Setup 360

Setup 360 Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Setup 360, Business service, 39st, 67*68bet, Mandalay.

Super Market, Mini Mart, Shop အစရှိသော အရောင်းဆိုင်များအတွက် POS/ERP System Data Setup ဝန်ဆောင်မှုပေးခြင်း💻

☎️09-256400784

Viber, Telegram , WhatsApp, Massager များမှလည်း ဆက်သွယ်စုံစမ်းနိုင်ပါတယ်ရှင့်🔗

Baby Mart တွက် stocks များစီစစ် data setup
14/02/2026

Baby Mart တွက် stocks များစီစစ် data setup

အလုပ်​တွေများ​နေ​သော မင်မင်​အ​ချောလေးများ Electronic ဆိုင်တစ်ခုရဲ့Stocks ​တွေနဲ့ အလုပ်ရှုပ်
13/02/2026

အလုပ်​တွေများ​နေ​သော မင်မင်​အ​ချောလေးများ
Electronic ဆိုင်တစ်ခုရဲ့Stocks ​တွေနဲ့ အလုပ်ရှုပ်

"IF YOU CAN NOT MEASURE IT,YOU CAN NOT IMPROVE IT.”- LORD KELVIN"မတိုင်းတာနိုင်ရင် မတိုးတက်နိုင်ဘူး"ဒါကတော့ Lord Kelvin ...
17/11/2025

"IF YOU CAN NOT MEASURE IT,YOU CAN NOT IMPROVE IT.”

- LORD KELVIN

"မတိုင်းတာနိုင်ရင် မတိုးတက်နိုင်ဘူး"ဒါကတော့ Lord Kelvin ရဲ့ နာမည်ကြီး စကားတစ်ခု ဖြစ်ပါတယ်။
လုပ်ငန်းမှာ မိမိဘာသာမေးသင့်တဲ့ မေးခွန်း(၄)ခုရှိပါတယ်။
➤လတ်တလော အရောင်း/အမြတ်အစွန်း ကိန်းဂဏန်းတွေက ဘာကိုပြနေလဲ?
➤ဘယ် Customerအုပ်စု‌တွေကသင့်ရောင်းအားကိုအဓိကတိုးတက်‌စေတာလဲ?
➤ဘယ် Product တွေကနေအဓိကအမြတ်အစွန်းရရှိနေတာလဲ?
➤ဝန်ထမ်းတစ်ဦးချင်းရဲ့ လုပ်ဆောင်နိုင်စွမ်း (Productivity) ကို ဘယ်လို တိုင်းတာနေလဲ?

စတဲ့မေးခွန်းတွေနဲ့အတူLord Kelvin ရဲ့ လမ်းညွှန်ချက်အတိုင်း၊ သင့်လုပ်ငန်းကို တိုးတက်မှု အမြင့်ဆုံး ရောက်စေဖို့အတွက် အခြေခံအကျဆုံး လိုအပ်ချက်ကတော့ တိကျတဲ့ အချက်အလက် (Data) ပါပဲ။

အပေါ်မှာမေးခဲ့တဲ့မေးခွန်းတွေအတွက်
╰┈➤ခန့်မှန်းခြေနဲ့ ဆုံးဖြတ်ခြင်းကိုလုံးဝမလုပ်သင့်ပါဘူး
╰┈➤တိကျတဲ့ Data အပေါ် အခြေခံပြီး နည်းဗျူဟာချမှတ်ခြင်း ကသာသင့်လုပ်ငန်းရဲ့အမှန်တကယ်တိုးတက်မှုဖြစ်ပါလိမ့်မယ်။

