Better Life Style - BLS

Better Life Style - BLS မင်္ဂလာပါ။

21/06/2026

ကျမနာမည်က ဒေါ်မာလာပါ။
ကျမ အသက် ၆၇ နှစ်ရှိပြီး
တိုက်ခန်းလေးမှာ တကိုယ်တည်း နေပါတယ်။
ကျမခင်ပွန်း ဦးချစ်ခင် လွန်ခဲ့တဲ့ ၁၂ နှစ်က
ဆုံးပါးသွားခဲ့ပါပြီ။
ကျမဟာ ရတနာ ဆိုတဲ့သမီးလေးတယောက်နဲ့
အတူကျန်ရစ်ခဲ့တယ်။

ရတနာက လိမ်မာရေးခြားရှိပြီး
စာလည်းအလွန်ကြိုးစားသလို
ထိုက်တန်တဲ့ အကျိုးလည်းပြန်ရခဲ့တယ်။
အပြည့်အစုံပညာသင်ဆုနဲ့
ဩစတြေးလျနိုင်ငံမှာ တက္ကသိုလ်တက်ခွင့် ရခဲ့တယ်။
ကျမ သမီးအတွက်ပျော်လိုက်တာ
ပြောတောင်မပြတတ်ဘူး။
သမီး ဩစတြေးလျကိုထွက်မယ့်နေ့မှာတော့
ကျမ ဝမ်းသာမျက်ရည်တွေ
ဆယ်မနိုင်အောင် ကျခဲ့ရတယ်။
အဲဒါက လွန်ခဲ့တဲ့ ၁၅ နှစ်ကပေါ့။
ဒီနေ့မှာတော့ သမီးက ဆရာဝန်မကြီး ဖြစ်နေပြီလေ။

သမီးက နိုင်ငံခြာသားတယောက်နဲ့ အိမ်ထောင်ကျပြီး
မြေးလေး Emma ကို ဖွါးမြင်ခဲ့တယ်။
Emma ကိုတော့ ကျမ ဓါတ်ပုံထဲမှာပဲ မြင်ဖူးတာ။
သမီးက ကျမမွေးနေ့နဲ့ နှစ်သစ်ကူးဆိုရင်
ဖုန်းအမြဲဆက်ပါတယ်။
သမီးပြောနေကျစကားတခွန်းက
“ မေမေရယ် သမီး ကလေးကိစ္စ ဆေးရုံကိစ္စတွေနဲ့
အလုပ်ရှုပ်နေတာ နားလည်ပေးပါနော်၊
သမီးကို စိတ်မဆိုးနဲ့နော် “။
ကျမ ပြန်ဖြေနေကျအတိုင်း
“ အို - မေမေချစ်တဲ့သမီးရယ်၊
မေမေနားလည်တာပေါ့ကွယ် “
ဒီစကားပြောပြီးတာနဲ့ ဖုန်းချလိုက်ကြတာပါပဲ။
ဖုန်းချပြီးသွားရင်တော့ ကျမဘဝလေးဟာ
ဘာသံမှမကြားရအောင် တိတ်ဆိတ်သွားရပြန်တာပေါ့။

ကျမ မနက်ခင်းအိပ်ရာထရင်
နေ့စဉ်လုပ်ရိုးလုပ်စဉ်အတိုင်း
ကော်ဖီ ၂ ခွက်ဖျော်နေကျ။
ပြီးမှ အော် ကိုချစ်ခင်မှ မရှိတော့တာပဲ
သမီးရတနာမှ မရှိတော့တာပဲ
ဆိုပြီး တခွက်ကို ပြန်သွန်ပစ်ရတတ်တယ်။

