Car Taxi MDY

Car Taxi MDY Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from Car Taxi MDY, Business service, mandalay, Mandalay.

05/11/2017
မန္တလေး ဗန်းမော်လမ်းပိုင်း
09/05/2017

မန္တလေး ဗန်းမော်လမ်းပိုင်း

24/01/2017
05/01/2017

နောင်ချို
~~~~~~~

ရှမ်းပြည်နယ် မြောက်ပိုင်းရဲ့အစ အေးချမ်းတဲ့မြို့
ပြင်ဦးလွင်အကျော်နားလေးက မထင်မရှားရှိနေတဲ့မြို့
ဂုတ်ထိပ်တံတားကလွဲလို့ ခရီးသွားတွေ သိပ်မသိသေးတဲ့မြို့
Adventurers တွေ trekking သမားတွေ ကြိုက်မယ့်မြို့

တော်တော်များများက ရှမ်းပြည်နယ် မြောက်ပိုင်းမှာဆို သီပေါမှာ trekking လုပ်လို့ရတယ် ဆိုတာ သိပေမဲ့ နောင်ချိုမှာလည်း လုပ်လို့ရတယ်ဆိုတာ မသိကြပါဘူး အမှန်အတိုင်းပြောရရင် ကိုယ်တိုင်လည်း နောင်ချိုမှာ ဂုတ်ထိပ်တံတားကလွဲလို့ သိတာ မရှိပါဘူး

နှစ်သစ်မှာ ခရီးထွက်ချင်တာကတစ်ကြောင်း ရှေ့အပတ်က နောင်ချိုက အစ်မ တစ်ယောက်က နောင်ချိုမှာ အဲလို hidden gems လေးတွေရှိတယ် ဆိုပြီး လာပြတာကတစ်ကြောင်း သူငယ်ချင်းတစ်ယောက်ကလည်း သူဒီတစ်ခေါက် backpacking ကို join ချင်တယ် ဆိုတာကြောင့် ဒီခရီးစဉ်ကို စ စီစဉ်ဖြစ်ပါတယ်

ထုံးစံအတိုင်း ခရီးတစ်ခုစီစဉ်ရင် ကြိုပြီး data ရှာတတ်တဲ့ အကျင့်ကြောင့် data စရှာပါတယ် အဲဒီမှာ ပြဿနာစတက်တာဘဲ ဘယ်မှာ လိုက်ရှာရှာ အချက်အလက်က ဂုတ်ထိပ်တံတားကလွဲလို့ သိပ်မရှိပါဘူး အဲဒါနှင့် နောင်ချိုအကြောင်း လာပြတဲ့ အစ်မကိုဘဲ အကူအညီ ပြန်တောင်းရပြန်ပါတယ် ဖြစ်ချင်တော့ နောင်ချိုအကြောင်း ကျွန်တော့်ကို introduce လုပ်ပေးခဲ့တဲ့ အစ်မက နောင်ချိုမှာ trekking services စပေးဖို့ plan တွေချနေတဲ့ နောင်ချိုမြို့ကို တိုးတက်စေချင်သူ ဖြစ်နေပြန်တယ်

အဲဒီမှာ စ စကားပြောရင်း အဲဒီ အစ်မက ကျွန်တော်တို့ ကျောင်းက senior တစ်ယောက်ဖြစ်နေသလို သူတို့ ရွာခံတွေ စီစဉ်ထားတဲ့ Nam Ngo Waterfall Trekking page ကို လမ်းညွှန်ပေးခဲ့ပါတယ် အဲဒီ page ကပေးတဲ့ information နှင့် package အတိုင်း သွားခဲ့တာပါ

သူဆီမှာ Soft trekking & Jungle trekking ဆိုပြီးရှိပါတယ် နောင်ချိုက တကယ်တမ်းစုံအောင် ပတ်ကြည့်မယ်ဆို ငါးရက်လောက်လိုပါတယ် ကျွန်တော်တို့ကတော့ time limitation အရ သုံးရက်နှင့် အပြီးသွားခဲ့ပါတယ် နမ့်ငို ရေတံခွန်ကတော့ private land ဖြစ်တာကြောင့် သူတို့နှင့် ချိတ်ပြီး သွားမှ အဆင်ပြေမှာပါ ခရီးတစ်ခုလုံးရဲ့ highlight ကတော့ နမ့်ငို ရေတံခွန်ဆီကို တောလမ်းလျှောက်ခြင်းပါ

အသွားခရီး
~~~~~~~~

အသွားခရီးကတော့ ရွှေလားရှိုးနှင့် နောင်ချိုကို တိုက်ရိုက် express ရှိပါတယ် မြို့ထဲ အောင်ဆန်းကွင်းကနေ စီးရင် နေ့လည် ၂ နာရီ လောက်က စ စီးရပြီး အောင်မင်္ဂလာ အဝေးပြေးကွင်းကဆိုရင်တော့ ညနေ ၄ နာရီပါ VIP & Normal Class နှစ်မျိုးရှိပါတယ် နောင်ချိုရောက်ရင် ရတနာသိင်္ဂီ စားသောက်ဆိုင်ရှေ့မှာ ဆင်းပြီး Nan Ngo Waterfall Trekking Service က လာကြိုပါလိမ့်မယ် ပြီးတော့ သူတို့ ပြင်ထားပေးတဲ့ အိမ်မှာ ခဏ အိပ်စက် အနားယူလို့ရပါတယ်

ကျွန်တော်တို့ကတော့ ရွှေလားရှိုး ကားအချိန်နှင့် အဆင်မပြေတာနှင့် ရန်ကုန်ကနေ မန္တလေးကို ည ၉ နာရီိ မန်းရွှေပြည်ကားနှင့် သွားခဲ့ပါတယ် ပြီးမှ မန္တလေးကနေ နောင်ချိုကိုကျ ရွှေနောင်ချိုကားဂိတ်က van ကားလေးကို တစ်စီးလုံးငှားပြီး နောင်ချိုကို တက်ခဲ့ပါတယ် ကားခက မန္တလေး - နောင်ချို တစ်စီးလုံးကို ၃၀၀၀၀ ကျပါတယ် ကားဂိတ် ဖုန်းနံပါတ်တွေကို အောက်မှာ ဓာတ်ပုံတင်ပေးထားပါတယ်

