Let's Chat Myanmar

Let's Chat Myanmar လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းတွေက?

မင်္ဂလာပါ ...Covid - 19 အနေနဲ့ Second Wave အဖြစ် မြန်မာပြည်ကို ထပ်မံ နှိပ်စက်လာပြန်ပါပြီ😓။ ဒီကာလဟာဆိုရင်တော့ လုပ်ငန်းရှင...
16/09/2020

မင်္ဂလာပါ ...

Covid - 19 အနေနဲ့ Second Wave အဖြစ် မြန်မာပြည်ကို ထပ်မံ နှိပ်စက်လာပြန်ပါပြီ😓။ ဒီကာလဟာဆိုရင်တော့ လုပ်ငန်းရှင်များ အတွက် အခက်ခဲဖြစ်စေတဲ့ ကာလ ဖြစ်တဲ့အပြင် တစ်ချိန်ချိန်မှာ ရောဂါရဲ့အကျိုးဆက်ကြောင့် လုပ်ငန်းများ ပိတ်ရကောင်းပိတ်ရလာတဲ့ အခါ ပုံမှန် Customer များနဲ့ အဆက်သွယ်မပြတ်စေဖို့ အရေးကြီးလာနိုင်ပါတယ် ။

ဒါကြောင့်လုပ်ငန်းများ အနေနဲ့ ပုံမှန် Customer များနဲ့ အဆက်သွယ် မပြတ်အောင် Online မှ တစ်ဆင့် မိမိတို့ရဲ့ လုပ်ငန်းများကို ဆက်လက်လည်ပတ်စေလိုပါတယ်။

ကျွန်တော်တို့ Let's Chat Myanmar Digital Marketing မှ လူကြီးမင်းတို့ လုပ်ငန်းများ အတွက် Desing ၊ Logo နှင့်
ပြည့်စုံသော Page တစ်ခုတည်ထောင်ပေးပြီး customer နှင့် အချိတ်ဆက်မိစေမည့် Content Writing များရေသားပေးပါတယ်။ ဒါ့အပြင် လူကြီးမင်းတို့ရဲ့ Page Messenger မှာ (24) hr auto reply ပြန်ပေးမယ့် Chat Bot တစ်ခုကို တည်ဆောက်ပေးသွားမှာဖြစ်ပါတယ်။

လူကြီးမင်းတို့ အနေနဲ့ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုကို စိတ်ဝင်စားတယ်ဆိုရင် Let's Chat Myanmar ကို ဆက်သွယ်လိုက်ပါ။

☎️Ph - 09 962 758 150
Between 77×78 street and 32*33 street, Shwe Phyu Plaza ,First Floor (D-109), Mandalay

*ကုန်ပစ္စည်းတွေဈေးကွက်မှာ နေရာရစေရန် အချက်များ *____________________&___________________👉မအောင်မြင်တဲ့ထုတ်ပိုးမှုပုံစံကိ...
23/03/2020

*ကုန်ပစ္စည်းတွေဈေးကွက်မှာ နေရာရစေရန် အချက်များ *
____________________&___________________

👉မအောင်မြင်တဲ့ထုတ်ပိုးမှုပုံစံကိုဖက်တွယ်မနေပါနဲ့
~~~~~~~~~~~~~~~~~~~~~~~~

-- စားသုံးသူရဲ့အကြီးအကဲဟာ အမြဲပြောင်းလဲနေပါတယ် ။ သင့်ရဲ့ ထုတ်ပိုးမှုပုံစံ (Packing) ဟာ အမြဲတမ်းတစ်ပုံစံတည်းဖြစ်မနေသင့်ဘူး ။ ဒါကြောင့်စားသုံးသူက ထုတ်ပိုးမှုပုံစံကိုမကြိုက်တော့လို့ ရောင်းအားကျပြီဆိုရင်ချက်ချင်းပြောင််းပစ်ပါ ။

--- စားသုံးသူတွေကို အသစ်အသစ်သောထုတ်ပိုးမှုတွေက ဆွဲဆောင်နိုင်တာမို့ သင့်ကုန်ပစ္စည်းရဲ့အရောင်းကို ပြန်လည်မြင့်တတ်စေမှာပါ ။သင့်ပစ္စည်းဟာ စားသုံးသူဘယ်လောက်ပဲကြိုက်ပါစေ ထုပ်ပိုးတဲ့ ပုံစံက တစ်သမက်တည်း ဖြစ်နေရင်တော့ ရိုးအီလာမှာမို့ အရည်အသွေး ( quality ) ကိုသာမက ထုပ်ပကိုးမှုကိုပါ ဂရုစိုက်ပါ။

👉အဓိကအချက်ကို ကိုင်မိပါစေ
~~~~~~~~~~~~~~~~

--တစ်ခါတစ်ရံမှာ ကျွန်တော်တို့ ဈေးကွက်ထိုးဖောက်ရေးသမားတွေဟာ ကျွန်တော်တို့ရဲ့ နောက်ဆုံးစားသုံးသူထံကို အရောက်သွားဖို့ ခက်ခဲတတ်ပါတယ် ။ဒါကြောင့်ကျွန်တော်တို့တွေဟာ အဓိက စားသုံးသူတွေကို ရှာဖွေကြည့်ရပါလိမ့်မယ် ။ ဒီအကြံဟာ စားသုံးသူတွေနဲ့စိမ်းနေတဲ့ထုတ်ကုန်တွေအဖို့ ပိုသင့်တော်ပါတယ််။ ဥပမာ အားဖြင့် ရေသန့်ပစ္စည်း အသစ်ဟာ သူရဲ့စားသုံးသူ အားလုံးကို အကြိုက်ပြောင်းလဲလာအောင်မဆွဲဆောင်နိုင်ပါဘူး ။ဒါကြောင့်သူဟာဆိုင်တွေကို ဆွဲဆောင်ရပါလိမ့်မယ် ။ ရေသန့်ဆိုတဲ့ကုန်ပစ္စည်းဟာတစ်ခုနဲ့တစ်ခုမထူးခြားတဲ့အတွက်ရောင်းတဲ့ဟာကိုလူတွေအလွယ်တကူဝယ်ဿေက်ကျမှာပဲ ။ ဒါကြောင့် အဓိကဆိုင်ကို ဖြန့်နိုင်ပါစေ ။

👉စားသုံးသူပေးရတာထက်ပိုတဲ့ ဝန်ဆောင်မှုပေးပါ
~~~~~~~~~~~~~~~~~~~~

--သင့်ရဲ့ ကုန်ပစ္စည်းကို စားသုံးသူတွေ ပေးရတဲ့တန်ဖိုးထက်ပိုပြီး တန်အောင် တန်ဖိုးအချို့ပေါင်းထည့်သင့်ပါတယ် ။ဒါမှသာ ထိုပေါင်းထည့်မှုဟာ စားသုံးသူတွေကို ဆွဲဆောင်နိုင်ပြီး သင့်လုပ်ငန်းအရောင်းသွက်လာမှာပါ ။ အနည်းငယ်သော ပေါင်းထည့်မှုတောင်မှ စားသုံးသူ စိတ်ဝင်စားမှုကို အခြားလုပ်ငန်းက ထုတ်ကုန်ထက်စာရင် သင့်ထုတ်ကုန်က ပိုရမှာပါ ။

(ဥပမာ - စားသောက်ဆိုင်တွေက စင်တင်တေးဂီတနဲ့ ဆွဲဆောင်မှုမျိုးပါ ။ ဒါကြောင့် သင့်ပစ္စည်းမှာ တန်ဖိုးအချို့ပေါင်းထည့်နိုင်ပါစေ )

👉တစ်ခုခုထူးခြားအောင်ပြုလုပ်ပါ
~~~~~~~~~~~~~~~~~~~

-- လုပ်ငန်းတစ်ခုလုပ်ပြီဆိုရင် အပြိုင်အဆိုင်တွေပေါ်လာတတ်ပါတယ် ။ ဒီအကြံအဉာဏ်ဟာ စားသုံးသူ အသစ်ကို ဆွဲဆောင်တာတသ်မက စားသုံးစူအဟောင်းကိုပါ အခြားပြိုင်ဘက်ဆီ ထွက်မသွားအောင်ထိန်းထားနိုင်တဲ့ အကြံဉာဏ်ကောင်းတစ်ခုပါ ။ သင့်လုပ်ငန်းကို ကြော်ငြာရာမှာဖြစ်ဖြစ်၊ထုတ်ပိုးမှုမှာ ဖြစ်ဖြစ်သူတစ်ပါးထက် တစ်ပန်းသာနေဖို့လိုပါတယ် ။ထူးခြားနေဖို့လိုပါတယ် ။ ကြော်ငြာရာမှာ ထူးခြားနေတယ်ဆိုရင် သင့်လုပ်ငန်းကြော်ငြာကို လူတွေပို စိတ်ဝင်စားမှာ ဖြစ်သလို သင့်ထုတ်ကုန်ကို တစ်မူထူးခြားစွာ ထုတ်ပိုးထားတယ်ဆိုရင် စားသုံးသူကို ပိုပြီးဆွဲဆောင်နိုင်မှာပါပဲ ။ ဒါကြောင့် သင့်ပစ္စည်းက သူများပစ္စည်းထက် ထူးခြားနေအောင် အမြဲတမ်း ဂရုစိုက်နေသင့်ပါတယ်

