SAYAR SAI - Marketing

SAYAR SAI - Marketing Business Lecturer, Trainer and Coach

07/03/2026

ကြိုးစားအားထုတ်​မှုတွေက အားရစရာကောင်းတယ်

ချစ်တပည့်တွေကို အမှတ်တွေများများပေးထားတယ်

ဒီအရွယ် ဒီလောက်ထိ လုပ်နိုင်လာကြတာ လေးစားတယ်

Deep Analysis ပိုင်းတွေထိရတာ တွေ့ရတယ်

မေးခွန်းကြိုက်တာမေး Relevant Answer ပေးနိုင်တယ်

ဒီနေ့ခေတ် လူငယ်လေးတွေရဲ့ ဉာဏ်ရည်ဉာဏ်သွေး

အထင်ကြီးလောက်စရာပါပဲ

Congratulations 👏

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
7 March 2026

03/02/2026

Research Proposal

Final Presentation👏

NVL College

မောက်မာခြင်း အပိုင်း (3)မောက်မာခြင်း Vs စကားပြောမာခြင်း (စကားပြောပြတ်ခြင်း)ဒီလိုလဲ မတူပြန်ဘူးမောက်မာခြင်း အခြေအနေကို အပိ...
29/01/2026

မောက်မာခြင်း အပိုင်း (3)

မောက်မာခြင်း Vs စကားပြောမာခြင်း (စကားပြောပြတ်ခြင်း)
ဒီလိုလဲ မတူပြန်ဘူး

မောက်မာခြင်း အခြေအနေကို အပိုင်း 1 နဲ့ 2 မှာ
ရေးထားခဲ့ပြီးပြီမို့
စကားပြောမာခြင်း/ပြတ်ခြင်း အခြေအနေကို​သာရေးပါမယ်

🔶စကားပြောမာခြင်း၊ ပြတ်သားခြင်းပုံစံတွေမှာ....
🔸ရှင်းလင်းမှုကို ချက်ချင်းရလိုတဲ့စိတ်ရှိတာ
🔸စိတ်မြန်တဲ့အတွက် ခပ်ပြတ်ပြတ်ပြောတတ်တာ
🔸ပြတ်ပြတ်သားသား၊ မြန်မြန်ဆန်ဆန်ကိုကြိုက်တာမျိုးပေါ့
🔸လုပ်စရာရှိတာကို တွေးမနေဘူး၊ လုပ်ချတတ်သူတွေပေါ့
🔸ဒီ​လိုစိတ်ရဲ့ နောက်မှာ အငြိုးထားစိတ်မရှိတတ်ဘူး
🔸အတွင်းကောက်သောစိတ်မျိုး မရှိတတ်ဘူး
🔸ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်လိုစိတ်မျိုးလည်း မရှိဘူး
🔸သူတစ်ပါးထက် ငါကသာတယ်ကွ ဆိုတဲ့စိတ်မျိုးမပါဘူး
🔸စိတ်က ရှင်းတယ် စကားပြောပဲ ပြတ်တာ
မြန်မာလို ဒဲ့ကြီးပြောရရင်
🔸ခပ်ရှင်းရှင်း ခပ်ဘွင်းဘွင်း သမားတွေပေါ့

ဒါကြောင့် မောက်မာတဲ့သူတွေနဲ့တော့ မတူပြန်ဘူး

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
25 Jan 2026

မောက်မာခြင်း အပိုင်း (2)မိမိကိုယ်ကိုယ် ဂုဏ်ယူမှု နဲ့ မောက်မာမှု (ကြွားဝါထောင်လွှားမှု)🔶ဂုဏ်ယူမှုဟာ  🔸Self- respect ကိုယ်...
27/01/2026

မောက်မာခြင်း အပိုင်း (2)

မိမိကိုယ်ကိုယ် ဂုဏ်ယူမှု နဲ့ မောက်မာမှု (ကြွားဝါထောင်လွှားမှု)

🔶ဂုဏ်ယူမှုဟာ

🔸Self- respect ကိုယ့်ကိုယ်ကိုယ်လေးစားတာ
🔸ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားတတ်တာ
🔸ဂုဏ်ယူမှု က ကိုယ့်ကိုယ်ကိုယ် Focus လုပ်တာ
🔸ပြိုင်ဆိုင်နှိုင်းယှဥ်လိုသော စိတ်ဆန္ဒအလျင်းမရှိဘူး
🔸ရင်တွင်းမှာ ငြိမ်သက်မှုရှိတယ် အေးမြတယ်

