DJDJ Company Limited

DJDJ Company Limited Business Service Company which include Healthcare, Education and School Blackboard

10/10/2021

အားလုံပဲ မင်္ဂလာပါခင်ဗျာ .... ကိုဗစ်နဲ့ နိုင်ငံရေးပရိပက္ခတွေကြောင့် တက္ကသိုလ်တက်ဖို့ နောက်ကျနေသူတွေ၊တက္ကသိုလ်တက်လက်စနဲ့ ရပ်နေရတဲ့သူတွေ နဲ့ တက္ကသိုလ်သွားတက်ချင်သူတွေအတွက် သတင်းလေးပါးပါရစေခင်ဗျာ...
အခုလက်ရှိမလေးရှားနိုင်ငံမှာလည်း ကိုဗစ်ကူးစက်ရောဂါကို အတော်အသင့် ထိန်းနိုင်နေပြီဖြစ်သလို လူဦးရေ တဝက်ကျော်လောက်လည်း ကာကွယ်ဆေးထိုးပြီးနေပြီဆိုတော့ Hybrid Learning System ကို အဆင့်မြှင့်တင်တော့မှာပဲဖြစ်ပါတယ်။ Hybrid ဆိုတဲ့အတိုင်း online နဲ့ တပတ် , face-to-face class တွေ ရှိတော့မှာဖြစ်ပါတယ်။ အဲတော့ ကျောင်းသား/သူတွေလည်း မလေးရှားမှာ ကျောင်းတက်ခွင့်ရတော့မှာဖြစ်တဲ့အတွက် ရနိုင်သမျှအခွင့်အရေးတွေကို လက်လွတ်မခံဘဲ DJDJ Company Limited နဲ့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါတယ်ခင်ဗျာ .... အသေးစိတ် သိရှိလိုပါက 09750179124 ကို VIBER ကဖြစ်စေ၊ WhatsApp ကဖြစ်စေ ဆက်သွယ်မေးမြန်းနိုင်ပါတယ်ခင်ဗျာ ...
တဦးချင်းလည်း တွေ့ဆုံဆွေးနွေးလို့ရပါတယ်ခင်ဗျ .... ရုံးခန်းတည်နေရာကတော့ အိမ်အမှတ် (၃၁၀/B)၊ သဇင်ပန်းလမ်း၊ ၂၇ နှင့်၂၈ လမ်ကြ ား ၊ ၇၆ နှင့် ၇၇ လမ်းကြား၊ ကျော်ကျော်ဝင်း ဆိုင်ကယ်ဝပ်ရှော့ မျက်နှာချင်းဆိုင်ပဲ ဖြစ်ပါတယ်ခင်ဗျာ....

အားလုံးကို ကြိုဆိုပါတယ်ခင်ဗျ .....

12/10/2020
အားလုံးပဲ မင်္ဂလာပါခင်ဗျာ ..... Asia Pacific University of Technology and Innovation (Malaysia) နဲ့ De MontFort Universi...
17/09/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျာ ..... Asia Pacific University of Technology and Innovation (Malaysia) နဲ့ De MontFort University, Leister တို့ ပူပေါင်းပြီး Dual Degree Programme များ စတင်နေပါပြီခင်ဗျာ .... Engineering Programme စိတ်ဝင်စားသူများအတွက် သတင်းကောင်းပါ .... ကျောင်းပြီးတာနဲ့ Bachelor အပြင် De MontFort University ကနေပြီး Master of Engineering ဘွဲ့ပါ ရရှိမှာ ဖြစ်ပါတယ်ခင်ဗျ .... အဲ့ဒီ university ကိုတော့ နှစ်စဉ်ကြေး ပေးသွင်းရမှာဖြစ်ပါတယ်ခင်ဗျ ....

အသေးစိတ် သိရှိလိုပါက 09-791249111, [email protected] ကို ဆက်သွယ် စုံစမ်းနိုင်ပါတယ်ခင်ဗျာ ....

