မွန်ကရင်တနသာင်္ရီတို့အလှ

မွန်ကရင်တနသာင်္ရီတို့အလှ Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from မွန်ကရင်တနသာင်္ရီတို့အလှ, Business service, Mawlamyaing.

11/03/2017

ဇွဲကပင်တောင် ဆံတော်ရှင် သမိုင်း

ဇွဲကပင်တောင် ဆံတော်ရှင် စေတီတော်သမိုင်းသည် ကျိုက်ထီးရိုးစေတီ၊
ဇင်ကျိုက်တောင်စေတီနှင့် မုလအိစေတီတို့၏ သမိုင်းကြောင်းနှင့်
ခေတ်ပြိုင်ဖြစ်သည်။ ဇွဲကပင်တောင်ခြေရှိ ပအာဝနမြိုကတော်ကို
တည်ထောင်စိုးစံခဲ့သော "လုဒ္ဓယောဓ ရာဇာ" ကရင်မင်းသည် သုဓမ္မဝတီ
သထုံပြည်ကို အုပ်ချုပ် မင်းလုပ်တော်မူသော တိဿဓမ္မသီဟရာဇာမင်း၊
ပိုင်တရောဒုံကိုအုပ်ချုပ်သော စောပညာ၊ အိန္ဒရာဇာမင်းတို့နှင့် ထီးပြိုင်
နန်းပြိုင်ပြုကာ "ပေအာဝနနေပြည်တော်" ကို စိုးစံ အုပ်ချုပ်ခဲ့သည်။

ထိုမင်းလက်ထက် သုဓမ္မဝတီမြိုကသို့ မြတ်စွာဘုရားသခင် ရဟန္တာ(၅၀၀)နှင့်တကွ ကြွတော်မူလာစဉ် မြတ်စွာဘုရား ထံတော်မှ ရရှိခဲ့သော ဆံတော် (၆)ဆူအနက် ဆံတော်မြတ်တစ်ဆူကို သီဟကုမာရ ရသေ့သည် မိမိသီတင်းသုံးတော်မူနေသော ဗန္ဓဝဂီရိတောင်ထိပ် အစွန်းတွင် စေတီတည်၍ ဋ္ဌာပနာသွင်းတော်မူပြီး စေတီတော်အား "ဗန္ဓဝဂီရိ ဇွဲကပင်စေတီ" ဟု ဘွဲ့တော် သမုတ်ခဲ့လေသည်။ အချိန်ကား မဟာသက္ကရာဇ် (၁၁၃) ခုနှစ် ဖြစ်သည်။

ဘုရားရှင်၏ ဆံတော် (၆)ဆူအား ကျိုက်ထီးရိုးစေတီတော်တွင် (၃)ဆူ၊ ဇင်ကျိုက်တောင်စေတီတွင် (၁)ဆူ၊ ကေလာသတောင်စေတီတွင် (၁)ဆူနှင့် ဇွကြပင်တောင်စေတီတွင် (၁)ဆူ ဋ္ဌာပနာပြု ပူဇော်ခဲ့သည်ဟု သိရသည်။

ဇွဲကပင်တောင်အား ရှေးအခါက အမည်အမျိုးမျိုးဖြင့် ခေါ်တွင်ခဲ့ကြသည်။ လုဒ္ဓယောဓမင်း တောကစားထွက်စဉ် လှံတော်ပျောက်ခဲ့သောကြောင့် ကရင်ဘာသာဖြင့် "ဇွဲကပင်" ဟုလည်းကောင်း၊ ရှေးအခါက နိုင်ငံရပ်ခြားမှလာသော လှေ၊ သင်္ဘောတို့ ထိုတောင်၏ အတွဋ်၌ ကပ်ချည်တွဲထားတတ်သောကြောင့် တလိုင်းကရင်မျိုးများက "ဒိုကရွယ်ကဗန်း" ဟုလည်းကောင်း၊ ဤတောင်တွင် ညောင်ချဉ်ပင်များ ပေါများသောကြောင့် မွန်လူမျိုးတို့က ညောင်ချဉ်ပင်တောင် "ဇဝယ်ကဗန်" ဟုလည်းကောင်း၊ ခေါ်တွင်ခဲ့ကြသည်။

