PsOne Online Shop

PsOne Online Shop Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from PsOne Online Shop, Wholesale & Supply Store, Meiktila, Mandalay.

မင်မင် မအားတာနဲ့ အိတ်လေးတွေ post တင်ရောင်းဖို့ကြာသွားတယ် ချစ်တို့ရေ...နှစ်သစ်မှစ အတိတ်နိမိတ်နဲ့ ရွှေရောင်အိတ်လေးတွေကိုင်...
25/12/2022

မင်မင် မအားတာနဲ့ အိတ်လေးတွေ post တင်ရောင်းဖို့ကြာသွားတယ် ချစ်တို့ရေ...
နှစ်သစ်မှစ အတိတ်နိမိတ်နဲ့ ရွှေရောင်အိတ်လေးတွေကိုင်ချင်တယ်ဆို messengerကို အမြန် လာလိုက်တော့နော်
လက်ဆောင်ပေးချင်လို့ဘဲ ဖြစ်ဖြစ် ကိုယ်တိုင်ဝယ်ပြီး ကိုင်မယ်ဆို အရမ်းတန်သောဘဲနော်...ဒီဇိုင်း ၁၀မျိုးထိရှိတယ်...ဆိုဒ်ကော ဒီဇိုင်းရော သေချာသိအောင် အပြင်ပုံပါ ရိုက်ပြထားပါတယ် မင်မင်တော့ကြိုက်လို့၃လုံးယူထားလိုက်ပြီနော်...မှာယူမယ်ဆို၅ရက်အတွင်း ပို့ပေးပါမယ်

တစ်အိတ်-၄၅၀၀
လက်ကားယူ cb လာနော်(၁၀လုံးက စယူလို့ရပါတယ်)
online shop

👛👜ဖုန်းရွေပညာအရ ဘယ်လို အရောင်ရွေးချယ်သုံးကြမလဲ.... ??🤗

👜ရွှေရောင်က ရွှေ ငွေ ဥစ္စာ မြဲစေပါတယ်
👜အပြာရောင်က ဝင်တာလွယ်ပြီး ထွက်တာလည်းလွယ်ပါတယ်
👜အနီရောင် က များများဝင်တယ် မြန်မြန်ထွက်တယ်
👜အဖြူရောင်က လာဘ် တိတ်တယ်
👜ပန်းရောင်က ပီယကောင်းတယ်
👜အညို ရောင် အစိမ်းရောင် ကော်ဖီရောင် ခရမ်းရောင် 👜အနက်ရောင်တွေက လာဘ်ရွှင်ပြီး ငွေ မြဲတယ်

#ပိုက်ဆံအိတ်ကို မကြာခဏ လဲပေးပါ သိမ်းလည်းမထားပါနဲ့
#ဟောင်းစုတ်ရင်မသုံးပါနဲ့
#ဖုန်းရွှေ ပညာ အဆို ပါ

((credit org))

Instock ရှိပါတယ်    #ကျောက်ဆောင်တောပျားရည်စစ်စစ်
01/12/2022

Instock ရှိပါတယ်



#ကျောက်ဆောင်တောပျားရည်စစ်စစ်

  ကပါ Instockရှိပါတယ်ရှင့်နယ်မြို့များ ကားဂိတ် ကပို့ပေးပါတယ် မှာယူလိုသူများ messenger မှာ စာပို့ထားပါနော် ၁ပုလင်း-၁၃၀၀၀ ...
30/11/2022

ကပါ Instockရှိပါတယ်ရှင့်
နယ်မြို့များ ကားဂိတ် ကပို့ပေးပါတယ် မှာယူလိုသူများ messenger မှာ စာပို့ထားပါနော်
၁ပုလင်း-၁၃၀၀၀ ပါ
Sleepy Town
#တောပျားရည်စစ်စစ်

[မိန်းကလေးတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို ပြင်ဆင်ထားနိုင်မယ့် နည်းလမ်းများ ❤]ဖတ်ရန်ကြာချိန်- ၁မိနစ်ရေးသားသူ- ကျန်းကျန်းမ...
28/07/2022

[မိန်းကလေးတိုင်း ကိုယ့်ကိုကိုယ် ကာကွယ်ဖို ပြင်ဆင်ထားနိုင်မယ့် နည်းလမ်းများ ❤]
ဖတ်ရန်ကြာချိန်- ၁မိနစ်
ရေးသားသူ- ကျန်းကျန်းမာမာ by Alinker page
မင်္ဂလာပါ sis တို့ရေ… 🙋‍♀️

အခုခေတ်မှာ ကိုယ်တို့ မိန်းကလေးတွေဟာ အရင်ကထက်ပိုပြီး ကိုယ့်အားကိုယ်ကိုးလာတာ တွေ့ရပါတယ်။ ဒါဟာ အရမ်းကျေနပ်စရာကောင်းတဲ့ အချက်ပါ။ အရင်ကလို မိန်းကလေးဆိုတာ အိမ်မှုကိစ္စပဲ နိုင်နင်းရမယ်၊ တခြားတတ်စရာမလိုဘူးဆိုတဲ့ အတွေးအခေါ် အလွဲတွေကို အနိုင်ယူပြီး အိမ်မှုကိစ္စလည်း အသင့်အတင့်နိုင်နင်း၊ အလုပ်အကိုင် အသက်မွေးဝမ်းကျောင်း ကိုယ်စီလည်း လုပ်ကိုင်နေကြသူလေးတွေကို တွေ့ရတာ ဝမ်းသာစရာပါပဲ။ ဒီအခါမှာ ကြိုတင်ပြင်ဆင်ထားရမယ့် အချက်လေးတွေလည်း ရှိလာပါပြီ။