10/08/2020

အားလုံးပဲ မင်္ဂလာပါခင်ဗျာ ..... တက္ကသိုလ် ဝင်တန်း မှာ မိမိသား/သမီးတွေ ဂုဏ်ထူးတွေ အောင်မြင်ပေမဲ့ COVID 19 ကြောင့် တက္ကသိုလ်တက်ရမဲ့အချိန်မှာ မတက်ရဖြစ်နေလို့ စိတ်ပူနေကြပါသလား ....
ကိုဗစ်ကြောင့် အခုကမ္ဘာကြီးဟာ လုံးဝကို IT Centric (IT ဗဟိုပြု) ပုံစံရောက်သွားပါတယ်... ကျောင်းတွေ ဆို Online Learing နဲ့ သုံးနေကြပြီ .... Microsoft Team တို့ Zoom တို့ ကို အခုကိုဗစ်ကာလမှာ တော်တော်လေး အသုံးပြုလာကြပါတယ်... နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်မှုအတိုင်း Social Distancing ကိုလည်း လိုက်နာပြီးသား ဖြစ်တာပေါ့ဗျာ.... အဲ့လိုပဲ နိုင်ငံခြားကျောင်းတွေကလည်း Microsoft Team, Zoom တို့ သုံးပြီး စာတွေသင်ပေးနေတော့ မိသားစု နဲ့ အိုးမကွာ အိမ်မကွာ ကိုဗစ်ကြီး စိတ်ချရတဲ့ အချိန်ထိ စာသင်နိုင်ပါတယ်ခင်ဗျာ....
ကိုဗစ်ကာလကြောင့် စီးပွားရေး တော်တော်များများလည်း Social Media ပေါ်မှာ စီးပွားရေးတွေ လုပ်လာကြတယ်။ အဲ့ဒါတွေက ဘာလည်းဆိုတော့ Digital Marketing ဘက်ကို ဦးတည်နေတာပေါ့ခင်ဗျ... အဲ့အတွက် Digital Marketing ကို နက်နက်နဲနဲ သိဖို့ လိုလာပြီ...
ဟော .... Online Business လည်း တွင်ကျယ်လာရော Cyber Crime တွေ များလာနိုင်ပါတယ် .... အကောင့် ဟက်တာတို့ ၊ ဘဏ် အကောင့် ဟက်တာတို့ ၊ အများကြီး ဖြစ်လာနိုင်ပါတယ်... အဲ့ဒါတွေကို ကာကွယ်ဖို့ Cyber Security ကို ခရေစေ့တွင်းကျ သိဖို့ လိုအပ်လာပါပြီ.....
ကိုဗစ်ကာလမှာတင်မကဘူး မဖြစ်ခင်ကပါ ကလေးတွေက ဂိမ်းတွေ တအားဆော့ လာကြတယ် .. ခေတ်နဲ့ အညီ PUBG, DOta, COC, COD တွေကို တွင်တွင်ကျယ်ကျယ် ကစားလာကြတာ တွေ့ရပါတယ် ... အဲ့တော့ မိဘတွေက မကစားဖို့ တားမြစ်ကြတယ်.... ကျွန်တော့်အနေနဲ့ ပြောရရင် သူတို့ ဘာကြောင့် တွင်တွင်ကျယ်ကျယ် ကစားလည်းဆိုတာ သေချာ သိဖို့ လိုပါတယ် .... အပျော်သဘောလား ၊ ဒါမှမဟုတ်ရင် သေသေချာချာ ထဲထဲဝင်ဝင် လေ့လာချင်လို့လား ၊ အဲ့လိုဂိမ်းတွေ ထက် အဆင့်မြင့်တာတွေကို လုပ်ဖို့ လေ့လာနေတာလား ဆိုတာ သေချာ သိဖို့ လိုပါတယ်ခင်ဗျာ ..... အဲ့လိုမျိုးတွေကို စနစ်တကျ လေ့လာသင်ယူဖို့ Game Development ကို သေသေချာချာ လေ့လာဖို့ လိုလာပါပြီခင်ဗျာ....
အပေါ်ကပြောခဲ့တဲ့ အလုပ်တွေ အားလုံးကို ကျွမ်းကျင်တတ်မြောက်ပြီး နိုင်ငံတကာ အဆင့်မှီ အသိအမှတ်ပြု ဒီပလိုမာ၊ ဘွဲ့၊ ဘွဲ့ လွန် တို့ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရှိတဲ့ Asia Pacific University of Technology and Innovation မှာ အွန်လိုင်း course သင်ကြားနိုင်ပြီဖြစ်ပြီး အသေးစိတ်သိရှိဆက်သွယ်တက်ရောက်လိုပါက..
DJDJ Company limited ပညာရေးနဲ့ ကျန်းမာရေးအကြံပေးဆွေးနွေးဝန်ဆောင် မှုကနေ ကြိုဆိုပါတယ်… 🤝

