
  • Home
  • Myanmar
  • Maymyo

ပြင်ဦးလွင် လီလီပန်း စိုက်ပျိုးရေး Contact information, map and directions, contact form, opening hours, services, ratings, photos, videos and announcements from ပြင်ဦးလွင် လီလီပန်း စိုက်ပျိုးရေး, Business, Badday Thar, Pyin Oo Lwin, Maymyo.

ဂျပန်လီလီမျိုးအားရာသီမပြတ် ပွင့်အောင်စိုက်နိုင်ရင်သူဌေးမဖြစ်ပေဖူးလား။
18/12/2025

ဂျပန်လီလီမျိုးအားရာသီမပြတ် ပွင့်အောင်စိုက်နိုင်ရင်
သူဌေးမဖြစ်ပေဖူးလား။

ဖားအံမြို့တွင် ဂျပန်လီလီမျိုးအားအောင်မြင်စွာစိုက်ပျိုးနိုင်သောဇနီးမောင်နှံ။
16/09/2025

ဖားအံမြို့တွင် ဂျပန်လီလီမျိုး
အားအောင်မြင်စွာစိုက်ပျိုး
နိုင်သောဇနီးမောင်နှံ။

မုန့်ဟင်းခါးကြိုက်သူလီလီပန်းအဖွဲ့ဝင်များအတွက်
03/03/2025

မုန့်ဟင်းခါးကြိုက်သူလီလီပန်းအဖွဲ့ဝင်များအတွက်

မြေအပြင်မှာဉတဲ့ကဇွန်း။
11/01/2025

မြေအပြင်မှာဉတဲ့ကဇွန်း။

တစ်ပွင်းချင်းစုတစ်ခုချင်းဆက်တစ်ခက်တလွာထပ်တစ်ရာနွယ်ပန်းပင်လယ်ဖြစ်။
08/01/2025

တစ်ပွင်းချင်းစု
တစ်ခုချင်းဆက်
တစ်ခက်တလွာ
ထပ်တစ်ရာနွယ်
ပန်းပင်လယ်ဖြစ်။

သည်လိုပန်းတွေရာသီမပြတ်ပွင့်အောင်စိုက်တတ်ရင်၊အကျိုးမဖြစ်ပေဖူးလား။ယ္ခုရန်ကုန်မြိုမှာလက်လီစျေး၊တစ်ခက်၇၀၀၀ကျပ်ရောင်းနေပါတယ်ဗ...
15/12/2024

သည်လိုပန်းတွေရာသီမပြတ်ပွင့်အောင်စိုက်တတ်
ရင်၊အကျိုးမဖြစ်ပေဖူးလား။
ယ္ခုရန်ကုန်မြိုမှာလက်လီစျေး၊တစ်ခက်၇၀၀၀ကျပ်
ရောင်းနေပါတယ်ဗျာ။
နည်းစနစ်နှင့်အကြံဥာဏ်က၊ပြင်ဦးလွင်လီလီပန်း
စိုက်ပျိုးရေးမှာသာရှိပါတယ့်။

အကယ်ဒမီ ကိုလွင်မိုးတို့ စိုက်နေတဲ့ လီလီပန်း စိုက်ပျိုးနည်း။  #လီလီပန်း  #စိုက်ပျိုးနည်း" ===============တစ်ဧက စိုက်ပျိုး...
14/12/2024

အကယ်ဒမီ ကိုလွင်မိုးတို့ စိုက်နေတဲ့ လီလီပန်း စိုက်ပျိုးနည်း။

#လီလီပန်း #စိုက်ပျိုးနည်း"
===============

တစ်ဧက စိုက်ပျိုးလျှင် သိန်းထောင်ဂဏန်းရတဲ့လီလီပန်း

လီလီပန်းကတော့ ရန်ကုန်မြို့စျေးကွက်မှာဆိုရင် တစ်စည်းကို ၁၅၀၀ရာဝန်းကျင် နှစ်ပင်ပဲပါပါတယ် ။ တစ်ပင်ကို လေးပွင့်မှ ငါးပွင့်အထိပဲပါတယ်။ အပင်ကြီး အပွင့်ကြီး အဖူးလည်းလှတာဖြစ်လို့ ဘုရားပန်းကပ်ရတာ အင်မတန်မှကျက်သရေရှိပါတယ် ။