ပထမနေ့ - နမ့်ငို Jungle Trekking
~~~~~~~~~~~~~~~~~~~~~~~~~

နောင်ချိုသွားမယ် ဆိုတော့ တက်တက်ကြွကြွဘဲ ကျွန်တော်ရော ကျွန်တော့်သူငယ်ချင်းရောက နမ့်ငိုရေတံခွန် jungle trekking ကိုဘဲ ရွေးခဲ့ပါတယ်

နောင်ချိုကို ကျွန်တော်တို့ရောက်တော့ ကားတစ်ဆင့် ပြန်စီးရတာကြောင့် မနက် ၁၀ နာရီ ကျော်နေပြီ တကယ်လို့ ရွှေလားရှိုးနှင့် သွားမယ် ဆိုရင်တော့ မနက် လေးနာရီလောက်ရောက်လို့ ခဏနား မနက်စာစားပြီး မနက် ၈ နာရီလောက်ဆို trekking စလို့ရပါပြီ ကျွန်တော်တို့ကတော့ မနက် ၁၀ နာရီမှ ရောက်တော့ ၁၁ ကျောက်လောက်မှ starting point ကို ရောက်ပါတယ်

Starting point ကို ကားနှင့် သွားတဲ့ လမ်းတစ်လျှောက်မှာ ကလောလိုဘဲ စိုက်ခင်းတွေ အများကြီးရှိပါတယ် လိုက်ပို့ပေးတဲ့ ဦးလေးကလည်း ဘာစိုက်ခင်းက ဘာ ဒီမှာ ဘာကို အဓိက လုပ်ကိုင်တယ်ဆိုတာ သေချာ ရှင်းပြပါတယ်

အဲဒီကနေ တောင်စောင်းလေးအတိုင်းသွားတော့ နောင်တောရွာ ဦးသာမောင်တဲကနေ စပြီး ခြေကျင် တောလမ်းလျှောက်ကြပါတယ် Jungle Trekking ဆိုတာနှင့် အညီ တကယ့် တောနက်ကြီးကို အဲဒီမှာ စတွေ့ရတာဘဲ

တောင်ကို ပတ်ပြီး တောနက်ထဲ ဆင်းရတာပါ အတက်လမ်းရှိသလို အဆင်းလမ်း ချောက်ကြီးတွေနှင့် ကလော trekking နှင့်မတူ မြေပြန့်ဆိုတာ မရှိသလောက်ပါ

တောင်ခြေမှာတော့ တန်ချိန် ၇၀၀၀ ထုတ် သကြားစက်ကြီးကို မြင်နေရပြီး စဆင်းတဲ့နေရာကနေ လမ်းတစ်ဝက် လောက်အထိဘဲ လူသွားလို့ ရတဲ့ လမ်း ပေါက်ပါတယ်

တောက နက်လာတာနှင့်အမျှ တောင်က ပို မတ်စောက်လာသလို နွယ်ပင် နွက်ခက်တွေကလည်း နေရာတိုင်းပါဘဲ စဆင်းတဲ့နေရာကနေ ၁ နာရီလောက်ကြာတော့ ပထမဆုံး view point ကို စတွေ့ပါတယ် လင့်စင်လေးလုပ်ပေးထားပြီး အဲဒီကနေ ရေတံခွန်ကို သေးသေးလေး စတွေ့ရပါတယ်

နောက်မိနစ် သုံးဆယ်လောက် ထပ်လျှောက်တော့ နောက် view point တစ်ခုပေါ့ အဲဒီမှာ အဆာပြေ မုန့်စားကြပါတယ် ပြီးတာနှင့် အဲဒီနောက်ပိုင်းကတော့ လမ်းမရှိတော့ပါဘူး တစ်ချို့နေရာတွေမှာ တောင်စောင်းကို ဖင်ထိုင်ပြီး ချောဆင်းရပါတယ် ရှေ့ကနေ ရွာခံတွေက သစ်ပင် အသေး နွယ်ပင်တွေကို ဓားနှင့် ခုတ်ပြီး လမ်းရှင်းပေးပါတယ် ဘယ်နေရာကိုနင်းပြီးသွား ဘာညာနှင့် လမ်းပြကြပါတယ် တစ်ချို့နေရာတွေဆိုရင် ပြုတ်ကျမှာ ကြောက်လို့ နွယ်ပင်ကို လှမ်းကိုင်လိုက်ရင်တောင် အဲဒီနွယ်ပင်က ဆူးတွေနှင့် ဖြစ်နေတတ်လို့ သတိထားရပါတယ်

တဖြည်းဖြည်းနှင့် ရေတံခွန်က ရေသံလေး ကြားရလိုက် ရေတံခွန်နှင့် ပြန်ဝေးသွားလိုက်နှင့် စိတ်လှုပ်ရှားဖို့လည်း ကောင်းပါတယ်

နောက်ဆုံးမှာ ကိုယ့်အတွက် ဆုအနေနှင့် နမ့်ငိုရေတံခွန်ကြီး ရှိနေတယ် ဆိုတာ နှင့်တင် အဲဒီ ၅ နာရီကြာ ခရီးကြီးကို ဆက်ခဲ့တာပါ

တောနက်လာတာနှင့်အမျှ ရေတံခွန်ကို သွားတဲ့ ကြိုးတံတား စမြင်လိုက်ရတော့ ဘယ်လို ပျော်မှန်းကို မသိဘူး ငါလုပ်နိုင်ပြီကွ ဆိုတဲ့ feeling နှင့်အတူ သူများနှင့်မတူ ကိုယ်က ရွာခံတွေနှင့် ရေတံခွန်ပုံ ကောင်းကောင်းရဖို့ ချောက်ထဲ လိုက်ခုန်ချခဲ့သူပါ ဒဏ်ရာဗရပွ နှင့် ပြန်တက်လာရတာပေါ့နှင့် ဟီး ဒါပေမယ့် ကျေနပ်တယ် အောက်ဆုံးအဆင့် ရေတံခွန်ကို မြင်လိုက်ရလို့

အဲဒီကနေမှ ကြိုးတံတားကို ဖြတ်ပြီး ရေအားလျှပ်စစ် ထုတ်ပေးနေတဲ့ နေရာကို ရောက်ပါတာ် အဲဒီမှာ ခဏနား ပြီး ထမင်းစားပါတယ် တောင်ပေါ်ဒေသထုံးစံအတိုင်း လက်ဖက်လေးနှင့် ရေချိုငါးကြော်လေးနှင့် ရေတံခွန်ဘေးမှာ ထမင်းမြိန်မြိန်လေး စားပြီး ရေတံခွန်ကို ဆက်ကြည့်ကြပါတယ်

အဲဒီနေရာမှာပြောချင်တာက ရေတံခွန်ပါတဲ့ ဒီတောနက်ကြီးဟာ private land ပါ နောင်ချိုက ဘုန်းဘုန်းတစ်ပါးဟာ ရပ်မိရပ်ဖတွေနှင့်အတူ ဒီရေတံခွန်က ရေနှင့် အနီးအနားက ရွာတွေကို ရေအားလျှပ်စစ်ပေးနေတာပါ ဘုန်းဘုန်း မြွတ်ကြား တာကတော့ အဲဒီနေရာကို overcrowded မဖြစ်စေချင်ဘူးတဲ့ သဘာဝကို ချစ်တဲ့ လူတွေအတွက် သီးသန့်လေးဖြစ်စေချင်တယ်တဲ့ Private Land လည်းဖြစ်တာကြောင့် Nam Ngo waterfall Trekking Service ကို ဆက်သွယ်ပြီးလာမယ်ဆိုရင် ပိုအဆင်ပြေပါတယ်တဲ့ tourists attraction နေရာတွေ အများကြီးရှိပါတယ်တဲ့ ဒါပေမယ့် ထိန်းထိန်းသိမ်းသိမ်းနှင့်ဘဲ သဘာဝတရားကို မပျက်စီးစေဘဲ ထားစေချင်တယ်တဲ့ လိုဏ်ဂူကြီးတွေလည်း ရှာတွေ့ထားတယ်တဲ့ ဘုရားတွေဘာတွေ တည်ရင် ပျက်စီးသွားမှာ ကြောက်လို့ အဲဒီလိုဏ်ဂူထဲမှာ ဘုရားတော့ မတည်ပါဘူးတဲ့ ဘုန်းဘုန်းရဲ့ ခရီးသွားလုပ်ငန်း အမျှော်အမြင်ကို နားထောင်ခဲ့ရပါတယ်

ထမင်းလည်း စားပြီးရော ရေတံခွန်ကြီးနှင့် ဓာတ်ပုံရိုက် ပြီးတော့ short trekking route ကနေ ရေတံခွန် အပေါ်ဆုံးအထပ်ကို ပြန်တက်ခဲ့ပါတယ် တကယ်တော့ ရေတံခွန်ကို အလွှာတိုင်းကို ကုတ်ကပ်ပြီး တက်ချင်တာ မှောင်နေပြီ ဖြစ်တာက တစ်ကြောင်းကြောင့် လူသွားလမ်း ဖောက်ထားတဲ့ ဘက်ကဘဲ တက်ခဲ့ပါတယ်

လူသွားလမ်းဘက်ကနေ လှမ်းကြည့်တဲ့အခါ ကိုယ် လျှောက်ခဲ့တဲ တောင်ကို ပြန်မြင်နေရတော့ ငါ ဒီတောင်ကို ကျော်နိုင်ခဲ့ပါလား ဆိုပြီး ပီတိဖြစ်ရပါတယ် trekking သမားတွေသာ သိတဲ့ ခံစားမှုလေးတစ်မျိုးပေါ့

လမ်းဆုံးမှာ အိမ်လေးနှစ်အိမ်ရှိပါတယ် တစ်အိမ်က ခြံစောင့် အလုပ်သမားတွေနေပြီး တစ်အိမ်က ကျွန်တော်တို့နေဖို့ ပြင်ပေးထားတာပါ အဲဒီအိမ်နံဘေးမှာ သုံးထပ် ရေတံခွန်လေးတစ်ခု ထပ်ရှိပါတယ် ည ၅ နာရီခွဲ ၆ နာရီ လောက်ကြီး အေးခဲ နေတဲ့ အချိန်မှာ ကျွန်တော်တို့နှင့် trekking လျှောက်တဲ့ လူတွေ အပါအဝင် ကျွန်တော်တို့ အဲဒီ ရေတံခွန်အသေးလေးထဲ ခုန်ဆင်းပြီး ရေကူးခဲ့ကြပါတယ် ည မှောင်မှောင် ကြီး ရေတံခွန်ထဲဆင်းပြီး ရေကူးခဲ့တာတော့ အမှတ်တရပါဘဲ

ပြီးတာနှင့် ကိုယ်လက် သန့်စင်ပြီး မီးပုံပွဲ လုပ်ပေးပါတယ် ကျွန်တော်ကတော့ galaxy sky ကို ရိုက်ချင်လို့ tripod တစ်လုံးနှင့် အလုပ်တွေ ရှုပ်ရင်းပေါ့ မီးပုံပွဲမှာ ကောက်ညှင်းကျည်တောက်ကို တစ်ခါတည်းကင် ကန်စွန်းဥကို တစ်ခါတည်းမီးပုံထဲ ပစ်ထည့်ပြီးကင်ကာ ညတော်တော် နက်တဲ့အထိ စကားတွေ ပြောလိုက် မုန့်တွေစားလိုက်ပေါ့

အိပ်ခါနီးကျတော့လည်း ခြံထဲက အလုပ်သမားကို ခေါက်ဆွဲကြော် ကြော်ခိုင်းပြီး ငါးခြောက်ဖုတ်နှင့် စားခဲ့ကြသေးတယ် ပြီးတော့ ရေတံခွန်က ရေသံလေးနားထောင်ရင်း ရေတံခွန်ဘေးလေးက အိမ်မှာ အိပ်ခဲ့ကြပါတယ်

Information အနေနှင့်က အောက်ဘက်က ရေတံခွန်က ၁၂ ထပ်ရှိပြီး ၄၈၀ ပေ မြင့်ပါတယ် အပေါ်က အိပ်တဲ့နေရာဘေးက ရေတံခွန်ကတော့ ပေ ၇၀ ပါ ကျွန်တော်တို့ လျှောက်ခဲ့တဲ့ တောကတော့ ၈ မိုင် ပတ်ဝန်းကျင်ရှိပြီး ၅ နာရီလောက် လျှောက်ရပါတယ် soft trekking ကတော့ မိနစ် သုံးဆယ် လောက် လျှောက်ရုံနှင့် ရေတံခွန်ဆီ ရောက်ပါတယ်

ဒုတိယနေ့ - နောင်ချို ရွာများ လေ့လာရေး
~~~~~~~~~~~~~~~~~~~~~~~~~~~