🔶မောက်မာမှုဟာ

🔸ကြောက်စိတ်နဲ့ Insecurity မလုံခြုံစိတ်ကြောင့် ဖြစ်လာတာ
🔸သူတစ်ပါးထက် ပိုတန်ဖိုးရှိတယ်ဆိုတာမျိုး ဖြစ်ချင်တာ
🔸ပြိုင်ဆိုင်နှိုင်းယှဥ်လိုသော စိတ်ဆန္ဒပြင်းပြတာ
🔸မောက်မာမှုက တခြားလူတွေကို Focus လုပ်တာ
🔸ရင်ထဲမှာ တင်းမာတယ်၊ ခုခံကာကွယ်ထားတယ်

ဒါကြောင့်
ဂုဏ်ယူမှု နဲ့ မောက်မာမှု တူမလိုလိုနဲ့ မတူဘူး...

"ပညာတတ်တဲ့သူတွေက ပိုမောက်မာတယ်"

ဒီလိုလည်း တစ်ချို့က ဆိုကြတာပဲ
ကျွန်တော် အပိုင်း (1)မှာရေးထားသလိုပဲ
ဒီနေရာမှာ အခြေအနေပဲမှန်တာ၊ အကြောင်းအရင်းမ​မှန်ဘူး
ပညာတတ်လို့ မောက်မာသွားတယ်ဆိုတာမျိုးမရှိဘူး
မောက်မာမည့်သူဟာ ပညာတတ်တတ်၊
မတတ်တတ် မောက်မာခြင်း အပြုအမူရှိတယ်
အမှန်တကယ် ပညာတတ်ဖြစ်သွားရင်လည်း
Achievement အတွက် ဂုဏ်ယူတာမျိုး ရှိမယ်
ကြွားဝါထောင်လွှားမှုမျိုး မလုပ်ဘူး
မောက်မာသော အပြုအမူမျိုး မရှိဘူး
ရှိနေရင်လဲ တကယ်ပညာတတ်တယ် မခေါ်ဘူး...

နောက်ရက်မှာ ​အပိုင်း (3) ကိုတင်ပေးပါမယ်။

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
25 Jan 2026

မောက်မာခြင်း - အပိုင်း (1)ဒီလူက ပိုက်ဆံ ရှိလာတော့ အရင်နဲ့မတူတော့ဘူး မောက်မာလာတယ် ဒီလိုစကားမျိုး ကြားကောင်း ကြားဖူးကြလိမ်...
26/01/2026

မောက်မာခြင်း - အပိုင်း (1)

ဒီလူက ပိုက်ဆံ ရှိလာတော့
အရင်နဲ့မတူတော့ဘူး မောက်မာလာတယ်

ဒီလိုစကားမျိုး ကြားကောင်း ကြားဖူးကြလိမ့်မယ်
တကယ်လဲ ဒီအခြေအနေမျိုးကို မြင်ဖူးကြတာကိုး

ဒါပေမယ့် ဒီနေရာမှာ အခြေအနေကပဲ မှန်တာ
အကြောင်းအရင်းကတော့ မမှန်ကန်ဘူး

ပိုက်ဆံဆိုတာ လူကို မောက်မာမသွားစေနိုင်ဘူး
ပိုက်ဆံက လူကို အကူအညီပဲပေးတာ
အထောက်အပံ့ပဲ ပေးတာ...

တကယ်တမ်း လူကို ဆိုးစေတာ ပိုက်ဆံမဟုတ်ဘူး
ပိုက်ဆံ သပ်သပ်ဟာ အရောင်အဆင်း ဖြူတယ်
လူ ၌ကသာ အရောင်တွေ စွန်းပေနေတတ်တာ
ဒါကို ပိုက်ဆံက ဖော်ထုတ်ပေးရုံပဲ စွမ်းတယ်...

မွေးက​တည်းက အရမ်းချမ်းသာလို့ မောက်မာတယ်
မရှိဆင်းရဲရာကနေ ချမ်းသာလာလို့ မောက်မာတယ်
ဒီလိုမဟုတ်ဘူး...