အိမ်ပြင်ထွက် အလုပ်တွေ လုပ်နေရသူတို့မှာ အိမ်ပြန်ချိန် ဟာ နောက်ကျ နေတတ်ပါတယ်။ အိမ်ပြန်ချိန် ညမှောင်တဲ့အတွက် အိမ်ကလူကြီးတွေ လာကြိုကြရတာကလည်း သူတို့ပင်ပန်းမှာ၊ အလုပ်ပိုမှာ စိုးတာပေါ့နော်။

ဒါကြောင့်အကောင်းဆုံးကတော့ ကိုယ့်ကိုကိုယ် ကာကွယ်နိုင်တဲ့ နည်းလမ်းလေးတွေ သိထားပြီး ကာကွယ်နိုင်ဖို့ပါ။

ဘယ်လိုနည်းလမ်းလေးတွေပါလိမ့် ❓

💠 ၁။ ကိုယ့်စိတ်ကိုယ် ပြင်ဆင်ထားပါ

ကိုယ့်ကိုကိုယ် ယုံကြည်မှု ရှိတဲ့ ကိုယ်တို့တွေ လုပ်တတ်တဲ့အမှားကတော့ “ညဉ့်နက်လည်း ဘာဖြစ်လဲ၊ တစ်ယောက်ထဲလည်း ဘာဖြစ်လဲ..မကြောက်တတ်ဘူး”ဆိုတာပါပဲ။ ဘာဖြစ်လဲဆိုတဲ့ အစား ဘာတွေဖြစ်လာနိုင်လဲ၊ ဘာတွေပြင်ဆင်ထားရမလဲ လို့ ပြောင်းတွေးရပါမယ်။ မကြောက်တတ်တာ အရမ်းကောင်းပါတယ်။ တစ်ချိန်တည်းမှာပဲ ကြောက်စရာအဖြစ်အပျက်တွေဟာ ဒီလောကကြီးမှာ ဖြစ်ပျက်နေလေ့ရှိတာကိုလည်း လက်ခံရပါမယ်။

ဒီတော့ အခုကစပြီး လုယက်ခံရတာ၊ အကြမ်းဖက်ခံရတာတွေဟာ ကိုယ်အပါအဝင် အမျိုးသမီးတိုင်း ကြုံတွေ့နိုင်တယ်ဆိုတာ လက်ခံရပါမယ်။ ပြီးရင် ကိုယ်တိုင် ဒီလိုကြုံတွေ့ချိန် ဘယ်လို လွတ်မြောက်အောင် ကြိုးစားမလဲဆိုတာလည်း ကြိုတွေးကြံဆ ထားရပါမယ်။

💠 ၂။ အကွက်ကျကျ ပြင်ဆင်ထားပါ

ကိုယ်ခံပညာတတ်မှ မဟုတ်ပါဘူး။ ကိုယ့်ကိုကိုယ် ကာကွယ်တဲ့နည်းလမ်းတွေပါတဲ့ videoတွေ ကြည့်တာ၊ ကိုယ့်ကိုကိုယ် ကာကွယ်နည်း သင်တန်းရက်တိုတွေ သွားတာ စတာတွေကလည်း အထောက်အကူ ပြုပါတယ်။ အရေးကြီးတာက လူတစ်ယောက် ကိုယ့်ကိုမကောင်းတဲ့ အကြံနဲ့ ချဉ်းကပ်လာရင် ဘယ်လိုတုန့်ပြန်မလဲဆိုတာ စိတ်ကူးနဲ့ကြိုတွေးပြီး လေ့ကျင့်ထားပါ။ ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို လေ့ကျင့်ပေးနေတဲ့ သဘောပါပဲ။တပ်လှန့်ထား တယ်ဆိုရမှာပေါ့။

💠 ၃။ မသိစိတ်က အချက်ပြတာကို ယုံပါ

ကိုယ်တို့မှာ ဆဌမအာရုံလို့ ပြောလို့ရမယ့် မသိစိတ်က အချက်ပြတာတွေ ရှိပါတယ်။ ကိုယ့်ရဲ့စိတ်က ကိုယ့်ကို တိုးတိုးလေး သတိပေးနေတာမျိုးပေါ့။ ဒါကိုသိစိတ်က အားနာမှု၊ ကိုယ့်ကိုကိုယ် အယုံကြည်လွန်ကဲမှုတွေနဲ့ ဖုံးပစ်လိုက်လေ့ ရှိပါတယ်။ အခြေအနေတစ်ခုခုဟာ ပုံမှန် မဟုတ်တော့ဘူးလို့ ခံစားရပြီး ဘာကြောင့်ရယ်လို့ သေချာမသိရင်တောင် ပုံမှန်ထက်တော့ သတိကပ်ရပါတော့မယ်။ ဥပမာ တက္ကစီကားသမားက ပြတင်းမှန်တွေကို ဘာမပြောညာမပြောနဲ့ တင်လိုက်တာမျိုး။ ဒီလိုအချိန်တွေမှာ အားနာတာ၊ အယုံကြည်လွန်တာတွေဖယ်ပြီး ကိုယ့်လုံခြုံမှု ကိုယ်ရှေ့တန်းတင်ရပါမယ်။