👉စားသုံးသူကို လေးစားပါ
~~~~~~~~~~~~~~~

--ဒီအကြံဉာဏ်ဟာ ကြီးကြီးငယ်ငယ် ဘယ်ကုမ္ပဏီကိုမဆို လိုက်နာ စောင့်ထိန်းသင့်တဲ့ အရေးတကာ့ အရေးကြီးဆုံး အကြံဉာဏ်ပါပဲ ။ သင်ဟာစားသုံးသူကိုလေးစားရင် သင့်ရဲ့ထုတ်ကုန်ကိုလည်း စားသုံးသူက ပြန်ပြီးလေးစားလာမှာပဲ ။စားသုံးသူက သင့်ရဲ့အလေးထားမှုကို အသိမှတ်ပြုပြီးပါက သင့်ရဲ့ကုန်ပစ္စည်းဟာ တခြားစားသုံးသူအသစ်တွေရောက်လာဖို့ မခက်ခဲတော့ပါဘူး ။ ဘာဖြစ်လို့လည်းဆိုတော့ စားသုံးသူတွေဟာ ကိုယ့်ကိုလေးစားမှုရှိတဲ့ ကုမ္ပဏီကထုတ်တဲ့ ကုန်ပစ္စည်းကို ပိုဝယ် ချင်တာ သဘာဝပါပဲ ။ဒါကြောင့်စားသုံးသူတွေ လိုသမျှကို ဖြည့်ဆည်းပေးဖို့ ပြင်ဆင်ပါ ။ သင့်ရဲ့စားသုံးသူကိုလေးစားပါ ။ သို့မှသာ သင်ဖောက်သယ်အသစ်တွေရောက်ရှိလာမှာ ဖြစ်ပါတယ် ။

Credit –
အလွယ်ကူဆုံးဈေးကွက်ထိုးဖောက်ရေးနည်း ဗျူဟာများ
ဆရာ အောင်စည်သာ

မင်္ဂလာပါ…. ဒီနေ့မှာတော့ မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်းတွေဈေးကွက်မှာ နေရာရစေဖို့အတွက်  ဆရာအောင်စည်သာရဲ့ (အလွယ်ကူဆုံးဈေးကွက်ထ...
17/03/2020

မင်္ဂလာပါ….
ဒီနေ့မှာတော့ မိတ်ဆွေတို့ရဲ့ ကုန်ပစ္စည်းတွေဈေးကွက်မှာ နေရာရစေဖို့အတွက် ဆရာအောင်စည်သာရဲ့ (အလွယ်ကူဆုံးဈေးကွက်ထိုးဖောက်နည်း နည်းဗျူဟာများ) ဆိုတဲ့စာအုပ်ထဲမှ နည်းဗျူဟာအချို့ကိုတင်ပြပေးမည်ဖြစ်ပြီး ကျန်အချက်များကိုလည်း ကျန်ရက်များတွင်ဆက်လက်တင်ပြသွားမှာဖြစ်ပါတယ်။

👉သင့်ထုတ်ကုန်ကိုအရင်ဆုံးမြည်းစမ်းပါစေ
_______________________________

ဒီနည်းလမ်းဟာ သင့်ရဲ့ထုတ်ကုန်အသစ်ထုတ်လုပ်မှုကို ပြိုင်ဘက်တွေက ကြိုတင်သိရှိသွားနိုင်ခြင်း စတဲ့အားနည်းချက်အနည်းငယ်ရှိပေမယ့် စာသုံးသူများရဲ့အကြိုက်ကိုလေ့လာနိုင်မှုနဲ့ ထုတ်ကုန်ကို စားသုံးသူအကြိုက်ပြန်လည်ပြင်ဆင်ပြီး ထုတ်လုပ်နိုင်မှာမို့ ရောင်းရမှာသေချာတဲ့အတွက် အကောင်းဆုံးဈေးကွက်ထိုးဖောက်နည်းတစ်ခုပါပဲ ။

👉အခြားသူကိုပြန်ပြောရလောက်အောင်
ဝန်ဆောင်မှုပေးပါ
_______________________________
ဒီအကြံဉာဏ်ဟာ ဝန်ဆောင်မှုလုပ်ငန်းတွေကနေရရှိလာတာပါ။သင့်ရဲ့ဝန်ဆောင်မှုတွေကို စားသုံးသူတွေအတွက် ပါးစပ်ဖျားကမချ ချင်လောက်အောင်ဆောင်ရွက်ပေးပါ။ သို့မှသာ သူတို့မှတစ်ဆင့် သူတို့မိတ်ဆွေတွေ ၊သူတို့တိတ်ဆွေတွေမှတစ်ဆင့် အခြားမိတ်ဆွေတွေဆီသတင်းပြန့်နှံ့သွားပြီး သင့်လုပ်ငန်းအနေနဲံ ဆေးကွက်မှာ ဖောက်သယ် များများ ရအောင် သင်ထိုးဖောက်နိုင်မှာ ဖြစ်တဲ့အတွက် ယခုအကြံဉာဏ်ဟာလည်း အကောင်းဆုံးထဲက တစ်ခုပါပဲ ။

👉အတူတကွဆုံးဖြတ်ကြပါ
_____________________
ယခုအကြံကတော့ စားသုံးသူနဲ့တိုက်ရိုက်မထိတွေ့ခင် ဘယ်လိုနည်းလမ်းနဲ့ ထိုးဖောက်မလဲဆိုတဲ့ဆုံးဖြတ်ချက်ချခြင်းနဲ့သက်ဆိုင်ပါတယ်။

စစ်တမ်းများအရတစ်ယောက်တည်းဆုံးဖြတ်ရတာနဲ့စာရင် မိမိရဲ့လက်အောက်ဝန်ထမ်းဆီကအကြံဉာဏ်ကို စုပေါင်းရယူပြီးဆောင်ရွက်လိုက်တာဟာ ပိုပြီးအောင်မြင်တယ်လို့ ဆိုပါတယ် ။

ဝန်ထမ်းတွေဟာစားသုံးသူတွေနဲ့တိုက်ရိုက် ဆက်ဆံနေရသူတွေမို့ သူတို့ဟာ စားသုံးသူအကြိုက်ကို တစ်ခါတစ်ရံ မိမိထက်ပိုသိနေတတ်ပါတယ် ။ ဒါကြောင့်ဆုံးဖြတ်ချက်များကို အုပ်စုဖွဲ့ပြီးဆွေးနွေးတိုင်ပင်ခြင်းဟာလည်း ကောင်းသောမားကတ်တင်း အကြံဉာဏ်တစ်ခုပါပဲ ။

👉 စားသုံးသူတွေရဲ့အညှာကို ကိုင်မိပါစေ
_____________________________

ဒီနည်းလမ်းဟာ နိုင်ငံခြားမှာစာအုပ်ထုတ်ဝေသူတွေ ၊ အထူးသဖြင့်သင်ကြားရေးနဲ့ပက်သက်တဲ့ ထုတ်ဝေသူတွေက အကြုံပြထားတာပါ။ သင်ဟာစားသုံးစူတစ်ဦးကိုဆွဲဆောင်ခြင်းဖြင့် သင့်အတွက်ဖောက်သယ်အများအပြား ရရှိစေတဲ့နည်းလမ်းဖြစ်ပါတယ် ။

ဥပမာအားဖြင့် ဆရာတစ်ယောက်ကိုစာအုပ်လက်ဆောင်ပေးခြင်းဖြင့် ထိုစာအုပ်ကောင်းလျှင်ဆရာက တပည့်ကို လမ်းညွှန်ပေးနိုင်ပါတယ်။

ဒါ့ပြင်တခြားသောကုန်ပစ္စည်းတွေကိုလည်း သင့်ရဲ့ဖောက်သယ်များက သူတို့ အတုယူ အားကျသော(သို့)ဩဇာရှိသော လူတစ်ယောက်လိုလိုက်ပြီး သုံးစွဲကြမှာမလွဲပါဘူး ။

👉စာပို့ကြော်ငြာများမှာ လက်ဆောင်ကလေးတစ်ခုထည့်ပေးပါ။
_______________________________
စာပို့ကြော်ငြာခြင်းကို မားကတ်တင်းအများစုကမနှစ်သက်တတ်ကြပါဘူး။လူတွေဟာအများအားဖြင့်စာတိုက်မှလက်ခံရရှိတဲ့ ကြော်ငြာတွေကို မဖတ်ဖြစ်တာများလို့ပါ။

တကယ်လို့သင်ဟာ စာအိပ်အတွင်းမှာ လက်ဆောင်လေးတစ်ခုထည့်ပေးမယ်ဆိုရင် သင့်အတွက်အဖြေဟာ ထူးခြားလာမှာပါ။

ထိုသို့ လက်ဆောင်ပစ္စည်းလေးထည့်ပေးခြင်းဖြင့် လက်ဆောင်ပစ္စည်းကို စိတ်ဝင်စားခြင်းနှင့်အတူ သင့်ပစ္စည်းကို စိတ်ဝင်စားမှုတွေကူးစက်လာမှာပါ။

ဒါ့အပြင် သင့်ရဲ့လက်ဆောင်ပစ္စည်းမှာ သင့်ရဲ့ ကုန်ပစ္စည်းတံဆိပ်ရိုက်နှိပ်ထားခြင်းဖြင့် သင့်ရဲ့ကုန်ပစ္စည်းကို မဝယ်တောင်မှ လက်ဆောင်ပစ္စည်းအသုံးပြုတိုင်း သင့်ကိုကြော်ငြာပေးနေတယ်လို့မှတ်ပါ ။

# Credit –
အလွယ်ကူဆုံး ဈေးကွက်ထိုးဖောက်ရေးနည်းဗျူဟာများ
(အောင်စည်သာ)

"ကပ်စတမ်မာများနှင့် ဆက်သွယ်ရာတွင်       စွမ်းအားရှိသော အရွှေအပြောင်းများ ➡️ဒေါင်လိုက်နှင့် သီးသန့်ဖြစ်၍ တစ်ဦးချင်းမှ    ...
13/03/2020

"ကပ်စတမ်မာများနှင့် ဆက်သွယ်ရာတွင်
စွမ်းအားရှိသော အရွှေအပြောင်းများ

➡️ဒေါင်လိုက်နှင့် သီးသန့်ဖြစ်၍ တစ်ဦးချင်းမှ
အလျားလိုက်၊ အများနှင့်သက်ဆိုင်သော
လူမှုဘ၀များဆီသို့⬅️

ချာလီဖရော့(စ်)ဟာ ထင်ရှားတဲ့ သဘောတရားပညာရှင်
ဖြစ်ပြီး သူက ၂၀၁၂ ခုနှစ်သာ ယဉ်ကျေးမှုခေတ်တစ်ခေတ်ရဲ့ အဆုံးသတ်ဖြစ်လိမ့်မယ်လို့ ယုံကြည်ခဲ့ပါတယ်။
ဘူမိဗေဒပညာရှင်တစ်စုကလည်း ဖရော့(စ်)ရဲ့
ယုံကြည်မှုဟာ မှန်‌လောက်တယ်လို့ တွေ့ရှိခဲ့ပါတယ်။
သူတို့ရဲ့ တွေ့ရှိချက်က ပထဝီမြေကြီးရဲ့ ဗဟိုချက်မဏ္ဍိုင်ဟာ ပေါက်ကွဲပြိုလဲပြီး ကမ္ဘာကို ကပ်ဘေးသင့်စေမယ်လို့
လေ့လာ‌သိရှိကြတာပါ။ ဒီတော့လည်း ကမ္ဘာ့ခေါင်းဆောင်တွေ
စုဝေးတိုင်ပင်ပြီး အဖြေရှာခဲ့ရာက လူ၊ တိရစ္ဆာန်မျိုးစိတ်
တွေကို အုပ်စုလိုက်ရွေးချယ်ပြီးသမ္မာကျမ်းထဲက
နောအေးရဲ့ လှေကြီးလို ဧရာမလှေကြီးတွေ တည်ဆောက်
ကယ်တင်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။ လှေကြီးတွေပေါ်မှာ
ကယ်တင်ခံရသူတွေကလည်း လူ့ယဉ်ကျေးမှုခေတ်သစ်ကို
ပြန်စဖို့ မျှော်လင့်ခဲ့ကြတယ်ဆိုပါတော့။

ဒီဇာတ်လမ်းက လုံး၀စိတ်ကူးယဉ်ဆန်တာဖြစ်ပြီး ၂၀၁၂
ဆိုတဲ့ ရုပ်ရှင်ကားထဲက ထုတ်နှုတ်ထားတာပါဘဲ။
သို့သော်လည်းရုပ်ရှင်ထဲက ဇာတ်၀င်ခန်းတော်တော်
များများဟာ ဒီနေ့ ကျွန်တော်တို့ ကြုံတွေ့နေရတဲ့
အပြောင်းအလဲကို တင်စားထားတာ ဖြစ်နေပါတယ်။ ရု