သင့်လုပ်ငန်းရဲ့ ဦးတည်ချက်ကိုလက်တွေ့ကျကျ ရှင်းရှင်းလင်းလင်းမြင်စေဖို့။လုပ်ငန်းစဥ်တွေအားလုံးကို စနစ်တကျ တိုင်းတာနိုင်ဖို့အတွက် အဓိကအခြေခံထားရမယ့် Data System ကို အစအဆုံး အခိုင်မာဆုံး တည်ဆောက်ပေးပါမယ်။
အသစ်စတင်မယ့်လုပ်ငန်းပဲဖြစ်ဖြစ်၊ လက်ရှိလည်ပတ်နေတာပဲဖြစ်ဖြစ်၊သင့်လုပ်ငန်းရဲ့ အနာဂတ် တိုးတက်မှုနှုန်းကို တိကျစွာ ခန့်မှန်းနိုင်ဖို့ အခုပဲ Data Setup ကိုစတင်လိုက်ပါ။

ဒီပါဝလီပွဲတော်မင်္ဂလာတွင်ပျော်ရွှင်ချမ်းမြေ့ပြီးအောင်မြင်ကြီးပွားတိုးတက်ကြပါစေကြောင်း ကျွန်တော်တို့ Setup 360 မှဆုမွန်ကေ...
20/10/2025

ဒီပါဝလီပွဲတော်မင်္ဂလာတွင်
ပျော်ရွှင်ချမ်းမြေ့ပြီးအောင်မြင်ကြီးပွားတိုးတက်ကြပါစေကြောင်း ကျွန်တော်တို့ Setup 360 မှဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
ပျော်ရွှင်ဖွယ်ရာ ပွဲတော်အချိန်အခါဖြစ်ကြပါစေခင်ဗျာ...


15/10/2025

မင်မင်တို့ business journey ​လေးသွားနေလို့ပါနော်...ပြန်ရောက်ရင် Postတွေ တင်ပေးပါ့မယ်ခင်ဗျ😊 Massager Reply လေးတွေ နောက်ကျရင်လည်း Sorryပါ🙏



🚀 လုပ်ငန်းစတင်မယ့် သင့် အတွက် မဖြစ်မနေပြင်ဆင်ထားရမယ့် အချက် (၁၁) ချက်သင့်ရဲ့ စီးပွားရေးလုပ်ငန်းသစ်စိတ်ကူးအိပ်မက်ကို လက်တ...
07/10/2025

🚀 လုပ်ငန်းစတင်မယ့် သင့် အတွက် မဖြစ်မနေပြင်ဆင်ထားရမယ့် အချက် (၁၁) ချက်

သင့်ရဲ့ စီးပွားရေးလုပ်ငန်းသစ်စိတ်ကူးအိပ်မက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့ စနစ်တကျ ပြင်ဆင်ပြီးပြီလား...

လုပ်ငန်းတစ်ခု စတင်တဲ့အခါ အောင်မြင်မှုရဲ့အခြေခံဟာ ခိုင်မာတဲ့ ကြိုတင်ပြင်ဆင်မှု (Background Work) ပဲဖြစ်ပါတယ်။

သင့်လုပ်ငန်းရဲ့ ခရီးလမ်းကို ရှင်းရှင်းလင်းလင်းမြင်နိုင်ဖို့၊ ဘဏ္ဍာရေးကို စနစ်တကျစီမံနိုင်ဖို့နဲ့ ဈေးကွက်ကို ထိုးဖောက်နိုင်ဖို့အတွက် မရှိမဖြစ် လေ့လာပြင်ဆင်ထားရမယ့်အချက် (၁၁) ချက်ကို ကျွန်တော်တို့ Set Up 360 ကစုစည်းဖော်ပြပေးလိုက်ပါတယ်။

╰┈➤ဒီအချက်တွေကို သေချာပြင်ဆင်ထားမှ သင့်လုပ်ငန်းဟာ ခိုင်မာတဲ့အခြေခံနဲ့ ရေရှည်တည်တံ့အောင်မြင်မှာပါ။

╰┈➤ပုံတွေကို တစ်ချက်ချင်းစီကြည့်ပြီး သင့်လုပ်ငန်းအတွက် ဘယ်အချက်တွေ ပြင်ဆင်ပြီးပြီလဲ၊ ဘယ်အချက်တွေ ထပ်ဖြည့်ဆည်းရမလဲဆိုတာ စစ်ဆေးကြည့်လိုက်ပါ။