လူတစ်ယောက် မောက်မာလာရခြင်းဟာ
ပိုက်ဆံကြောင့် မဟုတ်ဘူး

လူတစ်ယောက်ကို မောက်မာစေတဲ့ အဓိက အကြောင်းအရင်းတွေထဲမှာ
အထင်သာ အမြင်သာဆုံး အချက် ၂ချက် ရှိတယ်

၁) ကြောက်စိတ် နဲ့
၂) မရင့်ကျက်မှု

🔶ဘယ်လို ကြောက်စိတ်မျိုးလဲဆိုရင်
- မိမိကို လေးစားမှုမပေးမှာကို ကြောက်စိတ်
- မိမိကို အထင်အမြင်သေးမှာကို ကြောက်စိတ်
- မိမိကို ထိခိုက်မှုပြုမှာကို ကြောက်စိတ်
- မိမိိကို အထက်စီးနင်းပြုမှာကို ကြောက်စိတ်
- မိမိကို ငြင်းပယ်/အလေးမထားမည်ကိုကြောက်စိတ်

ဒီလို ​စိတ်မလုံခြုံသော Insecurity
ကြောက်စိတ်တွေရဲ့ တွန်းအားကြောင့်
ကိုယ့်ကိုယ်ကိုယ် ကြိုတင် ကာကွယ်မှုပြုရတာ
ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအားနည်းခြင်းကြောင့် ခုခံကာကွယ်နေတတ်တာ
ဒီလိုနဲ့...
မောက်မာသော တုန့်ပြန်မှု အခြေအနေဖြစ်လာရတာ
ကြွားဝါထောင်လွှားခြင်းအပြုအမူ ဖြစ်လာရတာ
(မောက်မာရင် ဘာတွေလုပ်ကြသလဲတော့ အသေးစိတ် မရေးတော့ဘူး)

မိမိကိုယ်ကိုယ် ဂုဏ်ယူခြင်းနဲ့ မောက်မာခြင်းဟာ မတူဘူး
မောက်မာတာနဲ့ စကားပြောမာတာ/ ပြတ်သားတာ
ဒီလိုလဲ မတူပြန်ဘူး

(ဒီအကြောင်းတွေကို နောက်အပိုင်းတွေမှ ရေးမယ်)

🔶နောက်တစ်ချက်က မရင့်ကျက်မှု (Emotional Immaturity)
Self-awareness အားနည်းတဲ့အခါ
အပြုအမူရုပ်ဆိုးသည်ကို သတိမထားမိတာ
Emotional Intelligence အားနည်းခြင်းကြောင့်
စိတ်ခံစားမှုကို ပြင်းထန်မြန်ဆန် တုန့်ပြန်မိတာ

ဒီလို မဖြစ်စေဖို့ ဘာအရေးကြီးတာလဲဆို?
- Self-​awareness
- Emotional Strength နဲ့ Inner Security ဖြစ်ဖို့ပဲ

ဒါကို အပိုင်း (၁) လို့ပဲ ဆိုပါတော့
အပိုင်း (၂ နဲ့ ၃) ကို နောက်မှ ရေးမယ်။

------------------------------------------------------

လူတွေကြိုက်လား၊ မကြိုက်လားတော့ မသိဘူး
အမွှေတွေ လုပ်သလိုများ ဖြစ်နေမလားပေါ့
ဒါပေမယ့်
သိထားဖို့လိုမယ့်အရာတွေမို့သာ မျှဝေပေးတာ

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
23 Jan 2026

"Marketing for Manager"Weekend Online ClassMIBA College
25/01/2026

"Marketing for Manager"
Weekend Online Class
MIBA College

ကျွန်တော်က Marketing ပညာရပ် (Not Marketing Tools) ကို ဘာကြောင့် Specialize လေ့လာ အသုံးပြုသလဲဆိုMarketing ဟာ ဘဝတစ်ခုရဲ့ ဒ...
25/01/2026

ကျွန်တော်က Marketing ပညာရပ်
(Not Marketing Tools) ကို
ဘာကြောင့် Specialize လေ့လာ အသုံးပြုသလဲဆို

