Business in Pyin Oo Lwin ပြင်ဦးလွင်စီးပွားရေးအသိုင်းအဝိုင်း

  • Home
  • Myanmar
  • Maymyo
  • Business in Pyin Oo Lwin ပြင်ဦးလွင်စီးပွားရေးအသိုင်းအဝိုင်း

Business in Pyin Oo Lwin  ပြင်ဦးလွင်စီးပွားရေးအသိုင်းအဝိုင်း Supplier from
Mae Sot direct
မယ်ဆောက်မြို့မှ
တိုက်ရိုက်အဝယ်တော်

Business in Pyin Oo Lwin
ထိုင်းနိုင်ငံမှ အရည်အသွေးမြင့်ကုန်ပစ္စည်းများကို ကားဂိတ်၊ အိမ်သို့ တိုက်ရိုက်ပို့ဆောင်ပေးသည်

Must visit!
10/05/2019

Must visit!

မျော်လင့်လျက်ရှိသော ပြင်ဦးလွင်စင်တာ ဖွင့်ပွဲကြီး ရောက်ရှိလို့လာပါပြီ 🤗

မန္တလေးတိုင်ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ် ၊ ရေချမ်းအိုးရပ်မှာ ရှိတဲ့ ပြင်ဦးလွင်စင်တာကြီးကို ဖျော်ဖြေရေးအစီအစဉ်တွေ၊ ကုန်စည်ပြပွဲတွေနဲ့ ခေတ်နဲ့ လျော်ညီစွာ ဗဟုသုတတွေ လေ့လာရှာမီးရမယ့် Panel Discussion တွေ နဲ့
၂၀၁၉ ခုနှစ် မေလ ၁၇ ရက်နေ့မှ ၊ ၂၀၁၉ ခုနှစ် မေလ ၁၉ ရက်နေ့ အထိ (၃) ရက်တိုင်တိုင် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်👏👏👏

ဖျော်ဖြေရေးအစီအစဉ်တွေက 👇
၁။နိုင်ငံကျော် အဆိုတော်များ
၂။ နိုင်ငံကျော် အစီအစဉ်တင်ဆက်သူ
၃။ Game အစီအစဉ်များ
၎။ မော်ဒယ်များနှင့် Trade Show
၅။ ယဉ်ကျေးမှုအက အလှများ အပြင်
၆။ ခေတ်ပေါ် Dancer များရဲ့ အက အလှများ

ပြပွဲအစီအစဉ်တွေက👇
၁။ မြန်မာ့ထုတ်ကုန်မြှင့်တင်ရေးမှ ဒေသထွက်ကုန်ပြခန်း
၂။ Minimalist Artist ရဲ့ အနုပညာပြခန်း
၃။ မြန်မာတစ်ပြည်လုံးရှိ ကုန်သွယ်မှု စင်တာများမှ ကုန်စည်ပြပွဲများ
၎။ SME လုပ်ငန်းရှင်များ၏ ကုန်စည်ပြပွဲနှင့်
၅။ အစားအသောက်နှင့် အလှကုန်ပစ္စည်းအရောင်းပြပွဲ

ဗဟုသုတရှာမှီးဖို့အတွက်👇
၁။ "အာဟာရပြည့်သော သီးနှံနှင့် လူထုဘေးကင်းမှု"
၂။ "လူငယ်တို့ ပညာရေးနှင့် အနာဂတ်အသက်မွေးဝမ်းကျော်ငးပညာ"
၃။ "လူငယ်နှင့် အနာဂတ်တိုးတက်မှု စိန်ခေါ်သံများ"

တို့ဖြင့် စည်ကားသိုက်မြိုက်စွာ ကျင်းပသွားမှာဖြစ်ပါတယ်✌

ကုန်စည်ပြပွဲမှာ ပါဝင်လိုရင်ဖြစ်စေ၊ လာရောက်လည်ပတ်ဖို့ အစီအစဉ်အသေးစိတ်ကို သိချင်ရင်ဖြစ်စေ comment box မှာဆက်သွယ်နိုင်ပါတယ်။👇

ဖုန်းဆက်မှ အားရတယ်ဆိုသူတွေအတွက်တော့
09 95 220 1300 ကို အခုပဲဖုန်းဆက်လိုက်ပါနော်🤙

စီးပွားရေးလုပ်ငန်းချဲ့ထွင်လိုသူများအတွက်....
01/01/2019

စီးပွားရေးလုပ်ငန်းချဲ့ထွင်လိုသူများအတွက်....