သမီးရတနာရဲ့ ငယ်ငယ်တုန်းကဓါတ်ပုံလေးတွေ
အိမ်နံရံမှာ ခုထိချိတ်ဆွဲထားတုန်းပါ။
တခါတလေ အဲဒီဓါတ်ပုံတွေရှေ့
ကျမ အချိန်အတန်ကြာ မတ်တပ်ရပ်ရင်း
အတိတ်ကပုံရိပ်တွေကို
ပြန်မြင်ယောင်တွေးတော ငေးမောနေတတ်တယ်။
စကားပြောသံတွေ ငြင်းခုန်သံတွေ ရာယ်သံတွေနဲ့
ပြည့်နှက်ခဲ့တဲ့ ကျမတို့အိမ်ဂေဟာလေး၊
အိမ်ရှေ့တံခါးပေါက်ဝမှာ
ရွှံ့တွေ ပေကျံနေတဲ့ သမီးရဲ့ဖိနပ်လေး၊
ကားလမ်းကူးရင် သမီးလက်ဖဝါးသေးသေးလေးက
ကျမလက်ချောင်းကို ဆုပ်ကိုင်ရင်း
လမ်းကူးခဲ့တာတွေကို
ကြည်နူးဝမ်းသာ ပြန်မြင်ယောင်နေမိတတ်တယ်။
အဲဒီကြည်နူးစရာအမှတ်တရတွေကို
တွေးမိတဲ့အခါတိုင်း ကျမ ပြုံးနေမိတတ်သလို
သမီးကိုလည်း လွမ်းဆွတ်သတိရမိတတ်ပြန်တယ်။
ပြီးရင်တော့ ကျမတိုက်ခန်းလေးဟာ
လေတိုက်သံတောင်ကြားရအောင်
ငြိမ်သက်သွားရပြန်တယ်။
အချို့ရက်တွေဆို
စကားတခွန်မှ မပြောဖြစ် မကြားဖြစ်တဲ့ရက်တွေတောင်
ရှိတယ်။
တခါတလေ အိမ်ရှေ့ဝရံတာလေးမှာထိုင်ရင်း
လမ်းပေါ် ကူးလူးသွားလာနေတဲ့လူတွေကို ငေးမောရင်း
သမီးရတနာများ မြင်ရလေမလား
ထင်မြင်မိတတ်တယ်။

နိုဗင်ဘာလရဲ့ တခုသောညနေခင်းမှာ
လုံးဝမမျှော်လင့်ထားပဲ
သမီးရတနာ ဖုန်းဆက်ပြောလာတယ်။
ရှေ့လမှာ မြန်မာပြည်ကို တခေါက်ပြန်လာပြီး
အမေ့ကို လာတွေ့အုံးမယ် တဲ့။
ကျမ ကိုယ်နားကိုတောင် ကိုယ်မယုံနိုင်ဘူး၊
အ‌တွေးများလွန်သွားသလား
ဂယောင်‌ခြောက်ခြားများဖြစ်သွားသလား ဆိုပြီး
ကိုယ့်လက်ဖျံ ကိုယ်ပြန်ဆိတ်ကြည့်မိသေးတယ်။
ဒီနှစ်ပိုင်းတွေအတွင်း တခါမှမခံစားရဖူးတဲ့
လွတ်လွတ်လပ်လပ်စိတ်ပေါ့ပါးကြည်နူးနေတာ
သတိထားမိလိုက်တယ်။
သမီးကြိုက်တတ်တဲ့အစားအစာတွေ
မေမေပြင်ထားပေးမယ် လို့ပြောပြီး
ဖုန်းချလိုက်ကြတယ်။

ဖုန်းချပြီးတာနဲ့ ကျမအစိီအစဉ်သေချာချလိုက်တယ်။
အိမ်သန့်ရှင်းသပ်ရပ်နေအောင် လှဲကျင်းတယ်။
လိုက်ကာအသစ်တွေ လဲတယ်။
အမေ့လက်ရာကိုကြိုက်တဲ့ သမီးအတွက်
အစားအစာတွေ ကြိုတင်ဝယ်
ချက်ထားသင့်တာတွေ ကြိုချက်၊
အချို့လဲ ကြိုဝယ်ပြီး ရေခဲသေတ္တာထဲ ထည့်။
သမီးရောက်လာမယ့်ရက်ကို
နေ့တိုင်း လက်ရေချိုးတွက်ချက်မိနေတယ်။
ကျမ ပျော်လွန်းလို့
ဘေးခန်းက ဒေါ်ကြိုင်ကြိုင်ကိုတောင်
‌အပျော်တွေ ကြွားဝါမိနေသေးတယ်။
ဒေါ်ကြိုင်ကြိုင်က နွေးနွေးထွေးထွေးပြုံးရင်း
ကျမအတွက် ဝိုင်းပျော်ပေးနေလေရဲ့။