💠 ၄။ ပတ်ဝန်းကျင်ကိုသတိပြုပါ

နားနှစ်ဖက်မှာ နားကြပ်တပ်ပြီး သီချင်းကို မိုင်ကုန်ဖွင့် နားထောင်တယ်ဆိုတာ ညဖက်လူပြတ်ချိန်၊ လူရှင်းတဲ့နေရာမှာဆိုရင်တော့ အရမ်းမိုက်မဲတဲ့အလုပ်ပါ။ ကိုယ့်နောက်ကို တစ်ယောက်ယောက် လိုက်နေတာမျိုးဆို သတိမပြုမိဘဲ နေပါလိမ့်မယ်။သတိပြုခဲ့မိပြီဆိုရင် ဘာလုပ်မလဲ? သူနဲ့မတူတဲ့ဘက်ခြမ်းကို လမ်းကူးသွားလိုက်ပါ။ ဒါမမဟုတ် စတိုးတစ်ခုခုထဲ ဝင်သွားလိုက်ပါ။ ကိုယ်တို့ ပတ်ဝန်းကျင်မှာ ကူညီနိုင်မယ့် တခြားလူတွေရှိနေရပါမယ်။ ဒါကို မကောင်းကြံလိုသူက သိသွားရင် သူရှောင်ဖယ်သွားပါလိမ့်မယ်။ ဒီလိုလုပ်ဖို့ အခွင့်မသာရင် သူနဲ့မျက်နှာချင်းဆိုင်ဖြစ်အောင် လုပ်လိုက်ပါ။ ဥပမာ ဘယ်အချိန်ရှိပြီလဲ မေးတာမျိုးပေါ့။ ဒီလိုလုပ်တာဟာ ကိုယ်သူ့ကို မကြောက်ဖူးဆိုတာ ပြသနိုင်ပြီး သူ့ကို နောက်ဆုတ်စေပါလိမ့်မယ်။ မကောင်းကြံလိုသူတွေဟာ ဉာဏ်များလို့ သူတို့ဒုက္ခရောက်မယ့် အနေအထားမျိုးကို ရှောင်ထွက်သွားပါလိမ့်မယ်။

💠 ၅။ အားနည်းပြီး အနိုင်ယူရလွယ်တဲ့ပုံ မပေါက်ပါစေနဲ့

မကောင်းကြံလိုသူတွေဟာ လူရွေးပြီးမှ မကောင်းကြံ ကြလေ့ရှိပါတယ်။ ဘာကို ရွေးတာလဲဆိုတော့ သူတို့အနိုင်ယူရလွယ်မယ့် ပုံစံလားဆိုတာ အကဲခတ်တာပါ။ ဆံပင်စည်းပြီး ကျောမှာချထားသူဆို ဆံပင်ကိုစောင့်ဆွဲခေါ်ရလွယ်မယ်။ ကြောက်တတ်တဲ့ပုံဆို ခြိမ်းခြောက်ရလွယ်မယ် စသည်ဖြင့်ပါ။ အဓမ္မပြုကျင့်တဲ့သူတွေကတော့ မိန်းကလေးရဲ့ အဝတ်အစားချွတ်ရတာ လွယ်၊ မလွယ်(စကပ်၊ ဂါဝန်စသည်) အကဲခတ်လေ့ ရှိကြပါတယ်တဲ့။

ကိုယ့်ကိုကိုယ် ယုံကြည်မှုအပြည့်နဲ့ လမ်းလျောက်ပြီး ဟိုငေးဒီငေး မလုပ်ဖို့လိုပါတယ်။ ဒီလိုမကောင်းကြံရ မလွယ်လောက်သူကို သူတို့က ပစ်မှတ်ထားလေ့မရှိပါဘူး။

💠 ၆။ ကားကိုယ်တိုင်မောင်းတဲ့ sisတို့ ဘာတွေ သတိထားရမလဲ

မကောင်းကြံလိုသူတွေဟာ ကားပါကင်တွေမှာ ရှိနေတတ်ပြီး အချိန်ကြာကြာ ပါကင်ထိုးထားတဲ့ ကားတွေကို ပစ်မှတ် ထားလေ့ရှိပါတယ်။ ကိုယ့်ကားရှိရာ လာတော့မယ်ဆို ကားသော့ကို ကြိုထုတ်ပြီး ကိုင်ထားပါ။ သော့ကို လက်နက်တစ်ခုလို ဖြစ်အောင် လက်ချောင်းကြားမှာ ညပ်ပြီး ကိုင်ထားလို့လည်း ရပါတယ်။ ကားသော့ကို ကားနားရောက်မှ ဖွင့်ပါ။ ကားပတ်ဝန်းကျင် အခြေအနေကို အကဲခတ်ပါ။ ကားပါကင်နေရာက မှောင်တာ၊ လူပြတ်တာမျိုးဆိုရင် တစ်ယောက်ယောက်ကို ကားနားထိ လိုက်ပို့ခိုင်းပါ။

