17/07/2025
__________강릉 ______________
🌊🌊🌊🌊ကိုရီးယား အရှေ့ပင်လယ် ဘက်အခြမ်းက ကမ်းခြေတွေက အများအားဖြင့် ကြည်ကြည်လင်လင် သာသာယာယာ ရှိကြတယ် 🌊🌊🌊🌊
✨✨✨အဲ့ကမ်းခြေတွေထဲက တစ်ခုကတော့ 강릉 ပေါ့
ယူတို့တွေ ပြောပြောကြတဲ့ BTS ကားမှတ်တိုင်တို့ ဦးဦးမှင်စာ ရိုက်ကွင်းတချို့ ရှိတဲ့နေရာပေါ့ လူငယ်စုံတွဲလေးတွေ ပွင့်လင်းရာသီဆို လာလာ date ကြတဲ့နေရာ ~ ✨✨✨
မင်မင်တွေ့ဖူးသမျှထဲမှာ ပင်လယ်အရောင်က တော်တော်ပြာတဲ့ အထဲမှာပါတယ် ရေကြည်တယ် လှိုင်းကြီးတယ် ပေါ့ ~
ဆိုလ်းကနေ ကျည်ဆံရထားနဲ့ရော အဝေးပြေးကားနဲ့ရော သွားလို့ရပါတယ် ~
ပြီးတော့ ဟိုတယ် နဲ့ staycation တည်းလို့ကောင်းတဲ့ နေရာလှလှလေးတွေ အများကြီးရှိတယ်
ကမ်းခြေဘေးတစ်လျှောက် လမ်းလျှောက်လို့ကောင်းတဲ့ သစ်သားလမ်းလေး နှစ်ခုအပြိုင်ရှိတယ် တစ်ခုက ခပ်နီးနီး နောက်တစ်ခုက နည်းနည်း ဝေးဝေးပေါ့ သဲမပေလို့ မင်မင်ကြိုက်တယ်
သန့်နေရော~
ကဲ အဲ့တော့ 강릉 ရောက်ရင် ဘာစားမလဲ 🍽️🍽️
ဒီမှာ coffee ပုံစံ ပါမုန့်လေးတွေ နာမည်ကြီးတယ်
ပြီးတော့ လက်လုပ်တို့ဟူး
ရာသီပေါ် ပြောင်းဖူးလေးတွေလဲ အရသာရှိတယ်
ပြောင်းဖူး latte လေးလဲ သောက်လို့ကောင်းတယ်
တို့ဟူး latte လေးလဲ ရှိတယ် ~
မင်မင်လဲ ကိုရီးယားရောက်မှ အံ့ဩတာ မြန်မာမှာ ပင်လယ်ရောက်ရင် ပင်လယ်စာဆိုပေမယ့်
강릉 ကျတော့ အပေါ်က စားစရာတွေက နာမည်ကြီးနေတာမျိုး ~ what the ~🥸
ထုံးစံအတိုင်း ငါးအသားလွှာတို့ ပင်လယ်စာတို့လည်း ရှိတယ် ဆိုပါတော့
ဘယ်သွားမလဲ🚡🚡🚡
ကမ်းခြေတစ်လျှောက် driving course လေးရှိတာမို့ အဲ့သည်ဘက် သွားလို့လဲရ ~
ကော်ဖီလမ်း ဆိုပြီး ကမ်းနားတစ်လျှောက် ကော်ဖီဆိုင်လေးတွေပဲ သီးသန့်ရှိတဲ့နေရာလဲ သွားလို့ရ~
ပြီးတော့ ရိုးရာငါးစျေး ရိုးရာရွာ ကလေးတွေ လည်လို့ရပါတယ်ပေါ့ ~
ဒါမှ မဟုတ်ရင် မင်မင့်လို သမိုင်းကို စိတ်ဝင်စားတဲ့သူဆိုရင် 오죽헌 ဆိုတဲ့ ရှေးခေတ်အိမ်ကို သွားလည်လို့ ရပါတယ် ဦးဦးမှင်စာ စိတ်ကူးယဉ် drama ကတော့ နာမည်ကြီး강릉 ဆိုတာနဲ့ တွဲသိကြပေမယ့်
လီယောင်အေးရဲ့ (သမိုင်းနောက်ခံ
စစ်စစ် )drama (사임당,빛의 일기)drama ကြတော့ မသိကြဘူးမို့လား
မင်းတို့လေးတွေရဲ့ ကျူးနိုင်မှုကိုလဲ မင်မင် အံ့ဩမိပါတယ် 🤪
ထားပါတော့ ~
အမြည်းလေး ပေးရရင်
လွန်ခဲ့တဲ့ နှစ်ပေါင်း 520ခန့်ဂျိုဆွန်း ခေတ် အလယ်ပိုင်းမှာ သူမ(신사임당)ကို မွေးဖွားခဲ့ပါတယ် ဒီ 강릉 ဒေသမှာပေါ့ ~
သူမဟာ သိပ်တော်တဲ့ ကဗျာဆရာ ပန်းချီဆရာ မိခင်တစ်ယောက်ဖြစ်ခဲ့ပြီး သိပ်ထက်တဲ့ သားတစ်ယောက်ကို ပညာအမွေ လက်ဆင့်ကမ်းခဲ့သူကလေးပါ
သူတို့ရဲ့ စံအိမ်ကို 오죽헌လို့ ခေါ်ပြီး ခုတော့ ပြတိုက်အဖြစ် အများသူငါကို ပြသထားပါတယ်
ယနေ့ခေတ် ကိုရီးယား ဝမ်ငါးထောင်တန်မှာ သူမရဲ့သား ပညာရှိ 율곡이이 ပုံနဲ့ ဖြစ်ပြီး
ဝမ်ငါးသောင်းတန် ယနေ့ခေတ်ကိုရီးယားရဲ့ အကြီးဆုံးပိုက်ဆံအရွက်က သူမရဲ့ ပုံလေးပါ
ပြီးတော့ အဲ့သည်ပြတိုက်မှာပဲ နိုင်ငံတကာ ငွေအမျိုးမျိုးကိုလဲ လေ့လာလို့ရအောင် ပြသထားပါသေးတယ် (မြန်မာငွေကြေး အပါအဝင်ပေါ့)
(오죽헌 ရဲ့ ထပ်ပြီး နက်နဲတဲ့ အကြောင်းအရာတွေကိုတော့ မင်မင် ချန်လှပ်ထားပါ့မယ် စာရှည်မှာစိုးလို့ပါ)
စကားမစပ် ဒီနှစ်လဲ တစ်ဝက်ကျိုးသွားပါပြီ
ဘယ်လိုလဲ နှစ်အစက ကြုံးဝါးထားတဲ့ plan တွေရော?😝😝😝
ရည်းစားရော ?😝😝😝