နောက်ဆုံး
သမီးပြောထားတဲ့ရက် ရောက်လို့လာပါပြီ။
အဲဒီနေ့ ကျမ အိပ်ရာကအစောကြီးနိုးပြီး
တမိနစ် တခါလောက် နာရီကို ကြည့်ကြည့်မိနေတယ်။
သမီးရောက်လာရင် မောမောပမ်းပမ်းနဲ့ ဗိုက်ဆာနေမှာ။
ညနေစာကို သမီးအကြိုက် သေချာစီမံ၊
ထမင်းစားစားပွဲကို သန့်နေအောင် သုတ်သင်၊
တစ်သျှူးလေးတွေကို သေချာခေါက်စီ၊
ပန်းကန်တွေ ဖန်ခွက်တွေကို သန့်ရှင်းအောင်
တဖန်ပြန်ဆေးကြော။
နာရီတွေ တနာရီပြီး တနာရီ အချိန်တွေကုန်လာပြီ။
သမီးဖုန်းခေါ်သံ ခုထိမရသေးဘူး။
ကျမ စိတ်တွေအတော်လှုပ်ရှားလာသလို
စိတ်လည်း သိပ်မရှည်ချင်တော့ဘူး။
ညနေ ပြီးတော့ ည၊
ရတနာ ခုထိရောက်မလာသေးဘူး။
တဖြေးဖြေးနဲ့ အချိန်တွေကုန်လာပြီ။

ညသန်းခေါင်ယံရောက်ကာနီး
ရုတ်တရက် ကျမဖုန်းမက်ဆေ့ခ်ျသံ မြည်လာတယ်။
“ မေမေ သမီးတောင်းပန်ပါတယ်။
သမီးယောက်ျား Paul ရာထူးပရိုမိုးရှင်းရလို့
အဲဒါ သူ့မိဖများနဲ့အတူ အောင်ပွဲခံချင်လို့တဲ့။
ဒီနှစ်တော့ သူ့မိဖတွေရှ်ိတဲ့ အီတလီကို သွားမယ်။
မေမေ့ဆီ နောက်တခေါက်လာမယ်နော်။
သမီးကို နားလည်ပေးပါနော်၊ စိတ်မဆိုးနဲ့နော်။
မေမေ့ကို အမြဲချစ်နေမယ့်
မေမေ့ရဲ့ချစ်သမီးလေး ရတနာ “
ကျမ ဖုန်းမျက်နှာပြင်ကို
အကြာကြီး‌ငေးစိုက်ကြည့်နေမိတယ်။
ပြီးတော့ ထိုင်သူမဲ့နေတဲ့ ထမင်းစားစားပွဲကို
လှမ်းကြည့်လိုက်မိတယ်။
ကျမ မျက်ရည်မကျပါဘူး။
ထိုင်ရာက စက်ရုပ်လိုဖြေးဖြေးလေးထပြီး
ထမင်းစားစားပွဲပေါ်က ပန်းကန်တွေကို
ပြန်သိမ်းလိုက်တယ်။

နောက်နေ့မနက်
ကျမအခန်းတံခါးခေါက်သံ ကြားရတယ်။
ဘေးခန်းက ဒေါ်ကြိုင်ကြိုင်။
လက်ထဲမှာလည်း ဟင်းတခွက်နဲ့၊
ကျမအတွက် ယူလာပေးတာ တဲ့။
ကျမ သူ့ကို အိမ်ထဲဝင်ဖို့ ဖိတ်ခေါ်လိုက်တယ်။
ရှင်းလင်း သစ်လွင်နေတဲ့ ကျမအခန်းကို ကြည့်ရင်း
တိတ်ဆိတ်နေတဲ့အခြေအနေကို
ချက်ချင်းသဘောပေါက်သွားပုံရတယ်။
ကျမကို တိုးတိုးလေး လှမ်းမေးတယ်။
“ သမီးလေး ရောက်မလာဘူးလား “
ကျမ ခေါင်းခါပြလိုက်တယ်။
ကောင်း၏ ဆိုး၏ ဘာမှတ်ချက်တခုမှ မပေးပဲ
ကျမလက်အစုံကို သူမ နွေးနွေးထွေးထွေးလေး
လှမ်းဆုပ်ကိုင်လိုက်ရင်း ကျမဘေးမှာ
ငြိမ်ငြိမ်ဆိတ်ဆိတ်လေး ဝင်ထိုင်လိုက်တယ်။
စကားတွေပြောနေတာထက်
ကြင်နာအားပေးမှုကို ပိုထိရောက်စေတဲ့
အထက်တန်းယဉ်ကျေးမှု တခုပါ။