Marketing ဟာ ဘဝတစ်ခုရဲ့ ဒဿန ဖြစ်နေလို့
ဒီလို မြင်ရ၊ ခံစားရပြီး ဘဝနေနည်းကို သိလာစေလို့
အရာရာတိုင်းဟာ Marketing နဲ့ မကင်းကွာနိုင်လို့

အဓိက အချက်ကို ဒဲ့ပြောဆိုရင်
ဘယ်သူမှ "မရှုံး" ဘယ်သူမှ "မနိုင်ဘူး" ဆိုတဲ့
Mutual Benefit အပြန်အလှန်
အကျိုးအမြတ်ကို ဖြစ်ထွန်းစေသော ပညာရပ်ဖြစ်နေလို့
လူကောင်းတစ်ယောက်နဲ့ တူလို့ (မတူရင် Marketing မဟုတ်လို့)

Customer လိုအပ်ချက်ကို ဖြည့်စွမ်း၊ Satisfy ဖြစ်စေ
ပြီးမှ ကိုယ့် Business ဟာ အကျိုးအမြတ်ကိုယူတာ

ဘဝဆိုတာ ဒီလိုပဲ
ဘယ်လိုလူတွေနဲ့ ဆုံတွေ့သည်ဖြစ်စေ
ကိုယ်ကချည်း သာချင်နေလို့ မရဘူး
ဒီလိုပဲ ကိုယ်ကချည်း နာ​နေရင်လဲအဆင်မပြေဘူး
ဒါဆို ရေရှည် ခိုင်မာသော Relationship မျိုးမဖြစ်ဘူး
၂ဖက်စလုံးမှာ အကျိုးကျေးဇူးဖြစ်ဖို့စဥ်းစားရတယ်
ဒါဟာ ဘဝနေနည်းတစ်မျိုးပဲ...

"ခင်ရာဆွေမျိုး မြိန်ရာဟင်းကောင်း" တဲ့

Marketing ဆိုတာလည်း ဒီလိုပဲ
ကိုယ့်ရဲ့ Customers တွေ၊ Prospects တွေ၊
ပြီးတော့ Social နဲ့ ခင်အောင် Relationship Building လုပ်တယ်၊
Public Relation တွေလုပ်ကြတယ်
ရင်းနှီးအောင်၊ ယုံကြည်အောင် Brand Building လုပ်တယ်
ရင်းရင်းနှီးနှီး စကားပြောတယ်၊ ဖော်ရွေမယ်၊ နွေးထွေးမယ်
ဒါကြောင့် Business တွေဟာ Friendly Message မျိုးတွေကို သုံးတယ်
လူသားဆန်ဆန် Emotional Connection လုပ်လာတယ်

Nike က "Just Do it" လို့သုံးတယ်
Starbucks က "Let's grab a coffee"
Airbnb က "Belong Anywhere"
Grab က "Where are we going today"
Amazon က "We've got you covered"
ဒီလိုတွေ့ရလိမ့်မယ် ....

Marketing ကို နားလည်ရင် ဘဝကိုနားလည်လာမယ်
ဘဝကို နားလည်ထားရင် Marketing ကိုနားလည်မယ်

တစ်ခြားသူတွေနဲ့ မြင်တာချင်း တူချင်မှတော့တူမယ်
ကျွန်တော်က Marketing ကို
ပိုက်ဆံ ရှာပေးတဲ့ ပညာဖြစ်လို့ ကြိုက်တာမျိုး မဟုတ်ဘူး
ဘဝနေနည်းကို မြင်ရလို့ နှစ်သက်တာမျိုး....

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
25 Jan 2026

ကျွန်တော်က အတွေးအခေါ်သမားစာအုပ်ကြီးသမားတော့ မဟုတ်ဘူးဒီလို ကိုယ့်ကိုယ်ကိုယ်သတ်မှတ်တယ်စာသင်တာတောင် အတွေးအခေါ်မပါပဲ မသင်ဘူး...
25/01/2026

ကျွန်တော်က အတွေးအခေါ်သမား
စာအုပ်ကြီးသမားတော့ မဟုတ်ဘူး
ဒီလို ကိုယ့်ကိုယ်ကိုယ်သတ်မှတ်တယ်
စာသင်တာတောင် အတွေးအခေါ်မပါပဲ မသင်ဘူး