သင့်လုပ်ငန်းကို မြန်ဆန်၊ မှန်ကန်၊ တိကျ တဲ့ စနစ်တစ်ခုနဲ့ လည်ပတ်စေချင်ရင်𝗦𝗘𝗧𝗨𝗣 𝟯𝟲𝟬 ကို ဆက်သွယ်လိုက်ပါ။ သင့်လုပ်ငန်းရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ် ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်ပေးပါရစေ။

ဝန်ဆောင်မှုအသေးစိတ်အတွက်𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (သို့)𝟬𝟵 𝟮𝟱𝟲𝟰𝟬𝟬𝟳𝟴𝟰 ကို အခုပဲ ဆက်သွယ်ပြီး အခမဲ့အကြံဉာဏ်တွေရယူလိုက်ပါ။






#လုပ်ငန်းစတင်မယ် #ကြိုတင်ပြင်ဆင်မှု #လုပ်ငန်းရှင်

ဝါလကင်းလွတ်သီတင်းကျွတ်လပြည့် အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာကြပါစေ။စီးပွားလာဘ်လာဘများဆတက်တိုးပွားကြပါစေက...
06/10/2025

ဝါလကင်းလွတ်သီတင်းကျွတ်လပြည့် အချိန်အခါသမယမှာ ကိုယ်စိတ်နှစ်ဖြာကျန်းမာ၊ချမ်းသာကြပါစေ။စီးပွားလာဘ်လာဘများဆတက်တိုးပွားကြပါစေကြောင်း ကျွန်တော်တို့ SET UP 360 ကဆုမွန်ကောင်းတောင်းလိုက်ရပါတယ်။
🎇🎆🎇🎆🎇🎆
သာယာပျော်ရွှင်ဖွယ်ဝါကျွတ်အချိန်အခါလေးဖြစ်ပါစေခင်‌ဗျာ။
#သီတင်းကျွတ်လပြည့်
#အဘိဓမ္မာနေ့


02/10/2025

Setup 360 ရဲ့ဝန်ဆောင်မှုများ 👇




လုပ်ငန်းတစ်ခုတိုးတက်ဖို့အတွက်တိကျတဲ့စနစ်လား၊ရိုးသားတဲ့ လူလား...▄▄▄▄▄▄▄▄▄လုပ်ငန်းတစ်ခုကို ရေရှည်တည်တံ့အောင် တည်ဆောက်တဲ့အခ...
27/09/2025

လုပ်ငန်းတစ်ခုတိုးတက်ဖို့အတွက်
တိကျတဲ့စနစ်လား၊
ရိုးသားတဲ့ လူလား...
▄▄▄▄▄▄▄▄▄
လုပ်ငန်းတစ်ခုကို ရေရှည်တည်တံ့အောင် တည်ဆောက်တဲ့အခါ အရေးပါဆုံးသော အုတ်မြစ်နှစ်ခုကတော့
➤တိကျခိုင်မာတဲ့ စနစ်နဲ့
➤ရိုးသားဖြောင့်မတ်တဲ့ ဝန်ထမ်းတွေပဲဖြစ်ပါတယ်။

💭ဒီနှစ်ခုထဲက ဘယ်ဟာက ပိုပြီး အရေးကြီးသလဲဆိုတဲ့ မေးခွန်းက စဉ်းစားစရာကောင်းတဲ့ မေးခွန်းတစ်ခုပါ။

တစ်ချို့က "လူ" က ပိုအရေးကြီးတယ်လို့ ပြောသလို၊ တချို့ကလည်း "စနစ်" ကသာ လုပ်ငန်းရဲ့အသက်လို့ ဆိုကြပါတယ်။

တကယ်တမ်းတော့ လုပ်ငန်းရဲ့ အခက်အခဲတွေကို ပြန်ကြည့်မယ်ဆိုရင် အမှားအယွင်းတွေ၊ ပစ္စည်းစာရင်း လွဲနေတာတွေ၊ ဈေးနှုန်းမှားယွင်းတာတွေဟာ မရိုးသားမှုထက် စနစ်မကျခြင်းက ပိုပြီး ဖြစ်နိုင်ခြေများပါတယ်။

