Sharing is Caring by Wint

Sharing is Caring by Wint Management Training

Happy Eid Mubarak ပါနော် 🤗Wish all the best of luck and happiness 🤗
20/03/2026

Happy Eid Mubarak ပါနော် 🤗
Wish all the best of luck and happiness 🤗

Happy Diwali 🪔 🪔 🪔 Wish all the best of luck and happiness 🪔 🪔 🪔
20/10/2025

Happy Diwali 🪔 🪔 🪔
Wish all the best of luck and happiness 🪔 🪔 🪔

တလောကပဲ အိမ်မှာ ရေပိုက်တစ်ခုကရေစိမ့်လာတယ်။ရေပိုက်ပြင်ဆရာကိုဖုန်းဆက်တော့ သူကခရီးသွားမှာမို့လို့ ပိတ်ရက်တွေပြီးတော့မှပဲ လာ...
04/07/2025

တလောကပဲ အိမ်မှာ ရေပိုက်တစ်ခုကရေစိမ့်လာတယ်။

ရေပိုက်ပြင်ဆရာကိုဖုန်းဆက်တော့ သူကခရီးသွားမှာမို့လို့ ပိတ်ရက်တွေပြီးတော့မှပဲ လာပြင်နိုင်မယ်လို့ဆိုပါတယ်။ ဒါကြောင့် အဲဒီရေပိုက်အောက်မှာ ရေပုံးကြီးတစ်ခုကိုခံထားလိုက်ရတယ်။ ရေကတော့ တစက်စက်နဲ့ အဲဒီထဲကိုကျနေတာပေါ့။ လုပ်တဲ့ကိုင်တဲ့နေရာမှာ အဲဒီရေပုံးကြီးကန့်လန့်နဲ့ဆိုတော့ သူ့ကိုကျော်ခွသွားနေရတာနဲ့ စိတ်အနှောင့်အယှက်တော့ဖြစ်ရတယ်။ ဒါပေမဲ့လည်း မတတ်နိုင်ဘူးပေါ့။ ဆရာလာတဲ့အထိတော့စောင့်ရမှာပဲဆိုပြီး ထားလိုက်ရတာပါ။

ပူလောင်တဲ့ပိတ်ရက်တွေထဲမှာ ရေက ရုတ်တရက်ပြတ်သွားပါတယ်။ အဲဒီအချိန်မှာ တစက်စက်ကျနေတဲ့ ရေပိုက်အောက်က ရေပုံးကြီးကတော့ ရေတွေအပြည့်ဖြစ်နေခဲ့တယ်။ ဒါကြောင့် ရေပြန်မရခင်စပ်ကြားမှာ အဲဒီရေပုံးထဲကရေကိုပဲသွားပြီး ခပ်ရ..သုံးရတော့တာပါပဲ။

အဲဒီအခါကျတော့မှ အဲဒီရေပုံးကြီးကို ကျေးဇူးတွေတင်လို့။ တော်သေးတာပေါ့.. ဒီရေပုံးထဲမှာ ရေတွေရှိနေလို့.. လို့တွေးဖော်ရလာပါတယ်။

ရေတွေဖောဖောသီသီရနေတဲ့အချိန်မှာ အဲဒီရေပုံးကြီးကိုလည်း ကြည့်လို့မရဖြစ်တယ်။ ရေပိုက်ကိုချက်ချင်းလာမပြင်ပေးတဲ့သူကိုလည်း စိတ်တိုနေတယ်။ အခုကျတော့ ရေပိုက်လာပြင်မယ့်သူ နောက်ကျနေတာကပဲ ခပ်ကောင်းကောင်းလို့ ဖြစ်ရတာပါပဲ။

ဒါကြောင့် ဘဝမှာဖြစ်လာတဲ့အဖြစ်အပျက်တွေဟာ အကြောင်းမဲ့ဆိုတာ ဘာမှမရှိဘူး။ အကြောင်းတစ်ခုခုကြောင့်သာ ဖြစ်လာရတာတွေ ချည်းပါပဲ။ လူအချင်းချင်းတွေ့ဆုံမှုမှာလည်း ဒီလိုပဲ။ အခြေအနေတွေ၊ အဖြစ်အပျက်တွေမှာလည်း ဒီလိုပါပဲ။