ဇွဲကပင်တောင်သည် ဘားအံမြို့၏ တောင်ဘက် (၇)မိုင်အကွာ ပင်လယ်ရေမျက်နှာပြင်အထက် (၂၇၃၄)ပေ မြင့်ပြီး၊ တောင်နှင့်မြောက် မိုင်(၂၀)ခန့်မျှ သွယ်တန်းရှည်လျှားသည်။

ဆရာတော် ဦကဝိဇေ (ဓမ္မကထိက၊ ဗဟုဇနဟိတဓရ) အရှင်သူမြတ်သည် သံဃာအဖွဲ့များနှင့် လူဥပသကာအဖွဲ့များမှ ဇွဲကပင်တောင်တော်ကို အမျိုးဘာသာ​ သာသနာ ဖွံ့ဖြိုးစည်ပင်အောင် ဆောင်ရွက်ပေးပါရန် လျှောက်ထားကြသဖြင့် ၁၃၅၁-ခုနှစ်၊ တပို့တွဲလဆန်း(၃)ရက်နေ့တွင် ဇွဲကပင်တောင်ကြီးကို လက်ခံခဲ့ပြီး သာသနာပြုလုပ်ငန်းများကို နေ့မအား၊ ညမအား ဇွဲလုံ့လကြီးစွာ ကျင့်ကြံဆောင်ရွက်တော်မူခဲ့သည်။

ဇွဲကပင်တောင်တော်အား သတ်သတ်လွတ် ဘေးမဲ့သာသနာ့နယ်မြေအဖြစ် ၁၃၅၁-ခုနှစ် တပို့တွဲလပြည့်နေ့တွင် ကြေငြာသတ်မှတ်ခဲ့သည်။ ဆရာတော်သည် လွန်ခဲ့သော နှစ်(၅၀)ခန့်မှ ယနေ့ထိတိုင် သတ်သတ်လွတ်ဆွမ်းကိုသာ ဘုန်းပေးတော်မူပြီါ် အဓိဋ္ဌာန်ဝင်ခြင်း၊ နေ့ ည ဓမ္မစင်္ကြာပဋ္ဌာန်းတရားတော်များ ရွတ်ဖတ်ပူဇော်ခြင်း၊ ဆေးရုံ၊ ဆေးရုံသုံးပစ္စည်းများ၊ စာသင်ကျောင်းများ၊ လမ်းတံတားများ တည်ဆောက်ပေးခြင်းများအပြင် ကျေးရွာအနှံ့ ဘုရားရှင်၏ တရာတော်များကို ဟောကြားဆုံးမပေးနေသော အများကြည်ညို အားထားရသည့် ဆရာတော်ကြီးတစ်ပါး ဖြစ်သည်။

ဆရာတော်ကြီးသည် ဇွဲကပင်တောင်ခြေတွင် လုမ္မနီဥယျာဉ်တော်၊ အဗ္ဘန္ဓရ သရက်ဥယျဉ်တော် စသည်ဖြင့် များပြားလှသော သာသနာပြုလုပ်ငန်းများ အောင်မြင်ပြီးမြောက်ခဲ့ပြီးဖြစ်သည်။ ဇွဲကပင်တောင် ဆံတော်ရှင်စေတီသည် မြင့်မားအတ်စောက်သော ခရီးလမ်းခက်ခဲသောကြောင့် မတက်နိုင်သဖြင့် (၇)ရက်သားသမီးများ စေတီတော်အား ပင်ပန်းဆင်းရဲမှုကင်းစွာ တက်ရောက်ဖူးမြော်နိုင်ရန်အတွက် Cable Car တပ်ဆင်ရန် လွန်ခဲ့သော နှစ်ပေါင်း (၂၀)ခန့်ကတည်းက သစ္စာဆို အဓိဋ္ဌာန်ပြုခဲ့သည်။ အခြေအနေအမျိုးမျိုးကြောင့် တပ်ဆင်နိုင်ရန် မရှိခဲ့ပါ။ သို့သော်....