မနက်စောစောကို ရေတံခွန်ဘေးမှာ ရေသံလေးနားထောင်ရင်း အိပ်ရာထခဲ့ရတာတော့ ဒီခရီးက ပေးခဲ့တဲ့ မမေ့နိုင်တဲ့ ခံစားချက်ပါဘဲ sunrise ထကြည့်ရင်း ရေခဲမတတ်အေးနေတဲ့ အဲဒီရေတံခွန်ထဲ ရေဆင်းစိမ်ခဲ့ပြန်တယ် ရေမြင်ရင် မနေနိုင်လို့ပါ ဟီး

ပြီးတာနှင့် မနက်စာစားဖို့ မြို့ထဲဝင်ရန် ကားနှင့်လာကြိုပါတယ် ကားနှင့် မြို့ထဲမှာ မနက်စာ သွားစားပြီးတော့ နောင်ချိုက ရွာတွေဘက်မှာ sightseeing နှင့် ရွာဓလေ့ စိုက်ပျိုးရေးတွေကြည့်ဖို့ ထွက်လာခဲ့ပါတယ်

ပထမဆုံးစသွားတာကတော့ ကျောက်ခေါင်းဘုရားပါ နောင်တောရွာမှာ ရှိပြီး ကိုလိုနီခေတ်ကတည်းက ရှာတွေ့ခဲ့တဲ့ ဂူပါတဲ့ ဂူထဲမှာ ဘုရားတွေတည်ထားပြီး ဂူအဝမှာ ရှမ်းအက္ခရာနှင့်တကွ တစ်ခြားဘာသာစကားတွေရဲ့ အက္ခရာတွေကိုပါ တွေ့ခဲ့ရပါတယ် ပင်းတယမှာတွေ့ရတဲ့ ညောင်ပင်ကြီးတွေလိုမျိုးတွေလည်း အများကြီးပါ အဲဒီ ဘုရားနားမှာ

အဲဒီ ကျောက်ခေါင်းဘုရားမရောက်ခင်မှာ လမ်းမှာ တွေ့တဲ့ ဆီမုန်ညင်းခင်း ပန်းနှမ်းခင်းတွေကိုလည်း ဓာတ်ပုံဝင်ရိုက်ရင်း ချယ်ရီပင်ကိုလည်း ဓာတ်ပုံရိုက်ချင်လွန်းလို့ ကားနားခိုင်းပြီး ဓာတ်ပုံဆင်းရိုက်ခဲ့ပါတယ် ချယ်ရီပင်မတွေ့ဖူးတဲ့ တောသားတွေမို့လို့ပါ ဟီး

နောင်တောရွာကထွက်တော့ ယာပြင်ရွာကို ဆက်သွားခဲ့ပါတယ် ယာပြင်ရွာကတော့ လက်ဖက်စိုက်ပျိုးရေးနှင့် နာမည်ကြီးတဲ့ ရွာပါ လက်ဖက်စိုက်ခင်းတွေအကြောင်းလည်း သေချာ နားထောင်ခဲ့ရပါတယ်

ပြီးတာနှင့် တောင်းခန်းရွာက ကြယ်တာရာစားသောက်ဆိုင်မှာ နေ့လည်စာစားရင်း နားကြပါတယ် အဲဒီဆိုင်ရဲ့ ထူးခြားမှုကတော့ အနားမှာရှိတဲ့ ရေကန်ကြီးကို ကြည့်ရင်း ထမင်းစားလို့ရတာပါ သဘာဝတရားကြီးကို ခံစားရင်းပေါ့

ပြီးတာနှင့် ရေမောင်းတန်းရွာကို ဆက်သွားပြီး ဆီကြိတ်တာကို လေ့လာခဲ့ရပါတယ် ရေအားနှင့် ဆီကြိတ်နေတာကို တွေ့ခဲ့ရပါတယ် အနားမှာရှိတဲ့ ငှက်ကြည့်ကန်ကလည်း သာယာလှပါတယ် အချိန်မရှိလို့ ဓာတ်ပုံတောင် မရိုက်ခဲ့ရဘူး

ပြီးတာနှင့် နားရှိုးရွာက သဒ္ဓမ္မဂုဏ်ရည်ကျောင်းကို သွားလေ့လာပါတယ် ဘုန်းကြီးကျောင်းဟာ နှစ်ပေါင်းနှစ်ရာခန့်ရှိပြီဖြစ်သော ကျောင်းဖြစ်သော်လည်း ကျောင်းရဲ့ အပြင်ဖက်ကို ဆေးတွေသုတ် သစ်ပြားအသစ်တွေပြန်ရိုက်ထားတော့ အထဲမှာသာ ရှေးဟောင်းလက်ရာရှိတော့တဲ့ နှမြောစရာ အမွေအနှစ်တစ်ခု ဖြစ်နေပါတယ် အထဲက သစ်သားတိုင်တွေနှင့် ကနုတ်လက်ရာ တစ်ချို့ကလွဲရင် အကုန်အသစ်တွေဖြစ်နေလို့ ကျွန်တော်ဆို နှမြောလွန်းလို့ ခဏဘဲကြည့်ပြီးပြန်ထွက်လာခဲ့ပါတယ် မခံစားနိုင်ဘူး အဲလိုမျိုးတွေ မြင်ရရင်