Break ယူထားတဲ့ နှစ်လအတွင်းမှာ ခရီးတွေတော်တော်များများထွက်ဖြစ်ခဲ့ပြီး လူတွေနဲ့လည်း တွေ့ဆုံခဲ့ရတယ်။ စကားတွေပြောဖြစ်ကြတဲ့အခါမှာ တစ်ဦးချင်းတစ်ယောက်ချင်းစီရဲ့ ပြောင်းလဲသွားတဲ့ Transformation တွေကိုလည်းတွေ့ရတယ်။ တချို့ Transformation တွေဟာ အင်မတန်မြန်တယ်။ အရင်ခြောက်လနဲ့ အခုခြောက်လမတူတော့ဘူး။ တချို့ Transformation တွေဟာ တရွေ့ရွေ့သွားနေတယ်။ ရွေ့နေတာကတော့သေချာတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ဘဝဟာ အခြေအနေတစ်ခုကို ရုတ်တရက်ပြောင်းလဲတော့မယ်...အထူးသဖြင့် အဲဒီအခြေအနေဟာလည်း ပိုပြီးကောင်းမွန်မယ့်အခြေအနေဖြစ်မယ်ဆိုရင် ဆိုးတာတစ်ခုခုနဲ့ကြုံတွေ့ရလေ့ရှိတာကိုလည်း Pattern တစ်ခုအနေနဲ့ လေ့လာသုံးသပ်ခဲ့ရတာတွေရှိတယ်။ Universe ကစစ်တဲ့ စာမေးပွဲလိုမျိုးပါပဲ။

လုံးဝပြန်မထနိုင်တော့ဘူးလို့ထင်တဲ့ အဆိုးတွေကနေ တကယ်ကိုရုန်းထွက်လာနိုင်ပြီးတော့ ကောင်းမွန်တဲ့အခြေအနေတွေကို ပြောင်းလဲသွားကြတဲ့သူတွေအများကြီးပဲ။ အဲဒီအခြေအနေတွေဟာ လိုက်လို့တောင်မမှီနိုင်တော့လောက်အောင် ပြောင်းသွားတာမျိုးတွေတွေ့ရတယ်။

အိမ်ထောင်ရေးတွေ ကွဲတယ်၊ Relationship တွေပြတ်စဲတယ်၊ နေရာဟောင်းတွေကို စွန့်ခွာရတယ်၊ ငွေရေးကြေးရေးအရ ကုန်းကောက်စရာမရှိအောင် ကျပ်တည်းသွားကြတယ်၊ အကြွေးတွေပိတယ်၊ ကျန်းမာရေးမှာ ကြီးကြီးကျယ်ကျယ်ခွဲစိတ်မှုတွေကြုံရတယ်၊ ချစ်တဲ့ခင်တဲ့သူတွေကို စွန့်လွှတ်ဆုံးရှုံးလိုက်ရတယ်..အစရှိသဖြင့်..စိတ်ဒဏ်ရာတွေအများကြီးနဲ့ ရင်းခဲ့ရတဲ့အဆိုးတွေကြားမှာ ကိုယ်ဟာဘယ်လိုမျိုးပုံစံနဲ့ရှင်သန်လာခဲ့သလဲ။ ထမြောက်လာခဲ့သလဲ။

တချို့တွေက Gratitude Practice နဲ့သွားတယ်။ ကျေးဇူးတရား၊ မေတ္တာတရားနဲ့ရှင်သန်တယ်။ Compassion ဆိုတဲ့ ကရုဏာနဲ့သွားတယ်။ Mindfulness ဆိုတဲ့ သတိပဌာန် နဲ့သွားတယ်။ Affirmation မိမိကိုယ်မိမိ ခိုင်မာစွာ ပြောဆိုအတည်ပြုခြင်းတွေနဲ့ move on လုပ်လာခဲ့တယ်။ Fear ကြောက်စိတ်ကို ကျော်လွှားနိုင်ခဲ့ကြတဲ့သူတွေရှိတယ်။ အင်မတန် စိတ်ဝင်စားစရာကောင်းပါတယ်။

အဆိုးတစ်ခုကြုံဆုံရပြီဆိုတဲ့အခါမှာ ကြောက်လန့်တကြားထွက်ပြေးတာမျိုးလုံးဝမလုပ်ပါနဲ့။ လဲပြိုသွားချင်တယ်ဆိုရင် ခွင့်ပြုပေးလိုက်ပါ။ ဒါပေမဲ့ တစ်ချိန်မှာ ပြန်ထရမယ်ဆိုတာကို သတိကပ်နေပါ။