💠 ၇။ အန္တရာယ်ရှိတဲ့ အပြုအမူတွေ ရှိနေလား အကဲခတ်ပါ

လူ အယောက်တစ်ရာမှာ ကိုးဆယ့်ကိုးယောက်လောက်က ကိုယ်တွေကို အန္တရာယ်ပြုဖို့ စိတ်ကူးရှိမှာမဟုတ်ပါဘူးတဲ့။ ဒါပေမယ့် မကောင်းကြံမယ့် လူ တစ်ယောက်ကို ကျန်တဲ့ ကိုးဆယ့်ကိုးယောက်နဲ့ ဘယ်လို ခွဲခြားနိုင်မလဲ။

- အတင်း ဝင်ရောတာ
- ခုမှတွေ့ပြီး သဘောကောင်းလွန်းနေတာ
- မလိုအပ်ဘဲ အသေးစိတ်စကားတွေ ပြောနေတာ
- အကူအညီမလိုအပ်ဘူး ပြောတာ လက်မခံဘဲ အတင်းကူညီချင်နေတာ

ဒါတွေက ကိုယ့်အနီးအနားကို သူ့ကို လာရောက်ခွင့်ပေးအောင် လုပ်နေတာဖြစ်ပြီး သူမကောင်းကြံနိုင်မယ့် အခြေအနေမျိုဒ ရောက်ရင်သူ့အကြံကို ချက်ချင်း အကောင်အထည်ဖော်မှာပါ။

ဒါကြောင့် ကိုယ့်မသိစိတ်ကိုယုံပါ။ မူမမှန်ဘူးခံစားရရင် ငြင်းဆန်ဖို့ အားမနာပါနဲ့။

💠 ၈။ ကိုယ့်ရဲ့ အားသာချက်နဲ့ သူ့ရဲ့အားနည်းချက်ကို သိအောင်လုပ်ပါ

တံတောင်ဆစ်တွေက ကိုယ်တို့ခန္ဓာကိုယ်မှာ အားအပြင်းဆုံးပါတဲ့…ဉာဏ်ရှိသလိုသာ သုံးပါလေ။ တစ်ဖက်လူကို အထိနာစေမယ့်နေရာတွေကတော့ မျက်လုံး၊ လည်ပင်း၊ ပေါင်ခြံနဲ့ ဒူးပါ။ အသားနုရှိတဲ့နေရာ ချိုင်း၊ လက်မောင်းတွင်းဘက် စတာတွေကိုလိမ်ဆွဲပါ။ အမျိုးသားမှာဆိုရင် သူတို့ရဲ့ အဓိကနေရာကို ပစ်မှတ်ထား တိုက်ခိုက်လို့လည်းရပါတယ်။ လက်ဦးမှုရယူဖို့ လက်မတွန့်ပါနဲ့ sis တို့။

💠 ၉။ ခုခံပိုင်ခွင့်ကို အသုံးချပါ

ဘယ်လို အခြေအနေဖြစ်ပါစေ ကိုယ့်ဖက်က အားတင်းပြီး တိုက်ခိုက်ခုခံနေပါ။ သူ့မှာ ခြိမ်းခြောက်ဖို့ လက်နက်ပါတယ်ဆိုရင် သတိထားပြီး အခွင့်အရေးကို စောင့်ပါ။ကိုယ့်ကို ကိုယ်ထိလက်ရောက် မထိပါးသေးတဲ့တိုင် ကိုယ့်ကိုရန်မူမယ့် အခြေအနေလို့ ခံစားရရင် ကိုယ့်မှာစပြီး လက်ဦးမှု ရယူခွင့်ရှိပါတယ်။

💠 ၁၀။ မကောင်းကြံသူ ခေါ်ဆောင်ရာနေရာကို လိုက်မသွားရဖို့ အားကုန်ခုခံပါ။

သူတို့ရဲ့ မကောင်းကြံမှုကို လူသူရှင်းတဲ့နေရာမှာ လုပ်ဆောင်ဖို့ တေးထားလေ့ရှိလို့ ကိုယ့်ကို လက်နက်နဲ့ခြိမ်းခြောက်ပြီး သူတို့ခေါ်ဆောင်ရာ လိုက်ဖို့ခေါ်လေ့ရှိပါတယ်။ ဒီအခြေအနေမှာ ကိုယ်က လွတ်အောင် ကြိုးစားနိုင်ပါသေးတယ်။ တကယ်လို့ သူတို့ခေါ်လိုရာထိ ပါသွားရင်တော့ အသက်ဆုံးရှုံးတဲ့ထိ ဖြစ်သွားနိုင်တာကြောင့် ခြိမ်းခြောက် ခေါ်ဆောင်တဲ့အဆင့်မှာ ရအောင်ခုခံပြီး လွတ်မြောက်အောင် လုပ်ရမှာပါ။ ထွက်ပြေးလို့ ဓားနဲ့ထိုးတာမျိုး လုပ်မယ်လို့ ခြိမ်းခြောက်ရင်တောင် ရအောင်ပြေးလို့ ထိုးခံလိုက်ရရင်ရမယ့် ဒဏ်ရာက သေလောက်တဲ့ထိဖြစ်ဖို့ဆိုတာ ရာခိုင်နှုန်း နည်းပါတယ်။