အားလုံးပဲမင်္ဂလာပါ..တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေလဲထွက်ပြီ:ပြီ..အောင်မြင်သူများအားလုံး ထူးချွန်စွာအောင်မြင်သူများအားလု...
09/08/2020

အားလုံးပဲမင်္ဂလာပါ..

တက္ကသိုလ်ဝင်တန်း အောင်စာရင်းတွေလဲထွက်ပြီ:ပြီ..

အောင်မြင်သူများအားလုံး ထူးချွန်စွာအောင်မြင်သူများအားလုံး ပျော်ရွှင်နေကြမှာပါ..

ကဲ.. အခုဆို လူကြီးမင်းတို့ သားသမီးများရဲ့

ပညာရေးအတွက်ရှေ့ဆက် ဘာလုပ်ရမလဲ စဉ်းစားကြရပြီပေါ့….

COVID ကြောင့် ဘာလုပ်ရမှန်းလဲမသိတော့ဘူး တက္ကသိုလ်တွေလဲပိတ်ထားတယ်

ဒီတိုင်းဆက်နားထားရင်လဲ ကလေးတွေစိတ်လေမှာ..

ဟုတ်ကဲ့.. အဲ့ဒီအတွက်မပူပါနဲ့…

တက္ကသိုလ် ကျောင်းသူ/ ကျောင်းသားကြီးတွေဖြစ်ဖို့ ချိတ်ဆက်ကူညီပေးနိုင်ပါတယ်

COVID ကာလအတွင်း personally ကျောင်းသွားစရာလဲမလိုဘူး.. Online ကနေ တက်လို့ရတယ်... အခု လက်ရှိ နိုင်ငံတကာ လေကြောင်းလိုင်းတွေ မဖွင့်သေးလို့ ကျောင်းသွားမတက်ရသေးပေမဲ့လည်း စာသင်မပျက်သင်ယူနိုင်ပါတယ်ခင်ဗျာ ..... ကျောင်းတက်ရတာလည်း ပျက်စရာမလိုပါခင်ဗျ....

နိုင်ငံခြားကဘွဲ့လဲရမယ်..

ကျောင်းပြီးရင်လဲ အလုပ်ရဖို့ သေချာတယ်..

နှစ်ရစ်ခွဲ ငွေသွင်းလို့လဲရတယ်..

ကျောင်းက Malaysia က Asia Pacific University of Technology and Innovation

ဒီကျောင်းက ဥရောပ မှာရှိတဲ့ ကျောင်းတွေနဲ့ ချိတ်ဆက်ထားပါတယ်..

( COVID ကာလစိတ်ချရလို့ သွားရမယ်ဆိုရင်လဲ အားလုံး စိတ်ချရအောင် ပြင်ဆင်လို့ရတယ်)

အသေးစိတ်သိချင်ရင်တော့..

DJDJ Company limited ပညာရေးနဲ့ ကျန်းမာရေးအကြံပေးဆွေးနွေးဝန်ဆောင် မှုကနေ ကြိုဆိုပါတယ်ခင်ဗျ...

အသေးစိတ် သိရှိလိုပါက [email protected], [email protected] သို့ အီးမေးလ်ပို့ပြီး မေးမြန်းနိုင်ပါတယ်ခင်ဗျ ..... Social Distancing လည်း လေ့ကျင့်ပြီးသားလည် ဖြစ်တာပေါ့ ခင်ဗျ....