ပ်ရှင်က ယဉ်ကျေးမှုရဲ့ အဆင့်အတန်းဟောင်းတွေ ဖြစ်တဲ့
နိုင်ငံရေး၊ စီးပွားရေး၊ လူမှုယဉ်ကျေးမှုဆိုင်ရာနဲ့
ဘာသာရေးစံထားမှုတွေ ပျက်ယွင်းခဲ့ပုံနဲ့ ပိုပြီး
အလျားလိုက်ကျပြီး အားလုံးနဲ့ဆိုင်တဲ့ လူမှုရေး 'စံ'
တွေကို အစားထိုးခဲ့ပုံတွေ ပြသခဲ့ပါတယ်။

ပြီးတော့ အနောက်နိုင်ငံ မဟာအင်အားကြီး စူပါပါဝါနိုင်ငံကြီး
တွေရဲ့ ခေါင်းဆောင်တွေအနေနဲ့ သူတို့ရဲ့ အတ္တတွေနဲ့ ပူပေါင်းလုပ်ကိုင်မှုတွေကို လျှော့ချဖို့ တွန်အားပေးခံရပုံကိုလည်း
ပြသပါသေးရဲ့။

သူတို့ဟာ ဧရာမသင်္ဘောကြီးတွေကို တည်ဆောက်
ရေးမှာ တရုတ်နိုင်ငံကိုတောင် အားကိုးအားထားပြုရတယ်
လို့ဆိုထားပါတယ်။သင်္ဘောတွေဟာ ပထဝီ၀င်နဲ့ နိုင်ငံနယ်
နမိတ်ခြားနားမှုအရကွဲပြားနေကြတဲ့ အမျိုးစုံပါ၀င်တဲ့လူတွေအချင်းချင်း ခွဲခြားမှုမရှိဘဲ တစ်ယောက်နဲ့တစ်ယောက်
ဆက်သွယ်ပေါင်းစည်းမိတဲ့ ကမ္ဘာသစ်ရဲ့ သင်္ကေတ
အနေနဲ့ မောင်းနှင်လှုပ်ရှား တည်ဆောက်ခဲ့တာလည်း
ဖြစ်ပါတယ်။

ဒီနေ့ ကျွန်တော်တို့လည်း လုံး၀သစ်လွင်တဲ့ ကမ္ဘာသစ်
တစ်ခုမှာ နေထိုင်နေကြရပါပြီ။ ကျွန်တော်တို့ သိဖို့
လိုအပ်လာတဲ့ စွမ်းအားတည်ဆောက် ဖွဲ့စည်းမှုဆိုတာ
ပြင်းထန်တဲ့ အပြောင်းအလဲတွေကို ထိတွေ့ခံစားနေဖို့ပါပဲ။
ကျွန်တော်တို့ ဘ၀တွေကို ပွင့်လင်းမြင်သာမှုနဲ့ညဆက်သွယ်
နိုင်စွမ်းတွေ ယူဆောင်ပေးတဲ့ အင်တာနက် (နိုင်ငံတကာ
ကွန်ပျူတာကွန်ရက်) ဟာ အဲဒီ စွမ်းအားအရွှေ့အပြောင်းတွေအတွက် ကြီးကြီးမားမားနဲ့ညအဓိကကျတဲ့ အကြောင်းအရင်းပဲ
ဖြစ်ပါတယ်။ ကန့်သတ်ချက်ရှိပြီး သီးသန့်ဆန်တဲ့ စွမ်းအားတွေကို ဘယ်လိုအညံ့ခံ အရှုံးပေးလိုက်ရသလဲ ဆိုတာ ကျွန်တော်တို့မျက်ဝါးထင်ထင် မြင်ခဲ့ရပါပြီ။

စက်မှုထိပ်သီးနိုင်ငံကြီးခုနှစ်နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ G7 ဟာ
ကမ္ဘာ့စည်းပွားရေး အကျပ်အတည်းတွေကို သူတို့ဘာသာ
မဖြေရှင်းနိုင်ကြတော့ပါဘူး။ ဒီလိုနဲ့ သူတို့သာ အိန္ဒိယ၊ တရုတ်၊
အင်ဒိုးနီးရှားစတဲ့ အာရှနိုင်ငံတွေပါ၀င်တဲ့ G20 အဖွဲ့ထဲ၀င်ပါ
ခဲ့ရတာပါဘဲ။

အခုဆိုရင် စီးပွားရေးဩဇာဟာ အများစုနဲ့ ပိုဆိုင်သွားပါပြီ။
ဧရာမ ကော်ပိုရေးရှင်းကြီးတွေလည်း သူတို့ရဲ့ သီးသန့်ရည်ရွယ်
တဲ့ ကုမ္ပဏီအဖွဲ့အစည်းတွေအတွင်းမှာ ဆန်းသစ်ဖန်တီးမှုတွေ မြေတောင်မြှောက်ပေးဖို့ ခက်ခဲလာတာကို တွေ့ရှိခဲ့ကြရပါတယ်။ မိုက်ခရိုဆော့ဖ်နဲ့ အမေဇုန်လို ကုမ္ပဏီတွေက Skype နဲ့ Zappos
တို့လို ဆန်းသစ်တီထွင်တဲ့ ကုမ္ပဏီကြီးတွေထက် ပိုငယ်ပေမယ့် အင်အားပိုမြင့်ကြတာကလား။

မီလျံနာကြီးတွေ ဖြစ်နေတဲ့ ဘီလ်ဂိတ်နဲ့ မတ်ဇူဇကာဘက်(ဂ်)
တို့တောင် စီးပွားရေးအရ အားလုံးနဲ့သက်ဆိုင်မှုအတွက်
လိုအပ်ချက်တွေကို အရေးထားဂရုစိုက်နေခဲ့ပါတယ်။ သူတို့ဟာ
သူတို့ရဲ့ ကြွယ်၀ချမ်းသာမှု Bill နဲ့ Melinda Gates ဖောင်ဒေးရှင်းကတစ်ဆင့် မရှိဆင်းရဲသားတွေကို ပေးလှူလျက် ရှိကြပါတယ်။
ဒီအပြင် Chan Zuckerberg ရှေ့ဆောင် ဖောင်ဒေးရှင်းတွေရဲ့
တစ်စိတ်တစ်ပိုင်း အဖြစ် ပညာရေးထောက်ကူမှု ပညာဒါနတွေ
တလေးတစားနဲ့ အခုလုပ်နေကြပါပြီ။

‌ ဒါနဲ့အမျှ ဒေါင်လိုက်ရဲ့ ဩဇာအစွမ်း တည်ဆောက်မှုတွေဟာ အလျားလိုက်အင်အားတွေနဲ့ ယှဉ်ရင် အားပျော့သွားတာတွေ့ရ
ပါလိမ့်မယ်။ဥပမာအားဖြင့် ကမ္ဘာပေါ်မှာ ဖေ့(စ်)ဘွတ် သုံးတဲ့
နိုင်ငံတွေထဲမှာ အမေရိကန်ပြည်ထောင်စုဟာ လူဦးရေ ၁ ဒသမ
၆၅ ဘီလီယံနဲ့ ထိပ်ဆုံးမှာ ရှိနေပါတယ်။ အလာလာပဲ....ပြည်သူပြည်သားသတင်သားတွေ တင်လိုက်တဲ့
နောက်ဆုံးရလာဒ် သတင်းတွေကို Twitter ပေါ်မှာ၀င်ကြည်တဲ့ လူဦးရေ ဘယ်လောက်များသလဲဆိုတာမြင်သာလှပါတယ်။
CNN လို TV ကြီး‌တွေကလည်း Network ချန်နယ်တွေနဲ့သွား
နေကြပါပြီ။

You Tube တောင်မှ ဟောလီးဝုဒ်ရုပ်ရှင်တွေကို မုန်တိုင်း
တိုက်သလို တိုက်ခိုက်နေကြတာကလား။

Variety မဂ္ဂဇင်းက လေ့လာစူးစမ်းမှု ကော်မရှင်တစ်ခုက စစ်တမ်းအရ အသက် ၁၃ နှစ်နဲ့ ၁၈နှစ်ကြား လူငယ်တွေရဲ့
ဖွင့်ဟချက်မှာ You Tube ဆယ်လီဘရစ်တီတွေဟာ
ဟောလီးဝုဒ်စတားတွေထက် လူကြိုက်များတယ်လို့ဆိုတာပါပဲ။

ဖျော်ဖြေရေးထထပ်သီး ဖြစ်တဲ့ Sony ကလည်း
YouTube နဲ့ ပေါင်းပြီးအလျားလိုက်စွမ်းအားတွေဟာ
ဒေါင်လိုက်တွေထက်နောက်တန်းမကျကြောင်း ပြသခဲ့ပါတယ်။

Sony ရဲ့ ‌မြောက်ကိုရီးယာကို ဟာသလုပ်ထားတဲ့ ရုပ်ရှင်
The Interview ဟာ YouTube ကတစ်ဆင့် ပထမဆုံး
စီးပွားဖြစ်ထုတ်လွှင့်ပြီး မြောက်ကိုရီးယားက ဝါဒဖြန့်ထားတဲ့
ဆိုက်ဘာတိုက်ခိုက်မှုကို တုံ့ပြန်ခဲ့ပါတယ်။

ဩဇာအစွမ်းရွေ့လျားမှုဟာ လူတွေအပေါ်မှာလည်း
သက်ရောက်မှု ရှိနေခဲ့ပါပြီ။ အာဏာရှင်တွေဟာ အမည်မသိ ခေါင်းဆောင်တွေ ဦးဆောင်တဲ့ပြည်သူတွေကြောင့် ပြုတ်ပြုတ်ကျနေကပါတယ်။Wall Street က ကြိုးကိုင်ဆရာကြီး ငွေရှင် ကြေးရှင်ကြီးတွေသာလည်း Ouccpy Wall Street က ကန့်ကွက်ဆန္ဒပြ လှုပ်ရှားမှုအရ တုန်လှုပ်ချောက်ချားနေရလေရဲ့။

အီဘိုလာရောဂါကို ဟန့်တားကာကွယ်တန်ပြန်တိုက်ခိုက်သူများအား Time မဂ္ဂဇင်းကြီးက 2014ခုနှစ်ရဲ့ စံပြလူသားတွေအဖြစ်‌ရွေးချယ်ခဲ့တာဟာ အမေရိကန်သမ္မတ အိုဘားမားနဲ့ အိန္ဒိယ ၀န်ကြီးချုပ် နုရန်ဒါမိုဒီတို့ထက် တလေးတစား ဂုဏ်ပြုထိုက်သလိုဖြစ်သွားပါတယ်။

ဒီအရွေ့တွေဟာ ကျွန်တော်တို့ကမ္ဘာမှာ အ‌ခြေအမြစ်ကျကျ ပြောင်းလဲစေခဲ့တာပါ။ ကမ္ဘာတစ်ခုမှာ အလျားလိုက်နဲ့အများ
ဆိုင်ရာ လူမှုရေးအင်အားစုတွေက ဒေါင်လိုက်ဖြစ်ပြီး
သီးသန့်ဆန်တဲ့ ပုဂ္ဂလိက အင်အားတွေထက် မြင့်မားမှု
သာလွန်ခဲ့သလို ကပ်စတမ်မာတွေရဲ့ အသိုက်အ၀န်းမှာ
လည်းပိုပြီး အားကောင်းလာစေခဲ့တာ အမှန်ပေါ့။

ဒီနေ့ဆိုရင် သူတို့ဟာ အသံတွေ ပိုကျယ်နေပါပြီ။
ဒီဂျစ်တယ်လုပ်ငန်းထဲက ကပ်စတမ်မာတွေဟာ ‌ဧရာမကုမ္ပဏီ
ကြီးတွေနဲ့ နာမည်ကျော်ကုန်အမှတ်တံဆိပ်တွေကို
မကြောက်တော့ပါဘူး။သူတို့က ကုန်တံဆိပ်တွေနဲ့ ပတ်သတ်တဲ့အကောင်းအဆိုး ဖြစ်ရပ်မှန် ဇာတ်လမ်းတွေကို ရှဲလုပ်ပြီး ဝေမျှရတာကိုကြိုက်နှစ်သက်နေကြပါတယ်။

ကုန်တံဆိပ်တွေအကြောင်း စပ်မိစပ်ရာ ပြောကြတဲ့စကား
တွေက ပစ်မှတ်ထားပြီး ကြော်ငြာတဲ့လှုပ်ရှားမှုထက် ပိုပြီးထိ
ရောက်နေတာတဲ့အမျှ ယုံကြည်စိတ်ချနေရသလိုပါပဲ။ လူမှု
အသိုက်အ၀န်းတွေဟာ ဩဇာလွှမ်းမိုးမှုရဲ့ အဓိကအရင်း
အမြစ်တွေဖြစ်လာပြီး ပြင်ပဈေးကွက် ရှာဖွေရေး ဆက်သွယ်မှု
တွေကိုတောင် ပဓာန မထားတော့သလောက် ဖြစ်ပါတယ်။
ကပ်စတမ်မာတွေဟာ သူတို့ရဲ့ နီးစပ်ရာ အဖော်အပေါင်း
တွေက ဦးဆောင် ရွေးချယ်တဲ့ တံဆိပ်တွေကို ပိုစိတ်၀င်တစားနဲ့
သုံးလာကြပါတယ်။သူတို့ကိုယ်သူတို့ တံဆိပ်အတုတွေနဲ့