💠 ၁၁။ ခရီးသွားရာမှာလည်း သတိထားပါ

တစ်ယောက်တည်း ခရီးသွားတယ်ဆိုရင်တောင် တစ်ယောက်တည်းဆိုတာ လူမသိလေ ကောင်းလေပါ။ လုံခြုံစိတ်ချရတဲ့နေရာမှာ တည်းခိုပါ။ အခန်းတံခါးကို နှစ်ဆင့်ပိတ်ပါ။ Room Service လို့ ပြောရင် တံခါးမဖွင့်ပေးခင် တကယ် ဟုတ်၊ မဟုတ် Reception ကို အရင်ဖုန်းဆက်မေးပြီးမှ ဖွင့်ပေးပါ။ ကိုယ့်ခင်ပွန်း၊ သူငယ်ချင်းနဲ့ အတူခရီးသွား သယောင်ပြုမူပါ။ Peeper spray လိုမျိုး ကိုယ့်ကိုကိုယ် ကာကွယ်ဖို့သုံးတဲ့ ပစ္စည်းလေးတွေ ဆောင်ထားပါ။

💠 ၁၂။ အိမ်မှာလည်း သတိနဲ့နေပါ။

တံခါးတွေ အကုန်လုံအောင် ပိတ်ပြီးမှ အိပ်ပါ။ နောက်ဖေးတံခါးကို ပိုသတိထားပါ။ အရေးပေါ်အကူအညီ တောင်းလို့ရမယ့် ဖုန်းနံပါတ်တွေ သိနေပါစေ။

💠 ၁၃။ ချစ်သူရည်းစားက မကောင်းကြံလိုတဲ့ အပြုအမူမျိုး လုပ်လာရင်လည်း ခုခံကာကွယ်နိုင်ရပါမယ်

အကြမ်းဖက်ခံရတဲ့ အမျိုးသမီး တစ်ရာမှာ လေးဆယ်လောက်က သူတို့နဲ့ သိတဲ့သူတွေ အကြမ်းဖက်တာ ခံခဲ့ရတာပါ။ ကိုယ့်ကို မကောင်းကြံချင်ပြီး ကိုယ်အလိုမတူတဲ့ အပြုအမူမျိုး ပြုလုပ်လာရင် မနှစ်သက်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောပါ။ ဒါကိုမှ ရှေ့ဆက်တိုးရင် ကိုယ့်မှာရှိတဲ့ ခုခံပိုင်ခွင့်အတိုင်း ခုခံကာကွယ်ပါ။ ကိုယ့်ကိုလာတိုက်တဲ့ ဖျော်ရည်တွေ သောက်စရာတွေမှာလည်း ဆေးခတ်လိုက်နိုင်တယ်ဆိုတာ သိထားရပါမယ်။ ယုံကြည်သင့်သလောက် ယုံကြည်ရမှာပါ။ ဒါပေမယ့် ဘာမှမစဉ်းစားဘဲ မျက်စ်မှိတ်ယုံတဲ့ Blind Faith မျိုးကတော့ မရှိသင့်ပါဘူး။

*အခြေအနေတွေ အားလုံးကို မထိန်းချုပ်နိုင်ဘူးဆိုတာ လက်ခံရပါမယ်။

*ဖြစ်လာနိုင်တာတွေကို ကြိုတွေးပြီး ပြင်ဆင်သင့်တာ ပြင်ဆင်ရပါမယ်။

*အမျိုးသားတွေသာမက အမျိုးသမီးအချင်းချင်းလည်း မကောင်းကြံတာ လုယက်တာတွေ လုပ်နိုင်တာ သိထားပါ။

*အားမနာပါနဲ့။

*ချင့်ချိန်ပြီးမှ ယုံပါ။

Sis တို့အားလုံး ကိုယ့်ကိုကိုယ်ကာကွယ်ပြီး လုံခြုံနိုင်ကြပါစေနော်။

Credit post: ကျန်းကျန်းမာမာ by Alinker


#ကျန်းကျန်းမာမာ

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ 👁👁( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လို...
27/06/2022

နေ့စဉ် ပြုလုပ်ပေးသင့်တဲ့ မျက်စိ အနားပေးလေ့ကျင့်ခန်းများ 👁👁

( ၁ ) မျက်တောင် တဖျပ်ဖျပ် ခတ် တာ ကို ၂ မိနစ် လောက် လုပ်ပေး လိုက် ပါ ။ အဲ့ဒါကမျက်လုံး နား တဝိုက်မှာ သွေးလှည့်ပတ်မှု ကောင်းစေပါတယ်။