ယ္ခုအခါ ကမ္ဘာသာသနာပြု မဟာသန္တိသုခကျောင်းတော်ကြီး မူလပဓာန နာယက ပီနန်ဆရာတော်၊ ဇွဲကပင်တောင်ဆရာတော်၊ သာသနာ့ဇေယျမင်္ဂလာ ပရိယတ္တိစာစသ်တိုက် (သုံးထပ်ကျောင်း) ဆရာတော် စသည့် ဆရာတော်ကြီး (၃)ပါး ကြီးမှုးဦးဆောင်မှုဖြင့် မလေးရှား SMET SDA BHD ကုမ္မဏီနှင့် မြန်မာနိုင်ငံ အင်ဂျင်နီယာအသင်းမှ ပညာရှင်များ ပူးပေါင်းကာ ဇွဲကပင် ဆံတော်ရှင် Cable Car စီမံကိန်းကြီးကို စတင် အကောင်အထည်ဖော် ဆောင်ရွက်နေပြီး ဖြစ်သည်။

Cable Car သည် လူ(၄)ထိ စီနိုင်သော အကြီးစားဖြစ်ပြီး Cable ကြိုးကို Electric Motor (လျှပ်စစ်မော်တာ) ဖြင့် ဆွဲတင်ပို့ရသည့် တစ်ကမ္ဘာလုံးတွင် အသုံးပြုနေသည့် စနစ်ဖြစ်သည်။ Cable ကြိုးသည် အချင်း (၃၈) မိလီမီတာ ရှိပြီး သက်တမ်း (၁၀)နှစ်မှ (၁၅)နှစ်အထိ ခံနိုင်အားရှိသည်။ Cable Car စနစ်အတွက် လိုအပ်သည့် အစိတ်အပိုင်းများကို ဆွစ်ဇာလန်နှင့် သြစောတးလျနိုင်ငံတို့မှ မှာယူမည်ဖြစ်ပြီး မလေးရှားမှ ပညာရှင်နှင့် မြန်မာအင်ဂျင်နီယာများ ပူပေါင်း၍ နိုင်ငံတကာ အတင့်မှီ တည်ဆောက်မည်ဖြစ်သည်။ ဘုရားဖူး Cable Car စီးသူများ အဆင်ပြေ ချောမွေကစေရန် လုံခြု့ရေးစနစ်ကို အထူးဂရုပြု ဆောင်ရွက်ထားပါသည်။

၁။ လူ(၄၀)ကျော်လျှင် Cable Car အလုပ် မလုပ်သည့်စနစ်

၂။ အပေါ်ရပ်နားနေရာ၊ အောက် ရပ်နားနေရာရောက်မှ တံခါးဖွင့် ပိတ်နိုင်သည့်စနစ်

၃။ ရုတ်တရက် အတက်အဆင်းပြုလုပ်နေသည့်အချိန်တွင် လျှပ်စစ်မီးပြတ်တောက်၍ လမ်းတဝက်တွင် ရပ်နားမှုမရှိစေရန် မိးစက်များဖြင့် အလိုအလျှောက် လည်ပတ်သည့်စနစ်များကို ပြုလုပ်ထားပါသည်။

Cable Car ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် ပြုပြင်ထိန်းသိမ်းရေးကော်မတီကို ပညာရှင်များဖြင့် ဖွဲ့စည်းထားပြီး နိုင်ငံရပ်ခြားပညာရှင်များမှ နေ့အလိုက်၊ လအလို့်၊ နှစ်အလိုက်၊ စစ်ဆေးပြုပြင်ခြင်းများကို စနစ်တကျ သင်တန်းပို့ချကာ နည်းပညာများကို လက်ဆင့်ကမ်းပေးသွားမှာ ဖြစ်ပါသည်။