ဝန်ထမ်းတစ်ယောက်က ရိုးသားပေမယ့်လည်း စနစ်မရှိရင် အမှတ်တမဲ့မှားတာမျိုးတွေ၊ မေ့လျော့တာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းလည်ပတ်မှု အားလုံးကို လူတစ်ဦးတည်း၊ ဒါမှမဟုတ် ဝန်ထမ်းအနည်းငယ်ရဲ့ မှတ်ဉာဏ်ပေါ်မှာပဲ အားထားနေရမယ်ဆိုရင် လုပ်ငန်းရဲ့ တိုးတက်မှုကို အတားအဆီးဖြစ်စေပါတယ်။

စနစ်ကောင်းတစ်ခု ဘာကြောင့်လိုအပ်သလဲ❓

၁။ အမှားအယွင်းများကို လျှော့ချနိုင်ခြင်း
ကောင်းမွန်တဲ့ စာရင်းဇယားစီမံခန့်ခွဲမှုစနစ်တစ်ခုရှိထားရင် ဈေးမှားရောင်းမိတာ၊ ပစ္စည်းစာရင်း လွဲနေတာမျိုးတွေကို လျှော့ချပေးနိုင်ပါတယ်။ ရှင်းလင်းတိကျတဲ့ စနစ်တစ်ခုက လူတွေရဲ့ မှားယွင်းနိုင်ခြေကို လျှော့ချပေးပြီး လုပ်ငန်းဆောင်ရွက်မှုတွေကို ပိုမိုချောမွေ့စေပါတယ်။

၂။ လုပ်ငန်း၏ စွမ်းဆောင်ရည်ကို မြှင့်တင်နိုင်ခြင်း
စနစ်ကျတဲ့ လုပ်ငန်းတစ်ခုမှာ အလုပ်လုပ်ရတာ ပိုမြန်ဆန်ပြီး ထိရောက်ပါတယ်။ ဥပမာ- ရောင်းအား၊ အမြတ်အစွန်းနဲ့ လက်ကျန်ပစ္စည်းတွေကို အချိန်မရွေး တိတိကျကျ သိရှိနိုင်တဲ့ စနစ်ရှိရင် ဆုံးဖြတ်ချက်ချရာမှာ ပိုအထောက်အကူဖြစ်စေပါတယ်။ ဒီလို စနစ်တစ်ခုရှိခြင်းက ဝန်ထမ်းတွေရဲ့ လုပ်ငန်းတာဝန်ကိုလည်း ပိုမိုလွယ်ကူစေပါတယ်။

၃။ လုပ်ငန်းအပေါ် ယုံကြည်မှု တည်ဆောက်နိုင်ခြင်း
လုပ်ငန်းကနေ အမြဲတစေ စာရင်းမှန်ကန်ပြီး မှန်ကန်တဲ့ဈေးနှုန်းတွေနဲ့ ဝန်ဆောင်မှုပေးနိုင်မယ်ဆိုရင် Customer တွေရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်မှာပါ။ ဒီယုံကြည်မှုဟာ လုပ်ငန်းရေရှည်ရပ်တည်ရေးအတွက် အရေးကြီးဆုံးအချက်တွေထဲက တစ်ခုပါ။

ရိုးသားတဲ့ လူတွေကရော ဘယ်လောက်အရေးကြီးသလဲ❓

စနစ်ကောင်းတစ်ခု တည်ဆောက်ထားရင်တောင်မှ အဲဒီစနစ်ကို မှန်ကန်စွာအသုံးပြုပြီး လုပ်ငန်းကို အကျိုးပြုစေမယ့် လူတွေကလည်း အရေးကြီးပါတယ်။ ရိုးသားတဲ့ လူတွေရှိမှသာ စနစ်တစ်ခုရဲ့ အကျိုးကျေးဇူးကို အပြည့်အဝရရှိနိုင်မှာပါ။ ရိုးသားမှုမရှိတဲ့သူတွေက ဘယ်လောက်ကောင်းတဲ့စနစ်ပဲရှိရှိ စနစ်ကိုကျော်လွှားပြီး မရိုးမသားလုပ်ဆောင်နိုင်တာကြောင့် လုပ်ငန်းအတွက် ဆုံးရှုံးမှုတွေဖြစ်စေနိုင်ပါတယ်။