မြန်မာပြည်သူများအားလုံးနှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး လာဘ်လာဘများ ကြွယ်ဝကြပါစေ။
31/12/2018

မြန်မာပြည်သူများအားလုံး
နှစ်သစ်မှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး
လာဘ်လာဘများ ကြွယ်ဝကြပါစေ။

ပြင်ဦးလွင်မြို့အနီးက မြို့သစ်
15/11/2018

ပြင်ဦးလွင်မြို့အနီးက မြို့သစ်

        မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီး ဧရိယာ ၁ဝ,ဝဝဝ ဧကခန့်တွင် တည်ဆောက်မည့် မန္တလေးမြို့သစ်

ပြင်ဦးလွင်မြို့တွင် စီးပွားရေးလုပ်ငန်းချဲ့ထွင်လိုသူများအတွက်
20/10/2018

ပြင်ဦးလွင်မြို့တွင် စီးပွားရေးလုပ်ငန်း
ချဲ့ထွင်လိုသူများအတွက်

ပိုက်ဆံဘယ်လို ရှာမလဲ?How to make money?
07/08/2018

ပိုက်ဆံဘယ်လို ရှာမလဲ?
How to make money?

လူကြီးမင်းတို့၏ လုပ်ငန်းကြော်ငြာများအမြဲတည်နေမည့်နေရာ💯Business in Pyin Oo Lwinပြင်ဦးလွင် စီးပွားရေး အသိုင်းအဝိုင်း.. .....
12/06/2018

လူကြီးမင်းတို့၏ လုပ်ငန်းကြော်ငြာများ
အမြဲတည်နေမည့်နေရာ💯

ပြင်ဦးလွင် စီးပွားရေး အသိုင်းအဝိုင်း.. ... ... ... ... ....

မည်သူတွေကြော်ငြာနိုင်သလဲ?❓

- ဝင်ငွေကောင်းမွန်ပြီး အလျင်အမြန်ဖွံ့ဖြိုးတိုးတက်ရန်
အလားအလာရှိသော စွန့်ဦးတီထွင် Startup လုပ်ငန်းများ

- စီးပွားရေးလုပ်ငန်းငယ်များ

- လုပ်ငန်းများစတင်နေပြီဖြစ်သော်လည်း မိမိလုပ်ငန်းကို
လူများများသိစေရန်လိုအပ်နေသူများ

- Customerများကို ဝန်ဆောင်မှုကောင်းများပေးနေသော်လည်း
Targeted Customerများထံ ပိုမိုရောက်ရှိလိုသူများနှင့်

- စီးပွားရေးလုပ်ငန်းရှင်များမည်သူမဆို ရုံးသို့လာရောက်၍
Pageတွင်ထည့်စေလိုသော လုပ်ငန်းအချက်အလက်၊ ဓါတ်ပုံ၊
ဝန်ဆောင်မှုများနှင့် ဆက်သွယ်ရန်တို့ကို လာရောက်
ပေးအပ်နိုင်ပါသည်။

Business Profile မရေးတတ်ပါကလည်း ရုံးမှကူညီ
ဆောင်ရွက်ပေးမည်ဖြစ်ပါသည်။

အထက်ပါဆောင်ရွက်မှုအားလုံးသည် အခမဲ့ဖြစ်ပါသည်။

အသေးစိတ်သိရှိလိုပါက
09791103344, 09791106789

02/04/2018

လုပ်ငန်းငယ်တွေ ရှင်သန်အောင်မြင်ဖို့ဆိုရင်
************************************************