(၂) ပြတင်းပေါက်မှန်ကို ၅ စက္ကန့် လောက် စိုက် ကြည့် ပြီး အဝေးက အရာဝတ္ထုတွေ ကို ၅ စက္ကန့်လောက် ပြောင်း ကြည့် ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၃) မျက်လုံး မှိတ် ပြီး တစ်နေ့ နှစ်ကြိမ် ရေ ဆေး ပေး ပါ ။ မနက် ပိုင်း မှာ ရေ နွေးလေး နဲ့ မျက်နှာ သစ်ပြီး ရေ အေး နဲ့ ထပ် သစ်ပေးပါ ။ ညဘက်မှာတော့ ရေ အေး နဲ့ အရင် သစ်ပြီး ရေ နွေး နဲ့ ထပ်သစ်ပါ ။ အဲ့ဒါက ပင်ပန်းနွမ်းနယ်နေတဲ့ မျက် လုံးတွေကို ပြန်လည်လန်းဆန်းစေပါတယ်။

(၄) မျက်လုံးတွေကို ဘယ်က နေ ညာ ၊ ညာ က နေ ဘယ်ကို ရွှေ့ ပေးတာကို ၆ ကြိမ် လုပ်ပေးပါ။

( ၅) မျက်လုံးကို ၅ စက္ကန့် လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၆) လက်ကို ဆန့်တန်းပြီး လက်မရဲ့ လက်သည်းကို စိုက်ကြည့်ပါ။ လက်ကို မျက်နှာနဲ့ တစ်ပေလောက် အကွာအထိ ရွှေ့လာပြီး မျက်လုံးက လက်မလက်သည်းကို လိုက်ကြည့်ပေးပါ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၇) မျက်လုံးကို နာရီလက်တံ လှည့်တဲ့အတိုင်း စက်ဝိုင်းပုံ (၄) ကြိမ်လှည့်ပြီး၊ သူနဲ့ဆန့်ကျင်ဘက် ကို ၄ ကြိမ်ထပ်လှည့်ပါ။

(၈) မျက်လုံးကို (၅)စက္ကန့်လောက် တင်းတင်း မှိတ်ထားပြီး ဖျတ်ကနဲ ဖွင့်လိုက်ပြီး မျက်လုံးတွေကို ကျယ်နိုင် သ လောက် ကျယ်ကျယ် ဖွင့်လိုက်ပါ ။ အဲ့ဒါကို ၁၀ ကြိမ် လုပ်ပေးပါ။

(၉) မျက်လုံးကို ဖွဖွလေး မှိတ်ထားပြီး စိတ်ကို ဖြေလျော့ထားပါ ။ လက်နှစ်ဖက်ကို ပူနွေးလာအောင် ပွတ်တိုက်ပြီး မျက်လုံးအပေါ်ကနေ မိနစ်အနည်းငယ်လောက် အုပ်ထားပေးလိုက်ပါ။

(၁၀) မျက်လုံးကို မှိတ်ပြီး အတွင်းထောင့်နေရာလေးကို လက်ချောင်းထိပ်လေးတွေနဲ့ မိနစ်အနည်းငယ်လောက် နှိပ်နယ် ပေး လိုက်ပါ။
လိုက်လုပ်ကြည့်ရအောင်နော်။

crd

Photo Crd
19/05/2022

Photo Crd

😁😁😁
09/05/2022

😁😁😁

စိတ်ဓါတ်ကျခဲ့ရင် (၃)စင်တီမီတာကိုသတိရပါ။ဝါးပင်တစ်ပင်က (၃)စင်တီမီတာ ကြီးဖို့ (၄)နှစ်အချိန်ပေးရပါတယ်။အဲ့ဒီ (၄) နှစ် နောက်ပိ...
23/03/2022

စိတ်ဓါတ်ကျခဲ့ရင် (၃)စင်တီမီတာကိုသတိရပါ။

ဝါးပင်တစ်ပင်က (၃)စင်တီမီတာ ကြီးဖို့ (၄)နှစ်အချိန်ပေးရပါတယ်။
အဲ့ဒီ (၄) နှစ် နောက်ပိုင်းမှာတော့
ဝါးပင်တစ်ပင်ဟာ(၁) ရက်ကို(၃၀) စင်တီမီတာ အထိ ကြီးထွားနိုင်ပါတယ်။
(၆) ပတ်အတွင်း (၁၅) မီတာလောက်အမြင့်ကိုရောက်နိုင်တယ်။
ဒါဟာ ဘာလို့လဲဆိုတော့ပထမဆုံး (၄) နှစ်မှာ အဲ့ဒီဝါးပင်ကအမြစ်မှာ အခြေခိုင်အောင်အားစိုက်နေရလို့ပဲဖြစ်ပါတယ်။
ဒါကြောင့် ဒီနေ့ကိုယ်လုပ်သမျှ အကျိုးရလာဒ်မမြင်ရတဲ့ချိန်မှာကိုယ်ကြိုးစားသလောက် အရာမထင်ဘူးလို့ထင်တဲ့ချိန်မှာဝါးပင်လေးကို သတိရစေချင်ပါတယ်။
ကိုယ် (၁၀) မီတာမြင့်ချင်ရင် (၁၀) မီတာအတွက် အခြေခိုင်အောင်လုပ်ရမယ်။အဲဒီတော့ အချိန်က (၁) နှစ်ကြာချင်ကြာမယ်။
ကိုယ်က(၁၀၀) မီတာ မြင့်ချင်ရင်
(၁၀၀) မီတာ အမြင့်ကိုခံနိုင်တဲ့အခြေခံရှိရမယ်လေ။အဲဒီတော့ (၁၀) နှစ် အချိန်ပေးရင် ပေးရမယ်လို့ထင်ပါတယ်။
ဒါကြောင့် ကိုယ်ကြိုးစားသလောက် ချက်ချင်းအကျိုးမမြင်ရရင်လည်းစိတ်ဓာတ်ကျပြီးတော့ နောက်မဆုတ်ပါနဲ့လို့ပြောချင်ပါတယ်။
ကိုယ်သာအခြေခိုင်အောင် အမြစ်ပွား၊ကြိုးစားနေသ၍တစ်ရက်ကျရင် အမြင့်ကိုရောက်နိုင်ပါလိမ့်မယ်။
ဘာဖြစ်လို့လဲဆိုတော့ လူအများစုက အဲ့ဒီ (၃) စင်တီမီတာ ကနေ မကျော်နိုင်ကြပါဘူး။အဲ့ဒါကြောင့် ကျရှုံးသူက အောင်မြင်သူထက်များနေတာပေါ့ ။
ကိုယ့်ရဲ့ (၃) စင်တီမီတာကိုကျော်ဖြတ်နိုင်ရင်တော့၊သင်က အမြင့်ကိုမကြာခင်ရောက်မယ့်သူတွေပါပဲ ။
စိတ်ဓာတ်ကျရင် (၃) စင်တီမီတာ ကိုသတိရပါ။ငါ့ရဲ့ (၃) စင်တီမီတာပဲလို့ပြောပြီး အားအင်ပြန်ပြည့်နိုင်ပါစေ။