╰┈➤အဖြေတစ်ခု
လုပ်ငန်းတစ်ခုကို ရေရှည်တည်တံ့အောင် တည်ဆောက်ရာမှာ "တိကျခိုင်မာတဲ့ စနစ်" နဲ့ "ရိုးသားဖြောင့်မတ်တဲ့ လူ" နှစ်ခုစလုံးဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေပြီး အပြန်အလှန်အားဖြည့်ပေးပါတယ်။

「ရိုးသားတဲ့လူတွေဟာ စနစ်ကို ပိုပြီး ထိရောက်အောင် အသုံးပြုနိုင်ပါတယ်။ ကောင်းမွန်တဲ့စနစ်ကတော့ ရိုးသားတဲ့လူတွေနဲ့လုပ်ငန်းကိုပါ ပိုပြီး ထိရောက်တိုးတက်အောင် ကူညီပေးနိုင်ပါတယ်။」

ဒါကြောင့် လုပ်ငန်းတစ်ခု တည်ဆောက်တဲ့အခါ ဒီနှစ်ခုလုံးကို မျှတအောင် အလေးထားဖို့ လိုအပ်ပါတယ်။ သို့သော်လည်း စနစ်တစ်ခုရှိခြင်းက ပိုပြီးတော့ အခရာကျတယ်လို့ ဆိုနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ စနစ်တစ်ခုက လုပ်ငန်းရဲ့ လုပ်ငန်းစဉ်တွေကို စနစ်တကျ မှတ်တမ်းတင်ပေးပြီး အမြဲတမ်း မှန်ကန်နေအောင် ထိန်းညှိပေးနိုင်တဲ့အတွက် လုပ်ငန်းမှာဖြစ်တတ်တဲ့ ပုံမှန်အမှားအယွင်းတွေကို သိသိသာသာ လျော့ချပေးနိုင်လို့ပါ။
သင့်လုပ်ငန်းရဲ့ အခက်အခဲတွေကို ဖြေရှင်းချင်တယ်၊ စနစ်ကျတဲ့ လုပ်ငန်းတစ်ခုအဖြစ် ပြောင်းလဲချင်တယ်ဆိုရင်တော့ လူကြီးမင်းတို့ လုပ်ငန်းနဲ့ သင့်တော်တဲ့ စနစ်တစ်ခုကို စတင်တည်ဆောက်သင့်ပါတယ်။
အဲဒီလိုစနစ်တခုကို Data Setup လုပ်ပြီး ပြောင်းလဲချင်တယ်ဆိုရင်တော့ ကျွန်တော်တို့ SET UP 360 ကိုသတိရလိုက်ပါခင်ဗျ။

လူကြီးမင်းတို့ လုပ်ငန်းအတွက်မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေချနိုင်ဖို့နဲ့ အမှားအယွင်းတွေကို လျှော့ချနိုင်ဖို့ စနစ်ကောင်းတစ်ခုကိုကျွန်ုပ်တို့ဝန်ဆောင်မှုက ဖန်တီးပေးပါ့မယ်။စိတ်ချရတဲ့စနစ်‌ကောင်းတခုရှိထားပြီဆိုရင်တော့ရိုးသားတဲ့ ဝန်ထမ်းတွေနဲ့ လက်တွဲတာဟာ အကောင်းဆုံး ရွေးချယ်မှုပဲ ဖြစ်ပါတယ်။




စနစ်တကျ တိုးတက်လိုသည့် လုပ်ငန်းရှင်များအတွက်အပြိုင်အဆိုင်တွေအရှိန်အဟုန်မြင့်လာနေတဲ့ ခေတ်ကြီးမှာ သင့်လုပ်ငန်းက စာရင်းအင်း...
25/09/2025