ပြီးတာနှင့် အဲရွာက သူကြီးအိမ်မှာ လတ်လတ်ဆတ်ဆတ်ချက်ချင်း ထောင်းပေးထားတဲ့ ဂျင်းသုတ်ရယ်, သင်္ဘောသီးကြော်ရယ်, ပဲထောင်းရယ် ကို ရေနွေးလေးနှင့် အရသာခံရင်း စား ပြီးတော့ ရွာကအထွက်မှာ နေဝင်ဆည်းဆာ လေးကို ဓာတ်ဆက်ဖမ်းပြီး ညစာစားဖို့ နောင်ချိုကို ပြန်ခဲ့ပါတယ်

ညစာကတော့ နောင်ချိုမြို့က ရတနာသီင်္ဂီစားသောက်ဆိုင်မှာ ရှမ်းရိုးရာ ဟော့ပေါ့ ကိုစားခဲ့ပါတယ် တော်တော်ကြီးကို ကောင်းတဲ့ ဟော့ပေါ့ပါ အသားတစ်လွှာ အသီးအရွက်တစ်လွှာနှင့်သေချာလုပ်ပေးထားတဲ့ hot pot ပါ ကြိုမှာရတယ် ပြောပါတယ် လူများရင်တော့ လုပ်ပေးပါမယ်တဲ့ trekking လာတဲ့သူက နှစ်ယောက် သုံးယောက်ဘဲ ရှိရင်တော့ မရပါဘူးတဲ့

ကြိုပြောပြတာ လူများများစုသွား That is must-try-item in နောင်ချို

ပြီးတာနှင့် နောင်ချိုမြို့ကို အပေါ်စီးကမြင်ရတဲ့ သံသရာအေးစေတီကိုသွားပြီး ဘုရားဖူး ပြီးတာနှင့် Nam Ngo Trekking Service က ပြင်ပေးထားတဲ့အိမ်မှာ ညအိပ်ခဲ့ပါတယ်