05/08/2020

သင်က ဘယ်အုပ်စုမှာပါသလဲဆိုတာ စမ်းစစ်ကြည့်ကြပါစို့ 🗯️💫
David Kolb ရဲ့ နိယာမ အရ လေ့လာသင်ယူသူများရဲ့ ပုံစံ (၄) မျိူး ရှိပါတယ်..
1. The Converger
ဒီအုပ်စုက လေ့လာသင်ယူမှုပုံစံက တည်ရှိနေတဲ့ နိယာမ , အယူ အဆ တွေကို ရုပ်လုံးပေါ်အောင်
တွေးဆ ကြည့်ပြီး လက်တွေ့ လုပ်ဆောင်နိုင်သူတွေပါ…အကောင်းဆုံးအဖြေတခုရှိနေရင်တော့
ပိုပြီးတောင် ပြသနာတွေကို ဖြေရှင်းနိုင်သူတွေပါ… 💢💥
2. The Diverger
ဒီအုပ်စုကတော့ အတွေ့အကြုံတွေကို ပြန်လည် ဆင်ခြင် သုံးသပ်တတ်သူတွေပေါ့…
သူတို့တွေက တစစီဖြစ်နေတဲ့ ဗဟုသုတအပိုင်းအစတွေကို စုစည်းပြီး ပုံဖော်
စိတ်ကူးတတ်ကြသူတွေပါ..
Diverger တွေက စိတ်ခံစားလွယ်တယ် ဖန်တီးနိုင်စွမ်းလဲ ရှိကြတယ်… အတွေးခေါ်
အသစ်တွေကို နက်နက်နဲနဲ တွေးခေါ်တတ်ကြတယ်… 💭💬
👉 စာရေးဆရာ, ဂီတသမား, အနုပညာသမားတွေက Divergers တွေပေါ့…✍️🏞️🎹🎻🎸👩‍🎨
3. The Assimilator
The Assimilator တွေက အယူအဆတွေကို သုံးသပ်ဆင်ခြင်ရတာကို ကြိုက်နှစ်သက်
တတ်ကြတယ်..❓❓သူတို့တွေကယေဘုယျအတွေးအခေါ်တွေကိုကြိုက်နှစ်သက်ပေမယ့်လက်တွေ့
လုပ်ဆောင် ရမှာကိုတော့ သိပ်ပြီး စိတ်ပါဝင်စားမရှိဘူး..
ခန္ဓာဗေဒ, ဇီဝကမ္မဗေဒ , ရောဂါဗေဒ နဲ့ အခြား Basic science စိတ် ဝင်စားသူတွေအပါအဝင်..
Assimilators များဟာ အစီအစဉ်ရေးဆွဲခြင်းနဲ့ သုတေသန လုပ်ငန်းတွေကို ခုံမင်ကြတယ်..👩‍🔬👨‍🔬
4. နောက်ဆုံးပြောချင်တဲ့ အုပ်စုကတော့ Accommodators တွေပါ…
သူတို့တွေဟာ Assimilator နဲ့ဆန့်ကျင်ဘက်.. အတွေ့အကြုံနဲ့ လက်တွေ့အပေါ်မှာ
ယုံကြည်သူတွေပါ…

အုပ်စု( ၄ ) စုထဲမှာ.. Accommodators တွေက စွန်စားလုပ်ဆာင်မှုအရှိဆုံး သူတွေပေါ့…
ကိုယ်ပိုင်အတွေးခေါ်နဲ့ ရပ်တည်ပြီး အသစ်ရလာတဲ့ သတင်းအချက်ပေါ်မူတည်ပြီး
အစီအစဉ်တွေ ချက်ချင်းပြောင်းလဲလိုက်ဖို့ ဝန်မလေးကြဘူး…’ trail and error approach’
လို့ ခေါ်တဲ့ ‘ အောင်မြင်တဲ့ အထိ ထပ်ခါတလဲလဲ ကြိုးပမ်းခြင်း’ ကို လက်ကိုင်ထားတယ်..
‘ sales, marketing စတဲ့ စီးပွားရေး နယ်ပယ်တွေက လူတွေဟာ ‘ Accomodators’
တွေပါ…👨‍💼👩‍💼

