Synergy Elite Group

Synergy Elite Group ပြည်တွင်းဖြစ် Synergy အမှတ်တံဆိပ် ဆီပန့် ရောင်းဝယ်ရေးလုပ်ငန်း📍

Sold Out‼️✨ရေဖြူမြို့နယ်မှ ဆီဆိုင်သစ်ဖွင့်လှစ်ရန်အတွက် Synergy ဆီပန့်စက်နှစ်လုံး ဝယ်ယူအားပေးသွားပါတယ်ခင်များ ....✨ဆီပန့်...
07/08/2026

Sold Out‼️✨

ရေဖြူမြို့နယ်မှ ဆီဆိုင်သစ်ဖွင့်လှစ်ရန်အတွက် Synergy ဆီပန့်စက်နှစ်လုံး ဝယ်ယူအားပေးသွားပါတယ်ခင်များ ....✨

ဆီပန့်စက်ဝယ်ယူရန်အတွက် ------👇

☎️𝐂𝐨𝐧𝐭𝐚𝐧𝐭 𝐔𝐬 - 𝟎𝟗 𝟐𝟓𝟐 𝟑𝟕𝟖 𝟏𝟎𝟎,09 784 600 530
📩𝐒𝐲𝐧𝐞𝐫𝐠𝐲@𝐦𝐨𝐧𝐬𝐢𝐠𝐫𝐨𝐮𝐩.𝐜𝐨𝐦
🏡ရုံး - 𝐍𝐨, (𝐁/𝟏𝟐) ဈေးကြိုအဝိုင်းအနီး မြို့ရှောင်လမ်း မြေနီကုန်းရပ်၊
📌စက်ရုံ- 𝐍𝐨(𝟒𝟒)> အရှေ့ပိုင်းလမ်းခြောက်မိုင်ရပ်ကွက် မော်လမြိုင်။

#𝐬𝐲𝐧𝐞𝐫𝐠𝐲 #𝐨𝐢𝐥𝐩𝐮𝐦𝐩 #𝐋𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝𝐦𝐲𝐚𝐧𝐦𝐚𝐫 #𝐬𝐭𝐚𝐫𝐭𝐧𝐨𝐰 #𝐇𝐏𝐀𝐍 #𝐊𝐚𝐲𝐢𝐧𝐒𝐭𝐚𝐭𝐞 #𝐌𝐲𝐚𝐧𝐦𝐚𝐫

အိမ်ရှေ့စတိုးဆိုင်လေးမှာ ဝင်ငွေတိုးမယ့် နည်းလမ်း ⛽️✨အိမ်ရှေ့ ကုန်စုံဆိုင် သိုမဟုတ် စတိုးဆိုင်လေး ဖွင့်လှစ်ထားရင်းနဲ့ နေ့...
04/08/2026

အိမ်ရှေ့စတိုးဆိုင်လေးမှာ ဝင်ငွေတိုးမယ့် နည်းလမ်း ⛽️✨

အိမ်ရှေ့ ကုန်စုံဆိုင် သိုမဟုတ် စတိုးဆိုင်လေး ဖွင့်လှစ်ထားရင်းနဲ့ နေ့စဉ် ပုံမှန် ဝင်ငွေပိုမို တိုးပွားချင်ပါသလားရှင့်။