တတိယနေ့ - ဂုတ်ထိပ်တံတား
~~~~~~~~~~~~~~~~~~~~

နောက်ဆုံးနေ့ကတော့ တစ်နေကုန် အချိန်တွေအားလုံးကို ဂုတ်ထိပ်ရထားအတွက် ထား ထားတာပါ အဲတာကြောင့် ရွာ လေ့လာရေးနှင့် trekking ကို နှစ်ရက်နှင့် အပြီးလုပ်ခဲ့တာပါ

မနက် ၉ နာရီလောက် နောင်ချိုကစထွက်ပါတယ် ပြီးတာနှင့် ကျောက်ဂူတောရဘုန်းကြီးကျောင်းကို သွားကြည့်ပါတယ် ဘုန်းကြီးကျောင်းက စမ်းချောင်းလေးအပေါ်မှာရှိပြီး ဘုန်းကြီးကျောင်းတစ်ခုလုံးက မနက်ဆို မြူတွေဝေပြီးတော်တော်အေးချမ်းပါတယ်

ပြီးတာနှင့် နောင်ချို ဘူတာမှာ ရထားသွားစောင့်ပါတယ် မန္တလေးက စထွက်လာတဲ့ ရထားဟာ နောင်ချို ဘူတာကို မနက် ၁၀ နာရီခွဲလောက်မှာ ရောက်ပြီး အထူးတန်းလက်မှတ်ကတော့ မန္တလေးမှာ ကတည်းက ပြည့်နေတတ်လို့ အထူးတန်းရဖို့တော့ ခဲယဉ်းပါတယ်

မနက် ၁၀ နာရီခွဲထွက်မယ် ပြီးရင် ဂုတ်ထိပ်ကို ဖြတ်လို့ နောင်ပိန်ဘူတာ ထိ စီးမယ်ဆိုတော့ ထမင်းထုပ်က နောင်ချိုဘူတာကတည်းက ဝယ်သွားတာ ပိုအဆင်ပြေပါတယ်

ကျွန်တော်တို့က နောင်ပိန်ဘူတာရောက်တော့ လာလမ်းအတိုင်း နောင်ချိုပြန်ဖို့ လက်မှတ်ဆင်းဝယ်ရပါတယ် ပြီးတာနှင့် အဆင်းရထားနှင့် ဂုတ်ထိပ်ကို နောက် တစ်ကြိမ်ဖြတ်ပြီး နောင်ချိုကိုပြန်ပါတယ်

နောင်ချိုကို ၂ နာရီကျော်လောက်ပြန်ရောက်ပြီး အိမ်ပြန်နားပါတယ် သံသရာအေးစေတီမှာ sunset ကြည့်ရင်းနားနိုင်သလို ကျွန်တော်တို့က activities တွေ ဆက်တိုက် လုပ်တော့ တော်တော် ပြိုင်းနေပြီ ဖြစ်တာကြောင့် ခဏပြန်အိပ်လိုက်ပါတယ် ပြီးတာနှင့် နောင်ချို ညဈေးကိုသွား ညစာ စားပြီး ည ၈:၃၀ ရွှေလားရှိုးကားနှင့် ရန်ကုန် ပြန်လာကာ ခရီးစဉ်ကို အဆုံးသတ်ခဲ့ပါတယ်

ဆောင်ရန် ရှောင်ရန်များ

- ဖိနပ်ကို သက်တောင့်သက်သာဖြစ်မယ့်ဟာစီးပါ
- ခြေအိတ် နှစ်ထပ်လောက်ခံဝတ်ပါ
- ဘောင်းဘီအရှည်ဝတ်သင့်ပါတယ် မြက်ရှလို့ပါ
- Guide ပြောစကားကို နားထောင်ပါ
- ရေသန့်ဘူးနှင့် မုန့်အနည်းငယ် ဆောင်ထားပါ
- Analgesic spray လိုရမယ်ရ ဆောင်သွားပါ
- Power bank ကို အားများများသွင်းလို့ရမယ့်ဟာ ယူသွားပါ
- Photographer များ ဘက်ထရီအပို ဆောင်ပါ
- သက်တောင့်သက်သာဖြစ်မယ့် အဝတ်အစားကို ဝတ်ပါ
- ဓာတ်ဆား ဆောင်သွားပါ

Trekking အတွက်ကတော့

📋 - Nam Ngo Waterfall Trekking
☎️ - 09965160371

မှာစုံစမ်းလို့ရပါတယ်

ကျွန်တော်သွားခဲ့တဲ့ သုံးရက် package ကတော့ နေစားရိတ် စားစရိတ်အပြီး ၉၇၀၀၀ ပါ ကားလက်မှတ်တွေပါ ထည့်ပေါင်းမှ တစ်သိန်းကျော်ရုံလေး ပြီးတော့ လူတွေ သိပ်မသိသေးတဲ့ ရေတံခွန်ကြီးရယ် ရေတံခွန်နားမှာ အိပ်ရတဲ့ feeling ရယ်နှင့်ကို တော်တော်တန်နေပါပြီ

နောက်ဆို camping tent တွေနှင့်ပါ အိပ်လို့ရအောင် စီစဉ်ပေးမယ်တဲ့ ကိုယ်ကတော့ waterfall cliff jumping service ပါထည့်ဖို့ ပြောခဲ့တယ် နောက်လလောက် ကျွန်တော်တောင် waterfall cliff jumping ကို အဲဒီမှာ သွား try မလားလို့

Private Land မို့လို့ ကိုယ့်ဘာသာကိုယ် သွားဖို့တော့ အားမပေးပါဘူး တောလမ်းအနေအထားကလည်း ရွာခံအသိပါမှ သွားလို့ရတဲ့ အနေအထားပါ

Tree House ဆောက်ပေးပါတို့ ရွာတွေကို စက်ဘီးလေးနှင့် ပတ်ကြည့်လို့ ရအောင် လုပ်ပေးပါလို့တော့ တိုက်တွန်းခဲ့ပါတယ် အသေးစိတ်ကိုတော့ မရေးထားပါဘူး ကိုယ်တိုင်သွားရင်ပေါ့ သွားမှာ စိုးလို့ပါ

နောက်ဆုံးမှာချင်တာကတော့ ရေတံခွန်ရောက်ရင် အတတ်နိုင်ဆုံး အမှိုက်မပစ်ပါနှင့်လို့ ဝိုင်းဝန်းထိန်းသိမ်းပေးကြပါလို့ တိုက်တွန်းချင်ပါတယ်

If you love it, give "LIKE" to this one.
If you want to know something, write "COMMENT" below it.
If you want to do like this, just "SHARE" with your friends

လူသူ အရောက်အပေါက်နည်းသောနေရာလေ
26/10/2016

လူသူ အရောက်အပေါက်နည်းသောနေရာလေ

04/10/2016
27/08/2016

ရှမ်းပြည် တောင်ပိုင်းဒေသကို အလည်အပတ်ခရီးထွက်မယ်ဆိုရင် မိတ်ဆွေတို့အနေနဲ့ သိထားသင့်တဲ့ ခရီးသွားဒေသလေးတွေအကြောင်းကို ဗဟုသုတအနေနဲ့ နွေအိမ် စာမျက်နှာမှ တင်ပြပေးချင်ပါတယ်။

ရှမ်းပြည်နယ်ဟာ မြန်မာပြည်ရဲ့ အကြီးဆုံးပြည်နယ်ဖြစ်တာကြောင့် တောင်ပိုင်းနဲ့ မြောက်ပိုင်းဆိုပြီး အကြမ်းအားဖြင့် ပြောဆိုကြပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြို့တော်ဟာ တောင်ကြီးမြို့ ဖြစ်ပြီး တောင်ပိုင်းမှာ တည်ရှိပါတယ်။ ဒါကြောင့် မြောက်ပိုင်းအတွက် အုပ်ချုပ်ရေးနဲ့ စီမံခန့်ခွဲမှုတွေအတွက် ရှမ်းပြည် မြောက်ပိုင်းမှ လားရှိုးမြို့ မှာလည်း အစိုးရရုံးစိုက်ပါတယ်။ တောင်ကြီးမြို့ကနေ အရှေ့ဖက်ကို ဆက်သွားမယ်ဆိုရင်တော့ ကျိုင်းတုံ တာချီလိတ် မှ တဆင့် ထိုင်းနိုင်ငံရဲ့ နယ်စပ်မြို့ မယ်ဆိုင်ကို ရောက်မှာဖြစ်ပြီး လားရှိုးမြို့ကနေ အရှေ့ဖက်ကို ခရီးဆက်မယ် ဆိုရင်တော့ တရုပ်နိုင်ငံရဲ့ နယ်စပ်မြို့ မူဆယ်ကို ရောက်မှာ ဖြစ်ပါတယ်။