အခုဆိုရင် ယေဘုယျ နိယာမကိုသိပြီဆိုတော့ မိမိက ဘယ်စုမှာပါပါ သလဲ..?👩‍🎨👨‍💼👩‍🔬🕵️‍♂‍

31/07/2020

လူတွေရဲ့ လေ့လာသင် ယူမှု ပုံစံတွေ ကွဲပြားခြားနားပါတယ်…. ✍️

လွန်ခဲ့တဲ့ 334 BC ( ခရစ်တော် မပေါ်ခင်) အချိန်ကာလက Aristotle လို့ခေါ်တဲ့ ပညာရှင်က "ကလေးတိုင်းမှာ သူတို့ ကိုယ်ပိုင်စွမ်းဆောင်ရည်တွေရှိတယ်ဆိုတာ သူယုံကြည်တယ် "လို့ ပြောခဲ့ပါတယ် 🔍

ပညာရှင်တွေရဲ့ သုတေသနများစွာရှိနေပါတယ်🌍👨‍💻
အဲဒီထဲကမှ David Kolb ရဲ့ နိယာမ ကို
ပြောပြချင်ပါတယ်… 🔷🔹

ဒီပညာရှင်ရဲ့ က လေ့လာသင်ယူမှုပုံစံများဟာတွေ့ကြုံခဲ့တဲ့ အတွေ့အကြုံများပေါ် မူတည်တယ် ဆိုတာ အဆင့်(၄) ဆင့်နဲ့ ရှင်းလင်းပြထားပါတယ်.. ☑️

(1) ကိုယ်တိုင်ထိတွေ့ လုပ်ဆောင်ခြင်းမှရတဲ့အတွေ့အကြုံ…

(2) ကိုယ့်အတွေ့ အကြုံတွေကိုပြန်လည်တွေးတောစဉ်းစားပြီး နိယာမ
သဘောတရားကို အခြေနေအချိန်ခါပေါ်မူတည်ပြီး အသုံးပြုနိုင်သော အဆင့်( နိယာမ ကို လက်တွေ့နှင့် ယှဉ်ပြီးအလိုက်သင့် လုပ်ဆောင်တာပါ)

(3) အပေါ်မှာ ပြထားတဲ့ အဆင့်တွေ ပူးပေါင်းပါဝင်ပါတယ်.. ⬆️➕
ရရှိထားတဲ့အတွေ့အကြုံကို စဉ်းစားသုံးသပ်မယ် ဒီအဆင့်မှာတော့ အတွေးအခေါ်အသစ်တွေ ထုတ်တယ်.. နောက်ပြီး မူရင်းရှိနေတဲ့ နိယာမ
သဘောတရားကို ပြုပြင်မွမ်းမံတယ် ( theory ကို လက်တွေ့ မှာ ဘယ်လို
ကျင့်သုံးရမလဲ ဆိုတာ ကိုယ်တိုင် သိမြင်လာမယ်..

(4) ဒီအဆင့်မှာတော့ ရှိထားတဲ့ အတွေးအခေါ်အသစ်တွေ ကို လက်တွေ့သုံးကြည့်တော့မယ်.. ပြီးတဲ့နောက်မှာ စမ်းသစ် တီထွင်မှု
တွေလုပ်မယ်…💭💬 ဒီ အဆင့်တွေဟာ တခုတခု တခု ဆက်စပ်မှု
ရှိနေပါတယ်..(သင်ယူခြင်းဟာ ရပ်တန့်သွားမယ့် အရာမဟုတ်ပါဘူး) 🌍👍😇🌍

မိဘများ အတွက်မိမိ သားသမီးများစိတ်ချလက်ချ အပ်နှံနိင်စေရန် APU ကျောင်းကို Mr.Adrian မှ လှည့်လည် ပြသပေးတာ ဖြစ်ပါတယ် ... ကြည...
30/07/2020

မိဘများ အတွက်မိမိ သားသမီးများစိတ်ချလက်ချ အပ်နှံနိင်စေရန် APU ကျောင်းကို Mr.Adrian မှ လှည့်လည် ပြသပေးတာ ဖြစ်ပါတယ် ... ကြည့်ရှုအားပေးကြပါအုံးခင်ဗျာ.....



APU’s new campus is setting a new benchmark for design excellence among Malaysian Universities, combining an eco-friendly campus with a dynamic blend of tech...

29/07/2020

သင့်သားသမီး ရဲ့ စာပေလေ့လာမှုက ဘယ်လိုရှိသလဲဆိုတာ တိုင်းတာချင်ပါသလား ?

