CH Town "Chá Huā Town" Service agency

CH Town "Chá Huā Town" Service agency Our Service will always stand for you! Please feel free to contact CH Town's page chat box (or) 09772591404

10/02/2025

Pre Happy Valentine's Day




"Action speaks louder than words" ပါ တဲ့ကိုယ့် ရဲ့ ချစ် ခြင်း ကို ဖော် ပြ ဖို့ "ကိုယ် ချစ် တာ သူ သိစေဖို့ "တခါ တလေ တော့ ...
10/02/2025

"Action speaks louder than words" ပါ တဲ့
ကိုယ့် ရဲ့ ချစ် ခြင်း ကို ဖော် ပြ ဖို့ "ကိုယ် ချစ် တာ သူ သိစေဖို့ "တခါ တလေ တော့ ချို မြိန်တဲ့ စကားလုံးတွေ ထက် လက်တွေ့ နဲ့မြင်အောင်လဲ ဖွင့်ပြသင့်ပါတယ် 🤟

ပွင့် သော ပန်း တိုင်း က လှ သလို ချစ် ခြင်း မေတ္တာ တိုင်း က လည်း အေး ချမ်း ဖြူ စင်ပါ တယ်။
ဒါကြောင့် ကိုယ့်ရဲ့ အေးချမ်းတဲ့ ချစ်ခြင်း မေတ္တာ နဲ့ အတူ ကိုယ့် ချစ်သူ နှစ်သက် လောက် မယ့် ပန်း လှ လှ လေး တွေ နဲ့ သာ ပေါင်း ဖက် ပြီး ကိုယ့်ရဲ့ ချစ်ခြင်း တွေက ဘယ် လောက် တောင် ခမ်းနားလဲ ဆိုတာ သက်သေ ပြဖို့ အတွက် ဒီ ဖေဖော်ဝါရီ ၁၄ အမှီ ပြင်ဆင်ကြပါနော်📣

ဘာ လေး ပေးရမလဲ 🤔ဘာပန်း လေး ပေးရမလဲ🤔 idea မထွက် မှာ စိတ်မပူနဲ့ နော်
CH Town ကို သာ အမြန်ဆုံး ဆက်သွယ်လိုက်ပါ
❤CH Town is always ready for you.❤

ပန်းစည်း တွေ အတွက် မှာယူ ချင်ပါက
Ph -09772591404 (သိ့) CH Town Page Messager တွင် ဆက်သွယ် နိုင်ပါတယ် နော်

ဘာ ပွဲ အတွက် မဆို Hello လေး ၁ချက် Hi ၁ ချက် နဲ့ ဆက်သွယ် လိုက်ပါနော်We are ready for you😊
09/02/2025

ဘာ ပွဲ အတွက် မဆို Hello လေး ၁ချက် Hi ၁ ချက် နဲ့ ဆက်သွယ် လိုက်ပါနော်
We are ready for you😊

CH Town Event Decoration and Floral Service မှ ပြန် လည် ကြို ဆို ပါ တယ် ရှင်။ ပန်းစည်း ၊ သတို့သမီးလက်ကိုင်ပန်း၊  ပန်း အလ...
08/02/2025

CH Town Event Decoration and Floral Service မှ ပြန် လည် ကြို ဆို ပါ တယ် ရှင်။
ပန်းစည်း ၊ သတို့သမီးလက်ကိုင်ပန်း၊ ပန်း အလှ ဆင်ခြင်း၊ မင်္ဂလာပွဲ အခမ်းနားအပြင်ဆင် တို့ အတွက် လူကြီးမင်း တို့ စိတ် တိုင်းကြ ပြင်ဆင်ပေးဖို့ CH Town က အမြဲ အဆင်သင့်ရှိနေပါတယ်ရှင်။

အသေးစိတ် သိရှိလိုပါက ဆက်သွယ်ရန် Ph - 09772591404 (သို့) CH Town Page Messager တွင် ဆက်သွယ် မေး မြန်း နိုင်ပါပြီရှင်။