ခုခေတ်မှာ စတိုးဆိုင်နဲ့ Synergy ဆီပန့်စက်လေးတွေကို တွဲဖက်ရောင်းချတာဟာ ဒေသတွင်း လိုအပ်ချက်ကို ဖြည့်ဆည်းပေးနိုင်ရုံတင်မကဘဲ တွက်ခြေကိုက်တဲ့ စီးပွားရေးတစ်ခု ဖြစ်ပါတယ်ရှင်။ Synergy ဆီပန့်စက်လေးတွေဟာ နေရာအကျယ်ကြီး မလိုဘဲ ဆိုင်အပြင်ဘက်မှာ အလွယ်တကူ တပ်ဆင်ရောင်းချနိုင်အောင် စနစ်တကျ ဒီဇိုင်းထုတ်ထားတာပါရှင်။
စက်ဖိုးရော မီးခရော သက်သက်သာသာနဲ့ တွက်ခြေကိုက်စေပြီး ဆီထွက်နှုန်း တိကျတာကြောင့် ဝယ်ယူသူတွေ စောင့်ဆိုင်းရတာ မရှိဘဲ အရောင်းသွက်သွက်နဲ့ စီးပွားဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အပိုပစ္စည်း စုံလင်စွာ ရရှိနိုင်မှုနဲ့ အာမခံ ဝန်ဆောင်မှုတွေပါ အပြည့်အဝ ရှိတာမို့ ရေရှည်အတွက် စိတ်အေးချမ်းသာစွာနဲ့ ဝင်ငွေရှာနိုင်မှာပါရှင်။

မိသားစု ဝင်ငွေတိုးစေမယ့် ကိုယ်ပိုင် ဆီဆိုင်အသေးလေးနဲ့ စီးပွားစတင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် မော်လမြိုင်မြို၊ ဈေးကြိုအဝိုင်းအနီးက Synergy ရုံးခန်းမှာ အခမဲ့ လာရောက်လေ့လာ တိုင်ပင်နိုင်ပါတယ်ရှင့်။

📞 ဆက်သွယ်ရန် ဖုန်း - 09 252 378 100
#𝐨𝐢𝐥𝐩𝐮𝐦𝐩 #𝐋𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝𝐦𝐲𝐚𝐧𝐦𝐚𝐫 #𝐢𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧𝐝𝐞𝐬𝐢𝐠𝐧

ခရီးဝေးအထိ အတူတူ လှမ်းတက်ခဲ့တဲ့ ၁၃ နှစ်တာ ⛽️🤝ခရီးတစ်ခုကို စတင်ဖို့ရာ အားကိုးထိုက်တဲ့ စီးပွားဖော်တစ်ယောက် ဘေးနားမှာ ရှိနေ...
03/08/2026

ခရီးဝေးအထိ အတူတူ လှမ်းတက်ခဲ့တဲ့ ၁၃ နှစ်တာ ⛽️🤝

ခရီးတစ်ခုကို စတင်ဖို့ရာ အားကိုးထိုက်တဲ့ စီးပွားဖော်တစ်ယောက် ဘေးနားမှာ ရှိနေဖို့ သေချာပေါက် လိုအပ်ပါတယ်။

မွန်၊ ကရင်နဲ့ တနင်္သာရီဒေသမှ လုပ်ငန်းရှင်ကြီးများနဲ့
အိမ်မှာနေရင်း မိသားစု ဝင်ငွေပိုမိုရရှိချင်ကြတဲ့ အိမ်ရှင်မတွေရဲ့ စီးပွားရေးအိမ်မက်တွေကို Synergy က လွန်ခဲ့တဲ့ ၁၃ နှစ်ကျော်ကတည်းက
အတူတူ ပခုံးချင်းယှဉ်ပြီး အကောင်အထည်ဖော်ပေးခဲ့ပါတယ်။

တနိုင်တပိုင် ဆီဆိုင်လေးတွေကနေ ဒေသအနှံက လုပ်ငန်းကြီးတွေအထိ
ဆီပန့်စက်ပေါင်း ၇၀၀ ကျော် ယုံကြည်စွာ သုံးစွဲနေကြတာဟာ Synergy ရဲ့ အကြီးမားဆုံး ဂုဏ်ယူမှုတစ်ခု ဖြစ်ပါတယ်။

စက်ရုံတိုက်ရိုက် အရည်အသွေးမှန်ကန်မှု၊ ဈေးနှုန်းမျှတမှုနဲ့ ပြည့်စုံတဲ့ ဝန်ဆောင်မှုတွေနဲ့အတူ ဒေသတွင်း စီးပွားရေး လုပ်ဆောင်ချင်သူတိုင်းရဲ့ အားကိုးရဆုံး စီးပွားဖော်အဖြစ် အမြဲတမ်း ရပ်တည်ပေးနေမှာပါရှင်။