#စိတ်ဓာတ်ကျတိုင်းဖတ်ဖို့‌

♦️♦️♦️သဘာဝ ထုတ်ကုန်ပစ္စည်းတွေမို့ ရာသီဥတု နေရာဒေသပေါ် မူတည်ပြီး ဂရုတစိုက် သုံးပေးကြပါနော်  Sleepy Town  Online Shop
16/03/2022

♦️♦️♦️သဘာဝ ထုတ်ကုန်ပစ္စည်းတွေမို့ ရာသီဥတု နေရာဒေသပေါ် မူတည်ပြီး ဂရုတစိုက် သုံးပေးကြပါနော်
Sleepy Town
Online Shop

ခုလို ပူပြင်းတဲ့ ရာသီမှာ လက်ဖက်ဆီ ပုလင်းအတွက် သတိထားစရာလေး ပြောပေးပါ့မယ်ရှင့်

အစ်မတို့ရှမ်းပြည်မှာကတော့ ရာသီဥတုက အမြဲအေးမြနေတာမို့ အထွေထူး သတိပြုစရာမရှိပါဘူး

ဒါပေမယ့် မြန်မာနိုင်ငံ အလည်ပိုင်းနဲ့ အောက်ပိုင်းတွေမှာတော့ အင်မတန်ပူလောင်တဲ့ ရာသီမှာ အပူချိန်တအားများရင် လက်ဖက်ဆီပုလင်းက အတွင်းမှ လေတွေတိုးထွက်ပြီး ပွင့်ထွက် ကွဲအက်နိုင်ပါတယ်

ဘာကြောင့်လဲဆိုတာကို အတိုချုပ်အားဖြင့် အလွယ်တကူရှင်းပြရရင် လက်ဖက်ဆီပုလင်းထဲက အနှစ်တွေက အပူဓါတ်ကို ပြင်းထန်စွာရတဲ့အခါ လေတွေ ထွက်လာတာမို့ ဖြစ်ပါတယ် ပုလင်းက လုံနေတဲ့အခါ အပူချိနိမြင့်လေ လေများလေဖြစ်ပြီး နောက်ဆုံးမှာ ပုလင်းကွဲအက်ထွက်တဲ့အထိ ဖြစ်နိုင်ပါတယ်

ဒါကြောင့် လက်ဖက်ဆီကို သိမ်းဆည်းတဲ့အခါ နေရောင်တိုက်ရိုတ်မထိတဲ့နေရာ နေရောင်မကျသောနေရာတွင်ထားပါ
မီးဖို..မီးခနိး စတဲ့ အပူနဲ့ အနီးကပ်ဆုံး မီးဖိုဆောင်မှာ မထားပါနဲ့

အေးမြတဲ့ နေရာ ..ခြောက်သွေ့ပြီး နေရောင်မကျနိုင်သော နေရာတွင် သိမ်းဆည်းပါ..