တကယ်လို့များရှမ်းပြည်အနေနဲ့ ရာသီပေါ်အပင်များကို စိုက်ပျိုးတဲ့အခါ ပြင်ဦးလွင်မြို့ကို နည်းယူပြီး စိုက်ပျိုးနိုင်ရင် ပြင်ဦးလွင်လို ကြီးပွားမှာသေချာပါတယ် ။

နေရာဒေသမရွေးစိုက်ပျိုးနိုင်ပါသည်။
အလင်းရောင်ကို နှစ်သက်သည်။ နေရာကောင်းရဖို့လိုသည်။
လောင်းရိပ်ကျလွန်းပါက ကောင်းစွာကြီးထွားမှု မရှိပါ။
အထူးသဖြင့်နံနက်နေရောင် ကောင်းစွာရဖို့လိုပါသည်။

ရေဝပ်ဒဏ်ခံနိုင်ခြင်းမရှိပါ။ မြေဘောင်လုပ်၍ စိုက်ပျိုးပေးပါ။
မြေဘောင်ကို နွားချေးများများနဲ့ နှပ်ထားပါ ။
အကျယ် ၃ ပေ ပြုလုပ်ပါ ပေါင်းမြတ်များ ရှင်းလင်းရလွယ်ကူရန်
ဖြစ်ပါတယ် ။

မြေစေးလျှင် သဲနှုန်းမြေ ။ မြေဆွေး ။ နွားချေး(သို့) ကြက်ချေး
မြေသြဇာ 50:30:20 အချိုးရောစပ်ပြီး စိုက်ပျိုးပါ။မြေဘောင်ကို
ကြိုတင်ပြင်ဆင်ပြီး တစ်လကျော်မှသာစိုက်ပျိုးပါ။

အကောင်းဆုံးနည်းမှာ လီလီပန်းမျိုးဥနှင့် ဓါတ်မြေသြဇာ။ နွားချေးမြေဆွေးတို့နှင့် တိုက်ရိုက်ထိတွေ့၍ မရပါ။
မျိုးဥ ပျက်စီးနိုင်ပါသည်။ ဥမှ ထွက်လာသောအမြစ်များနှင့်သာ
မြေသြဇာများထိတွေ့ရန် လိုအပ်ပါသည်။

စိုက်ဘောင်အား ၃ ပေအကျယ် ဘောင်အရှည် အဆင်ပြေသလို
ပြုလုပ်နိုင်ပါသည်။ တစ်ပင်နှင့်တစ်ပင် ၉ လက်မ ပတ်လည် စိုက်ပျိုးပါ။ အပင်ထွက်လာပြီး ရက် ၂၀ - တစ်လသားအရွယ်တွင် ပေါင်းလိုက်၍အစာကျွေးပါ။

မှိုသတ်ဆေး အပင်အားဆေး ပိုးသတ်ဆေးများကို လိုအပ်သလို
ပက်ဖြန်းနိုင်ပါသည်။ မျိုးဥများကို စတင်၍ ရောင်းချပေး နေလျက်ရှိပါသည်။ :-

မျိုးဥ တစ်ဥလျှင် ၁၀၀ ကျပ်နှုန်းဖြစ်ပါသည်။ ပြင်ဦးလွင်မြို့မှ ပို့ပေးမည်ဖြစ်ပါသည် ။
မျိုးဥ ရောက်ရောက်ချင်းစိုက်ပျိုးနိုင်ဖို့ မြေဘောင်တွေ ကြိုတင်
ဆောင်ရွက်ထားဖို့ လိုပါသည်

ပျိုးဥနုလျှင် အပင်မအောင်ပါ။ ပျိုးဥအရင့်များကို ရွေးချယ်စိုက်ပျိုးဖို့
အဓိကလိုပါတယ် ။ စက်တင်ဘာလမှာ စတင်စိုက်ပျိုးလို့ရပါပြီ။
စိုက်ပြီး ၁၅ ရက်ဆို နုထွားတဲ့ အပင်တွေ စထွက်လာပြီး ၃ လဆို
အပွင့်ဖူးလိုက်ပါပြီ။ တပေါင်းလမှာ အပွင့်တွေ ရောင်းလို့ရပါပြီ။