စနစ်တကျ တိုးတက်လိုသည့် လုပ်ငန်းရှင်များအတွက်

အပြိုင်အဆိုင်တွေအရှိန်အဟုန်မြင့်လာနေတဲ့ ခေတ်ကြီးမှာ သင့်လုပ်ငန်းက စာရင်းအင်းတွေ မရေမရာဖြစ်နေတုန်းပဲလား။

စီမံခန့်ခွဲမှုတွေလည်း အတိအကျမရှိဘဲ ခန့်မှန်းခြေနဲ့သာ လုပ်ဆောင်နေရတာကြောင့် ဈေးကွက်ရဲ့ ခေတ်ရေစီးကြောင်းကို မျက်ခြေပြတ်နေပြီလား။

သင့်လုပ်ငန်းကို စနစ်တကျနဲ့ ခိုင်မာစွာ ရပ်တည်လိုတယ်ဆိုရင်၊ တိကျတဲ့ စာရင်းဇယား စနစ်တစ်ခုရှိဖို့ အရေးကြီးပါတယ်။ မှန်ကန်တဲ့ စာရင်းအင်း စနစ်က ငွေကြေးအမှားအယွင်းတွေကို ကာကွယ်ပေးနိုင်သလို၊ လုပ်ငန်းတိုးတက်ဖို့အတွက်လည်း မြန်ဆန်တဲ့ ဆုံးဖြတ်ချက်တွေ ချမှတ်နိုင်အောင် ကူညီပေးပါလိမ့်မယ်။

ကျွန်တော်တို့ 𝗦𝗘𝗧𝗨𝗣 𝟯𝟲𝟬 က သင့်လုပ်ငန်းရဲ့ စာရင်းဇယားစီမံခန့်ခွဲမှုတွေကို အချိန်တိုအတွင်း တိကျသေချာတဲ့ စနစ်တစ်ခုအဖြစ် ပြောင်းလဲပေးနိုင်ပါတယ်။ ငွေကြေးစာရင်းအင်းတွေ လွဲချော်မှုမရှိအောင်နဲ့ လုပ်ငန်းလည်ပတ်မှုတွေ ပိုမိုချောမွေ့အောင် အထောက်အကူပြုပေးပါမယ်။

သင့်လုပ်ငန်းကို မြန်ဆန်၊ မှန်ကန်၊ တိကျ တဲ့ စနစ်တစ်ခုနဲ့ လည်ပတ်စေချင်ရင်𝗦𝗘𝗧𝗨𝗣 𝟯𝟲𝟬 ကို ဆက်သွယ်လိုက်ပါ။ သင့်လုပ်ငန်းရဲ့ ယုံကြည်စိတ်ချရတဲ့ မိတ်ဖက်အဖြစ် ကျွန်တော်တို့ တာဝန်ယူဆောင်ရွက်ပေးပါရစေ။

ဝန်ဆောင်မှုအသေးစိတ်အတွက်𝗣𝗮𝗴𝗲 𝗠𝗲𝘀𝘀𝗲𝗻𝗴𝗲𝗿 (သို့)𝟬𝟵 𝟮𝟱𝟲𝟰𝟬𝟬𝟳𝟴𝟰 ကို အခုပဲ ဆက်သွယ်ပြီး အခမဲ့အကြံဉာဏ်တွေရယူလိုက်ပါ။





Shout out to my newest followers! Excited to have you onboard! Nyi Nyi, Ma Thu, Cherry Oo, Myo Win, Ayechan Supyae, Hana...
24/09/2025

Shout out to my newest followers! Excited to have you onboard!

Nyi Nyi, Ma Thu, Cherry Oo, Myo Win, Ayechan Supyae, Hana Kanonhoshi, Than Aung, Po Chit, ကွမ်းဆော် အောင်, Smith Smith

Address

39st, 67*68bet
Mandalay

Website

Alerts

Be the first to know and let us send you an email when Setup 360 posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share