နိယာမလေးတခု ပြောပြချင်ပါတယ်😇
ပညာရေး နယ်ပယ်မှာ ‘ Blooms’s Taxonomy’ ဆိုတာ မသိမဖြစ် သိထားသင့်တဲ့အရာပါ🤗

ဒါကို 1956 ခုနှစ်မှာ Dr. Benjamin Samuel Bloom ဆိုတဲ့ပုဂ္ဂိုလ်က စတင်ဖန်တီးခဲ့တာပါ
ရည်ရွယ်ချက်ကတော့ ပညာရပ်တွေကို သာမာန်မှတ်မိယုံထက်ပိုပြီး အဆင့်မြင့်မြင့်တွေးခေါ်တတ်ဖို့ရာပဲ
ဖြစ်ပါတယ်..
နယ်ပယ် (၃) ခု နဲ့ စတင်ကြည့်ခဲ့ပါတယ်
Three ‘ H’ : Head သိမြင်ခြင်း
Heart ခံစားခြင်း
Hand လုပ်ဆောင်ခြင်း

နောက်ပိုင်းမှာတော့ အမျိူးအစား(၆) မျိူး ပြန်ခွဲပါတယ်…🤗
1. Remember- ဒီအဆင့်ကတော့ သိခြင်းအဆင့်ပါ..
အမည်နာမ အခေါ်အဝေါ်တွေကိုသိတယ်
ဥပမာ- ‘ science’ ဆိုတဲ့ အခေါ်အဝေါ်ကို သိတယ်👾

2. Understand- ဒီအဆင့်ကတော့ နားလည်ခြင်း ဆိုတဲ့အဆင့်ပါပဲ
သိထားတာတွေကို နားလည်တယ် , ပြန်ပြောနိုင်တယ်, ခန်မှန်းကြည့်တတ်တယ်
ဥပမာ - ‘ science’ ဆိုတာ သိပ္ပံ ကိုခေါ်တယ်ဆိုတာ နားလည်တယ်
ဘယ်လိုအရာတွေက သိပ္ပံ ပါ ဆိုတာကို ပြောနိုင်တယ်,ခန့်မှန်းနိုင်တယ်🙂
3. Apply - ဒီအဆင့်ကတော့ သိတယ်, နားလည်တယ်, အသုံးပြုခြင်း ပါ
ဥပမာ- မိမိမှာ ရှိတဲ့ ဗဟုသုတရယ်, နားလည်မှုရယ်ပေါင်းပြီး ပြန်သုံးတတ်တာ
လက်တွေ့ လုပ်တာ… DIY projects တွေလဲအပါအဝင်ပေါ့😇

4. Analysis - ဒီအဆင့်ကတော့ သုံးသပ်တတ်ခြင်း ပါ
ဒီအဆင့်မှာတော့ တတ်သိထားမျှကို အထောက်အထားရှာတယ်, အမျိူးအစားခွဲခြားတယ် , ဆက်နွယ်မှုတွေကို သုံးသပ်တယ်
- ခေါင်းထဲမှာ ဘာကြောင့် ဘယ်လိုဆိုတဲ့ မေးခွန်းတွေနဲ့ ပေါ့ 🤔

5. Evaluate -ဒီအဆင့်ကတော့ တန်ဖိုးဖြတ်ခြင်းပါလ
ဒီအဆင့်မှာတော့ တတ်သိနားလည် လုပ်ဆောင်ထားတာတွေကို
အမှားအမှန် ဆုံးဖြတ်မယ် ဝေဖန် ပိုင်းခြားမယ်, ညှိုနှိုင်းမယ်
6. Create -ဒီအဆင့်ကတော့ ဖန်တီးခြင်း > ကိုယ်ပိုင်အတွေးအခေါ်နဲ့ စီစဉ်မယ်, ဆုံးဖြတ်မယ်,
ဖန်တီးမယ် အဖြေရှာမယ်…. 🤗😇👨‍
မိမိရဲ့ ပညာရပ်နယ်ပယ် လေ့လာမှု , မိမိသားသမီးရဲ့အခြေအနေကို တိုင်းတာကြည့်ကြပါစို့ 😇👍👍👏👏