အဆိုးဆိုတာ ဘဝမှာ ပုံစံမျိုးစုံနဲ့လာနိုင်တယ်။ တချို့အဆိုးတွေက သေးငယ်တယ်။ တချို့အဆိုးတွေက ကြီးကျယ်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီအရာတွေဟာလည်း အကြောင်းရှိလို့ဖြစ်လာခဲ့ရတယ်။ ကိုယ့်မှာ ဖြေရှင်းနိုင်တဲ့အစွမ်းသတ္တိရှိတဲ့အတွက်ကြောင့်လည်း ဒီအရာတွေကိုရင်ဆိုင်ဖို့ဖြစ်လာခဲ့ရတယ်။ ဒီအရာတွေဆီကပဲ သင်ခန်းစာယူရမယ်။ ခွန်အားယူရမှာဖြစ်ပါတယ်။

ကုမ္ပဏီပေါင်းများစွာ၊ရုံးပေါင်းများစွာရှိနေတဲ့ World Trade Center ကြီး တိုက်ခိုက်ခံရတဲ့အခါမှာ လွတ်မြောက်ခဲ့တဲ့သူတွေရဲ့ အတွေ့အကြုံတွေကို ဝေမျှထားတဲ့စာတစ်ပုဒ်ကို ဖတ်ခဲ့ဖူးပါတယ်။

အမျိုးသမီးတစ်ယောက်ဟာ သူ့ရဲ့နှိုးစက်နာရီ အသံမမြည်တဲ့အတွက်ကြောင့် အဲဒီနေ့မှာ ရုံးကို အချိန်မီရောက်မလာနိုင်ခဲ့ဘူး။ သူနှောင့်နှေးခဲ့တဲ့အတွက် သူအသက်ရှင်သန်ခွင့်ရခဲ့တယ်။

နောက်တစ်ယောက်က လမ်းမှာကားပိတ်နေတယ်။ နောက်တစ်ယောက်ကတော့ ဘတ်စ်ကားလွတ်သွားတယ်။ နောက်တစ်ယောက်က တက်စီ ဌားမရဘူး။ တစ်ယောက်က ကားသော့ရှာမရဘူး။ အလုပ်မသွားခင် ကျောင်းကိုဝင်ပို့ရမယ့်ကလေးတွေဟာ အဝတ်အစားလဲနေတာမပြီးတော့လို့ အလုပ်နောက်ကျရတယ် အစရှိသဖြင့် ဒီလိုဘာမှမဟုတ်တဲ့ စိတ်အနှောင့်အယှက်ဖြစ်စရာ အကြောင်းအရာအသေးအဖွဲလေးတွေကပဲ ဒီလူတွေကို ဒီနေ့အထိ အသက်ဆက်ရှင်သန်နေအောင်၊ ဒီတိုက်ခိုက်မှုကြီးထဲမှာ ပါမသွားအောင် ကယ်တင် ပေးခဲ့တဲ့အကြောင်းတွေဖြစ်ပါတယ်။

ဒါကြောင့် ဘာပဲဖြစ်ဖြစ်စိတ်မညစ်နဲ့၊ စိတ်မပျက်နဲ့၊ စိတ်မရှုပ်နဲ့။ အခုရောက်နေတဲ့နေရာဟာ ကိုယ်ရောက်သင့်တဲ့နေရာပဲ။ ကိုယ်ဟာ ဒီအချိန်ဒီနေရာမှာ ဒီလိုပုံစံနဲ့ရှိနေတယ်ဆိုတာ ကိုယ့်အတွက်လုံးဝမှန်ကန်နေတဲ့အတွက်ကြောင့်ဖြစ်ပါတယ်။

This is the exact place you should be right now.

There is always a reason for everything.