Happy Mother's Day
10/05/2020

Happy Mother's Day

ကဆုန်လပြည့်နေ့မှာ စိတ်ရောကိုယ်ပါ ချမ်းသာ ကျန်းမာ နိုင်ကြပါစေ။
06/05/2020

ကဆုန်လပြည့်နေ့မှာ
စိတ်ရောကိုယ်ပါ ချမ်းသာ ကျန်းမာ နိုင်ကြပါစေ။

မေလ၁ရက်​နေ့တွင်ကျ​ရောက်သည့် အလုပ်သမား​နေ့တွင် ရဲဝံ့စွာဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်ကြသည့်လုပ်သားအ​ပေါင်းအား ​လေးစ...
01/05/2020

မေလ၁ရက်​နေ့တွင်ကျ​ရောက်သည့် အလုပ်သမား​နေ့တွင် ရဲဝံ့စွာဖြင့် စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်
ကြသည့်လုပ်သားအ​ပေါင်းအား ​လေးစားစွာဖြင့်
ဂုဏ်ပြုကြိုဆိုအပ်ပါသည်။

ထပ်မံ၍ လေ​ပြေများတိုက်ခက်တိုင်းလေညှင်းနဲ့အတူ​
ရနံ့​မွှေးထုံတဲ့ပန်း​လေးများပမာ ​အစဥ်ထာဝရအေးမြလန်းဆန်းပြီး ယခုရင်ဆိုင်​နေကြရသည့်ကပ်​ရောဂါမှလည်းလျင်မြန်​စောစွာ​ကျော်လွှားနိုင်ကြပါ​စေ​ကြောင်းCH Town မိသားစု မှဆုတောင်းမေတ္တာပို့အပ်ပါသည်။

12/04/2020
မြတ်ဗုဒ္ဓ နှင့် တပေါင်းလ“တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်၀င်အခါတော်နေ့"တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှသာသနာရေးတွင်လ...
08/03/2020

မြတ်ဗုဒ္ဓ နှင့် တပေါင်းလ

“တပေါင်းလပြည့် မြတ်ဗုဒ္ဓ ပြည်တော်၀င်
အခါတော်နေ့"

တပေါင်းလသည် ရာသီဥတု သာယာသည်နှင့်အမျှ
သာသနာရေးတွင်လည်း မှတ်တမ်းတင်သင့်သော
ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။

ဗုဒ္ဓဘုရားရှင်လက်ထက်တော်က ဘုရားရှင်သည် ရာဇဂြိုဟ်ပြည်
ဝေဠုန်၀န်ကျောင်းတော်၌ သီတင်းသုံးကာ အင်္ဂတိုင်းနှင့် မဂဓတိုင်းမှ ဒကာ ဒကာမများအား တရားရေအေးတိုက်ကျွေးလျက် ရှိသည်။ ထိုသတင်းကို ခမည်းတော် သုဒ္ဓေါဒနမင်းကြီး ကြားသိသောအခါ
သားတော်ဘုရားကို ဖူးတွေ့ချင်နေသည်။ ထို့ကြောင့် အမတ်တယောက်အား အခြွေအရံတထောင်နှင့် အတူ စေလွှတ်၍ ပင့်ခိုင်း၏။

ထိုအမတ်သည် ဗုဒ္ဓထံ ရောက်လာရာမှ တရားတော်ကိုနာ
ရ၍ အခြွေအရံတို့နှင့်အတူ ရဟန်းပြုသွားသည်။ သုဒ္ဓေါဒနမင်းကြီး
ထံ ဘုရားရှင်ကြွရောက်တော်မူရန် မပင့်ဖြစ်ချေ။ မင်းကြီးလည်းနောက်ထပ် အမတ်တို့ကို အခြွေအရံ တထောင်စီဖြင့် ကိုးကြိမ်တိုင်အောင် စေလွှတ်ခဲ့သည်။ သို့သော် အားလုံး ရဟန်းပြု၍ နေကြပြန်သည်။