ဒေါ်ကြိုင်ကြိုင်က အသက် ၇၂ နှစ်ပါ။
သူမခင်ပွန်းက ကျမခင်ပွန်းထက်
အများကြီးစောပြီး ကွယ်လွန်သွားခဲ့တာ။
သူ့မှာလည်း သားလေးတယောက်တည်း ရှိပြီး
အင်္ဂလန်ကို ရောက်နေတယ်။
သူ့သားကလည်း တနှစ်မှ တခေါက်ပဲပြန်လာပြီး
အမေ့ကိုတွေ့နိုင်တာ။
ကျမတို့ဟာ အထီးကျန်ရတဲ့ခံစားချက်ကို
တယောက်နဲ့တယောက်
ကိုယ်ချင်းစာ နားလည်ကြတယ်။
နောက်ရက်က စပြီး
နေ့တိုင်း ကျမတို့ မနက်စာ အတူစားကြတယ်။
ဒေါ်ကြိုင်ကြိုင် ကျမတံခါးကို
မနက်တိုင်း အချိန်မှန်ခေါက်တတ်တယ်။
အဲဒီအချိန် ကျမ ရေနွေးအိုး ဆူတဲ့အချိန်ပဲ။
ကျမတို့ မနက်စာ အတူစားကြရင်း
ငယ်ဘဝတွေအကြောင်း ပြောကြတယ်။
ဖတ်ဖူးခဲ့တဲ့ စာအုပ်တွေ
ကြည့်ဖူးခဲ့တဲ့ ရုပ်ရှင်အကြောင်းတွေ ပြောကြတယ်။
မိသားစု အမှတ်တရအကြောင်းလေးတွေ
သူနဲ့ကျမကြား ဘာမှမချန်ပဲ
ပွင့်ပွင့်လင်းလင်း ဖလှယ်ကြတယ်။
ပြုံးပျော်ရာယ်မောရင်း ကျမတို့ဘဝလေးတွေ
ကိုယ်စီ ပြန်ပိုင်ဆိုင်ပျော်ရွှင်လာကြတယ်။
အချိန်တွေ ကုန်ခဲလိုက်တာ
ဆိုတဲ့အထီးကျန်မှုတွေ ဆိတ်တုန်းလာပြီ။
မနက်တိုင်း သူ့ကို ကျမမျှော်နေမိတယ်။

ဒီလိုနဲ့ လတွေအတန်ကြာပြီး တနေ့မှာ
ဒေါ်ကြိုင်ကြိုင်အခန်းဖက်က ပြိုလဲသံကြားလို့
ကျမ အပြေးလေးသွားကြည့်လိုက်တော့
ဒေါ်ကြိုင်ကြိုင်လဲကျပြီး ခါးနာသွားတယ်။
သူ နာလွန်းလို့ မတ်တပ်တောင် မရပ်နိုင်ရှာဘူး။
ကျမ ချက်ချင်းပဲ အရေးပေါ်ကားခေါ်လိုက်တယ်။
ဆေးရုံကိုရောက်လို့
တာဝန်ကျကျန်းမာရေးဝန်ထမ်းတွေက
လူနာရှင် ဘယ်သူလဲ လို့မေးတဲ့အခါ
မဆိုင်းမတွ ကျမပါပဲ လို့ဖြေလိုက်မိတယ်။
ဒေါ်ကြိုင်ကြိုင်ဟာ
နာလွန်းလို့ စီးကျနေတဲ့မျက်ရည်တွေကြားကနေ
ကျမကို လှမ်းပြုံးပြရင်း စူးစိုက်ကြည့်နေတယ်။
ဒီတော့မှ ကျမ ကိုယ့်ကိုယ်ကိုယ် ပြန်သတိထားမိတယ်။
ကြည့်စမ်း ကျမတို့ တယောက်နဲ့တယောက်
ဘယ်လောက်တောင်
သံယောဇဉ်ကြိုး ငြိတွယ်နေကြသလဲ လို့။
တကယ်တော့ ကျမတို့ သွေးသားမတော်စပ်ကြပေမဲ့
ဘယ်အကြောင်း ဘယ်အကိစ္စပဲဖြစ်ဖြစ်
မိသားစုသဖွယ်ပါပဲ။