မွန်ဟော်စီ
၂၀၂၄

မဂ်လာရှိသောနှစ်သစ်ဖြစ်ပါစေလို့ ချယ်ဆုတောင်းပေးပါတယ်နော် 🙆Sharing is Caring by Wint
17/04/2025

မဂ်လာရှိသောနှစ်သစ်ဖြစ်ပါစေလို့ ချယ်ဆုတောင်းပေးပါတယ်နော် 🙆

Sharing is Caring by Wint

လမ်းမပေါ်မှာ ကလေးမလေးတစ်ယောက်ဟာ ခေါင်းပေါ်မှာ ရေပုံးကြီးတစ်လုံးကို သယ်ပြီး ဖြည်းဖြည်းချင်း သွားနေပါတယ်။ သူဟာ လူစည်ကားတဲ့...
26/02/2025

လမ်းမပေါ်မှာ ကလေးမလေးတစ်ယောက်ဟာ ခေါင်းပေါ်မှာ ရေပုံးကြီးတစ်လုံးကို သယ်ပြီး ဖြည်းဖြည်းချင်း သွားနေပါတယ်။ သူဟာ လူစည်ကားတဲ့ လမ်းမကြီးပေါ်မှာ အေးအေးဆေးဆေး သွားနေပြီး သူရည်မှန်းထားတဲ့ ခရီးပန်းတိုင်ကိုသာ အာရုံစိုက်နေပါတယ်။

လူတွေက သူ ဘာကြောင့် ဒီလောက် ဖြည်းဖြည်းသွားနေရတာလဲဆိုတာ အံ့အားသင့်နေကြတယ်။ သူ့ရဲ့ နောက်က လူတွေက မြန်မြန်လျှောက်ပြီး သူ့ကို ကျော်သွားကြတယ်။ ချောင်းကနေ ရေပုံးတွေနဲ့ ပြန်လာတဲ့ ကလေးတွေကလည်း သူ့ကို ကျော်သွားကြတယ်။ တချို့ကလေးတွေက သူ့ကို ဖြည်းတယ်ဆိုပြီး လှောင်ပြောင်ကြတယ်။ တစ်ယောက်က ပြောတယ်၊

"အိမ်ကို ဘယ်တော့ ရောက်မလဲ မင်းက အရမ်းနှေးတယ်။ ငြိမ်နေတာပဲ။"

ဒါပေမယ့် ကလေးမလေးက သူတို့ပြောတာကို ဂရုမစိုက်ဘဲ အေးအေးဆေးဆေး လျှောက်နေတယ်။ ခဏအကြာမှာ အမျိုးသမီးနှစ်ယောက်က သူ့ကို တွေ့ပြီး စနောက်ကြတယ်။

"မင်းအမေက မင်းကို အလုပ်ကြိုးစားဖို့ သင်မပေးဘူးလား? ရေပုံးသေးသေးလေးတစ်လုံးကို သယ်ရတာ ဒီလောက်နှေးရသလား။ တခြားကလေးတွေလို မြန်မြန်လျှောက်လို့ မရဘူးလား? တချို့ကလေးတွေက မင်းထက် ပိုလေးတဲ့ ရေပုံးတွေကို သယ်နေကြတာပဲ။ မင်းက အရမ်းနှေးတယ်။"

ဒါကို ကြားပြီးတဲ့အခါ ကလေးမလေးက ဘာမှမပြောဘဲ ဆက်လျှောက်နေတယ်။ ဒါပေမယ့် သိပ်မဝေးသေးခင်မှာ လူကြီးတစ်ယောက်က သူ့ကို ရပ်ပြီး ပြောတယ်၊

"ဟေး၊ မြန်မြန်လျှောက်ပါ။ တခြားကလေးတွေထက် နောက်မကျနဲ့။ မင်းတို့ သယ်နေတဲ့ ရေပုံးတွေက အတူတူပဲ။ သူတို့နဲ့ ယှဉ်ပြီး အိမ်ကို သူတို့ထက် စောစောရောက်အောင် လုပ်ပါ။ မြန်မြန်လျှောက်ပါ။"

ကလေးမလေးက လူကြီးကို ပြုံးပြပြီး ဘာမှမပြောဘဲ ဆက်လျှောက်နေတယ်။ လူကြီးက ခဏရပ်ပြီး ဒီကလေးမလေးရဲ့ အပြုအမူကို အံ့အားသင့်နေတယ်။ သူလမ်းလျှောက်နေစဉ်မှာ လူတွေက သူ့ကို အော်ပြောနေကြတယ်၊

"ပြေး၊ ပြေး၊ ပြေး! တခြားကလေးတွေက မင်းထက် အများကြီး ရှေ့ရောက်နေပြီ။ သူတို့ကို နောက်မကျနဲ့။ မြန်မြန်လျှောက်ပါ။"