စာအုပ်ထဲပါသမျှတိုင်းကို လက်ခံပြီးမယုံတတ်ဘူး
ဟောတာ၊ ပြောတာတိုင်းကို ယုံတာမျိုးလည်း မရှိဘူး
သမိုင်းကြောင်းတွေဆိုလဲ လွယ်လွယ်ယုံတဲ့ထဲ မပါဘူး
မယုံဆုံးကတော့ သမိုင်းကြောင်းပဲ
ဘာသာရေးဆိုလည်း ဘာနေနေယုံလိုက်တာမျိုးမရှိဘူး

တွေးခေါ်စမ်းစစ်ကြည့်ရတာမျိုးကိုပဲ ကြိုက်တာ
ဘယ်ဘက်ကစမ်းစမ်း မှန်နေတဲ့အဆိုကိုပဲ လက်ခံတာ

❗️မယုံလို့ ဆန့်ကျင်တာလားဆိုလဲ မဟုတ်ဘူး

ဘာကိုမှ ဆန့်ကျင်တာမျိုး မရှိဘူး
သဘာဝမကျရင် မသုံးဘူး။ စမ်းစစ်တယ်။ ကိုယ့်အတွက်မှန်တာပြန်ရှာတယ်။
မှားတယ်လို့လဲ မဆိုတတ်ဘူး
ကိုယ့်အတွက်လက်ခံလို့ မရသေးတာ
ခက်တော့လည်းခက်တယ်
ကိုယ့်ပုံစံကိုက ဒီလိုမျိုးဖြစ်နေတာ ...

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
14 Jan 2026

23/01/2026

Hong Food မှ ကလေးများ၏

ဝန်ဆောင်မှု တိုးတက်ကောင်းမွန်ရေးအတွက်

လက်တွေ့အသုံးချ Customer Service Training

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
23 Jan 2026

" RISK-TAKING "Entrepreneural Risk-Taking (စွန့်ဦးတီထွင်စွန့်စားမှု  နဲ့  Recklessness (မဆင်မခြင် ကမူးရှူးတိုးလုပ်မှု)ဟ...
22/01/2026

" RISK-TAKING "

Entrepreneural Risk-Taking (စွန့်ဦးတီထွင်စွန့်စားမှု နဲ့ Recklessness (မဆင်မခြင် ကမူးရှူးတိုးလုပ်မှု)
ဟာ မတူညီဘူး

စွန့်စားလိုသောစိတ်ကတော့ အတူတူပဲ
ဒါပေမယ့် အခြေအနေတွေကတော့ မတူညီဘူး

🔷Entrepreneural Risk-Taking မှာ
Opportunity Assessment - အခွင့်အလမ်း အကဲဖြတ်မှုသေချာလုပ်တယ်
Risk ကို တွက်ချက်ပြီးမှလုပ်တယ်၊
အချက်အလက်ကို အားကိုးတယ်
Risk management နဲ့ Mitigation အပိုင်းလုပ်ဆောင်တယ်

🔷Recklessness ကတော့ ဆန့်ကျင့်ဘက်ပေါ့
မဆင်မခြင်အတင်း လုပ်ဆောင်ဖို့ပြင်းပြတယ်
Idea ကိုပဲအားကိုးပြီး ဖြစ်ချင်ရာဖြစ် လုပ်ရဲတယ်
Perception လိုမျိုး အထင်အမြင်ကိုအားကိုးတယ်

Risk ဆိုတာ ယူတိုင်းကောင်းနေတာတော့မဟုတ်ဘူး
ယူသင့်တဲ့ Risk ကို ယူပြီး
စီမံသင့်တဲ့ Risk ကိုစီမံရတယ်
ရှောင်သင့်တဲ့ Risk ကိုတော့ ရှောင်ရတယ်

ဒီလိုသေချာဆင်ခြင်ပြီးမှ ယူတဲ့ Risk ကို Entrepreneural Risk-Taking လို့ ခေါ်တယ်

Entrepreneural Risk-Taking ပဲ ဖြစ်ဖြစ်
Recklessness ပဲဖြစ်ဖြစ်
အောင်မြင်နိုင်တယ်/ ကျရှုံးနိုင်တယ်
ဒါပေမယ့် ရာခိုင်နှုန်းအားဖြင့်တော့ မတူဘူးပေါ့...