အပွင့်ရောင်းပြီး အပင်များကို ဒီအတိုင်းထားပါ။ မျိုးဥရယူရန်ဖြစ်ပါတယ်
မျိုးဥအရင့်များကို သြဂုတ်လမှာ တူးယူနိုင်ပါတယ်။ အပင်တစ်ပင်လျှင်
မျိုးဥ ၅ ဥ ခန့် ပြန်လည်ရရှိပါတယ် ။ တူးယူထားသည့် မျိုးဥများကို
အရိပ်ထဲတွင် ၃ ရက်ခန့် အခြောက်ခံပြီး ကပ်နေသည့်မြေကြီးများကို
ဖယ်ရှားလိုက်ပါ ။

မျိုးဥကို အခြောက်ခံထား၍မရပါ ။ ၀ယ်သူလိုအပ်သည့်ရက်နှင့်
ချိန်၍ မျိုးဥတူးယူရပါတယ်။ ၀ယ်ယူသူမှလည်း ချက်ချင်းစိုက်ပါ။
သို့မှသာ အပင်ပေါက်အား ကောင်းမှာ ဖြစ်ပါတယ် ။

အချို့ ငွေကြေးတတ်နိုင်သူများက ပန်းအိုးငယ်လေးများဖြင့် လည်းကောင်း ၊ ပျိုးအိတ်အကြီးများဖြင့်လည်းကောင်း
စိုက်ပျိုးတာလည်း ရှိပါတယ် ။

အပူချိန်များလျှင် အပူကာ ပြုလုပ်ပေးလျှင် ပိုကောင်းပါသည် ။
အမှန်တကယ် ပြုစုပေးလျှင် တစ်ဧက သိန်းထောင်ဂဏန်း
ရရှိမယ့် စိုက်ပျိုးရေးလုပ်ငန်းဖြစ်ပါတယ် ။

မျိုးဥ လတ်လတ်ဆတ်ဆတ်နဲ့ စိုက်ပျိုးနည်းပညာတွေကို
မျှဝေပေးနေပါတယ်။ ဝါသနာပါလို့ လေ့လာချင်လျှင်
09420102108 ဖုန်းကို ဆက်သွယ်မေးမြန်းမှာယူ
ယူနိုင်ပါတယ်ဗျ
copy-နော်

လှပသောရွှေဝါရောင်လီလီပန်းများ။
30/11/2024

လှပသောရွှေဝါရောင်လီလီပန်းများ။

ဗျိုင်းဝါပင်စောက်လို့ခေါ်ပါတယ်တစ်ပေခန့်မြင့်ပါတယ်။ကျွဲနွားများပခုံးပေါက်အနာဖြစ်လျှင်ထုထောင်းပြီးအုံပေးပါက၊အနာကျက်ပါတယ်။ဆ...
14/07/2024

ဗျိုင်းဝါပင်စောက်လို့ခေါ်ပါတယ်
တစ်ပေခန့်မြင့်ပါတယ်။
ကျွဲနွားများပခုံးပေါက်အနာဖြစ်လျှင်
ထုထောင်းပြီးအုံပေးပါက၊အနာကျက်ပါတယ်။
ဆေးဒါန်းဖမ်းရန်အသုံးပြုပါတယ်။
ကုန်းယောင်ယောင်နေရာများတွင်
အစုလိုက်အပြုံလိုက်ပေါက်တတ်ပါတယ်။(ဤကားစာတွေ့ပါ။)
မိတ်ဆွေများအားအကူအညီ
တောင်းပါသည်။ကျွန်တော်အတွက်အရေးတကြီးအသုံး
လိုလို့ပါ။
ဤဆေးပင်အားတွေ့ရှိပါက၊
၀၉၉၇၉၂၆၈၇၇၈ သို့
အကြောင်းကြားပေးပါ။
ကျေးဇူးတင်ပါတယ်ခင်ဗျား။

Address

Badday Thar, Pyin Oo Lwin
Maymyo
1234

Opening Hours

Monday 00:00 - 23:59
Tuesday 00:00 - 23:59
Wednesday 00:00 - 23:59
Thursday 00:00 - 23:59
Friday 00:00 - 23:59
Saturday 00:00 - 23:59
Sunday 00:00 - 23:59

Telephone

+959420102108

Website

Alerts

Be the first to know and let us send you an email when ပြင်ဦးလွင် လီလီပန်း စိုက်ပျိုးရေး posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Share

Category