ဒါပေမယ့် လူတွေ ဘာပြောပြော ကလေးမလေးက ဘာမှဂရုမစိုက်ဘဲ ဆက်လျှောက်နေတယ်။ ရုတ်တရက်ပဲ အဘွားအိုတစ်ယောက်က သူမဆီ ချဉ်းကပ်လာပြီး အေးအေးဆေးဆေး မေးတယ်၊

"ကလေးရေ၊ မင်းဘာကြောင့် ဒီလောက် ဖြည်းဖြည်းသွားနေရတာလဲ? မင်းသယ်နေတဲ့ ရေပုံးက အရမ်းလေးလို့လား? တခြားကလေးတွေက မင်းထက် အများကြီး ရှေ့ရောက်နေပြီ..."

ကလေးမလေးက ခဏရပ်ပြီး ပြုံးပြလိုက်ကာ အေးအေးဆေးဆေး ပြောလိုက်တယ်၊

"ကျွန်မ ခေါင်းပေါ်မှာ သယ်နေတာက ရေမဟုတ်ပါဘူး။ ကြက်ဥတွေပါ။ ကြက်ဥတွေကို သယ်နေရတာပါ။ ရေသယ်နေတဲ့ ကလေးတွေလို မြန်မြန်လျှောက်လို့ မရဘူး။ လမ်းက မကောင်းဘူး။ သူတို့ကျရင် ရေတွေ ယိုထွက်သွားမှာပဲ။ ဒါပေမယ့် ကျွန်မကျရင် ကြက်ဥတွေ ကွဲသွားမယ်။ ကြက်ဥတစ်ပုံက ရေပုံးတစ်လုံးထက် တန်ဖိုးရှိတယ်။ ကျွန်မက သူတို့နဲ့ မယှဉ်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်မတို့ သယ်နေတဲ့ ဝန်က မတူဘူး။ ဘဝဆိုတာလည်း ဒီလိုပါပဲ။ တစ်ခါတစ်လေမှာ လမ်းကို ဖြည်းဖြည်းချင်း လျှောက်ရတာပါ။ အနိုင်ယူဖို့ ကစားနေတာထက် မရှုံးအောင် ကစားနေတာပါ။ ကြက်ဥတွေ အကုန်လုံးနဲ့ အိမ်ကို ရောက်ရင် ကျွန်မ ကျေနပ်ပါတယ်။ တခြားကလေးတွေ ဘယ်လောက်ရှေ့ရောက်နေလဲ ကျွန်မ ဂရုမစိုက်ဘူး။"

**သင်ခန်းစာ**
ဘယ်သူနဲ့မှ မယှဉ်ပါနဲ့။ ကိုယ့်ခရီးကို အာရုံစိုက်ပြီး ဆက်လျှောက်သွားပါ။ ကိုယ်သယ်ထားတဲ့ ဝန်က တခြားသူတွေနဲ့ မတူပါဘူး။


#ဟမ်စိုင်း(ဆေး-မန်း) ဘာသာပြန်

Certificate in Business Management 🎉🤗အတူတူကြုးစားပေးခဲ့ကြတဲ့ ချယ်တို့ရဲ့ကျောင်းသူကျောင်းသားတွေအားလုံးကို ကျေးဇူးအထူးတင်ပ...
25/02/2025

Certificate in Business Management 🎉🤗
အတူတူကြုးစားပေးခဲ့ကြတဲ့ ချယ်တို့ရဲ့ကျောင်းသူကျောင်းသားတွေအားလုံးကို ကျေးဇူးအထူးတင်ပါတယ်နော် 🤗👏👏👏

AddSkills
Sharing is Caring by Wint

အတူတူကြိုးစားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို ချယ်ကကျေးဇူးအများကြီးတင်ပါတယ်လို့ 🥳🥳🥳https://www.facebook.com/share/p/1EZvcZ...
14/02/2025

အတူတူကြိုးစားပေးခဲ့ကြတဲ့ တစ်ယောက်ချင်းစီကို ချယ်ကကျေးဇူးအများကြီးတင်ပါတယ်လို့ 🥳🥳🥳

https://www.facebook.com/share/p/1EZvcZDeF2/

Address

Mawlamyine

Website

Alerts

Be the first to know and let us send you an email when Sharing is Caring by Wint posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share