ကျမမွေးနေ့ရောက်တဲ့နေ့က
သမီးရတနာ ဖုန်းဆက်ပြီး မွေးနေ့ဆုတောင်းပေးတယ်။
ပြီးတော့ မေမေကျန်းမာရဲ့လား
တယောက်တည်း အထီးကျန်ပြီး ပျင်းနေလား တဲ့။
ကျမမျက်လုံးတွေ
တီဗီကြည့်နေတဲ့ ဒေါ်ကြိုင်ကြိုင်ဆီ ရောက်သွားတယ်။
ကျမမျက်နှာပြုံးပြီး ဖြေလိုက်တယ်
“ မေမေ့ချစ်သမီးလေးရယ်၊ မေမေမပျင်းပါဘူး၊
မေမေ့မှာ အဖေါ်ရှိနေပြီလေ “
ရတနာ တအံ့တဩနဲ့ ဘယ်သူ့ကိုပြောတာလဲ
လို့မေးရှာတယ်။
ကျမ ဒေါ်ကြိုင်ကြိုင့်အကြောင်း ပြောပြပြီး
ကျမတို့ တယောက်နဲ့တယောက်
ဘယ်လောက်သံယောဇဉ် ရှိနေကြကြောင်း
ဘယ်လို အပြန်အလှန်
အကူအညီအထောက်အပံ့ရှိကြကြောင်း
ပြောပြမိတယ်။
သမီးရတနာ ငြိမ်ငြိမ်သက်သက်လေး နားထောင်နေတယ်။
သမီး ခုဆို သဘောပေါက်လောက်ပါလိမ့်မယ်၊
ဒီနှစ်တွေအတွင်း ကျမတို့သားအမိ ခွဲခွါနေကြရတာ
ဘယ်လောက်အထီးကျန်နေမယ် ဆိုတာ။
သမီးရတနာ မြန်မာပြည်ကို ပြန်မလာပါဘူး။
ကျမလည်း သမီး တရက်ပြန်လာနိုးနိုး
မျှော်လင့်စောင့်စား မနေတော့ပါဘူး။

ကျမ သမီးကို မစောင့်မျှော်တော့ဘူး ဆိုတာ
မချစ်လို့မဟုတ်ပါဘူး။
ဒါပေမဲ့ ကျမဘဝမှာ ပထမဆုံးအကြိမ်အဖြစ်
အရေးအကြီးဆုံးအချက်ကို သိလိုက်ရလို့ပါ။

အဲဒါက “ မိသားစု “ ဆိုတာ
ကိုယ်မွေးဖွါးသန့်စင်လိုက်တဲ့သူတွေ
ကိုယ့်ကို မွေးဖွါးလိုက်တဲ့သူတွေကိုချည်း ဆိုလိုတာ
အမြဲမမှန်နိုင်ပါဘူး။

တခါတလေ
မိသားစုဆိုတာ
နေ့စဉ် ကိုယ့်တံခါးကိုခေါက်ပြီး
ဟင်းလေးတခွက် ယူလာတဲ့သူလဲ ဖြစ်နိုင်ပါတယ်။
ကိုယ် လဲပြိုလို့ဒဏ်ရာဖြစ်တဲ့အခါ
ကိုယ်ရောစိတ်ပါ ကူညီတဲ့သူလည်း ဖြစ်နိုင်ပါတယ်။