လိမ်လည်မှုတွေကို ကာကွယ်ဖို့ လူမှု၀န်းကျင်ကို အသုံးချပြီး
ခံတပ်ဆောက်လိုက်ကြတာပါပဲ။

-----------------------------------


Marketing 4.0

**တပေါင်းလပြည့် ပြည်တော်၀င် အခါတော်နေ့**🙏🙏🙏"ငါးတန်ငါးကြင်း ၊ရွှေတသင်းတို့၊ မြစ်တွင်းမြူးပျော်၊ ဇင်ယော်မြစ်တွေး၊ ချစ်သံလေ...
08/03/2020

**တပေါင်းလပြည့် ပြည်တော်၀င် အခါတော်နေ့**🙏🙏🙏

"ငါးတန်ငါးကြင်း ၊ရွှေတသင်းတို့၊ မြစ်တွင်းမြူးပျော်၊ ဇင်ယော်မြစ်တွေး၊ ချစ်သံလေးနှင့် ရေကျေး ရေငှက် ၊
စက္က ၀က်ဟင်္ဟာ၊ ငှက်တကာလည်း ၊ ဘာသာ ကျူးကျော်
မြူးပျော် ကြတုံ ၊ငွေသောင် ခုံ၀ယ် ၊ သဲပုံစေတီ ပွဲတော် ပြီတည်း"

သဲပုံစေတီ ပွဲတော် /တပေါင်းလပြည့်နေ့မှာ အားလုံး
ပျော်ရွှင်ချမ်းမြေ့ကြပါစေ🙏🙏🙏

⭕Strategy ဘယ်လောက်သုံးသုံး💻နည်းပညာမသုံးပဲ Marketing လုပ်နေရင်📉စီးပွာရေးလောကမှာ နောက်ကောက်ကျန်ခဲ့လိမ့်မယ်😎⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳...
05/03/2020

⭕Strategy ဘယ်လောက်သုံးသုံး
💻နည်းပညာမသုံးပဲ Marketing လုပ်နေရင်
📉စီးပွာရေးလောကမှာ နောက်ကောက်ကျန်ခဲ့လိမ့်မယ်😎
⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳⏳

📡ရောမရောက်ရင် ရောမလိုကျင့်
💻IT ခေတ်မှာ IT ကို သေချာအသုံးချကာ

🅿️roducts များများထုတ်နိုင်ပြီး
🅿️lace ကျယ်ကျယ်ပြန်ပြန်မလိုပဲ ဈေးကွက်ကို
ကျယ်ကျယ်ပြန်ပြန် ချဲ့လာနိုင်စေရန်
🅿️romotion များများလုပ်နိုင်ပြီး
🅿️riceတိတိကျကျ သတ်မှတ်နိုင်စေရန်

🛒ဝယ်ယူသူ(Customers)များဆီသို့
ဈေးကွက်ဖြန့်ချီမယ်ဆိုရင် ဒီဂျစ်တယ် မာကတ်တင်း
နည်းကသာ အသင့်တော်ဆုံးပါ 💻💻💻

{ဒစ်ဂျစ်တယ်မားကတ်တင်း ( Digital Ⓜ️arketing ဆိုသည်မှာ ဈေးကွက်ဖော်ဆောင်ခြင်း နည်းလမ်းများကို အင်တာနက်ပေါ်တွင် ဒစ်ဂျစ်တယ်နည်းပညာများအသုံးပြုပြီး ပြုလုပ်ခြင်းဖြစ်သည်။ }
💻💻💻💻💻💻💻💻💻💻💻💻💻

🖌️ဒီဂျစ်တယ်မာကတ်တင်း ဝန်ဆောင်မှုထဲမှ
💠Let's Chat Myanmar Digital marketing Services
လုပ်ငန်းတစ်ခုတည်းကသာ သင့်အတွက် တစ်ခုတည်းသော
အကောင်းဆုံးရွေးချယ် ဖြစ်စေမှာပါ။
🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆🏆

❗(Because. IT ခေတ်မှာ IT ကိုDigital Marketing
လုပ်ဆောင်သူတိုင်း အသုံးချနေပေမဲ့ သူတို့မသိလိုက်‌‌
သေးတဲ့ Idea ဆိုတဲ့ တွေးတောနိုင်မှသာတဲ့ ခေတ် နှင့်
အညီ Let' Chat Myanmar မှာ အထူးဝန်ဆောင်မှုပေးနေသောကြောင့်ပါ🌀 ) 🔺🔺🔺🔺

☑️Let's Chat Myanmar Digital marketing Services
သည် 💰ပြည်တွင်းစီးပွားရေးသင်တန်းပေါင်းများစွာနှင့်
ချိတ်ဆက်လုပ်ကိုင်လျက်ရှိပြီး 🌁နိုင်ငံတကာနှင့်ချိတ်
ဆက်ထားသော လုပ်ငန်းများတွင်လည်း အကောင်းဆုံး
ဝန်ဆောင်ဖြင့် လုပ်ဆောင်လျက်ရှိပါသည်။
Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️

💠Let's Chat Myanmar Digital marketing Services
နဲ့ဆိုမိမိရဲ့ ကုန်ပစ္စည်း📦ကို အမှန်တကယ်စိတ်ဝင်စားသူရှေ့
📊 မှာ ကုန်ပစ္စည်းတစ်ခုလုံးကိုချပြလိုက်သလို customers
တွေရဲ့ လိုအပ်ချက်ကို ထိထိရောက်ရောက် ကြော်ငြာနိုင်ပါပြီ။
မိမိ ကုန်ပစ္စည်းသာ ဈေးကွက်ထဲမှာ ‌အရည်သွေးပြည့်လို့က‌တော့ Customers‌‌ တွေလိုချင်တဲ့ အရာ🛒ကနေ မရှိမဖြစ်လိုအပ်လာ
မည့် ကုန်ပစ္စည်း🗃️ဖြစ်သည်အထိ ကြော်ငြာပေးဖို့ထိ ကျနော်တို့ ဝန်ဆောင်မှုပေးနိုင်ပါတယ်။😱
Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️Ⓜ️

Digital marketing တွင် အသုံးပြုနိုင်သော
🔍သတင်းအချက်အလက်ရှာဖွေနိုင်ရန်ပြုလုပ်ခြင်း
(search engine optimization (SEO))၊
🔎မိမိလုပ်ငန်းနှင့်ပတ်သက်၍ ဈေးကွက်ရှာဖွေခြင်း
[search engine marketing (SEM)],
🗞️မိမိလုပ်ငန်းကြော်ငြာစာရေးသား၍ ဈေးကွက်ဖော်
ဆောင်ခြင်း - များကို

Let's Chat Myanmar Digital marketing services

မှ 🎯ထိရောက်သော နည်းလမ်းများဖြင့်ဝန်ဆောင်မှုပေးနေပါပြီ။

'sChatMyanmar

တောင်သူလယ်သမားနေ့************************မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ်ပုဂံခေတ်မတိုင်မီ ကတည်းကစ၍ နှစ်ပေ...
01/03/2020

တောင်သူလယ်သမားနေ့
************************
မြန်မာနိုင်ငံမှာ လယ်ယာစိုက်ပျိုးရေးနိုင်ငံအဖြစ်ပုဂံခေတ်မတိုင်မီ ကတည်းကစ၍ နှစ်ပေါင်းထောင်ချီ ရပ်တည်လာခဲ့သော နိုင်ငံဖြစ်သည်နှင့်အညီ မြန်မာနိုင်ငံသားအများစုမှာ တောင်သူလယ်သမား သို့မဟုတ် လယ်ယာကဏ္ဍ အမှီပြု၍ အသက်မွေးဝမ်း ကျောင်း လုပ်ကိုင်နေသူများ ဖြစ်ကြသည်။

မြန်မာနိုင်ငံ လူဦးရေ၏ ၇၀ ရာခိုင်နှုန်းမှာ လယ်ယာလုပ်ငန်းများဖြင့် အသက်မွေးကြသူများဖြစ်ပေရာ ခေတ်အဆက်ဆက် အစိုးရများနှင့် နိုင်ငံရေးသမားတို့အတွက် အရေးပါသော လူတန်းစားတစ်ရပ် ဖြစ်နေသည်။

သမိုင်းနောက်ခံ ပဒေသရာဇ်ခေတ် အဆက်ဆက်တွင် တောင်သူလယ်သမားတို့၏ အသက်မွေးမှုမှာ ကြီးမားသည့် အပြောင်းအလဲမရှိဘဲ တည်ငြိမ်အေးချမ်းခဲ့သော်လည်း အောက်မြန်မာနိုင်ငံကို နယ်ချဲ့တို့ စစ်နှစ်ကြိမ်ပြု သိမ်းပိုက်ပြီးသောအခါတွင် တောင်သူလယ်သမားတို့ဘဝမှာ ပြောင်းလဲမှုများစွာ ဖြစ်ပေါ်လာသည်။

၁၈၆၉ ခုနှစ်တွင် ဆူးအက်တူးမြောင်း ဖွင့်လှစ်နိုင်ခဲ့သဖြင့် အရှေ့နှင့်အနောက် ဆက်ဆံရေးမှာ ပိုမိုပွင့်လင်း လွယ်ကူလာသည်။

ယင်းကြောင့် ၁၈၅၂ အင်္ဂလိပ်-မြန်မာ ဒုတိယစစ်ပွဲအပြီး အင်္ဂလိပ်လက်အောက် ကျရောက်ခဲ့သည့် အောက်မြန်မာနိုင်ငံမှ ဆန်စပါးကို ပြည်ပတင်ပို့ရန် ဆန်စပါးစိုက်ပျိုးရေးလုပ်ငန်းကို တိုးချဲ့လုပ်ဆောင်ခဲ့ရာ အထက်မြန်မာနိုင်ငံမှ တောင်သူလယ်သမားများ အောက်မြန်မာနိုင်ငံသို့ ပြောင်းရွှေ့လုပ်ကိုင်ခဲ့ကြသည်။

ဆန်စပါးစိုက်ပျိုးမှုအခြေအနေ ကောင်းလာသော အခါတွင် အင်္ဂလိပ်တို့က အောက်မြန်မာနိုင်ငံ မြေခွန်တော်လက်စွဲနှင့် မြေနှင့် အခွန်တော်ဥပဒေကို ပြဋ္ဌာန်းကာ ကုန်သည်များအကျိုးကို ဆောင်ရွက်ခဲ့သည်။

၁၈၈၆ ခုနှစ် အထက်မြန်မာနိုင်ငံကို သိမ်းပိုက်ပြီးချိန်တွင် ယင်းဥပဒေကိုပင် ဆက်လက်ပြဋ္ဌာန်းခဲ့သည်။

လယ်ယာလုပ်ငန်း တိုးတက်စေရန် မြန်မာတစ်နိုင်ငံလုံးရှိ မြေများကို
1. ဂရန်မြေ (အပိုင်စာချုပ်မြေ)
2. အငှားစာချုပ်မြေ
3. ယာယီလုပ်ခွင့်ရမြေ
4. မြေနုကျွန်းမြေ
5. နယ်သစ်ဖွင့်ဒေသမြေ ဟူ၍ ခွဲခြားသတ်မှတ်ပေးခဲ့သည်။

ယင်းကြောင့် လယ်ယာစိုက်ပျိုးလုပ်ကိုင်သူအဆမတန် များပြားလာပြီး မြေလွတ်မြေရိုင်းများကို ခုတ်ထွင်ရှင်းလင်းကာ လယ်ယာသစ်များ ဖော်ထုတ်လုပ်ကိုင်လာကြသည်။