ဆယ်ကြိမ်မြောက်တွင်မူ ဗုဒ္ဓဘုရားရှင်နှင့် ဖွားဖက်တော်ဖြစ်သော ကာဠုဒါယီအမတ်ကို စေလွှတ်သည်။ ကာဠုဒါယီအမတ်သည်လည်း ရှေးက အမတ်များနှင့်နည်းတူပင် နောက်ပါများနှင့်တကွ ရဟန်းပြုပြန်သည်။ သို့ရာတွင် ခရီးလမ်းပန်းသာယာသော တပေါင်းလအချိန်သို့ ရောက်သောအခါတွင်ကား လမ်းခရီးသာယာပုံ တပေါင်းအလှကို ဂါထာပေါင်း ၆၀-ဖြင့် ဖွဲ့နွဲ့ကာ ကပိလ၀တ်ပြည်သို့ ကြွပါမည့်အကြောင်း ဘုရားရှင်အား လျှောက်ထားတောင်းပန်သည်။ ဗုဒ္ဓဘုရားရှင်လည်း လက်ခံကာ တပေါင်းလပြည့်နေ့၌ ကပိလ၀တ်ပြည်သို့ ကြွတော်မူခဲ့သည်။

ဘုရားရှင် ကပိလ၀တ်နေပြည်တော်သို့ ကြွတော်မူခြင်းကြောင့် နိဂြောဓာရုံကျောင်းကြီး ပေါ်ပေါက်လာသည်။ ဂါထာ ၁၀၀၀-ဖြင့် တန်ဆာဆင်အပ်သော ဝေဿန္တရာဇာတ်တော်ကြီးကို ဟောတော်မူခဲ့သည်။ ခမည်းတော် သုဒ္ဓေါဒနမင်းကြီးသည်လည်း မဟာဓမ္မပါလဇာတ်တော်ကြီးကို ကြားနာရသဖြင့် အနာဂါမ် တည်ခဲ့သည်။ နောင်အခါ
အရဟတ္တဖိုလ် တည်သွားသည်။

ဗုဒ္ဓဘုရားရှင် ကပိလ၀တ်ပြည်သို့ ကြွရောက်တော်မူ၍ တရားဟောတော်မူသဖြင့် မိထွေးတော် ဂေါတမီသည်လည်း သောတာပန်တည်သည်။ယသော်ဓရာကို အကြောင်းပြု၍ စန္ဒကိန္နရီ ဇာတ်တော်ကိုလည်း ဘုရားဟောတော်မူခဲ့သည်။ ညီတော်နန္ဒမင်းသား ရဟန်းပြုဖြစ်သည်။
သားတော်ရာဟုလာ သာမဏေဘ၀သို့ ရောက်ရှိသည်။ သာကီ၀င်မင်းသားတထောင် ရဟန်းဘောင်သို့ ရောက်ရှိသည်။ ဆွေမျိုးတို့ ဘုရားရှင်ကို ကြည်ညိုစေရန် ဆောင်ရွက်ရာ၌
အထူးအောင်မြင်သဖြင့် ကာဠုဒါယီမ​ထေရ်အား ကုလပ္ပသာဒ
ဧတဒဂ်ဘွဲ့ ချီးမြှင့်တော်မူခဲ့သည်။

တပေါင်းလပြည့်နေ့သည် ဘုရားရှင် ပြည်တော်၀င်ရန် စတင်ကြွလှမ်းသောနေ့ ဖြစ်သဖြင့်လည်း ထိုနေ့ကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော ဖြစ်ရပ်ကြီးများ ပေါ်ထွန်းခဲ့သည်။ ထို့ပြင် မဟာသက္ကရာဇ် ၁၀၃-ခု တပေါင်းလပြည့် ဗုဒ္ဓဟူးနေ့တွင် သိကြားမင်း၊
ဥက္ကလာပမင်းကြီး တပုဿနှင့်ဘလ္လိက ကုန်သည်ညီနောင်တို့ကြီးမှူး၍ ရွှေတိဂုံစေတီတော်ကြီး တည်ထားခဲ့သည်ဟု သမိုင်းကဆိုသည်။ ဤကား တပေါင်းလကို အကြောင်းပြု၍ သာသနာတော်၌ ထူးခြားသော
မှတ်တိုင်ကြီးများ ပေါ်ထွန်းလာခဲ့ခြင်း ဖြစ်ပေသည်။

credit : ကျမ်းကိုးများ

တချို့လဲ သိကြပြီးဖြစ်မယ်ဆိုပေမယ့် သူ့ခေတ်သူ့နေ့လေးပြန်ရောက်ပြီမို့ ချစ်သူစုံတွဲတွေအတွက် အမှတ်တရလေးဖြစ်စေမယ့် Valentine ရ...
14/02/2020