ကိုယ့်အိမ်မှာတင် လွယ်လွယ်ကူကူနဲ့ တနိုင်တပိုင် စီးပွားရေးလေး စတင်ဖို့အတွက်ဆိုရင် မော်လမြိုင်မြို၊ ဈေးကြိုအဝိုင်းအနီးက Synergy ရုံးခန်းမှာ အချိန်မရွေး လာရောက်တိုင်ပင် ဆွေးနွေးနိုင်ပါတယ်ရှင်။

☎️𝐂𝐨𝐧𝐭𝐚𝐧𝐭 𝐔𝐬 - 𝟎𝟗 𝟐𝟓𝟐 𝟑𝟕𝟖 𝟏𝟎𝟎

📩𝐒𝐲𝐧𝐞𝐫𝐠𝐲@𝐦𝐨𝐧𝐬𝐢𝐠𝐫𝐨𝐮𝐩.𝐜𝐨𝐦

🏡ရုံး - 𝐍𝐨, (𝐁/𝟏𝟐) ဈေးကြိုအဝိုင်းအနီး မြိုရှောင်လမ်း မြေနီကုန်းရပ်

📌စက်ရုံ- 𝐍𝐨(𝟒𝟒)> အရှေ့ပိုင်းလမ်းခြောက်မိုင်ရပ်ကွက် မော်လမြိုင်

#𝐬𝐲𝐧𝐞𝐫𝐠𝐲 #𝐨𝐢𝐥𝐩𝐮𝐦𝐩 #𝐋𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝𝐦𝐲𝐚𝐧𝐦𝐚𝐫 #𝐢𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧𝐝𝐞𝐬𝐢𝐠𝐧 #𝐛𝐮𝐬𝐬𝐢𝐧𝐞𝐬𝐜𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 #𝐬𝐭𝐚𝐫𝐭𝐧𝐨𝐰 #𝐇𝐏𝐀𝐍 #𝐊𝐚𝐲𝐢𝐧𝐒𝐭𝐚𝐭𝐞 #𝐌𝐲𝐚𝐧𝐦𝐚𝐫

🌕 မြင့်မြတ်သပ္ပါယ်လှသည့် ဝါဆိုလပြည့်နေ့ အခါသမယမင်္ဂလာ… 🙏✨ ယနေ့တွင် ကျရောက်သော မြင့်မြတ်လှသည့် ဝါဆိုလပြည့်နေ့ အခါသမယ၌ Syn...
28/07/2026

🌕 မြင့်မြတ်သပ္ပါယ်လှသည့် ဝါဆိုလပြည့်နေ့ အခါသမယမင်္ဂလာ… 🙏✨

ယနေ့တွင် ကျရောက်သော မြင့်မြတ်လှသည့် ဝါဆိုလပြည့်နေ့ အခါသမယ၌ Synergy ၏ ချစ်ခင်လေးစားရပါသော ဖောက်သည်လူကြီးမင်းများ၊ စီးပွားရေးမိတ်ဖက်များနှင့်တကွ မြန်မာပြည်သူ/သား အပေါင်းတို့ စိတ်၏ချမ်းသာခြင်း၊ ကိုယ်၏ကျန်းမာခြင်းတို့နှင့် ပြည့်စုံကြပါစေကြောင်း Synergy မိသားစုမှ မွန်မြတ်စွာ ဆုမွန်ကောင်း တောင်းပေးလိုက်ပါသည်။ 🙏✨

ဝါဆိုလပြည့်နေ့သည် မြတ်စွာဘုရားရှင် တရားဦး ဓမ္မစကြာဒေသနာတော်ကို စတင်ဟောကြားတော်မူသောနေ့၊ သံဃာရတနာ စတင်ပေါ်ပေါက်ခဲ့သော အခါတော်နေ့ဖြစ်သည်နှင့်အညီ မြတ်စွာဘုရားရှင်၏ တရားတော်ရိပ်ဝယ် အေးရိပ်ခိုလှုံရင်း ကိုယ်စိတ်နှစ်ဖြာ အေးချမ်းသာယာကြပါစေရှင့်။ 🌸