ယင်းကြောင့် အင်္ဂလိပ်အရင်းရှင်တို့၏ စီးပွားရေး ဖွံ့ဖြိုးလာသော်လည်း ဒေသခံတောင်သူလယ်သမားများဖြစ်သည့် မြန်မာကျေးလက်နေ လူတန်းစားများ၏ ဘဝမှာ လုပ်ငန်းမကျွမ်းကျင်မှု၊ အရင်းအနှီးမရှိမှု၊ အသိပညာအားနည်းမှုတို့ကြောင့် အကြွေးပတ်လည်ဝိုင်းကာ နောက်ဆုံးတွင် လယ်မြေများ ချစ်တီးတို့ထံ ပေးအပ်ခဲ့ရသည်။

၁၉၃ဝ ပြည့်နှစ် ကမ္ဘာ့စီးပွားပျက်ကပ် ဖြစ်ပွားသောအခါတွင် မြန်မာလယ်သမားအများစုမှာ လယ်ယာမဲ့ဘဝသို့ ရောက်ရှိသွားကြရာမှ ဆက်လက် သည်းမခံနိုင်ကြတော့သဖြင့် ၁၉၃ဝ ပြည့်နှစ် ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် မြန်မာ့သမိုင်းတွင် ထင်ရှားသော တောင်သူလယ်သမား အရေးတော်ပုံကြီး ပေါ်ပေါက်ခဲ့သည်။

ယင်းအရေးတော်ပုံကို ဂဠုန်ဆရာစံက “သုပဏ္ဏကဂဠုန်ရာဇာ” ဘွဲ့ခံယူကာ သာယာဝတီနယ် အလံတောင်တွင် စခန်းချ၍ အရေးတော်ပုံကို ခေါင်းဆောင်ခဲ့သည်။

အင်္ဂလိပ်တို့က ယင်းအရေးတော်ပုံကို သုံးနှစ်နီးပါးခန့် ပြင်းပြင်းထန်ထန် နှိမ်နင်းခဲ့ရပြီး ဆရာစံနှင့် ခေါင်းဆောင်များကို ဖမ်းဆီးကွပ်မျက်ခဲ့သဖြင့် တောင်သူလယ်သမား အရေးတော်ပုံ ရပ်နားသွားသော်လည်း ယင်းအရေးတော်ပုံကြောင့် မြန်မာနိုင်ငံသားများစိတ်တွင် တော်လှန်ရေးစိတ်ဓာတ်များ နိုးကြားလာခဲ့သည်။

နယ်ချဲ့လက်အောက်တွင် တောင်သူလယ်သမားတို့၏ ဘဝမှာ အောက်ကျနောက်ကျဖြင့် နေထိုင်ခဲ့ရသည်။

၁၉၄၈ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့တွင် မြန်မာနိုင်ငံလွတ်လပ်ရေးရကာ ဖဆပလအစိုးရက အုပ်ချုပ်ခဲ့သည်။

လွတ်လပ်ရေးရလျှင်ရချင်း ၁၉၄၈ ခုနှစ်တွင်ပင် ဖ.ဆ.ပ.လ အစိုးရက လယ်ယာအလုပ်သမား အနည်းဆုံးလုပ်ခကြေးငွေ ဥပဒေနှင့် လယ်ယာမြေ နိုင်ငံပိုင်ပြုလုပ်ရေးဥပဒေတို့ကို ပြဋ္ဌာန်းပေးကာ လယ်သမားတို့၏ ဘဝကို မြှင့်တင်နိုင်ရေး အစီအစဉ်များ ချမှတ်လုပ်ဆောင်ခဲ့သော်လည်း လက်တွေ့တွင် ထူးခြားတိုးတက်မှု မရှိခဲ့ပေ။

၁၉၆၂ ခုနှစ် တော်လှန်ရေးကောင်စီက နိုင်ငံတော်အာဏာ ရယူခဲ့သည့်နောက်ပိုင်းတောင်သူလယ်သမား ဘဝ မြင့်မားစေရေး ဟူသည့် ရည်ရွယ်ချက်ဖြင့် ၁၉၆၃ ခုနှစ် မတ်လတွင် သီးစားချထားရေးဥပဒေ၊ သီးစားချထားရေးနည်းဥပဒေ၊ တောင်သူလယ်သမား အခွင့်အရေးကာကွယ်သည့် ဥပဒေများ ချမှတ်ဆောင်ရွက်ခဲ့သော်လည်း လက်တွေ့အောင်မြင်မှုမရှိ၍ ၁၉၆၅ ခုနှစ်တွင် ၁၉၆၃ သီးစားချထားရေးဥပဒေကို ပြင်ဆင်သည့် ၁၉၆၅ သီးစားချထားရေးဥပဒေကို ထပ်မံထုတ်ပြန်ပေးခဲ့ပြီး တစ်ဧက ချေးငွေနှုန်းထားကိုလည်း ရှစ်ဆအထိ တိုးမြှင့်ပေးခဲ့သည်။

သို့သော် အခြားမူဝါဒအမှားများကြောင့် စိုက်ပျိုးထုတ်လုပ်မှုကျဆင်းခဲ့ပြီး တာဝန်ကျေစပါး ထုတ်လုပ်သည့်အဆင့် ရောက်ရှိခဲ့သည်။

ပေါ်ပေါက်လာပုံ
****************
တော်လှန်ရေးကောင်စီက ၁၉၆၂ ခုနှစ် မတ်လ ၂ ရက် နေ့တွင် နိုင်ငံတော်အာဏာကို ရယူခဲ့ပြီး တော်လှန်ရေးကောင်စီ၏ ဝါဒသဘောထားကို ၁၉၆၂ ခုနှစ် ဧပြီလ ၃ဝ ရက်နေ့က ထုတ်ပြန်ကြေညာခဲ့ရာ ထိုဝါဒသဘောထား ကြေညာချက်တွင် တောင်သူလယ်သမား၊ အလုပ်သမားများ ခေါင်းပုံဖြတ်ခံဘဝမှ လွတ်မြောက်စေရန် ရည်ရွယ်၍ ဆိုရှယ်လစ်လောကသစ်ကို တောင်သူလယ်သမား၊ အလုပ်သမားတို့အင်အားဖြင့် တည်ဆောက်မည်ဟု ပါရှိသည်။

ယင်းရည်ရွယ်ချက်ဖြင့် လယ်ယာလုပ်ငန်းများအတွက် ဥပဒေ၊ နည်းဥပဒေများ ချမှတ်ပေးခြင်း၊ မြေရှင်စနစ်ဖျက်သိမ်းပေးခြင်း စသဖြင့် လုပ်ဆောင်ပေးခဲ့သည်။

တစ်ဖန် တောင်သူလယ်သမားထုအတွင်း စည်းလုံးညီညွတ်မှုရရှိစေရန်အတွက် တောင်သူလယ်သမားနှီးနှောဖလှယ်ပွဲနှင့် တောင်သူလယ်သမားနေ့ အခမ်းအနားများကို ကျင်းပပေးခဲ့ရာမှ တောင်သူလယ်သမားနေ့ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

အထိမ်းအမှတ်ပွဲများ ကျင်းပခြင်း
*******************************
တောင်သူလယ်သမားနေ့ကို ၁၉၆၃ ခုနှစ်ကစ၍ နှစ်စဉ် ဇန်နဝါရီလ (၁)ရက်နေ့တွင် ကျင်းပပြုလုပ်ကြသော်လည်း ၁၉၆၄ တွင် ကျင်းပသော တောင်သူလယ်သမား နှီးနှောဖလှယ်ပွဲကြီးတွင် တက်ရောက်လာသော ကိုယ်စားလှယ်များက ဇန်နဝါရီလမှာ တောင်သူလယ်သမားများ၏ လယ်ယာရိတ်သိမ်းချိန်နှင့် တိုက်ဆိုင်နေခြင်း၊ အင်္ဂလိပ်နှစ်သစ်ကူးကာလကို ဂုဏ်ပြုသကဲ့သို့ ဖြစ်နေခြင်းတို့ကြောင့် တောင်သူလယ်သမားနေ့ကို တော်လှန်ရေးကောင်စီ စတင်အာဏာရယူသည့် မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပသင့်ကြောင်း တင်ပြရာမှ ၁၉၆၅ ခုနှစ်မှစ၍ တောင်သူလယ်သမားနေ့ကို မတ်လ ၂ ရက်နေ့တွင် ပြောင်းလဲကျင်းပခဲ့ခြင်းဖြစ်သည်။

မတ်လ ၂ ရက်နေ့ရောက်လျှင် တောင်သူလယ်သမား နေ့ အခမ်းအနားကို အစိုးရက ဦးဆောင်၍ တစ်နိုင်ငံလုံးတွင် တစ်ပြိုင်နက်တည်း ကျင်းပလေ့ရှိခဲ့သည်။


Wikipedia

မင်းပြောတဲ့MARKETING ဆိုတာကြီးကို ဆွေးနွေးရအောင်MARKETING ဆိုတာဘာလဲ?MARKETING ဆိုတာ ဖောက်သည်တွေကို ကုန်ပစ္စည်း(သို့)ဝန်ဆ...
23/02/2020

မင်းပြောတဲ့
MARKETING ဆိုတာကြီးကို ဆွေးနွေးရအောင်

MARKETING ဆိုတာဘာလဲ?

MARKETING ဆိုတာ ဖောက်သည်တွေကို ကုန်ပစ္စည်း(သို့)
ဝန်ဆောင်မှုများကို ဆွဲဆောင်ခြင်းပြီး မိတ်ဆက်ပေးခြင်းနှင့်
မိမိရဲ့လုပ်ငန်း ရောင်းအားမြှင့်းတင်ရေးဟု လူအများကထင်ကြတယ်

အာ့ဆို ဥပမာလေးနဲ့ နှိုင်းယှဉ်ပြီး အရင်ပြောရအောင်

- လူကြီးမင်းတို့ရဲ့ ကုန်ပစ္စည်းတွေ (သို့) ဝန်ဆောင်မှူတွေကို
ဖောက်သည်များက ဝယ်ယူပြီးတဲ့နောက် ကျေနပ်နှစ်သိမ့်မှူ
မရှိပါက ဖောက်သည်များ နောက်တစ်ခါ ပြန်လာတော့မည်မဟုတ်
ဒါ့အပြင် သူတို့ရဲ့သက်ဆိုင်ရာ မိတ်ဆွေတွေကိုပါ လူကြီးမင်းတို့ရဲ့
လုက်ငန်းမှာ မဝယ်ယူရန် တိုက်တွန်းတားမြစ်ပြောဆိုနိုင်သောကြောင့်
မိမိလုပ်ငန်းအတွက် များစွာ ထိခိုက်စေနိုင်ပါသည်။

- ဒီတစ်ခုကတော့ ဖောက်သည်များ၏ သစ္စာရှိမှုကိုဖန်တီးပေးရန်ဖြစ်သည်
သင်၏ဖောက်သည်များသည် သင်၏ ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုကို
ကြိုက်နှစ်သက်သည်ဆိုပါက သူတို့ဝယ်ယူရုံသာမက သူတို့ရဲ့မိတ်ဆွေ
များကိုလည်း သင်၏စီးပွားရေးလုပ်ငန်းအကြောင်း ဆင့်ပွားမိတ်ဆက်
ပေးနိုင်သည်။

ဒါကြောင့် MARKETING လုပ်မယ်ဆိုရင် ဖောက်သည်များ၏
လိုအပ်ချက်တွေကို အရင်လေ့လာပြီးဖြည့်ဆည်းပေးခြင်းနှင့်
စတင်ရမည်။ တခြားလုပ်ငန်းများကလည်း မိမိနည်းအတူ ဖြည်းဆည်း
ပေးနေပါက CUSTOMER များအနေနဲ့ ရွေးခြယ်စရာ များလာနိုင်သည်။
ဒါကြောင့်သူတို့အတွက် လိုအပ်ချက်များကို ပိုပြီးဖြည့်ဆည်းပေးနိုင်သော ကုန်ပစွည်း သို့ ဝန်ဆောင်မှု အမျိုးမျိုးပေးနိုင်သော စိးပွားရေးလုပ်ငန်း