Case Studies တွေလေ့လာရင်း
ကိုယ်မြင်မိ ခံစားမိတာလေးပါ...

(သိချင်တဲ့ အကြောင်းအရာတွေရှိရင်လည်း Comment မှာရေးထားပေးလို့ရပါတယ်)

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
13 Jan 2026

ထိန်းကျောင်းမှုဟာ  ထိန်းချုပ်မှုမဟုတ်ဘူးEmotion ကို ထိန်းချုပ်ထားလို့မရဘူးအလိုအလျောက် တုန့်ပြန်မှုတွေဖြစ်တယ်ဒါပေမယ့် Emo...
22/01/2026

ထိန်းကျောင်းမှုဟာ ထိန်းချုပ်မှုမဟုတ်ဘူး

Emotion ကို ထိန်းချုပ်ထားလို့မရဘူး
အလိုအလျောက် တုန့်ပြန်မှုတွေဖြစ်တယ်
ဒါပေမယ့် Emotion ကို ထိန်းကျောင်းလို့ရတယ်

ဒါကြောင့် တရားထိုင်တဲ့အခါမှာ
Emotion ဖြစ်ပေါ်လာမှုတွေကို မြင်အောင်ကြည့်တယ်
မြင်လာတဲ့အခါ အကြောင်းနဲ့ အကျိုးဟာ ချိတ်ဆက်နေတယ်
အကျိုးနဲ့ အကြောင်းကို ​မြင်တဲ့အခါ ထိန်းကျောင်းနိုင်သွားတယ်

ထိန်းချုပ်တယ်ဆိုတာ မရင့်ကျက်သေးသော အပြုအမူ
ထိန်းကျောင်းမှု ပြုတာဟာ ရင့်ကျက်သောအပြုအမူ

ထိန်းချုပ်မှု နဲ့ ထိန်းကျောင်းမှု
ဒါကို ကွဲကွဲပြားပြား သိထားဖို့လိုတယ်

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
22 Jan 2026

လွတ်မြောက်မှု (Vs) လွတ်လပ်မှု/သာယာမှု လွတ်မြောက်မှုဟာ ငြိမ်သက်မှု ဖြစ်ပြီးလွတ်လပ်မှုဟာ သက်သောင့်သက်သာဖြစ်မှုပဲဒီ ၂ခု တူမ...
19/01/2026

လွတ်မြောက်မှု (Vs) လွတ်လပ်မှု/သာယာမှု

လွတ်မြောက်မှုဟာ ငြိမ်သက်မှု ဖြစ်ပြီး
လွတ်လပ်မှုဟာ သက်သောင့်သက်သာဖြစ်မှုပဲ
ဒီ ၂ခု တူမလိုလိုနဲ့ မတူဘူး

သွားချင်ရာကို သွားခွင့်၊ စားချင်ရာကိုစားခွင့်
နေချင်ရာမှာနေခွင့်၊ ပြောချင်တာကို ပြောခွင့်ရှိခြင်း
ဒါဟာ လွတ်လပ်မှုပဲ
ဒါပေမယ့် လွတ်မြောက်မှု တော့မဟုတ်ဘူး

( ဖြည့်စွက်။ ။ အမှန်စင်စစ် လူတို့ဟာလည်း
လွတ်လပ်မှုကို တကယ်မရကြဘူး။
သွားချင်ရာကို စိတ်အလိုကျ သွားခွင့်မရနေဘူး
စားချင်ရာကို စိတ်အလိုကျ စားလို့မရနေဘူး
နေချင်ရာမှာ နေခွင့် တကယ်မရနေကြဘူး
ပြောချင်ရာကို တကယ်အကုန်ပြောလို့မရနေကြဘူး)

လွတ်လပ်မှု ရှာဖွေခြင်းကို မှားတယ်လို့ မဆိုလိုဘူး
လွတ်လပ်မှုနဲ့ လွတ်မြောက်မှု
မရှင်းလင်းမှသာ ပြဿနာရှိသွားတာ
လွတ်လပ်မှုကို နှစ်သက်ရင် လွတ်မြောက်မှုကိုမရဘူး

ဗုဒ္ဓ ပေးတာဟာ လွတ်မြောက်သောလမ်း ဖြစ်ပြီး
လူသားတို့ (ကျွန်တော်တို့)ရွေးတာဟာ လွတ်လပ်သောလမ်းပဲ

လွတ်မြောက်မှုကို တစ်ခွန်းထဲနဲ့ ပြောဆိုရင်

✨"မလွတ်လပ်မှုကို ငြိမ်သက်စွာ လက်ခံမှု" ✨

တုန့်ပြန်မှု မဟုတ်ဘူး
ဒါကမှ စင်စစ်လွတ်မြောက်မှုပဲ

လက်တွေ့ မြင်သာတဲ့ ဥပမာပြောရရင်....