Cable Car တပ်ဆင်မှုပြီးသါားပါက အထက်နှင့်အောက် ရပ်နားနေရာ (၁၆၅၀)မိတာကွာဝေးသော ဇွဲကပင်တောင် ဆံတော်ရှင်စေတီတော်မြတ်ကြီးအား မိနစ်အနည်းငယ်ခန့်ဖြင့် ဖူးမြော်နိုင်မည် ဖြစ်သည်။ ယခင်က ဇွဲကပင်တောင်ဆံတော်ရှင် စေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြသူများသည် ခြေလျင်တက်ရာတွင် အချိန်(၂)နာရီခွဲ၊ (၃)နာရီခန့် ပင်ပင်ပန်းပန်း တက်ရောက် ဖူးမြော်နေရသည်မှာ ခက်ခဲလှပါသည်။

ဤ Cable Car စီမံကိန်း ပြီးစီသွားပါက ဇွဲကပင်ဆံတော်ရှင်စေတီတော်မြတ်ကြီးကို လာရောက်ဖူးမြော်ကြသူများသည် ပင်ပန်းဆင်းရဲမှုမရှိစေဘဲ Cable Car စီးပြီး အမြင့်မှနေ၍ ဒေသရှုခင်းများကိုကြည့်ရှုခံစား ပျော်ရွှင်ကြည်နူးစွာဖြင့် ဇွဲကပင်ဆံတော်ရှင်စေတီတော်မြတ်ကြီးကို သွားရောက်ဖူးမြော်နိုင်မှာဖြစ်ပါသည်။ ထို့အပြင် မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် တခုတည်းသော Cable Car ဖြစ်သောကြောင့် ကရင်ပြည်နယ်တစ်ခုလုံး ဖွံ့ဖြိုးတိုးတကလာပြီး စီးပွားရေးအခွင့်အလမ်းတွေ ရရှိလာရုံမက မြန်မာနိုင်ငံရဲ့ ခရီးသွာလုပ်ငန်းလည်း တိုးတက်လာမှာဖြစ်ပါသည်။ နိုင်ငံခြားဝင်ငွေများလည်း ရရှိလာမည် ဖြစ်ပါသည်။ ဇွဲကပင်တောင်ကိုလည်း တစ်ကမ္ဘာလုံးက သတိထား သိသွားမည့် စီမံကိန်းတစ်ခု ဖြစ်ပါသည်။

ယင်းစီမံကိန်း၏ ကုန်ကျမည့်စရိတ်မှာ အမေရိကန်ဒေါ်လာ သန်း(၂)ကျော် ကုန်ကျမှာဖြစ်ပြီး ဘာသာရေးစီမံကိတန်းဖြစ်သည့်အတွက် ဆရာတော်ကြီး (၃)ပါးမှ ဦးဆောင်ပြီး စေတနာရှင်များရဲ့ လှူဒါန်းငွေများဖြင့် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုရ အဖွဲ့အစည်းမျာဒ၊ ဒေသခံပြည်သူများနှု့် ငြိမ်းချမ်းရေးအဖွဲ့အစည်းများမှလည်း ပူးပေါင်းပါဝင်လုပ်ဆောင် အကောင်အထည်ဖေါ်သွာမှာ ဖြစ်ပါသည်။

ဤသို့မွန်မြတ်ထူကဲကြုံခဲလှသည့် အလှူတော်ကြီးအား မြန်မာနိုင်ငံတော်တစ်လွှား ကမ္ဘာအနှံ့အပြားနှု့် နိုင်ငံတကာအသီးသီးတို့မှ စိတ်ထားကြည်လင် သူတော်စင်အပေါင်းတို့အား ပါဝင်လှူဒါန်းနိုင်ကြပါရန် ပန်ကြားနှိုါ်ဆော်လိုက်ရပါသည်။