သင့် သားသမီးကgame     ကြိုက်တတ်ပါသလား?​  ညီ/ ညီမလေးတို့ က gamers        လား? 😱  Game တွေက လူငယ်             တွေရဲ့ စိတ်ခ...
28/07/2020

သင့် သားသမီးကgame
ကြိုက်တတ်ပါသလား?
​ ညီ/ ညီမလေးတို့ က gamers
လား?
😱 Game တွေက လူငယ်
တွေရဲ့ စိတ်ခံစားမှုတွေနဲ့
ပတ်သက်ပြီး ကူညီနိုင်ပါ
တယ်....
' Mightier' ဆိုတဲ့ အမေရိ
ကန် နိင်ငံက company တခု
က 2019 ခုနှစ်ထဲမှာ လူငယ်
တွေမှာ ဖြစ်တဲ့
စိတ် ဖိစီးမှု , ဒေါသ, အာရုံစူး
စိုက်နိုင်မှု အားနည်းခြင်း နှင့်
တက်ကြွစိတ်လွန်ကဲမှု
ရောဂါ ( ADHD) စတဲ့
စိတ်ပိုင်းဆိုင်ရာ ပြသနာ
များ ကို ဖြေရှင်းနိုင်မယ့်
game တမျိူးကို တီထွင်နေ
ခဲ့ပါတယ်ခင်ဗျ...👩‍💻👨‍💻

ဒီ game ကတော့ အသက် ၆
နှစ်မှ ၁၄ နှစ် အရွယ်တွေရဲ့
စိတ်ပိုင်းဆိုင်ရာ ပြသနာတွေ
အတွက် Boston မြို့တော်
က ကလေးတွေနဲ့ စမ်းသပ်
ခဲ့ပါတယ်... 👾👾

👨‍💻ကလေးတွေ ရဲ့ နှလုံးခုန်
နှုံး ကို တိုင်းတာဖို့ monitor
နဲ့ သုံးပါတယ်
game ကစားနေချိန်မှာ အဲ
လို တိုင်းတာကြည့်တဲ့အခါ
နှလုံးခုန်နှုံး မြင့်တက်ချိန်မှာ
game ကစားရတာ ပိုပြီး
ခက်ခဲပါတယ်တဲ့ ခင်ဗျ...

အသက်ပြင်းပြင်းရှူ ပြီး စိတ်
ကို တည်ငြိမ်အောင် ထား
ခိုင်း ချိန်မှာတော့ game
ကစားရတာ လွယ်ကူသွားပါ
တယ်တဲ့.... 🙂
ဒီ game မှာ
🚤 လှေဆောက်တာ ,
🚝 မြေအောက် မီးရထား
လမ်းတည်ဆောက်တာစတဲ့
Awards ရပြီးသား features
တွေ ပါဝင်ပါတယ်တဲ့...✨

' Mightier Company'က
​ ပြောဆိုချက်တွေအရ
ဒီ game ကို ၁၂ ပတ် ခန့်
ကစားခဲ့တဲ့ ကလေးတွေ ဟာ
သူတို့ရဲ့ ဒေါသ ထွက်မှုရာ
ခိုင်နှုန်း ဟာ ၆၂ % အထိ
လျော့ကျသွားတယ်လို့ ဆိုပါ
တယ်.... 😮

အဲ.... ကုန်ကျငွေကတော့
US မှာဆို £ 79 ပါတဲ့ ခင်ဗျ.

လူကြီးမင်းတို့ သားသမီး
တွေ game စွဲနေကြပြီလား
ခင်ဗျာ?
ဟုတ်ကဲ့.... game စွဲလမ်းမှူ
ကနေ game developer တွေ
ဖြစ်လာရင်.. IT ပညာရှင်
တွေ ဖြစ်လာရင် မကောင်း
ဘူးလားဗျာ...? 🙂
မိမိ စိတ်ဝင်စားရာ ကို
အကျိူး ရှိရှိ အသုံးချနိုင် ရင်
မကောင်းဘူးလားဗျာ...
😇
🤖ကျွန်တော်ကတော့ IT
တက်ချင်တဲ့ ညီ/ ညီမ တွေ
ကို လူကြီးမင်းတို့ သား/
သမီး တွေ အတွက်
' Asia Pacific University'
ကိုညွှန်းချင်ပါတယ်
ခင်ဗျာ 😇...