တခါတလေ
“ မေတ္တာ “ ဆိုတာ အသိမပေးပဲ ခွင့်မတောင်းပဲ
တိတ်တဆိတ်လေး ဘဝထဲဝင်ရောက်လာတတ်တယ်။

တခါတလေ
“ မိတ်ဆွေ သူငယ်ချင်းဆိုတာ
ကိုယ့်ဘဝအတွက် အကောင်းဆုံး အမွန်မြတ်ဆုံးပုဂ္ဂိုလ်
ဖြစ်နေတတ်တယ်။

ကျမ သမီးရတနာကို ချစ်နေဆဲပါ၊
ရှေ့လျှောက်ပြီးလဲ အမြဲချစ်နေအုံးမှာပါ။

အခုတော့
ကျမမျက်နှာချင်းဆိုင်က ထိုင်ခုံကို ကြည့်လိုက်ရင်
အရင်ကလို လစ်ဟာမနေတော့ဘူး၊
ဒေါ်ကြိုင်ကြိုင်က အဲဒီထိုင်ခုံမှာ
ပြုံးပြုံးလေးထိုင်ပြီး ကျမကို အဖေါ်ပြုနေတာကပဲ
ကျမအတွက် ပြီးပြည့်စုံနေပါပြီ။

(မြန်မာမှုပြုသည်)

Credit to Owner

အောင်မြင်ချင်ရင် ပါးစပ်ပိတ်ထားပါ။တကယ့်ဆရာကြီးတွေ ဘယ်လို အသံတိတ် အနိုင်ယူသွားလဲ သိချင်လားဘဝမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲ...
17/06/2026

အောင်မြင်ချင်ရင် ပါးစပ်ပိတ်ထားပါ။တကယ့်ဆရာကြီးတွေ ဘယ်လို အသံတိတ် အနိုင်ယူသွားလဲ သိချင်လား

ဘဝမှာပဲဖြစ်ဖြစ်၊ စီးပွားရေးမှာပဲဖြစ်ဖြစ် မက်ခီယာဗယ်လီ (Machiavelli) ရဲ့ လက်တွေ့ အသုံးအဝင်ဆုံး နည်းဗျူဟာ (၇) ရပ်ကို ပိုပြီး နားလည်ရလွယ်အောင် ရှင်းပြပေးမယ်။

(၁) တိတ်တိတ်လေး ယူလို့ရတာကို အကျယ်ကြီးအော်မနေနဲ့

လူတွေက ကိုယ်လိုချင်တာတွေ့ရင် "ငါတော့ ဒါလုပ်တော့မယ်" ဆိုပြီး ကြွားတတ်ကြတယ်
အဲ့လိုပြောလိုက်တာက သူများတွေကို ကိုယ့်ကိုလာတားဖို့၊ အပြိုင်လုပ်ဖို့ အချိန်ပေးလိုက်သလို ဖြစ်သွားတယ်။

ချမ်းသာတဲ့စိတ်ဓာတ်ရှိသူတွေ၊ တကယ်အောင်မြင်တဲ့သူတွေက ဘယ်သူ့ကိုမှ စစ်မကြေညာဘူး
တိတ်တိတ်လေး ကြိတ်လုပ်တယ်။ အရာအားလုံး ကိုယ့်လက်ထဲရောက်ပြီး အကုန်ထိန်းချုပ်နိုင်ပြီဆိုမှ အပြင်ကို ထွက်ပြတယ်။

ဒါကြောင့် ကိုယ့်အစီအစဉ်တွေကို လိုက်ကြွားနေတာ ရပ်လိုက်ပါတိတ်တဆိတ် တည်ဆောက်ပြီး ရလဒ်နဲ့ပဲ သက်သေပြပါ