စီမံကိန်းဖြစ်မြောက်ရေး ကော်မတီ

ပီနန်ဆရာတော် ၀၉၄၃၂၀၁၀၉၀
ဇွဲကပင်တောင်ဆရာတော် ၀၉၈၇၃၁၀၀၈
သုံထပ်ကျောင်း ဆရာတော် ၀၉၅၁၃၅၈၄၆
ဦးယဉ်ထွေးဆွေ (ဥက္ကဋ္ဌ) ၀၉၄၃၁၁၁၁၁၈
ဦးအောင်မင်း (အထွေထွေအတွင်းရေးမှုး) ၀၉၅၆၆၁၀၁၂
ဦးခွန်တင်သန်း (အတွင်းရေးမှုး-၁) ၀၉၄၄၉၂၅၁၀၅၀
ဦးစောအောင်ချစ် (အတွင်းရေးမှုး-၂) ၀၉၈၇၃၀၄၁၁
ဦးမိုးဝင်း (အတွင်းရေးမှုး-၃) ၀၉၅၁၄၇၅၀၇
ဦးအောင်သန်း (ဘဏ္ဍာရေးမှုး) ၀၉၈၇၃၀၆၉၅
— with Si Thu Aung.

27/01/2017
25/08/2016
05/08/2016
30/07/2016

ကျောက်ကလပ် စေတီတော်

ကျောက်ကလပ်စေတီတော်သည် ကရင်ပြည်နယ် ဘားအံမြို့နယ် လှိုင်ရွှာကျေးရွာတွင် တည်ရှိပြီး မြတ်စွာဘုရားရှင်၏ ဆံတော်အစစ်ကို ဌာပနာထားသည်ဟု ပြောကြပါသည်။ မြန်မာနိုင်ငံ၏ ဗုဒ္ဒဘာသာသမိုင်းတွင် နေလိုလလိုထင်ရှားခဲ့သော သာမညဆရာတော်ဘုရားကြီး တရားအားထုတ်ခဲ့သော နေရာတစ်ခုလည်းဖြစ်ပါသည်။

စေတီတည်ရှိနေသော ရေကန်၊ တံတားနှင့် ဘုရား၏အမြင့်တို့ကို တိုင်းတာလျှင် ပေါင်းခြင်း ၉ ဂဏန်းရှိသောကြောင့် ကိုးန၀င်းကျေသော နေရာဌာန ဟုပြောဆိုကြပြီး နေ့စဉ်နေ့တိုင်းလာရောက်ဖူးမျှော်ကြသည့် ဘုရားဖူးများကို စတုဒီသာများ ကျွေးမွေးလှုဒါန်းနေသော နေရာဖြစ်ပါသည်။

30/07/2016

ဘားအံမှာ ထင်ရှားတဲ့နေရာတွေပေါ့

1:ဇွဲကပင်တောင်/တောင်ခြေမှာရှိတဲ့ လုမ္မနီဥယျာဉ်နဲ့ဗောတိတစ်ထောင်ဘုရားများစွာ

2:ကျောက်ကလပ်စေတီတော်/ကျောက်ကလပ် သက်သက်လွတ်ထမင်းနဲ့ ပဲငပိတွေကတော့ဘုရားဖူးတိုင်း သုံးဆောင်ကြပါတယ် နယ်ဝေးကဘုရားဖူးတဲ့သူများကတော့ ကျန်းမာရေးကောင်းတယ်ပြောပြီးသုံးဆောင်ကြတာ ခဏခဏတွေ့ဖူး ကြားဖူးပါတယ်(ဘားအံက လူငယ်တွေကတော့ ဟဲဟဲ ကိုယ့်အကြောင်းကိုယ်သိကြပါတယ် ဗိုက်ဆာတိုင်းသတိရမိတဲ့နေရာလေးပေါ့ ဟုတ်တယ်ဟုတ်)

3:ဘားအံတစ်ဖက်ကမ်း သံလွင်တံတားဘေး ဖားကပ်ကျေးရွာမှသွားရသော AD-7 Century အေဒီ ၇ ရာစုမှ ရှေးဟောင်းကော့ဂွန်းဂူဖြစ်ပါတယ် နံရံကပ်ရှေးဟောင်းဘုရားများစွာကိုတွေ့ရှိရပါမယ် တစ်ဆက်တည်းအဖြစ် ရသေ့ပျံရှေးဟောင်းဂူသို့လည်း သွားရောက်လို့ရပါတယ် ကော့ဂွန်းဂူဘေးချင်းကပ်ဂူပါပဲ