“အိုင်ဒီယာဆိုတာက လွယ်တယ်။ အကောင်အထည် ဖော်မှုကပဲ ခက်တာ” လို့ Alltop ရဲ့ ပူးတွဲတည် ထောင်သူ Guy Kawasaki က ပြောဖူးတယ်။ ဒီစကားက စီးပွားရေး လုပ်ငန်းတစ်ခု လုပ်ရတာ ပြောသလောက် မလွယ်ဘူးဆိုတာကို ဖော်ပြနေတယ်။ တကယ်လည်း စီးပွားရေး လုပ်ငန်းသစ်တွေရဲ့ ရာခိုင်နှုန်း အနည်းငယ်လောက်ပဲ ရေရှည်ရှင်သန် ရပ်တည်နိုင်ကြတာပါ။ တချို့က အချိန်တို အတွင်း၊ တချို့က အချိန်ကာလ တစ်ခုအတွင်း ကျရှုံးပျောက်ကွယ် သွားကြတာ ရှိသလို တချို့ ကြတော့လည်း လဲကျလိုက်၊ ပြန်ထလိုက် အကြိမ်ကြိမ်ဖြတ် ကျော် ပြီးမှ ရှင်သန်ရပ်တည်နိုင်ကြပါတယ်။

ကမ္ဘာတစ်ဝန်း Startup လို့ခေါ်တဲ့ တည်ထောင်စ လုပ်ငန်းတွေ၊ လုပ်ငန်းငယ် တွေမှာ စိန်ခေါ် မှုတွေ အများကြီးရှိနေပြီး ဒီအခြေအနေဟာ မြန်မာနိုင်ငံလို နေရာ မျိုးမှာတော့ ပိုသိသာပါတယ်။ အထူး သဖြင့် ငွေကြေးအရင်းအနှီးဟာ ဒီဖွံ့ ဖြိုး ဆဲနိုင်ငံမှာ အဓိက အခက်အခဲ ဖြစ်နေပါတယ်။ Angel Investment ဆိုတဲ့ အသုံးအနှုန်းကို တွင်တွင်ကျယ်ကျယ် ပြောကြတာတောင် သိပ်မကြာသေးသလို လုပ်ငန်းငယ်တွေ ဘဏ်ချေးငွေရဖို့ဆိုတာလည်း အင်မတန်ခက်ခဲပါသေးတယ်။ ရပြန်ရင်လည်း အတိုးနှုန်း ၁၃ ရာခိုင်နှုန်းက များပြားလွန်းနေတာမို့ သိပ်အဆင် မပြေလှပါဘူး။

ငွေကြေး အရင်းအနှီးတင်မက အခြေခံအဆောက်အအုံ လိုအပ်ချက်၊ ကျွမ်းကျင် လုပ်သား ရှားပါးမှု၊ နည်းပညာ အားနည်းမှုတွေဟာ ပြည်တွင်း လုပ်ငန်းရှင်တွေ အညည်းညူဆုံး စိန်ခေါ်မှုတွေဖြစ် ပါတယ်။ တကယ်တော့ ပြည်တွင်းက လုပ်ငန်း ငယ်တွေ ရှင်သန်ရပ်တည်ဖို့အတွက် ခြိမ်းခြောက်နေ တာက ဒီစိန်ခေါ်မှုတွေ တင် မကဘဲ တခြားလူပြောသူပြော နည်းတဲ့ အချက်တွေလည်း ရှိနေပါသေး တယ်။ စီးပွားရေးဆိုင်ရာ အဖွဲ့အစည်းတစ်ခုမှာ ဥက္ကဋ္ဌတာဝန်ယူထားတဲ့ အောင်မြင် နေတဲ့ ပြည်တွင်း လုပ်ငန်းရှင် တစ်ယောက်ကတော့ Business Plan အားနည်း တာ၊ Financial Plan အားနည်းတာ၊ Partnership ပိုင်းမှာ ပြဿနာတွေ ရှိတတ် လေ့ရှိတာနဲ့ ဥပဒေ ပိုင်းနားလည်မှု အားနည်းတာတွေက လည်း မြန်မာ ပြည်က လုပ်ငန်းငယ်တွေက ကျရှုံးရတဲ့ အဓိကအချက်တွေ ဖြစ်တယ်လို့ ပြောဖူး ပါတယ်။