ခုလို နွေရာသီမှာ ရာသီဥတုက ပူတဲ့အပြင် မီးကပါပျက်နေသေးတာမို့ လေအေးစက်..ပန်ကာ စသည်တို့လဲ ဖွင့်မရနိုင်တာမို့ အခန်းတွင်း အပူချိန်ဟာ မြင့်တတတ်နေမှာ ဖြစ်ပါတယ်

အပူပိုင်းဒေသကလူတွေအတွက် အကောင်းဆုံး ထားသိုနည်းကတော့
လက်ဖက်ဆီ ပုလင်းထဲကို အုန်းဆီ လက်တစ်လုံးလောက် ထည့်ထားပါ ( မှိုမတတ်စေရန်ဖြစ်ပါတယ်)

ပြီးရင် လက်ဖက်ဆီပုလင်းကို အဖုံး ကြပ်ကြပ်မဖုံးပဲ အတွင်းမှလေတွေ အပြင်ကို တိုးထွက်လို့ရအောင် အဖုံးကို ပိတ်ရုံသာ ပိတ်ထားပါ

လေလုံအောင်ကြပ်ကြပ်ကြီး မလုပ်ထားကြဖို့ သတိပေးချင်ပါတယ်

ခုလို နွေပူပူမှာ ဆံပင်တိုတိုရော ဆံပင်ရှည်ရှည်တွေပါ ခေါင်းက ချွေးထွက် ဦးရေပြားက အဆီပြန် အပြင်မှာ ဖုတိကထ ..ဖုတ်တွေကပ်ပြီး ခေါင်းကယားတာမျိုးမဖြစ်အောင် ခေါင်းမလျှော်ခင်တိုင်း လက်ဖက်ဆီကို လူးကြပါနော်

နွေပူပေမယ့် ခေါင်းမပူအောင်. ဆံပင်တိုရော ဆံပသ်ရှည်သမားတွေပါ ဦးရေပြားလေးအေးမြနေအောင် အဆီပြန်တာ သက်သာအောင် လက်ဖက်ဆီနဲ့အုန်းဆီကို သုံးသင့်ပါတယ်

A Sleepy Town ရဲ့ လက်ဖက်ဆီ+အုန်းဆီ အတွဲတွေ Instockရှိပါတယ်ရှင်...သူကဆံကေသာနဲ့ပတ်သက်ပြီးဆံပင်ကျွတ်လို့ဘဲဖြစ်ဖြစ်ဆံပင်ပါးလ...
09/03/2022

A Sleepy Town ရဲ့ လက်ဖက်ဆီ+အုန်းဆီ အတွဲတွေ Instockရှိပါတယ်ရှင်...
သူကဆံကေသာနဲ့ပတ်သက်ပြီးဆံပင်ကျွတ်လို့ဘဲဖြစ်ဖြစ်ဆံပင်ပါးလို့ဘဲဖြစ်ဖြစ် စိုးရိမ်နေရတဲ့သူတွေအတွက် ရေရှည်သေချာသုံးစွဲမယ်ဆိုရင် တကယ့်ကိုကောင်းမွန်တဲ့ရလဒ်များရရှိနိုင်ပါတယ်...အောက်ကပုံလေးတွေက အမှန်တကယ်သုံးစွဲပြီးရတဲ့ review postတွေကိုသာ တင်ပေးထားပါတယ်
အမ ကိုယ်တိုင်လဲ ဆံပင်ပါးလို့ ခေါင်းမလျှော်ခင်ဂရုတစိုက်သုံးပေးပါတယ်

ဆံပင်သန်ဖို့ အရှည်မြန်ဖို့ ဆံပင်ထူထဲနက်မှောင်စေဖို့သုံးရပါတယ်
ဦးရေပြားကို အေးမြစေပြီး ဗောက်ထခြင်းကိုလဲ သက်သာစေပါသေးတယ်

ဆံပင်ဖြူထွက်တာနှေးစေပါတယ် အမြဲသုံးစွဲရင် အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းမှ ကာကွယ်နိုင်ပါတယ်

ဆံပင်ကျွတ်ခြင်းများကို သက်သာစေဖို့ အကောင်းဆုံး
သဘာဝ ဆံသားထိန်းသိမ်းမှု လိမ်းဆေးအဆီဖြစ်ပါတယ်

ဆံကေသာရဲ့ လှပသန်စွမ်းမှုကို ရရှိစေပါတယ်

ဆံပင်သာမက ပါးနေသောမျက်ခုံး မျက်တောင်များကိုပါ ထူထဲနက်မှောင်လာစေဖို့ လူးနိုင်ပါတယ်

💛အသုံးပြုပုံ

လက်ဖက်+အုန်းဆီက ခေါင်းမလျှော်ခင် မိနစ်၃၀-၄၅ မိနစ်လောက် ကြိုလူးပြီး ခေါင်းလျှော်ချရတာဖြစ်ပါတယ်
လက်ဖက်ဆီ ၁ဆ အုန်းဆီ၂ဆ /၃ဆရောပေးလိမ်းပေးရပါတယ် .လက်ဖက်ဆီကိုဦးရေပြားထိလိမ်းပေးပြီး အုန်းဆီကိုတော့ ဆံသားလေးတွေကိုလူးပေးရပါတယ်
၁စုံ-၁၃၀၀၀ကျပ်

မိတ္ထီလာမြို့နှင့်အနီးတစ်ဝိုက်မှာချင်ရင် စာပို့ထားနော်...
(ခုတလော မီးတွေတအားပျက်တော့ cbကနေ အချိန်မီ စာမပြန်မိရင် စိတ်မရှိပါနဲ့နော်)
Sleepy Town လက်ဖက်ဆီ အုန်းဆီ
Made Products
Online Shop

Address

Meiktila
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959798407429

Website

Alerts

Be the first to know and let us send you an email when PsOne Online Shop posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share