4:ရေတံခွန်လို့ ဘားအံမြို့သူမြို့သားတွေ မှည့်ခေါ်ထားတဲ့ အမျိုးသားရေကူးကန်နဲ့အမျိုးသမီးရေကူးကန် ၂ ကန်ပါ အားလပ်ရက်တွေမှာ အပန်းဖြေသူရှိပါတယ် ပွဲတော်ရက်တို့ လပြည့်အခါကြီးရက်ကြီးတို့ဆို တိုးမပေါက်အောင် လူအရမ်းစည်ကားပါတယ်

5:ကော့ကသောင်ဂူ ဒီဂူကတော့ ဘားအံမြို့ပြင် ကော့ကသောင်ကျေးရွာမှာရှိပါတယ် မိုးတွင်းဆိုသဘာဝကျောက်စိမ့်ရေဖြစ်တဲ့အတွက် ကြည်လင်သန့်ရှင်းနေပြီး လူအများအပြားနေ့တိုင်းပျော်ရွင်စွာရေကစားတာကို တွေ့ရမှာပါ အခုဆိုကော့ကသောင်ဂူကို အလှဆင်ထားပါတယ်

6:သာမညတောင်ဆရာတော်ဘုရားကြီး သီတင်းသုံးခဲ့တဲ့ သာမညတောင်ကိုတော့ အားလုံးသိမှာပါ ဆရာတော်ဘုရားမရှိတော့ပေမယ့် အခါကြီးရက်ကြီးတွေမှာ လူအရမ်းစည်ကားပြီး ဘုရားဖူးဧည့်သည်တွေ များပြားနေဆဲပါပဲ

7:ဘုရင့်ညီနောင်ဂူ/ ရန်ကုန်-ဘားအံ ကားလမ်းမကြီး ကရင်ပြည်နယ်အဝင်နားမှာရှိပါတယ် ဘုရားဖူးဧည့်သည်တိုင်းသွားရောက်လည်ပတ်တာကိုတွေ့ရပါတယ် ထင်ရှားတဲ့သမိုင်းတွေရှိပါတယ် မျောက်တွေလည်းအများကြီးရှိပါတယ် သဘာဝအတိုင်းဖြစ်နေတဲ့ ရေပူရေကန်ကြီးတစ်ကန်ရှိပါတယ် အမျိုးသမီးသီးသန့်ရေကူးကန်ရှိပါတယ် အမျိုးသားတွေကတော့ ရေကန်ကြီးဘေးကကန်ထဲမှာရေဆင်းကူးကြပါတယ်

8:ဆန္ဒဂူ/ ဆန္ဒဆင်မင်းနေခဲ့တဲ့ ဂူလို့ထင်ရှားပါတယ် မုတ်ဆိုးဆင်စွယ်ကိုဖြတ်ခဲ့တဲ့ လွှကြီးရှိပါတယ် မုတ်ဆိုးခမောက်ရှိပါတယ် ဆန္ဒဆင်မင်းနဲ့ပက်သက်တဲ့ သမိုင်းဝင်ဖြစ်စဉ်များစွာရှိပါတယ် ဘားအံ-မော်လမြိုင်လမ်း အိန္ဒုရွာအကျော်လေးမှာ ဆန္ဒဂူဆိုင်းဘုတ်ရှိပါတယ် အဲဒီကနေရွာတွေဖြတ်ပြီးသွားရတာပါ သမိုင်းဝင်ဂူပါပဲ