(၂)ပါးစပ်နဲ့ လိုက်ငြင်းနေတာ အလကားပဲ၊ အမြဲရှုံးမယ့်ပွဲ

ပြဿနာတစ်ခုမှာ ခင်ဗျား ဘယ်လောက်ပဲ မှန်နေပါစေ၊ စငြင်းလိုက်တာနဲ့တင် ခင်ဗျား ရှုံးသွားပြီ
ဘာလို့လဲဆိုတော့ ငြင်းလိုက်တဲ့အတွက် ခင်ဗျားရဲ့ အဖိုးတန်အချိန်တွေ၊ စိတ်ခံစားချက်တွေကို တစ်ဖက်လူက လွှမ်းမိုးသွားလို့ပဲလူအများစုက အမှန်တရားကို လိုချင်လို့ ငြင်းနေကြတာ မဟုတ်ဘူး၊ သူတို့ကိုယ်သူတို့ ဆရာကြီးလုပ်ချင်လို့၊ အရေးပါချင်လို့ ငြင်းနေကြတာဒါကြောင့် စကားလုံးတွေနဲ့ အနိုင်မယူပါနဲ့။ ခင်ဗျားရဲ့ အောင်မြင်မှုရလဒ်တွေကပဲ အကောင်းဆုံး အဖြေဖြစ်ပါစေ

(၃)ခင်ဗျားကို အထင်သေးပါစေ၊ ဒီအတိုင်း လွှတ်ထားလိုက်

လူတွေက ခင်ဗျားကို အထင်သေးသွားရင် သူတို့ဘက်က သတိထားမှုတွေ၊ ကာကွယ်မှုတွေ အကုန်လျော့ကျသွားပြီး အမှားတွေ လုပ်တတ်ကြတယ်
ကိုယ်ဘယ်လောက်စွမ်းလဲဆိုတာ အကုန်ထုတ်ပြလိုက်ရင် ရန်သူကို ပစ်မှတ်ပြလိုက်သလိုဖြစ်ပြီး ခင်ဗျားကို ပြန်တိုက်ခိုက်ဖို့ ပြင်ဆင်လာကြလိမ့်မယ်။ ဒါကြောင့် ဘာအန္တရာယ်မှမရှိတဲ့ သာမန်လူတစ်ယောက်လို ဟန်ဆောင်နေပါ။လူတွေက ခင်ဗျားကို သတိမထားမိတော့တဲ့အချိန်ကျမှ ကိုယ့်အကွက်ကို စရွှေ့ပါ။ခင်ဗျားကို သာမန်ပဲလို့ ထင်ထားရင် ဘယ်သူမှ လာယှဉ်ပြိုင်မှာ မဟုတ်ဘူးလေ
အမြဲတမ်း ဇွတ်လုပ်နေတာထက် 'Timing' ကိုက်ဖို့က ပိုအရေးကြီးတယ်

(၄)အချိန်အခါ မရွေးတတ်ရင် ဘယ်လောက်ကြိုးစားကြိုးစား အလကားပဲ။

အင်အားအကြီးဆုံးသူက အမြဲနိုင်တာမဟုတ်ဘူး၊ ဘယ်အချိန်မှာ လှုပ်ရှားရမလဲဆိုတဲ့ 'အကောင်းဆုံးအချိန်' (Timing) ကို ရွေးတတ်သူကသာ အမြဲနိုင်တာ

အခွင့်အရေးဆိုပြီး တွေ့သမျှ လိုက်လုံးမယ့်အစား အခြေအနေကို သေချာစောင့်ကြည့်ပါ
မှန်ကန်တဲ့ အချိန်ရောက်ပြီဆိုမှ အမြန်ဆုံး လှုပ်ရှားလိုက်ပါ
အချိန်အခါမဟုတ်ဘဲ ရမ်းကြိုးစားနေတာက လူပင်ပန်းတာပဲ အဖတ်တင်မယ်
မှန်ကန်တဲ့ အချိန်မှာ Smart ကျကျ လှုပ်ရှားတာကမှ တကယ့် စွမ်းအားအစစ်ပါ။