လူကြီးမင်းတို့၏ စီးပွားရေး လုပ်ငန်းအဝဝ တိုးတက်အောင်မြင်ပြီး အေးချမ်းသာယာသော မိသားစု ဘဝများကို ပိုင်ဆိုင်နိုင်ကြပါစေနော်… ✨

#ဝါဆိုလပြည့်နေ့ #မော်လမြိုင်

⛽️လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဆိုရင်... သင်ကော ဘယ်စက်အမျိုးအစားကို ရွေးမလဲ?အတူတူ စဉ်းစားကြည့်ရအောင် 📊🔍သင့်မှာ ဆီဆိုင်လုပ်...
15/07/2026

⛽️လုပ်ငန်းရှင်တစ်ယောက်အနေနဲ့ ဆိုရင်... သင်ကော ဘယ်စက်အမျိုးအစားကို ရွေးမလဲ?

အတူတူ စဉ်းစားကြည့်ရအောင် 📊🔍

သင့်မှာ ဆီဆိုင်လုပ်ငန်းတစ်ခု ရှိတယ်ဆိုပါစို့။ ဆီပန့်စက်အသစ် ဝယ်ဖို့အတွက် သင့်ရှေ့မှာ ရွေးချယ်စရာ (၂) ခု ရှိလာရင် ဘယ်တစ်ခုကို ပိုဦးစားပေးမလဲဗျာ။

လုပ်ငန်းရေရှည် အကျိုးအမြတ်နဲ့ လည်ပတ်မှုစရိတ် (Running Cost) တွေကို တွက်ချက်ကြည့်မယ်ဆိုရင် သင်ကော A လား၊ B လား။ Comment မှာ အကြောင်းပြချက်လေးနဲ့တကွ ရွေးချယ်ပေးခဲ့ပါဦးခင်ဗျ 🥰

⛽️ဆီပန့်စက်ဝယ်တယ်ဆိုတာ ငွေခဏခဏ စိုက်ထုတ်ရတဲ့အလုပ် မဟုတ်တဲ့အတွက် စက်ရွေးချယ်မှု မမှားဖို့ လိုပါတယ်။ကျွန်တော်တို့ Synergy ...
07/07/2026

⛽️ဆီပန့်စက်ဝယ်တယ်ဆိုတာ ငွေခဏခဏ စိုက်ထုတ်ရတဲ့အလုပ် မဟုတ်တဲ့အတွက် စက်ရွေးချယ်မှု မမှားဖို့ လိုပါတယ်။

ကျွန်တော်တို့ Synergy ဆီပန့်စက်ရောင်းဝယ်ရေး မှာဆိုရင်တော့ တိကျ သေချာပြီး အရည်အသွေးမြင့်မားတဲ့ ဆီပန့်စက်များကို ရောင်းချပေးရုံတင်မကဘဲ...

✅ အပိုပစ္စည်း (Spare Parts) များကို စုံလင်စွာ Stock ထားရှိပေးခြင်း
✅ After-Sales Service ကို တာဝန်ယူပေးခြင်း စတဲ့ ရေရှည်ဝန်ဆောင်မှုတွေကိုပါ စိတ်ချရဆုံး ပံ့ပိုးပေးနေပါတယ်ခင်ဗျာ။

သင့်ဆီဆိုင်လုပ်ငန်းအတွက် ရေရှည်စိတ်ချရမယ့် ဆီပန့်စက်များနှင့် နည်းပညာပိုင်းဆိုင်ရာများကို အသေးစိတ် ဆွေးနွေးတိုင်ပင်လိုပါက -