ကိုသာ ရွေးချယ်လာကြပါမည်။

MARKETING ၏ အဓိက လုပ်ဆောင်ရန်အချက်မှာ ဖောက်သည်များ
မိမိထံသို့ အစဉ်အမြဲလာစေရန်/ တစ်နည်းအားဖြင့် ဖောက်သည်များ၏
ယုံကြည်မှုကို သို့ သစ္စာရှိမှုကို ဖန်တီးပေးရန်ဖြစ်သည်။

ထို့ကြောင့်

MARKETING ဆိုတာ မိမိအတွက်လည်း အမြတ်ရရှိစေရမယ်။
ဖောက်သည်းများ၏ လိုအပ်ချက်များကိုလည်း ရှာဖွေဖော်ထုတ်ပေးပြီး
သူတို့ရဲ့လိုအပ်ချက်များကို လူကြိးမင်းတို့ရဲ့ ပြိုင်ဘက်များထက်
သာလွန်ကောင်းမွန်အောင် ဖြည့်ဆည်းပေးခြင်းဖြစ်သည်။

ဖက်ဖူးသမျှစာအုပ်များအား

@

🌐Website Features🌐ဝက်ဘ်ဆိုက် ကွန်ပျူတာအခြေခံလုပ်ဆောင်မှုများ✅ ကြည့်ရှုသူတွေ အလွယ်တကူ ဝင်ကြည့်နိုင်တဲ့ ဝက်ဘ်ဆိုက် စာမျက်န...
17/02/2020

🌐Website Features🌐
ဝက်ဘ်ဆိုက် ကွန်ပျူတာအခြေခံလုပ်ဆောင်မှုများ

✅ ကြည့်ရှုသူတွေ အလွယ်တကူ ဝင်ကြည့်နိုင်တဲ့ ဝက်ဘ်ဆိုက် စာမျက်နှာစာရင်း (Site Map)

✅ FAQ- Frequently Asked Question (မကြာခဏမေးတတ်သော မေးခွန်းများ)

✅ ဝက်ဘ်ဆိုက်ရှာဖွေရေး ဒါမှမဟုတ် ကုန်ပစ္စည်းရှာဖွေရေးလုပ်ဆောင်မှု (Site-search or product-search feature)

✅ အရွယ်အစားပြကားချပ်-ကုန်ပစ္စည်းတွေရဲ့ အရွယ်အစားတွေကို ဖော်ပြပေးထားတဲ့ ကားချပ် (Size chart/ other help with choosing the right product size)

✅ ရှင်းလင်းပြတ်သားတဲ့ ဝက်ဘ်ဆိုက်၊ ရွှေ့ပြောင်းကြည့်နိုင်တဲ့ လင့်ခ်များ (Clear website navigation links)

✅ကုန်ပစ္စည်းများ ခင်းကျင်းပြသသူတွေရဲ့ မိတ်ဆက်ချက်တွေဖော်ပြပေးပြီး ဖောက်သည်တွေရဲ့ ရင်းနှီးမှုထူထောင်တဲ့စာမျက်နှာ ( “About” page that introduces the product designer and establishes a relationships with customers)

✅အဆိုပြုစာရင်းလုပ်ဆောင်မှု (Wish-list feature)

✅မိတ်ဆွေတစ်ဦးကို ညွှန်းဆို/ ပြောပြတဲ့လုပ်ဆောင်မှု (Refer-a- friend/ tell-a-friend feature)

💎ကုန်ပစ္စည်း ဓာတ်ပုံများ💎

✅ဓာတ်ပုံကို ပုံကြီးချဲ့ကြည့်နိုင်တဲ့ လုပ်ဆောင်မှု

✅ကုန်ပစ္စည်းဓာတ်ပုံကို ရှုထောင့်အမျိုးမျိုးကြည့်နိုင်ပြီး အနီးကပ်အသေးစိတ်ကြည့်နိုင်တဲ့ လုပ်ဆောင်မှု

✅ဓာတ်ပုံတွေကို အရောင်အမျိုးမျိုးနဲ့ ကြည့်နိုင်တဲ့ လုပ်ဆောင်မှု

💎ကိုယ့်ဝက်ဘ်ဆိုက်ပေါ်မှာ ဈေးကွက်ဖော်ဆောင်မှု💎

✅ ကုန်ပစ္စည်းမိတ်ဆက်စာမျက်နှာ

✅ ရှင်းလင်းပြတ်သားတဲ့အရောင်းစာမျက်နှာ

✅ ရောင်းအကောင်းဆုံး ကုန်ပစ္စည်းတွေကိုဖော်ပြတဲ့စာမျက်နှာ

✅ လူကြိုက်အများဆုံး ကုန်ပစ္စည်းတွေကို ဖော်ပြတဲ့စာမျက်နှာ

✅ လက်ဆောင်ပေးတဲ့အစီအစဉ်

✅ များများဝယ်ရင် ဈေးလျှော့ပေးတဲ့ အစီအစဉ်

✅ ကိုယ့်ဝက်ဘ်ဆိုက်ပေါ်က ဆက်စပ်ကုန်ပစ္စည်းတွေကို မိတ်ဆက်ပေးတဲ့ အစီအစဉ်

✅ ဝယ်သူတွေရဲ့ သုံးသပ်ချက်၊ ထောက်ခံချက်တွေကို ဖော်ပြတဲ့စာမျက်နှာ

✅ လက်ဆောင်ပစ္စည်းရယူခွင့် သက်သေခံလက်မှတ်အစီအစဉ်

💎ငွေပေးချေမှုစနစ်💎

✅ Credit card နဲ့ငွေပေးချေမှုကို လက်ခံခြင်း

✅ Debit cardနဲ့ ငွေပေးချေမှုကို လက်ခံခြင်း

✅ PayPal နဲ့ ငွေပေးချေမှုကိုလက်ခံခြင်း

✅ချက်လက်မှတ်၊ ငွေပို့လွှာတို့နဲ့ ငွေပေးချေမှုကို လက်ခံခြင်း

✅ လက်ဆောင်ပစ္စည်းရယူခွင့်သက်သေခံလက်မှတ်ကို ငွေသားနှင့် လဲလှယ်ယူခွင့်ပေးခြင်း

✅ အကြိမ်ကြိမ်အားပေးတဲ့ဖောက်သည်ကို ရာခိုင်နှုန်းပေးခြင်း၊ အဖွဲ့ဝင်တွေကို ဈေးလျှော့ပေးခြင်း သို့မဟုတ် ဆုပေးခြင်း

✅ ပထမဦးဆုံးအကြိမ် ဝယ်ယူသူကို ဈေးလျှော့ပေးခြင်း

💎ဝယ်ယူပစ္စည်း ပို့ဆောင်ရေးစနစ်💎

✅ ဝယ်ယူမယ့်ပစ္စည်းကို ရွေးချယ်ပြီးတာနဲ့ အမှာစာပုံစံပေါ်လာအောင် လုပ်ဆောင်ထားခြင်း

✅ အခမဲ့စနစ်တကျ ပို့ဆောင်ပေးခြင်း

✅ အမြန်ပို့ပေးရခြင်းကိုလည်း အခမဲ့ဆောင်ရွက်မှု

✅ အားလပ်ရက်ပို့ပေးမှုနဲ့ပတ်သက်တဲ့ နောက်ဆုံးရက်ဖော်ပြပေးတဲ့ ပြက္ခဒိန်ထည့်သွင်းထားမှု
ဝယ်သူအပေါ်ဝန်ဆောင်မှု

✅ ဝယ်သူထံ သီးသန့် Email ပို့ပေးခြင်း

✅ အမြန်မှာကြားမှုကို ရွေးချယ်နိုင်တဲ့လုပ်ဆောင်မှု

✅ အခမဲ့ ထုပ်ပိုးပေးမှု

✅ဖောက်သည်တွေထံ ပုံမှန် Email သတင်းလွှာတွေ ပို့ပေးမှု

✅ ဖောက်သည်တွေက မိမိကုန်ပစ္စည်းဆိုင်ရာ သတင်းတွေ၊ အဖြစ်အပျက်တွေ၊ ထူးခြားမှုတွေကို ပြည့်ပြည့်စုံစုံလေ့လာနိုင်အောင်နဲ့ တိုးတက်မှုတွေကို မျက်ခြည်မပြတ်အောင် blog တင်ထားမှု

✅ ပုဂ္ဂိုလ်ရေးလွတ်လပ်ခွင့်ဖော်ပြထားမှု

✅ အွန်လိုင်းငွေပေးချေမှုဆိုင်ရာ လုံခြုံရေးကိစ္စကိုအာမခံပေးမှု

အခြေခံအားဖြင့် မိမိရဲ့ ဝက်ဘ်ဆိုက်ဟာ ဝယ်သူတွေက ပစ္စည်းဝယ်ရာမှာ အဆင်ပြေဆုံးဖြစ်အောင်စီစဉ်ပေးထားရပါမယ်။ မိမိရဲ့ ဝက်ဘ်ဆိုက်မှာ ဈေးဝယ်ရတာလုံခြုံစိတ်ချရတယ်လို့ ခံစားသွားနိုင်အောင် အားထုတ်ရပါမယ်။


ခေးလု (မြန်မာပြန်)
55 Surefire Internet Businesses
Entrepreneur Press & Melissa Campanelli

လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း💎💎💎💎💎💎💎💎💎💎💎💎💎💎💎ဗိုလ်ချုပ်အောင်ဆန်းကို ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် (၁၃-၂-၁၉၁၅) နေ့တွ...
13/02/2020

လွပ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
💎💎💎💎💎💎💎💎💎💎💎💎💎💎💎

ဗိုလ်ချုပ်အောင်ဆန်းကို ၁၂၇၆ ခု တပေါင်းလဆန်း ၁ ရက် (၁၃-၂-၁၉၁၅) နေ့တွင် မကွေးခရိုင် နတ်မောက်မြို့ ရှေ့နေကြီး ဦးဖာ၊ ဒေါ်စု တို့က မွေးဖွားခဲ့သည်။

ဇာတာ အမည် မောင်ထိန်လင်းဖြစ်ပြီး သူ့အစ်ကို ဦးအောင်သန်း အမည်နှင့် လိုက်ဖက်အောင် အောင်ဆန်းဟုပင် ခေါ်ခဲ့ကြသည်။

ဗိုလ်ချုပ်မှာ မင်းတုန်းမင်းကြီး၏ အမတ်တစ်ဦး ဖြစ်သော ခမ်းပတ်မင်းကြီးနှင့် သမားတော် ဦးကျော်ဇံ၊ တောင်တွင်း ရှင်အဂ္ဂသမာဓိ တို့၏ မျိုးဆက် ဖြစ်ကြောင်း သိရသည်။

ဗြိတိသျှတို့အား လက်နက်ကိုင် တော်လှန်ခဲ့သော ဦးမင်းရောင် (ခ) ဗိုလ်လရောင်မှာ ဗိုလ်ချုပ်နှင့် အဖိုးလေး တော်သည်။

ဗိုလ်ချုပ်မှာ ငယ်စဉ်ကပင် မဟုတ်မခံ၊ မမှန်တာမလုပ်။ တစ်ဦးတည်း ငူတူတူ စဉ်းစားနေတတ်သူ ဖြစ်သည်။

ခုနစ်နှစ်သား အရွယ် နတ်မောက်မြို့ ဦးသောဘိတထံ စာသင်ရာ ၁၂ နှစ်သားတွင် လေးတန်းအောင်သည်။

ထို့နောက် ရေနံချောင်း အ.ထ.က သို့ ပြောင်း၍ သင်ကြားသည်။ တစ်နိုင်ငံလုံးရှိ ဗုဒ္ဓဘာသာ ကျောင်းများတွင် ပထမ စွဲသဖြင့် ဆရာကြီး ဦးရွှေခိုင်က ရွှေတံဆိပ်ဆု ပေးခဲ့သည်။

သခင်အောင်ဆန်း ဘ၀က ရေးခဲ့သော (နိုင်ငံရေးအမျိုးမျိုး) ဆောင်းပါးတွင် 'နိုင်ငံရေးသည် လူမှုသူမှု ကိစ္စအားလုံးပင် ဖြစ်၏။

လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့်အခါ လူတန်းစား အလျောက် လူလိုနေ၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်ချင်လာ၏။ လူလိုလုပ်ရန် ကြိုးစားရင်း အထမြောက် အောင်မြင်လာသည်။
ပိုမို ကျယ်ပြောလာ၏။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုမှာ လူတွင် တတ်သည့်အစွမ်း၊ မြင်သည့် အစွမ်း ရှိခြင်းပင် ဖြစ်သည်'ဟူ၍ ရေးခဲ့သည်. . .

ဗိုလ်ချုပ် ၈ တန်း ရောက်သော အခါ ဖခင် ဦးဖာ ကွယ်လွန်ရှာသည်။ ၁၉၃၂ ခုနှစ်တွင် ၁၀ တန်း အောင်သဖြင့် ရန်ကုန်တက္ကသိုလ်သို့ တက်ခဲ့သည်။

အင်္ဂလိပ်စာ၊ သမိုင်း History နှင့် Political Science ဘာသာဘွဲ့ကို ရယူသည်။ တစ်နှစ်တစ်တန်း အောင်ခဲ့သော်လည်း ၁၉၃၅၊ ၃၆ ခုနှစ်များတွင် ကျောင်းသားသမဂ္ဂ လုပ်ငန်းများ ရှုပ်ထွေးနေသဖြင့် စာမေးပွဲ မဖြေလိုက်ရပါ။ ၁၉၃၇ ခုနှစ်ကျမှ ဝိဇ္ဇာဘွဲ့ရသည်။ ကိုအောင်ဆန်းသည် တက္ကသိုလ် ရောက်ချိန်မှစပြီး ပဲခူးကျောင်းဆောင်၌ နေထိုင်ပြီး နိုင်ငံရေး စာအုပ်များကို သဲသဲမဲမဲ ဖတ်မှတ်ခဲ့သည်။

၁၉၃၅-၃၆ ခုနှစ်တွင် သူသည် တက္ကသိုလ် သမဂ္ဂအဖွဲ့ အမှုဆောင် E.C ဖြစ်လာပြီး အိုးဝေမဂ္ဂဇင်းကို တာ၀န်ခံ ထုတ်ဝေခဲ့သည်။

(ခွေးသရမ်းကြီး လွတ်နေသည်) ဆောင်းပါးကြောင့် အိုးဝေ အယ်ဒီတာ ကိုအောင်ဆန်းနှင့် သမဂ္ဂဦးနု တို့ကို ကျောင်းထုတ်ပစ်လိုက်သည်။

၁၉၃၆ ခုနှစ် ဖေဖော်ရီလတွင် ပထမဆုံးအကြိမ် တက္ကသိုလ်သပိတ်ကြီး ပေါ်ပေါက်လာရာ လူငယ်များ နိုင်ငံရေး နိုးကြားစ ပြုလာသည်။

ကိုအောင်ဆန်းနှင့် ကိုနုတို့ နယ်ဆင်း၍ ခရိုင်မြို့နယ်များ၌ သမဂ္ဂအဖွဲ့များ ဖွဲ့သည်။ ၃၇/၃၈ ခုနှစ်တွင် ကိုအောင်ဆန်း တစ်ယောက် ဗမာနိုင်ငံလုံးဆိုင်ရာ (ဗကသ)ဥက္ကဋ္ဌ ဖြစ်လာခဲ့သည်။

နိုင်ငံရေးဘဝရောက်ခဲ့ရ
💎💎💎💎💎💎💎💎
ထိုနှစ်မှာ သခင်ကိုယ်တော်မှိုင်းနှင့် သခင်မြတို့ ဦးစီးသော ဒို့ဗမာအစည်းအရုံးကြီး ပေါ်လာရာ ကိုအောင်ဆန်းမှာ အထွေထွေ အတွင်းရေးမှူး ဖြစ်လာပြီး (သခင်အောင်ဆန်း) အမည်ကို ရရှိခဲ့သည်။

ကျောင်းသားထုက ဝိုင်း၀န်း ထောက်ခံသဖြင့် တက္ကသိုလ် အုပ်ချုပ်ရေး အဖွဲ့၏ ကော်မတီ၀င် တစ်ဦးလည်း ဖြစ်လာသည်။

၁၉၃၉ ခုနှစ်က မော်လမြိုင်၌ သခင်ညီလာခံကြီး ပြုလုပ်နေစဉ် ဒုတိယ ကမ္ဘာစစ်ကြီး စဖြစ်သည်။ ထိုအခါ ဗိုလ်ချုပ်တို့က အင်္ဂလိပ်အခက် - ဗမာအချက်ဟု ကြွေးကြော်ခဲ့သည်။

ထို့နောက် ကိုအောင်ဆန်း၊ ကိုဗဟိန်း၊ သခင်သန်းထွန်း တို့သည် အိန္ဒိယနိုင်ငံ ရမ်ဂါ မြို့တွင် ကျင်းပသော ကွန်ဂရက် ညီလာခံသို့ တက်ခဲ့သည်။

ညီလာခံမှအပြန် သခင်အားလုံးကို အစိုးရက ဖမ်း၀ရမ်း ထုတ်သည်။

အောင်ဆန်းကိုမိလျှင် ငွေ ၅ိ/- ဆုချမည်ဟု ဟင်္သာတခရိုင် ရဲ၀န် မစ္စတာ ဇေဗီးယားက ပြောင်လှောင်ကာ ဆုငွေများ ထုတ်သည်။

ဗိုလ်ချုပ်တို့က အင်္ဂလိပ်ထံ လက်ဝါးဖြန့် တောင်းခံနေရုံမှဖြင့် လွတ်လပ်ရေးကို ရနိုင်မည် မဟုတ်။ လက်နက်ကိုင် တိုက်ပွဲ၀င်မှ ရမည်ဟု ဆုံးဖြတ်ပြီး ဂျပန်နှင့် စေ့စပ်ကြည့်သည်။

ဂျပန်တို့က ကူညီမည် ဆိုသဖြင့် ဗိုလ်တေဇ (ခ) ကိုအောင်ဆန်းတို့ အဖွဲ့ ဂျပန်ပြည်သို့ ထွက်ခွာခဲ့ရာ ၂၄-၈-၁၉၄၀ ရက်နေ့တွင် အမွိုင်သို့ ရောက်သည်။

ထိုနှစ် နို၀င်ဘာလတွင် တိုကျိုသို့ သွားကာ လျို့ဝှက်စကား ဆိုခဲ့ကြသည်။ သဘောတူညီချက် ရသဖြင့် ဗိုလ်ချုပ်တို့ မြန်မာနိုင်ငံသို့ ပြန်လာသည်။

၁၉၄၁ ခုနှစ် မတ်လ ၃ ရက်နေ့တွင် ရန်ကုန်သို့ ခေတ္တ ပြန်ရောက်ကာ မျိုးချစ် လူငယ်များကို တစ်သုတ်ပြီး တစ်သုတ် ခေါ်ထုတ်သွားရာ ဟိုင်နန်ကျွန်းပေါ်သို့ ရဲဘော်သုံးကျိပ်လုံး ရောက်ရှိသွားသည်။

ဗိုလ်တေဇနှင့် သခင်လှမြိုင်တို့ ဦးဆောင်၍ ဟိုင်နန်ကျွန်းတွင် စစ်ပညာများ အပတ်တကုတ် သင်ယူပြီး ၁၉၄၁ ခုနှစ်မှာပင် ယိုးဒယားဘက်သို့ ထွက်ခွာလာခဲ့သည်။

ဘန်ကောက်သို့ ရောက်လျှင် ၂၆-၁၂-၁၉၄၁ ရက်နေ့တွင်
ဗမာ့လွတ်လပ်ရေး တပ် မတော် BIA (Burma Independence Army) ကို ဖွဲ့စည်းကာ စစ်ကြောင်းများ ခွဲ၍ ဂျပန်တပ်များနှင့်အတူ မြန်မာနိုင်ငံတွင် ပြန်၀င်လာခဲ့ကြသည်။

ရန်ကုန်တိုင်း အရှေ့တောင်ဘက်မှ စ၀င်သည်။

စစ်ကြီးအတွင်း ၁၁-၁၂-၁၉၄၁ ရက်နေ့က ရန်ကုန်မြို့ ဗုံးဒဏ်ခံရပြီး လူ ၆၀၀ ကျော် သေဆုံးသွားသည်။

ဗိုလ်တေဇ၏ စစ်ဗိုလ်ချုပ်ဘ၀
💎💎💎💎💎💎💎💎💎💎

အင်္ဂလိပ်တပ်များ ရန်ကုန်မှ ဆုတ်ခွာသွားရာ ၈-၃-၁၉၄၂ ရက်နေ့တွင် B.I.A ဦးစီး ဂျပန်တပ်များက ရန်ကုန်မြို့ကို သိမ်းယူခဲ့သည်။

ထိုနှစ် ဇူလိုင်လ ၂၈ ရက်နေ့တွင် B.I.A ကို B.D.A (Burma Defence Army) အဖြစ် ပြင်ဆင် ဖွဲ့စည်းခဲ့သည်။ ဗိုလ်တေဇမှာ ဗိုလ်မှူးကြီးမှ စစ်ဦးစီး သေနာပတိချုပ် ဖြစ်လာသည်။

BIA တပ်မတော်တွင် စစ်သေနာပတိချုပ် တာ၀န် ထမ်းဆောင်နေစဉ် ဗိုလ်ချုပ်အောင်ဆန်း အကြီးအကျယ် ဖျားနာခဲ့သည်။

အလံပြဘုရားလမ်း စစ်ဆေးရုံ၌ တက်ရောက် ကုသနေစဉ် သူနာပြု ဆရာမကြီး ဒေါ်ခင်ကြည်နှင့် မေတ္တာမျှပြီး ၁၉၄၂ ခုနှစ် မေလတွင် လက်ထပ်လိုက်ကြသည်။ သားနှစ်ဦး၊ သမီးတစ်ဦး ထွန်းကားခဲ့သည်။

၁၉၄၃ ခု မတ်လတွင် ဒေါက်တာ ဗမော်နှင့် ဗိုလ်ချုပ်ကို ဂျပန်ပြည်သို့ ခေါ်ကာ ဂျပန်ဘုရင်က ဗိုလ်ချုပ်အား မေဂျာဂျင်နရယ် အဆင့် တိုးမြှင့်ပေးလိုက်သည်။

၁-၈-၁၉၄၃ ရက်နေ့တွင် ဗမာနိုင်ငံကို လွတ်လပ်ရေးပေးကြောင်း ဂျပန်က ကြေညာခဲ့သည်။

ဂျပန် လွတ်လပ်ရေးမှာ အတုအယောင် ဖြစ်သဖြင့် ဗိုလ်ချုပ်က ဖက်ဆစ်ကို တော်လှန်ရန် ထိုနှစ် သြဂုတ်လမှာပင် ဖက်ဆစ်တိုက်ဖျက်ရေး ပြည်သူ့လွတ်လပ်ရေးအဖွဲ့ (ဖ၊တ၊ ပ၊ လ)ကို ဖွဲ့စည်းသည်။

နောင်အခါ ဖ၊ တ၊ ပ၊ လ မှာ (ဖ၊ ဆ၊ ပ၊ လ) အဖွဲ့ကြီး ဖြစ်လာပြီး ၂၇-၃-၁၉၄၅ ရက်နေ့တွင် ဗိုလ်ချုပ်ဦးစီး ဗမာ့တပ်မတော်က ဂျပန်များကို တော်လှန်ရေး လုပ်ခဲ့သည်။

ထိုတော်လှန်ရေးတွင် မြန်မာတို့က အနိုင်ရရှိခဲ့သည်။

ထိုသို့ ဂျပန်ကို အောင်မြင်စွာ မောင်းထုတ်လိုက်နိုင်သဖြင့် အင်္ဂလိပ်တို့က ဗိုလ်ချုပ်ကို အထင်ကြီးလာသည်။

ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နှင့် ဘုရင်ခံ ဆာဒေါ်မံစမစ် တို့က ဗိုလ်ချုပ်အား ဘုရင်ခံ၏ အတိုင်ပင် ကောင်စီတွင်ရာထူးကြီး ပေးသော်လည်း လက်မခံခဲ့ပါ။ ၃-၅-၁၉၄၅ ရက်နေ့တွင် အင်္ဂလိပ်တို့ ရန်ကုန် ပြန်၀င်လာပြီး (ကက်စ်ဘီ စစ်အုပ်ချုပ်ရေး)ကို စတင်ခဲ့သည်။

ထိုနှစ် သြဂုတ်လ ၁၉ ရက်နေ့တွင် နေသူရိန် အစည်းအဝေးကြီးကို ကျင်းပကာ ဗြိတိသျှကို ဆန့်ကျင်ခဲ့သည်။

ဂျပန်ကို အောင်မြင်စွာ မောင်းထုတ်လိုက်နိုင် သဖြင့် အင်္ဂလိပ် တို့က ဗိုလ်ချုပ်ကို အထင်ကြီးလာသည်။