ဒါကြောင့် ပြည်တွင်း Startup တွေ၊ လုပ်ငန်းငယ်တွေ ရှင်သန်အောင်မြင်ဖို့ဆိုရင် Incubator တွေ၊ အစိုးရနဲ့ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ပံ့ပိုးမှုတွေ လိုအပ် သလို လုပ်ငန်းငယ်တွေ ကိုယ်တိုင်လည်း ကိုယ်ခံအား ကောင်းအောင် ပြင်ဆင် ဖြည့်ဆည်းဖို့ လိုအပ်ပါတယ်။

credit: MyanmarB2BManagementMagazine,April2018

“ ပြင်ဦးလွင်မြို့တွင် Australia ပညာသင်ဆုအကြောင်း ဆွေးနွေးပွဲကျင်းပမည်”13/03/2018Australia နိုင်ငံပညာသင်ဆုအကြောင်း အခမဲ့...
13/03/2018

“ ပြင်ဦးလွင်မြို့တွင် Australia ပညာသင်ဆုအကြောင်း ဆွေးနွေးပွဲကျင်းပမည်”
13/03/2018

Australia နိုင်ငံပညာသင်ဆုအကြောင်း
အခမဲ့ဆွေးနွေးဟောပြောပွဲကို 17.03.2018 (စနေနေ့)
နေ့လည် (၁)နာရီတွင် ပြင်ဦးလွင်မြို့ရှိ
Golden Gate Education and Consultancy ရုံးခန်း၌
ပြုလုပ်သွားမည်ဟု Golden Gate၏ CEO
ဦးကျော်ကျော်ထွေးထံမှ သတင်းရရှိပါသည်။

Australia နိုင်ငံ ပညာသင်ဆုအကြောင်းသိရှိလိုသူများ၊
လျှောက်ထားလိုသူများအတွက် 2018 Australia Awards
Scholarships ရရှိထားသူ ကိုကျော်စောဟန်မှ
ဟောပြောဆွေးနွေးမည်ဟု သိရသည်။
စိတ်ဝင်စားသူ မည်သူမဆို ကြိုတင်စာရင်းပေးသွင်းပြီး
လာရောက်ဆွေးနွေးနိုင်ကြောင်း ဦးကျော်ကျော်ထွေးမှပြောသည်။

သီတာစိုး (ပြင်ဦးလွင်)

နေလှိုင်းလျှပ်စစ်ပစ္စည်းမျိုးစုံရောင်းဝယ်ဖြန့်ချီရေး.................................လူကြီးမင်းတို့လိုအပ်သောလျှပ်စစ်မီး...
20/11/2017

နေလှိုင်း

လျှပ်စစ်ပစ္စည်းမျိုးစုံ
ရောင်းဝယ်ဖြန့်ချီရေး.................................

လူကြီးမင်းတို့လိုအပ်သော
လျှပ်စစ်မီးပစ္စည်းမျိုးစုံနှင့်
မီးဖိုချောင်သုံးပစ္စည်းမျိုးစုံ
လက်လီလက်ကား
ရရှိနိုင်ပါပြီ

အသေးစိတ်သိရှိလိုပါက
☎️09444019773

Address

Maymyo

Opening Hours

Monday 09:30 - 15:00
Tuesday 09:30 - 15:30
Wednesday 09:30 - 15:30
Thursday 09:30 - 15:30
Friday 09:30 - 15:30
Saturday 09:30 - 15:30

Telephone

+66645042204

Website

Alerts

Be the first to know and let us send you an email when Business in Pyin Oo Lwin ပြင်ဦးလွင်စီးပွားရေးအသိုင်းအဝိုင်း posts news and promotions. Your email address will not be used for any other purpose, and you can unsubscribe at any time.

Contact The Business

Send a message to Business in Pyin Oo Lwin ပြင်ဦးလွင်စီးပွားရေးအသိုင်းအဝိုင်း:

Share