📞 ဖုန်း - ☎️ 𝟎𝟗 𝟐𝟓𝟐 𝟑𝟕𝟖 𝟏𝟎𝟎

📩𝐒𝐲𝐧𝐞𝐫𝐠𝐲@𝐦𝐨𝐧𝐬𝐢𝐠𝐫𝐨𝐮𝐩.𝐜𝐨𝐦

🏡ရုံး - 𝐍𝐨, (𝐁/𝟏𝟐) ဈေးကြိုအဝိုင်းအနီး မြို့ရှောင်လမ်း မြေနီကုန်းရပ်

📌စက်ရုံ- 𝐍𝐨(𝟒𝟒)> အရှေ့ပိုင်းလမ်းခြောက်မိုင်ရပ်ကွက် မော်လမြိုင်

#𝐬𝐲𝐧𝐞𝐫𝐠𝐲 #𝐨𝐢𝐥𝐩𝐮𝐦𝐩 #𝐋𝐨𝐜𝐚𝐥𝐛𝐫𝐚𝐧𝐝𝐦𝐲𝐚𝐧𝐦𝐚𝐫 #𝐢𝐧𝐧𝐨𝐯𝐚𝐭𝐢𝐨𝐧𝐝𝐞𝐬𝐢𝐠𝐧 #𝐛𝐮𝐬𝐬𝐢𝐧𝐞𝐬𝐜𝐡𝐚𝐥𝐥𝐞𝐧𝐠𝐞 #𝐬𝐭𝐚𝐫𝐭𝐧𝐨𝐰 #𝐇𝐏𝐀𝐍 #𝐊𝐚𝐲𝐢𝐧𝐒𝐭𝐚𝐭𝐞 #𝐌𝐲𝐚𝐧𝐦𝐚𝐫

ဆီဆိုင်အသစ်ဖွင့်တော့မယ်ဆိုရင် အဝယ်မမှားစေဖို့ သိထားသင့်တဲ့ အချက် (၃) ချက် 💡ဆီဆိုင်လုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် ဆီပန့်...
27/06/2026

ဆီဆိုင်အသစ်ဖွင့်တော့မယ်ဆိုရင် အဝယ်မမှားစေဖို့ သိထားသင့်တဲ့ အချက် (၃) ချက် 💡

ဆီဆိုင်လုပ်ငန်းတစ်ခု စတင်တော့မယ်ဆိုရင် ဆီပန့်စက်ဝယ်ယူတာဟာ ရေရှည်အတွက် အရေးအကြီးဆုံး ရင်းနှီးမြှုပ်နှံမှုတစ်ခု ဖြစ်ပါတယ်။⛽️

⛽️စက်အမျိုးအစား ရွေးချယ်မှု မှားယွင်းသွားရင် နောက်ပိုင်းမှာ ပြုပြင်ထိန်းသိမ်းစရိတ်တွေနဲ့တင် အမြတ်ငွေတွေ ဆုံးရှုံးသွားတတ်ပါတယ်။

ဒါကြောင့် စက်မဝယ်ခင်မှာ ဒါတွေကို မဖြစ်မနေ ထည့်သွင်းစဉ်းစားဖို့ လိုအပ်ပါတယ် -

၁။ အပိုပစ္စည်း လွယ်လွယ်ကူကူရနိုင်မလား?
ဘယ်လောက်ကောင်းတဲ့စက်ပဲဖြစ်ဖြစ် သုံးတာကြာရင် အစိတ်အပိုင်းအချို့ လဲလှယ်ရတာမျိုး ရှိလာပါလိမ့်မယ်။ အဲဒီအခါ ဈေးကွက်ထဲမှာ အပိုပစ္စည်း ရှာမရရင် စက်ရပ်ထားရတဲ့ရက်တွေ ရှည်ကြာပြီး လုပ်ငန်းထိခိုက်နိုင်ပါတယ်။

၂။ အရောင်းအပြီး ဝန်ဆောင်မှု (After-Sales Service) တကယ်ရှိရဲ့လား?
စက်ပိုင်းဆိုင်ရာ သိလိုတာပဲဖြစ်ဖြစ်၊ မတော်တဆ ချို့ယွင်းမှုပဲဖြစ်ဖြစ် ကြုံလာရတဲ့အခါ ဖုန်းဆက်ရုံနဲ့ ချက်ချင်းလာရောက်ဖြေရှင်းပေးမယ့် ကျွမ်းကျင် Technical Team ရှိဖို့က အဓိက သော့ချက်ပါ။

