ကကၤသူ

ကင်္ကသူ သိပ္ပံလက္ခဏာ နှင့် နက္ခတ်ဗေဒင် မေးမြန်?

ယနေ့ ၄၇ နှစ်ပြည့်ပြီ....
11/07/2026

ယနေ့ ၄၇ နှစ်ပြည့်ပြီ....

- ဂုဏ်သိက္ခာ နဲ့ ပညာမျက်နာ မထောက်ဘဲ "ငါက ဆရာကြီး" လို့အများကမသတ်မှတ်ဘဲ ကိုယ့်ဘာသာ အတင်းသတ်မှတ်ပြီး လူသိဖို့ အတင်းလုပ်ယူန...
03/05/2026

- ဂုဏ်သိက္ခာ နဲ့ ပညာမျက်နာ မထောက်ဘဲ "ငါက ဆရာကြီး" လို့အများကမသတ်မှတ်ဘဲ ကိုယ့်ဘာသာ အတင်းသတ်မှတ်ပြီး လူသိဖို့ အတင်းလုပ်ယူနေတာ။ မှားသလား မှန်သလား ကိုယ်တိုင်လက်တွေ့မရှိ အမှန်မသိဘဲ အထောက်အထားမဲ့၊ သုတေသနမဲ့ ကျမ်းတစ်စောင်လောက်ဖတ်ဖူးတာနဲ့ ဘဝင်တွေမြင့်ပြီး ထင်ရာမြင်ရာတွေ ရှောက်ပြောနေတာမျိုးကို ကျတော်မလုပ်ဘူး။

ဒါကြောင့် ကျတော်လူရာမဝင်ဘူးဗျာ့...

- လူရာဝင်ဖို့ ပညာမပါတဲ့ အပြောတွေ၊ TiaTok အကတွေလည်း မလုပ်တတ်ပါဘူး...ဆရာကြီးလေသံနဲ့ တပည့်တွေကို သြဝါဒပေးသလိုလို ၊Live တွေလည်း မလွင့်တတ်ပါဘူးဗျာ...
အိမ်မှာဆန်ရှိပါတယ်.... မဟုတ်တာတွေကို မိမိစိတ်ထင်ရာမြင်ရာကိုရှောက်ပြောပြီး လူအထင်ကြီးအောင် ကိုယ့်ဘာသာ ဆရာကြီးဆိုပြီး တံဆိပ်တပ်မှ ထမင်းစားရမယ်ဆိုရင် အငတ်သာနေတော့မယ်။...

မောင်ကင်
၂.၅.၂၀၂၅

အားလုံးရဲ့ မေတ္တာကြောင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်သက်သာလာပြီဖြစ်လို့  မေလ အတွင်း  ဗေဒင် လက္ခဏာ ဟောပြောခြင်းများ ပြန်လ...
21/04/2026

အားလုံးရဲ့ မေတ္တာကြောင့် ကျန်းမာရေး ပြန်လည်ကောင်းမွန်သက်သာလာပြီဖြစ်လို့ မေလ အတွင်း ဗေဒင် လက္ခဏာ ဟောပြောခြင်းများ ပြန်လည်ဆောင်ရွက်ပါမယ်ခင်ဗျာ...
မကျန်းမမာချိန် အဟောများ ကြာမြင့်ခဲ့ရသည်ကိုလည်း သည်းခံပေးခဲ့ကြလို့ ကျေးဇူးတင်ရပါတယ် ။ မေလမှာ ပုံမှန် ဟောခန်းပြန်ဖွင့်ပြီး သင်တန်းလည်း စီစဥ်ပါ့မယ်ခင်ဗျာ...

ကင်္ကသူ

>>>>    အောင်မြင်ရေးလမ်းကြောင်းနှင့် ကျွန်း >>>  အောင်မြင်ရေးလမ်းကြောင်းလို့ဆိုလိုက်တာနဲ့ အလွန်ကောင်း၊အလွန်အောင်မြင်၊ ဘာ...
26/03/2026

>>>> အောင်မြင်ရေးလမ်းကြောင်းနှင့် ကျွန်း >>>

အောင်မြင်ရေးလမ်းကြောင်းလို့ဆိုလိုက်တာနဲ့ အလွန်ကောင်း၊အလွန်အောင်မြင်၊ ဘာမှပြောစရာမရှိအောင် ကောင်းတယ်၊ အစစအရာရာ အောင်မြင်မယ် ဆိုတာမျိုးကို ပြောကြတာ၊ရေးနေကြတာတွေ့ရပါတယ်။ ဒါကိုသုတေ သနပြုချက်တွေနဲ့လေ့လာကြည့်ရအောင်ပါ။

အောင်မြင်ရေးလမ်းကြောင်းဟာ အောင်မြင်ခြင်း၊ ကျော်ကြားခြင်း၊ ရည်မှန်းချက်ပန်းတိုင်းရောက်ရှိခြင်းဆို တာမျိုးတွေကို အလေးထားပြောကြပေမယ့် တစ်ကယ်ဖြစ်မလာတဲ့အခါ ဒီအောင်မြင်ရေးလမ်းကြောင်းကြီးက ဟုတ်မှ ဟုတ်ပမလားဆိုတာမျိုးဖြစ်တတ်ပါတယ်။ တစ်ကယ်တော့ အောင်မြင်ရေးလမ်းပါရှိခြင်းက အောင်မြင်မယ်လို့ တစ်ထစ်ချပြောတာမဟုတ်ဘူးနော်။ အောင်မြင်ခြင်းတွေရမလား ကြိုးစားရမလား၊ အောင်မြင်ခြင်းတွေ ပျက်စီးမလား၊ ဖျက်ဆီခံရမလား စသဖြင့် ပြောပြနေတာဘဲဖြစ်တယ်။