တချို့လဲ သိကြပြီးဖြစ်မယ်ဆိုပေမယ့် သူ့ခေတ်သူ့နေ့လေးပြန်ရောက်ပြီမို့ ချစ်သူစုံတွဲတွေအတွက် အမှတ်တရလေးဖြစ်စေမယ့် Valentine ရဲ့ သမိုင်းကြောင်းလေးကို ထပ်မံ ဖော်ပြပေးလိုက်ပါတယ်

ဖေဖော်ဝါရီလများရောက်လေတိုင်း နိုင်ငံတဝှမ်းလုံးမှာရှိတဲ့ ချစ်သူများအကြား အမှတ်တရ ချစ်လက်ဆောင်များအဖြစ် သကြားလုံး၊ ပန်းနဲ့ အခြား ချစ်သက်လက်ဆောင်များကို St. Valentine အမည်နဲ့ အပြန်အလှန်ပေးပို့လေ့ ရှိကြပါတယ်။ သို့ပေမယ့် St.Valentine ဆိုတဲ့ ထူးခြားသော သူတော်စင်အကြောင်းကို မသိကြသလို
ဘာကြောင့် St.Valentine အထိမ်းအမှတ်ပွဲကို
အားလပ်ရက်အဖြစ် သတ်မှတ်ကျင်းပကြတယ်ဆိုတာကိုလည်း အမှတ်တမဲ့ဖြစ်ကြတာများပါတယ် ။

ပါးစပ်ရာဇဝင်အမျိုးမျိုးနဲ့ နားလည်ရခက်တဲ့ Valentine's Day အကြောင်း ပြန်ပြောင်းပြောရ
မယ်ဆိုရင် သူတော်စင်အကြီး
အကဲကြီးSt.Valentine အကြောင်း တိမ်မြှုပ်နေတဲ့ ပဟေဠိတွေကြားထဲကနေ အစပြန်ဖော်ပေးဖို့ လိုပါမယ်။ ဒီနေ့ခေတ်မှာ ကတ်သလစ်ဘုရားကျောင်းတွေက သိရှိနားလည်ထားကြတာကတော့ Valentine အမည်တွင်တဲ့ သူတော်စင် ၃ ဦး ရှိပါ
တယ်။ ဒဏ္ဍာရီတစ်ခုက အတည်ပြုထားတာကတော့ Valentine ဆိုတာ သုံးရာစုလောက်က ရောမမှာ ပေါ်ထွန်းခဲ့တဲ့ ဘုန်းတော်ကြီးတစ်ပါးလို့ ဆိုထားပါတယ်။

ရောမပြည့်ရှင်မင်း ကလောဒီးယပ်စ် ၂ က တိုင်းပြည်မှာရှိသမျှ အိမ်ထောင်သည် များကို မရွေးချယ်ဘဲ အရွယ်ရောက်သူ လူပျိုလူလွတ်များကို စစ်မှုထမ်းစေပါတယ်။ အဲဒီအခါ သူတော်စင် Valentine ဟာ ဘုရင်ကလောဒီးယပ်စ်
တားမြစ်ထားတဲ့ ဥပဒေအပြင်ဘက်ကနေ စစ်မှုထမ်းသူလူငယ်များကို သူတို့ရဲ့ချစ်သူများနဲ့
တိတ်တဆိတ် လက်ထပ်ပေးခဲ့ပါတယ်။ Valentine ရဲ့ လုပ်ရပ်များကို ဘုရင်သိသွားတဲ့အခါ
သေဒဏ်ချမှတ်လိုက်ပါတယ်။ အခြားပုံပြင်များမှာတော့ Valentine ဟာ အကျဉ်းထောင်များထဲက ခရစ်ယာန်အကျဉ်းသားများကို လွတ်မြောက်
အောင် ကြိုးပမ်းပေးမှုကြောင့် သတ်ဖြတ်ခံရတယ်လို့လည်း ဆိုပါသေးတယ်။

နောက်ထပ် ဒဏ္ဍာရီတစ်ခုမှာတော့ သူတော်စင် Valentine က သူ့ရဲ့ ပထမဆုံးချစ်သက်
လက်ဆောင်ကို သူကိုယ်တိုင် ပေးပို့ခဲ့တယ်လို့ ဆိုထားပါတယ်။