ကဲ ရှမ်းပြည်တောင်ပိုင်းကို ဘယ်လို လည်ပတ်ကြမလဲဆိုတာ ပြောကြရအောင်။

ရှမ်းပြည် တောင်ပိုင်းဒေသကို အလည်အပတ်လာဖို့အတွက် လေကြောင်းခရီးကို ရွေးချယ်မယ်ဆိုရင်တော့ သင်ဟာ ဟဲဟိုးမြို့ကို အရင် ရောက်ရှိမှာ ဖြစ်ပါတယ်။ ဟဲဟိုးမြို့လေးကနေ သင်တည်းခိုလိုတဲ့ မြို့ဆီကို ကားနဲ့ ခရီးဆက်ရပါမယ်။

သက်တောင့်သက်သာရှိပေမယ် ကုန်ကျစရိတ်များတဲ့ လေကြောင်းခရီးစဉ်ကို မရွေးချယ်ပဲ ကားနဲ့ပဲ ခရီးသွားမယ်ဆိုရင်တော့ မိတ်ဆွေတို့ စတင်ထွက်ခွာလာမယ့် မြို့ (ရန်ကုန်၊ မနလေး) အပေါ် မူတည်ပြီး ခရီးလမ်းမှာ ကြာချိန် ကွာခြားပါလိမ့်မယ်။ ကားလမ်းခရီးနဲ့ ရှမ်းပြည်တောင်ပိုင်းကိုလာခဲ့ရင် ရန်ကုန် - တောင်ကြီး Express တွေရဲ့ ကားမောင်းချိန်ဟာ ၁၂ နာရီဝန်းကျင်မှာ ရှိပြီး မနလေး - တောင်ကြီး ကတော့ ၈ နာရီ ၀န်းကျင်ရှိပါတယ်။ ကိုယ်ပိုင်ကားလေးတွေရဲ့ မောင်းချိန်ဟာလည်း ဘတ်စ်ကားကြီးတွေ မောင်းချိန်ထက် နာရီအများကြီး မလျော့ပါဘူး။ ရန်ကုန်နဲ့ မနလေးကနေ တောင်ကြီးကို ထွက်တဲ့ Express တွေကတော့ ညပိုင်းအပြင် မနက်ပိုင်း ရှစ်နာရီ ကိုးနာရီမှာ ထွက်တဲ့ ကားတွေ ရှိပါတယ်။ မနက်ပိုင်းထွက်တဲ့ ကားတွေကိုစီးဖို့ မိတ်ဆွေတို့မှာ အချိန်ရခဲ့ရင်တော့ ရှမ်းပြည်တောင်ပိုင်းရဲ့ လမ်းမကြီးတလျောက်က ညနေ ရှုခင်းတွေကို မြင်ခွင့်ရပြီပေါ့။

ကိုယ့်ကားနဲ့ ကိုယ် လာကြမယ့် မိတ်ဆွေတွေအတွက်ကတော့ တည်းခိုမယ့် မြို့ပေါ် မူတည်ပြီး အိမ်ကနေ စထွက်မယ့် အချိန်ကို ဆုံးဖြတ်နိုင်ပါတယ်။ ရန်ကုန် - ကလော ကားမောင်းချိန်ဟာ ၉ နာရီကနေ ၁၀ နာရီ ၀န်းကျင် ဖြစ်ပြီး မနလေး - ကလော ကတော့ ၅ နာရီခွဲကနေ ၆ နာရီကြာပါတယ်။ ကလောမြို့လေးဟာ ဗြိတိသျှ အစိုးရရဲ့ နွေစခန်းမြို့ ဖြစ်ခဲ့ပြီး ရှမ်းပြည်တောင်ပိုင်းရဲ့ မုဒ်ဦး ဖြစ်ပါတယ်။ ကလောကနေ တောင်ကြီး ဒါမှမဟုတ် အင်းလေးကန် အစပ်က ညောင်ရွှေမြို့ဆီ ကားမောင်းချိန်ကတော့ တစ်နာရီခွဲမှ နှစ်နာရီ ၀န်းကျန်ဖြစ်ပါတယ်။

ရှမ်းပြည်တောင်ပိုင်းကို နေ့ တစ်ဝက်အတွင်း အရောက်လာနိုင်ခဲ့ပြီဆိုပြီး ကျေနပ်မနေပါနဲ့ဦး မိတ်ဆွေတို့။ ရှမ်းပြည်တောင်ပိုင်းမှာရှိတဲ့ ခရီးသွားစရာ အထင်ကရ နေရာတွေကို စုံစေ့အောင်ရောက်ဖို့ အနည်းဆုံး အချိန် ၂ ရက် ပေးရပါဦးမယ်။ ဒါ့ကြောင့် မိတ်ဆွေတို့ ပေးနိုင်တဲ့ အချိန်အတွင်းမှာ ရှမ်းပြည်တောင်ပိုင်းက ဘယ်ဒေသတွေကို ဦးစားပေး လည်ပတ်မလဲလို့ ကြိုတင် စီစဉ်နိုင်အောင် ဒီ ပိုစ့်လေးကို ဆက်ဖတ်ပြီး တင်ပေးထားတဲ့ မြေပုံလေးကို လေ့လာရင်း ခရီးစဉ် ဆွဲပေါ့ဗျာ။ ဒါမှ Planning make perfect ဆိုတဲ့ သိုးဆောင်း စကားပုံလေးအတိုင်း ကျင့်သုံးပြီး အစီအစဉ် သေခြာဆွဲခဲ့နိုင်ရင်တော့ အပန်းဖြေခရီးလေးမှာ အစစအရာရာ အဆင်ပြေတာပေါ့။

ကလော
------
မြန်မာပြည်ကို ဗြိတိသျှတို့ သိမ်းပြီးနောက် ရှမ်းပြည်နယ် တောင်ပိုင်း သာမိုင်းခမ်းနယ်ထဲက ကလော ဆိုတဲ့ ရွာကလေးကို ဗြိတိသျှတို့က မြန်မာပြည်ရဲ့ စကော့တလန် ဒေသလို့ တင်စားပြီး နွေစခန်းမြို့လေးအဖြစ် ၁၉ ၁၄ ခုနှစ်မှာ တည်ထောင်ခဲ့ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ လေးထောင့်သုံးရာကျော် မြင့်တဲ့ တောင်ပေါ်မြို့လေးကို ထင်ရှုးပင်တွေ ၀က်သစ်ချပင်တွေ ချယ်ရီပင်တွေ ရှိတဲ့ တောင်ကုန်းတောင်တန်းတွေက ၀န်းရံထားပါတယ်။ ကိုလိုနီခေတ်ကတည်းက စိတ်ကူးယဉ်စရာကောင်းတဲ့ မြို့ရယ်လို့ နာမည်ကြီးခဲ့တဲ့ မြို့ သေးသေးလေးမို့ နိုင်ငံခြားသား ခရီးသွားတွေ မပြတ်ရှိနေတာပေါ့။ ကလောမြို့လေးမှာ လည်ပတ်စရာ နေရာကတော့ သိပ်များများ မရှိလှပါဘူး။ အင်းဝခေတ် လက်ရာလို့ ပညာရှင်တွေက ယူဆထားတဲ့ ရှေးဟောင်း နှီးဘုရား နောက်ပြီး ရွှေဥမင် လှိုင်ဂူတော်၊ မြို့ ရှုခင်းကြည့်ဖို့ သိမ်တောင်ကျောင်းနဲ့ တောင်ပေါ် ဟိုတယ်၊ ရှမ်းတောင်တန်းတွေပေါ်က နေ၀င်ဆည်းဆာကို ကြည့်ဖို့ ပလောင်တောင် ဗျူးပွိုင့် သည်လောက်ပါပဲ။ ကလောမြို့လေးဟာ အခုဆိုရင် Trekking လို့ ခေါ်တဲ့ ခြေလျှင်ခရီးလျှောက်ရင်း တောင်ပ်ါရှုခင်းနဲ့ ကျေးရွာတွေဆီ လည်ပတ်တဲ့သူတွေအတွက်လည်း စိတ်ဝင်စားမှု မြင့်တက်လာတဲ့ နေရာလေး ဖြစ်နေခဲ့ပါပြီ။ ကလောမှာ Trekking သွားချင်ရင်တော့ အောက်မှာ ပေးထားတဲ့ လင့်ခ်တွေကနေ တဆင့် လေ့လာ စုံစမ်းနိုင်ပါတယ်။

https://mobile.facebook.com/yemin.tun.777

https://mobile.facebook.com/TrekkingInformationCenterMyanmar/posts/995746030532920

မြင်းမထိဂူ
-------
မြင်းမထိဂူလို့ အမည်တွင်တဲ့ သဘာဝ ထုံးကျောက်လှိုင်ဂူကတော့ ကလောမြို့ အရှေ့ဖက်မှာ တည်ရှိပြီး ၇ မိုင် အကွာမှာ တည်ရှိပါတယ်။ ကလောကနေ အောင်ပန်းကို အသွား တိုးဂိတ်အကျော် ညာဖက်က လွိုင်ကော်သွားတဲ့ လမ်းပေါ်မှာ တည်ရှိပါတယ်။ တဖက်ပိတ် လှိုင်ဂူ မဟုတ်ပဲ အ၀င်ဝနဲ့ အထွက်ပေါက် တဖက်ဆီဖြစ်ပြီး လှိုင်ဂူအတွင်း လမ်းလျှောက်ချိန် နာရီဝက်လောက် ကြာပါလိမ့်မယ်။