ထင်ရှားတဲ့နေရာတွေ ဆက်ပြီးဖော်ပြပေးပါ့မယ်---admin

30/07/2016

ပိုးကရင်လူမျိုး
💝💝💝💝💝

ပိုးကရင်လူမျိုးများမှာမူ ယောက်ျားလေးများ၏ အမည်ရှေ့တွင် အသက်အလိုက် ‘စ’ နှင့် 'မန်း' တပ်၍ ခေါ်ဝေါ်လေ့ရှိကြပြီး မိန်းကလေးအမည်ရှေ့တွင် 'နန်း' တပ်၍ ခေါ်ဝေါ်လေ့ရှိကြသည်။ တဖန် အခြားသော ကရင်အမည်များလည်း ရှိနိုင်ပါသေးသည်။
ရှေးပျူယဉ်ကျေးမှုထွန်းကားချိန်တွင် ပျူလူမျိုးများနှင့် ပိုးကရင်အနွယ်အဝင်များတို့ ရောနှော ခဲ့ကြသည့် လက္ခဏာအထောက်အထားကား ထည့်သွင်းစဉ်းစားရပေမည်။ အဘယ့်ကြောင့်ဆိုသော် ယနေ့ကရင်လူမျိုးတို့၏ ရိုးရာဓလေ့အချို့သည် ထိုခေတ် ပျူယဉ်ကျေးမှု အချို့တို့နှင့် နီးစပ်သည်ကို တွေ့ရှိနိုင်ခြင်း၊ မည်လည်သမိုင်းတွင် ပျူမင်း များ ဟူသော အရေးအသားနှင့်ပတ်သက်၍ ပျူမှာ လူမျိုးများကို ဖော်ပြရာဖြစ်သကဲ့သို့ ပြုံး ဟူသော အခေါ်မှာ မြန်မာစကားသံအရ ယရစ်သံပျက်ဖြစ်၍ ပရုံး ဟူသောအသံထွက်ပြီး သံမှန်အနေအထားသို့လေ့လာပါက ပရုံး ဖလုံး ဖလုံ ဟူသော အသံများရဲ့ မူလဇစ်မြစ်ဖြစ်နိုင်ပြီး ယင်းအခေါ်သည် ယနေ့ ပိုးကရင် တို့ မိမိကိုယ်ကိုခေါ်သော ဖလုံ ဟူသော အခေါ်နှင့် အသံထွက်တူသည်ကို တွေ့ရသည်။[ကိုးကားချက်လိုသည်] ထို့အပြင် နိုင်ငံခြားသားများ၏ မှတ်တမ်းဝင်အခေါ်အရ ပြည်မြို့ကို ပရုံး ဟုခေါ်ခြင်းသည် ယင်း ဒေသတွင် တစ်ချိန်က ယနေ့ ဖလုံ ခေါ်သော ပိုးကရင်လူမျိုးစုတို့ နေထိုင်ရာ ဒေသအဖြစ်ဖြင့် ထင်ရှားခဲ့ကြောင်းကို ရှေးကရင်လူကြီးများအဆိုနှင့် ယှဉ်ပြီးသိနိုင်ပါသည်။

📡✏ပိုးကရင် အကြောင်း စုပေါင်းရေးသား ပေးကြမယ်လို့  မျှော်လင့်ပါတယ်။ သိထားတာရှိရင် comment ထဲမှာ ရေးပေးကြပါ။✏📡

ကရင်လူမျိုးများ
💝💝💝💝💝
၁၉၆၅ ခုနှစ် ၁၈ ကြိမ်မြောက် ပြည် ထောင်စုနေ့တွင် တင်သွင်းသော တိုင်း ရင်းသား ကရင်လူမျိုးများ
အကြောင်း စာတမ်းတွင် ကရင်လူမျိုး (၁၁)မျိုးရှိသည်
ဟု မှတ်တမ်းတင်ထားသည်။ကရင်လူမျိုး(၁၁)မျိုးမှာ

(၁) စကောကရင်
(၂) ပိုးကရင်
(၃) ပကူးကရင်
(၄) ဘွဲကရင်
(၅) မော်နေပွား
(၆) သလွယ်ပွား
(၇) ကယ်ခို
(၈) ကယ်ဘား
(၉) ပလချီး
(၁၀) မိုပွာ
(၁၁) ကရင်ဖြူ တို့ ဖြစ်ကြသည်။

Translation from Wikipedia and Dawei Post
©ကရင်ပြည်နယ်

30/07/2016

Address

Mawlamyaing

Telephone

09784636912

Website

Alerts

Be the first to know and let us send you an email when မွန်ကရင်တနသာင်္ရီတို့အလှ posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share