၃။ မိမိလုပ်ငန်း ပမာဏနဲ့ ကိုက်ညီရဲ့လား?
မိမိဆိုင်ရဲ့ ဆီရောင်းအား ပမာဏ၊ အဝင်အထွက် အကြိမ်ရေအပေါ် မူတည်ပြီး ဘယ်လို Nozzle အမျိုးအစား၊ ဘယ်လို Level ရှိတဲ့ စက်မျိုးကို ရွေးချယ်ရမလဲဆိုတာ သေချာတွက်ချက်ရပါမယ်။

ဆီဆိုင်လုပ်ငန်းကို အခုမှ စတင်လေ့လာနေတာပဲဖြစ်ဖြစ်၊ မိမိဒေသနဲ့ ကိုက်ညီမယ့် ဆီပန့်စက် အမျိုးအစားကို သေချာမသိသေးလို့ပဲဖြစ်ဖြစ် အခက်အခဲရှိနေရင် စိတ်မပူပါနဲ့။

သင့်လုပ်ငန်းနေရာနဲ့ လိုအပ်ချက်အလိုက် ဘယ်လို စက်အမျိုးအစားက အကိုက်ညီဆုံး ဖြစ်မလဲဆိုတာကို Synergy နဲ့ တိုင်ပင်ဆွေးနွေး နိုင်ပါတယ်ဗျာ။

☎️Phone 09 252 378 100, 09 784 600 530

#ဆီဆိုင်လုပ်ငန်း

မေးခွန်း - "ဆီပန့်စက်ကို အသုံးမပြုဘဲ ပစ်ထားတာကြာရင် ပြန်သုံးတဲ့အခါ စက်ပျက်တာမျိုး ဖြစ်တတ်ပါသလား❓။"💡 အဖြေ - ဟုတ်ကဲ့၊ ဖြစ်...
23/06/2026

မေးခွန်း - "ဆီပန့်စက်ကို အသုံးမပြုဘဲ ပစ်ထားတာကြာရင် ပြန်သုံးတဲ့အခါ စက်ပျက်တာမျိုး ဖြစ်တတ်ပါသလား❓။"

💡 အဖြေ - ဟုတ်ကဲ့၊ ဖြစ်တတ်ပါတယ်ခင်ဗျာ။ ဆီပန့်စက်တွေကို အချိန်အကြာကြီး မမောင်းဘဲ ဒီတိုင်းပစ်ထားမယ်ဆိုရင် စက်ရဲ့ အသက်သွေးကြောဖြစ်တဲ့ Pump (ပန့်) တွေ Jam ဖြစ်တာ (ညပ်သွားတာ/ရပ်သွားတာ) မျိုးတွေ ကြုံတွေ့ရတတ်ပါတယ်။

ဆီပန့်စက်တစ်လုံးမှာ Pump က အဓိကအကျဆုံးနဲ့ တန်ဖိုးအကြီးဆုံး အစိတ်အပိုင်းထဲမှာ ပါဝင်တာကြောင့် ပျက်စီးသွားရင် အပိုကုန်ကျစရိတ်တွေ အများကြီး ရှိလာနိုင်ပါတယ်။

💡 မိမိတို့ ဆီဆိုင်ကို မဖွင့်လှစ်ရသေးရင်တောင် (သို့မဟုတ်) နားထားတဲ့ အချိန်ဖြစ်ရင်တောင် စက်ကို ဒီတိုင်းပစ်မထားဘဲ ရက်ခြား သို့မဟုတ် မကြာမကြာ စက်နှိုးပြီး မောင်းပေးဖို့ လိုအပ်ပါတယ်။

🛠 တကယ်လို့ မတော်တဆ စက်ပိုင်းဆိုင်ရာ တစ်စုံတစ်ရာ ချို့ယွင်းမှု၊ ပျက်စီးမှုတွေ ရှိလာခဲ့ရင်လည်း လုံးဝ (လုံးဝ) စိတ်ပူစရာမလိုပါဘူးခင်ဗျာ။