ဗိုလ်ချုပ်ကြီး မောင့်ဘက်တန်နှင့် ဘုရင်ခံ ဆာဒေါ်မံစမစ် တို့က ဗိုလ်ချုပ်အား ဘုရင်ခံ၏ အတိုင်ပင် ကောင်စီတွင် ရာထူးကြီး ပေးသော်လည်း လက်မခံခဲ့ပါ . . .

၁၉၄၆ ခုနှစ်တွင် ဆာဟူးဘတ်ရန့် ဘုရင်ခံဖြစ်လာရာ အမှုထမ်းပေါင်းစုံ သပိတ်ကြီး ပေါ်လာပြီး ဗိုလ်ချုပ် တို့၏ ဖဆပလ ယာယီ အစိုးရ တက်လာသည်။

နောက်တစ်နှစ် ၁၇-၁-၁၉၄၇ ရက် နေ့စွဲတွင် အင်္ဂလန်၌ ဗိုလ်ချုပ်နှင့် မစ္စတာ အက်တလီတို့ လွတ်လပ်ရေး အကြို လက်မှတ် ရေးထိုးခဲ့သည်။

ဗိုလ်ချုပ်တို့ မြန်မာပြည် ပြန်ရောက်သော အခါ တိုင်းရင်းသား ညီညွတ်ရေး အတွက် ၄၇ ခု ဖေဖော်ဝါရီလတွင်ပင်လုံညီလာခံကို ကျင်းပသည်။ ဗြိတိသျှတို့ဘက်မှ မစ္စတာ ဗော့တွန်မလေ တက်သည်။

၁၉၄၇ ခု ဧပြီလတွင် ပထမဆုံး အကြိမ် ရွေးကောက်ပွဲကြီးကို ကျင်းပရာ ဗိုလ်ချုပ်တို့ပင် အနိုင်ရခဲ့သည်။

ထိုသို့ မြန်မာတစ်နိုင်ငံလုံး လွတ်လပ်ရေး အမြန်ရအောင် ကြိုးပမ်း ဆောင်ရွက်နေစဉ် ဗိုလ်ချုပ်နှင့် အာဇာနည်

ခေါင်းဆောင်ကြီးများကို ၁၉-၇-၁၉၄၇ ရက်နေ့က ဦးစော အဖွဲ့က လုပ်ကြံလိုက်သည်။

သို့နှင့် ဗိုလ်ချုပ်အောင်ဆန်းသည် အသက် ၃၃ နှစ် အရွယ်မှာပင် ကွယ်လွန်ခဲ့ကြောင်း ၀မ်းနည်းစွာ တင်ပြရပါသည်။

ဗိုလ်ချုပ်၏ နိုင်ငံဒဿန အမြင်များ
💎💎💎💎💎💎💎💎💎💎💎💎
ဗိုလ်ချုပ်မှာ မျိုးချစ် နိုင်ငံရေးသမား တစ်ဦး ဖြစ်သကဲ့သို့ စာရေးကောင်းသူ တစ်ဦးလည်း ဖြစ်သည်။

သူ၏လူမှုရေး၊ နိုင်ငံရေး၊ စီးပွားရေး အတွေးအခေါ်များမှာ ကျွန်ဘ၀ ရောက်နေသော မြန်မာနိုင်ငံ အတွက် အလွန် တန်ဖိုး ရှိသည်။

သခင်အောင်ဆန်း ဘ၀က ရေးခဲ့သော (နိုင်ငံရေး အမျိုးမျိုး) ဆောင်းပါးတွင် ''နိုင်ငံရေးသည် လူမှုသူမှု ကိစ္စအားလုံးပင် ဖြစ်၏။

လူဟူ၍ ကမ္ဘာတွင် ဖြစ်လာသည့် အခါ လူတန်းစား အလျောက် လူလိုနေ၊ လူလိုစား၊ လူလိုသောက်၊ လူလိုလုပ်ချင်လာ၏။

လူလိုလုပ်ရန် ကြိုးစားရင်း အထမြောက် အောင်မြင်လာသည်။ ပိုမို ကျယ်ပြောလာ၏။ လူနှင့်တိရစ္ဆာန် ကွဲပြားမှုမှာ လူတွင် တတ်သည့်

အစွမ်း၊ မြင်သည့် အစွမ်း ရှိခြင်းပင် ဖြစ်သည်'' ဟူ၍ ရေးခဲ့သည်။ဗမာ့နိုင်ငံရေးဝါဒနှင့် စပ်လျဉ်းပြီး ''ဗမာပြည်မှာဆိုရင် အုပ်စိုးကြတဲ့လူများရဲ့ နိုင်ငံရေးက တစ်မျိုး (နယ်ချဲ့စနစ်ကို အမှီပြုနေသည်) အုပ်စိုးခံရသော ဗမာ လူမျိုးများ၏ နိုင်ငံရေးက တစ်မျိုး (လွတ်လပ်ရန် အခြေခံသည်)

လွတ်လပ်ရေး လိုချင်သည် ဆိုရာမှာလည်း ဗမာတွေ ငတ်ပြတ်နေရာမှ ၀၀လင်လင် စားချင်လို့၊ ကုသိုလ်လုပ်ချင်လို့ပင် ဖြစ်သည်''ဟု ရှင်းလင်း ရေးသားခဲ့ပါသည်။

ဗိုလ်ချုပ်အောင်ဆန်းတို့ လုပ်ကြံ မခံရမီ ငါးရက်အလို ၁၄-၇-၁၉၄၇ ရက်နေ့က အတွင်း၀န်ရုံး၌
စာပေပညာရှင်များနှင့် ပြောခဲ့ပုံမှာ ဗိုလ်ချုပ်၏ ဒဿနအမြင်ကို ထင်လင်းစေပါသည်။ သူက ဒီးဒုတ်ဦးဘချိုအား

''ကျွန်တော်လည်း နိုင်ငံရေးက ထွက်မှာပါပဲ ဆရာ။ ထွက်ပြီးတော့ စာရေးမယ်ကြံတယ်။ ကျွန်တော် ကျောင်းမှာနေတုန်းက ပါဠိရော မြန်မာစာကိုပါ ယူခဲ့တယ်။

မြန်မာစာမှာ အမှတ် ကောင်းကောင်း ရတယ်။ ကျွန်တော် ကြိုးစားရင် ဒစ်စ်စတေးရှင်းတောင် ရမှာပဲ'' ဟုပြောခဲ့ပုံမှာ ဗိုလ်ချုပ်၏ ဝါသနာကို ဖော်ညွှန်းနေပေသည်။

ဗိုလ်ချုပ်အောင်ဆန်းသည် အင်္ဂလိပ်ဘာသာ၊ မြန်မာဘာသာဖြင့် ဆောင်းပါး ၁၆ ပုဒ် ရေးခဲ့သည်။ ဘာသာရေး၊ လူမှုရေး၊ သမိုင်းရေး၊ စစ် စာပေ စုံလှ၏။

ပဲခူးကဝေ၊ အညာသားလေး၊ မောင်အောင်ဆန်း၊ သခင်အောင်ဆန်း ကလောင် အမည်များကို အသုံးပြုခဲ့သည်။ (Burma and Buddhism) ဆောင်းပါးကို အင်္ဂလိပ်လိုရေးခဲ့သည်။

ဘာသာရေးပိုင်း အစုံအလင် ပါသည်။ ကာလာမသုတ္တန် (Kalama Suta)ကို ကိုးကား၍ ရေးခဲ့သည်။

ဗုဒ္ဓဘုရားက 'ကြားရရုံဖြင့် မယုံကြည်ရန်၊ မြင်ရရုံဖြင့်လည်း မယုံကြည်ရန်၊ ရှေးဆရာများ ပြောခဲ့ရုံမျှဖြင့်လည်း မယုံကြည်ရန် ဟောဖူးကြောင်းကို

💎Lord Buddha Said; Do not believe in anything because you have heard; Do not believe in tradition by they have been handed down; Do not belive in anything, because it is rumoured and spoken by many 💎ဟူ၍ ရှင်းလင်း ရေးသားခဲ့ပါသည်။

မောင်အောင်ဆန်း အမည်ဖြင့် ရေးသော ဝိဟာရဆောင်းပါးတွင် ''သတ္တ၊ သင်္ခါရ၊ သြကာသ လောကကြီးသည်ကား

ငါတို့အားလုံး အဖိုး မဖြတ်နိုင်သော ဝိဇ္ဇာပညာကို သင်ရာ ကြားရာ၊ မှတ်ရာ တက္ကသိုလ်ကျောင်းကြီး အစစ်ပင်တည်း။

ရာဇ၀င် အစုံစုံကို ကြည့်မည် ဆိုလျှင် ပထမ လူရိုင်းခေတ်၊ ထို့နောက် အိမ်ထောင်ယာချ ပြုသောခေတ်၊ နောက်တစ်ဦးနှင့်တစ်ဦး ကူးလူးဆက်ဆံ၊ ခိုက်ရန်ဖြစ်ပွား၊ လောဘမီး၊ ဒေါသမီး တောက်လောင်သော ခေတ်ဖြစ်၏။ သို့ဖြင့် မင်းကျင့်တရား ဆယ်ပါး၊ သင်္ဂဟတရား လေးပါး စသော ၀တ္တရားများကို ထမ်းဆောင်နိုင်မှု မရှိ။

ပျက်ကွက်သဖြင့် ဝေသန္တရာမင်းကြီး တိုင်းပြည်မှ ထွက်သွားရသည်။ သီဟဗာဟု မင်းသား တိုင်းပြည်မှ အနှင်ခံလိုက်ရ၏' စသည်ဖြင့် အကိုးအထောက်နှင့် တကွ ရေးသားခဲ့သည်။

ဗိုလ်ချုပ်သည် 'အောင်ဆန်းနှင့် စာပေဆောင်းပါး'တွင် လူထုလူတန်းစား အသီးသီးကို ဤသို့ လှုံ့ဆော်ခဲ့သည်။

💎ဒါကြောင့် ကျွန်တော်တို့ ပြုစုရမယ့် စာပေ အရေးအသားဟာ ဒီသဘောတရားများနဲ့ ပြည့်စုံတဲ့ စာပေမျိုး ဖြစ်ရမယ်။

ဒါမှလည်း ကျွန်တော်တို့ရဲ့ စာပေဟာ ကမ္ဘာ့အဆင့်အတန်းကို မီမယ်။ ကမ္ဘာ့အဆင့်မီမှ ကျပ်ပြည့်ဒင်ပြည့် တန်ဖိုး ရှိမယ်။

ယဉ်ကျေးမှု စနစ်ကြီးလည်း ချက်ချင်း တိုးတက်လာလိမ့်မယ်။ ယဉ်ကျေးမှု စနစ်ကြီး တိုးတက်ပြောင်းလဲခြင်း မရှိဘဲနှင့် ခေတ်ပြောင်း၊ စနစ်ပြောင်း တိုးတက်ရေး မအောင်မြင်နိုင်ဘူး။''

''တစ်ကမ္ဘာလုံးဟာ ယခုအခါ ခေတ်ပြောင်းနေချိန် ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျန်အောင် အမီလိုက်ကြစို့။

ကမ္ဘာ့ဇာတ်ခုံကြီးမှာ ကမ္ဘာ့တေးသံစုံတွေကို လိုက်ပြီး ကနိုင်တဲ့ ကမ္ဘာကြီး ဖြစ်အောင် ဖန်တီး ပြုပြင်ကြစို့။ လက်၀ယ်ရှိတဲ့ လုပ်ငန်း တာ၀န်တွေ အလိုက်ကျွန်တော်တို့ အလုပ်လုပ်ကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာ၊ သတင်းစာ ဆရာများပါ ဗမာတစ်မျိုးလုံး . . .

ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့ 💎ဟူ၍ ရေးသားခဲ့ကြောင်း ဗိုလ်ချုပ်အောင်ဆန်း၏ စာပေ သဘောတရားများကို နိဂုံးချုပ် တင်ပြရပါသည်။

Address

Mandale
05011

Telephone

+959962758150

Website

Alerts

Be the first to know and let us send you an email when Let's Chat Myanmar posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Let's Chat Myanmar:

Share