(၅)ကိုယ့်ရဲ့ အတ္တ က ကိုယ့်ကို ပြန်မသတ်ခင် သူ့ကို အရင်ရှင်းပစ်

ကိုယ့်ရဲ့ အကြီးမားဆုံး ရန်သူက အပြင်မှာမရှိဘူး၊ ကိုယ့်ခေါင်းထဲက Ego (အတ္တ) ပဲ
အဲ့ဒီ Ego က မလိုအပ်တဲ့ ပြဿနာတွေဆီ ဆွဲခေါ်သွားတတ်ပြီး၊
အကျိုးမရှိတဲ့လူတွေဆီက အသိအမှတ်ပြုခံရဖို့ အချိန်ကုန်ခံ တိုက်ခိုက်စေတတ်တယ်
တကယ့် အောင်ပွဲအစစ်ဆိုတာ ရေရှည်အတွက်ပါ။

ဒါကြောင့် ဩဇာအာဏာရှိတဲ့သူတွေက Ego ကို ထိန်းချုပ်ပြီး စိတ်ရှည်သည်းခံမှုကိုပဲ ရွေးချယ်ကြတယ်။ဆုံးဖြတ်ချက်ချတဲ့အခါ Ego ကို ဘေးဖယ်ထားနိုင်မှ၊ ကိုယ်မပါဝင်သင့်တဲ့ ပွဲတွေကနေ ကင်းဝေးပြီး အေးအေးဆေးဆေး အနိုင်ယူနိုင်မှာပါ

(၆)ခေါ်တိုင်းရ၊ တွေ့တိုင်းရတဲ့လူ မဖြစ်ပါစေနဲ့

လူတိုင်းကို အမြဲတမ်း အချိန်ပေးနေရင် ခင်ဗျားရဲ့တန်ဖိုးက ကျသွားလိမ့်မယ်။အလွယ်တကူ ရနေတဲ့အရာကို ဘယ်သူမှ တန်ဖိုးမထားတတ်ကြဘူး
ဒါကြောင့် ခင်ဗျားကို လွယ်လွယ်ကူကူ ဆက်သွယ်လို့မရအောင် နေထိုင်ခြင်းက ခင်ဗျားတန်ဖိုးကို ပိုမြင့်တက်စေတယ်။နေရာတိုင်းမှာ ပါဝင်မနေပါနဲ့
တကယ် အရေးကြီးတဲ့ အချိန်၊ အရေးပါတဲ့ နေရာတွေမှာပဲ ။ခင်ဗျားကိုယ်ခင်ဗျား ပေါ်ထွက်ခွင့်ပေးပါ
လောကကြီးကို လိုက်ရှာနေတဲ့သူ မဖြစ်ပါစေနဲ့၊ လောကကြီးကနေ လိုက်ရှာရတဲ့ တန်ဖိုးရှိသူတစ်ယောက်လို နေထိုင်ပါ။

(၇)ဝင်မတိုက်ပါနဲ့၊ သူတို့ဘာသာ ပြုတ်ကျသွားအောင် လွှတ်ထားလိုက်ပါ

အကြီးမားဆုံး အောင်ပွဲတွေဟာ ကိုယ်တိုင်ဝင်တိုက်ခိုက်တာထက်၊ ရန်သူတွေ သူတို့ဘာသာ ပြိုလဲသွားအောင် လွှတ်ထားရာကနေ ရလာတာများတယ်
ခင်ဗျားကို ဒုက္ခပေးတဲ့သူတွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အမှားတွေ၊ မကောင်းတဲ့ ရွေးချယ်မှုတွေကြောင့်ပဲ သူတို့ဘာသာ ပြန်ကျရှုံးသွားတတ်ကြတယ်
လက်တုံ့ပြန်ဖို့ မကြိုးစားပါနဲ့။ခင်ဗျားဘဝတိုးတက်ဖို့ကိုပဲ အာရုံစိုက်ထားရင်၊ အချိန်တန်တဲ့အခါ ရန်သူတွေ အလိုလို ပျက်စီးသွားပါလိမ့်မယ်။မတိုက်ခိုက်ဘဲ စိတ်ရှည်ရှည်နဲ့ သူတို့ထက် ပိုကြာကြာ ရပ်တည်နိုင်တာဟာ အမြင့်မားဆုံး စွမ်းအားပါပဲ

Credit to Original owner-

Address

78 Rd, Sagaing Lane
Mandalay

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959441937793

Website

Alerts

Be the first to know and let us send you an email when Better Life Style - BLS posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Shortcuts

Share