Gamer ညီ/ ညီမ လေးတို့ရေ
Game Developer
မဖြစ်ချင်ကြဘူးလား...?

Comment မှာ ရေးသွားပေး
ကြ ပါ...🤗

Ref: The Week

.com

Photo Reference : The Week Junior October,2019

27/07/2020

နိုင်ငံခြားမှာကျောင်းတက်ရတာကို စိတ်ပူစရာမလိုပါဘူး ခင်ဗျ

Study Abroad and Culture Shocks
Culture shocks ကိုအခြေခံအဆင့် (၄) ဆင့်နဲ့ပြပါတယ်ခင်ဗျာ..

ပထမ အဆင့်ကတော့ ' Honeymoon' Stage ' 😁
နိုင်ငံခြားရောက်ရောက်ခြင်းကတော့ တွေ့မြင်သမျှ အရာရာဟာ လှပနေတာ
အခက်အခဲလေးတွေရှိရင်တောင် ဒါဟာ ဘာမှပြောပလောက်စရာမဟုတ်ပါဘူး အရာရာဟာပျော်စရာပေါ့..
အဲ.. ' ပျားရည်စမ်း' ကာလ က တလလောက်ထိ ကြာနိုင်ပါတယ်ခင်ဗျ..

ဟုတ်ပြီ.. Second Stage ကတော့ ' Rejection Stage' ပါ ' ငြင်းပယ်ခြင်း အဆင့်' 😁
ဟုတ်ကဲ့.. ဒီအဆင့်မှာတော့ ယဉ်ကျေးမှု မတူတဲ့ နိုင်ငံတွေကြားက အခက်အခဲလေးတွေစလာပါပြီခင်ဗျ..
အစပိုင်းက ရှိနေတဲ့ စိတ်အားထက်သန်မှုတွေကနေ တဖြည်းဖြည်းခြင်း စိတ်အထိမခံမှု, ဒေါသ, စိတ်ဓာတ်ကျခြင်းတွေ ဖြစ်လာတော့မယ်...
Homesickness လို့ခေါ်တဲ့ အိမ်ကိုလွမ်းတာတွေ ဖြစ်လာပါပြီခင်ဗျ..

ကဲ.. Third Stage ကတော့ ' Adjustment and Reorientation '
ဒီအဆင့်မှာတော့ မိမိကိုယ်တိုင်ရဲ့ သဘောထားတွေ စတင်ပြောင်းလဲလာရပါပြီ
နိုင်ငံခြားရောက်ခါစက ရခဲ့တဲ့ အတွေ့အကြုံ, မတူညီတဲ့ ယဉ်ကျေးမှုကို ပိုပြီး ရင်းနှီး လာပါပြီ..
လူအများစုက ဒီအဆင့်မှာ ကြုံတွေ့တဲ့ ပြသနာတွေဖြေရှင်းတတ်နိုင်လာပါပြီ...
စိတ်ခံစားမှုရဲ့ ဒဏ်က သူတို့ကို သိပ်ပြီးမထိခိုက်နိုင်တော့ပါဘူး ခင်ဗျ..😊

ကဲ... နောက်ဆုံးအဆင့်ကတော့..👇
'Adaptation' လို့ခေါ်တဲ့ ' ညှိုနှိုင်းနေထိုင်တတ်ခြင်း' ပါပဲခင်ဗျာ....
ဒီအဆင့်မှာတော့ နိုင်ငံခြား ယဉ်ကျေးမှု ဓလေ့ထုံးစံကို သိမြင်လာပြီ. အစားအသောက်တွေ နှစ်သက်လာပြီ.. ပျော်အောင်နေထိုင်တတ်လာပြီ
professionalism ကိုကျင့်သုံးတတ်လာပါပြီခင်ဗျာ...😇

Address

83rd Street, Between 21st And 22nd Street
Mandale
05011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 12:00

Telephone

+959791249111

Alerts

Be the first to know and let us send you an email when DJDJ Company Limited posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to DJDJ Company Limited:

Share