အောင်မြင်ရေးလမ်းမှ ဥပါဒ်လမ်းတိုလေးဖြတ်တာနဲ့ ဘဝမှာ အောင်မြင်လုအချိန်ရောက်မှ ကျဆုံးခဲရသူတွေ အများကြီးတွေ့ဖူးတယ်။ အောင်မြင်ရေးလမ်းရဲ့ ထိပ်မှာ မှဲ့နက်ပါလို့ ဘဝအောင်မြင်ရေးကို ကြိုးစားရင်း နောက်ဆုံး ဥပဒေအရအရေးယူခံရတာတွေ၊ ထောင်နှစ်ရှည်ကျခံရတာတွေ အများကြီး ကြုံဖူးပါတယ်။ ဒါကြောင့် အောင်မြင်ရေးလမ်းကြောင်းဟာ သန့်ရှင်းရမယ်။ ဒါအဓိကကျတယ်။ အခုအဲဒီအချက်တွေထဲက ကျွန်း ခံနေတဲ့ အောင်မြင်ရေးလမ်းကြောင်ဟာ ဘာဖြစ်မလည်းဆိုတာကို ပြောပြချင်ပါတယ

အောင်မြင်ရေးလမ်းကြောင်းမှာ ကျွန်းခံနေပြီးဆိုရင်တော့ အောင်မြင်ရေးလုပ်ငန်းစဉ်တွေမှာ အမြဲလိုလို အနှောက်အယှက်တစ်ခုခုက တားဆီးနေမယ်ဆိုတာတော့သေချာနေပါပြီ။ဘယ်တော့မှ ပန်းတိုက်ကိုလွယ်လွယ်မရောက်ဘူး။ ဒီလိုပြောလို့ ပန်းတိုင်ကို တစ်သက်လုံးမရောက်တော့ဘူးလို့ ပြောတာမဟုတ်ဘူး အရမ်းခက်ခဲတဲ့ အတားအဆီးအနှောက်အယှက်တွေကို ကျော်ဖြတ်ပြီးမှ စိတ်ဓါတ်ခိုင်မာသူတွေဘဲ ရောက်တတ်ပါတယ်။ ရောက်တဲ့အခါ ခြေကုန်လက်ပန်းကျချိန်တွေဖြစ်နေတတ်တယ်။ ဥပမာပေးရရင်း ရွှေပိဿ တစ်ထောင် အမွှေရဖို့ တစ်သက်လုံးကြိုးစားလာလိုက်တာ သူ့လေဖြတ်ပြီး အသက် (၈၀) ရောက်တဲ့အခါမှ ဆယ် ပုံ တစ်ပုံလောက် ရတဲ့သဘောဘဲ၊ အောင်မြင်တဲ့ အရသာကို အပြည်အဝမခံစားနိုင်တော့တဲ့အချိန်မှ ရတတ်တယ်။ ဒါကြောင့် သိပ်သတိထားရတယ်။

မိမိလုပ်ကိုင်းတဲ့ အလုပ်တွေမှာလည်း ရာထူးအတွက်၊နေရာအတွက်၊ ရပေါက်ရလမ်းတစ်ခုခုအတွက်ဆိုရင် အပြိုင်ကပေါ်လာပြီ၊ ရန်သူတွေပေါ်လာတတ်တာမျိုးပါ။ ဒါကြောင့် အောင်မြင်ရေးလမ်းကြောင်းမှ ကျွန်းပါရင် အောင်မြင်ရေးလမ်းကြောင်းမလို့ ၊ တနင်္ဂနွေဂြိုလ်မင်းရဲ့ အင်းအားဖြစ်လို့ အရာရာကို ကျော်ဖြတ်နိုင်တယ်။ အောင်မြင်မယ် ဆိုတာမျိုးတော့ ပြောမရပါဘူး။

ကျွန်းပါရှိတဲ့ အောင်မြင်ရေးလမ်းကြောင်း လက်ဖဝါးမှာ ပါတာထက် အောင်မြင်ရေးလမ်းကြောင်း မပါတာက ပိုပြီးကောင်းပါလိမ့်မယ်။ ဥပါဒ်လမ်းဖြတ်တာတောင်မှ တစ်ချက်တစ်ခါလောက်ဘဲ လဲကျတတ်တာမျိုးပါ။ ကျွန်းပါတာကတော့ ဖွဲမီးလို ဘဝတစ်ခုလုံးအတွက် အခါသင့်တိုင်း ကြိုးစားတိုင်း ကျွန်းသတ္တိပြပြနေတာမျိုးဖြစ်လို့ ကျွန်းကို ပိုပြီးကြောက်ရပါကြောင်း တင်ပြရပါတယ်။

ကင်္ကသူ
09-255068533(Viber)

...  ချစ်သောမန္တလေး....      မကြာခင်...  သိပ္ပံလက္ခဏာ ဆရာဖြစ်သင်တန်း ရှိပါမယ်....
29/01/2026

...
ချစ်သောမန္တလေး....
မကြာခင်... သိပ္ပံလက္ခဏာ ဆရာဖြစ်သင်တန်း ရှိပါမယ်....

Address

Mandale

Telephone

+959255068533

Website

Alerts

Be the first to know and let us send you an email when ကကၤသူ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to ကကၤသူ:

Shortcuts

Share