🔹ချမ်းသာခြင်း၊ အောင်မြင်ခြင်း၊ ဂုဏ်ဝါကြီးခြင်း
ဒါတွေဟာ လွတ်လပ်မှုကို
အထိုက်အလျှောက်ပေးနိုင်စွမ်းတယ်
ဒါပေမယ့် လွတ်မြောက်မှုကိုတော့ မပေးဘူး
တွယ်ငြိမှုတွေကိုပဲ ပွားစေတယ်...

🔹ဒီလိုပဲ ဆင်းရဲခြင်း၊ မအောင်မြင်ခြင်း၊ ဂုဏ်နိမ့်ခြင်း
ဒါတွေက လွတ်လပ်မှုကိုလဲ မပေးဘူး
လွတ်မြောက်မှုကိုလဲ မပေးဘူး
မရနိုင်တာမဟုတ်ဘူး မလွယ်ကူတာ
ဆိုတော့ ပိုမကောင်းဘူးပေါ့...

🔶ကိုယ့်ဆီမှာ မရှိသေးတာကို မတောင့်တတာ
🔶ရှိနေတာကို ရောင့်ရဲလက်ခံနိုင်တာ
( အပျင်းကြီးခြင်းနဲ့ မတူညီဘူး)

ဒါကပဲ လွတ်မြောက်မှုကို ​အထောက်အပံ့​ဖြစ်စေတာ

လုံ့လ နဲ့ ဝီရိယမှာ လောဘ၊ဒေါသ နဲ့ မာနတွေမပါရဘူး

🔷ကိုယ်ချစ်ရသောသူ၊ ကိုယ့်ကိုချစ်သောသူတို့၏
လေးစားမှု၊ အထင်ကြီးမှုကို ရယူလိုခြင်း "လောဘ"

🔷ကိုယ့်ကိုမကြည်ဖြူသောသူ၊ ကိုယ်က မကြည်ဖြူသောသူတို့ထက်
သာလွန်သော အခြေအနေကို ပိုင်ဆိုင်လိုခြင်း "ဒေါသ"
ဒီလို "စေတသိက်" တွေရှိတဲ့အခါမှ မလွတ်မြောက်တာ
ကြိုးစားနေတိုင်း မလွတ်မြောက်တာမျိုး မဟုတ်ဘူး

ဒီလို စိတ်အာရုံတုန့်ပြန်မှုမျိုးရှိနေရခြင်းဟာ
လွတ်မြောက်မှုလမ်းနဲ့ ဝေးနေရခြင်းပဲ

သို့သော်
ကြိုးစားအားထုတ်နေရင်းက
လွတ်လပ်ခြင်း အထိုက်အလျှောက်ရနေတာကပဲ
ကောင်းနေသေးတယ်လို့ဆိုရမှာပဲ.....

ဘာလို့​ဆို လွတ်မြောက်မယ့်လူရယ်လို့ လွယ်လွယ်မရှိဘူး
လွတ်မြောက်နေရင်လဲ လူတိုင်းလွယ်လွယ်မမြင်နိုင်ဘူး

ဒါကတော့ ကိုယ့်ရဲ့ခြုံငုံသုံးသပ်မှုပါ
လက်ခံရမယ် မဆိုလိုပါဘူး...

(သိချင်တဲ့ခေါင်းစဥ်တွေရှိရင်လည်း Comment မှာရေးထားပေးလို့ရပါတယ်)

SAYAR SAI (MARKETING)
Business Lecturer, Trainer and Consultant
14 Jan 2026

Address

Mandalay

Telephone

+959402644220

Website

Alerts

Be the first to know and let us send you an email when SAYAR SAI - Marketing posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to SAYAR SAI - Marketing:

Share