ELL "Essential Learning of Life"

ELL "Essential Learning of Life" Kids and young development

28/11/2022

👩‍👧‍👦ကိုယ့်သားသမီးပေါ် တာ၀န်ကျေတယ်ဆိုတာ ရော့ပိုက်ဆံဆိုပြီး ပစ်ပေးလိုက်လို့ ပြီးတာမဟုတ်။

👩‍👧‍👦သူတို့လေးတွေ မေတ္တာဆိုတာကို ခံစားတတ်စေဖို့လည်း တာ၀န်ကျေရတယ်။

👩‍👧‍👦မေတ္တာကို ပြန်ပေးတတ်ဖို့လည်း တာ၀န်ကျေရတယ်။

👩‍👧‍👦စိတ်နှလုံး လုံခြုံစေမှုအတွက်လည်း တာ၀န်ကျေရတယ်။

👩‍👧‍👦ကိုယ်ကျင့်တရား ကောင်းအောင် တည်ဆောက်တတ်ဖို့အတွက်လည်း တာ၀န်ကျေရတယ်။

👩‍👧‍👦အသက်ရှင် ကျန်းမာအောင် လမ်းပြပေးရင်းနဲ့လည်း တာ၀န်ကျေရတယ်။

👩‍👧‍👦အခက်အခဲတွေ ကြားထဲမှာ ရုန်းကန်တတ်စေဖို့ တာ၀န်ကျေရတယ်။

👩‍👧‍👦လဲကျ ရှုံးနိမ့်မှုတွေကြားထဲမှာ နစ်မြုပ်မသွားစေဖို့ တာ၀န်ကျေရတယ်။

👩‍👧‍👦ကောင်းမွန်တဲ့ အသက္်မွေး၀မ်းကြောင်းမှု ဖြစ်စေဖို့လည်း တာ၀န်ကျေရတယ်။

👩‍👧‍👦 စိတ်ဒဏ်ရာ တွေ၊ နာကျည်းချက်တွေနဲ့ အဆိုးမြင်တတ်တဲ့ ကလေးတွေ မဖြစ်အောင် ပြုစုပေးရင်း တာဝန်ကျေရတယ်

👩‍👧‍👦သူတို့လေးတွေ အရွယ်ရောက်လို့ ကိုယ့်ရဲ့ နေ၀င်ချိန်ကို ပြန်ကြည့်သည်ဖြစ်စေ၊ မကြည့်သည်ဖြစ်စေ၊ ကိုယ့်ဖက်က လိပ်ပြာလုံလုံ စိတ်အေးအေးနဲ့ သူတို့တွေကို ထားခဲ့နိုင်ဖို့က အရေးအကြီးဆုံးပဲ။

👩‍👧‍👦ငါမွေးလိုက်တဲ့ သား၊ ငါမွေးလိုက်တဲ့သမီး၊ ငါမပါဘဲ ရပ်တည်နိုင်ပြီ လို့ စောစောသေချာတဲ့လူတွေက စောစောအေးချမ်းတာပဲ။

Credit - Original Uploader

Address

Mandale

Website

Alerts

Be the first to know and let us send you an email when ELL "Essential Learning of Life" posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share