05/09/2026
“သဒ္ဓါတရားဖြင့် ဉာဏ်တော်ရှင်အား ပူဇော်ခြင်း”
TBT ( Thursday Business Talk) မှ ဦးဆောင်း ကျင်းပ လှူဒါန်းမည့်
ပါမောက္ခချုပ်ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသ၏ ကံထပ်မင်္ဂလာ မဟာကုသိုလ်တော်ကြီးတွင် ပါဝင်လှူဒါန်းနိုင်ရန် နှိုးဆော်လွှာ
“ပူဇာ စ ပူဇနေယျာနံ၊ ဧတံ မင်္ဂလမုတ္တမံ။”
(ပူဇော်ထိုက်သော ပုဂ္ဂိုလ်မြတ်တို့အား ပူဇော်ရခြင်းသည် မင်္ဂလာအပေါင်းတို့တွင် အမြတ်ဆုံး မင်္ဂလာတည်း။)
သာသနာ့အာဇာနည်၊ ဓမ္မဒူတ အပြည်ပြည်ဆိုင်ရာ ဗုဒ္ဓတက္ကသိုလ်များ၏ ပါမောက္ခချုပ် ဆရာတော်ဘုရားကြီး ဒေါက်တာအရှင်နန္ဒမာလာဘိဝံသသည် ဗုဒ္ဓမြတ်စွာ သာသနာတော်အကျိုးနှင့် လူသားအားလုံး ဓမ္မအသိဉာဏ်ပွင့်လင်းစေရန် မမောနိုင်မပန်းနိုင် တရားဓမ္မများ ဖြန့်ဝေပေးလျက်ရှိသော ကျေးဇူးတော်ရှင် ဖြစ်တော်မူပါသည်။
ဆရာတော်ဘုရားကြီး သာသနာပြုလုပ်ငန်းများ ဆက်လက်ဆောင်ရွက်တော်မူနိုင်ရန်၊ သက်တော်ရာကျော် ရှည်ရှည်တည်တံ့ပြီး သာသနာတော်ကို ပိုမိုစောင့်ရှောက်
နိုင်စေရန် ရည်မှန်း၍ ကျင်းပပြုလုပ်မည့် “ကံထပ်မင်္ဂလာ မဟာကုသိုလ်တော်ကြီး” ကို Thursday Business Talk (TBT) မိသားစုမှ ဦးဆောင်ကျင်းပ ပူဇော်သွားမည် ဖြစ်ပါသည်။
ဤမွန်မြတ်လှသော ကံထပ်မင်္ဂလာ အလှူတော်ကြီး ပြီးပြည့်စုံစွာ အောင်မြင်စေရန်အတွက် စုစုပေါင်း အလှူငွေ သိန်း (၁,၅၀၀) မတည် လျာထားကာ စေတနာရှင် ညီအစ်ကိုမောင်နှမများ အားလုံး စုပေါင်းကုသိုလ်ယူနိုင်ရန် ဖိတ်ခေါ်အပ်ပါသည်။
“သုခေါ ပုညဿ ဥစ္စယော” — ကောင်းမှုကုသိုလ်တို့ကို စုဆောင်းခြင်းသည် ချမ်းသာခြင်းကို ဆောင်ကြဉ်းပေးတတ်ပါ၏။
စီးပွားရေးနယ်ပယ်အသီးသီးမှ မိတ်ဆွေများနှင့်တကွ စေတနာရှင် ဓမ္မမိတ်ဆွေများအနေဖြင့် သဒ္ဓါကြည်လင်စွာဖြင့် တတ်စွမ်းသမျှ ပါဝင်ကုသိုလ်ယူ လှူဒါန်းနိုင်ပါသည်။
လှူဒါန်းနိုင်သည့် နည်းလမ်းများ
KBZPay
09894997914
[Wai Moe Lwin]
(မှတ်ချက် - အလှူငွေလွှဲပြီးပါက Transaction Screenshot နှင့်တကွ အမည်၊ ဆုတောင်းစာတို့ကို TBT group or Chat boxသို့ ပေးပို့ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။)
ဆက်သွယ်မေးမြန်းရန်
ဖုန်း - [09783887197, 09791111979, 09793452891]
TBT Official Page Chat Box များသို့ ဆက်သွယ် စုံစမ်းနိုင်ပါတယ် ခင်ဗျာ
ဆရာတော်ဘုရားကြီး သက်တော်ရာကျော် ရှည်ပါစေကြောင်းနှင့် စေတနာရှင် အလှူရှင်များအားလုံး စီးပွားလာဘ်လာဘများ ဒီရေအလား တိုးတက်ကြွယ်ဝကာ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာဖြင့် ကောင်းကျိုးလိုရာဆန္ဒများ ပြည့်စုံကြပါစေသတည်း။
Thursday Business Talk (TBT) အလှူတော်ကျင်းပရေး ကော်မတီ