အကျဉ်းချခံရစဉ်မှာ Valentine ဟာ သူ့ထံ အလည်လာတွေ့တတ်သူ ထောင်မှူးသမီးနဲ့ ချစ်ကြိုးသွယ်ခဲ့ပါတယ်။ သူမသေဆုံးခင်
စာတစ်စောင်ရေးသားခဲ့ရာမှာ " From Your Valentine " လို့လတ်မှတ်ရေးထိုးထားပါ သတဲ့။

စာအရေးအသားကို ထောက်ရှုခြင်းအားဖြင့် ယနေ့ခေတ်အသုံးအနှုန်းရင်ဖွင့်စာများနဲ့ တူညီနေတာတွေ့ရပါတယ်။ ပါးစပ်ရာဇဝင်တွေ အမျိုးမျိုး ကွဲလွဲနေပေမယ့် Valentine ဒဏ္ဍာရီများရဲ့ နောက်ကွယ်မှာ အမှန်တရားတစ်ခုတော့ တိမ်မြှုပ်နေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် မူကွဲနေတဲ့ Valentine ဒဏ္ဍာရီများမှာ ကြင်နာကရုဏာတရား၊ သူရဲကောင်းပီသမှုနဲ့ အခြားအရေးပါသော
အချစ်သင်္ကေတများကို အထင်အရှား ပြဆိုနေပါတယ်။

ခေတ်အလယ်ပိုင်းမှာတော့ Valentine ဒဏ္ဍာရီဟာ ပြင်သစ်နဲ့ အင်္ဂလန်နိုင်ငံများမှာ အတော်လေး
ခေတ်စားနေခဲ့ပြီး အယူအဆအမျိုးမျိုးကလည်း ဆင့်ပွားဖြစ်ပေါ်လာပါတယ်။ တချို့ကတော့ St.Valentine ဟာခေါင်းဖြတ် အသတ်ခံရကြောင်း အဆိုရှိပြီး အခြားပြောစကားများကတော့ St.Valentineဟာ ထောင်ထဲမှာ ဖျားနာပြီး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

ပုပ်ရဟန်းမင်းကြီး Gelasius က အေဒီ ၄၉၈ ခုနှစ်မှာ St.Valentine Day ကို ဖေဖော်ဝါရီ ၁၄ ရက်ဖြစ်ကြောင်းကြေညာခဲ့ပါတယ်။ ထိုမှစလို့ ခေတ်ကာလ ပြောင်းလဲရာကနေ ဖေဖော်ဝါရီလလယ်ကို အချစ်သင်္ကေတဖြစ်သော Valentine Day ဆိုပြီးကျင်းပလာကြခြင်း ဖြစ်ပါတယ်။ Great Britain မှာတော့ ၁၇ ရာစုမှာ Valentine's Day ကို စတင်ကျင်းပခဲ့ပြီး ၁၈ ရာစုအလယ်မှာတော့
လူမှုအသိုင်းအဝိုင်းမှာ ချစ်သူများအတွက်သာမက ပွဲလမ်းသဘင် နှစ်သက်သူများအတွက်ပါ အကျုံးဝင်လာပြီး ချစ်သူခင်သူအချင်းချင်း အမှတ်တရဖြစ်ဖွယ် ပို့စ်ကတ်များ အပြန်အလှန်ပေးပို့ကြတဲ့ အလေ့အထဖြစ်လာပါတယ်။



“ယနေ့ (၂၀၂၀)ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၁၃)ရက်နေ့တွင် ကျရောက်သော (၁၀၅)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်”
13/02/2020

“ယနေ့ (၂၀၂၀)ခုနှစ်၊ ဖေဖေါ်ဝါရီလ၊ (၁၃)ရက်နေ့တွင် ကျရောက်သော (၁၀၅)နှစ်ပြည့် ဗိုလ်ချုပ်မွေးနေ့အား ဂုဏ်ပြုအပ်ပါသည်”

Address

Mawlamyine
110101

Opening Hours

Monday 09:00 - 17:00
Tuesday 09:00 - 17:00
Wednesday 09:00 - 17:00
Thursday 09:00 - 17:00
Friday 09:00 - 17:00
Saturday 09:00 - 17:00

Telephone

+959772591404

Website

Alerts

Be the first to know and let us send you an email when CH Town "Chá Huā Town" Service agency posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to CH Town "Chá Huā Town" Service agency:

Share