အောင်ပန်း
-------
ကလောမြို့ ကနေ တောင်ကြီးကို ဆက်သွားမယ်ဆိုရင်တော့ ကလောအကျော် ၆ မိုငမှာ အောင်ပန်းကို ရောက်ပါလိမ့်မယ်။ အောင်ပန်းဒေသဟာ ကလောမြို့ တည်နေစဉ်အတွင်းမှာ စည်ကားလာတဲ့ ရှမ်းမြေလတ်ဒေသ ဖြစ်တဲ့အတွက် ဗြိတိသျှတို့က ကုန်သွယ်ရေးမြို့ အဖြစ် တည်ထောင်ခဲ့တာဖြစ်ပါတယ်။ အခုချိန်အထိလည်း ရှမ်းပြည်တောင်ပိုင်းရဲ့ ကုန်စည်တွေ စုပေါင်းစီးဆင်းရာ မြို့ အဖြစ် ရပ်တည်နေပါတယ်။

ပင်းတယ
------
ပင်းတယ ဆိုတဲ့ စကားဟာ ရှမ်းဘာသာစကားအရ လွင်ပြင်ရယ်လို့ ဆိုကြပါတယ်။ ရှမ်းတောင်တန်းတွေရဲ့ ကြားထဲမှာ တည်ရှိနေတဲ့ လွင်ပြင်ထဲမှာ တည်ထားတဲ့ မြို့လေးဖြစ်တာမို့ ပင်းတယ ရယ်လို့ မည်တွင်ခဲ့ပါသတဲ့။ ပင်းတယမြို့ဟာ အောင်ပန်းမြို့ရဲ့ မြောက်ဖက် ၂၄ မိုင်အကွာမှာ တည်ရှိပြီး ရန်ကုန်-တောင်ကြီး ကားလမ်းကနေ ဘယ်ဖက်ကို ခွဲထွက်သွားရပါတယ်။ မြို့ အ၀င်မှာတော့ ဘုတ်တလုပ်ကန်ရှိပြီး ကန်အတိုင်း တပတ်ပတ်သွားရင်တော့ ပင်းတယ လှိုင်ဂူ အတက်လမ်းကို ရောက်ပါတယ်။ နိုင်ငံခြား ခရီးသွား တချို့ကတော့ ရှမ်း မှိုင်းခံစက္ကူ လုပ်ငန်းနဲ့ ရိုးရာ စက္ကူ ထီးလုပ်ငန်းတွေကို လေ့လာဖို့ ငှက်ပျောတောရွာကိုလည်း သွားလေ့ရှိကြပါတယ်။ ပြည်တွင်းခရီးသွားတွေကတော့ ပင်းတယမြို့ကနေ ၃ မိုင်လောက် ဆက်သွားရတဲ့ ကုံလုံကျောင်းတိုက်ကို သွားလေ့ရှိကြပါတယ်။ ကုံလုံကျောင်းတိုက်မှာ စဥ့်ရည်သုတ်လိမ်းထားတဲ့ ကုံလုံဆရာတော်ကြီးရဲ့ ရုပ်ကလာပ်နဲ့ ဆရာတော်ဘုရားကြီး ရဲ့ ဖယောင်းရုပ်တုကို ဖူးမျှော်လေ့လာနိုင်ပါတယ်။

အောင်ပန်းကနေ ပင်းတယကို အသွား ၁၁ မိုင် အကွာမှာတော့ ရွာငံနဲ့ ဟန်မြင့်မိုရ် ဖက်ကို သွားတဲ့ ကျုံးဆိုတဲ့ လမ်းခွဲလေး ရှိပါတယ်။ ပင်းတယဖက်ကို မသွားပဲ ရွာငံလမ်းဖက်ကို ကွေ့သွားမယ်ဆိုရင်တော့ မိန်းမရဲတောင်၊ တောကျယ်ရေတံခွန်နဲ့ ရေပြာအိုင် (ကျုံး လမ်းခွဲမှ ၁၁ မိုင်ခန့်)၊ အလယ်ချောင် ရေတံခွန် အစရှိတဲ့ နေရာတွေဆီ ရောက်ပါလိမ့်မယ်။ ကျုံး - ရွာငံလမ်းရဲ့ နံဘေးမှာ တည်ရှိတဲ့ မိန်းမရဲတောင်ဟာ ရှုခင်းတွေကြောင့် ကျော်ကြားပါတယ်။ တောကျယ် ရေတံခွန်နဲ့ ရေပြာအိုင်ကတော့ သဘာဝ အလှနဲ့ ခရီးသွားတွေကို ဆွဲဆောင်နေပါတယ်။ အလယ်ချောင် ရေတံခွန်ကတော့ ပျော်ပွဲစား ထွက်ဖို့ နေရာကောင်းလေးပါပဲ။

ဟဲဟိုး
-----
ရှမ်းပြည်တောင်ပိုင်းဆီကို လာကြတဲ့ ခရီးသွားများ အများဆုံးအသုံးပြုတဲ့ လေယာဉ်ကွင်းကတော့ ဟဲဟိုးလေယာဉ်ကွင်းပါပဲ။ ဟဲဟိုးမြို့လေးဟာ အောင်ပန်းနဲ့ ၁၅ မိုင် ကွာဝေးပါတယ်။ ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ ဒေသထုံးစံ ၅ ရက် တဈေးနေ့ ဟဲဟိုးမှာ ကျရောက်ခဲ့ရင်တော့ ဒေသ ဈေးနေ့နဲ့ လာရောက် ရောင်းဝယ်ဖောက်ကားတဲ့ ဒေသခံ တိုင်းရင်းသားတွေရဲ့ ဓလေ့ကို သင် မြင်တွေ့ လေ့လာနိုင်မှာ သေခြာပါတယ်။ ရှမ်းပြည်တောင်ပိုင်းရဲ့ ၅ ရက် တစ်ဈေးကျ ဈေးနေ့တွေ အကြောင်းတော့ ပိုစ့် ဆုံးခါနီးရင် မိတ်ဆွေတို့ ဖတ်ရပါလိမ့်မယ်။

ရွှေညောင်
-------
ရွှေညောင်မြို့ဟာ ရှမ်းပြည်တောင်ပိုင်းရဲ့ ရထားလမ်းဆုံး မြို့လေး တစ်မြို့ ဖြစ်ခဲ့ပြီး ကားနဲ့ ခရီးသွားကြတဲ့သူတွေအတွက်တော့ အဝေးပြေးလမ်း နံဘေးက သာမာန်မြို့လေး တစ်မြို့ ပါပဲ။ ရွှေညောင်မြို့လေးဟာ ဟဲဟိုးနဲ့ ၁၀ မိုင်လောက်ပဲ ဝေးပါတယ်။ ရွှေညောင်ကနေ တောင်ဖက်ကို ခွဲထွက်သွားတဲ့ လမ်းကလေးအတိုင်း ၇ မိုင်လောက် ကားမောင်းလိုက်ရင်တော့ အင်းလေးကန်ကို မေးတင်ထားတဲ့ ညောင်ရွှေမြို့လေးဆီ ရောက်ပါပြီ။

ညောင်ရွှေ
-------
သတင်းမွှေးတဲ့ အင်းလေးရဲ့ ကန်စပ်မှာ တည်ရှိတဲ့ ညောင်ရွှေမြို့လေးဟာ ဟိုတယ်တွေနဲ့ ပြည့်နေတဲ့ မြို့ လို့ ပြောရင် မှားမယ်မထင်ပါဘူး။ ရှမ်းပြည်တောင်ပိုင်းရဲ့ နိုင်ငံခြားသား ခရီးသွားတွေ အများဆုံးလာတဲ့မြို့ နှစ်မြို့ဟာ ကလောနဲ့ ညောင်ရွှေပါပဲ။ ဟဲဟိုးကနေ ညောင်ရွှေကို သွားမယ်ဆိုရင် ကားလမ်းက နှစ်လမ်းရှိပါတယ်။ ဟဲဟိုး - ခေါင်တိုင် - ညောင်ရွှေ လမ်းက ဟဲဟိုး - ရွှေညောင် - ညောင်ရွှေ လမ်းထက် လေးမိုင်လောက် ပိုတိုပါတယ်။ ဘယ်လမ်းကနေ လာခဲ့လာခဲ့ ညောင်ရွှေ ရောက်ပြီဆိုရင်တော့ ကုန်းပေါ်ကနေ ရေထဲဆင်းရပြီပေါ့။ အင်းထဲမှာ စက်လှေနဲ့ လျှောက်လည်ပြီဆိုရင် အချိန် သုံးနာရီလောက်တော့ အသာလေး ကုန်ပြီး ညနေပိုင်းဆို အင်းရေပြင်မှာ လေထန်တတ်လို့ မနက်ပိုင်းနဲ့ နေ့ခင်းပိုင်းဟာ လည်ပတ်ဖို့ အချိန်ကောင်းပါ။

တောင်ကြီး
-------
ရွှေညောင်ကနေ ညောင်ရွှေ (အင်းလေး) ဖက်ကို မချိုးကွေ့ပဲ နောက်ထပ် ၁၂ မိုင်လောက် မောင်းလိုက်ရင်တော့ ရှမ်းပြည်နယ်ရဲ့ မြို့တော် တောင်ကြီးကို ရောက်ပါပြီ။ ပြည်နယ်မြို့တော် ပီသစွာပဲ စည်ကားလှတဲ့ မြို့တော်ကြီးကို မြစိမ်းတောင်ထိပ်ပေါ်ကနေ တက်ကြည့်ပြီးရင် စပ်စံထွန်းဈေးကြီးမှာ ဈေးဝယ်ထွက်နိုင်ပါပြီ။ နာမည်ကျော် တောင်ကြီး မီးပုံးပျံပွဲတော်ကာလဆိုရင်တော့ မိတ်ဆွေတို့အတွက် တောင်ကြီးညတွေဟာ လှပနေမှာ သေခြာပါတယ်။