Synergy မှာ စိတ်ချရတဲ့ After-Sales Service အပြည့်အဝ ရှိနေတာကြောင့် လုပ်ငန်းမပြတ်တောက်အောင် Synergy က အမြန်ဆုံး အကောင်းဆုံး ကူညီဖြေရှင်းပေးသွားမှာ ဖြစ်ပါတယ်။

Synergy ဆီပန့်စက်များအကြောင်း အသေးစိတ် စုံစမ်းမေးမြန်းလိုပါက ......
☎️𝐂𝐨𝐧𝐭𝐚𝐧𝐭 𝐔𝐬 - 𝟎𝟗 𝟐𝟓𝟐 𝟑𝟕𝟖 𝟏𝟎𝟎,09 784 600 530
📩𝐒𝐲𝐧𝐞𝐫𝐠𝐲@𝐦𝐨𝐧𝐬𝐢𝐠𝐫𝐨𝐮𝐩.𝐜𝐨𝐦
🏡ရုံး - 𝐍𝐨, (𝐁/𝟏𝟐) ဈေးကြိုအဝိုင်းအနီး မြိုရှောင်လမ်း မြေနီကုန်းရပ်
📌စက်ရုံ- 𝐍𝐨(𝟒𝟒)> အရှေ့ပိုင်းလမ်းခြောက်မိုင်ရပ်ကွက် မော်လမြိုင်။

#ဆီပန့်စက်ရောင်းဝယ်ရေး #ဆီဆိုင်သုံးပစ္စည်း

မနက်ခင်း အရုဏ်တက်ချိန်မှစ၍ နေပူမရှောင်၊ ပင်ပန်းမှုများကို အမှုမထားဘဲ စေတနာအပြည့်ဖြင့် ဝန်ဆောင်မှုပေးနေကြသော ဆီဆိုင်လုပ်င...
21/06/2026

မနက်ခင်း အရုဏ်တက်ချိန်မှစ၍ နေပူမရှောင်၊ ပင်ပန်းမှုများကို အမှုမထားဘဲ စေတနာအပြည့်ဖြင့် ဝန်ဆောင်မှုပေးနေကြသော ဆီဆိုင်လုပ်ငန်းရှင်များနှင့် ဝန်ထမ်းများအားလုံး ယနေ့တွင်လည်း အရောင်းအဝယ်များ သွက်လက်အောင်မြင်ပါစေဟု ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ☀️⛽️

မိသားစုအနာဂတ်နှင့် လုပ်ငန်းတိုးတက်ရေးအတွက် အခက်အခဲများကြားမှ နေ့စဉ်နှင့်အမျှ အကောင်းဆုံး ကြိုးစားအားထုတ်နေမှုများကို ကျွန်တော်တို့ အနေဖြင့် အထူးပင် လေးစားဂုဏ်ယူမိပါသည်။

ဒီနေ့အတွက် ဆီဂါလန် ဘယ်လောက်အထိ ရောင်းချနိုင်ဖို့ ရည်မှန်းထားပါသလဲခင်ဗျာ။

မိမိတို့ရဲ့ ရည်မှန်းချက်များကို Comment တွင် ရေးသားမျှဝေခဲ့ဖို့ ဖိတ်ခေါ်ရင်း၊ မျှော်မှန်းထားသည့်အတိုင်း ပြည့်ဝအောင်မြင်ပါစေကြောင်း Synergy မိသားစုမှ နွေးထွေးစွာ ဆုတောင်းမေတ္တာ ပို့သလိုက်ရပါသည်။ 🤝✨

#ဆီဆိုင်လုပ်ငန်းရှင်များအတွက်✨

Address

Myo Shaung Road
Mawlamyine
12011

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00
Sunday 09:00 - 17:00

Telephone

+959898799400

Website

Alerts

Be the first to know and let us send you an email when Synergy Elite Group posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Synergy Elite Group:

Shortcuts

Share