောက်တောရ_ဆရာတော်ဘုရားကြီး
🙏🙏🙏
Credit... 🙏🙏🙏