မွေတော်ကက္ကူ နဲ့ ထန်စန်းဂူ
--------------------
တောင်ကြီးမြို့ အထွက် တောင်ဖက်ကို ၂၄ မိုင် ကားမောင်းလိုက်ရင်တော့ အင်းဝခေတ်ကတည်းက တည်ရှိခဲ့တဲ့ မွေတော်ကက္ကူ စေတီတွေဆီကို ရောက်မှာဖြစ်ပြီး မြို့ အထွက်ကနေ မြောက်ဖက် ၂၄ မိုင် ကားမောင်းလိုက်ရင်တော့ ဟိုပုံးမြို့ အကျော်က ထန်စန်းဂူ ဆီကို ရောက်ရှိမှာ ဖြစ်ပါတယ်။ မွေတော်ကက္ကူ ဟာ ပြန်လည်ပြုပြင်ထားတဲ့ ရှေးဟောင်းဘုရားစေတီတွေဖြစ်ပြီး ဘုရားကုန်းအကျော်က ရှုခင်းတွေဟာလည်း လှပလွန်းပါတယ်။ ထန်စန်းဂူကတော့ ပင်းတယနဲ့ ကလောရွှေဥမင်တို့လို ထုံးကျောက်လှိုင်ဂူတစ်ခု ဖြစ်ပေမယ့် ပိုပြီး ကျယ်ဝန်းကာ အသက်ဝင်ဆဲ ထုံးကျောက်လှိုင်ဂူတခုလည်း ဖြစ်ပါတယ်။ ပင်းတယနဲ့ ကလော ရွှေဥမင်လှိုင်ဂူတွေကတော့ ကျောက်စက်တိုင်ခေါ် ထုံးရည်ကြောင့် ဖြစ်လာတဲ့ ကျောက်သား အသစ်များ ဆက်လက် မဖြစ်ပေါ်တော့ပဲ သေဆုံးသွားခဲ့တာ နှစ် တော်တော် ကြာခဲ့ပါပြီ။

ရှမ်းပြည်တောင်ပိုင်းက ထူးခြားတဲ့ ဓလေ့တစ်ခုကတော့ ငါးရက် တစ်ဈေးခေါ်တဲ့ ဈေးနေ့ပါပဲ။ ဒီလိုဈေးနေ့မျိုးမှာဆိုရင် ဈေးနေ့ကျတဲ့ မြို့လေးရဲ့ ရွာနီးစပ်ချုပ်က ခြံစိုက်သူတွေဟာ သူတို့ရဲ့ ခြံကထွက်တဲ့ သီးနှံတွေကို ရောင်းဝယ်ဖောက်ကားပြီး သူတို့ လိုအပ်တဲ့ ပစ္စည်းတွေကို ပြန်ဝယ်ခြမ်းသွားလေ့ရှိပါတယ်။ မြို့ ၅ မြို့ကို အလှည့်ကျ ဈေးနေ့လုပ်ထားတော့ ကလောဈေးနေ့ ပြီးရင် ပင်းတယဈေးနေ့ ဖြစ်သွားပါတယ်။ နောက်နေ့ကျတော့ အောင်ပန်းအလှည့်ဖြစ်ပြီး နောက်တစ်ရက်မှာ နန်းတိုင်းပါ။ ငါးမြို့ ပြည့်သွားတော့ ကလောအလှည့် ပြန်ရောက်လာပါတယ်။ သည်လို ၅ ရက်မြောက်တိုင်း ဈေးနေ့ဖြစ်ပေမယ့် လပြည့် လကွယ်တွေနဲ့ တိုက်သွားတဲ့ ဈေးနေ့ဆိုရင် ရှေ့ တစ်ရက်တိုးပြီး ဈေးနေ့လုပ်လိုက်ပါတယ်။ ဒါမျိုးဖြစ်တဲ့နေ့ဆို ဈေးပျက်ကြီးလို့ ဒေသခံတွေက ခေါ်လေ့ရှိပါတယ်။ ဘာလို့ ဈေးပျက်လို့ ခေါ်တာလည်းဆိုတော့ တခြားမြို့ရဲ့ ဈေးနေ့နဲ့ သွားထပ်နေတော့ ဈေးစဉ်လှည့်ရောင်းနေတဲ့ တချို့ ဈေးသည်တွေဟာ ပုံမှန်ဈေးနေ့ကျတဲ့ မြို့ မှာပဲ သွားရောင်းကြတော့ ဈေးသည်မစုံ ဖြစ်ရတာကိုး။
၅ ရက် တစ်ဈေးလှည့်နေတဲ့ မြို့တွေကတော့ ကလော - ပင်းတယ - ဟဲဟိုး - အောင်ပန်း - နန်းတိုင်း တို့ ဖြစ်ပါတယ်။ အပေါ်မှာ ရေးထားတဲ့ ရှမ်းပြည်တောင်ပိုင်းက လည်ပတ်စရာ မြို့ တွေရဲ့ စာရင်းမှာ နန်းတိုင်း မပါတာကတော့ သူက လွိုင်ကော် အသွားလမ်းဖက်မှာ ရောက်နေလို့ပါ။

ကဲ ရှမ်းပြည်နယ် တောင်ပိုင်းက လည်ပတ်စရာနေရာတွေအကြောင်းကို သိသွားပြီဆိုတော့ ခရီးစဉ်ကောင်းကောင်း ဆွဲလို့ရပြီပေါ့ဗျာ။

အင်အားများများနဲ့ ရှမ်းပြည်တောင်ပိုင်းဖက်ကို ခရီးထွက်ဖြစ်ခဲ့ရင်တော့ စုစုစည်းစည်း တည်းခိုလို့ရမယ် ကျနော်တို့ရဲ့ နွေအိမ် လုံးချင်း အငှားအိမ်ကလေးကိုလည်း ရွေးချယ်နိုင်ပါတယ်။ နွေအိမ်လေးအကြောင်း သိချင်ရင်တော့ အောက်ဆုံးမှာ ပေးထားတဲ့ link မှာ ဖတ်လို့ရပြီး ဆက်သွယ်ရန် ဖုန်းနံပါတ်ကတော့ 095129747 ဖြစ်ပါတယ်။

Mobile (စမတ်ဖုန်း နှင့် တက်ဘလက်များမှ ကြည့်ရန် လင့်ခ်):
https://mobile.facebook.com/kalaw.nwe.eain/photos/?tab=album&album_id=1734412073465711

Computer:
https://web.facebook.com/kalaw.nwe.eain/photos/?tab=album&album_id=1734412073465711

ကလော နွေအိမ် ရဲ့ စာမျက်နှာ
https://mobile.facebook.com/kalaw.nwe.eain
https://web.facebook.com/kalaw.nwe.eain

17/08/2016
ကဲ မိုးရာသီကုန်လို့ ပွင့်လင်းရာသီရောက်လို့ အပန်းဖြေခရီးထွက်ဖို့ စိတ်ကူးနေပါသလား ? မန္တလေးမြို့ကို လာဖို့စိတ်ကူးရင် လူကြီး...
12/08/2016

ကဲ မိုးရာသီကုန်လို့ ပွင့်လင်းရာသီရောက်လို့ အပန်းဖြေခရီးထွက်ဖို့ စိတ်ကူးနေပါသလား ?
မန္တလေးမြို့ကို လာဖို့စိတ်ကူးရင် လူကြီးမင်းတို့၏ ခရီးစဉ်အဆင်ပြေချောမွေ့၊ အချိန်ကုန်းသက်သာ စိတ်ကျေနပ်မှု့ရအောင် ကျနော်တို့ Car Taxi Group မှ ကူညီပေးလိုပါသည်။

စုံစမ်းမေးမြန်းမှု့များကို နွေးထွေးစွာကြိုဆိုနေပါသည်။

ကဲယာဉ်မောင်းလိုင်စင် ဖြေမဲ့သူတွေအတွက် အထောက်အကူလေးပေါ့
10/08/2016

ကဲယာဉ်မောင်းလိုင်စင် ဖြေမဲ့သူတွေအတွက် အထောက်အကူလေးပေါ့

ယာဉ်မောင်းလိုင်စင် ရေးဖြေမှာမေးတဲ့ မေးခွန်းပုံစံတွေကို
လေ့လာနိုင်ရန် တင်ပေးလိုက်ပါတယ်။

" ခ " လိုင်စင် ရေးဖြေမေးခွန်း ၅ စုံ၊
" ဃ " / " င " လိုင်စင်ရေးဖြေမေးခွန်း ၅ စုံ
စုစုပေါင်း မေးခွန်းစာမျက်နှာ ၅၀ ပါဝင်ပါတယ်။

လိုင်စင်ဖြေမယ့် အသိမိတ်ဆွေတွေ လေ့လာနိုင်အောင်
Share ပေးကြပါဦး

:)

Address

Mandalay
Mandalay

Telephone

+9595176699

Website

Alerts

Be the first to know and let us send you an email when Car Taxi MDY posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share